အခန်း ၉၄ ဒါဆိုရင်တော့ နင်သဘောရှိသာလုပ်တော့
မင်္ဂလာဦးခန်းဆောင်အတွင်း ရဲ့ချန်းလျန်၏ နှလုံးခုန်သံများ မြန်နေပြီး တံခါးဝကို လှမ်းနင်းလိုက်သည်နှင့် သူမ၏ မျက်နှာလေးမှာ နီမြန်းနေတော့သည်။
"ဂျုန်း" ခနဲ အသံနှင့်အတူ နန်းတော်တံခါးကြီး ပိတ်သွားသည်။
သူမ ချက်ချင်း လှည့်ကြည့်ကာ ချူနင့်ကို စိုက်ကြည့်လိုက်သည်။
"နင်... နင်... နင် ဘာလို့ တံခါးပိတ်လိုက်တာလဲ"
ချူနင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"ညဘက် အနားယူတဲ့အခါ တံခါးကို ဖွင့်ထားရမှာလား"
ရဲ့ချန်းလျန်၏ အမူအရာမှာ ရှုပ်ထွေးနေသည်။ သူမ ခဏတာ တွန့်ဆုတ်နေပြီးမှ ချက်ချင်းပင် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
ငါ ဒါမျိုး မကျွမ်းကျင့်သေးဘူး ရှောင်ပင်းကို ခေါ်ချင်တယ် ပြီးတော့ ငါက နင့်ကိုငါ့အခန်းထဲမှာ အိပ်ဖို့ ခွင့်မပြုရသေးဘူးလေ နင်က အရှက်မရှိ အတင်းဝင်လာတာ။
"ဒီည ငါ ရှောင်ပင်းနဲ့ သွားအိပ်မယ်"
ထိတ်လန့်တုန်လှုပ်ပြီး ထွက်ပြေးရန် ပြင်နေသော ရဲ့ချန်းလျန်ကို မြင်သော် ချူနင်က နန်းတော်တံခါးကို ချက်ချင်း ပိတ်ရပ်လိုက်ပြီး မရွေ့တော့ပေ။
ချစ်ဇနီးလေး မင်းရှောင်ပင်းကို သွားရှာရင်တောင် သူမက မင်းနဲ့ အိပ်မှာ မဟုတ်ပါဘူး။ ကိုယ် သူမကို လာဘ်ထိုးထားတာ ကြာပြီ။ ပုံမှန်နေ့တွေမှာတောင် သူမက အကြောင်းပြချက်ရှာပြီး လစ်ထွက်သွားတာလေ။ ဒီနေ့က ကိုယ်တို့ရဲ့ မင်္ဂလာဦးညပဲ သူမက ဘယ်လိုလုပ် နေမှာလဲ
ပြီးတော့ မင်္ဂလာဦးညမှာ ရှောင်ပင်းနဲ့ သွားအိပ်တယ်ဆိုတာကလည်း မသင့်တော်ဘူး မဟုတ်လား။
ထိုအမျိုးသမီး၏မျက်နှာမှာ ရေစက်လက်ကျတော့မည့်အလား နီမြန်းနေသည်။ ပတ်ဝန်းကျင်ရှိ မင်္ဂလာအပြင်အဆင်များကို ကြည့်ရင်း သူမ ပို၍ ရှက်ရွံ့လာမိသည်။
ဒါဆို ဒါဆိုလည်း ငါ ရှောင်ပင်းနဲ့ ခဏလောက် စကားသွားပြောမယ်လေ ပြီးရင် ပြန်လာခဲ့ပါ့မယ်။
မင်းရဲ့ ခင်ပွန်းကလည်း မင်းနဲ့ စကားပြောနိုင်တာပဲလေ ကိုယ့်မှာ မင်းကို ပြောစရာတွေ အများကြီး ရှိတယ်။
ချူနင်က ပြုံးလျက် တံခါးကို ပိတ်ရပ်ထားသည်။ ထိုစကားကို ကြားသော် ရဲ့ချန်းလျန် ထွက်ပြေးရန် အကြောင်းပြချက် မရှိတော့ပေ။ သို့သော် သူမ အလွယ်တကူ အရှုံးပေးမည်လား။
ငါ ဒီနေ့မှ အဆင့်တက်ထားတာလေ ငါ့ကျင့်စဉ်ကို ပြန်ပြီး တည်ငြိမ်အောင် လုပ်ဖို့ လိုသေးတယ်။
မင်းရဲ့ ကျင့်စဉ်ကို မနက်ဖြန်မှ တည်ငြိမ်အောင် လုပ်လည်း ရပါတယ်။ မနက်ဖြန်ကျရင် ကိုယ်မင်းကို ကူညီပေးရမလား။
နင့်ဆီက ဘာမှမယူဘူး.ငါ့ဘာသာငါ ကျင့်မယ် နင့်ကို အားမကိုးဘူး။
ဒါဆို မင်းရဲ့ခင်ပွန်းကို တစ်ယောက်တည်း အိပ်ခိုင်းတော့မှာလား။
