အခန်း (၁၂၃) စိတ်လှုပ်ရှားဖွယ်ည (အပိုင်း၂)
လော့ပင်းသည် မိမိခင်ပွန်း သို့မဟုတ် ဂိုဏ်းမှ အခြားညီအစ်ကိုများကို ကယ်တင်ရန်အတွက် သူမ၏ခန္ဓာကိုယ်ကို ဆန္ဒအလျောက် စွန့်လွှတ်သည်ကို လက်ခံနိုင်သော်လည်း၊ မိမိခင်ပွန်းကိုယ်တိုင်က သူမကို စွန့်လွှတ်ရန် ဆုံးဖြတ်သည်ကိုမူ လက်မခံနိုင်ပေ။
"ဒီလိုဆိုရင် ပန်းနီဂိုဏ်းသားတွေကို ရှင် ကယ်ထုတ်သွားခဲ့ပြီပေါ့" လော့ပင်း မည့်သည့် အမူအရာမှမပြပဲ အကြည့်ကို အောက်ချကာ မေးသည်။
စုန့်ချင်းရှု ခေါင်းညိတ်သည်၊ "ဟုတ်တယ်၊ သူတို့ မနေ့ကတည်းက နန်းတော်က ထွက်သွားပြီ။"
"ဒီလိုဆိုရင် ရှင် ဘာလို့ ကျွန်မကို လိမ်တာလဲ?" လော့ပင်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ရင်း ပြုံးလိုက်သည်၊ "ဒီမေးခွန်းက တကယ်ကို တုံးအတဲ့မေးခွန်းပဲ။ကျွန်မ မမေးဖူးဘူးလို့ပဲ သဘောထားလိုက်ပါ။”
စုန့်ချင်းရှု၏ စိတ်ထဲတွင် ရှချင်းချင်းကို စိုးရိမ်နေသည်။ အခုအချိန်က မသင့်လျော်မှန်း သိသော်လည်း မေးလိုက်သည်၊ "မနေ့က ယွမ်သခင်မနဲ့ ဘာတွေ ပြောခဲ့တာလဲ?"
"ဟုတ်တယ်။ ဘေးက ကြည့်တဲ့သူက ပိုမြင်ရတယ်။ ရှင် သူ့ကို အမြဲတမ်း လှည့်စားပြီး ဆက်ဆံနေတာပဲဆိုတာ ကျွန်မ ထောက်ပြလိုက်တာ။" လော့ပင်း မျက်နှာပေါ်တွင် လက်စားချေရသည့် ပျော်ရွှင်မှု အနည်းငယ် ပေါ်လာသည်၊ "သူမ နားလည်သွားပြီဆိုတော့ သူမအတွက် တကယ် လက်စားချေပေးနိုင်တဲ့ လူကို သွားရှာတာပေါ့။"
"ဒါဆို သူမ ယန်ကျင်းမြို့က ထွက်သွားပြီလား?" စုန့်ချင်းရှု ဒေါသကို ထိန်းချုပ်ကာ မေးသည်။ ရှချင်းချင်း မသွားခင် နှုတ်ဆက်စကားတောင် မပြောခဲ့တာကို တွေးမိတော့ ပိုလို့တောင် ဒေါသထွက်လာသည်။
"ဟုတ်တာပေါ့။ ရှင် သူ့ကို အမြဲတမ်း လိမ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကမ္ဘာမှာ ရှင်တစ်ယောက်တည်းကပဲ သူ့အတွက် လက်စားချေပေးနိုင်တဲ့ ယောက်ျား မဟုတ်ဘူး။ ဒါကို ယွမ်သခင်မ နားလည်သွားတော့ အဲဒီလူကို သွားရှာတာပေါ့။"
စုန့်ချင်းရှု၏ နာကျင်နေသော အမူအရာကို မြင်သောအခါ လော့ပင်းသည် လက်စားချေရတာ မလုံလောက်သေးဟု ခံစားရသည်။ ယောက်ျားတစ်ယောက်ကို ဘယ်အရာက ဒေါသအထွက်ဆုံး ဖြစ်စေသလဲ။ သူနှစ်သက်သော အမျိုးသမီး၏ ဘဝထဲတွင် အခြားအရေးပါသော ယောက်ျားတစ်ယောက် ပေါ်လာခြင်းပင် ဖြစ်သည်။
