"ခန့်ညားဆုံးဓားဘုရင်"
စုန့်ချင်းရှု၏စကားကိုကြားသောအခါ ဟူယိကျီသည် အတိတ်ကဂုဏ်ကျက်သရေကို ပြန်လည်သတိရသွားသကဲ့သို့ မိမိကိုယ်ကိုလှောင်ပြောင်ကာရယ်မောလိုက်ပြီး ရုတ်တရက်သတိပြန်ဝင်လာကာ လေးနက်သောအသံဖြင့်မေးသည် "မင်းက ဟူမျိုးနွယ်ဓားသိုင်းအကြောင်းကို ဘယ်လိုသိတာလဲ"
စုန့်ချင်းရှုသည် စိတ်ထဲတွင်ကြောင်သွားပြီး တစ်ဖက်လူက ဟူမျိုးနွယ်မှလူဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စိတ်ထဲတွင်တိတ်တဆိတ်ဆုတောင်းနေသည် သူ၏ အသက်အရွယ်ကို ကြည့်ရသည်မှာ သူသည် ဟူရီတောင်၏ ဆွေမျိုးတစ်ဦး ဖြစ်ပုံရသည်။ ဟူယိကျီက မြေခွေးပျံ မဖြစ်ပါစေနဲ့။ မဟုတ်ရင် ငါ ပင်းရွှဲ့အာကို လက်ထပ်လိုက်ရင် အလကားနေရင်း ယောက္ခထီးတစ်ယောက် တိုးလာမှာပေါ့'
အခြေအနေက ရှေ့သို့ရောက်လာပြီဖြစ်သောကြောင့် စုန့်ချင်းရှု ရဲတင်းစွာဖြင့်မေးလိုက်သည်။ "အကြီးအကဲနဲ့ မြေခွေးပျံတို့ ဘာတော်စပ်သလဲ"
"ကောင်လေး၊ မင်းအသက်ငယ်ငယ်နဲ့ အမြင်ကျယ်သားပဲ။ မြေခွေးပျံရဲ့နာမည်ကိုတောင် ကြားဖူးသေးတယ်"
ဟူယိကျီက သူ့ကို အလွန်အံအားသင့်စွာကြည့်လိုက်သည်။
"အကြီးအကဲက မြေခွေးပျံများလား"
အသက်အရွယ်လည်းတူညီပြီး ဟူမျိုးနွယ်ဓားသိုင်းကိုလည်းအသုံးပြုရာ ဆယ်ပုံကိုးပုံလောက်တော့ သေချာနေပြီဖြစ်သည်။
"ဟုတ်တော့ရော ဘာဖြစ်လဲ၊ မဟုတ်တော့ရော ဘာဖြစ်လဲ"
ဟူယိကျီသည် သူ၏လက်ထဲတွင် ဓားကို ကိုင်ထားသော်လည်း စုန့်ချင်းရှုက သစ်ကိုင်းတစ်ခုတည်းနှင့် မိမိကို ယှဉ်နိုင်စွမ်းရှိသည်ကို တွေ့မြင်ခဲ့သောကြောင့် သူ၏သိုင်းပညာသည် မိမိထက် သာလွန်သည်ကို သိလိုက်ရသည်။ ထို့ကြောင့် သူသည် ဆက်လက်တိုက်ခိုက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး သူ၏ဓားကိုရှေ့တွင် ကာထားကာ စုန့်ချင်းရှုကို သတိကြီးစွာဖြင့် ကြည့်နေသည်။
"ဒါဆိုရင်တော့ ဟုတ်နေတာပေါ့ "
