အခန်း (၁၂၆) ခေါင်းမှာ အနာပေါက်၊ ခြေထောက်မှာ ပြည်တည်၊ နို့ကိုပုပ်စေတဲ့ဆေးလုံး
"ဘုရင်မင်းမြတ်က ဘယ်သူ့ကို ဝူယင်ရှုံနဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်ထားပါသလဲ" ပိုကောင်းအောင် မြှောက်ပင့်ဖို့အတွက် ဝေရှောင်ပေါင်သည် ဧကရာဇ်နှင့် သက်ဆိုင်သော စကားအသုံးအနှုန်းအချို့ကို သေချာ မှတ်သားထားခဲ့သည်။ "ဒါပေမဲ့ ဒီလိုဆိုရင် ဝူယင်ရှုံဆိုတဲ့ လိပ်ကို အလွန်အမင်း အခွင့်အရေး ပေးသလို ဖြစ်နေပြီ"
"ငါက သူ့ကို ဒီလောက် အလွယ်တကူ အခွင့်အရေး ပေးမှာ မဟုတ်ပါဘူး..." ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ခန်းရှီက စုန့်ချင်းရှုကို ကြည့်လိုက်ပြီး "ငါက ကျန်းနင် မင်းသမီးကို သူ့နဲ့ ပေးစားဖို့ စဉ်းစားထားတယ်။ အဲဒီအချိန်ကျရင် ရှောင်ပေါင်က လက်ထပ်ပွဲ သံတမန်လုပ်ပြီး ချင်းရှုက သတို့သမီးကို လိုက်ပို့တဲ့ စစ်သူကြီးလုပ်။ မင်းတို့နှစ်ယောက်က ကျန်းနင်ကို ရှန်ဟိုင်ကွမ်းအထိ လိုက်ပို့ရင်း ဝူဆန်ကွေးကို ကောင်းကောင်း စည်းရုံးလိုက်" ဟု ပြောသည်။
ခန်းရှီ၏ စကားများက မရှင်းလင်းသည်ကို မြင်သောအခါ ဝေရှောင်ပေါင်သည် ပျော်ရွှင်သွားပြီး စိတ်ထဲတွင် "ငါနဲ့ ရှောင်ရွှမ်းကပဲ ကိုယ့်လူအရင်းတွေပဲ။ စုန့်အစ်ကိုကြီးကတော့ ကျန်းနင်က အတုအယောင် ဘုရင်မကြီးရဲ့ သမီးဆိုတာ သေချာပေါက် မသိဘူး" ဟု တွေးလိုက်သည်။
မင်းသမီးကျန်းနင်နှင့် သူ့ဆက်ဆံရေးက ကောင်းသည်ဟု ရုတ်တရက် တွေးမိသည်။ သူမ၏ ရုပ်ရည်က သူ့ဇနီးအချို့လောက် မလှပသော်လည်း အလှလေးတစ်ဦးဖြစ်ရာ ဝူယင်ရှုံကို ပေးစားဖို့ နှမြောမိသည်။ စိတ်ထဲတွင် မစွန့်လွှတ်နိုင်သော်လည်း ဘုရင့်အမိန့်ဖြစ်သောကြောင့် ဘာမှ မတတ်နိုင်ပေ။
သို့သော်လည်း တစ်ဖန် ပြန်စဉ်းစားမိသည်။ ဝူဆန်ကွေးသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူဖြစ်ပြီး အစိုးရအရာရှိများအပေါ် အမြဲတမ်း ရက်ရက်ရောရော ရှိကြောင်း သူ သိသည်။ ယခု ရှန်ဟိုင်ကွမ်းကို သွားရောက်ခြင်းဖြင့် ငွေအများကြီး ရရှိနိုင်မည်ဖြစ်သဖြင့် သူ့စိတ်က ချက်ချင်းပင် ပျော်ရွှင်သွားသည်။
စုန့်ချင်းရှုကမူ အလွန် တွန့်ဆုတ်နေသည်။ ပထမအချက်မှာ ရှချင်းချင်းနှင့် လီယွမ်ကျစ်တို့ ပျောက်ဆုံးနေဆဲဖြစ်သဖြင့် မြို့တော်တွင် ကျန်နေပြီး သူတို့နှစ်ဦးကို ရှာဖွေလိုသည်။ ဒုတိယအချက်မှာ မန်ချူးအစိုးရ၏ အတွင်းရေးများတွင် အလွန်အမင်း မပါဝင်လိုဘဲ၊ ခန်းရှီ၏ သူ့ရန်သူများကို ရှင်းလင်းပေးရန် မကူညီလိုပေ။
