"အိုး?" ဝူဆန်ကွေးသည် သားဖြစ်သူကို ကြည့်ပြီး သူ ဆက်ပြောမည့်စကားကို စောင့်နေသည်။
"အကယ်၍ အဖေက ဘယ်သူနဲ့ လက်ထပ်ရမလဲဆိုတာ ဆုံးဖြတ်လိုက်ရင် ခန်းရှီနဲ့ ပေါင်မင်းသားတို့ နှစ်ဦးထဲက တစ်ဦးကို စိတ်ကွက်စေမှာပဲ။ ဒါပေမဲ့ အားခဲကို ရွေးချယ်ခွင့် ပေးလိုက်ရင်ရော?" ဝူယင်ရှုံက ပြုံးပြီး ပြောသည်။
ဝူဆန်ကွေးသည် မျက်လုံးများက အရောင်တောက်ပလာသည်၊ ဆက်ပြောရန် အချက်ပြသည်၊
"ဒီအခါမှာ ကျွန်တော်တို့က အားခဲကိုယ်တိုင် ခင်ပွန်းကို ရွေးချယ်ခွင့်ပေးမယ်လို့ အများသိအောင် ကြေညာရုံပဲ။ ဖူခန်းအန်နဲ့ ဝေရှောင်ပေါင်ကို အခန်းတစ်ခန်းထဲမှာ အတူနေစေပြီး အားခဲက ကိုယ်တိုင် ခင်ပွန်းကို ရွေးချယ်စေမယ်" ဝူယင်ရှုံသည် ပိုမိုပျော်ရွှင်လာသည် "ဒါက တရားမျှတပုံရပေမယ့် အားခဲက ဝေရှောင်ပေါင်လို လူပေလူတေတစ်ယောက်ကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပြီးသားပဲ။ ဒါဆိုရင် ခန်းရှီက ရလဒ်ကို မကျေနပ်ရင်တောင် ဘာမှပြောနိုင်မှာမဟုတ်ဘူး"
"အားခဲ၊ မင်း ဘယ်လိုထင်လဲ?" ဝူဆန်ကွေးသည် အားခဲကို လှည့်ပြီး မေးသည်။
"အားလုံး အဖေ့သဘောပါပဲ" အားခဲ၏ ပါးနှစ်ဖက်သည် နီရဲနေသည်၊ သူမသည် ခပ်တိုးတိုး ပြောပြီးနောက် ပြေးထွက်သွားသည်။
နောက်တစ်နေ့နံနက်တွင် နယ်စားမင်းဝူသည် လူလွှတ်ပြီး အန်းဖူဥယျာဉ်မှ စုန့်ချင်းရှုနှင့် ဝေရှောင်ပေါင်တို့ကို အိမ်တော်သို့ လာရောက်ရန် ဖိတ်ခေါ်လိုက်သည်။
ဝေရှောင်ပေါင်သည် လမ်းတစ်လျှောက်လုံး ပျော်ရွှင်နေသည်။ အနာဂတ်တွင် ဒီလို အသုံးမကျတဲ့ အရာရှိအလုပ်ကို မလုပ်တော့ဘူး၊ အားခဲ ရွှမ်းအာတို့နှင့် အတူ တစ်နေရာတွင် တိတ်တဆိတ် နေထိုင်မည်၊ နေ့တိုင်း အားခဲနှင့် ရှက်ဖွယ်ကောင်းသော အရာများကို လုပ်မည်ဟု စိတ်ကူးနေသည်
သို့သော် သူတို့နှစ်ဦးသည် နယ်စားမင်း ဝူ၏ အိမ်တော်သို့ ရောက်သောအခါ ဝေရှောင်ပေါင်၏ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားသည်။
နယ်စားမင်း ဝူ၏ အိမ်တော်ခန်းမထဲတွင် လူငယ်တစ်ဦးသည် ဝူဆန်ကွေး၏ ဘယ်ဘက်တွင် ထိုင်နေသည်။ သူ၏မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်သည်၊ ရုပ်ရည်သည် ခံ့ညားသည်၊ အမူအရာသည် ကြော့ရှင်းသည်။ အသက် (၂၀) ခန့်ရှိမည်။ သူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ဦးထုပ်တွင် မတစ်လက်မခန့်ရှိသော လှပသည့် ကျောက်စိမ်းတစ်ခုကို ချုပ်ထားသည်။
