အခန်း ၉၈ နေ့စဉ်ဘဝလေး
နောက်ထပ် မနက်ခင်းတစ်ခု ရောက်လာပြန်သည်။
ရှောင်ပင်းသည် လက်ထဲတွင် ပေါက်စီတစ်လုံးကို ကိုင်ကာ ဝါးစားရင်း ချန်ချင်းနန်းဆောင်၏ အိပ်ဆောင်တံခါးကို အသည်းအသန် စိုက်ကြည့်နေသည်။
ဘယ်နှစ်ရက်ရှိသွားပြီလဲ သုံးရက်လား။
ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ပြီးကတည်းကဆိုရင် ဒီနေ့ကတတိယမြောက်နေ့ ရှိနေပြီ မဟုတ်လား။ သူမအနေနဲ့ အရှင်မနဲ့ဧကရာဇ်တို့ကို မမြင်ရတာ တော်တော်ကြာနေပြီ။
နေဦး ဧကရာဇ်များ လုပ်ကြံခံလိုက်ရတာလား။ အဲဒါကြောင့် ပေါ်မလာတာလား။
ဒါပေမဲ့ ဧကရာဇ်ရဲ့ အစွမ်းနဲ့ဆိုရင် ဘယ်သူက လုပ်ကြံနိုင်မှာလဲ။
တကယ်တမ်း အတွင်းထဲမှာ ဖြစ်ပျက်နေတာကတော့ ရှောင်ပင်း စိတ်ကူးထားတာနဲ့ သိပ်မခြားနားလှပါဘူး။ သူတို့နှစ်ယောက် ကုတင်ပေါ်ကနေ မဆင်းနိုင်အောင် ဖြစ်နေကြတာပါ။
အရှင်မ အပျော်အပါးမှာ နစ်မွန်းနေရင် အင်ပါယာကြီး ပျက်စီးသွားပါလိမ့်မယ်။ ဧကရာဇ်က ဘယ်လောက်ပဲ ချောနေပါစေ ဒီလောက်အထိတော့ မဖြစ်သင့်ဘူးလေ။
ဒါက အရှင်မအတွက် အားလပ်ရက်တိုလေးလို့ ဆိုနိုင်ပေမဲ့ နေ့တိုင်း အခန်းထဲမှာပဲ အောင်းနေတာကတော့ မကောင်းဘူးလေ အနည်းဆုံးတော့ အပြင်ထွက်ပြီး လေကောင်းလေသန့်လေး ဘာလေးရှူသင့်တာပေါ့။
ရှောင်ပင်းသည် ပေါက်စီကို အမြန်စားလိုက်ပြီး နန်းဆောင်အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်စဉ်ကျင့်နေလိုက်သည်။ အထဲက ခေါ်လိုက်တာနဲ့ ချက်ချင်းဝင်နိုင်အောင် အသင့်ပြင်ထားခြင်း ဖြစ်သည်။
ရုတ်တရက် နန်းဆောင်တံခါးများ ပွင့်လာသည်။
စောင့်မျှော်နေခဲ့ရတဲ့ နေရောင်ခြည်က သူတို့မျက်နှာပေါ်သို့ ကျရောက်လာသဖြင့် ရဲ့ချန်းလျန် အနည်းငယ် မျက်စိကျိန်းသွားသလို ခံစားလိုက်ရသည်။ ချူနင်က ရဲ့ချန်းလျန်ကို တွဲကူပြီး အပြင်သို့ ထွက်လာရာ နန်းဆောင်တံခါးဝမှာတင် ဘေးနားမှာရှိနေတဲ့ ရှောင်ပင်းကို မြင်လိုက်ရသည်။
မိန်းကလေးငယ်လေးက သူတို့ကို စူးစူးစမ်းစမ်း ကြည့်နေသည်။ အရှင်မက ဒီနေ့ ကြည့်လို့ အရမ်းကောင်းနေပေမဲ့အင်အားမရှိသလို ဖြစ်နေပါလား။ အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုမျိုး ဖြစ်နေနိုင်သေးလို့လား။
"ရှောင်ပင်းက အရှင်မနဲ့ ဧကရာဇ်ကို ဂါရဝပြုပါတယ်"
