အခန်း (၂၅) မင်းကို သုံးလလောက် အသားစားခွင့်ပိတ်ပစ်မယ် ၂
"မေဝေစားသောက်ဆိုင်က ငါးထပ်ရှိတာ လေ။ နေရာကလည်း ကျယ်ဝန်းသလို တည်နေရာကလည်း တကယ့်ကို အချက်အချာကျတဲ့နေရာမှာ ရှိတယ်။ ဆန်းဝူ ရေကန်ဘေးမှာတော့ အကောင်းဆုံးနေရာလို့တောင် ပြောလို့ရတယ်၊ အဲဒါက သခင်လေးရဲ့ လိုအပ်ချက်တွေနဲ့လည်း ကွက်တိကျနေတာပဲ" ဟု ဒုံရန်တယ်က ပြောသည်။
"ဒီလောက်ကောင်းတဲ့ နေရာကို ပိုင်ရှင်က တကယ်ပဲ ရောင်းချင်ပါ့မလား" လင်းဝမ်ရုံက နားမလည်နိုင်သလို မေးလိုက်သည်။ ဆန်းဝူ ရေကန် ဆိုသည်မှာ ကျင်းလင်မြို့၏ အချက်အချာ အကျဆုံးနေရာ ဖြစ်သည်။ ထိုနေရာတွင် ဆိုင်ခန်းတစ်ခန်း ပိုင်ဆိုင်ထားခြင်းက လူတစ်ယောက်ကို သူဌေးကြီးတစ်ဦး ဖြစ်လာစေရန် သေချာပေါက် အာမခံနိုင်ပေသည်။
ဒုံရန်တယ်က ခေါင်းညိတ်ပြီး ပြန်ဖြေသည် - "နေရာကတော့ တကယ်ကောင်းတာပါ။ ဒါပေမဲ့ မေဝေစားသောက်ဆိုင် ပိုင်ရှင်က အတော်လေး ကောက်ကျစ်ပြီး စိတ်ဓာတ်အောက်တန်းကျတဲ့ လူစား လေ။ အမြတ်ဝေစုလည်း မပေးချင်သလို ကိုယ်ကျင့်တရားလည်း လုံးဝမရှိဘူး။ အစားအသောက် လက်ရာကလည်း ညံ့ဖျင်းပြီး ဈေးကလည်း အတော်ကြီးတယ်။ ဒါကြောင့် စီးပွားရေးက ဆက်မတိုးတက်တော့တာ သဘာဝပါပဲ။ သူ့သားက တခြားတစ်နေရာမှာ တရားသူကြီး လုပ်နေပြီး ပိုက်ဆံတွေ အများကြီး ရှာထားနိုင်တာကြောင့် အဲဒီအဖိုးကြီးက အခု အမြန်ဆုံး အနားယူပြီး သားဆီ ပြန်သွားချင်နေတာ"
အော်... ဒီလိုကိုး။ ဒီအဖိုးကြီးက ပိုက်ဆံပဲ မြင်တတ်တဲ့ဈေးသည်တစ်ယောက် ဖြစ်နေလို့ကိုး
မထူးဆန်းပါဘူးလေ။
"သူက ငွေဘယ်လောက် တောင်းထားလဲ" လင်းဝမ်ရုံက တိုက်ရိုက်ပင် မေးလိုက်သည်။
"ငွေပြား ၇၀၀၀ လို့ ကြားတယ်ဗျ" ဟု ဒုံရန်တယ်က ပြန်ဖြေသည်။
၇၀၀၀ ဟုတ်လား၊ ဒါက မနည်းလှတဲ့ ပမာဏပဲ။ အကယ်၍ စားသောက်ဆိုင်ကို ဖြိုဖျက်ပြီး လင်းဝမ်ရုံ လိုချင်သလို ပြန်လည် ပြုပြင်မယ်ဆိုရင်၊ ပြီးတော့ နောက်ထပ် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဝန်ထမ်းခတွေပါ ပေါင်းလိုက်ရင် အနည်းဆုံး ငွေပြား ၈၀၀၀၊၉၀၀၀ လောက် ကုန်ကျမှာ ဖြစ်သည်။ သူ့လက်ထဲမှာတော့ အခု ငွေပြား ၅၀၀၀ ပဲ ရှိတာမို့ လိုအပ်ချက်က အတော်လေး ရှိနေသေးသည်။
"အစီအစဉ်က ဒီလိုပါ။ ဦးလေးဒုံ... မနက်ဖြန်ကျရင် မေဝေစားသောက်ဆိုင် ပိုင်ရှင်နဲ့ သွားတွေ့ပြီး ဈေးလျှော့ဖို့ ကြိုးစားကြည့်ကြရအောင်။ ကျန်တဲ့ ငွေအတွက်ကတော့ ကျွန်တော် တစ်ခုခု စဉ်းစားလိုက်ပါ့မယ်" ဟု လင်းဝမ်ရုံက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