စုန့်ချင်းရှု၏ မူအရာသည် စိတ်ပျက်နေပြီး သူပြောလေလေ သေချာလေလေ ဖြစ်လာသည် "အရင်က ခင်ဗျားဘာလို့ ချန်ယွမ်ယွမ်ကို နှစ်ပေါင်းများစွာ တိတ်တဆိတ်စောင့်ရှောက်နေရသလဲဆိုတာ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားက လီကျစ်ချန်ရဲ့ ပထမအစောင့်အရှောက် မြေခွေးပျံဆိုတာနဲ့ ဆက်စပ်လိုက်တော့ အားလုံးကရှင်းသွားပြီ။ သိုင်းလောကမှာ လီကျစ်ချန်က စစ်ရှုံးပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ ကောလာဟလထွက်နေပေမဲ့ သူကနာမည်ပြောင်းပြီး အသက်ရှင်နေခဲ့တယ်ဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ ချန်ယွမ်ယွမ်နဲ့လည်း အဆက်အသွယ်မပြတ်ခဲ့ဘူး။ ဒီနှစ်တွေအတွင်းမှာ လီကျစ်ချန်က ခင်ဗျားကို ချန်ယွမ်ယွမ်ကိုကာကွယ်ဖို့ စေခိုင်းခဲ့တာဖြစ်မယ်"
ဟူယိကျီ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီး ဓားရိုးကိုကိုင်ထားသောလက်သည် တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ ထိုအသေးစိတ်ကိုသတိပြုမိသောအခါ စုန့်ချင်းရှုက ပြုံးလိုက်ပြီး "ခင်ဗျား စိတ်ပူနေစရာမလိုပါဘူး။ လီကျစ်ချန်က တစ်ချိန်က လောကကိုတုန်လှုပ်စေခဲ့တဲ့ ချွမ်ဘုရင်မဟုတ်တော့ဘူး။ အိမ်ပြေးခွေးတစ်ကောင်ပါပဲ။ သူ့ရဲ့တည်နေရာကို ကျွန်တော်စိတ်မဝင်စားဘူး"
စိတ်ထဲတွင်မူ 'အရင်က ငါက ချွမ်ဘုရင်ရဲ့ရတနာကို ငါ့အိတ်ထဲကပစ္စည်းလို့ သဘောထားခဲ့တာ။ လီကျစ်ချန်က လောကမှာရှိနေသေးတာကို မေ့သွားတယ်။ အခုကြည့်ရတာ စောစောစီးစီးပြင်ဆင်ထားမှဖြစ်တော့မယ်'ဟုတွေးရင်း အလွန်ခေါင်းကိုက်နေသည်
"ဟမ့်၊ မင်းက သိုင်းပညာမြင့်မားရုံသာမက ဗဟုသုတလဲပြည့်စုံတယ်။ မင်းဘာလို့ ယုတ်မာတဲ့သူခိုးလုပ်ရတယ်ဆိုတာ ငါ တကယ်နားမလည်နိုင်ဘူး"
စုန့်ချင်းရှု၏စကားကိုကြားသောအခါ ဟူယိကျီ၏မျက်နှာတွင် အတည်ပြုခြင်း၊ ငြင်းဆိုခြင်းမရှိသော အမူအရာဖြစ်နေသည်။
"ကျွန်တော် ညနက်သန်းခေါင် ချန်ယွမ်ယွမ်ရဲ့အိပ်ခန်းကို ကျူးကျော်ဝင်ရောက်ခဲ့တာက သူတို့ရဲ့အလှကိုတပ်မက်လို့မဟုတ်ပါဘူး၊ အကြောင်းရင်းရှိလို့ပါ။ ဒါပေမဲ့ အဲ့ဒီအကြောင်းရင်းကိုတော့ အကြီးအကဲကို ထုတ်ဖော်ပြောပြလို့မဖြစ်ပါဘူး။ ကျွန်တော်ကောင်းကင်ဘုံကိုတိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ ခုနကအခန်းထဲမှာ ချန်ယွမ်ယွမ်တို့သားအမိကို မတော်မတရားပြုကျင့်တာမျိုး လုံးဝမလုပ်ခဲ့ပါဘူး"
