အခန်း ၁၅ နံရိုးက အောက်မှာလေ
ဒီလို အခြေအနေကို ဇာတ်လမ်းတွဲတွေထဲမှာ အများကြီး မြင်ဖူးတယ်။ သူ့ရဲ့ ရှက်ရွံ့တဲ့ အမူအရာကို မြင်တော့ စုန့်ချင်းရှုက ချက်ချင်း နားလည်သွားတယ်။ မသိချင်ယောင်ဆောင်ပြီး ပြောလိုက်တယ် "မရီးက သွားလိုက် ပြန်လိုက်နဲ့ အချိန်ကြာမှာကို စိတ်ပူနေတာလား။ ကျွန်တော်က ရောဂါအတွေ့အကြုံများလို့ အရိုးဆက်နည်းကို သိတယ်။ မရီး စိတ်မရှိဘူးဆိုရင် ကျွန်တော် ဆက်ပေးပြီးမှ အဲဒီ စာပေသမားရဲ့ နောက်ကို လိုက်သွားကြတာပေါ့"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟူမရီးရဲ့ မျက်နှာလေးက ချက်ချင်း အနီရောင် အဝတ်စတစ်ခုလို ဖြစ်သွားတယ်။ တုန်ယင်စွာနဲ့ ပြောလိုက်တယ် "ရှင်နဲ့ ကျမက... ယောက်ျား မိန်းမ မတူဘူးလေ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ..."
"အခု ဖေးအာက အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်က သွေးကြောတွေ အကုန်ပျက်စီးနေလို့ သူ့ကို တစ်ယောက်တည်း သွားကယ်လို့ မရဘူး။ မရီးကိုပဲ အားကိုးရမှာပါ။ ဓလေ့ထုံးစံတွေကပဲ ယောက်ျား မိန်းမ ခွဲခြားနေတာ။ ရေနစ်နေတဲ့သူကို ကယ်ဖို့ လက်ကို ဆန့်ထုတ်တာက အခွင့်အရေးပဲ။ ဟူအစ်ကိုကြီးက နတ်ပြည်မှာ ရှိရင်လည်း မရီးကို အပြစ်တင်မှာ မဟုတ်ပါဘူး" စုန့်ချင်းရှုက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။
ဟူမရီးက သူပြောတာကို နားမလည်တော့ မျက်နှာက ပိုပြီး ထူးဆန်းသွားတယ်။ ဟူအစ်ကိုကြီးက ရိုးသားပြီး ယောက်ျားပီသ လို့ ဒီလို အခြေအနေမျိုးမှာ ဘာမှ မပြောဘူးလို့ တွေးလိုက်တယ်။ ဒါပေမဲ့ သူက မိန်းမဆိုတော့ အရမ်းရှက်တာပေါ့။
"စောစောက စာပေသမားက ဖေးအာကို ဆေးစမ်းသပ်ဖို့ သုံးမယ်လို့ ပြောသွားတယ်..." ဟူမရီးက တုံ့ဆိုင်းနေတာကို မြင်တော့ စုန့်ချင်းရှုက နောက်ထပ် မီးထိုးပေးလိုက်တယ်။
ဟူမရီးက စိတ်လှုပ်ရှားသွားပြီး နောက်ဆုံးမှာ မိခင်မေတ္တာက မိန်းမရဲ့ ရှက်ရွံ့မှုကို အနိုင်ယူသွားတယ်။ သွားလေးတွေကို စေ့ပြီး ပြောလိုက်တယ် "မတ်လေး... မတ်လေး၊ ဒီနေ့ ဖြစ်ခဲ့တာတွေကို အပြီးအပိုင် မေ့ပေးပါလို့ တောင်းဆိုပါတယ်"
"ဒါက သဘာဝပါပဲ" စုန့်ချင်းရှုက မျက်နှာကို တည်ငြိမ်အောင် ထားပြီး ပြောလိုက်တယ် "မရီး၊ ခဏနေရင် ကျွန်တော် မျက်လုံးကို အဝတ်နဲ့ စည်းထားမယ်။ မမြင်သင့်တာ တစ်ခုမှ မမြင်စေရဘူး"
ဟူမရီးက သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်တယ် "ကောင်းပါပြီ"
စုန့်ချင်းရှုက မသိမသာ ပြုံးလိုက်ပြီး အဝတ်စတစ်ခုကို ယူပြီး မျက်လုံးကို စည်းလိုက်တယ်။ ဟူမရီးကလည်း ရှက်ရွံ့စွာနဲ့ သူ့အဝတ်အစားတွေကို တစ်ခုချင်း ချွတ်လိုက်သည်။
နားထဲမှာ အဝတ်အစားတွေ လှုပ်ရှားနေတဲ့ အသံတွေကို ကြားတော့ စုန့်ချင်းရှုက သူ့ရှေ့မှာ ဘယ်လို မြင်ကွင်းမျိုးလဲဆိုတာကို စိတ်ကူးယဉ်နေတယ်။ ဒါပေမဲ့ လွန်လွန်ကျွံကျွံ မလုပ်ရဲဘူး။ သူ့မျက်နှာက အဝတ်စကို မချွတ်ရဲဘူး။
"မတ်လေး~ ပြီးပြီ..." ဟူမရီးက ရှက်ရွံ့စွာနဲ့ ပြောလိုက်တယ်။
"မရီး၊ ခဏလေး သည်းခံပါ" စုန့်ချင်းရှုက လက်ကို ဆန့်ထုတ်လိုက်တယ်။
"အိုး! ဘာလုပ်တာလဲ။ နံရိုးက အောက်မှာလေ..."
