အခန်း ၁: စုန့်ချင်းရှုရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်
စုန့်ချင်းရှု မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေသည်။
သူ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦးဖြစ်သည်။ လူ့အဖွဲ့အစည်းမှာ ရှင်သန်ဖို့အတွက် အလွန်ကြိုးစားခဲ့ရပြီး ငယ်ရွယ်စဉ်မှာပဲ ကြီးမားတဲ့ မိသားစုစီးပွားရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ သူ ကူကုံတန် အသိုင်းဝိုင်းထဲကို ဝင်ရောက်ခဲ့ပြီး အဲဒီမှာပဲ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်။
သူမဟာ လှပပြီး ခန့်ညားထည်ဝါကာ သူမပတ်လည်မှာ ထူးချွန်သော လူငယ်များဖြင့် ဝန်းရံနေသည်။ သို့သော်လည်း စုန့်ချင်းရှုဟာ သူတို့ကို သူ့ရဲ့ ပြိုင်ဘက်တွေအဖြစ် ဘယ်တော့မှ မသတ်မှတ်ခဲ့ပေ။ အဲဒီလူ ပေါ်လာတဲ့အထိပေါ့။
အဲဒီလူရဲ့ မိသားစုမှာ ကြီးမားတဲ့ နောက်ခံအင်အားတွေရှိပြီး သူဟာလည်း ရုပ်ရည်ချောမောပြီး ထူးခြားတယ်။ အရေးကြီးဆုံးအချက်က သူတို့နှစ်ယောက်ဟာ အတူတူ ကြီးပြင်းလာတာပဲ။ သူတို့ဟာ ဆယ်နှစ်ကျော်အကြာမှာ ပြန်ဆုံတွေ့ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အခုလို အောင်မြင်သော ပုဂ္ဂိုလ်များအဖြစ် ပြန်လည်ဆုံတွေ့ရတာကြောင့် အံ့အားသင့်နေကြတယ်။
နတ်ဘုရားမဟာ သူတို့နှစ်ယောက်ကြားမှာ ရွေးချယ်ဖို့တုံ့ဆိုင်းသွားသည်။အလှတရားကို ပြန်လည်ရရှိဖို့အတွက် စုန့်ချင်းရှုဟာ သေးငယ်တဲ့ လှည့်ကွက်တွေနဲ့ တိုက်ဆိုင်မှုတွေကို အသေးစိတ်စီစဉ်ခဲ့တယ်။ သူဟာ နတ်ဘုရားမရဲ့ မျက်နှာသာပေးမှုကို အဆက်မပြတ် ရရှိခဲ့ပြီး အောင်ပွဲရဲ့ ချိန်ခွင်လျှာဟာ တဖြည်းဖြည်း စုန့်ချင်းရှုဘက်ကို ယိမ်းယိုင်လာခဲ့တယ်။
လုပ်ငန်းစဉ်တစ်ခုလုံးအတွင်းမှာ အဲဒီလူဟာ အရာအားလုံးကို ဥပေက္ခာပြုလျက် ကြည့်နေခဲ့ပြီး နောက်ဆုံး သင့်တော်တဲ့အချိန်ရောက်မှ စုန့်ချင်းရှု အရင်က လုပ်ခဲ့သမျှ အရာအားလုံးကို မတော်တဆပုံစံနဲ့ ထုတ်ဖော်ပြသခဲ့တယ်။
ယခင်တိုက်ဆိုင်မှုတွေအားလုံးဟာ လှည့်စားမှု့တွေဖြစ်နေမှန်း နတ်ဘုရားမ သိသွားတဲ့အခါ သူမဟာ ချက်ချင်းပဲ လှည့်ထွက်သွားခဲ့သည်။ စုန့်ချင်းရှုဟာ သူမထွက်ခွာသွားချိန်မှာ သူမရဲ့ မျက်လုံးထဲက ရွံရှာတဲ့ အကြည့်နဲ့ သူမထွက်ခွာသွားခါနီးမှာ ပြောခဲ့တဲ့ စကားကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။
"ရှင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး" "သူ့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး" ဆိုတဲ့ စကားလုံးတွေဟာ သူ့နားထဲမှာ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့တယ်။
အဲဒီလူဟာ သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်ကို ထိန်းသိမ်းပြီး နတ်ဘုရားမနဲ့ လက်ထပ်တဲ့အထိ စုန့်ချင်းရှုကို ရိုသေလေးစားစွာ ဆက်ဆံခဲ့တယ်။