ပြဿနာများစွာနှင့် အန္တရာယ်များစွာရှိနေသော မန်ချူးအစိုးရသည် စုန့်ချင်းရှုအတွက် အကောင်းဆုံးဖြစ်သည်။ ခန်းရှီသည် ဝူဆန်ကွေးနှင့် ပေါင်မင်းသား၏ အင်အားများကို ပေါင်းစည်းနိုင်ခဲ့ပြီး မန်ချူးတွင် ပြည်တွင်းရေးပြဿနာတွေ မရှိတော့ဘူးဆိုရင် ခန်းရှီလို ထက်မြက်တဲ့ ဧကရာဇ်ကြောင့် ကမ္ဘာကို သိမ်းပိုက်ဖို့ ဖြစ်လာနိုင်တယ်၊ အဲဒီလို ဖြစ်လာရင် စုန့်ချင်းရှုသည် မန်ချူး၏ ခွေးအဖြစ်သာ အမှန်တကယ် နေထိုင်ရတော့မည်ဖြစ်သည်။
"ကောင်းပြီ၊ မင်းတို့ အရင်ပြန်ပြီး ပြင်ဆင်ထားကြ။ နောက်သုံးရက်နေရင် ကျန်းနင်ကို ရှန်ဟိုင်ကွမ်းအထိ လိုက်ပို့ဖို့ စထွက်ကြတော့" ခန်းရှီသည် သူ့အောက်မှ လူနှစ်ဦး၏ စိတ်ထဲမှ အတွေးများကို မသိပေ။ သူ၏ ယုံကြည်ရသော အနီးကပ်လူနှစ်ယောက်က ကိုယ်စီကိုယ်စီ ကြံစည်နေကြတယ်ဆိုတာကို သိခဲ့လျှင်
စုန့်ချင်းရှုသည် သူ့ခြံဝင်းသို့ ပြန်ရောက်လာပြီး တံခါးမဖွင့်မီတွင် စိုးရိမ်ပူပန်နေသည်။ ကျိုးကျစ်လော့ကို ဘယ်လို ပြန်ရင်ဆိုင်ရမည်ကို မသိပေ။
အခန်းထဲတွင် လူမရှိဘဲ လှပသော အမျိုးသမီး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူ စိတ်ပျက်သလို ခံစားရသော်လည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။
တကယ်တော့ စုန့်ချင်းရှုသည် နံနက်ခင်းက ကုတင်ပေါ်တွင် ကျိုးကျစ်လော့ကို စိုက်ကြည့်နေစဉ် သူမ နိုးနေသည်ကို သိခဲ့သည်။ သို့သော်လည်း တစ်ဖက်က အိပ်ချင်ယောင်ဆောင်နေသဖြင့် ဖော်ထုတ်ဖို့ အကြောင်းပြချက် မရှိပေ။
နှစ်ယောက်စလုံးမှာ နားလည်မှုလေးတစ်ခု ရှိနေကြသည်၊ နောက်ဆုံး ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးကို မဖွင့်ဘဲ ထားကြသည်။ စုန့်ချင်းရှုက ကျိုးကျစ်လော့ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိသလို ကျိုးကျစ်လော့ကလည်း စုန့်ချင်းရှုကို ဘယ်လိုရင်ဆိုင်ရမှန်းမသိပေ။
အမုန်းတရားများစွာဖြင့် လက်စားချေရန် လာခဲ့သော်လည်း ရလဒ်က မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ခဲ့ရသည်။ ကျိုးကျစ်လော့၏ စိတ်ထဲတွင် ရှက်ရွံ့မှုများ ပြည့်နှက်နေသည်။ မနေ့ညက ဒဏ်ရာရထားတဲ့ ဒီလို ကောင်းမွန်တဲ့ အခွင့်အရေးကိုတောင် ငါ အသုံးမချနိုင်ခဲ့ဘူး၊ သူ့ကို သတ်ဖို့က ပိုခက်ခဲလာပြီ၊ သူ့ကို လက်စားချေနိုင်ဖို့ ယင်ကိုးပါးသိုင်းကျမ်းကို အမြန်လေ့ကျင့်တဲ့ နည်းလမ်းကို စွန့်ပြီး အထဲမှာပါတဲ့ သိုင်းပညာတွေကို သေချာလေ့လာမှ ရတော့မယ်" ဟု တွေးသည်။
ကျိုးကျစ်လော့ ထွက်ခွာသွားစဉ် တိုးတိုးလေး ပြောနေသည်က လက်စားချေဖို့ စဉ်းစားနေသည်လား...
