အခန်း ၁၉ အစိမ်းရောင် အင်္ကျီနှင့်မိန်းကလေး
"မတ်ကလေးက သိုင်းလောကရဲ့ လျှို့ဝှက်ချက်တွေကို အကုန်သိနေပုံပဲ" ဟူအမျိုးသမီးက သူ့ကို သံသယ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
စုန့်ချင်းရှုက ပြုံးပြီး ပြောလိုက်သည်။ "ကျွန်တော့်မှာ နာမည်ပြောင်တစ်ခု ရှိတယ်။ 'သိုင်းလောက အရာအားလုံးသိသူ' တဲ့။ နောက်တာပါ။ မရီး စိတ်ထဲ မထားပါနဲ့"
"အိုး၊ ဒီက သူရဲကောင်းက သိုင်းလောက အရာအားလုံးသိသူဆိုရင် ကျွန်မက ဘယ်သူလဲဆိုတာ သိလား" အသံက အရမ်းချိုသာပြီး နားထောင်လို့ ကောင်းတယ်။ စုန့်ချင်းရှုနဲ့ ဟူအမျိုးသမီးက အံ့ဩသွားပြီး လှည့်ကြည့်လိုက်သည်။ အသံပိုင်ရှင်က အသက် ၁၆-၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်။ ကျောက်စိမ်းလို ဖြူဖွေးနေပြီး မျက်နှာလေးက အရမ်းနူးညံသည်
စုန့်ချင်းရှုအနေဖြင့် သူမရဲ့ ရုပ်ရည်က ဟူအမျိုးသမီးလောက် မလှပေမဲ့ နူးညံ့မှုတွေ အပြည့်ရှိတော့ အရမ်း ဆွဲဆောင်မှု ရှိနေသည်။ သူမရဲ့ အစိမ်းရောင် အဝတ်အစားကို မြင်တော့ စိတ်ထဲမှာ အကြံတစ်ခု ရသွားပြီး "မင်းရဲ့ နာမည်နဲ့ နောက်ခံကို ပြောရင် ဘာဖြစ်မလဲ"
အစိမ်းရောင် မိန်းကလေးက ပြုံးပြီး ခေါင်းခါလိုက်သည်။ "ကျွန်မ မယုံဘူး"
"ကျွန်တော် ပြောနိုင်ရင် မင်း ကျွန်တော်တို့ကို ချန်ဟီရွာကို ခေါ်သွားပေးရင် ရပြီ" အစိမ်းရောင် မိန်းကလေးက ဘာမှ မပြောတော့ စုန့်ချင်းရှုက ပိုပြီး ယုံကြည်မှုရှိသွားသည်။ "စုန့်က ဂူဆူးမှာ နတ်သမီးလို လှတဲ့ မိန်းကလေး နှစ်ယောက် ရှိတယ်လို့ ကြားဖူးတယ်။ ကောင်းကင်က တိမ်တွေလို လှတဲ့ အဇူးနဲ့ ရေလို နူးညံ့တဲ့ အဘီဆိုတဲ့ ကမ္ဘာတကယ်ကို ရှားပါးတဲ့ အလှလေးနှစ်ယောက်ပဲ"
အဘီက သူ့ရဲ့ ချီးကျူးမှုကြောင့် ရှက်သွားပြီး ပြောလိုက်သည်။ "မင်းက ဝမ်မိန်းကလေးကို တွေ့ရင် ဒီနေ့ ချီးကျူးတာ စောသွားပြီဆိုတာ သိလိမ့်မယ်"
(ဘာသာပြန်သူ ဝမ်ယူယန် Wang Yuyan တိမ်လွှနဂါးသူရဲကောင်းများထဲက သွမ့်ယိနဲ့ကြိုက်တဲ့ မိန်းကလေးဝမ်ပါ)
စုန့်ချင်းရှုက ပြုံးပြီး ဘာမှ မပြောတော့ အဘီက မော့ကြည့်ပြီး မေးလိုက်သည်။ "မင်းက ချန်ဟီရွာကို ဘာကိစ္စနဲ့ သွားမှာလဲ"
"ကျွန်တော်နဲ့ မရီးက ရည်ရွယ်ချက် မကောင်းတာ မဟုတ်ပါဘူး။ မုရုံသခင်လေးကို မေးစရာ ရှိလို့ပါ။ အဘီ ကူညီပေးပါဦး" စုန့်ချင်းရှုရဲ့ မိတ်ဆက်ကို ကြားတော့ ဟူအမျိုးသမီးကလည်း ခေါင်းညိတ်လိုက်သည်။