"အစ်ကိုကြီးလင်း... မနက်ဖြန်ကျရင် ရှောင်အိမ်တော်ရဲ့ အစေခံ ရွေးချယ်ပွဲ စတော့မှာနော်။ အစ်ကိုကြီးက..." ဒုံချောင်ချောင်က စေတနာဖြင့် သတိပေးလိုက်သည်။
လင်းဝမ်ရုံက သူ့နဖူးကို ရိုက်လိုက်ပြီး - "ဟာ... သွားပါပြီ၊ ဒါကို ငါ ဘယ်လိုများ မေ့သွားရတာလဲ။ သတိပေးတဲ့အတွက် ကျေးဇူးပါပဲ ချောင်ချောင်" ဟု ပြုံးလျက် ပြောလိုက်သည်။
ဒုံချောင်ချောင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး - "အစ်ကိုကြီးလင်း... အစ်ကိုကြီးက တကယ်ပဲ ရှောင်အိမ်တော်မှာ အစေခံ သွားလုပ်မှာလား" ဟု မေးသည်။
ဘေးနားမှ ဒုံချင်းရှန်းက ပြုံးစိစိဖြင့် - "အစ်ကိုကြီး... အစ်ကိုကြီးက ရှောင်အိမ်တော်က မိန်းကလေးရှောင်ကို တကယ်ပဲ စိတ်ဝင်စားနေတာလား" ဟု ဝင်မေးသည်။
ဒုံချောင်ချောင်က လင်းဝမ်ရုံကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ထို့နောက်တွင်မူ ခေါင်းငုံ့သွားကာ ဘာမှ မပြောတော့ပေ။
"မင်းတို့ ------တွေကိုပဲ ကြည့်နေကြ" လင်းဝမ်ရုံက ရယ်မောရင်း ဆဲလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ခါးသီးသော အတွေးများ ရှိနေသည်။
ဝေ့အဘိုးကြီးကို သူ ကတိပေးခဲ့ပြီးသား ဖြစ်ရာ ထိုကတိအတိုင်း သူ လုပ်ဆောင်ရပေမည်။ တခြားသူများနှင့် ဆက်ဆံရာတွင် လှည့်ကွက်အချို့ သုံးနိုင်သော်လည်း သူ့အသက်ကို ကယ်တင်ခဲ့သော အဘိုးကြီးအပေါ်တွင်မူ သူ မညစ်ပတ်နိုင်ပေ။ အကယ်၍ လင်းဝမ်ရုံသာ ထိုသို့ လုပ်ဆောင်ပါက လင်းဝမ်ရုံ ကိုယ်တိုင်ပင် မိမိကိုယ်ကိုယ် အထင်သေးမိပေလိမ့်မည်။
အစေခံတစ်ဦး ဖြစ်လာရန် ဝန်လေးနေသကဲ့သို့ပင် စီးပွားရေး လုပ်ငန်းများကို ကိုယ်တိုင် လုပ်ဆောင်ရန်လည်း သူ သိပ်ပြီး စိတ်မပါလှပေ။ စီးပွားရေးလောက၏ ဟန်ဆောင်မှုများနှင့် ကောက်ကျစ်မှုများကို အများကြီး မြင်တွေ့ခဲ့ဖူးသောကြောင့် သူသည် အတော်လေး ငြီးငွေ့နေမိသည်။ ဒုံချောင်ချောင်နှင့် သူမ၏ ဖခင်ကို စီးပွားရေး လုပ်ခိုင်းရသည့် အကြောင်းရင်းမှာလည်း အတော်လေး ယုတ်မာလှပါသည်။
လင်းဝမ်ရုံသည် သားအဖ နှစ်ယောက်ကို သူ့အတွက် အလုပ်လုပ်စေချင်ပြီး သူကတော့ အကြံဉာဏ်ပေးရုံသာ လုပ်ချင်ခြင်း ဖြစ်သည်။ အရင်ကကဲ့သို့ ကိုယ်တိုင် လက်နက်စွဲကိုင် တိုက်ခိုက်နေရသည့် ဘဝနှင့် ယှဉ်လျှင် ဤဘဝက ပို၍ ပေါ့ပါးလွတ်လပ်လှသည်။
ဒါပေမဲ့ ဒီလို ယုတ်မာတဲ့ အတွေးမျိုးကိုတော့ သူ အပြင်ထုတ် မပြောနိုင်ဘူးလေ။