"အဲဒီလူက ဘယ်သူလဲ?" စုန့်ချင်းရှု ဖြည်းဖြည်းချင်း လော့ပင်းဆီ ချဉ်းကပ်သွားပြီး သွားကြားထဲမှ ထွက်သောလေသံဖြင့်မေးလိုက်သည်။
ရှချင်းချင်းသည် စုန့်ချင်းရှု၏ အချိန်အတော်ကြာ စီစဉ်ခဲ့သော စီစဉ်မှုတွင် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မင်ဂိုဏ်းခေါင်းဆောင် ကျန်းဝူကျိနှင့် ယှဉ်ပြိုင်နိုင်သော ခွန်အားကို ရယူရန် စုန့်ချင်းရှုသည် ခေါင်းဆောင်မဲ့ ရွှေမြွေစခန်းကို စောစောစီးစီးပင် ပစ်မှတ်ထားခဲ့ပြီး ရှချင်းချင်းသည် အဓိက လိုအပ်ချက်ဖြစ်သည်။ ရှချင်းချင်း၏ စိတ်ရောကိုယ်ပါ အပြည့်အဝ ထောက်ခံမှု မရရှိပါက အရာအားလုံးသည် အလကားပင် ဖြစ်သည်။
ရှချင်းချင်းသည် သူ၏ လက်ထဲသို့ ကျရောက်တော့မလိုဖြစ်နေစဉ် လော့ပင်း၏ စကားအနည်းငယ်ကြောင့် ထွက်သွားခဲ့သဖြင့် စုန့်ချင်းရှု၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာသည်။
"ရှင် ကိုယ့်ဘာသာ ကိုယ် တဖြည်းဖြည်း ခန့်မှန်းကြည့်ပေါ့။ ရှင် ခန့်မှန်းလို့ရတဲ့အချိန်ကျရင် ယွမ်ကတော်က တခြားယောက်ျားတစ်ယောက်ရဲ့ ကုတင်ပေါ်မှာ ရှိနေလောက်ပြီ" လော့ပင်းက ကျေနပ်စွာဖြင့် အေးစက်စက်ပြုံးလိုက်သည်။ သူမသည် ခင်ပွန်းဖြစ်သူက သူမကို စွန့်ပစ်ခဲ့သည်ကို မုန်းသော်လည်း၊ ယခုလက်ရှိ သူ့ရှေ့ရှိလူသည်သာ အရာအားလုံး၏ တရားခံဖြစ်ကြောင်း သူမ စိတ်ထဲတွင် နားလည်ထားသည်။
"ငါမနေ့ညက ဘာလို့ ဒဏ်ရာရခဲ့လဲ မင်း သိလား?" စုန့်ချင်းရှု ရုတ်တရက် တည်ငြိမ်သွားပြီး သူ၏ လေသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ပေ။
မနေ့ညက သူ့ကို ဆန်ပြုတ်ပြုတ်ပေးခဲ့သည်ကို တွေးမိသောအခါ လော့ပင်းသည် မိမိလက်များကို ဖြတ်ပစ်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။ "ရှင် မကောင်းတာတွေ အများကြီး လုပ်ခဲ့တာပဲ၊ ရန်သူတွေ ကမ္ဘာအနှံ ရှိနေတာ ဘာဆန်းလို့လဲ"
"ဒီမှာ" စုန့်ချင်းရှုက သူ၏ အင်္ကျီကို လှန်တင်လိုက်ရာ နံရိုးတွင် နီညိုရောင် လက်ရာများကို တွေ့ရသည်။ နံရိုးကြားမှ နီညိုရောင် လက်ဝါးရာတစ်ခု ပေါ်လာသည်၊ “ဒါက ခင်ပွန်းရဲ့ ကျေးဇူးကြောင့်ပဲ၊ မနေ့ညက ငါ စိတ်ပျော့ပြီး သူ့ကို မသတ်ခဲ့ဘူး၊ သူ့ကို ကယ်ထုတ်တဲ့အချိန်မှာ လှည့်စားပြီးပြန်တိုက်ခိုက်ခဲ့တယ်…”
"ဒီနေ့လည်း မင်းက ထပ်ပြီးနောက်ကွယ်ကနေ လှည့်စားခဲ့တယ်။ မင်းတို့ လင်မယားက တကယ်ကို လိုက်ဖက်တယ်!"
