အခန်း ၂၀ - လူ့သဘာဝရဲ့ ရှုပ်ထွေးနက်နဲမှု
"ဦးလေးဖုန်း... ကျွန်မ..."
"ကဲပါ... ကဲပါ... ဦးလေးဖုန်းက ဒီတိုင်း ပြောကြည့်တာပါ။ အခုချက်ချင်းကြီး ငြင်းဖို့ အလောမကြီးပါနဲ့ဦး။ သေချာလေး ပြန်စဉ်းစားကြည့်ပေါ့။ တကယ်လို့ သမီးဘက်က လုံးဝ သဘောမတူဘူးဆိုရင်လည်း ဦးလေးဖုန်းက အတင်းအကျပ် မတောင်းဆိုပါဘူး"
ဖုန်းယွမ်ရှန်းက ပြုံး၍ ပြောလိုက်သည်။
သူ့တွင် ထိုကဲ့သို့သော တဏှာစိတ်များ ရှိနေသည်မှာ အမှန်ပင်ဖြစ်ပြီး သူသည် အဘိုးကြီးနှာဘူးတစ်ဦး ဖြစ်သော်လည်း ပြဿနာမှာ... သူသည် စည်းစနစ်နှင့် ကျင့်ဝတ်သိတတ်သော နှာဘူးအိုကြီးတစ်ဦး ဖြစ်နေခြင်းပင်..။
အကယ်၍ ရွှေရှောင်ယုကသာ လုံးဝ ငြင်းဆန်ပါက သူသည် အတင်းအကျပ် ခြိမ်းခြောက်လိမ့်မည် မဟုတ်ချေ။ ဘာပဲပြောပြော အတိတ်တုန်းက သူမ၏ ဖခင်သာ သူ့ကို အလောင်းပုံကြီးထဲမှ ဆွဲထုတ်ပြီး မကယ်တင်ခဲ့ပါက ယနေ့တွင် သူ ဤကဲ့သို့ စည်းစိမ်ဂုဏ်ဒြပ်များနှင့် ရှိနေနိုင်မည် မဟုတ်ပါချေ။
ဖုန်းယွမ်ရှန်းတစ်ယောက် ထိုမိန်းကလေးကို ဆက်လက်၍ မည်သို့စည်းရုံးရမည်ဟု တွေးတောနေစဉ်မှာပင် ပတ်ပတ်လည်မှ ဆူညံလှသော အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟေ့ ညီအစ်ကိုတို့... ကြည့်ရတာ ဒီတစ်ခါတော့ တို့တွေ ဝဖြိုးတဲ့ သိုးအုပ်ကြီးနဲ့ တိုးပြီဟေ့..။ ဒါဆိုရင် တို့တွေ နှစ်အနည်းငယ်လောက် စည်းစိမ်ယစ်လို့ရပြီ"
"တိုက်ကြဟေ့... ခုခံတဲ့ကောင်မှန်သမျှကို နေရာတင် အပြတ်ရှင်းပစ်"
တစ်ခဏချင်းမှာပင် လမ်း၏ ဝဲယာ တောင်စောင်းများပေါ်မှ ရက်စက်ကြမ်းကြုတ်သော ပုံစံရှိသည့် ဓားပြအုပ်စုကြီးတစ်စု ပေါ်ထွက်လာခဲ့သည်။
သူတို့သည် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြပြီး သူတို့၏ မျက်ဝန်းများမှာ သားကောင်ကို တွေ့လိုက်ရသည့်အလား တောက်ပနေကာ အော်ဟစ်ကြွေးကြော်ရင်း ပြေးဝင်လာကြတော့သည်။
"ရန်သူ့တိုက်ခိုက်မှု" ဤအခြေအနေကို မြင်လိုက်ရသည့်အခါ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်ရှိသော အစောင့်ခေါင်းဆောင်သည် ထိတ်လန့်ဒေါသထွက်စွာဖြင့် အော်ဟစ်ရင်း သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်တော့သည်။
အစောင့်အုပ်စုသည်လည်း သူတို့၏ ဓားများကို အလျင်အမြန် ဆွဲထုတ်ကာ မပြတ်စီးဝင်လာသော ဓားပြများနှင့် အပြင်းအထန် စတင်တိုက်ခိုက်ကြရာ နေရာတစ်ခုလုံး ချက်ချင်းပင် ကမောက်ကမ ဖြစ်သွားခဲ့သည်။
