အခန်း (၁၁၇) မွေးရာပါ ဆွဲဆောင်မှု့ရှိသောမျက်နှာ
"သခင်မ၊ ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ လော့ပင်းပါ။ သခင်မရဲ့ နာမည် ဘယ်လိုခေါ်ပါသလဲ?" လော့ပင်း နိုးလာသောအခါ အလွန်လှပသော အမျိုးသမီးတစ်ဦး သူ့ကို ဆေးလိမ်းပေးနေသည်ကို တွေ့လိုက်ရသည်။ ရှချင်းချင်း၏ ဆံပင်က စုစည်းထားပြီး ဖြစ်သောကြောင့် လော့ပင်းက သူမကို သခင်မ(စုစည်းထားပြီးရင် ယောက်ျားရပြီးပြီဆိုလိုတာပဲ)ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
"ကျွန်မ ကယ်တာ မဟုတ်ပါဘူး။" ရှချင်းချင်း ညင်သာစွာ ပြုံးလိုက်သည်၊ "ရှင်ကို ကယ်တဲ့သူက အပြင်မှာပါ။"
သံသယဖြင့် အပြင်သို့ မော့ကြည့်လိုက်ရာ ထိုအချိန်တွင် စုန့်ချင်းရှု တံခါးဖွင့်ဝင်လာသည်။ သူ့ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ လော့ပင်း မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး အံကြိတ်၍ ပြောလိုက်သည်၊ "လူယုတ်မာ၊ မင်းပဲ!"
စုန့်ချင်းရှု တံခါးမှဝင်ဝင်ချင်း အဆဲခံရသဖြင့် အံ့အားသင့်သွားပြီး ခပ်ပြုံးပြုံးဖြင့်၊ "အလှလေး၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက်အခုလို စနောက်လို့ရတဲ့အခြေအနေထိရောက်အောင် မရင်းနှီးသေးဘူး မဟုတ်လား?" ဟု ပြောလိုက်သည်။
"မင်း!" လော့ပင်း စိတ်ထဲကနေ ဒေါသတကြီးဖြစ်သွားပြီး သူ့ကိုယ်ပေါ်တွင် စည်းထားသော ဒဏ်ရာများ ကွဲထွက်လုနီးနီး ဖြစ်သွားသည်။ လီယွမ်ကျစ် ချက်ချင်း ပြေးသွားပြီး သူမကို နှစ်သိမ့်ပေးကာ စုန့်ချင်းရှုကို လှည့်ကြည့်ပြီး အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်၊ "စုန့်ကိုကို………..ကို.............~"
ကောင်မလေး၏ အသံသည် အမြဲတမ်း နူးညံ့ညင်သာနေတတ်သည်။ လီယွမ်ကျစ်၏ ဆွဲဆန့်ထားသော အသံအဆုံးသတ်ကို ပြန်ကြားယောင်ရင်း စုန့်ချင်းရှု၏ ခန္ဓာကိုယ် တစ်ခြမ်း ပျော့ခွေသွားပြီး ပြုံးလိုက်သည်၊ "ကောင်းပြီ၊ ကောင်းပြီ၊ ငါမှားပါတယ်။"
လီယွမ်ကျစ်ကို မြင်သောအခါ လော့ပင်း အံ့အားသင့်စွာဖြင့်၊ "ညီမလေးယွမ်ကျစ်၊ ဘယ်လိုလုပ် နင်ဖြစ်နေရတာလဲ? ဒါ ဘယ်နေရာလဲ?" ဟု မေးလိုက်သည်။
"လော့အစ်မ၊" လီယွမ်ကျစ်က လော့ပင်းကို ဖြည်းဖြည်းချင်း လှဲချပေးလိုက်သည်၊ "ဒါက နန်းတော်ထဲမှာပါ။"
"နင် ငါ့ကို ကယ်ခဲ့တာလား?" လော့ပင်း သတိမလစ်ခင် မြင်ကွင်းများကို ပြန်အမှတ်ရပြီး ချက်ချင်း မေးလိုက်သည်၊ "စတုတ္ထအစ်ကိုရော ဘယ်မှာလဲ? ပန်းနီအဖွဲ့ရဲ့ ခေါင်းဆောင်တွေ ထွက်ပြေးနိုင်ခဲ့လား?"