အဘီက သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ယောက်ျားလေးက ခန့်ညားပြီး မိန်းကလေးက လှတော့ မကောင်းတဲ့သူတွေ မဖြစ်နိုင်ဘူးလို့ တွေးလိုက်သည်။ "ဒီနေ့ သခင်လေး အိမ်မှာ ရှိတယ်။ ကျွန်မနဲ့ လိုက်ခဲ့ပါ"
ဟူအမျိုးသမီးက စိတ်ထဲကနေ ရယ်လိုက်သည်။ သူ့မတ်လေးက ရုပ်ရည်ချောမောပြီး မိန်းကလေးတွေကို သဘောကျအောင် စကားပြောကောင်းတယ်။ ဒီကောင်မလေးကတော့ တကယ့်ကို အတွေ့အကြုံ မရှိသေးဘူး။
အဘီက ဘေးက ကြိုးကို ဖြည်ပြီး သူတို့နှစ်ယောက်ကို လှေပေါ် တက်ဖို့ ဖိတ်ခေါ်လိုက်သည်။ ဟူအမျိုးသမီးရဲ့ အပြုံးက ချက်ချင်း ပျောက်သွားတယ်။ ငယ်ငယ်တုန်းက တောင်ပေါ်မှာ ကြီးပြင်းလာတော့ ရေမကူးတတ်ဘူး။ ရေကို မြင်ရင် ကြောက်စိတ်တစ်ခု ရှိတယ်။
"မရီး၊ သတိထားပါ" စုန့်ချင်းရှုက သူမ တုန်ရီနေတာကို မြင်တော့ လှေပေါ် တက်ဖို့ ကူညီပေးပြီး လှေပေါ်ရောက်တော့ ဟူအမျိုးသမီးရဲ့ နဖူးမှာ ချွေးစေးတွေ စို့နေတယ်။ စိတ်ထဲမှာလည်း ပျို့အန်ချင်နေတယ်။ စုန့်ချင်းရှုက သူမကို ဖက်ထားတာကိုတောင် သတိမထားမိဘူး။
အဘီက သူတို့နှစ်ယောက်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ စုန့်က သူမကို မရီးလို့ ခေါပြီး အခုကျတော့ ချစ်သူတွေလို ဖက်ထားတယ်။ ဒါပေမဲ့ အစေခံမလေးဆိုတော့ သိချင်တာကို မေးခွင့်မရှိဘူး။
ကမ်းကို ရောက်တော့ ဟူအမျိုးသမီးက သူမရဲ့ ခန္ဓာကိုယ်က စုန့်ချင်းရှုနဲ့ ကပ်နေတာကို သတိထားမိလိုက်သည်။ သူ့လက်မောင်းမှအမြန် ရုန်းထွက်ပြီး ကမ်းပေါ်ကို ခုန်တက်လိုက်သည်။ စုန့်ချင်းရှုက ခါးသက်သက် ပြုံးပြီး အဘီနဲ့အတူ လှေပေါ်က ဆင်းလိုက်သည်။
" စုန့်ချင်းရှုနဲ့ ဟူအမျိုးသမီးက မုရုံသခင်လေးကို တွေ့ချင်လို့ပါ" အဘီက သတင်းပို့ပြီးနောက် မုရုံဖုက ဧည့်ခန်းမှာ သူတို့နှစ်ယောက်ကို ကြိုဆိုလိုက်သည်။
"ဒီတစ်ယောက်က ဝူတန်နဲ့ အော့မေ ဂိုဏ်းနှစ်ခုလုံးရဲ့ ခေါင်းဆောင် စုန့်သူရဲကောင်း မဟုတ်လား။ ဟူအမျိုးသမီးက လျောင်တုန်း သူရဲကောင်း ဟူယိတောင်ရဲ့ ဇနီး မဟုတ်လား" မုရုံဖုက ခန့်ညားပြီး သူတို့နှစ်ယောက်ကို ကြည့်ပြီး အံ့ဩတကြီး မေးလိုက်သည်။
"မုရုံသခင်လေးက သိုင်းလောက အကြောင်းကို အကုန်သိနေတာပဲ တကယ်ကို အံ့ဩဖို့ကောင်းတယ်။ ကျွန်တော်တို့ရဲ့ နောက်ခံကို တစ်ချက်ကြည့်တာနဲ့ သိနေပြီ" စုန့်ချင်းရှုနဲ့ ဟူအမျိုးသမီးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဂူဆူး မုရုံမိသားစု နာမည်ကြီးနေတာဟာ တကယ်ကို ထိုက်တန်တယ် တွေးလိုက်သည်။
