“မင်းသမီးကို တကယ်ပဲ စွန့်လွှတ်ရမှာလား”
မည်သို့ပင်ဆိုစေကာမူ မိမိနှင့် ခန္ဓာကိုယ်ခြင်း ပတ်သက်မှုရှိခဲ့သဖြင့် ဝေရှောင်ပေါင်သည် ကျန်းနင်အား တခြားယောက်ျားများ ထိတွေ့ခြင်းကို မလိုလားဘဲ သတိလက်လွတ်ဖြင့် တုံ့ဆိုင်းနေသည်။
"ကျန်းနင်မင်းသမီးက အခုဆို အပျိုမဟုတ်တော့ဘူး။ ဖူခန်းအန်ကို မအောင်မြင်စေဘဲ ဒီပြဿနာကို သူ့ကို မခံခိုင်းဘူးဆိုရင် မင်းက ဝူဆန်ကွေး သားအဖကို ဘယ်လိုရှင်းပြမလဲ"
စုန့်ချင်းရှု၏စကားသည် ဝေရှောင်ပေါင်၏ စိတ်ကူးယဉ်အိပ်မက်များကို တစ်ခါတည်းရိုက်ချိုးလိုက်သည်။
"မင်း မင်းသမီးကို မစွန့်လွှတ်ချင်လည်းရတယ်။ ရှက်ပြီး ဒေါသထွက်နေတဲ့ ဝူဆန်ကွေးက မင်းကို အစိတ်စိတ်အမွှာမွှာခုတ်သတ်တာကိုပဲ စောင့်နေလိုက်ပေါ့"
ယောက်ျားတို့၏ ပိုင်ဆိုင်လိုစိတ်က ဝေရှောင်ပေါင်ကို နောက်ဆုံး ကြိုးစားစေခဲ့သည်။ "ကျွန်တော်တို့က အထင်အမြင်လွဲအောင် ဖန်တီးလိုက်ရုံပဲလေ။ ကျန်းနင်ကို အဲ့ဒီဖူခန်းအန်က တကယ်အနိုင်ကျင့်တာမျိုး မဖြစ်စေဘဲနဲ့ပေါ့"
"ငါလည်း ဒီနည်းလမ်းကို စဉ်းစားမိပါတယ်"
စုန့်ချင်းရှုက မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းစွာဖြင့် ပြောသည်။
"ဒါပေမဲ့ ဝူဆန်ကွေးနဲ့ မင်းသားပေါင်တို့ဘက်က ဆက်ဆံရေးက ထင်ထားတာထက် ပိုပြီးနီးကပ်နေတယ်။ တကယ်လို့ ကိစ္စပြီးသွားတဲ့အခါ ဖူခန်းအန်က ဝူဆန်ကွေးကို အမှန်အတိုင်းပြောပြလိုက်ရင် ငါတို့ကတော့ ဒုက္ခရောက်ပြီပဲ"
ဝေရှောင်ပေါင်မှာလည်း ဉာဏ်ကောင်းသူဖြစ်ရာ ချက်ချင်းသဘောပေါက်သွားသည်။ ဖူခန်းအန်က ဝူဆန်ကွေး သားအဖအပေါ် တကယ်တောင်းပန်လို့မရတဲ့ကိစ္စမျိုးလုပ်မိမှသာ သူတို့ရှင်းပြလို့မရတော့မည်ဖြစ်သည်။ သို့မဟုတ်ပါက သူနှင့်စုန့်ချင်းရှုတို့ မည်မျှပင်အကွက်ချစီစဉ်သည်ဖြစ်စေ အလကားဖြစ်သွားမည်ဖြစ်သည်။
"ဝေညီလေး၊ မင်းအတွက် ဒါက ဆုံးဖြတ်ရခက်တဲ့ကိစ္စဆိုတာ ငါသိပါတယ်။ နောက်ဆုံးမှာ ဘယ်လိုလုပ်မလဲဆိုတာ မင်းဘာသာပဲ ဆုံးဖြတ်ပါ။ မင်း နောက်ဆုံးမှာ ဝူဆန်ကွေးနဲ့ ရန်သူဖြစ်ဖို့ရွေးချယ်ရင်တောင် ငါမင်းနဲ့အတူ မင်းဘက်ကရှိနေမယ်"
စုန့်ချင်းရှုက ဝေရှောင်ပေါင်၏ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။
ဝေရှောင်ပေါင်သည် စုန့်ချင်းရှုက သူ့အတွက် ဤမျှစဉ်းစားပေးသည်ကိုသိ၍ မျက်ရည်ပင်ကျလုမတတ် ဖြစ်သွားသည်။ မျက်နှာပေါ်တွင် စိတ်ခံစားမှုများ အမျိုးမျိုး ပြောင်းလဲနေပြီး စိတ်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲနေသည်။
ရုတ်တရက် ဝေရှောင်ပေါင်သည် မြို့တော်တွင် ရှောင်အာက သူ့ကိုအိမ်ပြန်လာရန် စောင့်မျှော်နေသည်ကို သတိရလိုက်သည်။ သူ၏အသက်သည် ထိုစိတ်မမှန်သောမင်းသမီး၏အပျိုစင်ဘဝထက် ပိုအရေးကြီးသည်မှာ သေချာသည်။ ထို့အပြင် ကျန်းနင်သည် ဝူယင်ရှုံ၏ဇနီးဖြစ်လာမည်ဖြစ်ရာ သူ၏ခေါင်းပေါ်သို့တော့ အစိမ်းရောင်ဦးထုပ်ရောက်လာမည်မဟုတ်ပေ...
