အခန်း ၉၆ နင် အော်ဟစ်ချင်နေတာလား
ရဲ့ချန်းလျန်သည် ချူနင့်ပုခုံးကို အားရပါးရ ကိုက်ပစ်လိုက်သည်။
နင်က တစ်ခွန်းတောင် ကြိုမပြောဘူး။
ပြီးတော့ ရယ်တောင် ရယ်နေသေးတယ်။
သူမ ချူနင့်ကို ဆဲဆိုချင်သော်လည်း တစ်ကိုယ်လုံး ပျော့ခွေနေပြီး စကားပြောဖို့ပင် အင်အားမရှိတော့ပေ။
ကောင်းပြီလေ ဒါနင်ဖြစ်ချင်တဲ့အတိုင်းပဲ မဟုတ်လား။
ငါ့ကိုယ်ငါ နင့်ဆီ လုံးလုံးလျားလျား ပုံအပ်လိုက်ရပြီဆိုတော့ နင်ကျေနပ်ပြီလား။
ရယ်ထားလိုက်ဦးပေါ့ နင်ငိုရမယ့်အချိန် ရောက်လာမှာပါ။ နင် စိတ်ကုန်သွားတဲ့အချိန်ကျမှ ငါက နင့်ကို ပြန်ပြီး လာဆွပြမယ်။
အဲဒီအချိန်ကျရင် ချူနင် နင် သေချာပေါက် မစွမ်းဆောင် နိုင်တော့ဘူး။
အဲဒီကျမှ ငါက နင့်ကို ပြန်လှောင်ရမယ်။
ငါ့ဆီက ယူသွားသမျှကို နင်ပြန်အန်ထုတ်စေရမယ် ရဲ့ချန်းလျန်ဆိုတဲ့ မိန်းမက ဘယ်တော့မှ အရှုံးမခံဘူး။
အခုလောလောဆယ်တော့ သူမ အနိုင်ကျင့်ခံနေရရုံပဲ ရှိပါသေးတယ်... အဟင့်ဟင့်။
စကားတွေ အများကြီး ပြောမနေတော့ပါဘူး။ အချိန်အတော်ကြာ တောင့်တခဲ့ရတဲ့ အရာကို နောက်ဆုံးမှာ ပိုင်ဆိုင်လိုက်ရတဲ့ ခံစားချက်က တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းသော်လည်း ချူနင်ကတော့ ရဲ့ချန်းလျန်ရဲ့ ခံစားချက်ကို ပိုပြီး ဂရုစိုက်နေသည်။
နေလို့မကောင်းတာ ဒါမှမဟုတ် တစ်ခုခု ဖြစ်နေလား။
ရဲ့ချန်းလျန်၏ မျက်နှာလေး နီမြန်းနေပြီး ချူနင့်ကို ကြည့်ပင်မကြည့်တော့ပေ။
"ဒါဆို ဘာမှမဖြစ်ဘူးပေါ့ ကိုယ်ဆက်လုပ်မယ်နော်"
ရဲ့ချန်းလျန် တိတ်ဆိတ်နေဆဲပင်။
နင်က ဒါမျိုးကို ဘာလို့ လာမေးနေတာလဲ ငါ့ကို ကောင်းတယ်လို့ ပြောစေချင်တာလား။
အိပ်မက်တောင် မမက်နဲ့။
သို့သော်လည်း ခဏအတွင်းမှာပင် ရဲ့ချန်းလျန် တစ်ယောက် တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ သွားကို တင်းတင်းကြိတ်ထားရတော့သည်။
ဒီကောင်ကို အထင်ကြီးခံလို့ မဖြစ်ဘူး။
သူမ ဘာအသံမှ ထွက်မှာ မဟုတ်ဘူး။
ဒါကြောင့် ရဲ့ချန်းလျန်က ခေါင်းငုံ့ထားရင်း စိတ်ထဲကနေ စိတ်အေးချမ်းစေတဲ့ ဂါထာကိုသာ ရွတ်ဆိုနေတော့သည်။
ဒါပေမဲ့ ဒါက အာရုံလွှဲရုံသာ ရှိသည်။ ရဲ့ချန်းလျန်၏ ကိုယ်သင်းရနံ့လေးတွေ ပျံ့လွင့်လာတာကို ချူနင် သတိထားမိသည်။
ဒါပါပဲ သူမက ပုံမှန်နေ့တွေမှာတောင် စိတ်မထိန်းနိုင်ဖြစ်နေတာ အခုလို အချိန်မှာ သူမရဲ့ စိတ်အာရုံကို ဘယ်လိုလုပ် ထိန်းချုပ်ထားနိုင်မှာလဲ။