လက်ထပ်ပြီး ဒုတိယနေ့မှာ စုန့်ချင်းရှုရဲ့ ကုမ္ပဏီဟာ ကြေကွဲစရာကောင်းတဲ့ လက်စားချေမှုလှိုင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရသည်။ အဲဒီအချိန်မှာ စုန့်ချင်းရှုဟာ တကယ်ကြီးမားတဲ့ မိသားစုရဲ့ အင်အားကို နားလည်ခဲ့ပြီး ရေအောက်မှာ ဘယ်လောက်ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ကောင် ပုန်းလျှိုးနေလဲဆိုတာကို သိရှိခဲ့သည်။
ဘတ်ဖက်နဲ့ ဆိုရော့စ် တို့ကိုယ်တိုင် တိုက်ခိုက်လာရင်တောင် မပြိုလဲနိုင်ဘူးလို့ သူထင်ခဲ့တဲ့ စုန့်ချင်းရှုရဲ့ ကုမ္ပဏီဟာ ပြိုလဲသွားခဲ့သည်။ အဲဒီလူရဲ့ တိုက်ခိုက်မှုအောက်မှာ ကုမ္ပဏီဟာ နေပူထဲက နှင်းလိုမျိုး ပြိုလဲသွားခဲ့သည်။ တစ်ညတည်းနဲ့ စုန့်ချင်းရှုဟာ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေရှိတဲ့ သူဌေးတစ်ဦးကနေ ဘီလီယံနဲ့ချီတဲ့ အကြွေးတွေနဲ့ ဆင်းရဲသားတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဒီကမ္ဘာမှာ ဒီလို ဘီလူးကြီးတွေရဲ့ အစစ်အမှန်မျက်နှာကို လူဘယ်နှစ်ယောက် မြင်နိုင်မလဲ" စုန့်ချင်းရှုဟာ သူ့ကိုယ်သူ ရယ်မောခဲ့တယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို တရားရုံးက ထိန်းသိမ်းထားတယ်။ သူဟာ အခု အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အရက်ပုလင်းကို ခါးကြားမှာထိုး မှိန်ဖျော့နေတဲ့ လမ်းမပေါ်မှာ အထီးကျန်စွာ လမ်းလျှောက်နေသည်။
မော့ကြည့်လိုက်တော့ သူဟာ အစောပိုင်းတုန်းက နတ်ဘုရားမ ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးမိပြီး သူဟာ နာကျင်မှုကို ပြန်လည်ခံစားရတယ်။ "မင်းတို့အားလုံးဟာ မွေးကတည်းက အဆင့်အတန်းမြင့်တဲ့သူတွေပဲ၊ မင်းတို့ ဘာမှ လုပ်စရာမလိုဘူး။ ငါသာ လှည့်ကွက်ဆင်တတ်တဲ့သူ မဟုတ်ရင် မင်းတို့နဲ့ စကားပြောဖို့တောင် အရည်အချင်းရှိမှာ မဟုတ်ဘူး။ ဟားဟား... ငါဟာ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေက သေးငယ်တဲ့လူတစ်ယောက်ကနေ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေရှိတဲ့ လူတစ်ယောက်အထိ ကြိုးစားလာခဲ့တယ်။ သွေးနဲ့ မျက်ရည်တွေကျတဲ့ နည်းလမ်းတွေ မပါဘဲ ငါလိုချင်တဲ့ အရာတွေကို ရနိုင်မှာလား။ ငါဟာ လှည့်ကွက်တွေနဲ့ တွက်ချက်မှုတွေကို အသားကျနေပေမယ့် နောက်ဆုံးမှာတော့ မင်းက ငါ့ရဲ့ စရိုက်မှာ ပြဿနာရှိတယ်လို့ ထင်နေတာလား"
အဲဒီအချိန်မှာ စုန့်ချင်းရှုဟာ သွမ့်ယွီနဲ့ မုရုံဖူကို ဘာကြောင့် တွေးမိလဲဆိုတာ မသိခဲ့ဘူး။ စုန့်ချင်းရှုဟာ သွမ့်ယွီကို အမြဲတမ်း မကြိုက်ခဲ့ဘူး။ သူဟာ တစ်နေ့လုံး ဘာမှ လုပ်စရာမလိုဘဲ တောင်တွေပတ်ပြီး သူ့ရဲ့ ညီမလေးနဲ့ ဆော့ကစားဖို့ပဲ လိုအပ်တယ်။ သူဟာ အတွင်းအား လေ့ကျင့်စရာ မလိုဘဲ တခြားသူတွေရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုတွေကို စုပ်ယူရုံပဲ လိုအပ်တယ်။ သူဟာ သိုင်းပညာ သင်ယူချင်စိတ် မရှိပေမယ့် အတုမရှိတဲ့ လျှို့ဝှက်ချက်တွေ အားလုံးဟာ သူ့ရဲ့ တံခါးဝကို အလိုအလျောက် ရောက်လာတယ်။ အရာအားလုံးဟာ သူ့အတွက် ရည်ရွယ်ထားသလိုမျိုးပဲ!