ဟူမရီးက ဒေါသထွက်သွားပြီး ဝမ်းနည်းစွာ မျက်ရည်တွေ ကျလာတယ်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်" စုန့်ချင်းရှုက အလျင်အမြန် တောင်းပန်လိုက်သော်လည်း စိတ်ထဲမှာ စောစောက လက်ထဲက နူးညံ့တဲ့ အထိအတွေ့ကို ပြန်လည်ခံစားနေပြီး စိတ်ထဲမှာ ကျေနပ်နေတယ်။ "The Return of the Condor Heroes" ဇာတ်ကားကို အလကား ကြည့်ခဲ့တာ မဟုတ်ဘူး။ ရန်ကော်က လူဝူဆွမ်းကို လုပ်ခဲ့တဲ့နည်းကို သူလည်း စမ်းကြည့်ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ မထင်ထားဘူး။
စောစောက မျက်လုံးကို အဝတ်နဲ့ စည်းထားမယ်လို့ ပြောခဲ့တာက ရိုးသားတယ်လို့ ထင်ရပေမဲ့ တကယ်တော့ စုန့်ချင်းရှုက အစီအစဉ်ဆွဲထားပြီးသား။ မျက်လုံး မမြင်ရတော့ မထိသင့်တာကို ထိမိရင်လည်း မရီးက သူ့ကို အပြစ်မတင်နိုင်ဘူး...
(အကြံပက်စက်တယ်ဗျာ)
တကယ်ကို နူးညံ့ချောမွေ့လိုက်တာ။ ဒါပေမဲ့ သူက လွန်လွန်ကျွံကျွံ မလုပ်ရဲဘူး။ နောက်ဆုံးမှာ ဟူမရီးရဲ့ နံရိုးကို အောင်မြင်စွာ ဆက်ပေးလိုက်လေသည်။
သူ အဝတ်အစား ပြန်ဝတ်ပြီးတဲ့အခါ စုန့်ချင်းရှုက အဝတ်စကို ချွတ်လိုက်တယ်။ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နေတဲ့ မျက်နှာလေးကို မြင်လိုက်ရတယ်။ ဟူမရီးက တည်ငြိမ်အောင် ဟန်ဆောင်ပြီး ပြောလိုက်တယ် "ငါတို့ အမြန်ထွက်သွားကြရအောင် ဖေးအာကို ကယ်ဖို့ အရေးကြီးတယ်"
စုန့်ချင်းရှုက ကျေနပ်စွာ ပြုံးလိုက်တယ်။ "မရီး၊ စောစောက စာပေသမားက ဆေးစမ်းသပ်ဖို့ လို့ပြောသွားပုံအရ အဆိပ်လက်ရာဆေးဘုရင်နဲ့ ဆက်နွယ်နေပုံရတယ်"
ဟူမရီးက ခေါင်းညိတ်လိုက်ပြီး စိုးရိမ်တဲ့ မျက်နှာနဲ့ ပြောလိုက်တယ် "စောစောက တိုက်ခိုက်ရင်း ဒဏ်ရာရတာက သူ့အကွက်ထဲကျသွားလို့ စိတ်ရှုပ်သွားတာမှန်ပေမဲ့ စာပေသမားရဲ့ သိုင်းက ကျွန်မထက် သာတာတော့ အမှန်ပဲ။ အခု အဆိပ်လက်ရာရှင် ဆေးဘုရင်နဲ့လည်း ဆက်နွယ်နေတော့ သူ့နောက်လိုက်သွားလည်း ဖေးအာကို ပြန်ကယ်နိုင်မှာ မဟုတ်ဘူး" ပြောရင်းနဲ့ ပိုပြီး ဝမ်းနည်းလာပြီး မျက်ရည်တွေ ကျတော့မလို ဖြစ်လာတယ်။