ဒါမှမဟုတ် အခုအချိန်မှာ သူမစိတ်ထဲက ထိတ်လန့်မှုကို ဖုံးကွယ်နေတာလားဆိုသည်ကိုတော့ မသိရပေ။
သူမရဲ့ ထူးဆန်းတဲ့ အားနည်းချက်ကို သူမကိုယ်တိုင် သတိထားမိပုံရသည်၊ ကျိုးကျစ်လော့ရဲ့ မျက်လုံးများက အေးစက်သွားသည်၊ ဒုန်းထင်းကန်နားက ကလေးနှစ်ယောက်ကို စဉ်းစားလိုက်ပြီး “ဒီကလေးနှစ်ယောက်က စုန့်ချင်းရှုကို ကာကွယ်ပေးနေတာဆိုတော့ သူနဲ့ ဆက်စပ်မှု ရှိတာ သေချာတယ်၊ ငါ သူတို့ကို ဖမ်းပြီး စုန့်ချင်းရှုရှေ့ခေါ်လာခဲ့ရင် ရှင်က သူတို့ရဲ့ အသက်ကို ရွေးမလား၊ ဒါမှမဟုတ် ကိုယ့်အသက်ကို ရွေးမလားဆိုတာ ကြည့်ရသေးတာပေါ့” ကျိုးကျစ်လော့က အခန်းကို မုန်းတီးစွာ ကြည့်ပြီး ပြတ်ပြတ်သားသား လှည့်ထွက်သွားသည်
စုန့်ချင်းရှုက ဒီအကြောင်းတွေကို လုံးဝ မသိခဲ့ပေ။ သူက အခန်းထဲတွင် ပြန့်ကျဲနေသော ပစ္စည်းများကို စိုက်ကြည့်ပြီး တွေဝေနေသည်၊ ကြမ်းပြင်ပေါ်က ကွဲနေတဲ့ ကြွေထည်တွေ၊ စုတ်ဖြဲခံထားရတဲ့ စောင်အစအနတွေကို ကြည့်ပြီး စုန့်ချင်းရှုရဲ့ မျက်နှာက တဆတ်ဆတ်တုန်သွားသည်၊ “တကယ်ကို ဖျက်လိုဖျက်စီးလုပ်တဲ့ မိန်းမပဲ၊ ဒီပစ္စည်းတွေက ငါ တော်တော်လေး ခက်ခက်ခဲခဲ စုဆောင်းထားရတာကို မင်း မသိဘူးလား၊ နောင်တချိန် ခေတ်သစ်ကို ပြန်ယူသွားရင် ဈေးကောင်းကောင်းနဲ့ရောင်းလို့ ရသေးတာ၊ ဒါတွေ အားလုံးက ရှေးဟောင်းပစ္စည်းတွေပဲ!”
