အခန်း (၁၁၀) ယောကျ်ားလား၊ မိန်းမလား ဘယ်သူ ခွဲနိုင်သလဲ?
"အသဲကြီးနဲ့ အသဲလေး ငါ့ကို လွမ်းနေကြပြီလား?" ကိုယ့်ခြံဝန်းထဲသို့ ပြန်ရောက်သောအခါ အိမ်ထဲတွင် မှောင်မဲနေသည်ကို တွေ့ရသဖြင့် စုန့်ချင်းရှု ရှေ့သို့ တိုးသွားပြီး တံခါးကို တွန်းရန် လက်လှမ်းလိုက်သည်။
"ဝှစ်!" စုန့်ချင်းရှု ချက်ချင်း လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လက်နှစ်ချောင်းကြားတွင် ညှပ်ထားသော ရွှေမြွေဓားကို ကြည့်ကာ ခါးသက်စွာ ရယ်လိုက်သည်၊ "တော်ပြီ တော်ပြီး မင်းတို့ပဲ နားနေကြပါ။ ငါ အပြင်မှာ တစ်နေရာ ရှာပြီး အိပ်လိုက်ပါ့မယ်။"
ခြံထဲရှိ သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းပေါ်တွင် မှီကာ စုန့်ချင်းရှု စိတ်ပျက်စွာဖြင့် "ဘုန်းကြီးတစ်ပါး ရေခပ်သောက်၊ ဘုန်းကြီးနှစ်ပါး ရေပုံး ထမ်းပြီးသောက်၊ ဘုန်းကြီးသုံးပါး ရေမသောက်ရ... အခု နှစ်ယောက်တောင် မနိုင်သေးဘူးဆိုရင် နောင်ကျရင် ဘယ်လိုလုပ် အနောက်နန်းဆောင် ဖွင့်နိုင်တော့မှာလဲ..." ဟု ညည်းတွားလိုက်သည်။
"ဘယ်သူလဲ?" လှည့်ကင်းလှည့်နေသော အစောင့်နှစ်ဦးက သစ်ပင်ပေါ်ရှိ လူရိပ်ကို မတော်တဆ တွေ့လိုက်ရသောအခါ ထိတ်လန့်သွားပြီး ဓားများကို ဆွဲထုတ်ကာ မေးလိုက်သည်။
စုန့်ချင်းရှု ခေါင်းထွက်ပြလိုက်သည်၊ "တစ်ခြားလူမဟုတ်ပါဘူး၊ ငါပါ။ အခုတလော နန်းတော်က မငြိမ်မသက်ဖြစ်နေတယ်။ နောက်ပိုင်း ညဘက်တွေမှာ မြင့်တဲ့နေရာကနေ နန်းတော်ထဲမှာ ထူးခြားမှု ရှိမရှိ စောင့်ကြည့်နေမယ်။ မင်းတို့ ပုံမှန်အတိုင်း လှည့်ကင်းလှည့်ပါ။ မဖော်ထုတ်မိအောင်လို့ ငါ့ကို နှုတ်ဆက်စရာမလိုဘူး၊ "
"စုန့်သခင်ကြီးက တကယ်ပဲ ကျွန်တော်တို့ရဲ့ စံနမူနာပဲ!" အစောင့်အချို့က လက်မထောင်ပြကာ ရယ်မော၍ ထွက်ခွာသွားကြသည်။
လူအုပ်စု ထွက်သွားတာနဲ့ စုန့်ချင်းရှုက ချက်ချင်း သစ်ပင်ပေါ်မှာ လှဲချလိုက်ပြီး လက်နဲ့ ဘေးနားက သစ်ကိုင်းတွေကို သူ့ရှေ့မှာ ကာလိုက်ကာ မျက်လုံးမှိတ်ပြီး တန်းအိပ်လိုက်သည် “တကယ် ဘယ်လိုကောင်တွေလဲကွာ၊ ဘယ်သူက ညဘက်မှာ ခန်းရှီအတွက် အိမ်စောင့်ပေးဖို့ ဒီလောက် အားနေတာလဲ၊ ငါက ဟာစကီး (ခွေးမျိုးစိတ်) မှ မဟုတ်တာ”
နောက်တစ်နေ့ နံနက်စောစော မိုးလင်းစအချိန်တွင် အောက်မှ တံခါးဖွင့်သံကို ကြားလိုက်ရသည်။ စုန့်ချင်းရှုလည်း အိပ်ပျော်နေရာမှ ဖြတ်ခနဲနိုးလာသည်။ အမျိုးသမီးနှစ်ဦး ခြံထဲတွင် ပြင်ဆင်နေကြသည်ကို မြင်သောအခါ သစ်ပင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်သည်။
"မင်္ဂလာပါ!" စုန့်ချင်းရှု ပခုံးကို လှုပ်ရှားလိုက်ပြီး သွားများကို ခဲကာ ပြောလိုက်သည်။
"မင်္ဂလာပါနံနက်ခင်းပါ" ရှချင်းချင်း ညင်သာစွာ ပြန်ဖြေသည်။ ရုတ်တရက် သူ့မမျက်နှာပေါ်တွင် ပြုံးစိစိအမူအရာပေါ်လာသည် "မင်းသားလေး ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား?"
