အခန်း ၉၅ အောင်မြင်သွားရင်ကိုက်ပစ်မယ်
ထိုစကားကို ကြားသောအခါ ချူနင် ဆွံ့အသွားရသည်။
မြတ်စွာဘုရား သူ စောစောက ပြောခဲ့တဲ့ စကားတွေကို ဒီနေရာမှာ ပြန်သုံးလိုက်တာလား။
သူကပဲ အတင်းအကျပ် လုပ်နေသလိုမျိုးကြီး မပြောပါနဲ့ဦး ဒါက နည်းနည်းတော့ ထူးဆန်းသလို ခံစားရပေမဲ့ တစ်မျိုးလေးတော့ ကြည်နူးစရာ ကောင်းသားပဲ။ သူတို့က အခု တရားဝင် လင်မယားတွေ ဖြစ်နေပြီပဲဟာ အတင်းအကျပ် လုပ်နေစရာ လိုသေးလို့လား။
ကဲပါလေ ငါ့ကျင့်စဉ်က ပိုမြင့်နေတော့လည်း ငါကပဲ အနိုင်ကျင့်တဲ့သူ လုပ်ပေးရတာပေါ့။
ချူနင်က လက်လှမ်းလိုက်ပြီး ရဲ့ချန်းလျန်၏ အင်္ကျီကြယ်သီးများကို ဖြုတ်ရန် ပြင်လိုက်သည်။ နောက်မှလူက ရုတ်တရက် တောင့်တင်းသွားပြီး တိုးတိုးလေး မေးရှာသည်။
ဒါဆို ဖယောင်းတိုင်တွေကို မငြိမ်းတော့ဘူးလား။
ဒီနေ့ညတော့ ငြိမ်းလို့ မရဘူးလေ ဒါတွေက မငြိမ်းတဲ့ဆီမီးအိမ်တွေပဲ သူတို့ ကြာကြာလောင်လေလေ ကိုယ်တို့ သံယောဇဉ်က ပိုပြီး ခိုင်မြဲလေလေပဲ
ချူနင်၏ စကားကို ကြားရသောအခါ ရဲ့ချန်းလျန် ထပ်မံ ထိတ်လန့်သွားပြန်သည်။ လုံးဝ မှောင်မည်းနေလျှင် အနည်းဆုံးတော့ သူမအတွက် လုံခြုံမှု ရှိသလို ခံစားရနိုင်သော်လည်း အလင်းရောင် ရှိနေလျှင်မူ။
ရဲ့ချန်းလျန်အတွက် အဝတ်အစား ချွတ်ဖို့ဆိုတာ ဝေးရောစဉ်းစားရုံနဲ့တင် သူမ မျက်နှာလေး ညှိုးငယ်သွားပြီး မတရားခံရသလို အမူအရာမျိုး ဖြစ်သွားတော့သည်။
ချူနင် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
သူမကိုယ်သူမ ဇနီးငယ်လေး မဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့ အခု အမူအရာကတော့ ကွက်တိပါပဲလား ချူနင် ပို၍ စိတ်လှုပ်ရှားလာသည်။
ကိုယ်တို့ အရင်ဆုံး ကျင့်သားရအောင် လုပ်ကြမလား။
အရင်ဆုံး နမ်းရှုပ်ဖက်ယမ်းပြီး အဆင်ပြေမှ ဆက်သွားကြမလားပေါ့။
အခုအချိန်မှာတော့ ချူနင် အလျင်မလိုတော့ပါ ညက ရှည်လျားပါသေးတယ် အချိန်တွေ အများကြီး ရှိသလို ဘယ်သူမှလည်း လွတ်အောင် ပြေးလို့ မရပါဘူး။
ရဲ့ချန်းလျန်က နှာခေါင်းလေး ရှုံ့ကာ တိုးတိုးလေး မေးသည် နင့်ကို စကားပြောလို့ ရမလား။
ချူနင်က ပြုံးလျက် သဘောတူလိုက်သော်လည်း ရဲ့ချန်းလျန်ကိုတော့ သူ၏ ရင်ခွင်ထဲတွင် ဖက်ထားဆဲ ဖြစ်သည်။ သို့သော် သူ ဘာမှ ဆက်မလုပ်ဘဲ သူမ၏ နွေးထွေးနူးညံ့မှုကိုသာ ခံစားနေလိုက်သည်။