စုန့်ချင်းရှုသည် ပင်းရွှဲ့အာနှင့် မရှင်းမလင်းဖြစ်နေသောကြောင့် ဟူယိကျီအပေါ် အပြစ်ရှိသလိုခံစားနေရပြီး ယခု ဟူယိတောင်၏ဖခင်နှင့်တွေ့သောအခါ လေသံသည် သဘာဝအတိုင်း ရိုသေသွားသည်။(ပင်းရွဲ့အာက ဟူအမျိုးသမီးပါ၊ ဟူယိတောင်က ပင်းရွဲ့အာရဲ့ ယောက်ျား၊ ဟူယိကျီက ဟူယိတောင်ရဲ့အဖေမြေခွေးပျံလို့လို့ထင်နေတာ)
ဟူယိကျီသည် သူ၏သဘောထားပြောင်းလဲသွားသည်ကို ထူးဆန်းသည်ဟု ထင်သော်လည်း ခုနက ချန်ယွမ်ယွမ်၏အခန်းထဲတွင် ဘာလုပ်ခဲ့သည်ကိုမသိဟုတွေးမိသောအခါ စိတ်ထဲတွင် မနာလိုစိတ်တစ်ချက်ဖြစ်ပေါ်လာပြီး အေးစက်စွာပြောသည် "မင်းခုနက ဘာမှမလုပ်ခဲ့ရင်တောင် ငါကတားဆီးဖို့မပြောခဲ့ရင် ချန်သခင်မလေးကို ဘာဆက်လုပ်မလဲဆိုတာ မပြောနိုင်ဘူး"
စုန့်ချင်းရှုသည် ချက်ချင်းပင် စကားပြန်မပြောနိုင်ဖြစ်သွားသည်။ ရုတ်တရက် ကိစ္စတစ်ခုကိုသတိရသွားပြီး ပြုံးလျက်ပြောသည် "ကျွန်တော်သူမကို ဘာမှမလုပ်ခဲ့ဘူးဆိုတာ သေချာပါတယ်။ ပြီးတော့ အကြီးအကဲရဲ့ဒေါသက လူမှားနေတယ်လို့ထင်တယ်။ အကြီးအကဲက နှစ်နှစ်ဆယ်ကျော်လုံး ချန်ယွမ်ယွမ်ရဲ့ဘေးမှာ စောင့်ရှောက်နေခဲ့တာဆိုတော့ သူမ ဆန်းရှန့်ဘုရားကျောင်းကိုပြောင်းလာပြီးနောက်မှာ တခြားယောက်ျားတစ်ယောက်က သူမအိပ်ခန်းကို မကြာခဏဝင်ထွက်သွားလာနေတာကို သေချာပေါက်သိမှာပဲ။ ခင်ဗျားက ခင်ဗျားရဲ့အိပ်မက်ထဲကချစ်သူကို တကယ်စော်ကားနေတဲ့ယောက်ျားကိုမရှာဘဲ ကျွန်တော့်ကိုပဲဖိပြောနေတာက ဘာသဘောလဲ"
ဟူယိကျီ၏မျက်နှာအမူအရာသည် ချက်ချင်းပင် မလုံမလဲဖြစ်သွားပြီး ဒေါသတကြီးပြောသည်။ "ချန်သခင်မလေးက ဖြူစင်သန့်ရှင်းပါတယ်။ မင်းသူမရဲ့ဂုဏ်သိက္ခာကို မဖျက်ဆီးပါနဲ့"
"ဖြူစင်သန့်ရှင်းတယ်"
စုန့်ချင်းရှု၏အပြုံးတွင် လှောင်ပြောင်သရော်သည့်အရိပ်အယောင်များ ပြည့်နှက်နေသည်။ "ချန်ယွမ်ယွမ်က တကယ်ပဲ တိုင်းပြည်ပျက်စေလောက်အောင်လှတဲ့ အလှပိုင်ရှင်ပါ။ ဒါပေမဲ့ သူမက ဖြူစင်သန့်ရှင်းတယ်ဆိုတဲ့စကားလုံးလေးလုံးနဲ့ ဘယ်လိုမှဆက်စပ်လို့မရဘူးမဟုတ်လား"