"ဒီနေ့ နှစ်ယောက်သား လာလည်တာ ဘာများ ကူညီပေးရမလဲ" မုရုံဖုက သူ့ရဲ့ နိုင်ငံကို ပြန်လည် ထူထောင်ဖို့ကိုပဲ စိတ်ဝင်စားသည်။ သာမန်အချိန်တွေမှာ သိုင်းလောကသားတွေကို တွေ့ရင် သူတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားသည်။
"ဒီလိုပါ" ဟူအမျိုးသမီးက ဖြည်းဖြည်းချင်း မုရုံကျင်းရွဲ့ အကြောင်းကို ပြောပြလိုက်သည်။
"မုရုံကျင်းရွဲ့" မုရုံဖုက အံ့ဩသွားသည်။ အရင်က ဒီဆွေမျိုးအကြောင်းကို မကြားဖူးဘူး။ "ကျွန်တော် မျိုးရိုးစာရင်းကို သေချာ စစ်ဆေးပြီး ဘာများ သိရမလဲ ကြည့်လိုက်ဦးမယ်" သူ့စိတ်ထဲမှာ မုရုံမိသားစုက လူနည်းတယ်။ အခုဆိုရင် အကူအညီပေးမယ့်သူ တစ်ယောက် ပိုလာနိုင်တယ်။
စုန့်ချင်းရှုက သူ့ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကို မြင်တော့ သူ့ရဲ့ စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ သိလိုက်သောကြောင့် အမြန် ပြောလိုက်သည်။ "မုရုံသခင်လေး၊ ကျွန်တော် စကားနည်းနည်း ပြောချင်လို့ပါ။
“ဒီမုရုံကျင်းရွဲ့က သခင်လေးထက် သိုင်းပညာ ပိုမြင့်ပုံရတယ်။ အောက်လမ်းနည်းတွေကို အသုံးပြုပြီး အဆိပ်လည်း ကျွမ်းကျင်တယ်။ သူက ချန်ဟီရွာကို ပိုင်ဆိုင်ချင်တယ်။ သူ့ရဲ့ နောက်ခံနဲ့ဆိုရင် သခင်လေးရဲ့ မျိုးဆက်ကို ထည့်တွက်မှာ မဟုတ်ဘူး"
မုရုံဖုက သိပ်သဘောမကျဘူး။ သူ့စိတ်ထဲမှာ သူ့ထက် သိုင်းပညာ ပိုအဆင့်မြင့်ရင် အရင်ကတည်းက သူ့ကို သတ်သွားလောက်ပြီ။ သိုင်းလောကမှာ ပတ်ပြီးလေ့ကျင့်နေစရာ မလိုဘူးလို့ တွေးနေသည်။ ခဏ ငါ့ကို မဟုတ်ဘူး။ ငါ့ရဲ့ သေနေပြီလို့ ဟန်ဆောင်ထားတဲ့ အဖေကို ကြောက်နေတာများလားလို့ တွေးနေသည်။ တွေးရင်းနဲ့ မုရုံဖုရဲ့ မျက်နှာက တဖြည်းဖြည်း တည်ငြိမ်လာတယ်။
"မုရုံသခင်လေးကို ကျွန်တော်တို့ ကူညီပေးလို့ ရမလား။ မုရုံကျင်းရွဲ့က အဆိပ်ခတ်တဲ့ တရားခံ ဖြစ်နိုင်တယ်" ဟူအမျိုးသမီးက ခါးကို နည်းနည်း ကိုင်းလိုက်တယ်။ သူမက မုရုံမိသားစုရဲ့ အကူအညီကို လာတောင်းတာဖြစတဲ့တွက် အရိုအသေတန်အောင်လုပ်လို့ မဖြစ်ဘူး။
"ဟူအမျိုးသမီး ဝမ်းနည်းမနေပါနဲ့" မုရုံဖုက ဟန်ဆောင်ပြီး ဖေးမပေးလိုက်တယ်။ "နှစ်ယောက်လုံး ကျွန်တော့်ကို ဒီလောက် အရေးကြီးတဲ့ သတင်းကို ပြောပြတဲ့အတွက် ကျေးဇူးတင်နေပြီ ဘယ်လို လုပ်ပြီး ကူညီခိုင်းတယ်ဖြစ်ရမှာလဲ။ ကျွန်တော်တို့ မုရုံမိသားစုက ကိုယ့်အိမ်ကိုတောင် မရှင်းနိုင်ရင် ကမ္ဘာမှာ ရယ်စရာ ဖြစ်သွားမှာပေါ့
ဟူကတော် စိတ်ချပါ။ ကျွန်တော်တို့ မုယုံချင်းယွဲ့ကို ဖမ်းမိရင် ဟူကတော်ကို လာတွေ့ဖို့ ဖိတ်ခေါ်ပါ့မယ်" လို့ ပြောလိုက်သည်။