တစ်ဖက်မှာ မုရုံဖူဟာ နိုင်ငံနဲ့ မိသားစုရဲ့ မုန်းတီးမှုတွေကို ထမ်းရွက်ပြီး ကြိုးစားအားထုတ်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။ သူဟာ ငယ်စဉ်ကတည်းက သိုင်းပညာကို ကြိုးစားလေ့ကျင့်ခဲ့တယ်။ သူဟာ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြီးမားတဲ့ ရည်ရွယ်ချက်အတွက် အသက်ရှင်ခဲ့တယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့ဘူး။ နောက်ဆုံးမှာ သူ့ရဲ့ ပျက်စီးခြင်းဟာ အလွန်ဆိုးရွားခဲ့တယ်။
စုန့်ချင်းရှုဟာ သူဟာ အဲဒီ မုရုံဖူနဲ့ အလွန်ဆင်တူပြီး အဲဒီလူဟာ သွမ့်ယွီနဲ့ တူတယ်လို့ ခံစားခဲ့ရသည်။ အဲဒီလူဟာ သူ့ရဲ့ ပြိုင်ဘက် အမှားလုပ်ဖို့ စောင့်နေဖို့ကလွဲလို့ ဘာမှ လုပ်စရာမလိုဘူး၊ ဘာလို့လဲဆိုတော့ သူဟာ အရာအားလုံးနဲ့ မွေးဖွားလာတာကြောင့်ပဲ။ ဒါပေမဲ့ မုရုံဖူနဲ့ ဆင်တူစွာ စုန့်ချင်းရှုဟာ ဘာမှ လုပ်နိုင်စွမ်းမရှိဘူး၊ ဘာလို့လဲဆိုတော့ အရာအားလုံးကို သူ့ကိုယ်တိုင် ရယူဖို့ လိုအပ်လို့ပဲ...
ရုတ်တရက် တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရပြီး စုန့်ချင်းရှုဟာ သူ့ရဲ့ ဦးခေါင်းကို လှည့်လိုက်ပြီး ကြီးမားတဲ့ ထရပ်ကားတစ်စီးနဲ့ တိုက်မိသွားသည်။ သူ တိုက်ရိုက် လွင့်ထွက်သွားခဲ့သည်။ သူဟာ ရိုက်ခတ်မှုအောက်မှာ သူ့ရဲ့ အရိုးတွေ ကျိုးကျေ သွားတာကို ခံစားလိုက်ရတယ်။ မတိုက်ခင်မှာ ယာဉ်မောင်းက "သူ့ကို တိုက်သတ်လိုက်!" လို့ ပြောတာကို ကြားလိုက်ရသလို ခံစားလိုက်ရတယ်။
ထို့နောက် စုန့်ချင်းရှုရဲ့ သတိဟာ အဆုံးမဲ့ အမှောင်ထဲကို နစ်မြုပ်သွားခဲ့သည်။
နောက်ပိုင်းမှာ ယာဉ်ထိန်းရဲတွေက အဲဒီဖြစ်ရပ်ကို မတော်တဆမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့တယ်။ စုန့်ချင်းရှုဟာ အကြွေးတွေ အများကြီးတင်နေပြီး ခဏတာအတွင်းမှာ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်ခဲ့ဘူး။ သူဟာ အရက်မူးပြီး စိတ်ဓာတ်ကျနေတာကြောင့် ကြီးမားတဲ့ ထရပ်ကားရှေ့ကို ပြေးဝင်သွားခဲ့တယ်။ ယာဉ်မောင်းရဲ့ တစ်ခုတည်းသော အမှားက အရှိန်အရမ်းပြင်းတာပဲ။ ယာဉ်မောင်းဟာ ရက်ပေါင်း ၁၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လွှတ်ပေးခံခဲ့ရသည်။ ဟုတ်ပါတယ်၊ စုန့်ချင်းရှုဟာ အဲဒီအရာအားလုံးကို သိဖို့ မဖြစ်နိုင်ပါဘူး။
နာကျင်မှု! မခံမရပ်နိုင်တဲ့ နာကျင်မှု!