ဟူယိကျီ၏မျက်နှာသည် နီရဲသွားသည်။ သူသည် ချန်ယွမ်ယွမ်၏အတိတ်ကို ဘာကြောင့်မသိဘဲနေမလဲ။ သို့သော် ခုခံကာကွယ်သည်။ "ချန်သခင်မလေးက အရင်က ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ တည်ငြိမ်သွားပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ်စောင့်ထိန်းနေခဲ့တာကြာပါပြီ"
"တကယ်ပဲလား"
စုန့်ချင်းရှုက ပျက်ရယ်သောအပြုံးဖြင့် စိုက်ကြည့်လိုက်ပြီး ရုတ်တရက်သံသယဖြစ်လာသည်။ "အစကတော့ ခင်ဗျားက သစ္စာရှိတဲ့သူတစ်ယောက်လို့ ကျွန်တော်ထင်ခဲ့တာ။ နောက်တော့ ခင်ဗျားက ဟူမျိုးနွယ်ဓားသိုင်းကိုသုံးတယ်ဆိုတာသိတော့ ခင်ဗျားက သစ္စာရှိတာကိုအသုံးချပြီး ကိုယ့်ဘဝအမှန်ကို ဖုံးကွယ်နေခဲ့တာပေါ့။ ဒါပေမဲ့ အခုခင်ဗျားပုံစံကိုကြည့်ရတာ ခင်ဗျားက တကယ်ပဲ ချန်ယွမ်ယွမ်ကိုစွဲလန်းနေတာများလား"
ဟူယီကျီသည် ရုတ်တရက် ရေနွေးပူလောင်းခံရသကဲ့သို့ ခံစားရပြီး ချက်ချင်းပင် ပြောသည်– "ငါ တခြားဘာမှ မတောင်းဆိုပါဘူး၊ မနက်ခင်းနဲ့ ညနေခင်းတွေမှာ သူမကို တိတ်တဆိတ် မြင်ရရုံနဲ့ကို ကျေနပ်နေပါပြီ။ ဘယ်လိုလုပ်ပြီး သခင်မလေးအပေါ် မိုက်မဲတဲ့ စိတ်မျိုး ရှိနိုင်မှာလဲ?"
"ဒါဆိုရင် ခင်ဗျား ဘာလို့အဲ့ဒီလူက ချန်ယွမ်ယွမ်ရဲ့အိပ်ခန်းကို ညတိုင်းဝင်ထွက်ပြီး အဆုံးမရှိတဲ့သာယာမှုကိုခံစားနေတာကို သည်းခံနိုင်ရတာလဲ။ ခင်ဗျားကသူ့လက်အောက်ငယ်သားဖြစ်လို့ ဒီလိုနာကျင်မှုကို အမြဲတမ်းသည်းခံနေရတာလား" စုန့်ချင်းရှု သက်ပြင်းချလိုက်သည်။ မူရင်းဇာတ်လမ်းအရ ချန်ယွမ်ယွမ်သည် ဆန်းရှန့်ကျောင်းသို့ ပြောင်းလာပြီးနောက် အထီးကျန်ဆန်ပြီး ဝမ်းနည်းနေသည်။ ထိုအချိန်တွင် နာမည်ပြောင်းထားသော လီကျစ်ချန်က သူမကို ရှာတွေ့ပြီး သူတို့နှစ်ဦးသည် အတိတ်က ဆက်ဆံရေးကို ပြန်စခဲ့ကြသည်။ နောက်ဆုံးတွင် သူမသည် ကိုယ်ဝန်ရသွားသောကြောင့် အနောက်ပိုင်းနယ်စားအိမ်တော်သို့ ပြန်သွားခဲ့ရသည်၊ ဝူစန်းကွေးက အဖေဖြစ်ခဲ့သည်။ ဝူစန်းကွေး၏ တုံ့ပြန်မှုကို ကြည့်ရသည်မှာ သူသည် ခုထိ အလိမ်ခံနေရသည်ဟု ထင်ရသည်။
