လသည် မှောင်မိုက်ပြီး လေပြင်းများ တိုက်ခတ်နေသည်။ ၎င်းသည် လူသတ်ခြင်း၊ မီးရှို့ခြင်းနှင့် လှပသောအမျိုးသမီးများကို ခိုးယူခြင်းအတွက် ကောင်းသောရာသီဥတု ဖြစ်သည်။
စုန့်ချင်းရှုသည် တောင်ကုန်းတစ်ခုပေါ်တွင် အနက်ရောင် ဝတ်စုံဖြင့် ရပ်နေသည်။ ညဥ့်၏အေးစက်သောလေကို အမှု့မထားပဲ ဝေးကွာသော တောင်ကြားရှိ ဆန်းရှန့် ဘုရားကျောင်းကို အာရုံစိုက်ပြီး ကြည့်နေသည်။
အတွင်းမှလူများ အိပ်မောကျသွားပြီဟုခန့်မှန်းပြီးနောက် စုန့်ချင်းရှုသည် ခုန်ပျံလိုက်ရာ သူ၏ကိုယ်သည် လေနှင့်အတူလွင့်ပါသွားသည်။ အားကုန်ခါနီးတွင် သစ်ရွက်ပေါ်သို့ ညင်သာစွာနင်းလိုက်သည်နှင့် သူ၏ကိုယ်သည် နောက်ထပ်ပေပေါင်းများစွာ ရှေ့သို့ခုန်ထွက်သွားနိုင်သည်။
သူသည် တိတ်ဆိတ်စွာ ဆန်းရှန့်ဘုရားကျောင်းထဲသို့ လှစ်ခနဲဝင်သွားပြီးနောက် လာခဲ့သောခရီးကို နောက်ပြန်လှည့်ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည် "ခြေရာမဲ့သဲပြင်ပေါ်လျောက်လှမ်းခြင်းသိုင်းက တကယ်ပဲ ဒီခေတ်ရဲ့အကောင်းဆုံး ကိုယ်ဖော့ပညာလို့ ဆိုထိုက်တယ်"
ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်ရာ မည်သူမျှ သတိမထားမိသည်ကိုတွေ့လျှင် စုန့်ချင်းရှုသည် ကျေနပ်သောအပြုံးတစ်ချက်ပြုံးလိုက်ပြီး သူ၏ကိုယ်ကိုဆက်လက်ဖုံးကွယ်ကာ ချန်ယွမ်ယွမ်၏အခန်းဆီသို့ တိတ်တဆိတ်လျှောက်သွားသည်။
"ရှေးခေတ်ကလူတွေရဲ့ ဒီလိုပြတင်းပေါက်တွေက သူခိုးလည်းမကာနိုင်၊ ချောင်းကြည့်တာလည်းမကာနိုင်ဘူး။ ဘာအသုံးဝင်လို့လုပ်ထားမှန်းကိုနားမလည်ဘူး"
စုန့်ချင်းရှုသည် ရှေ့မှစက္ကူကပ်ထားသောပြတင်းပေါက်ကိုကြည့်ရင်း စကားမပြောနိုင်လောက်အောင်ဖြစ်သွားသည်။ သူသည် တီဗီဇာတ်လမ်းများထဲမှ နည်းလမ်းအတိုင်း တံတွေးအနည်းငယ်ဆွတ်ကာ ညင်သာစွာထိုးလိုက်သည်နှင့် ပြတင်းပေါက်စက္ကူသည် အသံမထွက်ဘဲပေါက်သွားပြီး မျက်လုံးကိုကပ်ကာ အတွင်းသို့ကြည့်လိုက်သည်။