ဝမ်ထိုက်လိုင်က စုန့်ချင်းရှုကို တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့သည်ကို ကြားသောအခါ လော့ပင်း၏ မျက်လုံးများတွင် မျက်ရည်များဝဲတက်လာပြီး တိုးတိုးလေး ရေရွတ်သည် "စတုတ္ထအစ်ကိုရင်ထဲမှာ ကျွန်မကို အရမ်း ဂရုစိုက်နေတုန်းပဲ..."
လော့ပင်း၏ မျက်နှာတွင် ပျော်ရွှင်သော မိန်းမငယ်လေးတစ်ယောက်ပုံစံ ပေါ်နေသည်ကို မြင်လိုက်သောအခါ စုန့်ချင်းရှု၏ မကောင်းသော စိတ်ခံစားမှုများ အားလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။ မျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး ကုတင်ဘေးတွင် ထိုင်နေသော လော့ပင်းထံသို့ တစ်လှမ်းချင်း တိုးကပ်သွားသည်။
"ရှင် ဘာလုပ်မလို့လဲ" လော့ပင်းသည် စုန့်ချင်းရှု၏ ပုံမှန်မဟုတ်သော အခြေအနေကို နောက်ဆုံးတွင် သတိပြုမိသွားပြီး မျက်နှာတစ်ခုလုံးဖြူဖျော့သွားကာ မေးလိုက်သည်။
"ရှချင်းချင်း ဘယ်တော့ တခြားယောက်ျားတစ်ယောက်ရဲ့ ကုတင်ပေါ် ရောက်မယ်ဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ မင်းကတော့ သူ့ထက်အရင် တခြားယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရောက်လိမ့်မယ်ဆိုတာ ငါသိတယ်" ကုတင်ရှေ့တွင် ရပ်ကာ စုန့်ချင်းရှုက လော့ပင်းကို အထက်စီးကနေ ကြည့်လိုက်သည်။
အမျိုးသမီး၏ အင်္ကျီအောက်တွင် ဖုံးအုပ်ထားသော ပြည့်တင်းသော ရင်သားများနှင့် သေးသွယ်သော ခါးသေးသေးလေးကြောင့် သူမသည် အမျိုးသမီးတစ်ယောက်၏ ဘဝတွင် အကောင်းဆုံး အသက်အရွယ်ကို ရောက်နေပြီဖြစ်ကြောင်း ပြသနေသည်။ ၎င်းသည် မှည့်၍ အရည်ရွှမ်းနေသော သစ်တော်သီးတစ်လုံးနှင့် တူသည်။ စောစောခူးပါက အနည်းငယ် မမှည့်သေးသည့် အရသာမျိုး ဖြစ်နေမည်ဖြစ်ပြီး၊ နောက်ကျမှ ခူးပါက အနည်းငယ် မှည့်လွန်းသော အရသာမျိုး ဖြစ်နေမည်။
ဆယ်ကျော်သက်မိန်းကလေးများထက် ပိုမိုပြည့်ဖြိုးပြီး၊ သာမန်အမျိုးသမီးများတွင် မရှိသော ချစ်စဖွယ် နူးညံ့မှုများလည်း ရှိသည်။ စုန့်ချင်းရှုသည် ကာမဂုဏ်ကို စွန့်လွှတ်နိုင်သောယောက်ျားတစ်ယောက် မဟုတ်ပေ။ အရင်က သူ့စွမ်းအားကို တိုးမြှင့်ရာတွင် စွမ်းအင်ပိုမို သုံးစွဲခဲ့ပြီး ရှချင်းချင်းတို့အပေါ်တွင်လည်း ဖြည်းဖြည်းချင်း ချဉ်းကပ်သည့် မူကို လိုက်နာခဲ့သည်။ အချိန်ကြာလာမှသာ စစ်မှန်သော ခံစားချက်ကို ရိတ်သိမ်းနိုင်မည်ဟု သိခဲ့သည်။