“ခွေးမသားလေး၊ မင်းက ဘာလို့ဒီလောက်တောင် ချောနေရတာလဲကွ။ သောက်ရမ်းခန့်ညားနေတာပဲ။ ငါ့ဘဝမှာ ငါ့ထက်ချောတဲ့ကောင်တွေကို အမုန်းဆုံးပဲ။ ဘေးမှာတင် သောက်ရမ်းချောတဲ့ စုန့်ချင်းရှုတစ်ယောက် ရှိနေပြီးသား၊ အခု မျက်နှာချောလေးတစ်ယောက် ထပ်ပေါ်လာပြန်ပြီ။ ငါ့ရဲ့ သာမန်ရုပ်ရည်နဲ့ ဖိအားတွေများလိုက်တာကွာ။" ဝေရှောင်ပေါင်သည် နှုတ်ခမ်းကိုမဲ့ကာ စိတ်ထဲမှ ဆဲရေးနေမိသည်။
စုန့်ချင်းရှုကမူ ထိုသူ၏ခေါင်းပေါင်းပေါ်မှ ကျောက်မျက်ရတနာကို စိုက်ကြည့်နေသည်။ ဤမျှအဝေးမှပင် ထိုကျောက်မျက်ရတနာ၏ တောက်ပနေသောအလင်းရောင်ကို မြင်နိုင်ရာ အလွန်တန်ဖိုးကြီးသော ရတနာဖြစ်မှန်း သူသိလိုက်သည်။ စိတ်ထဲမှ ရယ်မောလိုက်ပြီး "ခေါင်းပေါ်မှာ ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကို တင်ထားတာ ညဘက် သူခိုးက ခေါင်းဖြတ်ယူသွားမှာမကြောက်ဘူးလား" ဟု တွေးနေသည်။
"ဝေသံအမတ်၊ စုန့်လူကြီးမင်း၊ နယ်စားမင်းက မင်းတို့ကို မိတ်ဆက်ပေးပါရစေ။ ဒီလူကတော့ ပေါင်မင်းသားရဲ့သား ဖူခန်းအန်ဖြစ်ပါတယ်။ ဒီနှစ်ဦးကတော့ ဧကရာဇ်မင်းမြတ်ရဲ့ မင်္ဂလာပွဲသံတမန် ဝေနဲ့ လိုက်ပါပို့ဆောင်ပေးတဲ့ စစ်သူကြီး စုန့်တို့ပဲ ဖြစ်ပါတယ်" ဝူဆန်ကွေးသည် ထရပ်ပြီး သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။
'ဒါကြောင့် ပထမဆုံးအကြိမ်ကတည်းက မျက်စိဆံပင်မွှေးစူးနေတာ။ မင်းက ငါ့မိန်းမကို လုမယ့်လူယုတ်မာပဲ" ဟု ဝေရှောင်ပေါင်က စိတ်ထဲမှ ဆဲရေးလိုက်သည်၊ လက်ယှက်ပြီး ဖြစ်ကတတ်ဆန်း ပြန်ဖြေသည် "နာမည် ကြားဖူးတာကြာပါပြီ"
ဖူခန်းအန်က ပြန်အရိုအသေမပေးပေ။ လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာချပြီး လေးလေးနက်နက် ပြောသည် “အိုးဘိုကို ဖမ်းနိုင်တဲ့သူက ဘယ်လိုသူရဲကောင်းမျိုးလဲလို့ ထင်နေတာ၊ တကယ်တော့ နို့နံ့မစင်သေးတဲ့ ကလေးလေးတစ်ယောက်ပဲကိုး။ ကြားရတဲ့သတင်းတွေက တကယ်ယုံလို့မရဘူးပဲ" ဟု အေးစက်စွာဆိုသည်။
"မင်းအမေကို....................ထိုးလိုက်"
ဝေရှောင်ပေါင်သည် ခန်းရှီ၏ လူယုံတော်ဖြစ်လာကတည်းက မင်းညီမင်းသား၊ အမတ်ကြီးများပင် သူ့ကို ရိုရိုသေသေဆက်ဆံကြသည်၊ မည်သူကမှ ဤသို့မပြောဝံ့ခဲ့ပေ။
ထို့ကြောင့် ဒေါသထွက်ကာ ယခင် ယန်ကျိုးမြို့ လီချွမ်ခန်းမ(ဆောင်ကြာမြိုင်)တွင် ဖောက်သည်များနှင့် ရန်ဖြစ်ရာမှ သင်ယူခဲ့သော ဆဲဆိုသည့်စကားများပင် အမှတ်မထင် ထွက်ကျသွားသည်။