"ဒါပေမဲ့ မင်းသမီးကို လက်ခံလာအောင်လုပ်ဖို့က အဲ့လောက်မလွယ်ဘူး"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဝေရှောင်ပေါင်က စုန့်ချင်းရှုကို ခေါင်းမော့ကြည့်လိုက်သည်။
သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးဖြစ်မှန်း သိသောအခါ စုန့်ချင်းရှုက ခပ်ရေးရေးပြုံးလိုက်သည်။
"ဒါကြောင့် မင်းသမီးကို အမှန်တရားကို သိခွင့်မပေးရဘူး။ မင်း သူ့ကို ဒီလိုဒီလိုလိမ်ပြောလိုက်..."
စုန့်ချင်းရှုက ဝေရှောင်ပေါင်ကိုဆွဲကာ သူ၏နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။
ဝေရှောင်ပေါင်သည် နားထောင်ပြီးနောက် အထင်ကြီးမှုနှင့် ကြောက်ရွံ့မှုနှစ်မျိုးစလုံး သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ စိတ်ထဲတွင် တွေးနေသည်မှာ 'ဒီမျက်နှာဖြူလေးရဲ့ နှလုံးသားက ဒီလောက်တောင် ရက်စက်လိမ့်မယ်လို့ မထင်ထားဘူး။ ငါနောက်ဆိုရင် သတိထားမှဖြစ်မယ်။ မဟုတ်ရင် ဘယ်အချိန် သူငါ့ကိုရောင်းစားသွားမလဲတောင် သိမှာမဟုတ်ဘူး' ဟူ၍ဖြစ်သည်။
ဝေရှောင်ပေါင်၏ ကြောက်ရွံ့နေသောမျက်နှာအမူအရာကို သတိပြုမိသော်လည်း စုန့်ချင်းရှုက မမြင်ချင်ယောင်ဆောင်ကာ အသေးစိတ်အချက်အလက်များကို သူနှင့်ဆက်လက်ဆွေးနွေးနေသည်။
ဝေရှောင်ပေါင်က အစီအစဉ်အတိုင်းလုပ်ဆောင်ရန် အစောင့်များကို ဖယ်ထုတ်ပြီး မင်းသမီး၏အခန်းထဲသို့ ခိုးဝင်သွားစဉ် ခေါင်းအုံးတစ်လုံးသည် သူ့မျက်နှာပေါ်သို့ ထိမှန်သွားသည်။
"သေနာကောင်၊ လူယုတ်မာ၊ ရှင်မလာတော့ဘူးတောင် ထင်နေတာ"
ကျန်းနင်က ပစ္စည်းများကိုပစ်ပေါက်ရင်း ငိုယိုကာပြောသည်။
ဤအချိန်အတောအတွင်း ဝေရှောင်ပေါင်နှင့် စုန့်ချင်းရှုတို့သည် ဝူဆန်ကွေးကို ရင်ဆိုင်နေရသဖြင့် မင်းသမီးကို အန်းဖုဥယာဉ်တွင် ပစ်ထားခဲ့ကြသည်။ ကျန်းနင်သည် တစ်ဖက်တွင် အလွန်ဒေါသထွက်နေပြီး တစ်ဖက်တွင်လည်း လက်ထပ်ရက်နီးကပ်လာသဖြင့် စိတ်ထဲတွင် ထိတ်လန့်စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"ငြိမ်ငြိမ်ထိုင်စမ်း"
ဝေရှောင်ပေါင်က စိတ်မရှည်နိုင်တော့ဘဲ ပါးတစ်ချက် တည့်တည့်ရိုက်ချလိုက်သည်။
