အခန်း (၁၂၄) စိတ်လှုပ်ရှားဖွယ်ည(အပိုင်း ၃)
"ဟမ့်!" ပြတင်းပေါက်အပြင်ဘက်မှ အေးစက်စက် အသံတစ်သံ ရုတ်တရတ် ထွက်ပေါ်လာသည်။
အစောပိုင်းက လော့ပင်း၏ အော်ဟစ်ငြီးငြူမှု့သည် စုန့်ချင်းရှု၏ စိတ်ထဲတွင် အနည်းငယ်မျှပင် လှုပ်ရှားမှု မဖြစ်စေခဲ့ပေ။ သို့သော် ဤညင်သာသော နှာမှုတ်သံလေးကတော့ မှော်အတတ်တစ်ခုလိုပင် စုန့်ချင်းရှု၏ တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွားပြီး လော့ပင်း၏ ကိုယ်ထဲမှ ထွက်လာကာ ပြတင်းပေါက်အပြင်ဘက်သို့ သတိထား၍ ကြည့်လိုက်သည်။
လော့ပင်း လွတ်မြောက်သည်နှင့် ချက်ချင်းပင် သူမ၏နှုတ်ခမ်းနီနီလေးကို တင်းတင်းကိုက်ကာ ကုတင်ပေါ်တွင် ပြန့်ကျဲနေသော အဝတ်အစားများကို ကောက်ယူပြီး တိတ်ဆိတ်စွာ ဝတ်ဆင်လိုက်သည်။ သူမ အဝတ်အစားများ ဝတ်ပြီး အခန်းဝတွင် ပျောက်ကွယ်သွားသည်အထိ စုန့်ချင်းရှုက လုံးဝ တားဆီးရန် မရည်ရွယ်ခဲ့ပေ။
"ငါတို့ ပြန်ဆုံတာ ဒီလို အခြေအနေမျိုးမှာ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။" စုန့်ချင်းရှု ခါးသီးစွာပြုံးလိုက်ပြီး "အခုတလော ငါ့ကံက အညံထဲရောက်နေတယ်၊ ကောင်းကင်တံတားမှာ ဗေဒင်ဆရာတစ်ယောက် သွားရှာပြီး ကံဆိုးတာတွေကို ဖယ်ရှားရမယ် ထင်တယ်။ " ဟု စိတ်ထဲကနေ တွေးလိုက်သည်။
"ဒီလောက်ကြာပြီ၊ ရှင်က အရင်အတိုင်း ယုတ်မာနေတုန်းပဲ။ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ဒီလို စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းတွေကို အားကိုးနေသေးတယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။"
"ဘမ်း!" အခန်းတံခါးကို မြင်နိုင်စွမ်းမရှိသော အားအင်တစ်ခုကတွန်းဖွင့်လိုက်သည်။ မြေပြင်သို့ ထိနေသော အစိမ်းရောင်ဂါဝန်နှင့်အတူ ဖြူစင်လှပသော အမျိုးသမီးတစ်ဦး ဝင်လာသည်။ မျက်လုံးများက တောက်ပကြည်လင်ပြီး လရောင်က ပါးလွှာသော ဂါဝန်ကြားမှ မှိန်ပျပျ ထိုးဖောက်ဝင်ရောက်လာရာ ချန်အဲ(လနန်းတော်)နန်းတော်မှ နတ်သမီးလေး ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။
သူမ၏ မွေးရာပါ ကျက်သရေရှိသော နတ်သမီးဆန်သည့် ဆွဲဆောင်မှုသည် စုန့်ချင်းရှုကို ချစ်လည်းချစ်၊ မုန်းလည်းမုန်းစေခဲ့သည်။ စုန့်ချင်းရှု စောင်ကို ဆွဲယူကာ သူ့ကိုယ်ပေါ်တွင် ဖုံးအုပ်လိုက်ပြီး သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ ခါးသီးစွာပြုံး၍၊ "မင်း အခုထက်စောစောရောက်လာမယ်လို့ ထင်ခဲ့တာ။"