"ကောင်းပါတယ်၊ ကောင်းပါတယ်၊ လသာပြီး ကြယ်တွေစုံနေတာက ထူးခြားတဲ့ ခံစားမှု့တစ်မျိုးပါပဲ" စုန့်ချင်းရှု ဟာသလုပ်လိုက်သည်။
လီယွမ်ကျစ် ထပ်မံ မအောင့်နိုင်တော့ဘဲ ဟက်ခနဲ ရယ်လိုက်သည်၊ "မနေ့ည သန်းခေါင်လောက်က ဘုန်းခနဲ အသံကြီး ကြားလိုက်ရတယ်။ သစ်ပင်ပေါ်ကနေ ဘာတွေ ပြုတ်ကျလဲ မသိဘူးနော်?"
"ဟုတ်လား? ငါ ဘာလို့ မကြားမိတာလဲ?" စုန့်ချင်းရှု မျက်နှာတွင် ရှက်ရွံ့သောအမူအရာဖြင့်၊ "ဒါနဲ့ ငါ ဒီနေ့ တပ်မှူးကြီးဆီသွားပြီး အဲဒီ ဂိုဏ်းတွေက ဓားစာခံတွေ ရောက်လာပြီလား သွားကြည့်ဦးမယ်။ အရင်သွားပြီ၊ မင်းတို့နဲ့ မပြောတော့ဘူး" ဟု ပြောပြီး အလောတကြီး ထွက်ပြေးသွားသည်။
တံခါးဝမှ ထွက်ပြေးပြီး မကြာမီ နောက်မှ တခစ်ခစ် ရယ်မောသံများကို ကြားလိုက်ရသည်။ စုန့်ချင်းရှု မနေနိုင်ဘဲ ရပ်တန့်၍ တင်ပါးကို ပွတ်လိုက်ပြီး လေအေးတစ်ချက်ကို ရှူသွင်းလိုက်သည် "ညကပြုတ်ကျတာ တကယ် နာတယ်။ ရှောင်လုံနွီက ကြိုးတစ်ချောင်းပေါ်မှာ ဘယ်လို အိပ်နိုင်လဲ မသိဘူး။"
ယင်းဝူဂိတ်သို့ ရောက်သောအခါ ရေနွေးကြမ်းတစ်ခွက်ကို မော့ကာ ပါးစပ်ကို ပလုတ်ကျင်း၍ ဆေးလိုက်သည်။ စုန့်ချင်းရှုသည် အစောင့်အား သူလာရသည့် အကြောင်းရင်းကို ပြောပြလိုက်ရာ အစောင့်မှ တပ်မှူးကြီးကို အမြန် ဖိတ်ခေါ်လိုက်သည်။
"စုန့်သခင်ပါလား" တပ်မှူးကြီးသည် နွေးထွေးစွာ ကြိုဆိုလိုက်သည်။ သူ၏ ရာထူးနှင့် အာဏာသည် စုန့်ချင်းရှုထက် မြင့်မားသော်လည်း စုန့်ချင်းရှုသည် ယခုအခါ အရှင်မင်းကြီး၏ ပစားပေးခံထားရသောလူယုံဖြစ်ကြောင်း သူ သိထားသည်။ ထို့ပြင် စုန့်ချင်းရှုသည် "ချန်ဖိုင်ချူ" ကို ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း အခြားသတင်းများမှတဆင့် သိရှိထားသောကြောင့် ဂရုမစိုက်ဘဲ နေ၍မရပေ။
"တပ်မှူးကြီးကို တွေ့ရတာ ဝမ်းသာပါတယ်" စုန့်ချင်းရှု က ဦးညွှတ်လိုက်သည်။
အခုထိ ဘယ်ဂိုဏ်းက တပည့်တွေ ရောက်လာပြီလဲ မသိဘူး?"