သူမ စကားထဲတွင် ယွီယွီထုံအကြောင်း မမေးသည်ကို မြင်သောအခါ လီယွမ်ကျစ် သူမ၏ ချစ်ရသူအတွက် ဝမ်းနည်းသွားပြီး ပြန်ဖြေလိုက်သည်"ချန်ခေါင်းဆောင်ကြီး၊ ဝူချန်အဘိုးကြီး၊ ပြီးတော့ ချန်ညီအစ်ကိုတို့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဆယ်ယောက်မြောက် ခေါင်းဆောင် ကျန်းခါးကုန်းကိုတော့ ကိုယ်ရံတော်တွေက နေရာမှာတင် သတ်ပစ်လိုက်တယ်။ စတုတ္ထခေါင်းဆောင်နဲ့ ပန်းနီအဖွဲ့ရဲ့ ကျန်တဲ့ ခေါင်းဆောင်တွေကိုတော့ နန်းတွင်းကိုယ်ရံတော်တွေက ဖမ်းဆီးထားပြီး အခု ကောင်းကင်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်။"
ခင်ပွန်းသည် ယာယီအားဖြင့် အသက်ရှင်နေသေးသည်ကို ကြားသောအခါ လော့ပင်း နောက်ဆုံးတော့ သက်ပြင်းချလိုက်သည်။ သို့သော် ပန်းနီအဖွဲ့လုပ်ကြံမှု့အောင်မြင့်လုနီးပါး ဖြစ်နေခဲ့သည်ကို တွေးလိုက်မိသည်။ အဝေးမှ စုန့်ချင်းရှု ရုတ်တရက် ပေါ်မလာခဲ့လျှင်ဟု စိတ်နာနာနှင့် "ညီမလေးယွမ်ကျစ်၊ နင် ဒီခွေးအရာရှိနဲ့ ဘာလို့ ပေါင်းနေရတာလဲ?" ဟု ပြောလိုက်သည်။
စုန့်ချင်းရှု၏ မျက်လုံးများက လော့ပင်း၏ ရင့်ကျက်သော ကိုယ်လုံးပေါ်သို့ ပေါ့ပေါ့ပါးပါး စူးစမ်းလိုက်သည်။ မင်း ငါ့ကို ဆဲရတာ ပျော်သလို၊ ငါလည်း မင်းခန္ဓာကိုယ်ကို စူးစမ်းကြည့်တာ သိပ်မလွန်လောက်ပါဘူးလို့ စိတ်ထဲကနေ တွေးလိုက်သည်။
လော့ပင်း သူ့အကြည့်ကြောင့် ကြက်သီးထသွားပြီး အလိုလို အဝတ်လည်ပင်းစည်းကို တင်းကျပ်လိုက်သည်။ ဘေးမှ လီယွမ်ကျစ်က "လော့အစ်မ၊ စုန့်အစ်ကိုက တကယ်တော့ လူကောင်းပါ။ ရှင် သူ့ကို ဒီလိုမဆဲပါနဲ့။" ဟု ပြောလိုက်သည်။
"သူက ကောင်းတဲ့လူ?" လော့ပင်း အေးစက်စက် ပြုံးသည်၊ "ဟန်လူမျိုးတစ်ယောက်ဖြစ်ပြီး ချင်အစိုးရရဲ့ ခွေးလို အစေခံနေတာ! ဒီနေ့ ငါတို့ ခန်းရှီကို သတ်နိုင်တော့မလို ဖြစ်နေပြီ။ ဒါပေမဲ့ သူက ရုတ်တရက် ထွက်လာပြီး ဝင်ရောက်စွက်ဖက်လို့ ငါတို့ တစ်ဖွဲ့လုံး ပျက်စီးသွားတာပဲ။"
ဘေးမှ ရှချင်းချင်းကလည်း သူ့ကို အေးစက်စက် စိုက်ကြည့်နေသည်ကို မြင်သောအခါ စုန့်ချင်းရှု ချက်ချင်း ပြောလိုက်သည်၊ "မင်းတို့ ခန်းရှီကို သတ်တာက ငါ့ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ ပန်းနီအဖွဲ့သားတွေက ဂိုဏ်းပေါင်းစုံရဲ့ ဓားစာခံတွေအဖြစ် အယောင်ဆောင်လာကြတာ... တကယ်လို့ ခန်းရှီ လုပ်ကြံခံရပြီး အစိုးရက မင်းတို့ကို ငါ ခေါ်လာခဲ့တယ်ဆိုတာ သိသွားရင် ငါ ဘယ်လို အခြေအနေမျိုး ရောက်သွားမယ် ထင်လဲ?"