ဒါပေမဲ့ သူမက တကယ်ပဲ ဘာတုံ့ပြန်မှုမှ မပေးဘဲ နေနိုင်ပါ့မလား။
ချူနင်ကတော့ မယုံပါဘူး ဒီနေ့တော့ သူမယုံကြည်တာကို လက်တွေ့ပြရတော့မှာပေါ့။
အချိန်အတော်ကြာသွားသည့်တိုင် ကိုယ်သင်းရနံ့တွေက ပိုပြီး ပြင်းထန်လာသည်။
ဒါပေမဲ့ ရဲ့ချန်းလျန်ကတော့ တကယ်ကို အသံတစ်ချက်မှ မထွက်ပါဘူး။
တော်တော်လေး သည်းခံနိုင်တာပဲ သူမသာ သူလျှိုလုပ်ရင် ဘယ်သူမှ လျှို့ဝှက်ချက် ညှစ်ထုတ်လို့ ရမှာ မဟုတ်ဘူး။
ချူနင် တကယ်ပဲ မတတ်သာတော့ဘဲ ထိုအမျိုးသမီးကို ကြည့်ကာ အရှုံးပေးသည့်လေသံဖြင့် ပြောလိုက်သည်။
ချန်းလျန် ကိုယ်လုပ်တာက မင်းကို နေရခက်စေတာလား ဒါမှမဟုတ် ကိုယ်တို့နားလိုက်ကြမလား။
ဇနီးသည်က ဘာတုံ့ပြန်မှုမှ မပေးတာက ယောက်ျားတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တော်တော်လေး ထိခိုက်စေသည် ဒါက ယောက်ျားတွေရဲ့ မာန်မာနပဲလေ။
ရဲ့ချန်းလျန်က အားလုံးပြီးတော့မယ်လို့ ထင်နေချိန်မှာ ချူနင်က ရုတ်တရက် ရပ်လိုက်သဖြင့် သူမ၏ မျက်ဝန်းတွေက မကျေနပ်သလို ကြည့်လာသည်။
နင် လုပ်စရာရှိတာ လုပ်လေ ငါကနင့်ကို မနှောင့်ယှက်ပါဘူး ဘာလို့ လာမေးနေတာလဲ။
နင်က ဒီလိုမျိုးကြီး ဆက်လုပ်မနေပါနဲ့တော့။
ငါက ဒီအခြေအနေထိ ရောက်နေပြီပဲ နင်က ငါ့ဆီက ဘာလိုချင်သေးတာလဲ ငါ့ကိုယ်ငါ နင့်ဆီ အကုန်ပုံပေးထားပြီးပြီလေ။
နင် လုပ်စရာရှိတာ ဆက်လုပ်ပါတော့။
သို့သော် ချူနင်က သက်ပြင်းချလိုက်သည်။
"မင်း မပျော်ဘူးလို့ ကိုယ်ထင်မိလို့ပါ စောစောက လျှို့ဝှက်ခန်းထဲမှာတုန်းကတော့ မင်း တုံ့ပြန်မှုရှိသားပဲ"
ရဲ့ချန်းလျန် ထိုစကားကြောင့် မှင်တက်သွားပြီး နှုတ်ခမ်းလေး စူလိုက်သည်။
တုံ့ပြန်မှု နင်က ဘယ်လို တုံ့ပြန်မှုမျိုး လိုချင်တာလဲ။
သူ ဘယ်လိုအသံမျိုးကို ဆိုလိုသလဲဆိုတာ သူမ ဘယ်လိုလုပ် မသိဘဲနေမှာလဲ။
ဒါပေမဲ့ သူမက တာ့ချန်းအင်ပါယာရဲ့ ဂုဏ်သရေရှိ ဧကရီတစ်ပါးလေ နောင်တစ်ချိန်မှာ ကမ္ဘာကြီးကို ပေါင်းစည်းမယ့်သူ။
နင်က ငါ့ကို အဲဒီလို အသံမျိုး ပေးစေချင်တာလား။ အဲဒါ ဖြစ်နိုင်ပါ့မလား။
လုံးဝ မဖြစ်နိုင်ဘူး။
နင်က အဲဒါကို ဘာလို့ ဂရုစိုက်နေတာလဲ ငါက အခု နင့်လက်ထဲမှာ ရှိနေပြီပဲ နင် လုပ်ချင်တာလုပ် ဒါမှမဟုတ်လည်းအိပ်တော့။
ဒီလို ပြောလိုက်ပေမဲ့ ရဲ့ချန်းလျန် စိတ်ထဲမှာတော့ မကျေမနပ် ဖြစ်နေမိသည်။