"ဆက်မပြောနဲ့တော့"
ဟူယိကျီ၏မျက်နှာပေါ်တွင် အကြောစိမ်းများထောင်ထလာပြီး လက်ချောင်းအဆစ်များကို ကျွတ်ကျွတ်မြည်အောင်ဆုပ်ထားသည်။ စုန့်ချင်းရှု၏စကားများကြောင့် မရေမတွက်နိုင်သော နာကျင်သည့်အမှတ်တရများကို ပြန်လည်နှိုးဆွလိုက်သည်မှာ ထင်ရှားသည်။
တစ်ဖက်လူ၏တုံ့ပြန်မှုက ဤမျှကြီးမားလိမ့်မည်ဟု မထင်ထားသောကြောင့် ချက်ချင်းစကားရပ်လိုက်သည်။ ထိုအချိန်တွင် သူအနည်းငယ်ရှုပ်ထွေးသွားသည် 'ချန်ယွမ်ယွမ်က တကယ်ပဲ လောကကိုပျက်စီးစေတဲ့အလှပိုင်ရှင်ပဲ။ လောကမှာရှိတဲ့ ထိပ်တန်းယောက်ျားတွေကို အရူးအမူးဖြစ်စေခဲ့တယ်။ ဒီယောက်ျားတွေက ချန်ယွမ်ယွမ်ရဲ့လှပတဲ့ကိုယ်ခန္ဓာကို ယောက်ျားဘယ်လောက်များက မြည်းစမ်းခဲ့ပြီးပြီဆိုတာ သိရဲ့သားနဲ့ တိုးဝင်သွားကြတယ်'
စုန့်ချင်းရှုက နောက်တစ်မျိုးစဉ်းစားလိုက်သောအခါ ပုံမှန်ပင်ဖြစ်သည်ဟု တွေးမိသည်။ ဤသည်မှာ ယောက်ျားတို့၏ပင်ကိုယ်သဘာဝပင်ဖြစ်သည်။ သစ်တော်သီးပုပ်တစ်ခုကို မစားလိုကြသော်လည်း ချိုမြိန်သောကိတ်မုန့်တစ်ခုကို လူများစွာနှင့်ခွဲဝေစားသုံးလိုကြသည်။ ချန်ယွမ်ယွမ်သည် ထိုချိုမြိန်သောကိတ်မုန့်ဖြစ်ပြီး ပုပ်နေသောသစ်တော်သီးဆိုသည်မှာ သာမန်ရုပ်ရည်ရှိသော အမျိုးသမီးအချို့ ဖြစ်ပေလိမ့်မည်။
ဟူယိကျီ၏စိတ်အခြေအနေသည် အလွန်မတည်ငြိမ်ဖြစ်နေသည်ကိုမြင်လျှင် စုန့်ချင်းရှုသည် စောစောထွက်သွားခြင်းက ပိုကောင်းသည်ဟုယူဆပြီး အလျင်အမြန်စကားလမ်းကြောင်းလွှဲလိုက်သည် "ခင်ဗျားက တစ်ချိန်က သိုင်းလောကမှာနာမည်ကြီးခဲ့သူတစ်ယောက်ပါ။ ဘာလို့မိန်းမတစ်ယောက်အတွက် ဒီလိုနေရာမျိုးမှာ ပုန်းကွယ်နေတာလဲ။ နောက်ပြီး ဟူယိတောင်က လူယုတ်မာတစ်ယောက်ရဲ့လက်ချက်နဲ့သေဆုံးသွားပြီး သူ့ဇနီးနဲ့သားက အနိုင်ကျင့်ခံခဲ့ရတာကိုရော သိလား။ ဟူယိတောင်ရဲ့သား ဟူဖေးက ဟူမျိုးနွယ်ဓားသိုင်းကိုတောင် အပြည့်အစုံမသင်ရသေးဘူး..."