ကလေးနှစ်ယောက်၏ လှည့်စားခြင်းကို ခံရပြီး ချန်ပိုင်တောင် ရေခဲပြင်ထဲတွင် နှစ်ဝက်လောက် နေခဲ့ရတာကို တွေးမိသောအခါ အမျိုးသမီး၏ ပါးပြင်လေး နီမြန်းသွားသည် "အခု ရှင်ရဲ့ ခွေးအသက်ကို လာယူတာလည်း နောက်မကျသေးပါဘူး။"
" ခွေး ခွေးနဲ့ မပြောပါနဲ့။ ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က လင်မယားတွေပဲ။ ငါသာ ခွေးဆိုရင် မင်းက ဘာလဲ?" စုန့်ချင်းရှု သူမကို မုန်းတီးစွာ ကြည့်လိုက်သည်။
သူ့ရှေ့က နတ်သမီးတစ်ပါးလို အမျိုးသမီးကတော့ စုန့်ချင်းရှုရဲ့ မူလဇနီး ကျိုးကျစ်လော့ပဲ ဖြစ်သည်။ အရင်က စုန့်ချင်းရှုနဲ့ တစ်ညတာ လွန်လွန်ကျူးကျူးဖြစ်ခဲ့ပြီးနောက် စုန့်ချင်းရှုကို တစ်စစီ ခုတ်ထစ်ပြီး ကမ္ဘာအဆုံး လိုက်လံ သတ်ပစ်မည်လို့ ကျိန်ဆိုခဲ့သူ ဖြစ်သည်။
နောက်ဆုံးတော့ ဆေးဘုရင်စံအိမ်မှာ ဟူဖေးလေးနဲ့ လင်စူတို့က သူ့ကို လျောင်တုံးဒေသရဲ့ ရာသီဥတု ဆိုးရွားသော အေးခဲသည့် အရပ်ဒေသသို့ လှည့်စား၍ လမ်းညွှန်လိုက်သည်။ မကြာသေးမီက စုန့်ချင်းရှုသည် မန်ချူးဒေသတွင် နာမည်ကြီးလာပြီး ကျိုးကျစ်လော့သည် တိုက်ဆိုင်စွာပင် တည်းခိုခန်းတစ်ခု၌ အရက်သမားများ၏ စကားပြောသံကို ကြားခဲ့ရာ စုန့်ချင်းရှုသည် မန်ချူးဘုရင်နန်းတော်အတွင်း၌ ရှိနေကြောင်း သိရှိခဲ့သည်။
"မှန်တယ်။ ကျွန်မ မျက်စိကန်းလို့ ရှင့်ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တာ။" ကျိုးကျစ်လော့ အေးစက်စက် ပြုံးသည်၊ "ကျွန်မ အရင်က 'ကမ္ဘာပေါ်က လူအားလုံး ကျွန်မကို သစ္စာဖောက်ရင်တောင် စုန့်ချင်းရှုက ကျွန်မကို သစ္စာဖောက်မှာ မဟုတ်ဘူး' လို့ ပြောခဲ့တာ။ အခုတော့ တကယ်ပဲ လှောင်ရယ်စရာ ဖြစ်နေပြီ။"
“မင်းက ငါ့ကို လက်ထပ်ခဲ့တာကို မင်းကိုယ်တိုင်လည်း သိသားပဲ” စုန့်ချင်းရှု၏ စိတ်ခံစားမှုများ ထိန်းချုပ်မရ ဖြစ်လာသည် “ရှောင်ရှီးတောင်ပေါ်မှာ မင်းနဲ့ ကျန်ဝူကျိတို့ လုပ်ခဲ့တာတွေကို ငါ မသိဘူးလို့ မထင်နဲ့”
"ကျွန်မနဲ့ သူနဲ့ စည်းမကျော်ခဲ့ဘူးဆိုတာ ရှင်လည်းသိတာပဲ။" ကျိုးကျစ်လော့ မျက်တောင်လေးများ တုန်ယင်သွားပြီး သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