နောက်ရက်အနည်းငယ်အတွင်း စုန့်ချင်းရှုက ရှချင်းချင်းနဲ့ လီယွမ်ကျစ်တို့ရဲ့ သတင်းကို လိုက်စုံစမ်းပေမယ့် ဘာသတင်းမှ မရခဲ့ဘူး။
ရှချင်းချင်းက စုန့်ချင်းရှုရဲ့ မျက်လုံးထဲမှာ သနားစဖွယ် ရင်းနှီးသောသူငယ်ချင်းတစ်ယောက်အပြင် ရွှေမြွေတပ်တစ်ခုလုံးကို ကိုယ်စားပြုသည်၊ လီယွမ်ကျစ်က သူ့မျက်လုံးထဲမှာ လိမ္မာပါးနပ်တဲ့ အစိုးရအရာရှိရဲ့ သမီးတစ်ယောက်သာမက တပ်သားများစွာကို ထိန်းချုပ်ထားသော သူမ၏ ဖခင်ကို ကိုယ်စားပြုသောသူလည်း ဖြစ်သည်။
ဒါပေမယ့် အခုတော့ နှစ်ယောက်စလုံး ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိတော့၊ စုန့်ချင်းရှုက အရင်က ကြိုးစားအားထုတ်မှု အများစုက မှန်ထဲက ပန်း၊ ရေထဲက လဖြစ်သွားပြီလို့ ခံစားလိုက်ရပြီး လူတစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသည်။
သုံးရက်ကြာပြီးနောက် စုန့်ချင်းရှုက ယန်ကျင်းမြို့ကို နှုတ်ဆက်ပြီး ဝေရှောင်ပေါင်နဲ့အတူ ကျန်းနင်မင်းသမီးကို ရှန်ဟိုင်ကွမ်းသို့ပို့ဆောင်ရန် ထွက်ခွာသွားသည်။
“သူတို့ ပြန်လာတဲ့အခါ ငါ ထားခဲ့တဲ့ စာကို မြင်နိုင်မယ်လို့ မျှော်လင့်တယ်” စုန့်ချင်းရှုက မြင်းပေါ်မှာ ထိုင်ပြီး ကျန်းနင်ရဲ့ ရထားနားမှာ အစောင့်အရှောက်လုပ်ရင်း စိတ်ရှုပ်ထွေးနေသည်။
သူ အခန်းထဲမှာ ချန်ထားခဲ့တဲ့ စာက သူဘယ်သွားတယ်ဆိုတာကို ရိုးရိုးလေး ရေးထားတာ ဖြစ်သည်၊ အခြားအရာများကို အသေးစိတ် ရေးရန် မရဲရင့်ခဲ့ပေ။ အကယ်၍ အခြားသူများက သိသွားပါက သစ္စာဖောက်ဟူသော ရာဇဝတ်မှုက ရယ်စရာမဟုတ်ပေ။
ဟုတ်ပါတယ်၊ စုန့်ချင်းရှုက မိန်းကလေးနှစ်ယောက် ပြန်လာမယ့် ဖြစ်နိုင်ခြေက မရှိသလောက်နည်းပါးသည်ကို နားလည်သည်၊ ဒီကမ္ဘာမှာ သတင်းအစီအစဉ်တွေလည်း မရှိဘူး၊ လူပျောက်ကြော်ငြာချင်ရင်တောင် ကြော်ငြာလို့ မရဘူး၊ လူတွေ အများကြီးကြားထဲမှာ မိန်းကလေးနှစ်ယောက်ကို ပြန်တွေ့ဖို့က ပင်လယ်ထဲမှာ အပ်ရှာသလိုပဲ။
“တကယ်လို့ ကံတရားသာရှိရင် မိုင်ထောင်ချီ ကွာဝေးနေတာတောင် ပြန်ဆုံစည်းနိုင်တယ်တဲ့။ ဒါဆို ကံကြမ္မာကိုပဲ မျှော်လင့်ရတော့မှာပဲ။ ဒီလို ဘာမှ မတတ်နိုင်တဲ့ ခံစားချက်ကို ငါ မုန်းတယ်" စုန့်ချင်းရှု မိမိကိုယ်ကို လှောင်ပြုံး ပြုံးလိုက်သည်။