ဟုတ်တယ် ဒီည နင်တစ်ယောက်တည်း အိပ် ငါ ဘေးခန်းမှာ သွားအိပ်မယ်။
ထိုအခါမှ ချူနင် ရှေ့တိုးလာပြီး ရဲ့ချန်းလျန်၏ လက်ကို ဆွဲလိုက်သည်။
မင်္ဂလာပွဲ ပြီးသွားပြီလေ အခု မင်းနဲ့ကိုယ်က တရားဝင် လင်မယားတွေ ဖြစ်သွားပြီ လင်မယားတွေက ဘယ်လိုလုပ် ခွဲအိပ်လို့ ရမှာလဲ။
ရဲ့ချန်းလျန်က မျက်နှာနီနီနှင့် ချူနင့်ကို စိုက်ကြည့်လိုက်သည်။
ငါတို့ လင်မယား မဖြစ်ခင်တုန်းကလည်း နင် ငါ့ကုတင်ပေါ် လာအိပ်တာပဲလေ အဲဒါကို ဘယ်လို ရှင်းမလဲ။
မင်း အိပ်ပျော်သွားရင် ကိုယ်ပြန်ထွက်သွားဖို့ ရည်ရွယ်ထားတာပါ ဒါပေမဲ့ ကိုယ်ပါ အိပ်ပျော်သွားလိမ့်မယ်လို့ မထင်ထားမိလို့ပါ။
ပေါက်ကရတွေ နင့်ကျင့်စဉ်က ဒီလောက် မြင့်တာကို ဘယ်လိုလုပ် အလွယ်တကူ အိပ်ပျော်သွားမှာလဲ။ နင် တမင်လုပ်တာ သိသာတယ်။
မင်္ဂလာမဆောင်ခင်တုန်းက နင်ငါ့ကုတင်ပေါ်မှာ လာအိပ်တယ် အခု မင်္ဂလာဆောင်ပြီးပြီဆိုတော့ နင် ဆက်အိပ်လို့ ရပါတယ် ဒါပေမဲ့ ငါကတော့။
စကားပြောပြီးနောက် သူမ ထပ်ပြီး ထွက်သွားရန် ပြင်သော်လည်း ဤတစ်ကြိမ်တွင် ချူနင်က သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
ရဲ့ချန်းလျန် အစွမ်းကုန် ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ချေ။ သူမ၏ မျက်နှာလေးမှာ ပို၍ ရှက်သွေးဖြာလာတော့သည်။
"နင်က နင့်ကျင့်စဉ်ကို အားကိုးပြီး ငါ့ကို အနိုင်ကျင့်နေတာပဲ"
ဟင်း...
သူ ကျင့်စဉ်ကို အသုံးပင် မပြုရသေးပါ။ ရဲ့ချန်းလျန်၏ ရုန်းကန်မှုများမှာ အပေါ်ယံသာ ဖြစ်ပြီး သူမ၏ စွမ်းအားတွေကို အသုံးမပြုထားခြင်းကြောင့် ဖြစ်သည်။
ကဲပါ အားလုံး ပြီးသွားပါပြီ အကြီးမားဆုံး အခက်အခဲကို ကျော်ဖြတ်ပြီးပြီပဲ တခြားရင်မဆိုင်နိုင်စရာ ဘာရှိဦးမှာလဲ။
မရှိဘူး။
အကြီးမားဆုံး အခက်အခဲက မင်္ဂလာပွဲ မဟုတ်တော့ဘူး ခဏနေရင် ချူနင်နဲ့ သူမ ဘာဆက်လုပ်ကြမလဲ ဆိုတာပဲ ချူနင်က သူမကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ သူမ သိနေသည်။
ထိုသို့သော အချိန်တွင် ချူနင်က အချိုစကား အနည်းငယ် ပြောလိုက်ရုံနှင့် သူမ၏ စိတ်ဓာတ်တွေ အရည်ပျော်ကျသွားပြီး ဘာမှ မတတ်နိုင်တော့မှာကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
ဒါပေမဲ့ အခြေအနေက ဒီအထိ ရောက်နေမှတော့ သူမ ဘာလို့ ထိတ်လန့်နေရဦးမှာလဲ။ လင်မယားဆိုတာ ဒီလိုပဲ ဖြစ်သင့်တာပဲလေ စိုးရိမ်စရာ မရှိပါဘူး။ သို့သော်လည်း စိတ်ထဲမှ ထိတ်လန့်မှုကိုတော့ ဖုံးကွယ်၍ မရပေ ထိုအချိန်တွင် သူမဆက်ပြီး မရုန်းကန်တော့ပေ။
ရဲ့ချန်းလျန် မရုန်းကန်တော့သည်ကို သိလိုက်ရသဖြင့် ချူနင် ပြုံးကာ လက်ကို လွှတ်ပေးလိုက်သည်။
