အခန်း ၃၀ သဝန်တိုသော ဟူအမျိုးသမီး
"လူကြီးမင်းက ဉာဏ်ပညာရှိပြီး အစီအစဉ်တွေကလည်း စေ့စပ်တယ်။ လူကြီးမင်းက ပညာရှိဖြစ်တော့ ကျွန်မ တကယ်ကို လေးစားပါတယ်" ဟွမ်ရုံရဲ့ ချီးမွမ်းမှုကြောင့် အတွေ့အကြုံများတဲ့ လင်ထွေ့စီ တောင် နည်းနည်း ပျော်သွားသည်။ ဘာပဲဖြစ်ဖြစ် ဒီလောက် လှပတဲ့ အမျိုးသမီးက သူ့ကို ချီးမွမ်းတော့ ဘယ်ယောက်ျားမဆို ပျော်မှာပဲ။
"စစ်သားတွေက စောင့်ကြည့်ရင်လည်း အချိန်တိုင်း မလုံခြုံနိုင်ဘူး။ ကျွန်မက သူတောင်းစား ဂိုဏ်းက ကျွမ်းကျင်တဲ့ လူတွေနဲ့ အိမ်တော်မှာ နေပြီး အကူအညီ လိုအပ်ရင် ကူညီပေးမယ်။" ဟွမ်ရုံရဲ့ နူးညံ့တဲ့ စကားသံကြောင့် လင်ထွေ့စီ က အရမ်း ပျော်သွားပြီး ဘာမှ မငြင်းနိုင်တော့ဘူး။
"ကောင်းတယ် ကောင်းတယ်" လင်ထွေ့စီ က ရယ်ပြီး ဟွမ်ရုံရဲ့ နောက်က လူတွေကို မေးလိုက်သည်။ "ဒီလူတွေက ဘယ်သူတွေလဲ။"
"ဒီနှစ်ယောက်က ကျွန်မရဲ့ ခင်ပွန်းရဲ့ တပည့်တွေပါ။ ဝူရှုဝမ်နဲ့ ဝူတွမ်ရူပါ။ ဒီလူတွေက ကျွန်မတို့ သူတောင်းစား ဂိုဏ်းက ညီအစ်ကိုတွေပါ..." ဟွမ်ရုံက တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်တယ်။
ရန်ကော်က "ဝက်လောက်တောင် အသုံးမကျတဲ့သူတွေ" လို့ ပြောတဲ့ အသုံးမကျတဲ့ နှစ်ယောက်လား။ စုန့်ချင်းရှုက သူတို့ကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်သည်။ ရုပ်ရည်ကတော့ ကောင်းတယ်။ သိုင်းပညာကလည်း အခြေခံ နည်းနည်း ရှိတယ်။ အဲဒီလောက် မဆိုးလောက်ပါဘူး။
နောက်ပိုင်းမှာ နှစ်ယောက်က ရှန်ယန်း(ဘာသာပြန်သူ-ကော်ကျင့်နဲ့ဟွမ်ရုံတို့ကာကွယ်နေတဲ့မြို့ပါ) စစ်မြေပြင်ရဲ့ အခြေအနေကို ဆွေးနွေးကြတယ်။ စုန့်ချင်းရှုက စိတ်ဝင်စားမှု မရှိတော့လို့ အခွင့်အရေးကို အသုံးချပြီး တိတ်တဆိတ် ထွက်လာလိုက်တယ်။
ဟွမ်ရုံ ရောက်လာတယ်။ မရိုးရှင်းတဲ့ နှင်းတောင်ဂိုဏ်းရယ်။ အမှောင်ထဲမှာ ပုန်းနေတဲ့ ဝူလီချီရယ်။ အခု ကျန်းကျိုးမြို့က တကယ်ကို မငြိမ်သက်ဘူး။ ဒီလိုဆို တင်းကျန့်နဲ့ လင်ရှမ်းဟွာကို ကျန်းကျိုးက ထွက်ပြေးဖို့ ပိုပြီး လွယ်သွားပြီ။