ဖူခန်းအန်က သူဘာပြောသည်ကို နားမလည်သော်လည်း ကောင်းသောစကားမဟုတ်မှန်းတော့ သိသည်။ ထို့ကြောင့် သူ၏မျက်နှာသည် ချက်ချင်းတင်းမာသွားပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ပါးရိုက်စမ်း"
"ဟုတ်ကဲ့"
လူရိပ်တစ်ခုသည် ရေထဲမှငါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာရွေ့လျားလာပြီး ချက်ချင်းပင် ဝေရှောင်ပေါင်၏ရှေ့သို့ရောက်လာကာ လက်ဝါးကို မြင့်မြင့်မြှောက်လိုက်သည်။
ဝေရှောင်ပေါင်က ကြောက်လန့်၍ ကြက်သေသေနေသကဲ့သို့ ပါးစပ်အဟောင်းသားဖြစ်နေသော်လည်း စုန့်ချင်းရှုကမူ တုံ့ဆိုင်းမနေချေ။ သူက ဝေရှောင်ပေါင်ရှေ့တွင် ကာရပ်လိုက်ပြီး လျှပ်စီးလက်သည့်အရှိန်အဟုန်ဖြင့် ထိုလူရိပ်နှင့် သိုင်းကွက်ပေါင်းများစွာ ယှဉ်ပြိုင်တိုက်ခိုက်လိုက်သည်။ နောက်ဆုံးတွင် လက်သီးတစ်ချက်ဖြင့် ထိုးထုတ်လိုက်ရာ ထိုလူရိပ်သည် တုန်ခါသွားပြီး နောက်သို့ပြန်လည်ဆုတ်ခွာသွားရသည်။
"အံ့ဖွယ်ခြေလှမ်းတစ်ရာပြောင်းသိုင်းလား(အရင်အခန်းမှာ-လျင်မြန်စွာပြောင်းလဲနိုင်သောခြေလှမ်းသိုင်း/ရှန်းရှင်းဘိုင်ပြန့်)"
စုန့်ချင်းရှုက တစ်ဖက်လူကိုကြည့်ရင်း မျက်နှာတွင် သံသယအရိပ်အယောင်များ ထင်ဟပ်နေသည်။ ခုနက သူ၏ကိုယ်ဖော့ပညာသည် အံ့ဖွယ်ခြေလှမ်းတစ်ရာပြောင်းသိုင်းဖြစ်ပြီး သူ၏သိုင်းပညာအရည်အချင်းမှာလည်း ယွမ်ချန်ကျစ်ထက် အနည်းငယ်သာနိမ့်မည်ဖြစ်သည်။
ဖူခန်းအန်က ရှေ့ဆက်တက်ရန်ကြိုးစားနေသော သူ့လက်အောက်ငယ်သားကို လက်ဖြင့်တားလိုက်ပြီး လှောင်ပြောင်အထင်သေးသည့်အသံဖြင့် ပြောလိုက်သည်။
"ဒီပုဂ္ဂိုလ်က သတို့သမီးပို့ဆောင်တဲ့ ဗိုလ်ချုပ် စုန့်ချင်းရှုထင်ပါရဲ့။ ဒီခေတ်ကြီးမှာ ဗိုလ်ချုပ်ဆိုတဲ့နာမည်က တကယ်ကို တန်ဖိုးမရှိတော့ပါလား။ ကြောင်ဖြစ်ဖြစ် ခွေးဖြစ်ဖြစ် ကြိုက်တဲ့ကောင်က ဗိုလ်ချုပ်လို့ ကိုယ့်ကိုယ်ကိုယ် သမုတ်နေကြတာပဲ"
သူ့စကားဆုံးသည်နှင့် သူ၏လက်အောက်ငယ်သားများက ဟားတိုက်ရယ်မောကြတော့သည်။
“ကျွန်တော့်လို သာမန်ဗိုလ်ချုပ်တစ်ဦးက ဖူမင်းသားနဲ့ ယှဉ်လို့မရပါဘူး။ ဒါနဲ့" စုန့်ချင်းရှုသည် ဒေါသမထွက်ဘဲ ထိတ်လန့်နေသော ဝေရှောင်ပေါင်ကို ကြည့်ပြီး ရယ်မောလျက်ပြောလိုက်သည် "ဝေညီလေး၊ ယန်ကျိုးဒေသမှာ ယောက်ျားချင်း ဝန်ဆောင်မှု့ပေးတဲ့ ယုန်လေးတွေကို သခင်လေးလို့ ခေါ်ကြတယ်လို့ ကြားတယ်၊ အမှန်ပဲလား?"