"မရီး၊ ကျွန်တော် ပြောချင်နေတာလည်း ဒါပဲ။ ကျွန်တော်က အခု ဒဏ်ရာတွေ ပြင်းထန်ပြီး ကြက်တစ်ကောင်တောင် မသတ်နိုင်ပေမဲ့ မရီးကို သိုင်းပညာတစ်ခု သင်ပေးလို့ရတယ်။ တတ်မြောက်သွားရင် အဲဒီ စာပေသမားထက် မညံ့လောက်ဘူး" စုန့်ချင်းရှုက သူ့ကို ဝမ်းနည်းနေတာကို မြင်တော့ အကြောင်းမဲ့ သနားသွားတယ်။
"မတ်လေးက သိုင်းပညာ တတ်တာလား" ဟူမရီးက အံ့အားသင့်စွာနဲ့ စုန့်ချင်းရှုကို ကြည့်လိုက်တယ်။ သူ့ရဲ့ အားနည်းတဲ့ ပုံစံကို ကြည့်ပြီး သူက စာပေသမားတစ်ယောက်ပဲလို့ ထင်နေခဲ့တာ။
"အရင်က နည်းနည်း တတ်ဖူးတယ်" စုန့်ချင်းရှုက ခေါင်းညိတ်လိုက်ပြီး ဒီအကြောင်းကို ဆက်မပြောချင်တော့ဘူး။
"မရီး၊ ကျွန်တော့်မှာ မြွေဖြူ ကြာပွတ်သိုင်းတစ်ခု ရှိတယ်..."
ဟူမရီးက မျက်လုံးတွေ တောက်ပလာပြီး ကြာပွတ်သိုင်းက အံ့သြစရာကောင်းတာကို ပိုပြီး နားလည်လာသည်။ သူက အရင်ကတည်းက ပိုးသားကြိုးကို လက်နက်အဖြစ် သုံးနေတာဆိုတော့ အပြန်အလှန် လေ့လာကြည့်လိုက်တော့ ခဏလေးအတွင်းမှာ မြွေဖြူ ကြာပွတ်သိုင်းရဲ့ အခြေခံကို နားလည်သွားသည်။
"မတ်လေး၊ ဒီ ကြာပွတ်သိုင်းက အရမ်းကောင်းတယ်။ သိုင်းလောကမှာ အမြင့်ဆုံး သိုင်းပညာတစ်ခု ဖြစ်မှာ အသေအချာပဲ။ ဒီလို လက်ဆောင်ကောင်းကို မရီးက ဘယ်လို ကျေးဇူးတင်ရမလဲ မသိဘူး" ဟူမရီးက ဟူဖေးကို ပြန်ကယ်နိုင်မယ်လို့ ယုံကြည်ချက် ပိုပြီး ရှိလာပြီး စုန့်ချင်းရှုကို ကျေးဇူးတင်စွာနဲ့ ကြည့်လိုက်တယ်။
"မရီး၊ ကျွန်တော်နဲ့ အစ်ကိုကြီးက ညီအစ်ကိုတွေပဲ။ သူ့သားက ကျွန်တော့်သားပဲ။ ဖေးအာကို ကယ်နိုင်ရင် သိုင်းပညာတစ်ခုက ဘာမှ မဟုတ်ဘူး" စုန့်ချင်းရှုက တရားဝင် ပြောလိုက်တယ်။ "မရီးက တကယ် ကျေးဇူးတင်ချင်ရင် နောက်နေ့တွေမှာ မရီးက ကျွန်တော့်ကို ညွှန်ပြပြီး အတူတူ လေ့ကျင့်ပေးပါ"
ဟူမရီးရဲ့ နားရွက်လေးတွေ နီရဲသွားတယ်။ သူ့ရဲ့ နောက်ပိုင်း စကားတွေကို မရိုးသားတဲ့ပုံ ဖြစ်နေတာကို သတိမထားမိဘူးလား။ စိတ်ထဲကနေ "မတ်လေးက အားလုံး ကောင်းပေမဲ့ စကားပြောတာ မစဉ်းစားဘူး။ အစ်ကိုကြီးရဲ့ သားက သူ့သားဆိုတော့ ကျွန်မက အစ်ကိုကြီးရဲ့ ဇနီးဆိုတော့ သူ့ဇနီးလည်း ဖြစ်သွားမှာလား"
စာပေသမားကို ရည်ရွယ်ချက်မရှိဘဲ ရှာနေတာထက် စုန့်ချင်းရှုနဲ့ ဟူမရီးက ဆေးဘုရင်ရွာကို အရင်ရှာဖို့ ဆုံးဖြတ်လိုက်ပြီး သူပြောတဲ့ စကားအရ ဆေးဘုရင်ရွာနဲ့ ဆက်နွယ်နေပုံရတယ်။ ဆေးဘုရင်ရွာကို ရောက်ရင် သဲလွန်စတစ်ခုခု ရနိုင်တယ်။