"တောက်ခ်... ဒီလမ်းပေါ်မှာ ဘာလို့ ဓားပြတွေ ဒီလောက်တောင် များနေရတာလဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လုံးမှာ ဒီနားမှာ ဓားပြရှိတယ်လို့ တစ်ခါမှ မကြားမိပါဘူး"
ဖုန်းယွမ်ရှန်း၏ အမူအရာမှာ အလွန်ပင် ဆိုးရွားနေခဲ့ပြီး လန့်ဖျန့်နေသော သူ၏ ဝိညာဉ်မြင်းကို ထိန်းချုပ်ရန်အတွက် ဇက်ကြိုးကို အသည်းအသန် ဆွဲနေခဲ့ရသည်။
သူသည် အမြဲတမ်း သတိကြီးစွာ ထားတတ်သူ ဖြစ်သည်။ သူ ဤလမ်းကို ရွေးချယ်ခဲ့ခြင်းမှာ ယခင်က ဤနေရာတွင် ဓားပြများ လုယက်သောင်းကျန်းသည်ဟု မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယခု ကြုံတွေ့နေရသည့် အခြေအနေမှာ တကယ့်ကို မျှော်လင့်မထားသော အရာပင် ဖြစ်သည်။
"မင်းတို့ ကိုယ့်ကံကိုယ်သာ အပြစ်တင်လိုက်တော့။ တို့တွေ ဓားပြအလုပ် ပြောင်းလုပ်တာ မကြာသေးဘူး၊ ဘယ်ကနေ စရမလဲလို့ စိတ်ပူနေတာ.. တိုက်တိုက်ဆိုင်ဆိုင် မင်းတို့ ရောက်လာပေးလို့ တကယ့်ကို ကျေးဇူးတင်ရမှာပဲ.."
ဓားပြခေါင်းဆောင်မှာ ထွားကျိုင်းသော ပခုံးနှင့် တုတ်ခိုင်သော ခါးရှိသည့် 'ခေါင်းပြောင်ကြီး' တစ်ဦး ဖြစ်ပြီး သူ၏လက်တွင် တံခါးချပ်တစ်ခုနီးပါးကြီးမားသော ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အသွင်ရှိပြီး ဖုန်းယွန်းရှန်းကို ကြည့်ကာ ရက်စက်စွာ ပြုံးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်းယွမ်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် သွေးပင်အန်ချင်စိတ် ဖြစ်ပေါ်သွားခဲ့ရသည်။
သူ့အနေဖြင့် မိမိပိုက်ဆံအမြောက်အမြားပေး၍ ငှားရမ်းထားသော အစောင့်များ စွမ်းဆောင်နိုင်ပါစေရန်သာ မျှော်လင့်ဆုတောင်းနိုင်တော့သည်။ အကယ်၍ ဤကုန်ပစ္စည်းများသာ လုယက်ခံရပါက သူ စီးပွားပျက်ရုံသာမက အသက်အန္တရာယ်ပါ စိုးရိမ်ရမည် ဖြစ်သည်။
အစောင့်ခေါင်းဆောင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်..။
"မင်းတို့လို အောက်တန်းစား ဓားပြတွေကများ လာပြီး မောက်မာနေသေးတယ်။ ငါ မင်းတို့ကို ဘယ်လို ခုတ်သတ်ပစ်မလဲဆိုတာ စောင့်ကြည့်လိုက်.."
ပြောပြောဆိုဆိုဖြင့် သူသည် ဆန်းပြားလှသော ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်ရာ ခဏချင်းမှာပင် ဓားပြ တစ်ဆယ်ကျော်ကို ခုတ်လဲပစ်ရင်း ထိုခေါင်းပြောင်ကြီးထံသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။
"ဟက်... ကလေးကလား ပရိယာယ်တွေနဲ့ ငါ့ရှေ့မှာ လာပြီး ဆရာကြီးလုပ်နေသေးတယ်.."
