အခန်း (၁၀၉) ခန္ဓာကိုယ်တွင် ဝှက်ထားသော မြေပုံ
စုန့်ချင်းရှု လှည့်ကြည့်လိုက်သောအခါ အတွင်းခန်းမှ အမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ အသွင်အပြင်က ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေပြီး ဧည့်ခန်းအတွင်းရှိ ဖယောင်းတိုင်မီးနီများအောက်တွင် ဆွဲဆောင်မှုရှိသော အလှတရားက ဖော်ပြ၍ မကုန်နိုင်ပေ။
"စုန့်အစ်ကို၊ ဒါက ကျွန်တော့်ဇနီးကြီး ဖန်းယီပါ" ဝေရှောင်ပေါင်က ဂုဏ်ယူစွာဖြင့် ဖန်းယီ၏ ပခုံးကို ဖက်လိုက်သည်။
ဖန်းယီ၏ မျက်လုံးများတွင် မနှစ်မြို့သောအရိပ်အယောင်များ ပေါ်လာသော်လည်း သူ၏ ပွေ့ဖက်ခြင်းကို ခွင့်ပြုလိုက်သည်။
"ဖန်းယီ?" သူ့ရှေ့မှ ပန်းကဲ့သို့ လှပသော အမျိုးသမီးကို ကြည့်လိုက်ပြီး Jordan Chan ၏ The Deer and the Cauldron ဗားရှင်းတွင် ပိန်ပိန်ညိုညို ဖန်းယီကို ပြန်တွေးမိသောအခါ စုန့်ချင်းရှု စိတ်ထဲမှာ ခဏလောက် လွတ်သွားသည်။ သူ၏စိတ်ထဲတွင်၊ ချန်ယိရှင်းနှင့် သူ့ဇနီးတို့၏ ဆက်ဆံရေးကောင်းတာ ဘာမှမပြေလိုပေမယ့် ရှုဟောင်ယင်၏ ရုပ်ရည်က တကယ်ကိုစွဲဆောင်မှု့မရှိပေ။(ရှုဟောင်ယင်-ဖန်းယီအဖြစ်သရုပ်ဆောင်)
"စုန့်အစ်ကိုကို တွေ့ရတာ ဝမ်းသာပါတယ်" ဖန်းယီသည် စုန့်ချင်းရှုကို မြင်သောအခါ စိတ်ထဲတွင် အံ့ဩစွာ ပြောလိုက်သည် တကယ်ကို ခန့်ညားချောမောတဲ့ ယောက်ျားတစ်ယောက်ပါလား။
"ညီမလေး၊ ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး" စုန့်ချင်းရှုက သူမကို အသာအယာ ထူပေးလိုက်ပြီး ပြောလိုက်သည် "ခုနက ဝေညီလေးက ကျွန်တော့်ကို ပြောပြပြီးပါပြီ။ သူ မြောက်ပိုင်းကို သွားပြီးနောက် ကျွန်တော် မင်းတို့ရဲ့ ဘေးကင်းရေးကို အစွမ်းကုန် ကာကွယ်ပေးပါမယ်။"
"စုန့်အစ်ကို၊ အကြောင်းအမျိုးမျိုးကြောင့် သူမကို နဂါးနတ်ဘုရားဂိုဏ်းထဲ အတင်းအကျပ် ဝင်ခိုင်းခဲ့တယ်။ နဂါးနတ်ဘုရားဂိုဏ်းက သူတို့ရဲ့ တပည့်တွေကို ထိန်းချုပ်ဖို့အတွက် ကျားသန္ဓေသား အကြောပြောင်းဆေးကို တိုက်တယ်။ ဒီဆေးက အရမ်းဆိုးဝါးတယ်..." ဝေရှောင်ပေါင်သည် ပိန်သောရသေ့နှင့်ဝသောရသေ့တို့၏ ကိစ္စကို စုန့်ချင်းရှုအား ပြောပြပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်၊ "စုန့်အစ်ကို သိုင်းပညာ မြင့်မားတော့ ဒီအဆိပ်ကို ဖြေနိုင်မလား မသိဘူး?"
