ဖုန်းချင်းယန်၏ မျက်လုံးထဲမှ ပြင်းထန်သော အကြည့်ကို သတိပြုမိသောအခါ စုန့်ချင်းရှုသည်လည်း အခြေအနေမကောင်းကြောင်း သိလိုက်သည်။ သို့သော် သူသည် စိတ်ထဲတွင်အနည်းငယ် ကြောက်ရွံ့နေသော်လည်း၊ စိတ်လှုပ်ရှားမှုအနည်းငယ် ပေါ်ပေါက်လာခဲ့သည်။
ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး ညာဘက်လက်ကို လွှဲကာ ဖုန်းချင်းယန်ဆီသို့ တိုက်ခိုက်လိုက်သည်။ ၎င်းသည် နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်၏ "မာနနဂါး၏နောင်တ" ဟူသော သိုင်းကွက်ပင်ဖြစ်သည်။
ဖုန်းချင်းယန်အနေဖြင့် တိုက်ခိုက်မှုသည် အတော်ကွာဝေးနေသောကြောင့်၊ ထို့ပြင် သူ၏ လှုပ်ရှားမှုများသည် အလွန်ထူးဆန်းပြီး ပြောင်းလဲနိုင်သောကြောင့် မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်စွာ ရင်ဆိုင်ရန် ဆုံးဖြတ်ကာ လက်ချောင်းထိပ်တွင် ရှိသောဓားချီကို လျှို့ဝှက်စွာ စုစည်းလိုက်သည်။
စုန့်ချင်းရှုသည် သူလှုပ်ရှားမှုကို မစောင့်ဘဲ ဘယ်ဘက်လက်ကို နောက်ထပ် ဝိုင်းကာ ညာဘက်လက်ကို နောက်တစ်ကြိမ် လွှဲ၍ တူညီသော "မာနနဂါး၏နောင်တ" ဖြင့် ထပ်မံ၍ တိုက်ခိုက်လိုက်သည်။
လက်နှစ်ဖက်၏ အတွင်းအားသည် ပေါင်းစပ်သွားသောအခါ ရုတ်တရက် ပြင်းထန်သော ရေလှိုင်းများကဲ့သို့ တားဆီးရန် မဖြစ်နိုင်ဘဲ၊ ဖုန်းချင်းယန်ဆီသို့ မမြင်နိုင်သော ချီ(အတွင်းအား)နံရံတစ်ခုကဲ့သို့ တိုက်ခိုက်သွားသည်။
ဖုန်းချင်းယန် အသက်ရှူရခက်လာသည်ဟု ခံစားရသောကြောင့် ချက်ချင်း လက်ကို ဓားအဖြစ် အသုံးပြုကာ ပြင်းထန်သော စွမ်းအားများဖြင့် တိုက်ခိုက်မှုကိုရင်ဆိုင်လိုက်သည်။
စုန့်ချင်းရှုသည် အရှိန်အဟုန်ကို အသုံးချ၍ ကောင်းကင်သို့ ခုန်တက်ကာ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်မှ "နဂါးလေဟုန်စီး" ဖြင့် တတိယအကြိမ် "မာနနဂါး၏နောင်တ" ကို ထပ်မံအသုံးပြုလိုက်သည်။ သုံးကြိမ်တိုက်ခိုက်မှုမှ လက်ဝါးသိုင်းများ ပေါင်းစပ်သွားသောအခါ အလွန်ပြင်းထန်သောစွမ်းအားဖြင့် ဖုန်းချင်းယန်ဆီသို့ ဦးတည်တိုက်ခိုက်သွားသည်။