ခေါင်းပြောင်ကြီး၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် စွမ်းအားများကို စုစည်းကာ အရှိန်ယူပြီး သူ၏ ဓားကြီးကို ပြင်းထန်စွာ ဝှေ့ယမ်း ခုတ်ချလိုက်တော့သည်။ ထိုဓားချက်နှင့်အတူ လေပြင်းများနှင့် မိုးကြိုးသံများပမာ ပြင်းထန်သော ဓားအရှိန်အဝါများ သောင်းကျန်းစွာ ထွက်ပေါ်လာခဲ့သည်။
"မင်း..." အစောင့်ခေါင်းဆောင်၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီးနောက်... ပြင်းထန်လှသော စွမ်းအားကြီးတစ်ခုက သူ့ထံသို့ ရိုက်ခတ်သွားရာ သူ၏လက်ထဲမှ ဓားရှည်ကြီးမှာ ဂွမ်း..! ခနဲ အသံနှင့်အတူ အပိုင်းပိုင်း ကွဲအက်သွားခဲ့သည်။
ဖူး..!
တစ်ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် အလယ်တည့်တည့်မှ နှစ်ပိုင်း ပြတ်သွားခဲ့ပြီး သွေးသံရဲရဲနှင့် အလောင်း အပိုင်းအစနှစ်ခု မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျရောက်သွားတော့သည်။
"ကိုယ့်အဆင့်ကို ကိုယ်မသိဘဲ ငါ 'ဓားရူးကြီး' နဲ့ လာယှဉ်နေသေးတယ်။ မင်းရဲ့ ကျင့်ကြံခြင်းက နုလွန်းပါသေးတယ်.." ခေါင်းပြောင်ကြီးသည် တံခါးချပ်ခန့်ကြီးသော ဓားကြီးကို သူ၏ ပခုံးပေါ်သို့ ထမ်းတင်လိုက်ရင်း တည်ငြိမ်စွာ ရပ်တန့်နေခဲ့သည်။ သူ၏ ထွားကျိုင်းလှသော ကိုယ်လုံးကြီးက လူတိုင်းကို ပြင်းထန်သော ဖိအားပေးနေခဲ့သည်။
"မဟာမင်းကြီးက တကယ့်ကို အစွမ်းထက်တာပဲ.." ဓားပြအုပ်စုသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးကြတော့သည်။
ကုန်သည်အဖွဲ့ဘက်တွင်မူ... ပဉ္စမမြောက်အဆင့် ကျင့်ကြံခြင်းရှိသော အစောင့်ခေါင်းဆောင်ပင် တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ စိတ်ဓာတ်များ ချက်ချင်းပင် ပြိုလဲသွားခဲ့ရသည်။
"ဘာ... သူက မိမိကိုယ်ကို 'ဓားရူးကြီး' လို့ ပြောတာလား"
"မထူးဆန်းတော့ပါဘူး။ ဓားရူးကြီးက ပဉ္စမမြောက်အဆင့် အထွတ်အထိပ်မှာရှိတဲ့ မိစ္ဆာလမ်းစဉ်ရဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲလေ။ ဒီနှစ်တွေထဲမှာ သူက မီးရှို့၊ လူသတ်၊ လုယက်တာမှန်သမျှ အကုန်လုပ်ခဲ့တာ။ သူ့ရဲ့ နာမည်ဆိုးက ကျော်ကြားလှသလို သူ့ရဲ့ အစွမ်းသတ္တိကလည်း တကယ့်ကို ကြောက်စရာကောင်းတယ်လို့ သတ်မှတ်ခံထားရတာ.."
"အစောပိုင်းတုန်းကတော့ သူဟာ တရားသောလမ်းစဉ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး ပျောက်ကွယ်သွားပြီလို့ ကောလာဟလတွေ ထွက်ခဲ့တာ။ သူက ဒီနေရာမှာ လူအုပ်စုကို စုစည်းပြီး ဓားပြတိုက်စားနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး.."
... ထိုခေါင်းပြောင်ကြီး၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားကြပြီးနောက် ကုန်သည်အဖွဲ့ဝင် အားလုံး၏ ရင်ထဲတွင် အေးစက်သွားခဲ့ရသည်။ ကျန်ရှိနေသော အစောင့်များသည်လည်း ထိတ်လန့်တုန်လှုပ်သော မျက်နှာများဖြင့် တစ်ယောက်ပြီးတစ်ယောက် လက်နက်ချ အရှုံးပေးလိုက်ကြတော့သည်။
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ဓားပြများသည် ကုန်သည်အဖွဲ့ကြီးတစ်ခုလုံးကို လျင်မြန်စွာ ထိန်းချုပ်လိုက်ကြပြီး အောင်ပွဲခံ အော်ဟစ်သံများ နေရာအနှံ့ ထွက်ပေါ်လာခဲ့သည်။
"သွားပြီ... အကုန်သွားပြီ"
ဖုန်းယွမ်ရှန်း လုံးဝ စိတ်ဓာတ်ကျသွားခဲ့ရသည်။ သူ အိမ်ကမထွက်ခင် ဗေဒင်မေးမလာခဲ့မိ၍သာ ဤကဲ့သို့သော အဖြစ်ဆိုးမျိုးနှင့် တိုးရခြင်း ဖြစ်ပေလိမ့်မည်။
"ငြိမ်ငြိမ်နေစမ်း..! ဘယ်သူမှ မလှုပ်ရှားနဲ့.."