"နာမည်စာရင်းအရဆိုရင် တစ်ရာ့သုံးယောက် ရှိသင့်တယ်" တပ်မှူးကြီးက နာမည်စာရင်းစာအုပ်ကို လှန်ကြည့်ရင်း၊ "ဒါပေမဲ့ ရောက်ရှိရမယ့် နောက်ဆုံးရက် မရောက်သေးလို့ သုံးဆယ်ကျော်လောက်ပဲ ရောက်ပါသေးတယ်။"
"သုံးဆယ်ကျော်ပဲလား?" စုန့်ချင်းရှု အနည်းငယ် စိတ်ပျက်သွားသော်လည်း လုံလောက်သည်ဟု တွေးလိုက်သောအခါ စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်လာသည်၊ "ကျွန်တော် အခု သူတို့ကို ခေါ်သွားပါမယ်။ တပ်မှူးကြီး ဘာမှ ကန့်ကွက်စရာ မရှိဘူး မဟုတ်လား?"
"မရှိပါဘူး၊ အရှင်မင်းကြီးက စုန့်သခင်ကြီးရဲ့ အလုပ်ကို အစွမ်းကုန် ကူညီဖို့ အမိန့်ပေးထားပါတယ်။ စုန့်သခင်ကြီး ဘာလိုအပ်လဲဆိုတာ ပြောပြရုံပါပဲ" တပ်မှူးကြီးက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“အခုတော့ မရှိသေးပါဘူး။ လိုအပ်ရင် တပ်မှူးကြီးကို လာပြီး အကူအညီ တောင်းပါမယ်" တပ်မှူးကြီးကို နှုတ်ဆက်ပြီးနောက် စုန့်ချင်းရှု စိတ်ထဲတွင် အာဏာသည် တကယ်ပင် ကောင်းသောအရာဟု တွေးလိုက်သည်။
သို့သော် သူ၏လက်အောက်ခံ လူသုံးဆယ်ကျော်ကို မြင်သောအခါ စုန့်ချင်းရှု ထပ်မံ မရယ်နိုင်တော့ပေ။
"ဒီတို့ လူမိုက်တွေက ဘယ်ဂိုဏ်းကလဲ!" စုန့်ချင်းရှု စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး သူ့ရှေ့မှ လူအုပ်စုကို လက်ညှိုးထိုးကာ တစ်ကိုယ်လုံး တုန်ယင်နေသည်၊ "မင်းတို့ရဲ့ ဂိုဏ်းတွေမှာ တခြားလူ မရှိတော့ဘူးလား? ဒီဝက်လို ဝနေတဲ့သူက ထားပါတော့၊ ဒီတစ်ယောက်က... ခါးကုန်းနေတာ၊ ပြီးတော့ မင်း၊ ပိုဆိုးတာက လက်တစ်ဖက်တည်း၊ မင်းကိုယ်မင်း ရန်ကော်လို့ ထင်နေတာလား..."
လက်ညှိုးထိုးခံရသူအချို့က ချက်ချင်း ခေါင်းငုံ့ကာ ပြောလိုက်သည်၊ "သခင်လေး ဒေါသလျှော့ပါ။ ကျွန်တော်တို့ ဂိုဏ်းတွေက ကျန်တဲ့သူတွေက နန်းတော်ထဲမှာ အမှုထမ်းဖို့ အရမ်းစိတ်အားထက်သန်နေကြတာပါ။ ဒါပေမဲ့ နန်းတွင်းအမိန့်တော်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဂိုဏ်းခေါင်းဆောင်တွေရဲ့ သားတွေကို မြို့တော်ကို ခေါ်ယူမယ်။ သားသမီးမရှိရင် တူတွေကို ခေါ်ယူမယ်။ တူ မရှိရင် ဒုတိယမျိုးဆက် ထိပ်တန်းတပည့်တွေကို ခေါ်ယူမယ်... ကျွန်တော်တို့ ဂိုဏ်းတွေက နန်းတွင်းအမိန့်ကို တင်းတင်းကျပ်ကျပ် လိုက်နာကြတာပါ။ သခင်လေး စစ်ဆေးကြည့်ပါဦး။"
ရုပ်ရည်အမျိုးမျိုးရှိသော ထိုလူအုပ်စုကို ကြည့်ရင်း စုန့်ချင်းရှု၏ စိတ်ထဲတွင် Journey to the West: Conquering the Demons ထဲမှ ဗလာမင်းသား၏ အစေခံမိန်းကလေးများကို သတိရလိုက်သည် "မင်းတို့ကလည်း အတူတူပဲ!"