ဖုန်းချင်းယန်သည် နောက်ဆုံးတွင် မျက်နှာပျက်သွားသည်။ သူသည် စုန့်ချင်းရှု၏ အင်အားကို လျှော့တွက်ခဲ့မိသည်။ သူ၏ ညာဘက်လက်မှ သေန္ဓဓားစွမ်းအင်သည် ပထမလက်ဝါးတိုက်ခိုက်မှု နှစ်ခု၏ စွမ်းအားကိုဖျက်ဆီးရန် လုံလောက်သည်။သို့သော် စုန့်ချင်းရှုသည် တတိယ လက်ဝါးကို လျှပ်တစ်ပြတ်အချိန်မီ တိုက်ခိုက်လိုက်သည်။ လက်ဝါးစွမ်းအင် သုံးခု ပေါင်းစပ်သွားသောအခါ ဖုန်းချင်းယန်၏ သန္ဓေဓားစွမ်းအင်သည် ပျက်စီးသွားစေသည့်။ ထို့ကြောင့် ရွေ့လျားမှုသိုင်းကို အသုံးပြုပြီး ပေတော်တော်များများ ရှောင်လိုက်ရသည်။
ဖုန်းချင်းယန် မျက်နှာ အနည်းငယ် ရှက်ရွံ့သွားသည်။ သူက ဒီလောက်ကြာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် ရန်သူရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်ရတယ်။ ထို့အပြင် အသက် ၂၀ ကျော် အရွယ် လူငယ်လေးကြောင့် ဖြစ်သည်။ "နဂါးသုံးထပ်လှိုင်း! မင်းက တောင်ပိုင်းဘုရင် ရှောင်ဖုန်းလား?"
"ရှောင်ဘုရင်ကြီး ဒီမှာရှိရင် ဖုန်းအဘိုးကြီးက ဒီလောက် အေးအေးဆေးဆေး ရင်ဆိုင်နိုင်မယ် မထင်ဘူး" စုန့်ချင်းရှုက စကားထဲမှာ ငြင်းဆန်တဲ့ အဖြေကို ပေးလိုက်ပြီး စိတ်ထဲမှာတော့ ကံကောင်းတယ်လို့ တွေးလိုက်သည်။ သူက နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ကို ကျွမ်းကျင်သလို ရှောင်ဖုန်းရဲ့ အကောင်းဆုံး လှုပ်ရှားမှုရဲ့ သဘောတရားကိုလည်း သိတော့ အတင်းကြိုးစားလိုက်တာ တကယ်ပဲ အသုံးဝင်သွားတယ်။ ဒါပေမဲ့ အတွင်းအားနဲ့ တိုက်ခိုက်မှုရဲ့ ထောင့်အပြင် လှုပ်ရားတဲ့အချိန်မှာ ရှောင်ဖုန်းနဲ့ တော်တော်လေး အလှမ်းဝေးသေးတာကြောင့် နောက်ဆုံးမှာ နဂါးလေဟုန်စီးသိုင်းကွက် အကူအညီနဲ့ နောက်ဆုံး လက်ဝါးကို ပြီးမြောက်အောင် လုပ်ရတယ်။
"ဒါဆို မင်းက ဘယ်သူလဲ? အော့မေ၊ ဝူတန် လမ်းမှန်ဂိုဏ်းတွေရဲ့ သိုင်းပညာတွေကို တတ်မြောက်ထားပြီး ယင်ကိုးပါးအရိုးဖြူလက်သည်းလို မကောင်းဆိုးဝါး သိုင်းပညာတွေလည်း တတ်တယ်၊ ပြီးတော့ သူဖုန်းစားဂိုဏ်းရဲ့ ထိပ်တန်းသိုင်းပညာ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ကိုလည်း သုံးခဲ့တယ်။ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ရဲ့ ကျွမ်းကျင်မှုက သူဖုန်းစားဂိုဏ်းတစ်ခုလုံးမှာ ရှောင်ဖုန်းနဲ့ ကော်ကျင့်လောက်ပဲ မင်းကို အသာစီးရနိုင်ပြီး ကျန်တဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက မင်းထက် အများကြီး နိမ့်ကျတယ်" ဖုန်းချင်းယန်ရဲ့ မျက်လုံးက ဘယ်လောက် ထက်မြက်လဲဆိုတာ မြင်တာနဲ့ သူ့ရဲ့ သိုင်းပညာအကြောင်းကို ချက်ချင်း သိသွားတယ်။