“စုန့်စစ်သူကြီး၊ မင်း ဘာ ကံတရားအကြောင်း ပြောနေတာလဲ” အဲဒီအချိန်မှာ ဘေးကနေ မိန်းကလေးတစ်ယောက်ရဲ့ အသံ ထွက်လာသည်။
စုန့်ချင်းရှု လှည့်ကြည့်လိုက်တော့ ကျန်းနင်မင်းသမီးက ရထားပြတင်းပေါက် လိုက်ကာကို လှန်ပြီး စူးစမ်းစွာ ကြည့်နေသည်။
ယခုမှသာ စုန့်ချင်းရှု ကျန်းနင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ အသက်က ၁၅-၁၆ နှစ်ခန့်ရှိပြီး ဘဲဥပုံမျက်နှာ၊ ပါးလွှာသော နှုတ်ခမ်းနှင့် ရွှင်လန်းသော မျက်လုံးများက သန်မာသော စိတ်ဓာတ်ကို ပြသနေသည်။ သူမက s နဲ့ m (ကို နှိပ်စက်ခြင်းနှင့် နာကျင်မှုကို ခံစားလိုခြင်း) ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ အမျိုးသမီး ဖြစ်တယ်ဆိုတာကို စိတ်ကူးနဲ့တောင် မြင်ယောင်လို့ မရပေ။
စုန့်ချင်းရှုသည် လီယုချွေက သရုပ်ဆောင်ခဲ့သော ကျန်းနင်ဇာတ်ကောင်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ သူက လီယုချွေ၏ အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်ကို လေးစားသော်လည်း သူမ၏ ရုပ်ရည်က ကြည့်လို့မကောင်းပေ။ဒီလိုပဲ စုန့်ချင်းရှုက တခါတလေ ပွင့်လင်းသော လူတစ်ယောက် ဖြစ်သည်။
တခြား သမင်နဲ့အိုး ဇာတ်ကားအချို့မှာ လှပသောအမျိုးသမီးများက ကျန်းနင်နေရာတွင် သရုပ်ဆောင်ထားသော်လည်း လီယုချွေပေးခဲ့သော ပုံရိပ်က သူ့စိတ်ထဲတွင် မပျက်စီးနိုင်အောင် စွဲမြဲနေသည်။ "ကျန်းနင်က စိတ်မမှန်တဲ့အပြင် ရုပ်လဲဆိုးတယ်" ဟူသော ပုံရိပ်က ဘယ်တော့မှ ပြောင်းပြန်လှန်လို့ မရတော့ပေ။
“ဪ၊ ဟုတ်သား၊ သူ သရုပ်ဆောင်ထားတဲ့ အားကျီလည်း ရှိသေးတယ်… ဒီကမ္ဘာမှာ အားကျီက ဒီလို ပုံစံ မဖြစ်ပါစေနဲ့” စုန့်ချင်းရှုက ကိုယ့်ဘာသာ တီးတိုးပြောသည်၊ “ဒါပေမယ့် ယန်ဇီဝူမှာ အာကျူး(မုရုံဖုရဲ့အစေခံနှစ်ယောက်ထဲကတစ်ယောက်)ကို မြင်ခဲ့ဖူးတယ်၊ သူတို့က ညီအစ်မတွေဆိုတော့ သိပ်တော့ ကွာခြားမှာ မဟုတ်ဘူး”
"ခွေးအစေခံ၊ မင်းသမီးမေးတာကို ဖြေလေ!" ကျန်းနင်က အရင်က ကောင်းမွန်စွာ မေးခဲ့သော်လည်း စုန့်ချင်းရှုက ဘာမှ မဖြေဘဲ သူ့ကိုယ်သူ တိုးတိုးလေး ပြောနေသည်ကို သိသောအခါ ကျန်းနင်၏ စိတ်ရင်းမှန် ပေါ်လာသည်။
"တကယ်ကို ရိုင်းစိုင်းတာပဲ" စုန့်ချင်းရှုသည် သူမကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်ပြီး သူမပါးကို ရိုက်လိုက်သည်။