သူ့ရဲ့ အကြောင်းပြချက်က ခိုင်လုံတာကြောင့် ဟူကတော်က ဘာပြောရမလဲ မသိတော့ဘူး။ သူတို့ရဲ့ အိမ်တွင်းရေးကို ဝင်ပါဖို့ ကြိုးစားတာက ကမ္ဘာက လူတွေအတွက် တကယ်ကို ရှောင်ရှားသင့်တဲ့ အရာပဲ။ ဒါပေမဲ့ သူ့ကို လွှတ်ထားလို့ မရဘူး။
“ဟူမဒမ်က အဆင်ပြေမယ်ဆိုရင် ချန်ဟီရွာမှာ ခဏလောက် နေလို့ရတယ်။ ကျွန်တော်တို့ မုရုံကျင်းရွဲ့ကို တွေ့တာနဲ့ မဒမ်က ဟူသူရဲကောင်းရဲ့ အကြောင်းကို စုံစမ်းလို့ရတယ်လေ” မုရုံဖုက စိတ်ရင်းစေတနာနဲ့ ဖိတ်ခေါ်လိုက်တယ်။ သူ့စိတ်ထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သိုင်းလောကမှာ ဟူယိတောင်က အဖိုးတန် ရတနာကို ကာကွယ်ထားတယ်လို့ သတင်းထွက်နေတာကို တွေးနေသည်။ ဒါက အမှန်လား ကောလဟာလလား မသိဘူး။ အခု သူ့ဇနီးက ဒီမှာဆိုတော့ အခွင့်အရေးရရင် မေးကြည့်ရမယ်။
ဟူအမျိုးသမီးက စိတ်ဝင်စားသွားသည်။ ဒါပေမဲ့ သူမက မုဆိုးမဆိုတော့ ဒီမှာနေဖို့ သိပ်အဆင်မပြေဘူး။
ဘေးက စုန့်ချင်းရှုကို ကြည့်ပြီး စိတ်ထဲမှာ အကြံတစ်ခု ရသွားသည်။ မုရုံဖုကို ပြုံးပြီး ပြောလိုက်သည်။ “မုရုံသခင်လေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ကျွန်မသဘောတူချင်ပေမယ့် ဒီခရီးမှာ ကျွန်မတို့ တောင်းဆိုစရာ တစ်ခု ရှိပါသေးတယ်။ ကျွန်မရဲ့ မတ်ကလေးက ဒဏ်ရာရထားလို့ တစ်ကိုယ်လုံး သွေးကြောတွေ ပျက်စီးနေတယ်။ ဆေးဘုရင်ကြီးရဲ့ အကြံပေးချက်အရ ဂူဆူး မုရုံရဲ့ ကြယ်ချွေသိုင်းကျမ်းက အရမ်း အံ့ဩဖို့ကောင်းတယ်လို့ ကြားဖူးတယ်။ ကျွန်မရဲ့ မတ်လေးရဲ့ ပျက်စီးနေတဲ့ သွေးကြောတွေကို ကုသပေးလို့ ရမလား”
မုရုံဖုက မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်တယ်။ ကြယ်ချွေသိုင်းကျမ်းက မုရုံမိသားစုရဲ့ အခြေခံဆိုတော့ ဘယ်လို လုပ်ပြီး သူများတွေကို ပေးရမှာလဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဟူအိတောင်ရဲ့ ရတနာကို လိုချင်နေတယ်။ ရတနာကို ရရင် စစ်သားတွေ ခေါ်ပြီး သူ့ရဲ့ မျိုးဆက်တွေ မလုပ်နိုင်တဲ့ အောင်မြင်မှုကို လုပ်နိုင်မယ်လို့ တွေးနေသည်။
“စုန့်သခင်လေး၊ ကျွန်တော် သွေးခုန်နှုန်းကို စမ်းလို့ရမလား” မုရုံဖုက စုန့်ချင်းရှုကို ကြည့်ပြီး အချက်ပြလိုက်တယ်။
စုန့်ချင်းရှုက စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပေးလိုက်သည်။ သူ့စိတ်ထဲမှာ မုရုံဖုကို သနားပေမဲ့ သူ့ရဲ့ အရည်အချင်းတွေကို အထင်မကြီးပေ။ မုရုံဖူ လက်ထဲမှာ သူ့ရဲ့ ကံကြမ္မာကို ထားရလောက်အောင် ယုံကြည်လို့မရဘူး။