မိမိရှေ့မှ မျက်နှာနီနီနှင့် လှပလွန်းသော အမျိုးသမီးကို ကြည့်ရင်း သူမနမ်းဘဲ မနေနိုင်တော့ပေ။ ရင်းနှီးသော ရနံ့များက သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး ရဲ့ချန်းလျန်၏ ထိတ်လန့်နေသော စိတ်အစုံမှာ တဖြည်းဖြည်း တည်ငြိမ်သွားသည်။
ဟွန့်
နမ်းရုံ ဖက်ရုံ ကိုင်ရုံပါပဲ တခြား ဘာရှိဦးမှာလဲ
အဲဒီလို ကိစ္စဆိုရင်တောင် အရင်က မလုပ်ဖူးတာမှ မဟုတ်တာ သူက အရမ်းအားနည်းတာပဲ တစ်ခါပဲ လုပ်နိုင်မှာပါ ခဏလေးပဲ ကြာမှာ သွားကြိတ်ပြီး အောင့်ခံလိုက်ရုံပေါ့။
လွန်ခဲ့သော လေးလက လျှို့ဝှက်ခန်းထဲတွင် သူမသည် ချူနင့်ကျင့်စဉ်တွေကို စုပ်ယူလုနီးပါး ဖြစ်ခဲ့သဖြင့် ချူနင် သုံးလတိုင်တိုင် ကုတင်ပေါ်က မဆင်းနိုင်ခဲ့သည် မဟုတ်ပါလား။ ဒါကြောင့် ထိတ်လန့်စရာ မရှိပါဘူး ထိတ်လန့်ရမှာက ချူနင်သာ ဖြစ်သင့်တာ။
ထိုသို့ တွေးမိသည့်အခါ သူတို့နှစ်ဦး ခွဲခွာလိုက်ကြသည်။ ရဲ့ချန်းလျန်၏ မျက်လုံးထဲတွင် မာန်မာန အရိပ်အယောင်လေး မြင်လိုက်ရသဖြင့် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး တည်ငြိမ်အောင် လုပ်လိုက်ပြီဆိုတာ သူ သိလိုက်သည်။
ထို့ကြောင့် သူ ရဲ့ချန်းလျန်ကို စားပွဲတွင် ထိုင်ခိုင်းလိုက်ပြီး စားပွဲပေါ်ရှိ မုန့်အမျိုးမျိုးကို ပြုံးကြည့်လိုက်သည်။
"ရှောင်ပင်းက ဒါတွေ အကုန်စားရမယ်လို့ ပြောတယ် မဟုတ်လား"
ရဲ့ချန်းလျန်က ခေါင်းငုံ့ကာ တိုးတိုးလေး ပြောသည်- "မဟုတ်ပါဘူး တစ်ခုချင်းစီကို နည်းနည်းစီ မြည်းရုံပါပဲ"
ချူနင် နားလည်လိုက်သည်။ သူက စားပွဲပေါ်မှ မြေပဲတစ်စေ့ကို ယူကာ အခွံနွှာပြီး စားလိုက်ပြီးနောက် ရဲ့ချန်းလျန်၏ လက်ထဲသို့လည်း တစ်စေ့ ထည့်ပေးလိုက်သည်။
"မင်းဘာသာမင်း နွှာစားနော် ကိုယ် နွှာပေးရင် မသင့်တော်ဘူး ဖြစ်နေမှာစိုးလို့"
ထိုအမျိုးသမီးက နှုတ်ခမ်းလေး စူကာ မကျေနပ်သလို အသံပြုလိုက်သော်လည်း မြေပဲကို နွှာကာ ပါးစပ်ထဲ ထည့်စားလိုက်သည်။
ထို့နောက် တခြား မုန့်တွေကိုလည်း နည်းနည်းစီ မြည်းကြည့်လိုက်သည်။ ဤကဲ့သို့ အချိန်မျိုးတွင် သူမ စားချင်စိတ် မရှိသည်မှာ သေချာသော်လည်း ထုံးတမ်းစဉ်လာအရတော့ စားရဦးမည် ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးတွင် ဒန်ပလင်အလှည့်ရောက်သောအခါ သူမ ခက်ခဲသွားသည်။
"ဒါကို ဘယ်သူလုပ်တာလဲ"
"ကိုယ် လုပ်တာပေါ့ တခြား ဘယ်သူ ရှိဦးမှာလဲ"
"နင်က ဒန်ပလင်တွေကို အစိမ်းလိုက် လုပ်ထားတာလား မပြုတ်ရသေးဘူး မဟုတ်လား"