ဆယ်မိုင်ကျော်လောက် မြင်းစီးပြီးတဲ့နောက်မှာ မြက်ပင် တစ်ပင်မှ မရှိတဲ့ နေရာကို ရောက်လာသည်။ ဟူမရီးက လေးနက်တဲ့ မျက်နှာနဲ့ " ဒီပုံစံအရ ဆေးဘုရင်ရွာက ဒီအနီးအနားမှာ ရှိမှာ သေချာတယ်" ။ စုန့်ချင်းရှု အရမ်းပျော်သွားတယ်
ဟူမရီးက ခေါင်းညိတ်လိုက်ပြီး မြင်းပေါ်က ဆင်းလိုက်တယ်။ မြင်းကို ဘေးက သစ်ပင်မှာ ချည်လိုက်ပြီး "ဆေးဘုရင်ရွာကို ရောက်ရင် အန္တရာယ်တွေ အများကြီး ရှိတယ်။ ဒီမြင်းနှစ်ကောင်ကို အသက်ဆုံးရှုံးခံဖို့ မလိုပါဘူး"
စုန့်ချင်းရှုက ရယ်ပြီး ပြောလိုက်တယ် "မရီးက နတ်သမီးလေးလို လှရုံတင်မကဘူး။ ကြင်နာသနားတဲ့စိတ်လည်း ရှိတယ်။ ကွမ်ယင်မယ်တော် ကမ္ဘာပေါ် ပြန်ရောက်လာသလိုပဲ"
ဟူမရီးက သူ့ကို မျက်စောင်းထိုးပြီး ရှက်ရွံ့စွာနဲ့ ပြောလိုက်တယ် "မတ်လေးက ကျွန်မကို စနေပြန်ပြီ"
စုန့်ချင်းရှုက သူ့ရဲ့ အေးစက်တဲ့ ပုံစံကို အသားကျနေပြီ။ ရုတ်တရက် ပြောင်းလဲသွားတဲ့ နူးညံ့မှုကို မြင်တော့ စိတ်တွေ လွင့်သွားတယ်။
စုန့်ချင်းရှုရဲ့ အမူအရာကို သတိထားမိတော့ ဟူမရီးရဲ့ လည်ပင်းက နည်းနည်း နီရဲသွားတယ်။ ပိုးပဝါတစ်ထည်ကို ယူပြီး မျက်နှာမှာ စည်းလိုက်တယ်။ စုန့်ချင်းရှုကိုလည်း တစ်ထည် ပေးလိုက်တယ်။ "မတ်လေး၊ ဆေးဘုရင်ရွာမှာ အဆိပ်တွေ အများကြီး ရှိတယ်။ နှာခေါင်းနဲ့ ပါးစပ်ကို စည်းထားတာ ကောင်းတယ်"
စုန့်ချင်းရှုက ပိုးပဝါကို ယူပြီး နှာခေါင်းနဲ့ ရှူကြည့်လိုက်သည်။ သင်းပျံ့တဲ့ ရနံ့လေးက သူ့ကို စိတ်ကြည်နူးစေတယ်။ ဒါပေမဲ့ ဟူမရီးလို မျက်နှာမှာ မစည်းထားဘူး။ ပြုံးပြီး ပြောလိုက်တယ် "အဆိပ်လက်ရာရှင် ဆေးဘုရင်က အဆိပ်ကို ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင် သုံးလဲဆိုတာ လူတိုင်း သိတယ်။ နှာခေါင်းနဲ့ပါးစပ်ကို ပိတ်ထားရုံနဲ့ ကာကွယ်နိုင်ရင် သူ့ရဲ့ နာမည်က အလကား ဖြစ်သွားမှာပေါ့"
စုန့်ချင်းရှုက ပိုးပဝါကို မျက်နှာမှာလည်းမစည်း သူ့မကိုလဲ ပြန်မပေးတဲ့အပြင် နှာခေါင်းနဲ့ ရှူပြီး ရင်ဘတ်ထဲ ထည့်လိုက်တာကို မြင်တော့ ဟူမရီးဒေါသထွက်သွားပေမဲ့ ဘာမှ မပြောရဲဘူး။