ရဲ့ချန်းလျန်၏ မျက်နှာလေး နီမြန်းသွားသည်။ သူမ အချိန်ဘယ်လောက် ကုန်သွားမှန်း မသိပေမဲ့ နဂါးဖီးနစ် ဖယောင်းတိုင်ကြီးကတော့ ကုန်သွားပြီဆိုတာ သိသည်။ အဲဒီဖယောင်းတိုင်က အနည်းဆုံး နှစ်ရက်လောက် လောင်နိုင်တာဆိုတော့ အချိန်က အဲဒီထက် အများကြီး ပိုကြာခဲ့တာ သေချာသည်။
သူမက ဗိုက်ဝရုံတင်မကဘဲ အဝလွန်နေပြီ ဖြစ်သည်။ အခုတော့ သူမ ဘာမှမစားချင်တော့ဘဲ လေကောင်းလေသန့်လေးပဲ ရှူချင်တော့သည်။ ရဲ့ချန်းလျန်က ချူနင့်ကို မကျေမနပ် စိုက်ကြည့်လိုက်သော်လည်း ချူနင်ကတော့ ဘာမှမဖြစ်သလို တည်ငြိမ်နေသည်။
မင်းက ပါးစပ်ကလိုချင်တယ်လို့ မပြောပေမဲ့ ငြင်းလည်းမငြင်းခဲ့ဘူး မဟုတ်လား။ ဒါက လွန်ခဲ့တဲ့ လေးလက လျှို့ဝှက်ခန်းထဲမှာတုန်းကလို မဟုတ်တော့ဘူးဆိုတာ မင်း သိသင့်ပြီ။ ဘယ်သူက ပိုသန်မာသလဲဆိုတာ အခုတော့ ရှင်းသွားပြီပေါ့။
"ငါ တစ်ခုခု စားချင်တယ်"
"ဒါဆို မင်းကို အရင်ဆုံး ထိုင်ခိုင်းထားပြီးမှ ကိုယ်သွားချက်ပေးရမလား"
"အင်း"
သူမသည် နန်းတော်ဝင်းအတွင်းရှိ ဇရပ်လေးဆီသို့ အနိုင်နိုင်လျှောက်သွားပြီး ထိုင်လိုက်ရသည်။ အင်အားမရှိသေးသလို တကယ်ကို မလှုပ်ချင်တော့တာပါဘူး။
ဒါပေမဲ့ အိပ်ရာထဲမှာပဲ ဆက်နေနေရင်တော့ အရင်လိုပဲ မလှုပ်နိုင်အောင် ဖြစ်သွားမှာကို သူမ ကြောက်နေမိသည်။ အဲဒီလူက သူမ အနားရသွားပြီလို့ သိလိုက်တာနဲ့ ထပ်ပြီး နှိပ်စက်ဦးမှာလေ။
ဒီလိုတွေးမိတော့ ရဲ့ချန်းလျန်က ခေါင်းငုံ့ကာ သူမရဲ့ ဖုံးကွယ်ဖို့ မဖြစ်နိုင်တော့တဲ့ ဝမ်းဗိုက်လေးကို ကြည့်ပြီး မကျေမနပ် ဖြစ်နေမိသည်။
"မင်း အပြင်ထွက်လာရင် ငါ့အတွက် လက်စားချေပေးရမယ်နော်"
"မင်းအဖေက ငါ့ကိုပဲ အနိုင်ကျင့်နေတာ"
ချူနင် ပြုံးလိုက်ပြီး ဟင်းချက်ရန် ထွက်သွားသည်။ ဘေးနားက ရှောင်ပင်းကတော့ အမြန် မေးလာသည်။
"အရှင်မ အိပ်ဆောင်ကို ကျွန်တော်မျိုးမ သန့်ရှင်းရေး လုပ်ပေးရမလား"
"အင်း"
ရှောင်ပင်းလည်း အမြန်ထွက်သွားပြီး ရဲ့ချန်းလျန် တစ်ယောက်တည်း နန်းဆောင်ထဲမှာ ကျန်ရစ်ခဲ့သည်။ သူမ သက်ပြင်းလေး ချလိုက်မိသည်။ ဒီလောက်အထိ အင်အားချည့်နဲ့နေတာက တကယ်ကို နေလို့မကောင်းပါဘူး။
ခန္ဓာကိုယ် ပြန်လည် နိုးကြားလာအောင် ကျင့်စဉ် ခဏလောက် ကျင့်လိုက်မည်။ သူမသည် ဝိညာဉ်စွမ်းအင်များကို ချက်ချင်း လှည့်ပတ်လိုက်ပြီးနောက် ရုတ်တရက် အံ့သြသွားသည်။