ခုနက ဖန်းယီ၏ ခန္ဓာကိုယ် မသိမသာ တုန်ယင်သွားသည်ကို သတိပြုမိသောအခါ စုန့်ချင်းရှု ချက်ချင်း နှစ်သိမ့်လိုက်သည်၊ "ညီမလေး စိတ်မပူပါနဲ့။ ကျားသန္ဓေသား အကြောပြောင်းဆေးရဲ့ အာနိသင်ကို ကျွန်တော်လည်း ကြားဖူးပါတယ်။ ကျွန်တော် ဆေးပညာ မတတ်ပေမယ့် ဒီအဆိပ်ကို ဖြေနိုင်တဲ့သူ ရှိတယ်ဆိုတာ သိပါတယ်။"
ဖန်းယီ ကြားလိုက်သည်နှင့် အသံများပင် တုန်ယင်လာသည်။ ဤအဆိပ်သည် အရိုးထဲ စိမ့်ဝင်နေသော ပိုးကောင်ကဲ့သို့ သူမကို နေ့စဉ် စိတ်ပူပန်စေသည်။ လျင်မြန်စွာဖြင့် မေးလိုက်သည်၊ "တကယ်လား? စုန့်အစ်ကို လမ်းညွှန်ပေးပါဦး။"
သူမ၏ သနားစရာကောင်းသော ပုံစံကို မြင်သောအခါ စုန့်ချင်းရှု စိတ်ထဲတွင် တွေးမိသည် ဝေရှောင်ပေါင်ဆိုတဲ့ ဒီကောင်ရဲ့ အချစ်ရေးကံက တကယ်ကိုမဆိုးဘူး..." ဟု တွေးမိသည်။... "ညီမလေး ဒုန်းထင်းရေကန်နားက အဆိပ်လက်သမားတော်ကြီးကို သွားရှာနိုင်ပါတယ်။ သူ့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဒီအဆိပ်လောက်က သူ့အတွက် ကုသဖို့ခက်ခဲမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒါပေမဲ့ အဆိပ်လက်သမားတော်ကြီးရဲ့ စိတ်နေစိတ်ထားက ထူးဆန်းတယ်။ အင်း၊ ကျွန်တော်နဲ့ အဆိပ်လက်ရာရှင် ဆေးဘုရင်နဲ့ အတော်လေး ပတ်သက်မှု ရှိပါတယ်။ အဲ့ဒီအခါကျရင် ကျွန်တော် စာတစ်စောင် ရေးပေးလိုက်ပါ့မယ်။ သူ သေချာပေါက် ကူညီပါလိမ့်မယ်" ဟု ပြောသည်။
ဖန်းယီ အလွန်ဝမ်းသာသွားပြီး အသက်ရှူသံများပင် ပို၍ မြန်ဆန်လာသည်၊ "ကျေးဇူးတင်ပါတယ် စုန့်အစ်ကို!"
ဘေးမှ ဝေရှောင်ပေါင်သည် အနည်းငယ် မနာလိုဖြစ်သွားသည်။ သူ သူမကို အကြိမ်များစွာ ကူညီခဲ့သော်လည်း သူမက မိမိအပေါ် ဒီလောက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်တာမျိုး မရှိခဲ့ဖူးပေ။ ရုပ်ချောတဲ့ ယောက်ျားကို မြင်တော့ ဒီမိန်းကလေးက တကယ်ပဲ စိတ်လှုပ်ရှားနေတာပဲ...