ကျန်းနင်သည် သူမ၏ မျက်နှာကို လက်ဖြင့် အုပ်ကိုင်ထားသည်။ မဒေါသထွက်ဘဲ ဝေရှောင်ပေါင်၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲကိုင်ရင်း “ကွေ့သခင်လေး၊ စိတ်မဆိုးပါနဲ့ရှင်။ ကျွန်မက ရှင် ကျွန်မကို မေ့သွားမှာ စိုးရိမ်လို့ပါ။ ဝူယင်ရှုံဆိုတဲ့ လိပ်သားလေးက ကျွန်မကို လက်ထပ်ဖို့တော့မှာ၊ ရှင် နည်းလမ်းရှာတွေ့ပြီလား” ဟု နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
ဝေရှောင်ပေါင်၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသဖြင့် ယခုလို နူးညံ့သိမ်မွေ့သော ပုံစံကို မြင်သောအခါ ဝမ်းဗိုက်ထဲမှ ပူနွေးသောအငွေ့တစ်ခု တဟုန်ထိုးတက်လာပြီး “မင်း ဘာလို့ ဒီလောက် နိမ့်ကျရတာလဲ” ဟု ပြောလိုက်သည်။
“ကျွန်မက နိမ့်ကျတဲ့ကျွန်တစ်ယောက်ပါ။ ကွေ့သခင်လေး ကြိုက်သလို ကျွန်မကို ဖျက်ဆီးပါတော့” ဝေရှောင်ပေါင်၏ ရင်းနှီးသော အကြည့်များကို သတိပြုမိသဖြင့် ကျန်းနင်သည် သူမ၏ နီရဲသောနှုတ်ခမ်းကို ကိုက်ရင်း ဆွဲဆောင်မှု့ရှိစွာ ပြောလိုက်သည်။
ဝေရှောင်ပေါင်သည် မထိန်းချုပ်နိုင်တော့ဘဲ တစ်ချက်တည်းနှင့် သူမအပေါ်သို့ ခုန်အုပ်လိုက်သည်။
မိုးသားများကင်းစင်သွားပြီးနောက် ဝေရှောင်ပေါင်သည် သူ့ရင်ခွင်ထဲမှ ချွေးနံ့သင်းနေသော အမျိုးသမီးကို ကြည့်ရင်း စိတ်ထဲတွင် အမှန်ပင် နှမြောမိသည်။ "ကျန်းနင်က တကယ့်ကို အမိုက်စားပဲ၊ ရိုက်လေ ထန်လေ၊ ဆဲလေ ယွလေပဲ။ လိပ်သားလေး ဖူခန်းအန်ကို ဒီလိုပဲပေးလိုက်ရမယ်ဆိုတာ တွေးမိတော့ တကယ်ပဲ နှမြောမိတယ်"
ဝေရှောင်ပေါင် အတွေးလွန်နေသည်ကိုမြင်သောအခါ ကျန်းနင်က သူ့ရင်ဘတ်ပေါ်တွင် လက်ချောင်းလေးများဖြင့် စက်ဝိုင်းဆွဲရင်း "ကွေ့ပေလော့၊ ဟိုလိပ်ဥ ဝူယင်ရှုံကို ဘယ်လိုသတ်ရမလဲလို့ စဉ်းစားနေတာလားဟင်" ဟု ချွဲနွဲ့စွာမေးလိုက်သည်။
သာမန်အချိန်သာဆိုလျှင် သူမ၏ ဤသို့မေးမြန်းမှုကို ဝေရှောင်ပေါင်သည် ဒေါသထွက်ပြီး အပြင်းအထန်ဆဲဆိုမိမည်မှာ သေချာသည်။ ယခုမူ အပြစ်ရှိသလိုခံစားနေရသောကြောင့် မျက်နှာချိုသွေးကာ "ဟုတ်တယ်" ဟု ပြန်ဖြေလိုက်သည်။
"တကယ်လား" ကျန်းနင်သည် ချက်ချင်းထထိုင်လိုက်ပြီး အံ့ဩဝမ်းသာစွာဖြင့် သူ့ကိုကြည့်လိုက်သည်။