ကျယ်လောင်တဲ့ ပါးရိုက်သံကြားပြီးနောက် ကျန်းနင်က သူမရဲ့ ပါးကို လက်နဲ့အုပ်ပြီး မယုံနိုင်စွာ ကြည့်လိုက်သည်၊ “မင်း ဒီ ခွေး…” ကျန်တဲ့ စကားလုံးတွေ မအော်ရသေးခင် စုန့်ချင်းရှုက သူမရဲ့ အသံထွက်ရာ သွေးကြောကို ပိတ်ပစ်လိုက်သည်။
စုန့်ချင်းရှုရဲ့ လှုပ်ရှားမှုက အရမ်း မြန်သည်၊ နောက်ပြီး တမင်တကာ ခန္ဓာကိုယ်နဲ့ လူတွေရဲ့ အကြည့်ကို ကွယ်ထားခဲ့တာကြောင့် ကျန်တဲ့သူတွေက သူ့ရဲ့ မလေးစားတဲ့ အပြုအမူကို မတွေ့ခဲ့ဘူး။
“မင်း နောက်တစ်ကြိမ် ငါ့ကို ဒီလို ဆဲဆိုရဲရင် ငါ မင်းကို ပါးရိုက်ပစ်မယ်၊ တခြား အစောင့်တွေကို အားကိုးဖို့ မစဉ်းစားနဲ့၊ ငါ့ရဲ့ သိုင်းပညာကိုလည်း မင်း ကြားဖူးမှာပါ၊ ငါ ဒေါသထွက်လာရင် တခြားသူတွေ အကုန် သတ်ပစ်လိုက်ပြီး မင်းကို ပြည့်တန်ဆာရုံမှာ ရောင်းစားပစ်မယ်။ လူတစ်ထောင်က စီးပြီး၊ လူတစ်သောင်းက တက်ဖိတာ ခံစေရမယ်”
စုန့်ချင်းရှုက သူမကို အေးစက်စွာ ကြည့်လိုက်သည်၊ အချို့သော အမျိုးသမီးတွေကို ချစ်ဖို့ကောင်းသော်လည်း အချို့သော အမျိုးသမီးတွေကတော့ အရိုက်ခံဖို့ မွေးဖွားလာကြသည်။ ကျန်းနင်ကတော့ နောက်အမျိုးအစားထဲက ထူးခြားသူတစ်ယောက် ဖြစ်သည်။
သူမရဲ့ မျက်လုံးထဲမှာ တောင်းပန်တဲ့ အရိပ်အယောင် ပေါ်လာတာကို မြင်တော့ စုန့်ချင်းရှုက သူ့အိတ်ထဲက သကြားလုံးတစ်လုံးကို ထုတ်ယူပြီး သူမရဲ့ ပါးစပ်ထဲ ချက်ချင်း ထည့်လိုက်သည်၊ ပြီးတော့ သူမရဲ့ အသံထွက်ရာ သွေးကြောကို ပြန်ဖွင့်ပေးလိုက်သည်၊ “ခုနက မင်းကို ကျွေးလိုက်တာက သိုင်းလောကရဲ့ ထူးဆန်းတဲ့ အဆိပ်၊ ‘ခေါင်းမှာ အနာပေါက်၊ ခြေထောက်မှာ ပြည်တည်၊ နို့သီးကိုပုပ်စေတဲ့ဆေးလုံး’ပဲ၊ သူ့ရဲ့ အစွမ်းကို နာမည်ကြားရုံနဲ့ သူ့ရဲ့အာနိသင်ကို ငါ ရှင်းပြဖို့ မလိုဘူးလို့ ထင်တယ်”
“ဒီလို ထူးဆန်းတဲ့ဆေးမျိုးကမ္ဘာပေါ်မှာ ရှိလို့လား” ကျန်းနင် ထိတ်လန့်သွားပြီး သံသယမျက်နှာနဲ့ ပြန်မေးသည်
“ယုံတာ မယုံတာမင်းသဘော” စုန့်ချင်းရှုက နှာမှုတ်လိုက်သည်“နောက်ပိုင်းမှာ မင်းကို ငါနေ့တိုင်း အဆိပ်ဖြေဆေးတစ်လုံးပေးပြီး သူ့ရဲ့ အဆိပ်ကို ထိန်းချုပ်ပေးမယ်၊ ဒါပေမယ့် ဒီနေ့ကိစ္စကို တခြားသူကို ပြောရဲတယ်ဆိုရင်တော့ ဟဲဟဲ၊ အပုပ်ကောင်အဖြစ် ပြောင်းသွားတာကိုပဲ စောင့်နေလိုက်တော့”