အခန်းထဲတွင် မှောင်မိုက်နေပြီး ခုတင်ပေါ်တွင် လူနှစ်ယောက်လဲလျောင်းနေသည်ကို မသဲမကွဲမြင်ရသောအခါ စုန့်ချင်းရှုသည် ချက်ချင်းစိတ်ပျက်သွားသည်။ "ဒါက ချန်ယွမ်ယွမ်နဲ့ လင်ငယ်ချစ်သူများလား။ ဒီမိန်းမက သနားစရာကောင်းပေမဲ့ သူကိုယ်တိုင်လည်း သန့်ရှင်းစင်ကြယ်တဲ့အမျိုးသမီးတစ်ယောက်မဟုတ်ဘူး။ များအားဖြင့်တော့ ဒါက ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပြန်ခံစားတာပဲ"
စိတ်ပျက်သော်လည်း သူသည် ဤခရီးစဉ်၏ရည်ရွယ်ချက်ကို မမေ့သေးပေ။ စုန့်ချင်းရှုသည် ပြတင်းပေါက်ကိုဖွင့်ကာ ညင်သာစွာခုန်ဝင်လိုက်သည်။ မြေပြင်ပေါ်သို့ကျကျချင်းမှာပင် ခုတင်ပေါ်မှလူတစ်ဦးက တစ်စုံတစ်ခုကိုခံစားမိသကဲ့သို့ လှည့်လာသည်ကိုမြင်လျှင် စုန့်ချင်းရှု၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ခြေထောက်ကိုအားကုန်သုံးကာ ကန်လိုက်သည်နှင့် သူ၏ကိုယ်သည် မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။ လျှပ်စီးလက်သလို လျင်မြန်စွာဖြင့် ခုတင်ပေါ်မှလူနှစ်ဦး၏ အိပ်မွေ့ချသွေးကြောများကို ပိတ်လိုက်သည်။ ထို့နောက်မှ သူသည် တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။
လက်ချောင်းထိပ်မှ နူးညံ့သောအထိအတွေ့ကြောင့် စုန့်ချင်းရှုသည် ကြောင်သွားပြီး မှိန်ဖျော့သောလရောင်အောက်တွင် ခေါင်းငုံ့ကြည့်လိုက်သည်။
သစ်သားကုတင်ပေါ်၊ ပန်းထိုးထားသော လိုက်ကာများအောက်တွင် မိန်းမပျိုလေးတစ်ဦး၏ကိုယ်ပေါ်မှစောင်သည် တစ်ဝက်ခန့်လျှောကျနေပြီး လရောင်ကဲ့သို့ဖြူသော ပိုးသားရင်သိုင်းကြိုးကို ဖော်ပြနေသည်။ ရှည်လျားနက်မှောင်သော ဆံပင်ရှည်များက ရေစီးကဲ့သို့ ညင်သာစွာ ပြန့်ကျဲနေပြီး နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို ပေါ်လွင်စေသည်။ အိပ်မောကျနေစဉ် ရှည်လျားသောမျက်တောင်များသည် အသက်ရှူတိုင်းတွင် အနည်းငယ်တုန်ခါနေသည်။ ထိုလှပသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ စုန့်ချင်းရှုသည် ရုတ်တရက် သဘောပေါက်လိုက်သည်၊ “နောက်တစ်ယောက်က အားခဲပါလား”