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ခင်ဗျာ" လူတိုင်းသည် ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
"အရှင်မင်းကြီး... ကျွန်တော်တို့ရဲ့ စည်းစိမ်ဥစ္စာအားလုံးကို ယူဆောင်သွားလို့ ရပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အသက်ကိုတော့ ချမ်းသာပေးပါ။ ဒီဘက်ခေတ်မှာ ဘယ်သူ့အတွက်မှ မလွယ်ကူလို့ပါ..."
ဖုန်းယွမ်ရှန်း မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်လျက် နှိမ့်ချစွာ တောင်းပန်လိုက်သည်။
ခေါင်းပြောင်ကြီး၏ မျက်ဝန်းများထဲတွင် ရက်စက်မှုများနှင့်အတူ လှောင်ပြောင်ရိပ်များ ပြည့်နှက်နေခဲ့သည်။ သူသည် မိမိ၏ခြေရင်း၌ ဒူးထောက်ဝပ်နေသော အသက်လတ်ပိုင်း ကုန်သည်ကြီးကို ငုံ့ကြည့်ကာ သရော်လိုက်သည်..
"မင်းရဲ့အသက်ကိုတော့ လောလောဆယ် ချမ်းသာပေးထားမယ်။ နောက်ကျရင် မင်းရဲ့ မိသားစုကို လုံလောက်တဲ့ ပြန်ပေးဆွဲငွေတွေ ပို့ခိုင်းလိုက်။ ဒါဆိုရင် မင်းကို လွှတ်ပေးမယ်.."
"ကျန်တဲ့လူတွေလည်း အတူတူပဲ။ တကယ်လို့ သက်ဆိုင်ရာ ပြန်ပေးငွေကို မပေးနိုင်ဘူးဆိုရင်တော့ မင်းတို့တစ်ဘဝလုံး ငါ့ရဲ့ 'လေနက်ခံတပ်' မှာ အစေခံအဖြစ် ဖြတ်သန်းရလိမ့်မယ်"
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကုန်သည်အဖွဲ့ဝင် အားလုံး၏ အမူအရာများ သွေးဆုတ်ဖြူလျော်သွားခဲ့ရပြီး ရင်ထဲတွင် ခါးသီးစွာ ညည်းတွားမိကြတော့သည်။
ဖုန်းယွန်းရှန်းလည်း ရင်ထဲတွင် ခါးစည်းခံလိုက်ရသည်။ လက်ရှိ ရလဒ်ကပင် အကောင်းဆုံး ဖြစ်ပေသည်။ဘာပဲပြောပြော သူက ချမ်းသာကြွယ်ဝသူဖြစ်သဖြင့် ဤတစ်ကြိမ်တွင် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပါစေဦးတော့၊ အနည်းဆုံးတော့ အသက်ရှင်ခွင့် ရရှိပေဦးမည်။
ထိုစဉ် ခေါင်းပြောင်ကြီး၏ အကြည့်က ဘေးနားတွင် ဒူးထောက်နေသော ပန်းရောင်ဝတ်စုံနှင့် လှပလွန်းလှသည့် မိန်းကလေးငယ်ထံသို့ ကျရောက်သွားခဲ့သည်။ သူ လမ်းလျှောက်သွားပြီး အမိန့်ပေးလိုက်သည်..