စုန့်ချင်းရှုရဲ့ မျက်နှာအမူအရာက ဟာသလုပ်နေတာ မဟုတ်ဘူးလို့ မြင်တော့ ကျန်းနင်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများက ရမ္မက်ဆန်သော အကြည့်ဖြင့် "စုန့်သခင်၊ စုန့်အစ်ကို၊ အစေခံက အရှင့်ကို မသိခဲ့လို့ ပြစ်မှားခဲ့မိပါတယ်။ စုန့်အစ်ကိုက လူကြီးလူကောင်းတစ်ယောက်အနေနဲ့ အစေခံရဲ့ အမှားကို ခွင့်လွှတ်ပေးပါ" ဟု ချွဲနွဲ့သော အသံဖြင့် ပြောသည်။
စုန့်ချင်းရှု တစ်ကိုယ်လုံး တုန်ခါသွားပြီး သူမကို ရွံရှာစွာ ကြည့်လိုက်သည်၊ “အဲဒီလို ရွံစရာကောင်းတဲ့ အသံနဲ့ ငါ့ကို မပြောနဲ့၊ နောက်ပိုင်းမှာ စကားကိုကောင်းကောင်းမွန်မွန်ပြောရင် ငါ မင်းကို သေစေမှာ မဟုတ်ဘူး”
စကားပြောပြီးနောက် သူက မြင်းကို ရိုက်ကာ ရှေ့သို့ သွားလိုက်သည်၊ တစ်စက္ကန့်လေးတောင် မနေချင်တော့ဘူး။
စုန့်ချင်းရှု ထွက်ခွာသွားတဲ့ နောက်ကျောကို ကြည့်ပြီး ကျန်းနင်ရဲ့ မျက်လုံးထဲမှာ မကျေမနပ်ဖြစ်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာသည်၊ အစေခံမလေးတစ်ယောက်ကို ခေါ်ပြီး ပြောသည်၊ “ခဏနေလို့ ရှေ့က မြို့လေးမှာ နားတဲ့အခါ ဝေမြို့စားကို ငါ့အခန်းထဲ လာဖို့ တိတ်တိတ်လေး သတိပေးလိုက်”
“မင်းသမီး၊ ဒါက… ဒါက စည်းမျဉ်းနဲ့ မကိုက်ညီပဲ မသင့်တော်ဘူးထင်တယ်” နန်းတွင်းအပျိုတော်က တွန့်ဆုတ်စွာ ပြောသည်၊ တော်ဝင်မိသားစုရဲ့ စည်းမျဉ်းအရ မင်းသမီးတစ်ပါးက လက်မထက်ခင် တခြားယောက်ျားတွေနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးနေလို့ မရဘူး၊ ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အခန်းတစ်ခန်းတည်းမှာ အတူနေတာက စည်းကမ်းကို ကြီးမားစွာ ဖောက်ဖျက်ရာရောက်သည်။
“နင်က မင်းသမီးလား၊ ငါက မင်းသမီးလား” ကျန်းနင်က ဒီစကားကို ကြားတော့ အမျက်ဒေါသ ထွက်သွားသည်၊ စုန့်ချင်းရှုရဲ့ အနိုင်ကျင့်တာ ခံရပြီးပြီ၊ အခုတော့ နန်းတွင်းအပျိုတော်လေးတစ်ယောက်ကတောင် ငါ့ကို ပြန်ခံပြောရဲနေပြီလား၊ ခေါင်းပေါ်က ဆံထိုးတစ်ခုကို ဖြုတ်ပြီး နန်းတွင်းအပျိုတော်ကို ထိုးလိုက်သည် “ငါက သွားဆိုရင် သွားလိုက်”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ…” နန်းတွင်းအပျိုတော်က နာကျင်စွာဖြင့် နောက်သို့ ဆုတ်လိုက်သည်။