လော့ပင်းမှပြန်လည်ချေပလိုက်သည် "နန်းတော်လုံခြုံရေးက တင်းကျပ်တယ်။ ကျွန်မတို့ ပန်းနီအဖွဲ့သားတွေ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးမှ နန်းတော်ထဲ ဝင်ဖို့ ဒီနည်းလမ်းကို ရှာတွေ့ခဲ့တာ၊ ဒါ့အပြင် မင်းသာ မန်ချူးအရာရှိ မဖြစ်ခဲ့ရင် ဘယ်လိုလုပ် မင်းကို ထိခိုက်နစ်နာစေမှာလဲ”
စုန့်ချင်းရှု ဒေါသတကြီး ရယ်မောလိုက်ပြီး “ကောင်းလိုက်တဲ့ ဆင်ခြေ!”
“အာ၊ ရှင်တို့ မငြင်းကြပါနဲ့တော့” လီယွမ်ကျစ် စိတ်ပူစွာ ပြောသည် “အခု လောလောဆယ် အရေးကြီးဆုံးက ပန်းနီအဖွဲ့က ခေါင်းဆောင်တွေကို ဘယ်လို ကယ်ထုတ်မလဲဆိုတာပဲ၊ ဘယ်သူ့အပြစ်လဲ လိုက်ရှာနေဖို့ အချိန်မဟုတ်ဘူး”
“သူတို့က မန်ချူးကောင်းကင်ထောင်ထဲ အပို့ခံထားရပြီ၊ ဘယ်လိုလုပ် ကယ်ထုတ်နိုင်တော့မလဲ” လော့ပင်း စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့စွာ တီးတိုးပြောသည်။
“စုန့်အစ်ကို၊ ရှင် သေချာပေါက် နည်းလမ်းရှိတယ် မဟုတ်လား” လီယွမ်ကျစ် လှည့်ကြည့်ပြီး သူ့ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်သည်။
“ငါ့ကို မကြည့်နဲ့၊ ငါ နတ်ဘုရား မဟုတ်ဘူး” စုန့်ချင်းရှု လက်နှစ်ဖက်ကို ဖြန့်ပြီး ဘာမှ မတတ်နိုင်သည့် ပုံစံမျိုး ပြသည်။
စုန့်ချင်းရှုက လုံးဝ အလျှော့မပေးသည့် ပုံစံမျိုး မြင်တော့ လီယွမ်ကျစ် မျက်လုံးများ လှည့်ပတ်သွားကာ ဉာဏ်နီဉာဏ်နက် တစ်ခု ပေါ်လာသည်၊ ချက်ချင်း လက်ဆန့်ပြီး ရှချင်းချင်း၏ ပခုံးကို လှုပ်ခါရင်း “အစ်မချင်းချင်း...... ကျွန်မအတွက် စုန့်ကိုကို,ကို အကူအညီတောင်းပေးပါလား”
လီယွမ်ကျစ်၏ ချွဲနွဲ့သော အသံကို ကြားတော့ ရှချင်းချင်း ကြက်သီးတဖြန်းဖြန်း ထကာ ပုံမှန်မဟုတ်သည့်မျက်နှာဖြင့် ပြောလိုက်သည် “နင် ကိုယ်တိုင် တောင်းပန်တာတောင် အလုပ်မဖြစ်တာ ငါ ဘာများ လုပ်ပေးနိုင်မှာလဲ”
“စုန့်အစ်ကိုက ရှင်ရဲ့ စကားကို အနားထောင်ဆုံးပဲ မဟုတ်လား” လီယွမ်ကျစ် စိတ်ထဲတွင် တွေးသည် “ရှင်တို့နှစ်ယောက်က နေ့တိုင်း မျက်လုံးချင်း စကားပြောတာ၊ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမှန်း မြင်သာတယ်၊ ကျွန်မကို လာဖုံးကွယ်မနေနဲ့၊ ဟွန်း!”