"ငါ မသိခဲ့ဘူး။ အဲဒီညပြီးမှ သိခဲ့တာ!" စုန့်ချင်းရှု မျက်နှာပေါ်မှာ ထိန်းမရသော အပြုံးတစ်ခု ပေါ်လာသည်၊ "ပြီးတော့ အဲ့ဒီအချိန်ကတည်းက သိခဲ့ရင်တောင် ငါ အရင်က လုပ်ခဲ့တာတွေကို နောင်တရမှာ မဟုတ်ဘူး။ မင်းရဲ့ ပထမဆုံး အကြိမ်ကို(first time) ရခဲ့တာ။ နောက်ပိုင်း မင်းနဲ့ ကျန့်ဝူကျီ ဘယ်လိုပဲ ဖြစ်ဖြစ် သူက ငါ့ရှေ့မှာ အမြဲတမ်း ရှုံးနိမ့်တဲ့သူပဲ။"
စုန့်ချင်းရှုကို အေးစက်စက် စိုက်ကြည့်နေသော ကျိုးကျစ်လော့က "ရှင် ပျော်လို့ ဝပြီလား? ကျွန်မရဲ့ တစ်ဘဝလုံးစာ ပျော်ရွှင်မှုက ရှင့်လက်ထဲမှာ ပျက်စီးသွားခဲ့ပြီ... အဲဒီညက ကျွန်မ ပြောခဲ့တယ်။ တစ်နေ့တော့ ရှင်ကို တစ်စစီ လုပ်ပစ်မယ်လို့။"
ဒီနေ့ ဒီလို မြန်မြန်ဆန်ဆန် ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး”
“မင်းရဲ့ ပျော်ရွှင်မှု!” စုန့်ချင်းရှု အသက်ရှူနှုန်း မြန်လာသည်၊ ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်သည်၊ “မင်းရဲ့ ပျော်ရွှင်မှုက ခင်ပွန်းဖြစ်တဲ့ ငါက ပေးရမှာမဟုတ်ဘူးလား၊ ခင်ပွန်းဖြစ်သူက အသက်အန္တရာယ် ရှိနေချိန်မှာ သူ့နောက်ကွယ်ကနေ ရည်စားဟောင်းနဲ့ မဖောက်ပြန်သင့်ဘူး”
“ရှင် ပြောလို့ ပြီးပြီလား” ချန်ပိုင်တောင်မှာ အတော်ကြာကြာနေခဲ့လို့လား မသိ၊ အခုတော့ ကျိုးကျစ်လော့၏ လေသံသည် ရေခဲထက်ပင် ပို၍ အေးစက်နေပြီး အသက်မဲ့နေသည်။ "ဒီစကားတွေ ပြောနေတာ အခု အဓိပ္ပာယ် ရှိသေးတယ်လို့ ရှင် ထင်လား"
စုန့်ချင်းရှု အံ့သြသွားသည်။ "ဟုတ်တယ်။ မင်း ဒီလောက်တောင် အရာရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ငါက ယုတ်ညံတဲ့လူပဲ" ။ သူတို့နှစ်ဦး၏ ဆက်ဆံရေးက ရှုပ်ထွေးလှသည်။ ကိုယ့်ဘက်ကနေ ကြည့်လျှင် နှစ်ဦးစလုံး၏ လုပ်ရပ်သည် လုံးဝမှားသည်ဟု မဆိုနိုင်သော်လည်း သူတို့နှစ်ဦး၏ လုပ်ရပ်များက တစ်ယောက်နှင့်တစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ရည်ရွယ်ချက်မရှိဘဲ အလွန်နာကျင်စေခဲ့သည်။
လောကတွင် ကိစ္စအတော်များများသည် မှန်သည်၊ မှားသည်ဟူ၍ မရှိဘဲ၊ ရပ်တည်ချက် ကွဲပြားမှုသာ ရှိသည်။
"ဒါဆိုရင်" ကျိုးကျစ်လော့၏ နှုတ်ခမ်းစွန်းများ အနည်းငယ် ကော့ညွတ်သွားပြီး "ရှင် သေလိုက်တော့" ဟု ပြောသည်။