"မင်း... ငါ့အတွက် မတ်တပ်ရပ်စမ်း"
ရွှေရှောင်ယုမှာ အစောကတည်းက မျှော်လင့်ချက်မဲ့နေခဲ့ခြင်း ဖြစ်သည်။ ဤစကားကို ကြားလိုက်ရသည့်အခါ သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ မထိန်းချုပ်နိုင်ဘဲ တုန်ရီသွားခဲ့ရသည်။ သူမသည် သိုးသူငယ်လေးတစ်ကောင်ပမာ တုန်တုန်ရင်ရင်ဖြင့် မတ်တပ်ရပ်လိုက်ရပြီး ထိုသူ၏ ရာဂစိတ်ပြင်းပြနေသော အကြည့်ကို တည့်တည့်မကြည့်ရဲဘဲ ခေါင်းငုံ့ထားမိသည်။
ခေါင်းပြောင်ကြီးသည် သူမ၏ တစ်ကိုယ်လုံးကို အထက်အောက် စည်းမဲ့ကမ်းမဲ့ စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများမှာ တိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား တောက်ပနေခဲ့သည်။ သူက လျှာသပ်လိုက်ရင်း ရေရွတ်လိုက်သည်..
"ထိပ်တန်းအဆင့်ပဲ... တကယ့်ကို ထိပ်တန်းအဆင့်ပဲဟေ့"
ဤဖြူစင်သော မျက်နှာလေးနှင့် အပြစ်ပြောစရာမရှိသည့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် ခေါင်းပြောင်ကြီးမှာ ချက်ချင်းပင် စိတ်ရိုင်းများ ထကြွလာခဲ့သည်။ စကားလုံးတစ်လုံးတည်းဖြင့် ပြောရလျှင် မိန်းမလှလေး ပေတည်း..။
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ကျွန်ပဲ စိတ်မပူပါနဲ့... ငါ မင်းကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးမှာပါ" ခေါင်းပြောင်ကြီးက တဟဲဟဲ ရယ်မောလိုက်သည်။
"ဂုဏ်ယူပါတယ်... ဂိုဏ်းချုပ်ကြီး" လက်အောက်ငယ်သားများမှာ အားကျမနာလိုဖြစ်သော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့သည် ဤကဲ့သို့သော အရသာမျိုးကို မမြည်းစမ်းဖူးကြသေးချေ။
သူတို့၏ စိတ်ထဲတွင်...
ဂိုဏ်းချုပ်ကြီး ဆော့ကစားလို့ ငြီးငွေ့သွားသည့်အခါ သူတို့အလှည့်လည်း ရောက်ရှိလာနိုင်သည်ဟု တွေးတောနေကြခြင်း ဖြစ်သည်။
"မလုပ်ပါနဲ့.."
ရွှေရှောင်ယု အလွန်အမင်း ထိတ်လန့်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့သည်။ မိမိရှေ့တွင် ကြုံတွေ့ရတော့မည့် သနားစရာကောင်းသော ဘဝကို တွေးမိကာ မျက်ရည်များ တရဟော စီးကျလာခဲ့ရသည်။
ဘာဖြစ်လို့လဲ...
သူမက အိမ်ပြန်ပြီး မိသားစုနဲ့ ပြန်ဆုံချင်ရုံတင်ပါ... ဘာလို့ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ရရတာလဲ။
အချို့သော အကြောင်းအရင်းများကြောင့်...
ဖုန်းယွမ်ရှန်း၏ စိတ်ထဲတွင် အသိတရားတစ်ခု ဝင်လာခဲ့ပြီး သူသည် သွားကို တင်းတင်းကြိတ်ကာ သတ္တိမွေး၍ ပြောလိုက်သည်..
"အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဒီမိန်းကလေးကိုတော့ လွှတ်ပေးလို့ရမလား ခင်ဗျာ။ သူမအတွက် ပြန်ပေးဆွဲငွေကိုလည်း ကျွန်တော်ကပဲ အဆပေါင်းများစွာ ပေးလျော်ပါ့မယ်။ ကျေးဇူးပြုပြီး သူမကို လွှတ်ပေးပါ... သူမက ခွဲခွာနေရတဲ့ မိသားစုနဲ့ ပြန်ဆုံဖို့ သွားနေတာမို့လို့ပါ ခင်ဗျာ။"
ခေါင်းပြောင်ကြီးက မကျေမနပ်ဖြင့် ပြောလိုက်သည်..