လင်းဝမ်ရုံ ဘာမှ ပြန်မပြောသဖြင့် ဒုံချောင်ချောင်က လင်းဝမ်ရုံ ဘာစဉ်းစားနေသည်ကို ခန့်မှန်းမိသည်ဟု ထင်လိုက်သည်။ သူမသည် ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး ခဏအကြာတွင် သွားကိုကြိတ်ကာ ပြောလိုက်သည် - "အစ်ကိုကြီးလင်း... အစ်ကိုကြီးက တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပါ၊ မိန်းကလေးရှောင်ကလည်း အစ်ကိုကြီးရဲ့ ပါရမီတွေကို သေချာပေါက် သတိထားမိမှာပါ။ အစ်ကိုကြီးတို့ နှစ်ယောက်က ကောင်းကင်က ဖန်တီးပေးထားတဲ့ ဖူးစာဖက်တွေ တောင်ဖြစ်န်ိုင်တယ်ဟု ဆိုသည်။ အစ်ကိုကြီး တစ်ခုခု လုပ်ချင်တယ်ဆိုရင်လည်း လုပ်လိုက်ပါ၊ ကျွန်မ -တို့က အစ်ကိုကြီးကို ထောက်ခံမှာပါ"
ဒုံချောင်ချောင်ကပင် ထိုသို့ ထင်မြင်နေသဖြင့် လင်းဝမ်ရုံမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရသည်။ "ချောင်ချောင်... မင်းကလည်း ငါ့ကို မစပါနဲ့တော့။ တကယ်တော့ ငါက ပျင်းရိတဲ့လူတစ်ယောက်ပါ၊ ဘာမှ မလုပ်ချင်ဘူး။ အဲဒါကြောင့် စီးပွားရေးမှာ မင်းတို့ကိုပဲ ဦးဆောင်ခိုင်းတာ။ ရှောင်အိမ်တော်မှာ အစေခံလုပ်ဖို့ ဆိုတာကလည်း နာမည်က သိပ်မကောင်းပေမဲ့ အကျိုးကျေးဇူးတွေတော့ ရှိတာပဲလေ။ အနည်းဆုံးတော့ ရှောင်အိမ်တော်ဆိုတဲ့ သစ်ပင်ကြီးကို မှီထားရင် နောက်ဆို ဘယ်သူမှ ငါတို့ကို လာပြီး အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး"
လင်းဝမ်ရုံက ပုံပြင်အချို့ကို လုပ်ကြံပြောလိုက်ပြီး ဒုံချောင်ချောင်ကလည်း ထပ်ပြီး အသေးစိတ် မမေးတော့ပေ။ သူတို့တစ်စုလုံး ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို အတူတူ ဆွေးနွေးကြပါတော့သည်။
ဒုံချောင်ချောင်က လိုအပ်နေသေးသည့် ငွေပြား ၂၀၀၀ အတွက် စိုးရိမ်နေသော်လည်း လင်းဝမ်ရုံကတော့ မနက်ဖြန် မေဝေစားသောက်ဆိုင် ပိုင်ရှင်နှင့် စကားပြောပြီးနောက် တစ်ခုခု အဖြေထွက်လာလိမ့်မည်ဟု ပြုံးလျက် ပြောလိုက်သည်။
ထုံးစံအတိုင်း သူတို့သည် ဦးလေးဒုံ၏ အိမ်တွင်ပင် ညစာ အတူစားကြသည်။ အခုဆိုလျှင် လင်းဝမ်ရုံသည် သူ၏ ဟောင်းနွမ်းနေသော အိမ်ထက် ဦးလေးဒုံ၏ အိမ်တွင် နေရသည်ကို ပို၍ သက်သောင့်သက်သာ ရှိလာမိသည်။
ညစာ စားပြီးနောက် လင်းဝမ်ရုံက ဒုံချင်းရှန်းကို တစ်ဖက်သို့ ခေါ်သွားကာ ငွေပြား ၂၀ ကို တိတ်တဆိတ် ပေးလိုက်သည်။ ဒုံချင်းရှန်းက နားမလည်သလိုဖြင့် - "အစ်ကိုကြီးလင်း... ဒါ ဘာလုပ်တာလဲ" ဟု မေးသည်။