(ဘာသာပြန်သူမှထိုဇာတ်လမ်းတွဲမှပုံကို စာဖတ်သူများမြင်နိုင်ရန် တွဲ၍ဖော်ပြပေးလိုက်ပါသည်။)

ပြင်းပြင်းထန်ထန် တံတွေးထွေးချလိုက်ပြီး စုန့်ချင်းရှု ပတ်ပတ်လည် လှည့်ကြည့်ကာ၊ "မင်း၊ မင်း၊ မင်း၊ ပြီးတော့ မင်း... ရှေ့ထွက်လာ" ဟု ပြောလိုက်သည်။
သူ့နာမည် ခေါ်ခံရသူအချို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ပြီး မကျေမနပ်ဖြင့် ရှေ့သို့ ထွက်လာကြသည်။
တစ်ဦးက ရုပ်ရည်သွင်ပြင် သန့်ပြန့်ပြီး ခန့်ညားသည်။ တစ်ဦးက ရုပ်ရည်ချောမောသည်။ နောက်တစ်ဦးက ခိုင်မာတောင့်တင်းပြီး တကယ့်ကို သန်မာသော အမျိုးသားတစ်ဦး ဖြစ်သည်။ ကျန်နှစ်ဦးမှာ အမွှာညီအစ်ကိုများဖြစ်ပြီး တစ်ကိုယ်လုံးတွင် ဆွဲဆောင်မှုရှိသော စွမ်းအင်များ ရှိသည်။
စုန့်ချင်းရှု ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်၊ "နောက်ဆုံးတော့ အသုံးဝင်မယ့်သူ အချို့တော့ ရှိသေးတယ်။ မင်းတို့ ဘယ်ဂိုဏ်းကလဲ? ကိုယ့်သိုင်းပညာအကြောင်း ပြောပြပါဦး။"
ကျွန်တော်က ပင်းလှိုင်ဂိုဏ်းက ချန်းခဲပါ၊ ပင်းလှိုင်ဓားသိုင်းကိုတော့ အတော်လေး ကျွမ်းကျင်အောင် လေ့ကျင့်ထားပါတယ်” ရုပ်ရည်သွင်ပြင်ခန့်ညားသော ယောက်ျားလေးက ပြောလိုက်သည်။
“ကျွန်တော်က ဖေးဟဲ(ပျံသန်းနေသောကြိုးကြာ)ဂိုဏ်းက ထုံယွီပါ၊ စုတ်တံအကြောပိတ်သိုင်းကို ကျွမ်းကျင်ပါတယ်” ချောမောတဲ့ လူငယ်လေးက ပြောလိုက်သည်။
“ကျွန်တော်က ရှန်းချွမ်မင်ဂိုဏ်းက မာလိုင်ပါ၊ လက်ဝါးသိုင်းကတော့ အတော်လေးကျွမ်းကျင်ပါတယ်” ခွန်အားကြီးတဲ့ ယောက်ျားလေးက စကားပြောလိုက်သည်နှင့် ခေါင်းလောင်းသံလို ဟိန်းထွက်နေသည်။
“ကျွန်တော်တို့ ညီအစ်ကိုတွေက သံလက်ဝါးဂိုဏ်းကပါ၊ သံလက်ဝါးသိုင်းကို လေ့ကျင့်ပါတယ်” ကျန်အမြွှာညီအစ်ကိုတွေက ပြောလိုက်သည်။
"ဒီလို တတိယတန်းစား ဂိုဏ်းတွေမှာ ဘယ်လို ထိပ်တန်းသိုင်းပညာရှင်တွေ ရှိနိုင်မှာလဲ?" စုန့်ချင်းရှု စိတ်ထဲတွင် ဂရုမစိုက်တော့ပဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်၊ "ဒီလိုဆိုရင် မင်းတို့ က ကျန်တဲ့သူတွေကို သိုင်းပညာ လေ့ကျင့်ပေးပါ။ လူအားလုံး ရောက်လာမှ ငါ မင်းတို့ကို တစ်စုတစ်စည်းတည်း လေ့ကျင့်ပေးမယ်။" စုန့်ချင်းရှုသည် ယခုအချိန်တွင် ရက်အနည်းငယ်အကြာတွင် တိုက်မည့် လပြည့်ညတိုက်ပွဲကိုသာ စိတ်ရောက်နေသည်။ ဤလူအုပ်စုသည် အလွန်ပင် အရည်အချင်း ကွာခြားနေသည်ကို မြင်သောအခါ ဂရုစိုက်ရန် ပျင်းရိသွားပြီး ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