“ဘာတွေ လျှောက်ပြောနေတာလဲ” ရှချင်းချင်း ပါးပြင်ပေါ်တွင် ပန်းရောင်ခြယ်သထားသည့်အလား နီရဲလာပြီး ပြောလိုက်သည် “သူသာ မမစကားကို နားထောင်ရင် အခုပဲ မမနဲ့အတူ ခန်းရှီကို သွားသတ်မှာပေါ့”
စုန့်ချင်းရှု ခါးသီးစွာပြုံးလိုက်ပြီး ယွမ်သခင်မ မင်းအတွက် လက်စားချေပေးဖို့ ကတိပေးနိုင်ပါတယ်၊ ဒါပေမဲ့ တကယ် အချိန်လိုတယ်၊ ငါ့ကို ယုံပါ”
သူ့ရဲ့ နူးညံ့တဲ့ တောင်းဆိုသံကို ကြားတော့ ရှချင်းချင်း စိတ်ထဲ နူးညံ့သွားပြီး တွေဝေစွာ ပြောသည် “ဒါပေမယ့် မင်းက မန်ချူးမင်းဆက်မှာ ရာထူးတွေ မြင့်လာတာနဲ့အမျှ၊ မင်းက တကယ်ပြောတာလား၊ ဒါမှမဟုတ် ငါ့ကို လိမ်နေတာလားဆိုတာတောင် မသိတော့ဘူး”
“ယွမ်ကျစ်ညီမလေး၊ သူတို့နှစ်ယောက် ဘာဖြစ်ကြတာလဲ” လော့ပင်းက လူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို မြင်တော့ ချက်ချင်း လီယွမ်ကျစ်ကို ဆွဲခေါ်ပြီး တိုးတိုးလေး မေးလိုက်သည်။
“ယောက်ျားမိန်းမ ကိစ္စတွေပဲပေါ့” လီယွမ်ကျစ် ပါးစပ်လေး စူပုပ်ပုပ်ဖြင့် မကျေမနပ် ပြောသည် “ယောက်ျားက စိတ်ဝင်စားတယ်၊ မိန်းမက သဘောတူတယ်၊ ဒါပေမဲ့ ဝမ်းနည်းစရာကတော့ ဝမ်ကျွင်းက ခင်ပွန်းဆုံးတာ မကြာသေးတော့ ကျင့်ဝတ်အရ လက်မခံနိုင်ဘူး…”
နှစ်ယောက်သား အသံကို တမင်တကာ နှိမ့်ထားသော်လည်း ယခုအခါ စုန့်ချင်းရှု အကြားအာရုံနှင့်အမြင်အာရုံမှာလွန်ထက်မြတ်သည်။ ဘယ်လိုများ မကြားနိုင်ဘဲ နေပါ့မလဲ၊ နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လီယွမ်ကျစ်၏ ရူးကြောင်ကြောင် စကားများကို ဂရုမစိုက်တော့ဘဲ ရှချင်းချင်းကို ပြောသည် “ကောင်းပြီ၊ ငါ ချင်မင်းဆက်မှာ ကြာကြာနေဖို့ စိတ်မရှိဘူးဆိုတာ မင်း ယုံကြည်ဖို့အတွက် အခုပဲ ပန်းနီအဖွဲ့ဝင်တွေကို ကယ်ထုတ်ပြီး ငါ့ရဲ့ရပ်တည်မှု့ကိုသက်သေပြပါ့မယ်”
ရှချင်းချင်း ဘာမှ မတုန့်ပြန်ရသေးခင်မှာပဲ လီယွမ်ကျစ်က ဝမ်းသာအားရ ကုတင်ပေါ်မှ ခုန်ဆင်းလာသည် “စုန့်အစ်ကို၊ ရှင် တကယ် သူတို့ကို ကယ်ထုတ်ပေးဖို့ သဘောတူတာလား”