ဝေရှောင်ပေါင်က ဘယ်လိုနားမလည်ဘဲနေပါ့မလဲ။ သူက ချက်ချင်းပင် ထောက်ခံလိုက်သည်။
"ဟုတ်တာပေါ့။ အဲ့ဒီ ဝဝဖိုင့်ဖိုင့် ရုပ်ဆိုးဆိုး လူကြမ်းကြီးတွေက ဖူသခင်လေးလို ချောမောလှပတဲ့ မျက်နှာဖြူလေးတွေကို အကြိုက်ဆုံးပဲ အကြိုက်ဆုံးပဲ။ ဖူသခင်လေးသာ လီချွမ်းခန်းမကို သွားပြီး ဧည့်ခံမယ်ဆိုရင် စီးပွားရေးက အလျှံပယ်ကောင်းမှာ အသေအချာပဲ"
"မင်း"
ဖူခန်းအန်က ဒေါသတကြီးဖြင့် စားပွဲကိုရိုက်ကာ မတ်တပ်ထရပ်လိုက်သည်။
"ဒါနဲ့ ဖူသခင်လေးက ပလွေမှုတ်တာ ကျွမ်းကျင်တယ်ဆို"
စုန့်ချင်းရှု၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ချက် ပေါ်လာသည်။
"ဟမ့်၊ ဟုတ်တယ်၊ ဘာဖြစ်လဲ။ ငါ့ရဲ့ ပလွေမှုတ်တဲ့ အနုပညာက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ မပြောရဲပေမဲ့ ထိပ်တန်းကျွမ်းကျင်တဲ့အဆင့်တော့ ရောက်နေပြီ"
ပလွေမှုတ်ခြင်းသည် ဖူခန်းအန်၏ နေ့စဉ်ဘဝမှ ဝါသနာတစ်ခုဖြစ်ပြီး အလွန်ကျွမ်းကျင်သည်။တစ်ခါက ပလွေသံတစ်ပုဒ်တည်းဖြင့် သိုင်းလောကမှ မိန်းကလေးတစ်ဦးကို သူ့ရင်ခွင်ထဲသို့ အလိုလို ပစ်ဝင်လာစေခဲ့ဖူးရာ သူ၏ဘဝတွင် အလွန်ဂုဏ်ယူရသော ကိစ္စတစ်ခုဖြစ်သည်။
စုန့်ချင်းရှုက လက်ခုပ်တီးကာ အားရပါးရရယ်မောလိုက်ပြီး ပြောလိုက်သည်။
"လောကမှာ ပြည့်တန်ဆာခန်းမတွေ ထောင်သောင်းချီရှိပေမဲ့ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်တယ်။ တစ်မျိုးကို 'ချန်ချွမ်းယွမ်' (ထာဝရနွေဦးခန်းမ) လို့ခေါ်ပြီး နောက်တစ်မျိုးကိုတော့ 'ပုယဲ့ကုန်း' (ညမအိပ်နန်းတော်) လို့ခေါ်ကြတယ်။ ကြားရတာကတော့ စူတုန်းပိုရဲ့ ကဗျာတစ်ပုဒ်ကနေ ဆင်းသက်လာတယ်လို့ဆိုတယ်။ ဖူသခင်လေးက စာပေဗဟုသုတ ကြွယ်ဝတော့ ဘယ်ကဗျာလဲဆိုတာ သေချာပေါက် သိမှာပဲ"
ဖူခန်းအန်က သူ၏စာပေစွမ်းရည်ကို အမြဲဂုဏ်ယူသူဖြစ်ရာ စုန့်ချင်းရှုက မရိုးသားသော ရည်ရွယ်ချက်ရှိမှန်း သိသော်လည်း မနေနိုင်ဘဲ ပြောလိုက်သည်။
"‘လေထဲကပန်းပွင့်တွေက ထာဝရနွေဦးခန်းမထဲ အလုအယက်ဝင်ရောက်၊ မီးတိုင်မီးပုံးတွေက ညမအိပ်နန်းတော်မှာ အပြန်အလှန်ထွန်းလင်း’ ဆိုတဲ့စာကြောင်းကနေ ယူထားတာဖြစ်မယ်"
"ဖူသခင်လေးက ဒီနယ်ပယ်မှာ တကယ့်ကိုကျွမ်းကျင်သူပဲ"
စုန့်ချင်းရှုက လက်မထောင်ပြလိုက်ရာ ဖူခန်းအန်၏ မျက်နှာသည် နီလိုက် ဖြူလိုက်ဖြစ်သွားသည်။