တစ်ပိုင်းတစ်စနဲ့ ရပ်နေတာက လူကို ရူးအောင် လုပ်နေတာလား လုပ်စရာရှိတာလုပ်ပါလား စကားတွေ အများကြီး ပြောမနေနဲ့။
ချူနင် သတိထားမိသွားသည်။
ဒါကသူ ရဲ့ချန်းလျန်ကို မကျေနပ်အောင် လုပ်တာ မဟုတ်ဘဲ သူမရဲ့ မာနကြီးတဲ့ အကျင့်ကြောင့် စကားမပြောဘဲ အောင့်ထားတာပဲ မဟုတ်လား
နင်က တကယ့်နင်ဂျာပဲ ဘယ်လောက်တောင် အောင့်ထားနိုင်သလဲ။
ချူနင် ရှေ့တိုးကာ ထိုအမျိုးသမီးကို နမ်းလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
ကိုယ် အခုပြောတာက သံယောဇဉ်ကိစ္စနဲ့ ဆင်တူပါတယ်။ သံယောဇဉ်ဆိုတာ အပြန်အလှန် တုံ့ပြန်မှု ရှိဖို့ လိုတယ်။ ကိုယ် မင်းကို ချစ်တယ် ဒါကြောင့် မင်းလည်း ကိုယ့်ကိုချစ်တာကို မြင်ချင်တယ်။
ဒါကြောင့် ကိုယ် အစွမ်းကုန်ကြိုးစားနေတာလေ အနည်းဆုံးတော့ တုံ့ပြန်မှုလေး တစ်ခုလောက် ပေးပါဦး။ အော်ချင်ရင်လည်း အော်လိုက်ပါ အဲဒါ ဘာမှ မမှားပါဘူး။ အဲဒါက ကိုယ့်အတွက် အားပေးမှု တစ်ခုပဲလေ ဟုတ်တယ်မလား။
အားပေးမှု။
နင်က ငါ့အပေါ် မလေးမစား လုပ်နေပြီးတော့ ငါ့ဆီက အားပေးမှု လိုချင်နေတာလား။
လုံးဝ မဖြစ်နိုင်ဘူး။
ဒါမှမဟုတ် မင်းက ကိုယ့်ကို အဲလောက် မချစ်ဘူးလား ဒါမှမဟုတ် စိတ်မပါဘဲ လုပ်နေတာလား။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန် ချက်ချင်းပင် စိုးရိမ်သွားသည်။
"ငါ နင့်ကို ပြောပြီးပြီပဲ နင်ထင်သလို မဟုတ်ပါဘူးဆို"
ငါ နင့်ကို ချစ်တယ်လို့ ပြောပြီးပြီပဲ နင်က ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သံသယ ဝင်နေတာလဲ။
မဟုတ်ရင် ငါက ဘာလို့ ဒီလိုအနိုင်ကျင့်ခံနေမှာလဲ
ချူနင့်မျက်နှာတွင် ဝမ်းနည်းရိပ်လေး ပေါ်လာသည်။
ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ချစ်ရင်တုံ့ပြန်မှုလေးတော့ ရှိသင့်တယ်လေ မင်း ဘာမှမလုပ်တော့ မင်း စိတ်မပါဘူးလို့ ကိုယ်ခံစားရတယ်။
ရဲ့ချန်းလျန် ချူနင့်ကို စိုက်ကြည့်လိုက်သည် နင်က ငါ့ကိုပျော်တော်ဆက် အမျိုးသမီးတွေလို ထင်နေတာလား ငါသာ စိတ်မပါရင် နင့်ကိုဒီမှာရှိခွင့်ပေးပါ့မလား။
"ဒါဆို တုံ့ပြန်မှုလေး တစ်ခုလောက် ပေးလို့ရမလား"
"နင်က ဘယ်လို တုံ့ပြန်မှုမျိုး လိုချင်တာလဲ"
အော်ချင်ရင် အော်လိုက်ပါ အရမ်းအောင့်မထားပါနဲ့ တကယ်တော့ ယောက်ျားတွေက အဲဒီအသံကို ကြားချင်ကြတာ။