“ဒါပေမဲ့ ဒီလိုဆို ငါ နည်းနည်းတော့ နစ်နာသလို ခံစားရတယ်” စုန့်ချင်းရှု ခေါင်းကုတ်ရင်း စိတ်ပျက်စွာ ပြောသည် “မင်းသာ ငါ့ကို ကောင်းတဲ့ကိုကိုလို့ ခေါ်ဖို့ ဆန္ဒရှိရင် မင်းရဲ့ ချစ်သူကို ကယ်ထုတ်ပေးမယ်”
“ကောင်းသောကိုကို၊ ကောင်းတဲ့ကိုကို၊ ကျွန်မရဲ့ ကောင်းတဲ့ကိုကို…” လီယွမ်ကျစ်က ခက်ခဲတဲ့ကိစ္စလို့ ထင်ထားတာ။သူ့တောင်းဆိုမှုကို ကြားလိုက်သည်နှင့် ချက်ချင်း ခေါ်လိုက်သည်၊ အသံကလည်း အလွန်ချိုမြိန်ပြီး ချွဲပြစ်နေသည်။
စုန့်ချင်းရှု ကြက်သီးတဖြန်းဖြန်း ထသွားသည်၊ ချက်ချင်း ပြောသည် “တော်ပြီ၊ တော်ပြီ၊ ဒါပေမဲ့ ယွီယွီထုံ တစ်ယောက်တည်းကိုပဲ ကယ်မှာ၊ တခြားမိန်းမရဲ့ ခင်ပွန်းကိုတော့ တာဝန်မယူနိုင်ဘူး” ဟု ပြောရင်း လော့ပင်းဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။
“ယွမ်ကျစ်ညီမလေး၊ ဒီခွေးအရာရှိကို အမြတ်ထုတ်ခွင့် မပေးနဲ့၊ သူက ဘယ်လိုလုပ်ပြီး ခေါင်းဆောင်တွေကို ကယ်ထုတ်နိုင်မှာလဲ” လော့ပင်းက အထင်သေးစွာဖြင့် ပြောလိုက်သည်။
စုန့်ချင်းရှု၏ တက်ကြွသော ပုံစံကို ကြည့်ရင်း ရှချင်းချင်း၏ မျက်လုံးများ ရှုပ်ထွေးသွားပြီး ပြောသည် “သူ ကယ်နိုင်တယ်လို့ ပြောရင် တကယ် ကယ်နိုင်မှာပါ”
လီယွမ်ကျစ်လည်း ဘေးကနေ ထောက်ခံကာ “ဟုတ်တယ်၊ ဟုတ်တယ်၊ လော့အစ်မ၊ စုန့်အစ်ကိုက အရမ်း တော်တာ” ဟု ပြောပြီး လှည့်ကြည့်ကာ စုန့်ချင်းရှုကို တောင်းဆိုလိုက်သည် “စုန့်အစ်ကို၊ ရှင် စတုတ္ထအစ်ကိုဝမ်တို့ ပါ တစ်ခါတည်း ကယ်ထုတ်ပေးပါလား”
“တကယ်တော့ မဖြစ်တာနိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့ကို ကိုယ်တိုင် တောင်းပန်ရလိမ့်မယ်” စုန့်ချင်းရှု အေးစက်စွာ ပြုံးသည်။
“စိတ်ကူးယဉ်မနေနဲ့!” လော့ပင်း ဒေါသတကြီး ခေါင်းလှည့်လိုက်သည်။