အနန္တ အလယ်အလတ်အဆင့်လား သူမ အဆင့်တက်ခဲ့တာ သိပ်မကြာသေးဘူးလေ။
ဒါပေမဲ့ အခြေခံက မခိုင်မာသေးဘူး သိသာတာက သူမရဲ့နောက်ခံစွမ်းအားက သိပ်မတောင့်တင်းသေးတာပဲ။ ဒါဟာ ချူနင်ကြောင့်သာ သူမရဲ့ကျင့်စဉ်အဆင့် တက်လာတာ ဖြစ်ရမည်။
ဒီလူက တကယ်ကို မတရားဘူး။ တခြားသူတွေက အဆင့်ဝက်လောက် တက်ဖို့အတွက် နှစ်ပေါင်း ရာနဲ့ချီ ထောင်နဲ့ချီပြီး ကြိုးစားနေရချိန်မှာ သူမနဲ့ ချူနင်ကတော့ ကုတင်ပေါ်မှာ ရက်နည်းနည်းလောက် ဖြုန်းလိုက်ရုံနဲ့တင် အဆင့်တက်သွားတာပဲ။ ကျင့်စဉ်က အနည်းငယ် မတည်ငြိမ်သေးပေမဲ့ အနည်းဆုံးတော့ တက်သွားပြီ မဟုတ်လား သူမ ပြန်ပြီး တည်ငြိမ်အောင် ကျင့်လို့ ရတာပဲ။
အစတုန်းကတော့ သူမက ချူနင့်ကို အားမကိုးဘူးလို့ ပြောခဲ့ပေမဲ့ အခုတော့ တခြားနည်းလမ်း မရှိတော့ဘူး ထင်တယ်။ အကျိုးအမြတ် ရတာက ချူနင် ဖြစ်ပေမဲ့ တကယ့် အခွင့်အရေးကြီးကိုတော့ သူမကို ပေးခဲ့တာပဲ။
ဒါကြောင့် သူမ ချူနင့်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားရမည် သူမရဲ့ခင်ပွန်းက သူမကိုပဲ ကျင့်စဉ်တိုးတက်အောင် ကူညီပေးရမယ် တခြား အမျိုးသမီးတွေကို လုံးဝ ခွင့်မပြုနိုင်ဘူး။
သူမသည် တရားထိုင်ကာ မျက်လုံးမှိတ်ပြီး စိတ်ကို စုစည်းကာ ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ နာရီဝက်ခန့်အကြာတွင် သူမ၏ အင်အားများ တဖြည်းဖြည်း ပြန်လည် ပြည့်ဝလာသည်။ မတည်ငြိမ်သော ကျင့်စဉ်မှာလည်း အနည်းငယ် ပိုပြီး ခိုင်မာလာသည်။
သူမ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အပျင်းကြောဆန့်ကာ အလွန်ကျေနပ်သွားမိသည်။ မလှမ်းမကမ်းမှာတော့ ရှောင်ပင်းက အိပ်ရာခင်းသစ်တွေကို အိပ်ဆောင်ထဲသို့ သယ်သွားနေသည်။ ရဲ့ချန်းလျန် သတိပြန်ဝင်လာတာကို မြင်တော့ ရှောင်ပင်းက ပြုံးပြီးရှင်းပြသည်။
အရှင်မ ကျွန်တော်မျိုးမ အခန်းကို သန့်ရှင်းရေး လုပ်ပြီးပါပြီ ဒါပေမဲ့ အိပ်ရာခင်းနဲ့ စောင်တွေကတော့ သုံးလို့ မရတော့ဘူး ထင်တယ်။
ရဲ့ချန်းလျန် ချက်ချင်းပင် ထပ်ပြီး ရှက်သွားပြန်သည်။ ဒါပေမဲ့ တည်ငြိမ်သလို ဟန်ဆောင်ထားလိုက်သည်။
"အင်း လဲစရာရှိတာ လဲလိုက်ပေါ့"