သို့သော် ယခု လော့ပင်းကို ရင်ဆိုင်ရသောအခါ စုန့်ချင်းရှု၏ စိတ်ထားက လုံးဝ ကွဲပြားသည်။ လော့ပင်းနောက်ကွယ်တွင် သူ လိုချင်သော အရာမရှိသောကြောင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ဂရုတစိုက် ထိန်းသိမ်းရန် မလိုအပ်ပေ။ သူသည် ဤဆွဲဆောင်မှုရှိသော အမျိုးသမီးကို စစ်မှန်သော ယောက်ျားတစ်ယောက်၏ အမြင်ဖြင့် သဘောကျတပ်မက်ခြင်းသာဖြစ်သည်။ ထို့အပြင် သူမသည် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက် မိန်းကလေးများနှင့် မတူညီပေ။ စုန့်ချင်းရှုသည် နောက်ပိုင်းတွင် သူမအပေါ် မည်သည့်တာဝန်မှ ယူရန် မလိုအပ်သောကြောင့် စိုးရိမ်ခြင်းမရှိပေ။ သူမသည် အခြားသူ၏ ဇနီးဖြစ်သည်ဟု တွေးမိသောအခါ သူ၏ စိတ်ထဲရှိ ဆိုးရွားသော တားမြစ်ချက်မှ ခံစားမှုတစ်ခုပင် ပေါ်လာသည်။
လော့ပင်းသည် သူ့၏မျက်လုံးများမှ အရာအားလုံးကို နားလည်သွားပြီဖြစ်သည်။ ယောက်ျားများ၏ အကြည့်သည် အမြဲတမ်း ပွင့်လင်းသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး ခါးကို ကွေးကာ စုန့်ချင်းရှု၏ လက်အောက်မှ လွတ်အောင် ထွက်ပြေးရန် ကြိုးစားသည်။
သို့သော် သူမ၏ သိုင်းပညာသည် စုန့်ချင်းရှုနှင့် အလွန် ကွာခြားသည်။ ပခုံးပေါ်တွင် ကြီးမားသော အားအင်တစ်ခု သက်ရောက်လာသည်ကို ခံစားရပြီး တစ်ကိုယ်လုံး ကုတင်ပေါ်သို့ လဲကျသွားသည်။
ရုန်းကန်ကာ ထရန် ကြိုးစားသော်လည်း စုန့်ချင်းရှုက သူမအား မည်သည့်အခွင့်အရေးမျှ မပေးခဲ့ဘဲ တစ်ကိုယ်လုံး လျင်မြန်စွာ သူမအပေါ်သို့ ဖိထားသည်။
အမျိုးသမီးများသည် ယောက်ျားတစ်ယောက်၏ ကိုယ်အလေးချိန်ကို ခံနိုင်ရည်ရှိရန် မွေးရာပါ ဆန္ဒရှိကြသည်ဟု ဆိုကြသည်။ သို့သော် သူမအပေါ် ဖိထားသော ယောက်ျားသည် သူမ၏ ချစ်သူ မဟုတ်ပါက ထိုအမျိုးသမီး၏ စိတ်အခြေအနေက မည်သို့ဖြစ်မည်နည်း။
လော့ပင်းသည် အစောပိုင်းက ဒေါသများ ပြေပျောက်သွားပြီး အလွန်အမင်း ထိတ်လန့်လာသည်။ သူမ ဘာဆက်ဖြစ်လာမည်ကို သိသည်။ ဆက်လက် ခွင့်ပြုလိုက်ပါက သူမသည် မိမိခင်ပွန်းအတွက် ဘယ်တော့မှ ဖျောက်ဖျက်၍မရနိုင်သော အရှက်ရစေမည်ဖြစ်သည်။