လီယွမ်ကျစ် ချက်ချင်း သူမဘေးသို့ ရောက်လာပြီး နှစ်သိမ့်ကာ ပြောသည် “လော့အစ်မ၊ နင် ဘာလို့ စုန့်အစ်ကိုနဲ့ ဘာလို့အတိုက်အခံလုပ်နေရတာလဲ? သူက စတုတ္ထအစ်ကိုဝမ်ကို တကယ် ကယ်ထုတ်နိုင်ရင် ဘယ်လိုလုပ်မလဲ?”
လီယွမ်ကျစ် ပြောလိုက်တော့ လော့ပင်းလည်း တွေဝေသွားသည်၊ မကြာသေးခင်ကပဲ စုန့်ချင်းရှု သိုင်းပညာကို မြင်ခဲ့ရသည်၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိမိတို့ဘက်မှ ပညာရှင်များစွာ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်၊ သူသာ တကယ် နည်းလမ်းရှိနေလျက် မိမိက စိတ်ဆိုးပြီး ငြင်းဆန်လိုက်လျှင် စတုတ္ထအစ်ကိုဝမ်တို့ကို ဒုက္ခရောက်စေမှာ မဟုတ်လားဟု စဉ်းစားမိသည်။
“ကောင်းပြီ၊ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်” လော့ပင်း ဒေါသကို ထိန်းချုပ်ကာ စိတ်ထဲကနေ တွေးသည်၊ သူ ခေါင်းဆောင်တွေကို ကယ်ထုတ်ပြီးတာနဲ့ ပန်းနီအဖွဲ့က အားလုံး စုပြီး တိုင်ပင်ကာ ချန်ချင်နန်းဆောင်က အကြွေးကို ပြန်ရှင်းမယ်။
“ကျွတ်..ကျွတ်....ကျွတ်~”စုပ်သပ်ရင်း စုန့်ချင်းရှု ခေါင်းခါလိုက်သည်၊ သူမကို မထီမဲ့မြင် ပြုံးရင်း “မင်းရဲ့ အသံနေအသံထားက တောင်းပန်တာလား” လို့ ပြောလိုက်သည်။
လော့ပင်း လေအေးတစ်ချက် ရှူသွင်းကာ စိတ်ကို ငြိမ်သက်စေပြီး နူးညံ့စွာ ပြောလိုက်သည် “ကျွန်မ စုန့်အရှင်ကို ပန်းနီအဖွဲ့က ခေါင်းဆောင်အချို့ကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်”
“ဒါကမှ နည်းနည်း တော်သေးတယ်” စုန့်ချင်းရှု ကျေနပ်စွာ ခေါင်းညိတ်သည်၊ စကားလမ်းကြောင်း ပြောင်းကာ “ခုနက လီမိန်းကလေးက ချစ်သူကို ကယ်ပေးဖို့ ငါ့ကို တောင်းပန်တုန်းက ကောင်းတဲ့အစ်ကိုလို့ အကြိမ်အနည်းငယ် ခေါ်ခဲ့တယ်၊ မင်းက မင်းခင်ပွန်းကို ကယ်ဖို့ ငါ့ကို တောင်းဆိုတာ၊ တစ်ခုခုတော့ ပြသင့်တာပေါ့”