လင်းဝမ်ရုံက သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည် - "ချင်းရှန်း... မင်းရဲ့ ညီအစ်ကိုတွေရဲ့ စိတ်ကို ရဖို့လိုတယ်။ ညီအစ်ကို စိတ်ဓာတ် တစ်ခုတည်းနဲ့တင် မလုံလောက်ဘူး။ အကျိုးစီးပွားကလည်း အရေးကြီးတယ်။ အကျိုးစီးပွားဆိုတာ သစ္စာတရားထက် အမြဲတမ်း ပိုကြီးမားတယ်ဆိုတာ မင်း မှတ်ထားရမယ်။ မင်း သူတို့ကို လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်မှ သူတို့က မင်းကို သစ္စာမဖောက်မှာ။ အကယ်၍ မင်းက သစ္စာတရား တစ်ခုတည်းအပေါ်မှာပဲ မှီခိုနေမယ်ဆိုရင် ခဏတစ်ဖြုတ်တော့ အဆင်ပြေလိမ့်မယ်၊ ဒါပေမဲ့ ရေရှည်အတွက်တော့ မဟုတ်ဘူး။ နောက်ဆုံးမှာ မင်းပဲ ပြိုလဲသွားလိမ့်မယ်"
ဒုံချင်းရှန်းသည် အသက် ၁၅ နှစ်၊ ၁၆ နှစ်သာ ရှိသေးသော်လည်း အလွန် ထက်မြက်သူ ဖြစ်သည်။ သူသည် လင်းဝမ်ရုံ ပေးသည့် ငွေကို လက်ခံလိုက်ပြီး ဒုံချင်းရှန်း၏ မျက်နှာတွင် ကျေးဇူးတင်ရိပ်များ ဖြတ်ပြေးသွားသည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ အစ်ကိုကြီးရဲ့ လမ်းညွှန်ချက် တစ်ခွန်းတည်းနဲ့တင် ကျွန်တော့်အတွက် တစ်သက်လုံး အသုံးဝင်သွားပါပြီ။ အစ်ကိုကြီး... ကျွန်တော် မနက်ဖြန် နေခင်းပိုင်းမှာ တစ်ခုခု သွားလုပ်ချင်လို့။ အစ်ကိုကြီး အချိန်ရမလား"
လင်းဝမ်ရုံက ခဏစဉ်းစားပြီး - "မနက်ဖြန်က ရှောင်အိမ်တော်ရဲ့ အစေခံ ရွေးချယ်ပွဲ ရှိတယ်လေ။ ပြီးတော့ မင်းအဖေနဲ့ စားသောက်ဆိုင် ကိစ္စလည်း စကားပြောရဦးမယ်။ အချိန်ရမှာ မဟုတ်ဘူး ထင်တယ်" ဟု ပြန်ဖြေသည်။
ဒုံချင်းရှန်း၏ မျက်နှာတွင် စိတ်ပျက်ရိပ်လေး တစ်ချက် ဖြတ်ပြေးသွားသည်။ "ရပါတယ် အစ်ကိုကြီး။ အစ်ကိုကြီးရဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုပဲ အရင်လုပ်ပါ"
လင်းဝမ်ရုံက သူ့ပုခုံးကို ပုတ်လိုက်ရင်း - "ချင်းရှန်း... မင်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာ၊ လုပ်ချင်တဲ့အရာ မှန်သမျှကိုသာ ရဲရဲဝံ့ဝံ့ လုပ်လိုက်စမ်းပါ။ အစ်ကိုကြီးက မင်းကို အမြဲတမ်း ထောက်ခံနေမှာပါ"
"ဟုတ်ကဲ့... နားလည်ပါပြီ အစ်ကိုကြီး" ဒုံချင်းရှန်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။ လင်းဝမ်ရုံ၏ လမ်းညွှန်မှုကြောင့် သူသည် အောင်နိုင်ရန်အတွက် သတ္တိနှင့် ယုံကြည်မှုများ အပြည့်အဝ ရရှိသွားသလို ခံစားလိုက်ရသည်။