"သခင်လေး၊ ကျွန်တော်တို့ နောက်ပိုင်း ဒီနေရာမှာပဲ နေရမှာလား?" ချန်းခဲ ခဏတာ တွေဝေပြီး မေးလိုက်သည်။
"ဟုတ်တယ်၊ မင်းတို့ ဒီကာလအတွင်းမှာ ဒီလေ့ကျင့်ရေးကွင်းမှာပဲ သိုင်းပညာ လေ့ကျင့်ကြပါ။ နေထိုင်စားသောက်ဖို့အတွက် မိန်းမစိုးတွေက စီစဉ်ပေးပါလိမ့်မယ်။ ချန်ချင်တံခါး(နန်းတော်အတွင်းတံခါး)ရဲ့ မြောက်ဘက်ကို ဖြတ်ကျော်ဖို့ ခွင့်မပြုဘူးဆိုတာ မှတ်ထားပါ။ မဟုတ်လို့ နန်းတွင်းထဲကို ဝင်မိရင် သေဒဏ်ကျခံရမယ့် ကြီးလေးတဲ့ ပြစ်မှုပါ" ဘာကြောင့်မှန်းမသိ စုန့်ချင်းရှုသည် ဒေါင်ဖန်းပုပိုင်နှင့် တစ်ကြိမ် တွေ့ဆုံချင်စိတ် ပေါ်လာသည်။ ပြန်ဖြေပြီးနောက် ဒေါင်ဖန်းပုပိုင်၏ နေအိမ်သို့ လျှောက်သွားသည်။
နေကြာသိုင်းကျမ်းကို တီထွင်သူ မိန်းမစိုးက "ဒေါင်ဖန်းကောင်မလေး" ဟု ပြောခဲ့သည်ကို ပြန်တွေးမိပြီး ထိုညက လက်ထဲတွင် နူးညံ့ပြည့်တင်းသော ခံစားမှုကို ပြန်တွေးမိသောအခါ စုန့်ချင်းရှု သံသယဝင်လာသည်။ ယခု ဒေါင်ဖန်းပုပိုင်သည် အမျိုးသမီးတစ်ဦး ဖြစ်နေပြီဟု ထင်ရသည်။ သို့သော် နေကြာသိုင်းကျမ်း အလွန် ထူးဆန်းလွန်း၍ အမျိုးသားကို လိင်ပြောင်းလဲစေခြင်းလား၊ သို့မဟုတ် ဒေါင်ဖန်းပုပိုင်သည် မူလကတည်းက အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းလား မသိရပေ။
အနီးအနားသို့ ရောက်သောအခါ စုန့်ချင်းရှုသည် ခြံဝန်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို အဝေးမှပင် ခံစားမိသည်။ ခဏတာ တွေဝေသွားသည်၊ "ထိုညက သူမနှင့် တိုက်ခိုက်ပြီးနောက် သူမက ငါ့ကို သံသယဝင်နေတာသေချာတယ်။ ခဏနေလို့ သူမက သဲလွန်စရသွားရင်....ကျားမြီးကို မဆွဲရဘူးဆိုတဲ့အတိုင်းပဲ၊ စုန့်ချင်းရှု ထိုညကလုပ်ခဲ့သော အဖြစ်အပျက်ကို ပြန်တွေးမိတော့ .....သူမက ငါ့ကို သတ်မှာ သေချာတယ်။"
"စုန့်သခင်လေး မနက်စောစော ဒေါင်ဖန်းကို လာတွေ့တာ ဘာကိစ္စ ရှိလို့လဲ?" အခန်းထဲမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
နက်ရှိုင်းတဲ့ ယောက်ျားသံကို နားထောင်ရင်း စုန့်ချင်းရှု ထပ်ပြီး သံသယဝင်လာသည် "သေရင် သေပါစေ၊ လောင်းကြေးထပ်မယ်။" ဆုံးဖြတ်ချက်ချပြီးနောက် စုန့်ချင်းရှု အံကြိတ်၍ မေးလိုက်သည်၊ "စုန့်က ဒေါင်ဖန်းသခင်က ယောက်ျားလား၊ မိန်းမလား သိချင်ပါတယ်" ဟု မေးသည်။
"ဘာ!" အသံတွင် ဒေါသများ ပြည့်နှက်နေသည်။ အနီရောင် အရိပ်တစ်ခု အခန်းထဲမှ လျင်မြန်စွာ ထွက်လာပြီး စုန့်ချင်းရှုရှေ့သို့ ရောက်လာသည်။ မျက်လုံးများက သူ့ကို စူးစူးစိုက်စိုက်ဖြင့် စိုက်ကြည့်နေသည်၊ "မင်း ထပ်ပြောကြည့်စမ်း!"