"ပုယဲ့ကုန်းဆိုတာက အမျိုးသမီးပြည့်တန်ဆာနေရာကို ရည်ညွှန်းပြီး ချန်ချွမ်းယွမ်ကတော့ အမျိုးသားပြည့်တန်ဆာနေရာပေါ့။ ဝေညီလေး၊ ငါကြားဖူးတာတော့ အမျိုးသားပြည့်တန်ဆာတွေ အလုပ်စဝင်ရင် ကျွမ်းကျင်မှုတစ်ခုကို လေ့ကျင့်ရတယ်ဆို၊ ဘာလဲမသိဘူး"
ဝေရှောင်ပေါင်က ပြည့်တန်ဆာခန်းမထဲတွင် ကြီးပြင်းလာသူဖြစ်ရာ သူ၏ဆိုလိုရင်းကို ဘာကြောင့် နားမလည်ဘဲနေမလဲ။ အတိုင်အဖောက် ညီစွာဖြင့် ဝင်ပြောလိုက်သည်။
"သူတို့ကို နေ့တိုင်း ပါးစပ်ထဲမှာ သခွားသီးငုံပြီး လေ့ကျင့်ခိုင်းတယ်လို့ ကြားဖူးတယ်။ ကျွမ်းကျင်သွားရင် ဧည့်သည်လက်ခံလို့ရပြီ။ အဲ့ဒီနယ်ပယ်မှာ ယဉ်ကျေးတဲ့ အသုံးအနှုန်းတစ်ခုရှိတယ်။ ဒီအတတ်ပညာကို “ပလွေမှုတ်ခြင်း”လို့ ခေါ်တယ်"ပြောရင်းဆိုရင်း သူ၏ မျက်လုံးက ဖူခန်းအန်၏ ခါးကြားမှ ကျောက်စိမ်းပလွေကို ဝေ့ကြည့်လိုက်သည်။
အခန်းထဲရှိလူအားလုံးမှာ ယောက်ျားများဖြစ်ကြရာ ထိုစကား၏အဓိပ္ပာယ်ကို နားမလည်သူမရှိပေ။ ဖူခန်းအန်၏ လက်အောက်ငယ်သားများပင်လျှင် ရယ်ချင်စိတ်ကို အသည်းအသန်ထိန်းချုပ်ထားကြရသည်။
ဖူခန်းအန်သည် အစပိုင်းတွင် သဘောမပေါက်သေးသော်လည်း လူအများ၏ရယ်ချင်နေသော မျက်နှာများကိုမြင်မှ ရုတ်တရက် သဘောပေါက်သွားပြီး အလွန်အမင်းဒေါသထွက်သွားသည်။
"အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဒီနေ့ အားလုံးကို ဖိတ်ခေါ်လာတာက ကျွန်ုပ်သမီးရဲ့ လက်ထပ်ပွဲကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြချင်လို့ပါ"
ဝူဆန်ကွေးသည် ပေါင်ချင်းဝမ်ဘက်နှင့် ခန်းရှီ၏လက်အောက်ငယ်သားများကြား ရန်သူများကဲ့သို့ဖြစ်နေသည်ကို မြင်လိုသော်လည်း နှစ်ဖက်စလုံး ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်အထိတော့ ခွင့်မပြုနိုင်ပေ။
ဖူခန်းအန်က အနာဂတ်ယောက္ခမလောင်း၏ မျက်နှာကိုတော့ ထောက်ထားရမည်ဟု တွေးကာ ဟမ့် ခနဲအသံပြုရင်း မကျေမချမ်းဖြင့် နေရာတွင် ပြန်ထိုင်လိုက်သည်။
ဝေရှောင်ပေါင်က ဝူဆန်ကွေး၏ အားခဲကို သမက်လောင်းကိုယ်တိုင်ရွေးချယ်စေမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ကြားလိုက်ရသည့်အခါ သူ၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ စုန့်ချင်းရှုသည်လည်း မျက်မှောင်ကြုတ်သွားသည်။ သူ၏အကြည့်က အမှတ်မထင် ဖူခန်းအန်ထံသို့ရောက်သွားသည့်အခါ ဦးနှောက်ထဲတွင် အတွေးတစ်ခု လင်းလက်သွားပြီး သူ၏အမူအရာသည် ချက်ချင်းပင် ပေါ့ပါးသွားတော့သည်။