စုန့်ချင်းရှုဟာ တဖြည်းဖြည်း သတိပြန်လည်လာခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံး ကွဲအက်နေသလို ခံစားခဲ့ရပြီး လက်တစ်ချောင်းတောင် မမြှောက်နိုင်ခဲ့ဘူး။ သတိမေ့မြောသွားခါနီးမှာ တည့်တည့်လာတဲ့ ထရပ်ကားကို တွေးမိတော့ စုန့်ချင်းရှုဟာ အရိုးထဲထိ စိမ့်ဝင်သွားတဲ့ အေးစက်မှုကို ခံစားလိုက်ရတယ်။ 'ငါ အသက်ရှင်နေတာလား၊ အခု ငါဟာ တစ်သက်လုံး အိပ်ရာထဲမှာပဲ နေရတော့မှာလား'
သို့သော် သူဟာ စိတ်လှုပ်ရှားမှုနဲ့ ကြောက်ရွံ့မှုတွေကို အလျင်အမြန် ငြိမ်သက်စေခဲ့တယ်။ ဒီဘီလီယံနဲ့ချီတဲ့ အကြွေးတွေဟာ သူ့အတွက် ဘာမှ မထူးဆန်းဘူးဆိုတာ သိထားရမယ်။ သူဟာ အရင်တုန်းက ဘီလီယံနဲ့ချီပြီး ရရှိခဲ့ပြီး အနာဂတ်မှာလည်း ငွေပြန်ရှာနိုင်မှာပဲ။ လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ အကြီးမားဆုံး ကွာခြားချက်က သူတို့ဟာ ရှုံးနိမ့်သွားလား မရှုံးနိမ့်သွားလားဆိုတာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်တာပဲ။
'ဒါ ဆေးရုံထဲမှာလား' စုန့်ချင်းရှုဟာ သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့ရဲ့ ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း စတင်ကြည့်ရှုလိုက်သည်။ အစိမ်းရောင် ချည်ထည်တဲပတ်လည်မှာ လေမရှိဘူး၊ အခန်းအလယ်က စားပွဲပေါ်မှာ မီးတောက်တစ်စ တောက်လောင်လင်းလက်နေပြီး တည်ငြိမ်တဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ကို ကျောပေးပြီး အမှောင်ထဲကို ငေးကြည့်ရင်း ထိုင်နေသည်။
အမျိုးသမီးရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူမရဲ့ ရိုးရိုးရှင်းရှင်း အနက်ရောင် ၀တ်စုံပေါ်က မှိန်ဖျော့နေတဲ့ မီးရောင်ဟာ နည်းနည်း ကြောက်စရာကောင်းတယ်။ စုန့်ချင်းရှုဟာ ဒီဆေးရုံမှာ ဘာတွေဖြစ်နေလဲဆိုတာကို တွေးတောနေသည်။ ဘယ်သူကမှ သူ့ကို စကားမပြောဘူး၊ သူတို့က အခန်းကို အသုဘအိမ်လိုမျိုးတောင် စီစဉ်ထားသည်။ သူနာပြုက တစ္ဆေတစ်ကောင်လို ထိုင်နေသည်။ ဘယ်သူမဆို ကြောက်လန့်တုန်လှုပ်သွားမှာပဲ!