ပြောချင်တာသာ ပြောပါ ကိုယ်တို့က လင်မယားတွေ ဖြစ်နေပြီပဲ အထူးတလည် လုပ်နေစရာ မလိုပါဘူး မင်းဟာက ငါ့ဟာ ငါ့ဟာကလည်း ငါ့ဟာပဲလေ။
ဒါဆို အကုန်လုံးက နင့်ဟာလို့ပဲ ပြောလိုက်ပါလား။
မင်းကိုယ်တိုင်က ငါ့ဟာ ဖြစ်နေပြီဆိုတော့ မင်းပိုင်တာတွေ အကုန်လုံးကလည်း ငါ့ဟာဖြစ်ကုန်ပြီပေါ့။
"ဒါဆို နင့်ဟာတွေကလည်း ငါ့ဟာပဲ"
သေချာတာပေါ့ ဒါကြောင့် အရမ်း စိမ်းစိမ်းကားကား မလုပ်ပါနဲ့ ပြောချင်တာပြောပါ ကိုယ် ဖြည့်ဆည်းပေးနိုင်တာမှန်သမျှ သေချာပေါက် သဘောတူမှာပါ။
ရဲ့ချန်းလျန် သက်ပြင်းသာ ချလိုက်မိသည်။ လွတ်လမ်းမရှိတော့တာ သေချာနေပြီ ပုံမှန် နမ်းရှုပ်ဖက်ယမ်းတဲ့ အခါတိုင်းမှာတောင် ချူနင့်ရဲ့ လျှို့ဝှက်လက်နက်က အမြဲ အသင့်ဖြစ်နေပြီး သူမကို ဝါးမြိုတော့မယ့်အတိုင်းပဲ မဟုတ်လား။
ဒီနေ့လို မင်္ဂလာဦးညမှာတော့ စိတ်ဓာတ်အရရော အကျိုးအကြောင်းအရရော ရှောင်လွှဲဖို့ မဖြစ်နိုင်တော့သလို ရဲ့ချန်းလျန်ဘက်ကလည်း ရှောင်လွှဲစရာ အကြောင်းပြချက် မရှိတော့ပါဘူး။
နောက်ဆုံးတော့ ရင်ဆိုင်ရမှာပါပဲ။ နောက်ပိုင်း ကလေးရလာရင်လည်း ဒါမျိုးကို ရှောင်လို့ရမှာ မဟုတ်ဘူးလေ။ အချိန်ဆွဲနေရုံပဲ ရှိမှာပါ ဒီလူယုတ်မာက သူမအပေါ် အမြဲ ကောင်းခဲ့ပြီး သူမရဲ့ ဆန္ဒတွေကိုလည်း အမြဲ လေးစားပေးခဲ့တာ။
အကယ်၍ သူမကသာ အခုထိ အချိန်ဆွဲနေဦးမယ်ဆိုရင် ဒါကအရမ်းဟန်ဆောင်လွန်းရာကျနေမှာပေါ့။ ဒါကို လင်မယားလို့ ခေါ်လို့ရဦးမလား။
လင်မယားအကြား အပြန်အလှန် လေးစားမှုရှိဖို့ လိုသလို ခံစားချက်ဆိုတာလည်း အပေးအယူ ရှိရမှာလေ။ ချူနင်က ကလေးအပေါ် သက်ရောက်မှု ရှိနိုင်တာတွေကိုလည်း ကြိုတင် ဖြေရှင်းထားပြီးပြီဆိုတော့ စိုးရိမ်စရာ တကယ် မရှိတော့ပါဘူး။
သူ အလိုရှိတယ်ဆိုရင်လည်း သူမ ခွင့်ပြုလိုက်မှာပါ။ ဒီအဆင့်ကို ကျော်ဖြတ်ပြီးသွားရင်တော့ စိုးရိမ်စရာ တကယ် မရှိတော့ဘူး။
သူမ အရမ်းထိတ်လန့်နေပေမဲ့ ချူနင့်ရင်ခွင်ထဲမှာ ရှိနေတဲ့အခါတော့ အဲဒီလောက်အထိ ကြောက်စရာ မလိုဘူးလို့ ခံစားရပြန်သည်။ ဘာပဲဖြစ်ဖြစ် သူက သူမရဲ့ ယောက်ျားပဲလေ။ သူက သူမရဲ့ နေရာအနှံ့ကို ထိတွေ့ဖူးပြီးသားဆိုတော့ တခြား ဘာထူးခြားဦးမှာလဲ။