ထို့ကြောင့် သူမသည် အသက်ကုန်ကြိုးစား ရုန်းကန်တော့သည်။ စုန့်ချင်းရှုတွင် ဒဏ်ရာအပြင်းအထန် ရထားသဖြင့် ခြေလက်များတွင် အင်အားမရှိရန် မျှော်လင့်နေဆဲ ဖြစ်သည်။
သို့သော် ခဏအကြာတွင် သူမ စိတ်ပျက်အားငယ်စွာ လက်လျှော့လိုက်သည်။ သူမ၏ လက်ကောက်ဝတ်များကို ဖိထားသော လက်နှစ်ဖက်သည် သံကွင်းများကဲ့သို့ ခိုင်မာလှသည်။ ခြေထောက်များကိုလည်း သူက တင်းကြပ်စွာ ဖိထားသဖြင့် တစ်ကိုယ်လုံး ရုန်းကန်မှုသည် နောက်ဆုံးတွင် ခန္ဓာကိုယ် လှုပ်ယမ်းခြင်းမျှသာ ကျန်တော့သည်။ ထိုလှုပ်ယမ်းမှုသည် တစ်ဖက်လူကို ကိုယ်ခန္ဓာချင်း ပွတ်တိုက်မှုမှ ရရှိသော သာယာမှု့ကို ပေးပြီး တစ်ဖက်လူ၏စိတ်ကို ပိုမိုလှုံ့ဆော်စေသည်မှအပ လုံးဝအသုံးမဝင်တော့ပေ။
"စုန့်ချင်းရှု၊ သိုင်းလောကသားတွေ အမုန်းဆုံးက ဘယ်လိုလူမျိုးလဲဆိုတာ ရှင် သိလား" လော့ပင်းက သူ့နှုတ်ခမ်းများ မိမိမျက်နှာကို နမ်းခြင်းမှ တတ်နိုင်သမျှ ရှောင်လွှဲရင်း ပြောသည်။ ကိုယ်ခန္ဓာဖြင့် ရုန်းကန်မှုက အချည်းနှီးဖြစ်နေသဖြင့် သူမသည် စကားလုံးများ၏ အစွမ်းကိုသာ မျှော်လင့်နိုင်တော့သည်။
" ကာမဘီလူးတွေလေ ငါ သိတာပေါ့" သူမ ခေါင်းကို အတင်း ယမ်းခါနေသည်ကို မြင်သောအခါ စုန့်ချင်းရှု မျက်မှောင်ကြုတ်လိုက်ပြီး ဖြူဖွေးသော လည်ပင်းကို စတင် သိမ်းပိုက်ရင်း အသံ တိုးတိုးဖြင့် "ဒါပေမဲ့ မင်းယောက်ျားက မင်းကို ငါ့ဆီကို လွှဲပြောင်းပေးပြီးပြီဆိုတော့ မင်းက ငါရဲ့ ကိုယ်လုပ်တော်ပဲ။ ငါ့ရဲ့ ကိုယ်လုပ်တော်ကို ငါလုပ်ချင်တာလုပ်တာ သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်ဘူးလား"
"စုန့်ချင်းရှု ရှင်က တကယ့် လူယုတ်မာပဲ" သူ့လက်တစ်ဖက်က မိမိအင်္ကျီအောက်သို့ ရောက်လာသည်ကို ခံစားရသောအခါ လော့ပင်း၏ အသံတွင် ငိုသံစွက်နေသည်။
"ကြိုက်သလောက် အော်ပါ။ မင်း မအော်ရင်သာ ငါ့အတွက် ပျင်းစရာကောင်းတယ်"
"အရှက်မရှိဘူး!"
.....................................................
ပါးလွှာသော ပိတ်စများ လွင့်မျောနေသည်။ ဖြူဖွေးသော ခြေသလုံးလေးတစ်စုံ လေထဲတွင် အချည်းနှီး ရုန်းကန်နေရင်း ရုတ်တရက် တောင့်တင်းဖြောင့်တန်းသွားပြီးနောက် အားပျော့စွာ ပြန်ကျလာသည်။ ကံကြမ္မာကို လက်ခံလိုက်သလို ရုန်းကန်ခြင်းကို ရပ်တန့်လိုက်သည်။