ဒုံမိသားစု သားအဖနှင့်အတူ ငွေများကို မည်သို့ အသုံးချမည်ကို ဆွေးနွေးပြီးနောက် ပြဿနာ တစ်စုံတစ်ရာ မတက်စေရန်အတွက် ငွေပြားများကို ဘဏ်သို့ အမြန်ပို့ဆောင်ကာ ငွေစက္ကူများအဖြစ် လဲလှယ်လိုက်ကြသည်။
သူတို့ ထွက်လာကြစဉ် လင်းဝမ်ရုံမှာ အတော်လေး နုံးနေပြီဖြစ်ရာ နှုတ်ဆက်ပြီး အိမ်ပြန်ရန် ပြင်လိုက်သော်လည်း ဒုံချောင်ချောင်က - "အစ်ကိုကြီး... ခဏလောက် စောင့်ပါဦး" ဟု ဆိုသည်။
လင်းဝမ်ရုံက သူမကို ထူးဆန်းသလို ကြည့်လိုက်သည်။ ဒုံချောင်ချောင်က မျက်နှာလေး နီမြန်းလျက် - "ခဏလောက် ထိုင်ပါဦး။ ကျွန်မ တစ်ခုခု သွားယူပေးမယ်" ဟု ပြောလိုက်သည်။
လင်းဝမ်ရုံလည်း ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ စောင့်နေလိုက်သည်။ ခဏအကြာတွင် ဒုံချောင်ချောင်သည် အတွင်းခန်းထဲမှ ထွက်လာသည်။ သူမ၏ လက်ထဲတွင် အရာနှစ်ခုကို ကိုင်ထားပြီး လင်းဝမ်ရုံရှေ့သို့ လမ်းလျှောက်လာကာ သူ၏ ဟောင်းနွမ်းနေသော အဝတ်ဖိနပ်များကို ဖြည်းညှင်းစွာ ချွတ်ပေးရန်အတွက် အသာအယာ ထိုင်ချလိုက်သည်။
လင်းဝမ်ရုံသည် သူ့ရှေ့တွင် ထိုင်နေသော ချောင်ချောင်ကို မြင်လိုက်ရသည်။ သူမ၏ နုနယ်သော မျက်ခုံးတန်းလေးများမှာ အနည်းငယ် တုန်ယင်နေသည်။ လှပသော ပါးပြင်လေးများပေါ်တွင်လည်း ပါးနီလေးများ ခြယ်သထားသကဲ့သို့ နီမြန်းနေသည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းလေးကို ကိုက်ထားပြီး ပြည့်ဖြိုးသော ရင်အစုံမှာလည်း သူမ၏ ရှက်ရွံ့မှုကို ထိန်းချုပ်ရန် ကြိုးစားနေသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ "ချောင်ချောင်... မင်း ဘာလုပ်နေတာလဲဟု" လင်းဝမ်ရုံက အလောတကြီး မေးလိုက်သည်။
ချောင်ချောင်မှာ ခေါင်းမဖော်ရဲဘဲ တိုးတိုးလေး ပြောရှာသည် - "အစ်ကိုကြီး... ဒါက ကျွန်မ အစ်ကိုကြီးအတွက် ကိုယ်တိုင် ချုပ်ပေးထားတဲ့ ဖိနပ်အသစ်လေးတွေပါ။ အတော်ဖြစ်ရဲ့လားလို့ စမ်းကြည့်ပေးပါဦး"
လင်းဝမ်ရုံသည် သူမက သူ့အတွက် ဖိနပ်စီးပေးနေသည်ကို ကြည့်နေမိသည်။ သူမ၏ လှပသော ဆံနွယ်များမှာ နဖူးပေါ်သို့ ဝဲကျနေပြီး ချစ်စဖွယ် မျက်လုံးလေးများကို ဖုံးကွယ်ထားသည်။ ဖြူစင်သော ကျောက်စိမ်းကဲ့သို့သော သူမ၏ မျက်နှာလေးတွင် ရှက်ရွံ့ရိပ်လေးများ ထင်ဟပ်နေသည်။ သူမ၏ ကိုယ်မှ ထွက်ပေါ်လာသော ရနံ့မှာ လင်းဝမ်ရုံ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ၏ ပြည့်ဖြိုးသော စနေအစုံမှာလည်း လင်းဝမ်ရုံ၏ ပေါင်နှင့် ထိလုနီးပါး ဖြစ်နေသည်။ သူမ၏ ရင်ဘတ်မှ ထွက်ပေါ်လာသော အပူလှိုင်းများမှာ လင်းဝမ်ရုံ၏ ခြေထောက်များမှတစ်ဆင့် သူ၏ နှလုံးသားထဲသို့ စီးဝင်သွားပြီး လင်းဝမ်ရုံ၏ စိတ်ထဲတွင် ရမ္မက်မီးတောက်များကို စတင် တောက်လောင်စေပါတော့သည်။