ဒါပေမဲ့ ငါဒါတွေကို ခဏခဏ ပြောနေရင် နင် စိတ်ညစ်သွားမလား။
ဘာလို့ စိတ်ညစ်ရမှာလဲ အရင်ဆုံး ပြောကြည့်ပါဦး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်စိတ်မညစ်ပါဘူး။
ရဲ့ချန်းလျန် ခဏတာ တိတ်ဆိတ်သွားပြီးမှ တကယ်တော့ ဒီနေ့ နင့်ကို ပြောပြချင်တာ ဒါပေမဲ့ အချိန်မရခဲ့ဘူး။
"ဘာလဲ"
ငါ့အကျင့်က မကောင်းဘူး ဒီလိုပဲ နင့်ကျင့်စဉ်က ဘယ်လောက်ပဲ မြင့်နေပါစေ ငါက နင့်စကားကို အကုန်လုံး နားထောင်မယ့်သူမျိုး မဟုတ်ဘူး။
ထိုစကားကို ကြားသောအခါ မိမိရင်ခွင်ထဲတွင် ခွေနေသော ရဲ့ချန်းလျန်ကို ကြည့်ပြီး ချူနင် ပြုံးမိသွားသည်။
ဒါက နားထောင်နေတာ မဟုတ်လို့ ဘာလဲ ကြောင်လေးတစ်ကောင်လို ယဉ်ပါးနေတာကို။
တခြားသူတွေ မသိရင်တောင် ငါမသိဘူးလား။ ပါးစပ်ကသာ ဆူနေတာ လက်ကတော့ ငါ့ကို ဖက်ထားတုန်းပဲ မဟုတ်လား။
အတိုချုပ်ပြောရရင် သူမက မာနကြီးပြီး ပါးစပ်က တစ်မျိုး လက်တွေ့က တစ်မျိုး လုပ်တတ်တဲ့သူပဲ
ဒီလို အမျိုးသမီးမျိုးက ချူနင့်အတွက် ပိုပြီး ဆွဲဆောင်မှု ရှိနေသည်။ လင်မယားအကြားမှာ ဒါမျိုးက ရှိသင့်တာပဲ မဟုတ်လား။ ပိုပြီး ထူးခြားတာက သူမက ဧကရီတစ်ပါး ဖြစ်နေတာပဲ။ သူမကို ဒီလို ပုံစံမျိုးနဲ့ မြင်ရတာက တကယ့်ကို အံ့သြစရာ ကောင်းလှသည်။
"ရပါတယ် ကိုယ်က အဲဒီလိုပုံစံကိုမှ ကြိုက်တာလေ"
ရဲ့ချန်းလျန်က "အော်" ဟု ဆိုကာ "နင် အဲဒီလိုပြောမယ်ဆိုတာ ငါသိပြီးသားပါ။"
ဒါဆို ဘာလို့ မေးနေတာလဲ အဖြေကို သိရဲ့သားနဲ့ ကိုယ့်ရဲ့ စိတ်ရင်းကို စမ်းသပ်ချင်နေတာလား။
ရဲ့ချန်းလျန်၏ အမူအရာမှာ အနည်းငယ် မရိုးမသား ဖြစ်သွားပြီး မျက်နှာလေး နီမြန်းလျက် နှုတ်ခမ်းလေး စူလိုက်သည်။
"ငါက ကြားချင်လို့ကိုး"
ဟုတ်တယ်လေ ငါက နင့်ကလေးကိုတောင် လွယ်ထားရပြီ နင်ကလည်း ငါ့ကိုဖက်ပြီးသား ကိုင်ပြီးသားပဲ။ ဒီနေ့ မင်္ဂလာတောင် ဆောင်ပြီးပြီ။ ဒီလို စကားမျိုး ကြားချင်တာ ဘာမှားလို့လဲ နင် ငါ့ကို လိမ်ပြောနေတာဆိုရင်တောင် ငါကတော့ ကြားရတာ ပျော်တယ် ဘာဖြစ်လဲ။
စကားဆုံးသည်နှင့် သူမ ချူနင့်ကို ရဲရဲဝံ့ဝံ့ စိုက်ကြည့်လိုက်သည် ချူနင်က လက်လှမ်းပြီး ရဲ့ချန်းလျန်၏ ပါးလေးကို ပွတ်သပ်ပေးလိုက်သည်။