"မင်း ငါ့ကို အရူးလေးလို့ ခေါ်လို့ရတယ်" စုန့်ချင်းရှုက ပါးစပ်အဟောင်းသားနဲ့ သူ့ကို ကြည့်နေတဲ့ မုဝမ်ချင်းကို လှည့်ကြည့်ပြီး စနောက်တဲ့ အပြုံးလေးတစ်ခု ပြုံးပြလိုက်တယ်။ စိတ်ထဲမှာတော့ အခုချိန်မှာ အင်အားကိုဖြည်းဖြည်းချင်းစုဆောင်းပြီး အင်အားကြီးလာဖို့ စဉ်းစားနေတယ်။ သူက ကျိုးကျစ်လော့ကို ဒေါသထွက်အောင်လုပ်ခဲ့ပြီးပြီ။ သူနာမည်ကြီးသွားလို့ ကျိုးကျစ်လော့က သတင်းကြားပြီး လာရှာရင် ဘယ်လို ရင်ဆိုင်ရမလဲ မသိဘူး။
"သုံးကြိမ်တိုက်ခိုက်ပြီးသွားပြီ၊ မင်း မပြောချင်ရင် ဒီမှာပဲ နေခဲ့တော့" ဖုန်းချင်းယန် စိတ်ထဲ အနည်းငယ်ဒေါသထွက်ပြီး ဓားကွက်ကို ထုတ်၍ တိုက်ခိုက်လိုက်တယ်။
ဓားစွမ်းအင်၏ အရှိန်အဟုန်သည် စုန့်ချင်းရှုကို အံ့အားသင့်စေကာ အလျင်အမြန်ပဲ မြွေအသွင်လှုပ်ရှားမှုသိုင်းပညာကို အသုံးပြု၍ မြေပြင်ပေါ်တွင် လှိမ့်ကာ ရှောင်လိုက်သည်။
သူသည် ဖုန်းချင်းယန်၏ အလွန်ပြင်းထန်သော ဓားချက်ကို ရှောင်ရှားနိုင်ခဲ့သည်။
သို့သော်လည်း အခွင့်အရေး ပျောက်ဆုံးသွားပြီး ဖုန်းချင်းယန်၏ ဓားစွမ်းအင်သည် တစ်ချက်ပြီးတစ်ချက် ဆက်တိုက် တိုက်ခိုက်လာသည်။ စုန့်ချင်းရှုသည် ရှောင်ရှားရန်သာ တတ်နိုင်ပြီး ပြန်လည် တိုက်ခိုက်ရန် မတတ်နိုင်ပါ။ ထို့အပြင် ရှောင်ရှားရန် နေရာသည် ရန်သူ၏ ရည်ရွယ်ချက်ဖြင့် တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။
စုန့်ချင်းရှုသည် ဤနည်းအတိုင်း ဆက်သွားပါက ဆယ်ချက်အတွင်း သေဆုံးရမည်ဟု နားလည်သော်လည်း သူသည် နဂါးနိုင်သိုင်းဆယ့်ရှစ်ကွက် လက်ဝါးသိုင်းဖြင့် အလွယ်တကူ ပြန်လည် တိုက်ခိုက်ခြင်း မပြုခဲ့ပါ။ အစောပိုင်း စမ်းသပ်မှုမှ သူသည် ရန်သူ၏ ဓားချီ(အတွင်းအား)ရှေ့တွင် လက်ဝါးတိုက်ခိုက်မှုသည် အလွန် အားနည်းကြောင်း နားလည်ခဲ့သည်။ ထို့အပြင် တုကူးဓားကိုးကွက်၏ ချီဖျက်ဆီးခြင်းနည်းလမ်းနှင့် ပေါင်းစပ်ပါက မည်မျှပင် အားကောင်းသော လက်ဝါးစွမ်းအင်ဖြစ်စေ စက္ကူဖြင့် ပြုလုပ်ထားသော အရာတစ်ခုနှင့် တူလိမ့်မည်။