စကားဆုံးသည်နှင့် ကျိုးကျစ်လော့၏ ကိုယ်ခန္ဓာသည် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားသွားသည်။ အစိမ်းရောင်လက်ရှည်အင်္ကျီအတွင်းမှ ဖြူဖွေးနူးညံ့သော လက်ဖျားလေးများ ထွက်လာပြီး စုန့်ချင်းရှု၏ ခေါင်းပေါ်သို့ လက်ငါးချောင်းဖြင့် ချက်ချင်း ထိုးဖောက်လိုက်သည်။ သူမ၏ သိုင်းပညာသည် စုန့်ချင်းရှု မြင်ဖူးသမျှ သိုင်းပညာရှင်တိုင်းထက် မနိမ့်ပေ။
စုန့်ချင်းရှု၏ မျက်နှာ ပြောင်းလဲသွားပြီး၊ သူ၏ အမြင်က အရင်ကနှင့် မတူတော့ပေ။ လက်ကို မြှောက်ကာ ကျိုးကျစ်လော့၏ သွေးကြောကို ဆုပ်ကိုင်လိုက်သည်။
ကျိုးကျစ်လော့၏ မျက်နှာတွင် လှုပ်ရှားမှု မရှိဘဲ သူမ ကြိုသိထားသည့်အတိုင်းပင် ဘယ်ဘက်လက်ဖဝါးဖြင့် ရုတ်တရက် တိုက်ခိုက်လာသည်။
စုန့်ချင်းရှုက လက်ဖဝါးဖြင့် ပြန်တိုက်ခိုက်လိုက်ရာ ခပ်အုပ်အုပ်အသံ ထွက်လာပြီးနောက် ကျိုးကျစ်လော့က နောက်ပြန်လှည့်ကာ ပေါ့ပါးစွာဖြင့် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားသည်။
စုန့်ချင်းရှုကမူ သွေးတစ်ပွက်အန်လိုက်သည်။ မနေ့က ဝမ်ထိုက်လိုင်၏ မိုးကြိုးလက်ဝါးကြောင့် ဒဏ်ရာရခဲ့ပြီး တစ်ညတာ ကုသခဲ့သော်လည်း လော့ပင်းကဲ့သို့သော သိုင်းပညာရှင်ကို ကိုင်တွယ်ရန်သာ အဆင်ပြေသည်။ ကျိုးကျစ်လော့ကမူ ခြင်္သေ့သတ်ပွဲတွင် ကမ္ဘာ့ထိပ်တန်း သိုင်းပညာရှင်ဘွဲ့ကို ရရှိခဲ့သောသူဖြစ်သည်။ ကျန်းဝူကျိက တမင်တကာ အရှုံးပေးသည့် အကြောင်းအရင်းများ ပါဝင်နေသော်လည်း၊ သူမ၏ သိုင်းပညာသည် လော့ပင်းနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ကွာခြားလှသည်။
"ရှင့်ရဲ့ ယင်ကိုးပါးသိုင်းကျမ်းက ဒီအဆင့်ထိ ရောက်နေပြီလား" ကျိုးကျစ်လော့၏ မျက်နှာတွင် စိုးရိမ်မှုတစ်စွန်းတစ်စ ပေါ်လာသည်။
“ချစ်ရတဲ့ ဇနီးက အချိန်တိုင်း လိုက်သတ်နေတာကို သိရဲ့သားနဲ့ ဘယ်လိုလုပ် သိုင်းပညာကို ကြိုးစားပြီးမလေ့ကျင့်ပဲ နေနိုင်မှာလဲ” နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်လိုက်ပြီး စိတ်ထဲက ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်နေသည်၊ မကြာသေးမီက ရာသီသွေးဆင်းသလို နေ့တိုင်း သွေးအန်နေရတာ ဘာဖြစ်တာလဲ။