အိမ်တော်ထဲက တိတ်ဆိတ်တဲ့ နေရာကို လာပြီး လက်ကို ဆန့်လိုက်တယ်။ သစ်ပင်အောက်မှာ ထိုင်နေတုန်း နောက်ကနေ တိုးညင်းတဲ့အသံ နှစ်ခု ကြားလိုက်ရသည်။ စုန့်ချင်းရှုက အနည်းငယ် ပြုံးလိုက်ပြီး မျက်လုံးကို မဖွင့်ဘဲ ပြောလိုက်သည်။ "မင်း ရောက်လာပြီလား။"
"အခုတော့ မရီးလို့တောင် မခေါ်တော့ဘူးလား" ဟူအမျိုးသမီးက အမှောင်ထဲကနေ ထွက်လာပြီး စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
လှပတဲ့ အမျိုးသမီးက ရက်အတော်ကြာ မတွေ့တာတောင် လှပနေတုန်းပဲ။ စုန့်ချင်းရှုက ထရပ်လိုက်တယ်။ "မင်းက ဒီလောက် ငယ်ရွယ်နုပျိုနေတော့ အပြင်လူတွေက မရီးကို ကျွန်တော့်ရဲ့ ညီမလေးလို့ ထင်ကြမှာပေါ့။ မင်းကို မရီးလို့ ခေါ်ရင် အသက်ကြီးသွားသလို ဖြစ်မှာစိုးလို့ပါ။"
သူမကို နောက်ပြောင်နေတယ်ဆိုတာ သိပေမယ့် ဟူမဒမ်က စိတ်ထဲမှာ ဒေါသထွက်လို့ မရဘူး။ သူ့ကိုယ်သူ အမြဲတမ်း ဖြေသိမ့်နေရတယ်၊ မတ်လေးက အရမ်း လွတ်လပ်ပြီး စည်းကမ်းမရှိတဲ့ လူတစ်ယောက်ပါ။
"အမြဲတမ်း အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ပြောနေတယ်။" ဟူမဒမ်က မျက်နှာကို အတင်း တည်ထားလိုက်တယ်၊ "ငါ့ကို ဘာလုပ်စေချင်လဲ အမြန်ပြော။ မြို့ဝန်အိမ်တော်မှာ အခု အစောင့်အရှောက်တွေ အရမ်း များနေတော့ ငါ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်၊ မဟုတ်ရင် တွေ့သွားလိမ့်မယ်။"
စုန့်ချင်းရှုက အိမ်တော်ထဲကို မဝင်ခင်ကတည်းက အပြင်နဲ့ အဆက်အသွယ် ပြတ်သွားနိုင်တယ်လို့ တွေးထားတယ်။ ဒါနဲ့ ဟူအမျိုးသမီး နဲ့ ညနေတိုင်း ဒီသစ်ပင်မှာ သတင်းတွေ ဖလှယ်ဖို့ ချိန်းထားလိုက်တယ်။
ဟူအမျိုးသမီးက အိမ်တော် အပြင်မှာ လျှို့ဝှက်စွာ စောင့်ကြည့်နေတယ်။ စုန့်ချင်းရှု မလာရင် ကိစ္စမရှိဘူး။ လာရင် သူ့ကို ပြောစရာ ရှိတယ်လို့ သိတယ်။ ဒါနဲ့ သိုင်းပညာကို အသုံးပြုပြီး အိမ်တော်ထဲကို ဝင်လာတယ်။ စုန့်ချင်းရှုကို စောင့်ကြည့်နေတဲ့ အစေခံ နှစ်ယောက်ကို မေ့သွားအောင် လုပ်ပြီးမှ ပေါ်လာတယ်။
စုန့်ချင်းရှုက ဟွမ်ရုံ ရောက်လာတဲ့ အကြောင်းနဲ့ နှင်းတောင်ဂိုဏ်းက လုပ်ကြံမယ့် အကြောင်းကို ဟူအမျိုးသမီးကို ပြောပြလိုက်တယ်။ ဟူအမျိုးသမီးက သူက ဟွမ်ရုံအကြောင်း ပြောရင် မျက်လုံးတွေ တောက်ပနေတာကို တွေ့တော့ စိတ်ထဲမှာ နည်းနည်း မသက်မသာ ဖြစ်သွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။ "သိုင်းလောကရဲ့ သတင်းတွေအရ ဟွမ်ရုံက ကမ္ဘာမှာ အလှဆုံး အမျိုးသမီးလို့ ပြောကြတယ်။ သူက တကယ်ကို ဒီလောက် လှတာလား။"