ကိုယ် မင်းကို မလိမ်ပါဘူး ဒါက ကိုယ့်ရဲ့ စိတ်ရင်းပါ မင်း ကြားချင်တယ်ဆိုရင် နေ့တိုင်းပြောပြပေးမယ်။
မင်း ဘယ်လိုပဲ ဖြစ်ဖြစ်ကိုယ်က ကြိုက်ပါတယ်။ တခြား အမျိုးသမီးတွေလိုဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် အတင်းပြောင်းလဲနေစရာ မလိုပါဘူး။ ကိုယ်က မင်းရဲ့ မူလ ပုံစံလေးကိုပဲ မြတ်နိုးတာ ဒါက အကောင်းဆုံးပဲ။
ရဲ့ချန်းလျန်ကတော့ မယုံသလို ကြည့်ကာ "ငါ့ရဲ့ စိတ်တိုတတ်တဲ့ အကျင့်နဲ့တောင် နင် ကြိုက်ဦးမှာလား"
မဆိုးပါဘူး တကယ်ပါ ပါးစပ်ကသာ ဟိန်းဟောက်နေတာ တကယ်တမ်းကျတော့ ဘာမှမလုပ်ရဲရှာပါဘူး။ အဲဒါလေးက တကယ် ချစ်ဖို့ကောင်းတာလေ။
နင်က ငါ့ကို ဟိန်းဟောက်နေတယ်လို့ ပြောရဲတယ်ပေါ့ ယုံလား အခုချက်ချင်း နင့်ကို ခုတ်ပစ်မယ်ဆိုတာ။
ချူနင်က မျက်မှောင်ကြုတ်ကာ ထိုအမျိုးသမီးကို ဖက်ထားလိုက်သည်။ ခဏလေးအတွင်းမှာပဲ သူမ၏ မျက်နှာလေးမှာ ပို၍ နီမြန်းလာပြီး အသံတွေ တုန်လာတော့သည်။
ငါ... ငါ... ငါက အပိုတွေ ပြောနေတာပါ နင့်ရဲ့ အဲဒီ လျှို့ဝှက်လက်နက်ကို သိမ်းလိုက်ပါ ငါ နင့်ကိုမခုတ်တော့ပါဘူး။
ဒါပေမဲ့ ချူနင်ကတော့ လွှတ်ပေးဖို့ အစီအစဉ် မရှိပါဘူး သူမကို ပိုပြီး တင်းတင်းကြပ်ကြပ်လေး ဖက်ထားလိုက်သည်။
အရမ်း ထိတ်လန့်မနေပါနဲ့ ကျင့်သားရသွားရင် အဆင်ပြေသွားမှာပါ ဟုတ်တယ်မလား။
ဒါပေမဲ့ ချူနင်က တည်ငြိမ်နေသလောက် ရဲ့ချန်းလျန်မှာတော့ ဘယ်လိုလုပ် ကျင့်သားရမှာလဲ။ အဲဒီအရာအကြောင်း တွေးမိရုံနဲ့တင် ကျင့်သားရဖို့ဆိုတာ မဖြစ်နိုင်ဘူး သူမ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ချူနင်က သူမကို နမ်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြည်းဖြည်းချင်း ဖိချလိုက်သည်။
"ရပါတယ် ကိုယ့်ကိုပဲ ပုံအပ်ထားလိုက်ပါ"
သူ့ဇနီးလေးက ထိတ်လန့်နေတာဆိုတော့ သူမဘာသာ စတင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒါမျိုးတွေကို သူကပဲ ဦးဆောင်ရမှာပေါ့။ ရဲ့ချန်းလျန်၏ မျက်နှာလေးမှာ နီမြန်းနေသည်။ သူမ ခေါင်းလည်း မငြိမ့်သလို ခေါင်းလည်း မခါပါဘူး။
တိတ်တဆိတ်ပဲ သဘောတူလိုက်ခြင်း ဖြစ်သည်။ သူမ၏ လှုပ်ရှားနေသော မျက်ဝန်းလေးတွေက သူမ ဘယ်လောက် စိတ်လှုပ်ရှားနေသလဲဆိုတာ ပြနေပေမဲ့၊ သူမ ငြိမ်ပြီး စောင့်နေဆဲပါ။