စောစောက တိုက်ခိုက်မှုတွင် စုန့်ချင်းရှုက ကျိုးကျစ်လော့၏ တိုက်ခိုက်မှုကို လက်နှစ်ဖက်ဖြင့် ကာကွယ်ခဲ့သဖြင့် ကိုယ်ပေါ်တွင် အုပ်ထားသော စောင်က ခါးအထိ လျော့ကျသွားသည်။ သူ၏နံရိုးပေါ်မှ လက်ဝါးရာကို သတိပြုမိသောအခါ ကျိုးကျစ်လော့ မျက်မှောင်ကြုတ်ကာ "ရှင် ဒဏ်ရာရထားလား" ဟု မေးသည်။
စုန့်ချင်းရှုက မတတ်သာစွာ ခေါင်းညိတ်လိုက်သည်။ "ဒါကြောင့် မင်း ကံကောင်းတာပေါ့၊ အချိန်ကိုက်ရောက်လာတာပဲ" ဟု ပြောသည်။
"သူ့နာမည်ကို ပြောပြပါ" ကျိုးကျစ်လော့က ညင်သာစွာ ပြောသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ကျွန်မခင်ပွန်းပဲ၊ ရှင့်ကို သတ်ပြီးရင် ကျွန်မ သူ့ကို သွားသတ်ပေးမယ်၊ ဒါမှ ရှင် စိတ်ဖြောင့်ဖြောင့်နဲ့သေနိုင်အောင်"
"ကိုယ့်ဇနီးလက်ချက်နဲ့ သေမှတော့ စိတ်ဖြောင့်ဖြောင့်သေနိုင်မှာမဟုတ်ဘူး" စုန့်ချင်းရှုက ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး ဘေးနားရှိ သစ်သားဓားကို လက်ထဲသို့ ဆွဲယူလိုက်ကာ အပြုံးဖြင့် "ဒါမှမဟုတ် အတူတူပဲ သေကြရတာပေါ့။ ဒါမှ ငရဲကိုသွားတဲ့လမ်းမှာလည်း အထီးမကျန်တော့ဘူး"
"ရှင့်ရဲ့ သိုင်းပညာက ကျွန်မ သင်ပေးတာတွေချည်းပဲ။ ရှင် ဒီကြားထဲ ဘာတွေ သင်ယူထားလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလဲဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်" ကျိုးကျစ်လော့၏ မျက်နှာ တင်းမာသွားပြီး ယင်ကိုးပါးအရိုးဖြူလက်သည်းဖြင့် အစွမ်းကုန် တိုက်ခိုက်တော့သည်။
စုန့်ချင်းရှုလည်း ယင်ကိုးပါးအရိုးဖြူလက်သည်းသိုင်းပညာကို တတ်မြောက်သော်လည်း ၎င်းဖြင့် တဖက်လူကိုပြန်လည် တိုက်ခိုက်ရန်ထိ ရူးမည်မဟုတ်ပေ။ သူ တိုက်ခိုက်သောအခါ လက်သည်းအရိပ်များ ပြန့်ကျဲနေသော်လည်း ကျိုးကျစ်လော့က ယင်အရိုးဖြူလက်သည်းကို အသုံးပြုသောအခါ တစ္ဆေတစ်ကောင်နှယ် ဖြစ်ပြီး တိုက်ကွက်တစ်ခုပင် မပြီးဆုံးသေးဘဲ အခြားလက်တစ်ဖက်က မယုံနိုင်စရာ ထောင့်မှ တိုက်ခိုက်လာသည်။
စုန့်ချင်းရှုက မျက်နှာထားတည်စွာဖြင့် သစ်သားဓားကို မြှောက်ပြီး လက်သည်းအရိပ်များ၏ အားနည်းချက်များပေါ်သို့ ဓားထိပ်ဖြင့် ထိုးနေသည်။