စောင်၏အစွန်းတစ်ဖက်ကိုကိုင်ကာ စုန့်ချင်းရှုသည် သူမကိုညင်သာစွာခြုံပေးရင်း တိုးတိုးလေးရေရွတ်နေသည် "အပြစ်လုပ်မိပြီ၊ အပြစ်လုပ်မိပြီ၊ ငါက 'အခန်းလေးဆယ့်နှစ်ခန်းကျမ်း' အတွက်ပဲလာတာပါ။ မင်းကိုတမင်တကာ အခွင့်အရေးယူဖို့ မဟုတ်ပါဘူး။ အခုရာသီဥတုက တဖြည်းဖြည်းအေးလာပြီ။ မင်းကိုစောင်ခြုံပေးပြီး အအေးမမိအောင် လုပ်ပေးတာက ဒီတစ်ခါ ငါ့ရဲ့ ရိုင်းပြမှု့အတွက် တောင်းပန်တယ်လို့သဘောထားလိုက်ပါ"
ခြုံပေးပြီးနောက် စုန့်ချင်းရှုသည် 'လေးဆယ်နှစ်ခန်းကျမ်း' ကို ဘယ်မှာထားသည်ကိုရှာဖွေရန် ခေါင်းလှည့်လိုက်စဉ်မှာပင် "အိုး....မေမေ" ဟုအော်လိုက်မိသည်။ မျက်စိရှေ့မှအလှတရားသည် စုန့်ချင်းရှုကို နှာခေါင်းသွေးပင် ထွက်လုမတတ်ဖြစ်သွားစေသည်။
ချန်ယွမ်ယွမ်၏ လှပသော ကိုယ်နေဟန်ထားသည် လှပစွာ လဲလျောင်းနေသည်ကို ပိုးသားဝတ်ရုံအောက်တွင် မထင်မရှားမြင်နေရသည်။ နှင်းကဲ့သို့ဖြူဖွေးသောရင်သားအစုံသည် မို့မောက်နေပြီး ပိုးသားဝတ်ရုံကပင် သူတို့၏မြင့်မားမှုကို မဖုံးကွယ်နိုင်ပေ။ မျက်ခုံးများသည် လခြမ်းကွေးကဲ့သို့၊ မိုးမခရွက်ကဲ့သို့ကွေးညွတ်နေပြီး တည်ငြိမ်သောအမူအရာဖြင့် လဲလျောင်းနေသည်။ နှုတ်ခမ်းများသည် နှုတ်ခမ်းနီးမဆိုးပဲ ဘဲနီရဲနေပြီး မိုးမခပင်ကဲ့သို့သောမျက်ခုံးများသည် ရေးဆွဲမထားဘဲ မည်းနက်နေသည်။ ယောက်ျားတစ်ယောက်ကို အရှုးအမူးစွဲလန်းစေကာ အရာရာကို စွန့်လွှတ်စေနိုင်သော အလှတရားမျိုးပင်။
"မင်းမှာ ကျွမ်းကျင်တဲ့လက်နဲ့ ပုံဖော်ထုဆစ်ထားသလို လှပတဲ့ ကျောက်စိမ်းဖြူအလှမယ်တစ်ဦးရှိနေတယ် ကြားလို့ စိတ်ထဲမှာ အလွန်တောင့်တမိပါတယ်။ ယနေ့ညသန်းခေါင်ယံ လရောင်အောက်မှာ လာရောက်ယူဆောင်ပါမယ့်"
အကြောင်းရင်းမသိ၊ စုန့်ချင်းရှု၏ဦးနှောက်ထဲတွင် သူခိုးသူကြီးချူလျှိုရှန်း၏ ပွဲဦးထွက်စကားများ ရုတ်တရက်ပေါ်လာသည်။
"အေး... ငါက မိန်းမလှလေးတွေကို နှစ်သက်ပေမဲ့ ယုတ်မာတဲ့သူခိုးတော့ မလုပ်ချင်ဘူး"
စုန့်ချင်းရှု စာအုပ်ကို ရှာဖွေရန် သူ၏ ဆန္ဒများကို အလွန်အမင်း ထိန်းချုပ်ထားသည်။ နောက်ဆုံးတွင် အခန်းလေးဆယ်နှစ်ခန်းကျမ်းသည် ချန်ယွမ်ယွမ်၏ ခေါင်းအုံးအောက်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