မိုင်နှစ်ဆယ်ခန့်သွားပြီးနောက် သတို့သမီးလိုက်ပို့တဲ့ အဖွဲ့က မြို့ငယ်လေးတစ်မြို့တွင် ရပ်နားလိုက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့ကို ဒေသခံ သူဌေးကြီးတစ်ဦး၏ အိမ်တွင် နားစေသည်။
စုန့်ချင်းရှုရဲ့ ဒဏ်ရာက လုံးဝ မပျောက်ကင်းသေးတာကြောင့် အခြေချပြီးတာနဲ့ သူ့အခန်းထဲ ပြန်သွားပြီး အတွင်းအားကိုလှည့်ပတ်၍ ဒဏ်ရာကုသတော့သည်။
နန်းတွင်းအပျိုတော်ရဲ့ အသိပေးခြင်းကို လက်ခံရရှိပြီးနောက် ဝေရှောင်ပေါင်က ကျန်းနင်ရဲ့ အခန်းကို ရောက်လာသည်။ ချက်ခြင်းပင် မြှောက်ပင့်သောအပြုံးဖြင့် “မင်းသမီးက ကျွန်တော်မျိုးကို ဘာများခိုင်းစရာရှိလို့ ခေါ်တာလဲ” စိတ်ထဲကတော့ ဆဲဆိုနေသည် “မင်းက တော်ဝင်သွေးမစစ်ဘူး၊ ရှောင်ရွှမ်းက မင်းကို မမြင်ချင်လို့ ရှန်ဟိုင်ကွမ်းကို ပို့လိုက်တာ၊ ကံမကောင်းစွာနဲ့ပဲ ရှောင်ရွှမ်းက တစ်နေ့နေ့မှာ ဝူဆန်ကွေးကို တိုက်ခိုက်လိမ့်မယ်၊ မကြာခင် ဒီ သနားစရာ မိန်းမက မုဆိုးမ ဖြစ်တော့မှာပဲ…”
ကျန်းနင်မင်းသမီးက ထိုအချိန်တွင် ကြွေပန်းကန်လုံးထဲမှ ရေခဲထည့်ထားသော ဇီးဖျော်ရည်ကို သောက်နေသည်။ ဇွန်းဖြင့် အကြိမ်အနည်းငယ် သောက်လိုက်ပြီး "ဒီလို မြို့ငယ်လေးရဲ့ မြို့စားက ရေခဲတွေကို သိမ်းထားနိုင်တာ အံ့ဩစရာပဲ" ဟု သက်ပြင်းချလိုက်သည်။
ဒီအချိန်က နွေရာသီရဲ့ အပူဆုံးအချိန်ဖြစ်ပြီး ဆီးသီးဖျော်ရည်ထဲက ချိုမြိန်သော သစ်ခွပန်းနံ့က အခန်းထဲတွင် ပြန့်လွင့်နေသည်။ ရေခဲတုံးလေးများနှင့် ဇွန်းတို့၏ ခေါက်သံကို ကြားရသောအခါ ဝေရှောင်ပေါင်၏ ပါးစပ်က တံတွေးများ ကျလာသည်။
သူ့ရဲ့ မျက်နှာအမူအရာကို သတိထားမိလိုက်သောအခါ ကျန်းနင်က လက်ကို ဝှေ့ယမ်းပြီး ပြောသည် “ဝေမြို့စားကိုလည်း ရေငတ်ပြေအောင်လို့ ဖျော်ရည် တစ်ပန်းကန် ပေးလိုက်၊”
ဝေရှောင်ပေါင်က အလွန် ပျော်ရွှင်စွာနဲ့ ရေခဲဇီးဖျော်ရည်ကို ယူပြီး အားရပါးရ သောက်လိုက်သည်၊ အေးမြတဲ့ ခံစားချက်က ရင်ထဲထိ တိုက်ရိုက် ရောက်ရှိသွားပြီး ပြောမပြနိုင်လောက်အောင် သက်သောင့်သက်သာ ဖြစ်သွားသည်၊ စိတ်ထဲကလည်း တွေးလိုက်သည် “ဒီ ရေခဲဇီးဖျော်ရည်တစ်ပန်းကန်အတွက် နောက်ဆိုရင် မင်းကို မျိုးမစစ်လို စိတ်ထဲက မဆဲတော့ဘူး…” ခဏနေဦး၊ ဘာလို့ ဒီလောက်တောင် မူးလာတာလဲ၊ “ဒုန်း”ဆိုတဲ့ အသံနဲ့ ဝေရှောင်ပေါင် စားပွဲပေါ်ကို ခေါင်းငိုက်စိုက်ကျသွားပြီး သတိလစ်သွားသည်။