ရဲ့ချန်းလျန် စိတ်ထဲမှာ ရှက်လည်းရှက် ဒေါသလည်း ထွက်မိသည်။
အဲဒီအသံက ဘာများ နားထောင်လို့ ကောင်းလို့လဲ နားငြီးစရာကြီး။
ဘာလို့ ဒီလောက်တောင် တောင်းဆိုမှုတွေ များနေရတာလဲ။ ငါ နောက်တစ်ခါ ဘယ်တော့မှ မင်္ဂလာမဆောင်တော့ဘူး။
"ဒါဆိုလည်း နင်ပြောတဲ့အတိုင်း ဖြစ်စေရမယ်"
ရဲ့ချန်းလျန် အလျှော့ပေးလိုက်တာကို မြင်သော် ချူနင် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
ဆက်လုပ်သည်။
ဒါပေမဲ့ ရဲ့ချန်းလျန်ကတော့ သွားကို တင်းတင်းကြိတ်ပြီး အောင့်ထားဆဲ အသံလုံးဝ ထွက်မလာပါဘူး။
ဟမ် တော်တော် ဇွဲကောင်းတာပဲ။ သဘောတူပြီးပြီကို ဘာလို့ အခုထိ ဒီလို ဖြစ်နေရတာလဲ။
ချူနင်လည်း ဇွဲမလျှော့ပါဘူး။ ဒီနေ့တော့ သူက ယောက်ျားတစ်ယောက်အနေနဲ့ ဒီမာန်မာနကို ရအောင် ယူမယ်လို့ ဆုံးဖြတ်ထားသည်။
ရဲ့ချန်းလျန်၏ မျက်နှာလေးမှာ ပို၍ နီမြန်းလာပြီး ရေစက်လက်ကျတော့မည့်အလား ဖြစ်နေသည်။ သူမ သည်းခံနိုင်စွမ်း အကန့်အသတ်ကို ရောက်နေပြီ။
နင်က ငါ့ကို အော်စေချင်တာ မဟုတ်လား။
ဒါဆိုလည်း အော်ပေးမယ်။
သူမ၏ အသံက ဟိန်းထွက်သွားပြီး အားရပါးရ ရယ်မောလိုက်တော့သည်။
"ဟားဟားဟားဟား"
ချူနင် "ဘာတွေလဲဟ" ဟု ရေရွတ်ရင်း ကြောင်အသွားရသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
သူမ ဘာလို့ ရုတ်တရက်ကြီး ဒီလိုလုပ်လိုက်တာလဲ။ ဦးနှောက်များ ချို့ယွင်းသွားတာလား။
အဲဒီ ရယ်သံကြီးကြောင့် ပတ်ဝန်းကျင်က ကြည်နူးစရာ အရှိန်အဝါတွေ အကုန် ပျက်စီးသွားတော့သည်။
ရဲ့ချန်းလျန် အပြောင်းအလဲကို သတိထားမိလိုက်ပြီး ချက်ချင်းပင် စောင်ထဲ ပြန်ဝင်ကာ ထောင့်တစ်ခုမှာ သွားကပ်နေလိုက်သည်။
"ပြီးပြီ မဟုတ်လား ဒါဆိုငါအနားယူတော့မယ် ငါ့ကို လာမနှောင့်ယှက်နဲ့တော့"
ချူနင့် နှုတ်ခမ်းလေးတွေ တုန်ခါနေသည်။
သူက အော်ခိုင်းတာက အဲဒီလို အော်ခိုင်းတာ မဟုတ်ဘူးလေ။
ကြည်နူးစရာ အရမ်းကောင်းနေတုန်းမှာ ရုတ်တရက်ကြီး ထရယ်လိုက်တာကို ဘယ်သူက ခံနိုင်မှာလဲ။
ဒါက ကျန်းဟူလောကလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက် အားရပါးရကြီး ရယ်တာလဲ။
"ချန်းလျန် ကိုယ် အဲဒီလိုဆိုလိုတာ မဟုတ်ဘူးလေ"
သူမ၏ ရင်ဘတ်လေးက နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ စောင်ထဲမှာ ကွေးနေပေမဲ့ ရဲ့ချန်းလျန် တစ်ယောက် မောနေတာကိုတော့ မရပ်နိုင်သေးပါဘူး အသံလေးတွေလည်း တုန်နေသည်။