သူ၏ လက်ဝါးသိုင်းအတွင်းအားသည် ရန်သူ၏ လက်ချောင်းထိပ်မှ သန္ဓေဓားချီ(အတွင်းအား)ထက် ပိုမိုသန်မာသည်။သို့သော်လည်း လက်ဝါးဖြင့် တိုက်ခိုက်သော အတွင်းအားသည် တိုက်ခိုက်သော ဧရိယာအကျယ်ပေါ် မူတည်၍ မတူညီသော အကျိုးသက်ရောက်မှုရှိနိုင်သည်။ သေစမ်း ဖိအားညီမျှခြင်း! စုန့်ချင်းရှုသည် ရူပဗေဒသဘောတရားကို ကျိန်ဆဲလိုက်သည်။ ရန်သူသည် ဆုံမှတ်တစ်ခုဖြင့် အားနည်းချက်ကို ထိုးဖောက်သောကြောင့် လက်ဝါးသိုင်းများအားလုံးသည် သဘာဝ အားနည်းချက်ရှိသည်။
စုန့်ချင်းရှုသည် အခွင့်အရေးကို စောင့်ဆိုင်းပြီး အတွင်းအားဖြင့် လှုပ်ခတ်စေသောအခါ နောက်ကျောမှ သစ်သားဓားသည် လျင်မြန်စွာ ထွက်လာသည်။ ညာဘက်လက်ဖြင့် ဆုပ်ကိုင်ပြီး ဓားချက်အနည်းငယ်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။
ဖုန်းချင်းယန်သည် သူ့၏ သစ်သားဓားကို အစောပိုင်းကတည်းက သတိပြုမိပြီး အလှပြပစ္စည်းတစ်ခုသာ ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူသည် ငယ်ငယ်ရွယ်ရွယ်တွင် ဓားမဲ့ အဆင့်သို့ ရောက်ရှိခဲ့သည်ဟု မထင်ခဲ့ပါ။ သစ်သားဓား၏ မျက်နှာပြင်တွင် ပါးလွှာသော ဓားချီ အလွှာတစ်ခု ပေါ်လာသည်။သူ၏ ဓားကွက်များသည် နံရံတွင် ထွင်းထုထားသော ဓားကွက်များနှင့် တူညီသော်လည်း လုံးဝ ကူးယူထားခြင်း မဟုတ်ပေ။ သာမန် ဝူယွဲ့ဓားသိုင်း အနည်းငယ်ကို အသုံးပြုသော်လည်း စွမ်းအင်သည် ထိန်းချုပ်ထားပြီး ပြောင်းလဲမှု ဆယ်မျိုးကျော်ကို လျှို့ဝှက်ထားသည်။ သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းပြီး အချိန်မရွေး နည်းလမ်းများ ပြောင်းလဲရန် အဆင်သင့် ဖြစ်နေသည်။
ဖုန်းချင်းယန်သည် ခုနစ်စင်ကြယ်ပုံစံဖြင့် လျင်မြန်စွာ နောက်သို့ ပေတော်တော်များများ ဆုတ်သွားသည်။ ခုနက စုန့်ချင်းရှု၏ သုံးကြိမ်တိုက်ခိုက်မှုသည် အလွန် အံ့ဩစရာကောင်းသော်လည်း ဤတစ်ကြိမ်ကဲ့သို့ သူ့ကို အံ့အားသင့်စေခြင်း မရှိခဲ့ပါ။ မယုံနိုင်စွာဖြင့် "မင်း ခုနက နံရံပေါ်က ဓားသိုင်းတွေကို ခဏလေးကြည့်ရုံနဲ့ အကုန်လုံး တတ်မြောက်သွားတာလား" ဟု မေးလိုက်သည်။
စုန့်ချင်းရှုသည် အနည်းငယ် ရှက်ရွံ့သော မျက်နှာဖြင့် "ဟုတ်မယ်... အဲဒီလိုပဲ ဖြစ်ပုံရတယ်"