"မင်းက မိန်းမတစ်ယောက်ဖြစ်ပြီး ပေါ်ကုန်တော့မယ်၊ မကြောက်ဘူးလား" ဝေရှောင်ပေါင်က စောင်ကိုဆွဲယူပြီး ကျန်းနင်၏ကိုယ်ပေါ်တွင် လွှမ်းခြုံပေးလိုက်ရင်း သူမ၏ရင်သားကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ "တကယ်ပေါ့၊ ငါက အစောင့်တွေထဲကနေ သေရဲတဲ့သူတွေကို ရွေးထားပြီးပြီ။ ဝူယင်ရှုံကိုသတ်တာက ဧကရာဇ်ရဲ့အမိန့်တော်၊ ဝူဆန်ကွေးကို မျိုးဆက်ပြတ်စေပြီး ဧကရာဇ်ဖြစ်ချင်တဲ့စိတ်ကို ပျောက်ကွယ်သွားအောင်လို့ လိမ်ပြောထားတယ်။ သူတို့တစ်ယောက်မှ သံသယမဝင်ဘူး၊ ငါမြို့တော်ပြန်ရောက်ရင် သူတို့မိသားစုတွေကို စောင့်ရှောက်ပေးဖို့ပဲ မှာကြတယ်"
"ဒါဆို ဘာကိုစောင့်နေသေးလဲ၊ မြန်မြန်လုပ်ခိုင်းလိုက်လေ" ကျန်းနင်က စိုးရိမ်တကြီးတိုက်တွန်းလိုက်သည်။ သူမစိတ်ထဲတွင် အစေခံအနည်းငယ်၏ အသက်ကို လုံးဝဂရုမစိုက်ပေ။ သူမအတွက် ထိုအစေခံများအား စတေးရခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စဟုသာ မှတ်ယူထားသည်။
"ဒါပေမဲ့ အခုပြဿနာတစ်ခုရှိတယ်..." ဝေရှောင်ပေါင်သည် ကျန်းနင်က ထိုအစောင့်များ၏အသက်ကို လုံးဝအလေးမထားသည့်ပုံစံကိုမြင်သောအခါ စိတ်ထဲမှ ရွံရှာသွားသည်။ "ခွေးမသားတွေ၊ လူတိုင်းက အဖေအမေကမွေးလာတာပဲ၊ ဘာလို့ မင်းမျိုးမင်းနွယ်တွေရဲ့အသက်က ပိုပြီး မြင့်မြတ်ရမှာလဲ။ ပြီးတော့ နင့်အမေက မော်တုန်းကျူ၊ နင့်အဖေက ရှောက်ထိုထို၊ နင်က မျိုးမစစ်တစ်ယောက်ပဲ။ တကယ်တမ်း မျိုးရိုးဇာတိကို ပြောရရင် ချင်တော်ဝင်နန်းတွင်းကိုယ်ရံတော်တွေလောက်တောင် မြင့်မြတ်မှာမဟုတ်ဘူး" တွေးနေသည်။
"ဘာလဲ" ကျန်းနင်မင်းသမီးက အံ့ဩသွားသည်။
"မင်္ဂလာပွဲက နီးနေပြီ၊ အချိန်က အရမ်းကပ်လွန်းတယ်" ဝေရှောင်ပေါင်က အခက်တွေ့နေသည့်ပုံစံဖမ်းကာ "ပြီးတော့ ဝူဆန်ကွေးရဲ့နယ်မြေမှာ သူ့သားကိုသတ်လိုက်ရင် ဝူဆန်ကွေးဒေါသထွက်ပြီး ငါတို့ဒီ ရှန်ဟိုင်ကွမ်းကနေ အရှင်လတ်လတ်ထွက်သွားနိုင်မှာမဟုတ်ဘူး"
"ဟမ့်၊ ရှင်ကြောက်နေတာလား" ကျန်းနင်သည် ပုံမှန်အတိုင်း ရိုင်းစိုင်းကြမ်းတမ်းသော ပုံစံသို့ပြန်ပြောင်းသွားပြီး "သောက်သုံးမကျတဲ့ကောင်၊ ကျွန်မခန္ဓာကိုယ်ကို လှည့်စားရယူပြီးတော့ အခုမှလာပြီး ဆင်ခြေမပေးနဲ့။ ရှင်မလုပ်ရဲရင် ကျွန်မကိုယ်တိုင်လုပ်မယ်" ဟု ဆဲဆိုလိုက်သည်။