နင် ဘာကိုဆိုလိုတယ်ဆိုတာ ငါဂရုမစိုက်ဘူး။ နင် လုပ်ချင်တာ လုပ်ပြီးပြီပဲ နင့်တောင်းဆိုချက်အတိုင်းလည်း ငါလုပ်ပေးပြီးပြီ ငါ့ဆီက ဘာလိုချင်သေးတာလဲ။
ချူနင်ကတော့ သေချာပေါက် အားမရသေးပါဘူး။ သူ သူမကို ထပ်ပြီး ဖက်လိုက်ကာ ရဲ့ချန်းလျန်၏ နားနားသို့ ပြုံးလျက် ကပ်ပြောလိုက်သည်။
"ဘာလဲ မင်း ကြောက်နေတာလား"
"ငါက ဘာကို ကြောက်ရမှာလဲ အကြောက်ဆုံး အရာတောင် ပြီးသွားပြီပဲ တခြား ဘာရှိဦးမှာလဲ"
"မကြောက်ဘူးဆိုရင် ဘာလို့ နောက်ဆုံးအချိန်ရောက်မှ ထွက်ပြေးရတာလဲ"
ရဲ့ချန်းလျန် မကျေမနပ် ပြောလိုက်သည် ဒါက နင် မစွမ်းဆောင်နိုင်တာ သိသာပါတယ်။ လျှို့ဝှက်ခန်းထဲမှာတုန်းကလည်း ဒီလိုပဲ ဒါမှမဟုတ် နင်က။
စကားမဆုံးခင်မှာပင် သူမ၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားသည်။
ချူနင်ကတော့ မစွမ်းဆောင်နိုင်တဲ့သူလုံးဝ မဟုတ်ပါဘူး။
သူက ခုနက လန့်သွားလို့ ခဏ ငြိမ်သွားတာပါ။
ဒါမျိုး လုပ်နေတုန်းမှာ ရုတ်တရက်ကြီး ကောင်းကင်ကို ကြည့်ပြီး အားရပါးရ ရယ်လိုက်တာကို ဘယ်သူက ခံနိုင်မှာလဲ။
ရဲ့ချန်းလျန် ချက်ချင်းပင် စကားမပြောရဲတော့ပေ။
သို့သော် ချူနင်က ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ကြည့်ရတာ အရှင်မက ကြောက်နေတုန်းပါပဲ နောက်ဆုံးအချိန်မှာ ထွက်ပြေးတယ်ဆိုတော့ အဲဒါသာ တကယ်ဆိုရင် အရှင်မဆိုတာ ဟုတ်သေးရဲ့လား။
"နင် ငါ့ကို စိန်ခေါ်နေတာ သိတယ်နော်"
"ဒါဆို အရှင်မ ဘယ်လို သဘောရလဲ"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရဲ့ချန်းလျန် သွားကို ကြိတ်လိုက်သည်။
"ငါ ဘယ်တော့မှ ထွက်မပြေးဘူး"
ထိုအဖြေကို ရလိုက်သည်နှင့် ချူနင် ပြုံးကာ သူမကို နမ်းလိုက်ပြီး မပြီးသေးတာတွေကို ဆက်လုပ်တော့သည်။
"ချန်းလျန် ကိုယ် ခုနက ပြောတာက သိပ်ပြီး တိကျချင်မှ တိကျမှာပါ"
ကိုယ် ဆိုလိုတာကို မင်းသိမှာပါ တမင်သက်သက်ကြီး အဲဒီလို မလုပ်ပါနဲ့ အဲဒါက ပတ်ဝန်းကျင်ကို တကယ် ပျက်စီးစေလို့ပါ။
နင်က ငါ့အပေါ် မလေးမစား လုပ်နေပြီးတော့ အခုကျမှ ငါ့ကို အပြစ်တင်နေတာလား။
ဒါက ဘယ်လိုလုပ် မလေးမစား လုပ်တာ ဖြစ်မှာလဲ လင်မယားကြားမှာ ဒါက သဘာဝပဲလေ။ ဒါပေမဲ့ မင်း နေလို့မကောင်းတာ မဟုတ်ဘူးဆိုတာ သိရတာနဲ့တင် ကိုယ့်အတွက် လုံလောက်ပါပြီ။