"ဟင်" ကျိုးကျစ်လော့က သူမ၏ တိုက်ခိုက်မှုများ ဆက်တိုက် ပျက်စီးသွားသည်ကို မြင်သောအခါ အံ့သြသွားပြီး စုန့်ချင်းရှုကိုကြည့်လိုက်သည်။ သို့သော် စုန့်ချင်းရှု၏ လက်လှုပ်ရှားမှုများက တဖြည်းဖြည်း အားနည်းလာသည်ကို ခံစားမိသောအခါ အတွင်းဒဏ်ရာကြောင့် ဖြစ်မှန်းသိလိုက်သည်။ အသက်ရှူရန် အခွင့်အရေး အနည်းငယ်မျှပင် မပေးတော့ဘဲ သူ့နံရိုးရှိ ဒဏ်ရာကို ဦးတည်ပြီး ဆက်တိုက် တိုက်ခိုက်လိုက်သည်။
အစောပိုင်းက စုန့်ချင်းရှု အရေးကြီးသောအဆင့်(ပြီးကာနီး)သို့ ရောက်နေစဉ် ကျိုးကျစ်လော့ ရုတ်တရက် ရောက်လာသဖြင့် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်ခဲ့ရသည်။ သူ၏သွေးများဆူပွက်နေပြီး ကျိုးကျစ်လော့၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ဒဏ်ရာက ပြန်လည် ပေါက်ကွဲလာသည်။
"ရက်စက်တဲ့ မိန်းမ၊ မင်းက ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး လူတစ်ယောက် ဒုက္ခရောက်နေချိန် အခွင့်အရေးယူပြီး တိုက်ခိုက်တာထားတော့၊ ငါ့ ဒဏ်ရာရှိတဲ့နေရာကိုပဲ တိုက်ခိုက်နေတာ ဘာအဓိပ္ပာယ်လဲ" စုန့်ချင်းရှုက ကာကွယ်ရင်း ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
"အရှက်မရှိတဲ့လူကို ကိုင်တွယ်ဖို့ ဘယ်နည်းလမ်းကိုမဆို သုံးရမှာပဲ" ကျိုးကျစ်လော့က လုံးဝ ဂရုမစိုက်ဘဲ ပို၍ပင် ပြင်းထန်စွာ တိုက်ခိုက်သည်။
စုန့်ချင်းရှုက မသက်မသာ ခံစားလိုက်ရပြီး၊ သတိလွတ်သွားသောအခါ သစ်သားဓားကို သူမ၏ ဘယ်ဘက်လက်ဖြင့် ထိန်းချုပ်ခံလိုက်ရပြီး လည်ပင်းကို ယင်အရိုးဖြူလက်သည်းဖြင့် ချုပ်ထားလိုက်သည်။
"လုံလောက်ပြီ ၊ လုံလောက်ပြီ လာတော့လည်း ဘာမှမပါဘူး(ကိုယ်တုံးလုံးနဲ့) ပြန်တော့လည်း ဘာမှမပါဘူး(ကိုယ်တုံးလုံးနဲ့)။ ၁၈ နှစ်ကြာရင် သူရဲကောင်းတစ်ယောက် ပြန်ဖြစ်လာဦးမှာပဲ" စုန့်ချင်းရှုက လက်ထဲမှ သစ်သားဓားကို မြေပေါ်သို့ ပစ်ချလိုက်ပြီး ဘယ်ဘက်လက်ဖြင့် ခါးမှ စောင်ကို ဖယ်လိုက်သည်။
ကျိုးကျစ်လော့က တစ်ဖက်လူ၏ နိုင်ကွက်ကို ချုပ်ထားနိုင်ပြီဖြစ်သဖြင့် စိတ်သက်သာရာရသွားပြီး တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ခုခံခြင်းကို လက်လျှော့လိုက်သော စုန့်ချင်းရှု၏ ပုံစံကို မြင်သောအခါ စကားပြောရန် ပြင်ဆင်နေစဉ် စုန့်ချင်းရှု စောင်ကိုတခါတည်း ဖယ်ပစ်လိုက်မယ်လို့ မမျှော်လင့်ခဲ့ပေ။
ကျိုးကျစ်လော့က အလိုအလျောက် စွေ့ကနဲ ကြည့်လိုက်ရာ စုန့်ချင်းရှုမှာ အဝတ်အစား မဝတ်ရသေးသဖြင့် အောက်ပိုင်း ဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။ ရွံရှာဖွယ်ကောင်းသော တစ်စုံတစ်ရာက ခေါင်းမော့ကာ ဒေါသတကြီး စိုက်ကြည့်နေသည်။