ဧည့်ခံပွဲ ပြီးဆုံးသောအခါ ဝေရှောင်ပေါင် ကိုယ်တိုင် စုန့်ချင်းရှုကို တံခါးဝအထိ လိုက်ပို့ပေးသည်။ စုန့်ချင်းရှုသည် နန်းတော်တံခါးဘက်သို့ လျှောက်သွားရင်း ခဏခဏ နောက်လှည့်ကာ လက်ပြနှုတ်ဆက်သည်။ လမ်းထောင့်ကို ချိုးကွေ့သွားသောအခါ စုန့်ချင်းရှု ရပ်တန့်လိုက်ပြီး မျက်နှာမှ အပြုံးကို ဖျောက်လိုက်သည်။
ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာကြည့်ပြီးနောက် စုန့်ချင်းရှုသည် ကိုယ်ဖော့သိုင်းပညာကို အသုံးပြု၍ ဝေရှောင်ပေါင်၏ အိမ်တော်သို့ တိတ်တဆိတ်ပြန်ဝင်သွားလိုက်သည်။ ယခင်က သူသည် မြို့စားအိမ်တော်ကို ညဘက် အကြိမ်များစွာ လျှို့ဝှက်စုံစမ်းခဲ့ဖူးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီး ၄၂ ခန်းကျမ်း ၏ သဲလွန်စကို ရှာမတွေ့ခဲ့ပေ။
"ချင်မင်းဆက်ရဲ့ ရတနာသိုက်က လျောင်တုံးက သမင်တောင် မှာ ရှိတယ်ဆိုတာ ငါသိနေပေမယ့် သမင်တောင်က ဘယ်မှာလဲ၊ ရတနာသိုက်က သမင်တောင်ရဲ့ ဘယ်နေရာမှာ အတိအကျ ရှိလဲဆိုတာတော့ ငါ မသိဘူး။ ဒါဆို ၄၂ ခန်းကျမ်းထဲက မြေပုံကိုပဲ အားကိုးရတော့မယ် ထင်တယ်" စုန့်ချင်းရှုသည် လှည့်ကင်းလှည့်နေသော အစောင့်များကို ရှောင်ရှားရင်းရှာဖွေနေခဲ့သည်။
စုန့်ချင်းရှုသည် မူရင်းဝတ္ထုတွင် ဝေရှောင်ပေါင်က ၄၂ခန်းကျမ်း ကို ခေါင်းတလားတစ်ခုထဲတွင် ဝှက်ထားသည်ဟု မှတ်မိနေသော်ငြား အကြိမ်များစွာ ရှာဖွေခဲ့သော်လည်း ထိုခေါင်းတလားကို ရှာမတွေ့ခဲ့ပေ။ သူ မှားယွင်းစွာ မှတ်မိနေသည်ဟု ထင်ကာ အိမ်တော်ရှိ နေရာတိုင်းကို သေချာ ထပ်၍ရှာဖွေခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ပြန်ပေ။
စုန့်ချင်းရှုသည် ယခင်က ရှာဖွေရာတွင် ကျန်ခဲ့သည့် နောက်ဆုံးနေရာကို ရှာဖွေပြီးနောက် စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည် ၄၂ခန်းကျမ်း သည် မြို့စားအိမ်တော်တွင် ရှိမည်မဟုတ်ဟု သူ ကောက်ချက်ချလိုက်သည်။
လှည့်ထွက်ရန် ပြင်ဆင်နေစဉ် စုန့်ချင်းရှု ရုတ်တရက် စိတ်ထဲတွင် လှုပ်ရှားသွားသည်။ အဝေးမှ အခန်းတစ်ခန်းကို ကြည့်လိုက်သောအခါ မီးအိမ်ရောင်သည် လှုပ်ယိမ်းနေပြီး ပြတင်းပေါက်တွင် လူရိပ်များ ဖျော့တော့စွာ ပေါ်နေသည်ကို တွေ့ရသည်။ ၎င်းသည် ဝေရှောင်ပေါင်၏ အိပ်ခန်းဖြစ်ကြောင်း သူ သိလိုက်ပြီး ခဏတုံ့ဆိုင်းပြီးနောက် ခြေထောက်ကို အားပြု၍ ခုန်လိုက်ပြီး အိပ်ခန်းခေါင်မိုးပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။
ခေါင်မိုးမှ အမိုးပြားများကို ညင်သာစွာ ခွာလိုက်ပြီး အတွင်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အသံများကို ကြားလိုက်ရသည်။ စုန့်ချင်းရှု သတိထား၍ အတွင်းသို့ ချောင်းကြည့်လိုက်သည်။