စုန့်ချင်းရှုက သူ့စကားကို ကြားတော့ ပထမဆုံး မေးခွန်းက ဒါဖြစ်မယ်လို့ မထင်ထားဘူး။ ခဏလောက် တုံ့ဆိုင်းပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "တကယ်ကို ကမ္ဘာမှာ အလှဆုံးပဲ။ ငယ်ရွယ်တဲ့ အချိန်ကလို အပြစ်ကင်းစင်တာတွေ မရှိတော့ပေမဲ့ ရင့်ကျက်တဲ့ အမျိုးသမီးရဲ့ ဆွဲဆောင်မှုတွေ ရှိတယ်..."
ပြောရင်းနဲ့ ဟူအမျိုးသမီးရဲ့ မျက်နှာက ပိုပြီး အေးစက်လာတာကို သတိထားမိတော့ စုန့်ချင်းရှုက သဘောပေါက်သွားသည်။ စိတ်ထဲမှာ သူ့ရဲ့ ခေါင်းကို ရိုက်လိုက်ပြီး စကားကို ပြောင်းလိုက်တယ်။ "ဒါပေမဲ့ သူက အသက်နည်းနည်း ကြီးလာပြီ။ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ရှိလာပြီ။ ကမ္ဘာမှာ အလှဆုံးဆိုတဲ့ နာမည်က တကယ်တော့ မထိုက်တန်တော့ဘူး။ ကျွန်တော် ထင်တာက မရီးက သူ့ထက် ပိုပြီး လှတယ်..."
ဟူအမျိုးသမီးက မျက်နှာ နီရဲသွားပြီး ပြောလိုက်သည်။ "ဟွမ်ဂိုဏ်းချုပ်က အသက် သုံးဆယ်ကျော်ပဲ ရှိသေးတယ်။ ဘယ်မှာ အိုမင်းရင့်ရော်လို့လဲ။ ငါ့ကို ပျော်အောင် ပြောနေတာပဲ။ နောက်ပိုင်းမှာ တခြား အမျိုးသမီးတွေရှေ့မှာ ငါ့ကို ဒီလိုပဲ ပြောမှာလား"
"ဘယ်လို လုပ်ရဲမှာလဲ" စုန့်ချင်းရှုက စကားမပြောနိုင် ဖြစ်သွားပြီး အလျင်အမြန် ခေါင်းစဉ်ကို ပြောင်းလိုက်တယ်။ "မရီး၊ ကျွန်တော်တို့ အရေးကြီးတဲ့ ကိစ္စကို ပြောကြရအောင်။ မရီးက နှင်းတောင်ဂိုဏ်းကို ၁၅ ရက်နေ့မှာ လုပ်ကြံဖို့ သတင်းပို့ပါ။ အဲဒီနေ့မှာ လင်ထွေ့စီက တင်းကျန့်ကို မေးခွန်းတွေ မေးတော့မယ်။ သူက လျန်ချန်ကျယ်အကြောင်းကို တခြားလူတွေ မသိစေချင်တော့ အစောင့်တွေ နည်းသွားလိမ့်မယ်"
"အင်း၊ ငါက မကြာသေးခင်က မြို့ပြင်မှာ လူအုပ်စုတစ်ခုကို တွေ့လိုက်တယ်။ အဲဒီအချိန်တုန်းက သူတို့က ငါ့ကို သတ်ပစ်ချင်သေးတယ်။ အခု ကြည့်ရတာ သူတို့က နှင်းတောင်ဂိုဏ်းက လူတွေ ဖြစ်ပုံရတယ်" ဟူအမျိုးသမီးက ပြန်ပြောပြတယ်။ "သူတို့ရဲ့ နေရာကို ငါ သိတယ်။ သူတို့ကို ရှာဖို့ မခက်ဘူး။ ငါ သေချာပေါက် သတင်း ပို့ပေးမယ်"