သူမသည် စုန့်ချင်းရှုနှင့် အရင်က အတူနေခဲ့ဖူးသော်လည်း ထိုညက အရှက်ရခြင်းနှင့် ဒေါသမှလွဲ၍ တခြားအရာကို သတိမထားမိပေ။ သူမသည် ယခုချိန်အထိ ငယ်ရွယ်နုပျိုသော မိန်းကလေး၏ သိမ်မွေ့သော နှလုံးသားကို ထိန်းသိမ်းထားဆဲဖြစ်ရာ စိတ်ထဲတွင် ရှက်ရွံ့ခြင်းနှင့် ဒေါသကြောင့် သူမ အလိုအလျောက် ခေါင်းလှည့်သွားမိသည်။
စုန့်ချင်းရှုက ဒီအခွင့်အရေးကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူမ စိတ်ရှုပ်ထွေးနေချိန်တွင် လက်ညှိုးဖြင့် သူမ၏ ချိုင်းအောက်ရှိနေရာကို ထိုးလိုက်သည်။
ကျိုးကျစ်လော့၏ မျက်လုံးများတွင် မကျေမနပ်မှုများ ပြည့်နှက်နေသော်လည်း ကိုယ်ခန္ဓာက ပျော့ခွေသွားပြီး စုန့်ချင်းရှု၏ ရင်ခွင်ထဲသို့ ဖြည်းဖြည်းချင်း လဲကျသွားသည်။
စုန့်ချင်းရှုက ယခု တိုက်ခိုက်ခဲ့ခြင်းအပေါ် သူ၏စွမ်းအားများ အစွမ်းကုန် အသုံးပြုခဲ့ပြီး သူမ၏ နူးညံ့သော ကိုယ်ခန္ဓာကို ပွေ့ဖက်ရင်း စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေသည်။ "သိုင်းပညာ ဘယ်လောက်ပဲ တော်နေပါစေ၊ မီးဖိုချောင်သုံးဓားကို ကြောက်ရတာပဲ။ အရင်ဘဝက ရုပ်ရှင်ထဲမှာ ဂျက်ကီချန်းရဲ့ ရယ်စရာကောင်းတဲ့ အမျိုးမျိုးသော လှုပ်ရှားမှုတွေကို မြင်ခဲ့ဖူးတယ်။ ဘေးနားက ပစ္စည်းတစ်ခုကို လှမ်းဆွဲပြီး လက်နက်အဖြစ် အသုံးပြုတာတွေ၊ လက်ထဲ ရောက်လာတဲ့ ဘာမဆို လက်နက်အဖြစ် သုံးနိုင်တယ်၊ တိုက်ကွက်တွေက ယုတ်မာပြီး ရယ်စရာကောင်းတယ်။ အဲဒါကို အရင်က အလေးမထားခဲ့ဘူး၊ ပြဇာတ်ကနေထွက်လာတဲ့သူလို့သာ သဘောထားခဲ့တယ်။ အခု သိုင်းပညာ လေ့လာပြီးမှသာ ဘယ်အရာကိုမဆို အဆုံးအစွန်ထိ အသုံးပြုပြီး ဘေးက အရာအားလုံးကို လက်နက်အဖြစ် အသုံးပြုနိုင်ခြင်းသည် အသက်လုတိုက်ပွဲ၏ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း နားလည်သဘောပေါက်လာခဲ့သည်။
ကျိုးကျစ်လော့၏ လှပသော မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသည်ကို မြင်သောအခါ စုန့်ချင်းရှုက သူမ၏ ကိုယ်ခန္ဓာရှိ သွေးကြောမှတ် အတော်များများကို ထပ်၍ပိတ်လိုက်ပြီး ပြုံးလျက် "ငါလည်း ယင်ကိုးပါသိုင်းကျမ်းကို လေ့လာခဲ့ဖူးတယ်။ မင်းအနေနဲ့ အကြောပိတ်ထားတာကို ပြန်ဖြေဖို့ အတွက် နည်းနည်းတော့လိုသေးတယ်" ဟု ပြောသည်။
သူမကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိသောအခါ စုန့်ချင်းရှုက ချက်ချင်း ထိုင်လိုက်ပြီး ဒဏ်ရာကို ကုသတော့သည်။ ယခုအခါ သူ၏ ချီစွမ်းအင်များ လုံးဝ ကုန်ခန်းနေပြီး လျင်မြန်စွာ ပြန်မကောင်းပါက လော့ပင်းသာ ပြန်လာခဲ့လျှင် သူ အကြီးအကျယ် ဒုက္ခရောက်မည်ဖြစ်သည်။
ကျိုးကျစ်လော့၏ စိတ်ထဲတွင် နောင်တများ ပြည့်နှက်နေသည်။ ဘာကြောင့် သူ့လည်ပင်းကို တစ်ချက်တည်းနှင့် မချိုးပစ်ဘဲ တုံ့ဆိုင်းနေခဲ့မိသလဲဟု ကိုယ့်ကိုကိုယ် အပြစ်တင်နေသည်။
လူ့စိတ်က ဒီလိုပင်။ လက်စားချေဖို့ အမြဲတမ်း စိတ်ကူးထားခဲ့သော်လည်း တကယ် လက်စားချေဖို့ အခွင့်အရေး ရောက်လာသောအခါ ရန်သူကို အလွယ်တကူ သေခွင့်မပေးလိုတော့ပေ။ ကျိုးကျစ်လော့သည် ဤကဲ့သို့ပင် မတူညီသော စိတ်ခံစားမှုများကြောင့် စုန့်ချင်းရှုကို အနိုင်ရစေခဲ့ခြင်း ဖြစ်သည်။
သူ ကုသမှု စတင်နေသည်ကို မြင်သောအခါ ကျိုးကျစ်လော့သည်လည်း သွေးကြောများကို ပြန်ဖွင့်ရန် အတွင်းအားကို အသုံးပြု၍ စတင် ထိုးဖောက်တော့သည်။ စုန့်ချင်းရှုသည် အတွင်းအားလုံးဝကုန်ဆုံးနေ ပြီဖြစ်ကြောင်း သူမ သိသည်။ သူမသာ သွေးကြောများကို ဖွင့်နိုင်ခဲ့ပါက စုန့်ချင်းရှု ပြန်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း သူမကို စိတ်မသက်မသာြဖစ်စေသည်မှာ စုန့်ချင်းရှု၏ ရင်ခွင်ထဲ လဲကျပြီးနောက် စုန့်ချင်းရှုမှာ ဒဏ်ရာကုသနေသဖြင့် သူမ၏ ခေါင်းသည် သူ့၏ပေါင်ပေါ်တွင် မှီထားရသည်။ ထို့ပြင် စောစောက သူမကို ရှက်ရွံ့ဒေါသထွက်စေခဲ့သော မကောင်းသော ထိုအရာက သူမ၏ ဖြူဖွေးသော ပါးပြင်နားတွင် ပွတ်တိုက်နေသည်။
သူမ၏ ပါးပြင်ပေါ်သို့ ရောက်လာသော ပူနွေးသော အငွေ့အသက်များက သွေးကြောများကို ဖွင့်ရန်အတွက် အာရုံစိုက်ဖို့ ခက်ခဲစေသည်။ သူမက မုန်းတီးစွာဖြင့် "ဒီရွံစရာကောင်းတဲ့ အရာကို ဖယ်ပေး" ဟု ပြောသည်။
"ခုဏက ပြန်ပြီးအနိုင်ရခဲ့တာ ဒီကောင့်ကျေးဇူးကြောင့်ပဲ။ အသက်ကို ကယ်တဲ့ ကျေးဇူးက ကောင်းကင်ထက် ကြီးမြတ်တယ်။ အခုမှ ငါက သူ့ကို ဘယ်လိုလုပ် စွန့်ပစ်နိုင်မလဲ" စုန့်ချင်းရှုက မျက်လုံးပင် မဖွင့်ဘဲ ဂရုမစိုက်သလို ပြောလိုက်သည်။