"မင်းလို ခွေးကောင်က... ငါ့ကို ဒီပြန်ပေးငွေလေးနဲ့ လာပြီး ညှိနေတာလား။ ငါက သူမရဲ့ ခန္ဓာကိုယ်ကို လိုချင်နေတာ ကွ... တောက်ခ်"
"အရှင်မင်းကြီး... ကျွန်တော့်စကားကို နားထောင်ပါဦး။ သူမရဲ့ အဖေနဲ့ ကျွန်တော်က ရဲဘော်ဟောင်းတွေပါ။ သူက တစ်ချိန်တုန်းက မိစ္ဆာမျိုးနွယ်စုတွေကို တိုက်ထုတ်ဖို့ စစ်မြေပြင်ကို သွားခဲ့ပြီး ဒဏ်ရာရလို့ မသန်စွမ်းဖြစ်ပြီး အနားယူခဲ့ရသူပါ။ ဒါကြောင့် ကျေးဇူးပြုပြီး အဲဒီအချက်ကို ငဲ့ညှာတဲ့အနေနဲ့ သူမကို လွှတ်ပေးပါ ခင်ဗျာ... ဒီကလေးမလေးရဲ့ ဘဝကလည်း မလွယ်ကူခဲ့ရှာပါဘူး..."
ပြောပြောဆိုဆိုဖြင့် ဖုန်းယွမ်ရှန်းသည် မြေပြင်ပေါ်တွင် တဒုန်းဒုန်း ခေါင်းစိုက်ချကာ အလွန်တရာ နှိမ့်ချစွာဖြင့် အသည်းအသန် တောင်းပန်တော့သည်။
သူသည် မိမိ၏ ရဲဘော်ဟောင်းသမီးလေး ဤကဲ့သို့ အရှက်ခွဲ စော်ကားခံရမည်ကို တကယ့်ကို မကြည့်ရက်နိုင်သဖြင့် တစ်ဖက်လူ၏ လူသားဆန်သော အသိတရား နိုးထလာစေရန်အတွက် အစွမ်းကုန် ကြိုးစားရုန်းကန်နေခြင်း ဖြစ်သည်။ ဘာပဲပြောပြော... နိုင်ငံတော်နှင့် လူမျိုးအတွက် မိစ္ဆာမျိုးနွယ်စုများကို တိုက်ထုတ်ခဲ့ခြင်းက မည်သည့် ရှုထောင့်ကကြည့်ကြည့် သူရဲကောင်းတစ်ဦး မဟုတ်ပါလော။ သူရဲကောင်းတစ်ဦး၏ သမီးဖြစ်သူက ဤကဲ့သို့ နှိပ်စက်စော်ကားခြင်းကို ဘယ်လိုလုပ် ခံရပါ့မလဲ..
နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဓားပြအုပ်စု၏ မျက်နှာများတွင်လည်း အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
"ဦးလေးဖုန်း..."
ရှောင်ယု၏ မျက်ဝန်းများ နီမြန်းလာခဲ့ပြီး ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။ အစောပိုင်းက ထိုသူသည် သူမအပေါ် မကောင်းသော အထင်အမြင်များ ပေးခဲ့သော်လည်း ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် မိမိအတွက် အသက်နှင့်ရင်းပြီး ရှေ့ထွက်ကာ တောင်းပန်ပေးဝံ့ခြင်းက... သူမကို အလွန်ပင် ကျေးဇူးတင်ရှိကာ လေးစားကြည်ညိုစိတ် ဖြစ်ပေါ်စေခဲ့သည်။
ခေါင်းပြောင်ကြီးသည် ထိုနေရာတွင်တင် မှင်တက်သွားခဲ့ရပြီး တစ်ဖက်လူက ဤကဲ့သို့သော စကားမျိုး ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ခဏအကြာတွင် သူ၏ နှုတ်ခမ်းထောင့်များက အလွန်တရာ ရက်စက်လှသော အပြုံးတစ်ခုအဖြစ် ကွေ့ညွတ်သွားခဲ့ပြီး၊ သူ၏ ဖြူဖွေးလှသော သွားကြီးများကို ဖြဲပြလျက် အရိုးထဲထိ အေးစိမ့်သွားစေမည့် လေသံဖြင့် ပြောလိုက်သည်...
"အော်... အဲလိုလား။ ဒါဆိုရင်တော့ ငါ သူမကို ပိုပြီးတော့ အရသာရှိရှိနဲ့ အစအဆုံး ဆော့ကစားပေးရမှာပေါ့....."
◼️◼️◼️◼️◼️◼️◼️◼️◼️◼️