"ရှောင်အာလေး၊ မင်း ဒီနေ့ စုန့်အစ်ကိုကြီးနဲ့ ဘာလို့ ထွက်မတွေ့တာလဲ?" ဝေရှောင်ပေါင် မေးလိုက်သည်။
"ကျွန်မ နေလို့ သိပ်မကောင်းလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်အစ်မက ပါနေတာကြောင့် ထွက်မတွေ့ချင်တော့ဘူး" ရှောင်အာ ပျင်းရိစွာ ပြောလိုက်သည်။ စိတ်ထဲတွင်မူ ထိုညက စုန့်ချင်းရှု၏ အသားယူခြင်းကို ပြန်သတိရကာ ဒေါသထွက်နေသဖြင့် သူ့ကို ထပ်မတွေ့ချင်ခြင်း ဖြစ်သည်။ သို့သော် ဤအကြောင်းပြချက်ကို ရှောင်ပေါင်အား တိုက်ရိုက်ပြော၍ မရပေ။
"ငါ့ရဲ့ရှောင်အာလေးက သဝန်တိုနေတာပဲ" ဝေရှောင်ပေါင် အံ့အားသင့်သလို ဟန်ဆောင်ကာ ပြောလိုက်သည်
“လာပါဦး၊ စစ်ဆေးကြည့်ရအောင်၊ ဘယ်နေရာက နေလို့ မကောင်းတာလဲ” ပြောရင်း ရှောင်အာရဲ့ အဝတ်အစားကို ချွတ်ဖို့ လက်လှမ်းလိုက်သည်။
"အာ့!" ရှောင်အာ မျက်နှာပျက်သွားပြီး အမြန် ရှောင်တိမ်းလိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပြီး သူမ၏ အင်္ကျီအပေါ်ပိုင်းကို ဝေရှောင်ပေါင် ဆွဲချွတ်လိုက်ရာ ဖြူဖွေးသော ပခုံးသားလေးများ ပေါ်လာသည်။
လူနှစ်ဦး အခန်းတွင်း ပျော်ပါးနေသည်ကို မြင်သောအခါ စုန့်ချင်းရှု အလိုလို ခေါင်းလှည့်လိုက်သည်။ စိတ်ထဲတွင် အလွန်နောင်တရသည် မသိကျွမ်းသောသူများဆိုလျှင် ပြဿနာမရှိသော်လည်း ဝေရှောင်ပေါင်နှင့် သူ၏ဆက်ဆံရေးက ကောင်းနေသောကြောင့် အလွန်ရင်းနှီးနေ၍ ခက်ခဲလှသည်။
စိတ်ထဲတွင် နောင်တများစွာဖြင့် ထွက်ခွာရန် ပြင်ဆင်နေစဉ် စုန့်ချင်းရှု ရုတ်တရက် အတွေးတစ်ခု ရလိုက်သည်။ ခုနက လှစ်ခနဲ မြင်လိုက်သည့် မြင်ကွင်းကို သတိရကာ ချက်ချင်း ပြန်လှည့်၍ အတွင်းသို့ ဂရုတစိုက် ကြည့်လိုက်သည်။
ရှောင်အာသည် သူမ၏ အတွင်းခံအင်္ကျီကို တင်းတင်းဆွဲကိုင်ထားပြီး ဝေရှောင်ပေါင်၏ ဆိုးသွမ်းသော လက်များကို မရပ်မနား ရှောင်တိမ်းနေသည်။ သိုးဆီကဲ့သို့ နူးညံ့ချောမွေ့သော အသားအရေသည် ပိုးသား ကုလားကာထဲမှ ဝိုးတဝါး ထင်ဟပ်နေသည်။
သို့သော် ၎င်းသည် အဓိက မဟုတ်ပါ။ စုန့်ချင်းရှု၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရှောင်အာ၏ အတွင်းခံအင်္ကျီပေါ်တွင် ရှုပ်ထွေးသော ပုံစံတစ်ခု ထိုးထားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ၏ အတွင်းအားပညာ နက်ရှိုင်းပြီး မျက်လုံးများ အလွန်ထက်မြက်မနေပါက သာမန် ပန်းထိုးပုံစံတစ်ခုဟုသာ ထင်မိမည်ဖြစ်ပြီး ထိုအရာသည် မြေပုံတစ်ခုဖြစ်သည်ကို မြင်နိုင်မည်မဟုတ်ပေ။
ထင်သည့်အတိုင်းပင် ရှောင်အာ စကားစလာသည်၊"ရှောင်ပေါင်၊ မဆိုးနဲ့။ အင်္ကျီပေါ်မှာ ထိုးထားတဲ့... အဲဒါကို ပြဲသွားမှာ မကြောက်ဘူးလား?"