လော့ပင်း စိတ်ထဲတွင် ခါးသီးသွားသည်၊ အပြင်လူ မရှိရင်တော့ ထားပါတော့၊ ပန်းနီအဖွဲ့က ညီအစ်ကိုတွေအတွက်ဆိုတော့ မျက်နှာပြောင်ပြီး သူ့ကို ကောင်းတဲ့ကိုကိုလို့ အကြိမ်အနည်းငယ် ခေါ်လိုက်ရုံပဲ။ ဒါပေမဲ့ အခု ဘေးမှာ တခြားနှစ်ယောက် ရှိနေတယ်၊ ငါ့အသက်က သူ့ထက် အနည်းဆုံး ငါးနှစ်လောက် ကြီးနေတာ၊ ကောင်းတဲ့အစ်ကိုလို့ ဘယ်လိုများ ခေါ်နိုင်မှာလဲ။ နောက်ဆို လူတွေ ဘယ်လို ဘယ်လိုမျက်နှာပြရတော့မလဲ။
“ကျွန်မက ရှင်ထက် အနည်းဆုံး ငါးနှစ်လောက် ကြီးတယ်၊ ‘ကောင်းတဲ့… ကိုကို’လို့ ဘယ်လိုများ ခေါ်ရက်နိုင်မှာလဲ” လော့ပင်း မျက်နှာညှိုးငယ်စွာ ပြောသည်။
“တကယ်ကို မွေးရာပါ သွေးဆောင်မှု့ရှိတဲ့ မျက်နှာပဲ!” သူ့မရဲ့ နူးညံ့ဆွဲဆောင်မှုရှိတဲ့ မေပယ်လ်ရွက်မျက်နှာကို ကြည့်ရင်း စုန့်ချင်းရှု စိတ်ထဲကနေ ချီးကျူးလိုက်သည်။
“ကောင်းတဲ့ကိုကို? မင်းစိတ်ကူးယဉ်နေတာပဲ!” စုန့်ချင်းရှုက မထီမဲ့မြင် ပြုံးသည် “ဒါက လီကောင်မလေးအတွက် ရင်းနှီးမှု့အရ ငါပေးတဲ့ မိတ်ဆွေဈေးပဲ”၊
“အဲ့ဒါက မင်းအတွက်ကတော့ ငါ့ကို ကောင်းတဲ့ခင်ပွန်းလို့ ခေါ်ရင်တောင် ငါ သဘောမတူဘူး”
“ရှင်!” လော့ပင်း ဒေါသထွက်ပြီး ချက်ချင်း ထထိုင်လိုက်သည်၊ ဒေါသတကြီး စိုက်ကြည့်ရင်း “ဒါဆို ရှင် ဘာလိုချင်တာလဲ”
“မင်း ငါ့ရဲ့ တောင်းဆိုမှုတစ်ခုကို သဘောတူရလိမ့်မယ်” စုန့်ချင်းရှု သူ့မရဲ့ ပြည့်တင်းတဲ့ ရင်သားတွေကို စိုက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။
“ဘာတောင်းဆိုမှုလဲ” လော့ပင်းက သူ့ရဲ့ အကြည့်ထဲက အဓိပ္ပာယ်ကို သတိထားမိတော့ စိတ်ထဲတွင် လန့်သွားသည်။
“ဘယ်လို တောင်းဆိုမှုမဆို!” စုန့်ချင်းရှု မျက်လုံးထဲတွင် အဓိပ္ပာယ်များစွာ ရှိသည်၊ အမျိုးသမီးသုံးဦးလုံး ထူးဆန်းသော အမူအရာများပေါ်လာသည်ကို မြင်တော့ ချက်ချင်း ဆက်ပြောသည် ““ဒါပေမယ့် ငါ အခုထိ မစဉ်းစားရသေးဘူး၊ မင်း အရင် သဘောတူထားလို့ရတယ်၊ နောက်မှ ငါတောင်းဆိုစရာရှိတဲ့အခါ ငါ မင်းကို လာရှာလိမ့်မယ်”