"ဘာ" စုန့်ချင်းရှုက အရမ်း လန့်သွားသည်။ ဟူအမျိုးသမီးက ဘာမှ မဖြစ်ဘူးဆိုတာကို သိပေမဲ့ မေးလိုက်သည်။ "မရီး ဘာများ ထိခိုက်သွားသေးလား"
ဘာကြောင့်လဲ မသိဘူး။ ဟူအမျိုးသမီးရဲ့ နံရိုးမှာ ထိခိုက်သွားပြီး သူ့ရဲ့ အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အကြောင်းကို တွေးမိသွားသည်။ ဒါကြောင့် မျက်နှာလေး နီရဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ငါ ဘာမှ မဖြစ်ပါဘူး။ ငါ့ရဲ့ သိုင်းပညာကလည်း မညံပါဘူး။ ပြီးတော့ မင်း သင်ပေးထားတဲ့ မြွေဖြူ ကြာပွတ်သိုင်းနဲ့ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်။"
"ဒါဆိုရင် တော်သေးတာပေါ့" စုန့်ချင်းရှုက တုံးအစွာ ရယ်မောပြီး ပြောလိုက်သည်။ မရီး ဒီတစ်ခေါက် သွားတဲ့အခါ သတိထားပါ။ အကောင်းဆုံးကတော့ လူမမြင်အောင် သွားတာ အကောင်းဆုံးပါပဲ။"
သူ့ရဲ့ စိုးရိမ်တကြီးပုံစံကို မြင်တော့ နှစ်ပေါင်းများစွာ ဖေးအာနဲ့ အတူတူ နေလာခဲ့ရတဲ့ အထီးကျန်ဆန်တဲ့ ဟူအမျိုးသမီးရဲ့ စိတ်ထဲမှာ နွေးထွေးတဲ့ ခံစားချက်လေး ဖြတ်သန်းသွားသည်။ နူးညံ့တဲ့ အသံနဲ့ ပြန်ပြောလိုက်သည်။ "မတ်လေး စိတ်ချပါ။ ငါ သတိထားပါ့မယ်။"
ဟူအမျိုးသမီးရဲ့ လှပတဲ့ ပုံရိပ်လေး ထွက်ခွာသွားတာကို ကြည့်ပြီး စုန့်ချင်းရှုက စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်သွားသည်။ ဘေးနားကို သွားပြီး မေ့မြောနေတဲ့ နှစ်ယောက်ကို နှိုးကာ ချက်ချင်း ထွက်သွားလိုက်တယ်။
အမှုထမ်းနှစ်ယောက်က မျက်နှာချင်းဆိုင် ကြည့်ပြီး မေးလိုက်သည်၊ "ခုနက ဘာများ ဖြစ်သွားသေးလဲ။"
"လူကြီးမင်းကို အစီရင်ခံရမလား။"
"မင်း အရူးလား။ အဲဒီအချိန်ကျရလို့ လူကြီးမင်းက အပြစ်တင်ရင် ဘယ်သူ တာဝန်ယူမှာလဲ။ အခု ဘယ်သူမှ မသိသေးဘူး။ စုန့်ချင်းရှူလည်း မပျောက်သွားဘူး။ ပြဿနာ နည်းလေ ကောင်းလေပဲ။"
"အကိုကြီးက အတွေ့အကြုံ များတာပဲ။ ကျွန်တော် အရမ်း လေးစားပါတယ်။"
"ဟုတ်တယ် ဟုတ်တယ်။ နှစ်ပေါင်းများစွာ အစိုးရရုံးမှာ အလကား နေလာတာ မဟုတ်ဘူး။ "
...