စုန့်ချင်းရှုသည် သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး အိပ်ရာဘေးတွင် ထိုင်လိုက်သည်။ သူသည် ချန်ယွမ်ယွမ်၏ နောက်ကျောကို လှမ်းဖက်ပြီး သူမကို ညင်သာစွာ ထူမတ်ပေးလိုက်သည်။ သူမ၏ခန္ဓာကိုယ်ကို သူ၏ရင်ခွင်တွင် မှီခိုစေလိုက်ပြီး သူ၏နောက်လက်ဖြင့် ခေါင်းအုံးအောက်မှ ကျမ်းစာကို ထုတ်ယူကာ သူ၏စာအုပ်အတုကို ပြန်အစားထိုးလိုက်သည်။
ချန်ယွမ်ယွမ်ကို ပြန်ချရန်ကြံရွယ်စဉ် နှာခေါင်းဝသို့ သူမ၏ကိုယ်ပေါ်မှ ကတိုးရနံ့လား တခြားရနံတစ်ခုခုလား မသဲကွဲသော သင်းပျံ့သောရနံ့တစ်ခုရလိုက်သည်။ ရင်ခွင်ထဲမှအလှမယ်သည် အရိုးမရှိသကဲ့သို့ နူးညံ့နေသည်ကိုခံစားရပြီး သူမကိုပြန်ချဖို့ပင် ဝန်လေးနေသည်။
"ယုတ်မာတဲ့သူခိုး၊ ထွက်လာပြီးအသေခံစမ်း"
ပြတင်းပေါက်အပြင်ဘက်မှ ဒေါသတကြီးအော်ဟစ်သော ယောက်ျားတစ်ယောက်၏အသံကြောင့် စုန့်ချင်းရှုသည် ထိတ်လန့်သွားပြီး 'လေးဆယ့်နှစ်ခန်းကျမ်း' ကို ရင်ဘတ်ထဲသို့အလျင်အမြန်ထည့်ကာ ချန်ယွမ်ယွမ်ကို ခုတင်ပေါ်သို့ နှမြောတသစွာဖြင့်ပြန်ချပြီး ပြတင်းပေါက်အပြင်ဘက်သို့ ခုန်ထွက်ကာ ခြံဝင်းထဲမှလူကို သတိကြီးစွာဖြင့်ကြည့်လိုက်သည်။
ထိုလူသည် အသက်ငါးဆယ်၊ ခြောက်ဆယ်ခန့်အရွယ်ရှိပြီး ချည်ထည်ကြမ်းအဝတ်အစားများဝတ်ဆင်ထားသည်။ ခေါင်းတွင်အဖြူရောင်ပိတ်စစည်းထားပြီး ခါးတွင်အပြာရောင်ပိတ်စ ပတ်ထားကာ ခြေတွင်ကောက်ရိုးဖိနပ်စီးထားသည်။ သူ၏ မျက်နှာတွင် ပူပန်မှုများ ပေါ်နေပြီး မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့ထားသည်။ အမှန်ပင် ကျေးလက်ဒေသက လယ်သမားတစ်ဦးနှင့် တူသည်။ သို့သော် စုန့်ချင်းရှုသည် သူ့ကိုအထင်မသေးရဲပေ။ ခုနကသူ၏အော်သံကိုကြားရုံဖြင့် အားအပြည့်ပါနေပြီး သိုင်းပညာရှင်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။
"မင်း ဘယ်သူလဲ။ စန်းရှန့်ဘုရားကျောင်းလိုနေရာလေးမှာ ဒီလိုသိုင်းပညာရှင်တစ်ယောက် ပုန်းအောင်းနေလိမ့်မယ်လို့ မထင်ထားဘူး"
စုန့်ချင်းရှုသည် အာရုံစူးစိုက်ကာ သူ၏ခန္ဓာကိုယ်မှ အတွင်းအားများကို စုစည်းထားသည်။ စိတ်ထဲတွင်ရုတ်တရက်သဘောပေါက်သွားသည်မှာ ဝူဆန်ကွေးသည် ဤမျှလှပသောဇနီးကို လူသူကင်းမဲ့သောနေရာတွင်ထားခဲ့ရာ ကာကွယ်ရန်လူတစ်ယောက်တော့ စေလွှတ်ထားမည်သာဖြစ်သည်။