သူ၏ စကားကို ကြားပြီး ဖုန်းချင်းယန်သည် သွေးအန်တော့မတတ် ဖြစ်သွားသည်။ သူသည် ရာစုနှစ်များစွာအတွင်း ဓားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်ပြီး အသက်သုံးဆယ်ခန့်တွင် ဓားကို ကိုင်ကာ ကမ္ဘာကို လှည့်လည်သွားလာနိုင်ခဲ့သည်။ သူသည် နှစ်ပေါင်းများစွာ ဓားကို အသုံးပြုခဲ့သော အတွေ့အကြုံဖြင့် နံရံပေါ်က နည်းလမ်းများကို ကြည့်ရုံဖြင့် ဓားဆန္ဒ ကို တတ်မြောက်ခဲ့သည်။ သို့သော်လည်း မျက်နှာချင်းဆိုင်ရှိ လူငယ်သည် ဓားကို လေ့ကျင့်ခဲ့သည်မှာ သုံးနှစ်ပင် မပြည့်သေးပါ။ အဆင့်အတန်းအားဖြင့် သူသည် သူ့နှင့် တန်းတူ ဖြစ်နေသည်။ ဖုန်းချင်းယန် မအံ့ဩဘဲ နေနိုင်ပါ့မလား။
"ဒါက သက်သက်လေကြီးတဲ့ စကားဟုတ်မဟုတ် စမ်းကြည့်မှ သိမယ်" ဖုန်းချင်းယန်သည် မယုံကြည်နိုင်သေးဘဲ သူ့ကို အစွမ်းကုန် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
စုန့်ချင်းရှုသည် အလျင်အမြန် စိတ်ကို တည်ငြိမ်စေကာ သစ်သားဓားတွင် အတွင်းအားကို စုစည်း၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ခဏအတွင်း ဂူထဲတွင် ဓားချီများ ပြည့်နှက်သွားသည်။ အများအားဖြင့် ဖုန်းချင်းယန်သည် စုန့်ချင်းရှုကို တိုက်ခိုက်ပြီး စုန့်ချင်းရှုသည် ခုခံနေရသည်။ စုန့်ချင်းရှုသည် မကြာခဏ အခက်အခဲများ ကြုံတွေ့ရသော်လည်း သူသည် မုန်တိုင်းထဲမှ လှေငယ်လေးကဲ့သို့ မိမိ၏ ခုခံကာကွယ်မှုကို အမြဲ ထိန်းသိမ်းနိုင်ခဲ့သည်။ သာမန် ဝူယွဲ့ဓားသိုင်းဖြင့် ဖုန်းချင်းယန်၏ တုကူးဓားကိုးကွက်ကို မရှုံးနိမ့်ဘဲ တောင့်ခံနိုင်ခဲ့သည်။ တစ်ခါတစ်ရံ ဖုန်းချင်းယန်ကို ဓားဖြင့် ပြန်လည် ခုခံရန်ပင် တွန်းအားပေးနိုင်ခဲ့သည်။ ဤအကြောင်းသာ သိုင်းလောကသို့ပျံ့နှံ့သွားပါက သိုင်းလောကကိုလှုပ်ခတ်စေမည်မှာ သေချာသည်။
သို့သော်လည်း စုန့်ချင်းရှုသည် ခက်ခဲသော အခြေအနေကို တွေးနေသည်။ သူသည် ဖုန်းချင်းယန်နှင့် ရာနှင့်ချီသော တိုက်ခိုက်မှုများကို မရှုံးနိမ့်ဘဲ တောင့်ခံနိုင်သော်လည်း ဤနည်းအတိုင်း ဆက်လက် တိုက်ခိုက်ပါက ဖုန်းချင်းယန်သည် သူ့ကို သက်ညှာတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် ဓားချီသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ပြီး သူ သေဆုံးရမည်မှာ သေချာသည်။