ချူနင်က သူမ၏ အင်္ကျီကြယ်သီးတွေကို ဖြုတ်ရန် လက်လှမ်းလိုက်စဉ်မှာပဲ ရဲ့ချန်းလျန်က မျက်နှာနီနီနှင့် စကားပြောလာသည်။
ဖယောင်းတိုင်တွေကို တကယ်ပဲ ငြိမ်းလို့ မရဘူးလား။
ဒီညတော့ မရဘူးလေ အကယ်၍ မင်း အရမ်း ရှက်နေရင် မျက်လုံးလေး မှိတ်ထားလိုက်မလား။
နင်က ငါ့ကို ကြည့်နေတာကို ငါက ဘာလို့ မျက်လုံးမှိတ်ထားရမှာလဲ။ အဲဒါ မတရားဘူး ငါလည်း နင့်ကို ကြည့်ချင်တာပေါ့။
"ဒါဆို ကိုယ် ဆက်လုပ်တော့မယ်နော်"
ရဲ့ချန်းလျန် ချက်ချင်းပင် စောင်ထဲသို့ တိုးဝင်သွားသည်။
ငါ... ငါ့ဘာသာငါ ချွတ်မယ် နင့်အကူအညီ မလိုဘူး ငါက ဝက်မှ မဟုတ်တာ။
စောင်အောက်မှ တရှတ်ရှတ် အသံများ ထွက်ပေါ်လာပြီး အနီရောင် အတွင်းဝတ်စုံများမှာ စောင်အပြင်ဘက်သို့ တစ်ခုပြီးတစ်ခု ထွက်လာသည်။
နောက်ဆုံးတွင်တော့ ရွှေရောင် ရင်ဖုံးပုဝါ'လေး ပါလာတော့သည်။ သူမ စောင်အောက်တွင် အတော်ကြာအောင် ပုန်းနေပြီးမှ မျက်နှာလေးကိုသာ အပြင်သို့ ထွက်ပြလာသည်။
"နင် စောင်အောက်မှာပဲ နေရမယ်နော်"
ငါ့မျက်နှာကိုပဲ ကြည့်ရမယ် တခြားနေရာတွေကို ကြည့်ခွင့်မရှိဘူး။
"မင်းသဘောအတိုင်းပါပဲ"
ပြီးတော့ ညင်ညင်သာသာ လုပ်နော် ကလေးကို မဖိမိစေနဲ့။
"ရပါတယ် အဲဒီဆေးလုံးက"
ညင်ညင်သာသာ လုပ်ပါဆို ညင်ညင်သာသာ လုပ်ပေါ့။
"ကောင်းပါပြီ ကိုယ်သတိထားပါ့မယ်"
ကျွမ်းကျင်တာလည်းမဟုတ် လုံးဝမစိမ်းတာလည်း မဟုတ်တဲ့ ချူနင်တောင်မှ တော်တော်လေး စမ်းတဝါးဝါး လုပ်နေရသည်။ ဘာပဲဖြစ်ဖြစ် အလင်းရောင် သိပ်မရှိတဲ့ စောင်အောက်မှာ လမ်းကြောင်းရှာရတာ တကယ် မလွယ်ဘူးလေ။
ဒါပေမဲ့ ရဲ့ချန်းလျန်ရဲ့ အမူအရာ ပြောင်းလဲပုံကို ကြည့်ပြီး သူခန့်မှန်းလို့ရသည်။
သူမ ပုံမှန်အတိုင်း ဖြစ်နေရင် သူရှာမတွေ့သေးဘူးဆိုတဲ့ အဓိပ္ပာယ်။
သူမ မျက်နှာလေး နီမြန်းလာရင် သူလမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတဲ့ အဓိပ္ပာယ်။
သူမ မျက်နှာလေး နီပြီး ရှက်ရှက်နဲ့ သူ့ကို ဆိတ်လာရင် သူ ရှာတွေ့သွားပြီဆိုတဲ့ အဓိပ္ပာယ်။
ပြီးတော့ သူမရဲ့ မျက်နှာ အမူအရာ လုံးဝ ပြောင်းလဲသွားပြီး သူ့ကိုစတင်ကိုက်လိုက်ပြီဆိုရင်တော့
သူ အောင်မြင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။