ဘာလို့ သုံးလို့မရတော့တာလဲဆိုတာ သူမ သေချာပေါက် သိတာပေါ့။ အဲဒါတွေ အကုန်လုံးက ချူနင့်အပြစ်ပဲ မဟုတ်လား။ သူမကို ဘယ်သူက အနားမပေးဘဲ နေခိုင်းလို့လဲ။ ကျင့်စဉ်ကျင့်ပြီး အင်အားပြန်ဖြည့်ဖို့တောင် အချိန်မပေးခဲ့ဘူး။ သူတို့ အနားယူတဲ့ အကြိမ်နည်းနည်းလေးမှာလည်း တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး အိပ်နေကြတာ နိုးလာတာနဲ့ ထပ်ပြီး...။
သူမ တကယ်ပဲ ပျက်စီးသွားပြီလား။ ရဲ့ချန်းလျန်က ချူနင်က သူမကို ဒီလိုလူမျိုးတစ်ယောက် ဖြစ်အောင် ပြောင်းလဲပစ်လိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ပါဘူး။ သူမရဲ့မူလ ပုံစံနဲ့ လုံးဝကို ဆက်စပ်လို့ မရတော့တာပါ။
အထူးသဖြင့် အဲဒီလို လုပ်နေတဲ့အချိန်က သူမရဲ့အမူအရာက။
ဟွန့်... သူက အဲဒီလို ပုံစံမျိုးကို ကြည့်ရတာ တော်တော် သဘောကျပုံပဲ။
အဲဒီအချိန်မှာပဲ အစားအစာတွေ ရောက်လာသည်။ ရက်အတော်ကြာ ရေတစ်စက်မှ မသောက်ရသေးတဲ့ ရဲ့ချန်းလျန် တစ်ယောက် မနေနိုင်တော့ဘဲ သူ့နောက်ကို လိုက်သွားတော့သည်။
အရမ်း မွှေးတာပဲ အိပ်ဆောင်ထဲမှာတော့ ရှောင်ပင်းက အိပ်ရာကို ဆက်ပြီး ပြင်ဆင်ပေးနေသည်။ ရဲ့ချန်းလျန်ကတော့ မအောင့်နိုင်တော့ဘဲ အားရပါးရ စားတော့သည်။ သူမ အရမ်း ဗိုက်ဆာနေပြီလေ ရက်အတော်ကြာ ဘာမှမစားရဘဲ အနိုင်ကျင့်ခံနေရတာ အခု စားရပြီဆိုတော့ ဘာလို့အများကြီး မစားဘဲ နေမှာလဲ။
"ခဏနေရင် ရှောင်ပင်းအတွက် တစ်ပွဲ ထပ်လုပ်ပေးလိုက်ဦး ဒါတွေ အကုန်လုံး ငါစားမှာ"
"မရဘူးလေ မင်းက ငါ့ကိုတခြားသူတွေအပေါ် မကောင်းရဘူးလို့ ပြောထားတယ် မဟုတ်လား"
"အဲဒါက တခြားစီလေ နင်က ရှောင်ပင်းကို ဒီတိုင်းကြည့်နေခိုင်းမလို့လား။ သူမ သွားရည်တောင် ကျနေပြီ"
"အရှင်မ ကျွန်တော်မျိုးမ အဲလို မဟုတ်"
ရဲ့ချန်းလျန်က ရှောင်ပင်းကို တစ်ချက် ကြည့်လိုက်သည်။ ရှောင်ပင်းက အိပ်ရာကို အရှိန်အဟုန်နဲ့ ဆက်ပြင်နေပေမဲ့ ပြင်စရာက ကုန်နေပြီလေ။ သူမ တကယ်ပဲ ဧကရာဇ်ရဲ့ လက်ရာကို မစားရတာ ကြာပါပြီ စားချင်နေတာပေါ့။ ရဲ့ချန်းလျန် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ရှောင်ပင်းက ငါ့လူပဲ အခုဆိုတာ့ချန်းအင်ပါယာရဲ့ အမြန်ဆုံးကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်နေပြီ။ နောင်တစ်ချိန်မှာ အင်ပါယာရဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့်သူ သူမအတွက် ကျင့်ကြံမှု အထောက်အကူပြု အရင်းအမြစ်တွေလို့ပဲ သဘောထားလိုက်ပါ။