"ငါ့နာမည်ကို မေ့သွားတာကြာပြီ။ မှတ်မိရင်တောင် မင်းလိုအောက်တန်းကျတဲ့ယုတ်မာတဲ့သူခိုးကို ပြောပြမှာမဟုတ်ဘူး"
လယ်သမားက စုန့်ချင်းရှုကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
"မိန်းမလှလေးတစ်ယောက်က 'ယုတ်မာတဲ့သူခိုး' လို့ခေါ်တာကို ကျွန်တော်တော်တော်လက်ခံပေမဲ့ ခင်ဗျားလိုညစ်ပတ်တဲ့အဘိုးကြီးက 'ယုတ်မာတဲ့သူခိုး' လို့ခေါ်တာကတော့ တမျိုးကြီးပဲ။ ကျွန်တော်တို့ခေတ်ကလူတွေကြားရင် ခင်ဗျားရဲ့ဖင်ကို ကျွန်တော်ဘာလုပ်ခဲ့လဲလို့ ထင်သွားနိုင်တယ်"
စုန့်ချင်းရှုသည် ပြောရင်းဆိုရင်း ပို၍ရွံရှာလာပြီး “ဖွီးဖွီးဖွီး” ဟု သုံးကြိမ်တိုင်တိုင် တံတွေးထွေးလိုက်သည်။
လယ်သမားသည် မျက်နှာတွင်သံသယများပြည့်နှက်နေသည်။ သူသည် ဥယာဉ်ထဲတွင် ပန်းအနည်းငယ်စိုက်ထားသော်လည်း ဘာမှမဖြစ်သည်မှာ သေချာသည်။ ပန်းပင်အနည်းငယ်ဖျက်ဆီးသွားလျှင်လည်း ကိစ္စကြီးမဟုတ်ပေ... ရုတ်တရက် သူသည် ခုနကအခန်းထဲတွင် တစ်ဖက်လူက သူ့စိတ်ထဲမှ မဖျောက်ဖျက်နိုင်သော ပုဂ္ဂိုလ်ကို ဘာများလုပ်ခဲ့တာလဲဟု တွေးလိုက်မိသောအခါ ဒေါသတကြီးဖြင့် “သူခိုးလေး၊ မင်းအဖိုးက ဓားမကိုင်တာ ဆယ်စုနှစ်ချီ ရှိနေပြီ။ ဒီနေ့တော့ ကောင်းကင်ဘုံရဲ့ လမ်းမှန်ကို ပြသဖို့အတွက် တစ်ကြိမ်တည်းပဲ ချိုးဖောက်လိုက်မယ်”
အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ပြင်းထန်ပြီး ရက်စက်သော ဓားချက်တစ်ခု ပြေးလာသည်။ စုန့်ချင်းရှုသည် သူ၏အထောက်အထားကိုမဖော်ပြလိုသောကြောင့် သစ်သားဓားကို ယူမလာခဲ့ပေ။ အေးစက်သောဓားငွေ့များ တိုးဝင်လာသည်ကိုခံစားရသောအခါ လက်ဗလာဖြင့် မခုခံရဲပဲ ဘေးနားမှသစ်ကိုင်းငယ်တစ်ကိုင်းကို ချိုးယူကာ ဓားချီကိုစုစည်း၍ သစ်ကိုင်းကိုဓားအဖြစ်အသုံးပြုကာ တစ်ကွက်ချင်းတုံ့ပြန်လိုက်သည်။ သူတို့နှစ်ဦး၏ဓားသိုင်းသည် တစ်ခါတစ်ရံမြန်ဆန်ပြီး တစ်ခါတစ်ရံနှေးကွေးသည်။ တစ်ခါတစ်ရံတွင် ပုတီးစေ့များကဲ့သို့ အကြိမ်ပေါင်းများစွာထိခတ်ပြီး တစ်ခါတစ်ရံတွင် လှည့်ပတ်ကာ တစ်ကွက်မျှမထိတွေ့ကြပေ။