လင်းဝမ်ရုံသည် ဘာမှမသိနားမလည်သော လူရိုးတစ်ယောက် မဟုတ်ပေ။ သူ့ရှေ့မှ ဆွဲဆောင်မှုရှိသော မြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်ထဲတွင် လှုပ်ရှားလာတော့သည်။ သူ၏ နဂါးခေါင်းမှာ မတ်တပ်ထရပ်နေပြီဖြစ်ပြီး တစ်ကိုယ်လုံးလည်း ပူရှိန်းလာပါတော့သည်။
ချောင်ချောင်က ဖိနပ်စီးပေးခြင်းကို အဆုံးသတ်လိုက်ပြီး ခေါင်းကို အမော့တွင် သူမ၏ နှုတ်ခမ်းများမှာ မာကျောသော အရာတစ်ခုနှင့် ထိမိသွားသည်။ သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ လင်းဝမ်ရုံ၏ မတ်မတ်ထောင်နေသော နဂါးခေါင်းနှင့် သူမ ထိမိသွားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အမလေး..." ချောင်ချောင်မှာ ထိတ်လန့်တကြား အော်လိုက်မိသည်။ သူမ၏ မျက်နှာမှာ မီးတောက်မတတ် ပူထူသွားပြီး အမြန်ပင် လှည့်ထွက်ကာ အိမ်ထဲသို့ ပြေးဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်ပါတော့သည်။
သူမသည် တံခါးကို မှီလိုက်ပြီး ရင်တွေ အဆက်မပြတ် ခုန်နေမိသည်။ သူမ၏ မျက်နှာပေါ်မှ နီမြန်းမှုများမှာလည်း အချိန်အတော်ကြာအောင် ပျောက်ကွယ်မသွားပေ။ 'ရှက်စရာကြီး' ချောင်ချောင်သည် ခုနက မြင်ကွင်းကို ပြန်တွေးမိသည်။ သူမ၏ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး နီမြန်းနေသော မျက်နှာကို လက်နှင့်အမြန်အုပ်ကာ တံခါးကို မှီလျက် အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်နေရှာသည်။
လင်းဝမ်ရုံသည်လည်း အစကတည်းက လူကောင်းတစ်ယောက် မဟုတ်ပေ။ ရှက်ကိုးရှက်ကန်းနှင့် အိမ်ထဲပြေးဝင်သွားသော ချောင်ချောင်ကို ကြည့်ကာ သူကတော့ ခပ်အက်အက် ရယ်မောလိုက်ရုံသာ တတ်နိုင်ပြီး - "ဒါက သဘာဝအတိုင်း ဖြစ်သွားတာပါ၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဒီတစ်ခါပဲ ဖြစ်တာပါ၊ နောက်တစ်ခါ မဖြစ်စေရပါဘူး" ဟု ပြောလိုက်သည်။
သို့သော်လည်း သူ၏ နဂါးခေါင်းမှာမူ မတ်မတ်ထောင်နေဆဲဖြစ်ကာ အချိန်အတော်ကြာအောင် ပြန်မကျသွားပေ။ လင်းဝမ်ရုံက ၎င်းကို ခပ်ပြင်းပြင်း ရိုက်လိုက်ပြီး - "မင်း ငါ့ကို အရှက်ခွဲလိုက်ပြီ။ မင်းကို သုံးလလောက် အသားစားခွင့် ပိတ်ပစ်မယ်" ဟု ကျိန်ဆဲလိုက်လေတော့သည်။