လော့ပင်း စိတ်ထဲတွင် အေးခဲသွားသည်၊ သူသာ နောက်မှ မသင့်လျော်သော တောင်းဆိုမှုမျိုး လုပ်လာခဲ့ရင် သူမ သဘောတူရဦးမှာလား…
သူမ တွေဝေနေသော မျက်နှာကို မြင်တော့ စုန့်ချင်းရှုက ရယ်မောရင်း ပြောသည် “မင်း သဘောမတူရင်လည်း ကိစ္စမရှိဘူး၊ မင်းရဲ့ ခင်ပွန်းကိုတော့ ကယ်ထုတ်ပေးဦးမှာပဲ၊ ဒါပေမဲ့ ပန်းနီအဖွဲ့က တခြား ခေါင်းဆောင်အချို့ကိုတော့ ငါ မကယ်ဘူး ၊ လီကောင်မလေး စိတ်မပူနဲ့၊ ယွီယွီထုံကိုတော့ ငါ ကယ်မှာပဲ ၊ အဲ့ဒီအခါကျရင် ငါ့ရဲ့ ဒီနေ့တောင်းဆိုမှုကို သူတို့ကို ပြောပြမယ်၊ အဲ့ဒီအခါကျရင် ပန်းနီအဖွဲ့က ကျန်တဲ့လူတွေက မင်းကို ဘယ်လို မြင်မလဲ၊ ဝမ်ထိုက်လိုင်ရော မင်းကို ဘယ်လို မြင်မယ်လို့ မင်း ထင်လဲ”
လော့ပင်း စိတ်ထဲတွင် အေးစက်သွားပြီး ရက်စက်သည်ဟု တိတ်တိတ်လေး ဆဲဆိုလိုက်သည်၊ စုန့်ချင်းရှုသာ တစ်ယောက်မှ မကယ်ခဲ့ရင်တော့ ထားပါတော့၊ ဘယ်သူမှ သူမကို အပြစ်တင်နိုင်မည် မဟုတ်ပေ။ သို့သော် သူက စတုတ္ထအစ်ကိုဝမ်ကိုပဲ ကယ်ပြီး အခုအကြောင်းကိုသာ လူတိုင်းပါးစပ်ဖျားမှာပျံနှံသွားရင် သိုင်းလောက,က လူတွေက သူမက သူ့ရဲ့ တောင်းဆိုမှုကို မလိုက်လျောခဲ့လို့ ခေါင်းဆောင်အချို့ နန်းတော်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာ သိသွားရင်…
လော့ပင်း သိုင်းလောကမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တာကြောင့် တစ်ခါတစ်ရံ ကောလာဟလတွေက ဘယ်အရာထက်မဆို ပိုဆိုးရွားတယ်ဆိုတာ နားလည်ထားပြီးသားဖြစ်သည်၊ အဲ့ဒီအခါကျရင် သူတို့လင်မယား ဘယ်တော့မှ ခေါင်းမဖော်နိုင်တော့ဘူး။
တခြားသူတွေ မပြောနဲ့၊ အမြဲတမ်း သစ္စာရှိတဲ့ စတုတ္ထအစ်ကိုဝမ်က ပါးစပ်က မပြောရင်တောင် စိတ်ထဲကနေ သူမကို ခွင့်လွှတ်မှာ မဟုတ်ဘူး…
“စဉ်းစားပြီးပြီလား” စိတ်ထဲတွင် ရုန်းကန်နေသော လော့ပင်းကို ကြည့်ရင်း စုန့်ချင်းရှု ပါးစပ်ထောင့်စွန်းတွင် အောင်ပွဲခံသော အပြုံးလေး တစ်ခု ပေါ်လာသည်။