အနက်ရောင် ၀တ်စုံနဲ့ အမျိုးသမီးဟာ သူမရဲ့ စိတ်ထဲမှာ တစ်ခုခုကို တွေးနေပုံရပြီး ခုတင်ပေါ်က လူ နိုးလာတာကို သတိမထားမိဘူး။ အဲဒီအချိန်မှာ သီလရှင်တစ်ပါးဟာ တံခါးကို ခေါက်ပြီး "ဆရာမ၊ မင်ဂိုဏ်းရဲ့ ကိုယ်စားလှယ်က တွေ့ဆုံဖို့ ခွင့်တောင်းနေပါတယ်" လို့ သတင်းပို့ဖို့ ၀င်လာခဲ့တယ်။
အနက်ရောင် အ၀တ်အစားနဲ့ အမျိုးသမီးဟာ သိသိသာသာ တုန်လှုပ်သွားပေမယ့် သူမဟာ အလျင်အမြန် တည်ငြိမ်သွားခဲ့သည်။ "ယောက်ျားတွေနဲ့ မိန်းမတွေကြားမှာ ကျင့်ဝတ်ရှိတယ်။ ညဘက်မှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ အဆင်မပြေဘူး၊ သူ့ကို ပြန်လွှတ်လိုက်ပါ" သူမရဲ့ လျစ်လျူရှုတဲ့ လေသံဟာ သူမရဲ့ အသံထဲက ဖော်ရွေမှု ကို ဖုံးကွယ်ဖို့ ခက်ခဲတယ်။ နားထောင်ရတာ တကယ်ကို သာယာတယ်။
အဲဒီအချိန်မှာ တည်ငြိမ်ပြီး ကြည်လင်တဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ "ကျွန်တော်ဟာ ဆေးပညာနဲ့ အတော်လေး ရင်းနှီးကျွမ်းဝင်ပြီး လူငယ်သူရဲကောင်း စုန့်ချင်းရှုကို ကုသပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်မှာ တခြား ရည်ရွယ်ချက်တွေ မရှိပါဘူး"
ကျင်းယုံ ဝတ္ထုတွေရဲ့ ဇာတ်လမ်းတွေကို အမြဲတမ်း ရင်းနှီးကျွမ်းဝင်တဲ့ စုန့်ချင်းရှုဟာ ခေါင်းကနေ ခြေဖျားအထိ အေးစိမ့်သွားတာကိုပဲ ခံစားလိုက်ရတယ်။ သူဟာ ဒါဟာ ရုပ်ရှင်ရိုက်ကွင်းတစ်ခုလို့ပဲ တွေးလိုက်ပြီး ဒီ မင်ဂိုဏ်းရဲ့ ကိုယ်စားလှယ် ပေါ်လာခဲ့တယ်။ အဲဒါကို ဒီအခြေအနေနဲ့ ဆက်စပ်ပြီး တွေးကြည့်ရင် သူဟာ "နဂါးဓားနှင့် ကောင်းကင်ဓား" ထဲက အဲဒီလူ ဖြစ်နိုင်မလား။
(မြန်မာလို နဂါးနိုင်ဓား ဆိုပြီး ဘာသာပြန်ထားတာရှိပါတယ်၊ movie လည်းထွက်ထားပါတယ်)
အဲဒီ အရူး စုန့်ချင်းရှုလား။
ဒါ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ!
သူ့ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်ဟာ အရင် သတိလစ်မေ့မြောရာက နိုးလာပြီးနောက် နောက်ဆုံးမှာ ရှင်းလင်းသွားခဲ့သည်။ စုန့်ချင်းရှုဟာ ကားတိုက်မှုရဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည်းဖြည်းချင်း ပြန်လည်အမှတ်ရပြီး သူ သေဆုံးသွားတာကို သိရှိလိုက်တဲ့အခါ သူ့ရဲ့ မျက်နှာဟာ ရုပ်ဆိုးသွားခဲ့သည်။ ဒါပေမဲ့ သူ ဘာကြောင့် ဒီမှာ လှဲနေရပြိး ဒီအဓိပ္ပါယ်မရှိတာတွေကို နားထောင်နေရတာလဲဆိုတာကို သူ မသိခဲ့ဘူး။
သူတို့ရဲ့ စကားပြောဆိုမှုကနေ ဒါဟာ တကယ်ကို "နဂါးဓားနှင့် ကောင်းကင်ဓား"(နဂါးနိုင်ဓား) ရဲ့ ကမ္ဘာဖြစ်ပုံရတယ်!