နောက်ရက်အနည်းငယ်မှာ ဆောင်းချင်းရှူက အိမ်တော်မှာ ဟွမ်ရုံနဲ့ မတော်တဆ တွေ့ဆုံမှုတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ သူ့ကို အမြဲတမ်း ကြည့်နေချင်ပေမယ့် အခု သူတို့နှစ်ယောက်က ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေပြီး ဘာမှ ပတ်သက်မှု မရှိဘူးဆိုတာ သိတော့ တည်ငြိမ်စွာ နေထိုင်ခဲ့သည်။ ခေါင်းညိတ် နှုတ်ဆက်ပြီးတာနဲ့ ချက်ချင်း ထွက်သွားခဲ့သည်။
အဲဒီလို လုပ်တော့ ဟွမ်ရုံက သူ့ကို ပိုပြီး သဘောကျသွားသည်။ နှစ်ပေါင်းများစွာက အိုယန်ခရ်(ဘာသာပြန်သူ-the legend of condor hero မှာ ဟွမ်ရုံကို ဖမ်းဖို့ကြိုးစားတဲ့ မိန်းကလေးတွေကို ဖျက်စီးတဲ့သူပါ)ကနေ သိုင်းလောကက လူတွေအထိ၊ အခု ရှန်ယန်းမြို့က အရာရှိတွေအထိ၊ မြို့ဝန် လုဝမ်ဟွမ်းအထိ သူ့ကို တွေ့တိုင်း ဖုံးကွယ်ထားပေမဲ့ မျက်လုံးထဲက တပ်မက်တဲ့ အကြည့်ကို သူက ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။
ဒီတစ်ခေါက် ကျန်းကျိုးမြို့မှာ ကြည်လင်တဲ့အကြည့်နဲ့ လူငယ်တစ်ယောက်ကို တွေ့တော့ အနည်းငယ် မျက်မှောင်ကြုတ်သွားတယ်။ သူ့ဘေးက လူတွေကို မေးကြည့်တော့ လင်ထွေ့စီက မကြာသေးခင်က ခန့်ထားတဲ့ အကြံပေးဆိုတာကို သိတော့ ထွက်သွားတဲ့ သူ့ရဲ့ နောက်ကျောကို ကြည့်ပြီး စဉ်းစားနေလိုက်တယ်။
အချိန်တွေက မြန်မြန်ကုန်သွားပြီး ၁၅ ရက်နေ့ကို ရောက်လာတယ်။
ဟွမ်ရုံတို့က ဒီမှာ ရှိနေတော့ လင်ထွေ့စီက ဒီလမှာ တင်းကျန့်ကို စစ်ဆေးတာကို ရပ်ချင်တယ်။ ဒါပေမဲ့ စုန့်ချင်းရှုက အခုက မေးခွန်းထုတ်ဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပြီလို့ ပြောတယ်။ လင်ထွေ့စီက စစ်ဆေးတာကို ရပ်လိုက်ရင် တင်းကျန့်က သူတို့ နှစ်ယောက် ပူးပေါင်းနေတယ်လို့ ထင်သွားနိုင်တယ်။ အဲဒီလိုဆိုရင် အရင်က ကြိုးစားထားတာတွေ အလကား ဖြစ်သွားလိမ့်မယ်။
လင်ထွေ့စီက တွေးကြည့်တော့လည်း မှန်တယ်လို့ ထင်တယ်။ ဒါကြောင့် ဟွမ်ရုံတို့ကို တခြားအကြောင်းပြချက်နဲ့ ခွဲထားပြီး အတွင်းခန်းမှာ စစ်ဆေးရေး ခန်းမကို ပြင်ဆင်လိုက်တယ်။ ပြီးတော့ တင်းကျန့်ကို ခေါ်လာဖို့ လူလွှတ်လိုက်တယ်။