"ဒီကောင်က နင့်ခန္ဓာကိုယ်ကို ဘယ်တုန်းက လှည့်စားပြီးယူလို့လဲ။ နင်က တမင်လာပြီး မြှူဆွယ်တာမဟုတ်ဘူးလား" ဝေရှောင်ပေါင်၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်သွားသော်လည်း စိတ်ထဲမှ မကျေနပ်မှုကို မြိုသိပ်ကာ မျက်နှာအမူအရာပြောင်းလိုက်သည်။ "မဟုတ်ပါဘူး၊ မင်း အထင်လွဲနေပြီ။ ငါက အကောင်းဆုံးအစီအစဉ်ကို ရှာနေတာပါ။ ဝူယင်ရှုံကိုသတ်တာက မခက်ဘူး၊ အဓိကက ဝူဆန်ကွေးက ငါတို့ကို သံသယမဝင်အောင်လုပ်ဖို့ပဲ။ ဒါမှ ငါတို့နှစ်ယောက် နောင်တစ်ချိန်မှာ အတူတူနေနိုင်မှာ"
ကျန်းနင်သည် ထိုအခါမှ ဒေါသပြေကာ ဝမ်းသာသွားပြီး "ရှင့်မှာ နည်းလမ်းရှိလား" ဟု အလျင်အမြန်မေးလိုက်သည်။
“နည်းလမ်းတစ်ခုတော့ရှိတယ်၊ ဒါပေမဲ့ မင်းက ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိမှာကို စိုးရိမ်နေတာ" ဝေရှောင်ပေါင်က တမင်ပင် သူမကို စိန်ခေါ်သလိုကြည့်လိုက်သည်။
ကျန်းနင်သည် ထင်သည့်အတိုင်းပင် ဒေါသထွက်သွားသည်၊ "ကျွန်မ ကိုယ်တိုင်တောင် လုပ်တော့မယ့်ဟာ၊ ဘာကိုကြောက်ရမှာလဲ၊ ပြောစမ်းပါဦး"
ထိုအခါမှ ဝေရှောင်ပေါင်သည် စုန့်ချင်းရှုနှင့်တိုင်ပင်ထားသော အစီအစဉ်ကို တစ်ခုချင်းပြောပြတော့သည်။ "အခု ရှန်ဟိုင်ကွမ်းတစ်ခုလုံးမှာ အကောင်းဆုံး အပြစ်လွှဲချခံပေးမယ့်သူက မင်းသားပေါင်ရဲ့သားတော် ဖူခန်းအန်ပဲ။ အဲ့ဒီအချိန်ကျရင် မင်းက မင်းမျိုးမင်းနွယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုသုံးပြီး ဖူခန်းအန်ကိုခေါ်လိုက်၊ ပြီးတော့ သူ့ကိုမြှူဆွယ်လိုက်။ ငါတို့က ဝူယင်ရှုံကို အထဲဝင်လာအောင် စီစဉ်ပြီး နင်တို့နှစ်ယောက်ရဲ့ ဟိုကိစ္စလုပ်နေတာကို မြင်အောင်လုပ်မယ်။ ဖူခန်းအန်က စိတ်မလုံဖြစ်ပြီး ထွက်ပြေးမှာသေချာတယ်။ အဲ့ဒီအခွင့်အရေးကိုယူပြီး ငါက လူလွှတ်ပြီး ဝူယင်ရှုံကို သတ်ခိုင်းလိုက်မယ်။ အဲ့ဒီအခါကျရင် ရှန်ဟိုင်ကွမ်းတစ်ခုလုံးက ဖူခန်းအန်က ဖောက်ပြန်တာမိသွားလို့ ပေါ်သွားမှာစိုးလို့ ဝူယင်ရှုံကိုသတ်လိုက်တယ်လို့ ထင်သွားကြလိမ့်မယ်။ ငါတို့နှစ်ယောက်ကို ဘယ်သူမှ သံသယဝင်တော့မှာမဟုတ်ဘူး"