"ယိတောင်သေပြီ"
ဟူယိကျီက စုန့်ချင်းရှုကို တုန်လှုပ်စွာကြည့်လိုက်သည်။ ဤနှစ်ပေါင်းများစွာအတွင်း သူသည် အပြင်လောကနှင့်အဆက်အသွယ်ပြတ်ကာ တိတ်တဆိတ်ပန်းစိုက်သမားတစ်ဦးအဖြစ် နေထိုင်ခဲ့သည်။
စုန့်ချင်းရှုက သက်ပြင်းချကာ ဟူယိကျီနှင့် မြောင်ရန်ဖုန်း(နန်းလန်၏အရင်ယောက်ျား)တို့ ယှဉ်ပြိုင်တိုက်ခိုက်စဉ် လူတစ်ယောက်က သူတို့နှစ်ဦး၏ဓားများပေါ်တွင် အဆိပ်ပြင်းများသုပ်ခဲ့သောကြောင့် ဟူယိတောင် အဆိပ်သင့်သေဆုံးသွားခဲ့ပြီး နောက်ဆက်တွဲဖြစ်ရပ်များကို အကြမ်းဖျင်းပြောပြလိုက်သည်။
ဟူယိကျီသည် ကြားရသည်နှင့် မျက်ရည်များကျလာပြီး ခေါင်းငုံ့ကာတိတ်ဆိတ်နေသည်။
စုန့်ချင်းရှုက သူ့အား စိတ်ထိခိုက်မည်စိုး၍ ဖြည်းဖြည်းချင်းအပြင်သို့ထွက်သွားသည်။ ဟူယိကျီက ရုတ်တရက်ခေါင်းမော့လာပြီး ပြောလိုက်သောစကားများကြောင့် စုန့်ချင်းရှုသည် အလွန်ပင်အံအားသင့်သွားသည်။ "ငါက မြေခွေးပျံမဟုတ်ဘူး၊ ငါကသူ့ညီပဲ။ အဲ့ဒီတုန်းက သူဘေးအန္တရာယ်ကျရောက်တော့မယ်ဆိုတာသိလို့ လီကျစ်ချန်ကို သူ့အစားကာကွယ်ပေးဖို့ ငါ့ကိုပြောခဲ့တယ်။ ငါလည်းသဘောတူခဲ့တယ်။ မူလကတော့ အားလုံးအဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ လီကျစ်ချန်က ချန်သခင်မလေးနဲ့ပြန်တွေ့ပြီးနောက်မှာ အားလုံးပြောင်းလဲသွားတယ်။ မင်းပြောသလိုပဲ သူကညတိုင်း ချန်သခင်မလေးရဲ့အိပ်ခန်းကို ဝင်ရောက်ပြီး သူမနဲ့...ပျော်ပါးခဲ့တယ်။ အတိုချုပ်ပြောရရင် အထဲကထွက်လာတဲ့အသံတွေက ငါ့အတွက် အလွန်ကြီးမားတဲ့ညှဉ်းပန်းမှုတစ်ခုပဲ။ ငါတစ်နှစ်လောက်သည်းခံခဲ့ပြီး နောက်ဆုံးမှာ သည်းမခံနိုင်တော့တဲ့အခါ လပြည့်ညတစ်ညမှာ သူ့ကိုသတ်လိုက်တယ်။ ချန်သခင်မလေးက သူနောက်ထပ်မလာတော့တာတွေ့တော့ လီကျစ်ချန်က သူ့ကိုထပ်ပြီးစွန့်ပစ်သွားပြီလို့ထင်ပြီး နောက်ဆုံးမှာစိတ်တည်ငြိမ်သွားတယ်။ နေ့တိုင်း သက်သတ်လွတ်စား၊ ကျမ်းစာတွေဖတ်ပြီး တည်ငြိမ်အေးချမ်းစွာနေနိုင်ခဲ့တယ်။ ငါလည်း သူမကို တိတ်တဆိတ်ဆက်လက်စောင့်ရှောက်နိုင်ခဲ့တယ်"
ဟူယိကျီသည် ပြောရင်းဖြင့် နှုတ်ခမ်းထောင့်တွင် ကျေနပ်သောအပြုံးတစ်ခုပေါ်လာသည်။