"ငါ့ရွှမ်အာလေးရဲ့ လက်ရာကို ငါ ယုံတယ်။ ပြီးတော့ ဒါက ရွှေချည်ပျော့နဲ့ထိုးထားတာပဲ၊ ဘယ်လိုလုပ် အလွယ်တကူ ဆွဲဖြဲလို့ရမှာလဲ" ဝေရှောင်ပေါင်က ပြောလေလေ ပို၍ ဂုဏ်ယူလေလေ ဖြစ်သည် ။"လိပ်အိုကြီးဟုန်၊မိဘုရား စုန်းမအိုကြီး၊ နဂါးနတ်ဘုရားဂိုဏ်း ... အားလုံးက ၄၂ခန်းကျမ်းကို ရှာနေကြတယ်။ ငါ့က အဲဒီထဲက မြေပုံကို ခိုးယူပြီး ငါ့ရှောင်အာလေးရဲ့ အတွင်းခံအင်္ကျီပေါ်မှာ ထိုးထားတာကို သူတို့ မသိကြဘူး... တစ်ခုပဲ နှမြောစရာကောင်းတာက ဝူဆန်းကွေ့နဲ့ မင်းသားပေါင်တို့ရဲ့ ကျမ်းနှစ်အုပ် လိုနေသေးတယ်။"
သူမကိုယ်ပေါ်မှ ဆိုးသွမ်းသော လက်များကို ပုပ်ထုတ်လိုက်ပြီး ရှောင်အာက "ကြည့်စမ်း၊ မင်း ဘယ်လောက် ပျော်နေလဲ။ တစ်နေ့နေ့ကျရင် ငါ တခြားရုပ်ချောချော ယောက်ျားတစ်ယောက်နဲ့ ထွက်ပြေးသွားရင် မင်း ငိုဖို့တောင် အချိန်ရမှာ မဟုတ်ဘူး" ဟု ဆူပူလိုက်သည်။
"ဖန်းယီဆိုတဲ့ မိန်းမဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်" ဝေရှောင်ပေါင် တဟီးဟီးရယ်ကာ ပြောလိုက်သည်၊ "ဒါပေမဲ့ ဒီကမ္ဘာမှာ လူတိုင်း ငါ့ကို သစ္စာဖောက်ရင်တောင် ငါ့ရဲ့ ကောင်းတဲ့ ရှောင်အာလေးက ငါ့ဘက်မှာ အမြဲရှိနေမှာပဲ။ ဒါကြောင့် ငါ စိတ်ချတာပေါ့..."
"ချိုသာတဲ့စကားတွေ ပြောပြီး မြှူဆွယ်တတ်တာပဲ..." ရှောင်အာ ရှက်ရွံ့စွာ ပြောလိုက်သည်။ ရင်ထဲတွင် ချိုမြိန်နေသလို ခံစားရသည်။
လူနှစ်ဦးသည် ချစ်စကားဆိုနေကြသည်ကို မြင်သောအခါ အဓိပ္ပာယ်ရှိသော အချက်အလက်များ ထပ်မံမရတော့သဖြင့် စုန့်ချင်းရှု ချက်ချင်း ခုန်ထွက်၍ မြို့စားအိမ်တော်မှ ထွက်ခွာသွားသည်။
"ဒီအချိန်မှာ ရှောင်အာဆီက မြေပုံကို ရယူတာက အလွန်လွယ်ကူပေမယ့် မြွေကို ခြောက်လှန့်ရာ ရောက်သွားလိမ့်မယ်" စုန့်ချင်းရှု နန်းတော်သို့ ပြန်သွားသော လမ်းတစ်လျှောက်တွင် စိတ်ထဲ၌ အကျိုးအပြစ်များကို ချိန်ဆနေသည်၊ "စောစောယူယူ နောက်မှယူယူ ဘာမှ ကွာခြားမှု မရှိဘူး။ အခုချိန် လုပ်လိုက်ရင် ရင်းနှီးပြီးသား ဇာတ်လမ်းကို ဖျက်ဆီးရာ ရောက်သွားပြီး အကျိုးမရှိဘဲ ဖြစ်သွားလိမ့်မယ်။ ကျန်ရှိတဲ့ ကျမ်းနှစ်အုပ်ထဲက တစ်အုပ်က ဝူဆန်းကွေ့ဆီမှာ ရှိပြီး နောက်တစ်အုပ်က မင်းသားပေါင်ဆီမှာ ရှိနေတာဆိုတော့ ငါ ရဖို့ ခက်ခဲလိမ့်မယ်။ ဒါဆို ရှောင်အာရဲ့ မြေပုံကို လုယူတာကလည်း အသုံးမဝင်သေးဘူး... ဝေရှောင်ပေါင် ကျမ်းနှစ်အုပ်လုံး ရပြီးမှ ငါ လုယူတာက ပိုကောင်းလိမ့်မယ်။"
ဆုံးဖြတ်ချက်ချပြီးနောက် စုန့်ချင်းရှု စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်နိုင်ပြီး မျက်နှာမှာအပြုံးနှင့်အတူ နန်းတော်ဆီသို့ လျှောက်သွားတော့သည်။