ချူနင် ရယ်မောကာ လက်ဝှေ့ယမ်းပြလိုက်သည်။
ရပါတယ် အတူတူ လာစားကြလေ သန့်ရှင်းရေးက နောက်မှ လုပ်လည်း ဖြစ်ပါတယ်။ အကယ်၍ မင်း ဗိုက်မဝဘူးဆိုရင် ကိုယ်နောက်ထပ် ဟင်းတွေ အများကြီး ထပ်ချက်ပေးမယ်။
ရဲ့ချန်းလျန် ခဏလောက် စဉ်းစားပြီး ဒါကမဆိုးဘူးလို့ တွေးလိုက်သည်။ ဒါဆိုရင် အချိုပိုင်းတွေကို ရှောင်ပင်းကို ပေးလိုက် နင်ကနောက်ထပ် ဟင်းနှစ်ပွဲ ထပ်ချက်လိုက်ဦး။ ငါ ဒီနေ့ ခံတွင်း တော်တော် တွေ့နေတာ။
"ဒါဆို အိန္ဒြေ မစောင့်တော့ဘူးပေါ့"
နင်က ငါ့ယောက်ျားပဲ ငါက ဘာလို့ အိန္ဒြေစောင့်နေရမှာလဲ။ ကလေးသာ ဗိုက်ဆာသွားရင် နင်တာဝန်ယူမှာလား။
"ဒါပေမဲ့ မင်း ကိုယ့်ကို ခေါ်တာ မကြားရသေးဘူးနော်"
မဟုတ်တာ မနေ့ကတောင် နင်ငါ့ကိုအတင်းအကျပ် ခေါ်ခိုင်းခဲ့တာ မဟုတ်လား။
အဲဒါက တခြားစီလေ အဲဒါက မင်းမခေါ်ဘဲ မနေနိုင်အောင် နည်းမျိုးစုံ သုံးခဲ့လို့ပါ။ အခု ရှောင်ပင်း ရှိနေတော့ အဲဒီနည်းတွေ သုံးဖို့က အဆင်မပြေဘူးလေ။
ယောင်္ကျားတော်ပါတော့ ဒီလောက်အစားအသောက်လေးနဲ့ ဘယ်သူ ဗိုက်ဝမှာလဲ ငါ မဝသေးဘူး။ ချူနင် ကျေနပ်စွာ ပြုံးလိုက်ပြီး ဘေးနားက ရှောင်ပင်းကတော့ မျက်နှာလေး နီမြန်းကာ ခေါင်းငုံ့ပြီး ထမင်းပဲ စားနေတော့သည်။
ကျွန်မက ဘေးလူပါနော် ရှင်တို့လင်မယား ကိစ္စတွေကို ရှင်တို့ဘာသာ ပြောကြပါလား ဘာလို့ ကျွန်မရှေ့မှာ လာပြောနေရတာလဲ။ တိုက်ရိုက် မပြောဘူးဆိုပေမဲ့ ကျွန်မက နားမကန်းပါဘူး ဟင့်ဟင့်။ သူတို့နှစ်ယောက် စကားနိုင်လုနေကြတာက မင်္ဂလာမဆောင်ခင်နဲ့ မဆောင်ပြီး ဘာမှမပြောင်းလဲသွားသလိုပါပဲ။ ဒါပေမဲ့ ရှောင်ပင်း တစ်ယောက်ပဲ တစ်ခုခုကို သတိရသွားပုံ ရသည်။
အော် ဒါနဲ့ အရှင်မ အမတ်ချုပ်ကြီးက လက်ဆောင်စာရင်းကို ပို့လိုက်ပြီး အဲဒါတွေကို ဘယ်လိုခွဲဝေပေးရမလဲဆိုတာ မေးခိုင်းလိုက်ပါတယ်။ အလျင်မလိုပါဘူး အရှင်မ အားတဲ့အချိန်မှ ကိုင်တွယ်လို့ ရပါတယ် ကျွန်တော်မျိုးမက အသိပေးရုံတင်ပါ။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်၏ အမူအရာက တဖြည်းဖြည်း တည်ကြည်သွားသည်။ သူမ လက်ဆောင်စာရင်းကို ယူပြီးစစ်ဆေးလိုက်သည်။ ဘယ်သူက လက်ဆောင်ပို့သလဲဆိုတာက အရေးမကြီးပါဘူး အဓိကကတော့ ဘယ်သူက မပို့သလဲပြီးတော့ ဘာတွေပို့သလဲဆိုတာပါပဲ။