သိုင်းကွက်ဆယ်ကွက်ကျော် တိုက်ခိုက်ပြီးနောက် သူတို့နှစ်ဦးခွဲခွာသွားကြသည်။ လယ်သမားက စုန့်ချင်းရှုကို ထိတ်လန့်စွာကြည့်ရင်း။ " ဒဏ္ဍာရီလာ မြက်ပင်၊ သစ်သား၊ ဝါး၊ ကျောက်တုံးအားလုံးကို ဓားအဖြစ်အသုံးပြုနိုင်တယ်ဆိုတဲ့... အတိုင်း မင်းရဲ့ဓားသိုင်းက အလွန်အမင်းကျွမ်းကျင်လှပါတယ်။ ဒါကို ဘာလို့အောက်တန်းကျပြီး သိုင်းလောကမှာအရှက်ရစရာဖြစ်တဲ့ ယုတ်မာတဲ့သူခိုးဖြစ်နေရတာလဲ"
စုန့်ချင်းရှု၏စိတ်ထဲမှထိတ်လန့်မှု့သည် လယ်သမားထက်မလျော့ပေ။ "ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်သိပြီ။ ခင်ဗျားက အောင်ပွဲတစ်ရာဓားဘုရင် ဟူယိကျီပဲ။ ဒါပေမဲ့ ခင်ဗျားက ဘာလို့ ဟူမျိုးနွယ်ဓားသိုင်းကို သုံးနေတာလဲ"
အောင်ပွဲတစ်ရာဓားဘုရင် ဟူယိကျီကို "ခန့်ညားဆုံးဓားဘုရင်" ဟူသော အမည်ပြောင်ဖြင့် လူသိများသည်။ အတိတ်ကာလက သိုင်းလောကတွင် အချောဆုံးယောက်ျားဟု သတင်းကြီးခဲ့သည်။ သို့သော် တစ်ကြိမ်တွင် ချန်ဒူးမြို့၌ ချန်ယွမ်ယွမ်ကို မထင်မှတ်ဘဲမြင်လိုက်ရပြီးနောက် အလွန်အမင်းစွဲလန်းသွားပြီး မိမိကိုယ်ကိုမထိန်းနိုင်ဖြစ်သွားခဲ့သည်။ ချန်ယွမ်ယွမ်သည် နယ်စားအိမ်တော်တွင်ရှိစဉ် သူသည် ဥယျာဉ်မှူးအဖြစ် အယောင်ဆောင်ကာ သူမအတွက် ပန်းစိုက်ပေးခဲ့သည်။ ချန်ယွမ်ယွမ်သည် ဆန်းရှန့်ဘုရားကျောင်းသို့သွားသောအခါ ဟူယိကျီသည် စားဖိုမှူးအဖြစ် လိုက်ပါသွားခဲ့သည်။
ထူးဆန်းသည်မှာ ဟူယိကျီသည် သိုင်းပညာ ထူးချွန်ပြီး ချန်ယွမ်ယွမ်သည် သူ့လက်ထဲတွင် လွယ်ကူစွာ ရနိုင်သော်လည်း သူသည် ဘယ်တော့မှ မရိုးသားသော အတွေးများ မရှိခဲ့ပေ။ မနက်ခင်းနှင့် ညနေခင်းတွင် သူမကို သူမကိုတိတ်တဆိတ်မြင်ရုံဖြင့် ကျေနပ်နေခဲ့သည်... ဤနှစ်နှစ်ဆယ်ကျော်အတွင်း ချန်ယွမ်ယွမ်နှင့် စကား ၃၉ ခွန်းသာပြောခဲ့ပြီး ချန်ယွမ်ယွမ်က သူ့ကိုပြောခဲ့သော စကား ၅၅ ခွန်းကိုလည်း သူသည် ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။ သူသည် ကျင်းယုံ၏ ရွှေစာအုပ်ထဲတွင် အချစ်ကြီးဆုံးသောသူဟု ဆိုနိုင်သည်။