စုန့်ချင်းရှု တစ်ကိုယ်လုံး စွမ်းအင်များ အပြည့်ဖြင့် လျှို့ဝှက်စွာ ကာကွယ်ထားပြီး "အရင်က နေကြာဘိုးဘေးက စုန့်ကို ဒေါင်ဖန်းပုပိုင်က မိန်းကလေးလို့ ပြောတယ်၊ စုန့် အနည်းငယ် အံ့ဩသွားလို့ သေချာအောင် လာမေးတာပါ" ဟု ပြောသည်။
"စုန့်ချင်းရှု၊ မင်းက ငါနဲ့ ဖုန်းအဘိုးကြီးတို့ တိုက်ခိုက်တော့မှာမို့ မင်းအပေါ်မှာ စွမ်းအင်တွေ မဖြုန်းရဲဘူးလို့ သေချာနေတာလား?" ဒေါင်ဖန်းပုပိုင် အေးစက်စွာ ရယ်လိုက်သည်။
"မရဲပါဘူး" စုန့်ချင်းရှု တိတ်တဆိတ်ဖြင့် ချွေး သုတ်လိုက်သည်၊ "ဒါပေမဲ့ ဒေါင်ဖန်းက ထက်မြတ်တဲ့သူဆိုတော့ ဘယ်လို ရွေးချယ်ရမလဲဆိုတာ သိမှာပါ။"
"စုန့်သခင်၊ မင်း မကြာသေးခင်ပဲ သိုင်းပညာတွေ တိုးတက်လာတာကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းက ကိုယ့်စွမ်းရည်ကို အရမ်း အထင်ကြီးလွန်းနေပြီ။ ငါ မင်းအသက်ကို ယူရင်တောင် နောက်ပိုင်း ပြိုင်ပွဲကို ထိခိုက်စေမှာ မဟုတ်ဘူး" ဒေါင်ဖန်းပုပိုင် လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
"ကျွန်တော်ရဲ့ သိုင်းပညာ နိမ့်ကျပေမယ့် ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ အထင်မသေးပါဘူး" စုန့်ချင်းရှုက တည်ငြိမ်စွာ ပြုံးလိုက်သည် "ဒေါင်ဖန်းသခင် တကယ်ပဲ မင်း ပြောသလို သေချာတယ်ဆိုရင် မင်းတိုက်ခိုက်ပြီးသွားပြီပေါ့။"
စုန့်ချင်းရှု မိမိရှေ့တွင် ခေါင်းငုံ့၍လေးစားစွာရပ်နေသော်လည်း စုန့်ချင်းရှု၏ကိုယ်ဟန်အနေထားသည် မိမိ၏ စွမ်းအားလှုပ်ရှားမှုနှင့်အတူ တဖြည်းဖြည်း ပြောင်းလဲနေပြီး မိမိ၏လျှို့ဝှက်တိုက်ခိုက်မှုများစွာကို ပုံသဏ္ဌာန်ပျက်အောင် ချေဖျက်ပစ်နေသည်ကို မြင်သောအခါ ဒေါင်ဖန်းပုပိုင် စိတ်ထဲတွင် အံ့အားသင့်သွားသည်။ အနိုင်ရဖို့ဆိုရင် အတော်လေး အင်အားထုတ်ရမယ် ထင်တယ်။