ထိုအရာကို တွေးမိသောအခါ သူသည် ဆက်လက် တိုက်ခိုက်ရန် အဘယ်ကြောင့် ဆန္ဒရှိတော့မည်နည်း။ သူသည် ထူးဆန်းသော ဓားကွက်တစ်ခုကို အသုံးပြုပြီး "ငါ့ရဲ့ အထူးသိုင်းကွက်—ဓားတစ်သောင်း ပြန်လည် ပေါင်းစည်းခြင်း" ဟု အော်ဟစ်လိုက်သည်။
ဖုန်းချင်းယန်သည် အံ့အားသင့်သွားသည်။ ဤလူငယ်သည် သူ့ကို အံ့အားသင့်စရာများစွာ ပေးခဲ့သည်။ ထို့ကြောင့် ပေါ့ပေါ့ဆဆ ဖြစ်သွားပြီး ထူးဆန်းသော သိုင်းကွက်ဖြင့် ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် ဓားသိုင်းကို သုံးပြီး အပြည့်အဝ ပြင်ဆင်ထားသည်။
စုန့်ချင်းရှုသည် ဖုန်းချင်းယန် လှည့်ကွက်ထဲဝင်သည်ကို သိသိချင်း မဆိုင်းမတွဘဲ “ခြေရာမဲ့ သဲပြင်ပေါ်လျှောက်လှမ်းခြင်း” ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးပြုပြီး ဘေးနားတွင် ရပ်နေသော မုဝမ်ချင်းကို ဆုပ်ကိုင်လိုက်ကာ "အမြန်ပြေးမယ်!" ဟု အော်လိုက်သည်။ နှစ်ယောက်သား ကြယ်ကြွေသကဲ့သို့ ဂူအပြင်သို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။
ဖုန်းချင်းယန်သည် အံ့အားသင့်ပြီးနောက် ဒေါသထွက်ကာ လျင်မြန်သော ကိုယ်ဖော့ပညာဖြင့် ပြေးလိုက်ခဲ့သော်လည်း အခွင့်အရေး ပျောက်ဆုံးသွားခဲ့သည်။ စုန့်ချင်းရှုသည် ခြေရာမဲ့လျောက်လှမ်းခြင်းကဲ့သို့ အလွန်ကောင်းမွန်သော ကိုယ်ဖော့ပညာကိုတတ်ကျွမ်းသောကြောင့် ဖုန်းချင်းယန်နောက်က လိုက်ဖမ်းချင်ခဲ့ရင်တောင် လူတစ်ယောက်ကို သယ်ဆောင်ထားသော စုန့်ချင်းရှု၏ ကိုယ်ဖော့ပညာကို လိုက်မှီမည်မဟုတ်ပေ။ ဖုန်းချင်းယန်သည် နှစ်ယောက်သား တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။
ဖုန်းချင်းယန်ကို နောက်ဆုံးတွင် ချန်ထားခဲ့နိုင်ကြောင်း သတိပြုမိသော စုန့်ချင်းရှုသည် မုဝမ်ချင်းကို ညင်ညင်သာသာ ချထားပြီး "မိန်းမ၊ မင်းကိုယ်ခန္ဓာကိုယ်က အရိုးမရှိသလို ပျော့ပျောင်းပြီး ပေါ့ပါးလို့ ကံကောင်းတယ်။ မဟုတ်ရင် ငါတို့ တကယ် ပြေးလွတ်မှာ မဟုတ်ဘူး" ဟု ဝမ်းသာအားရ ပြောလိုက်သည်။
သို့သော်လည်း သူ့ကို တုံ့ပြန်ခဲ့သည်မှာ မုဝမ်ချင်း၏ အသံကျယ်သော ပါးရိုက်ချက် တစ်ချက်သာ ဖြစ်သည်။