သေချာတာပေါ့ ပို့သင့်တဲ့သူတွေ အကုန်ပို့ကြသလို မပို့သင့်တဲ့သူတွေကလည်း ဒီအခွင့်အရေးကို သုံးပြီး မျက်နှာလိုမျက်နှာရ လုပ်ဖို့အတွက် ပို့ထားကြသည်။ ဒါပေမဲ့ ထိုက်ရွှီ ြမင့်မြတ်သောမြေက ပို့လိုက်တဲ့ နတ်ဘုရားလက်နက်ကတော့ နည်းနည်းတော့ မျက်စိစူးစရာ ဖြစ်နေတယ်။
သေချာပါတယ် အင်ပါယာရဲ့နောက်ထပ် ခြေလှမ်းတွေကို စတင်စဉ်းစားရမယ့် အချိန်ရောက်နေပြီ အတွင်းပိုင်း စွမ်းအားတွေ တိုးတက်ဖို့လည်း လိုအပ်နေပြီ။ အားလုံး စစ်ဆေးပြီးနောက် ရဲ့ချန်းလျန်က စာရင်းကို ချူနင့်ဆီ ပေးလိုက်သည်။
"ချူ... အင်း... အင်း... နင်လည်း ကြည့်လိုက်ဦးမလား"
"ချူ... အင်း... အင်း ဆိုတာ ဘယ်သူလဲ" ချူနင် ကြောင်အသွားသည်။ ရဲ့ချန်းလျန်က ပန်းကန်နဲ့ ထမင်းစားတံကို အသာအယာ ပြန်ကိုင်လိုက်သည်။
"နင်ပေါ့"
"ငါက မင်းရဲ့ယောကျာ်း မဟုတ်ဘူးလား"
ရဲ့ချန်းလျန် ခဏလောက် တန့်သွားပြီးမှ "ဒါဆိုလည်း ယောင်္ကျား ကြည့်လိုက်ဦး"
"မဟုတ်ဘူး ယောင်္ကျားလို့ပဲခေါ်ပါ မဟုတ်ရင် မကြည့်ဘူး"
"အင်းပါ ယောင်္ကျား ကြည့်လိုက်ဦး"
ရှေ့ကစကားလုံးတွေ မပါနဲ့ ယောင်္ကျားလို့ပဲ တိုက်ရိုက်ခေါ်
သူမ နည်းနည်းတော့ စိတ်တိုသွားသည် ငါခေါ်ပြီးပြီပဲ နင်က ဘာလိုချင်သေးတာလဲ။
ချူနင် ရယ်လိုက်သည် မင်း အဲလိုပြောတာက စိတ်မပါဘူးလေ။ ကိုယ်က မင်းကိုမိန်းမလို့ ခေါ်နိုင်သေးတာပဲ မင်းကလည်း ယောင်္ကျားလို့ တိုက်ရိုက်ခေါ်လို့ မရဘူးလား။
"ယောင်္ကျားကောင်းကြီး ကြည့်လိုက်ပါဦး"
"မရဘူး"
ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား။
"ယောင်္ကျား"
မျက်နှာလေး နီမြန်းသွားကာ စာရင်းကို ချူနင့်လက်ထဲသို့ အတင်း ထိုးထည့်လိုက်တော့သည်။
"ငါ့အတွက် ကြည့်ပေးစမ်းပါ စိတ်ပျက်စရာကောင်းတဲ့ လူကြီး"
"ဟီးဟီး ငါနဲ့ကစားဖို့ဆိုတာ မင်းက အတွေ့အကြုံ နုသေးတယ်"
"အော်... ဂုဏ်ပြုလက်ဆောင်တွေ တော်တော်များသားပဲ" ချူနင် မျက်မှောင်ကြုတ်ကာ စာရင်းထဲက အရာအားလုံးကို စစ်ဆေးနေလိုက်သည်။ ဒါက သူ ထင်ထားတာထက် အများကြီး ပိုများနေတာ အမှန်ပါပဲ။