"မင်္ဂလာဆောင်တဲ့အခါ စားတဲ့အရာမှန်သမျှက အစိမ်းတွေပဲလေ မြေပဲတွေ လုံဂန်တွေလိုမျိုးပေါ့။ အဲဒါက ကလေး မြန်မြန်ရပါစေလို့ အဓိပ္ပာယ်ရတယ်လေ"
"ဒါပေမဲ့ ငါ့မှာ ကလေး ရှိနေပြီပဲကို"
သူမ တိုးတိုးလေး ညည်းတွားလိုက်သော်လည်း ဒန်ပလင်ကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။
အရသာက ချက်ချင်းပင် သူမကို တုန်တက်သွားစေပြီး မျက်နှာလေး ရှုံ့မဲ့သွားတော့သည်။
"အစိမ်းကြီးပဲ"
သူမက မကုန်သေးသော ဒန်ပလင်ကို ချူနင့်ပါးစပ်ထဲ အတင်းထည့်လိုက်သဖြင့် ချူနင်ကလည်း မတတ်သာဘဲ မျိုချလိုက်ရသည်။
အရသာကတော့ သိပ်မကောင်းဘူး စားလို့တော့ ရပါတယ် လက်ဖက်ရည် သောက်ဦးမလား။
ချူနင်က သူမကို လက်ဖက်ရည်ခွက် ကမ်းပေးလိုက်သည်။ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်သော ရဲ့ချန်းလျန်မှာ ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။ ချူနင်ကလည်း ပြောစရာ မရှိတော့သဖြင့် သူတို့နှစ်ဦးမှာ ထိုအတိုင်း ငြိမ်သက်စွာ ထိုင်နေကြသည်။
အခန်းထဲတွင် အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ချူနင်က စကားစလိုက်သည်။
"ထပ်စားချင်သေးလား"
"မစားတော့ဘူး"
ချူနင် ခဏတာ စဉ်းစားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ကုတင်ပေါ်မှာ မြေပဲတွေ လုံဂန်တွေနဲ့ ကြာစေ့တွေ အများကြီး ရှိနေသေးတယ် မဟုတ်လား။ အဲဒါတွေကို ကိုယ်တို့ ရှာရမယ် မဟုတ်ရင် မင်္ဂလာမရှိဘူးလို့ ပြောကြတယ်။
ကုတင်ဆိုသည့် စကားလုံးကို ကြားလိုက်သည်နှင့် ရဲ့ချန်းလျန်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားသည်။ သို့သော် ချူနင်က သူမ၏ လက်ကို ဆွဲကာ ကုတင်ကြီးဆီသို့ ခေါ်သွားပြီး စတင် ရှာဖွေတော့သည်။
စောင်အောက်တွေ ခေါင်းအုံးအောက်တွေမှာ အများကြီး ထည့်ထားတတ်တယ်လို့ ကြားဖူးတယ်။ ချန်းလျန် ကိုယ်တို့ အတူတူ ရှာကြရအောင်လေ ဟုတ်ပြီလား။
"ဘာ... အော်... အင်း"
သူမ ချက်ချင်း သတိပြန်ဝင်လာပြီး ရှာဖွေတော့သည်။ စောင်ကို ခါလိုက်သည့်အခါ မုန့်တွေ အများကြီး ထွက်ကျလာသည်။
"ဟင်း"
သူမ မကျေနပ်သလို ညည်းတွားလိုက်သည် "ဒါတွေကို ဒီမှာဒီလောက် အများကြီး လာထည့်ထားတာ လူကို နာမှာမစိုးရိမ်ကြဘူးလား။ သူတို့ မင်္ဂလာဆောင်တာ မဟုတ်တော့ အရမ်းရက်ရောနေကြတာပဲ အထိုးခံရမှာက ငါ့ကိုယ်လေ။
ရှောင်ပင်းတို့က စေတနာနဲ့ လုပ်ပေးတာပါ ပြီးတော့ ဒါက ကိုယ့်ဇာတိမှာလည်းရှိတဲ့ ထုံးတမ်းစဉ်လာတစ်ခုပဲ။ ရှာတွေ့ပြီးရင်တော့ သေချာသိမ်းထားရမယ်။
ချူနင်က အရာအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် လှည့်ကြည့်ကာ သူ၏ လက်များကို ရဲ့ချန်းလျန်၏ မင်္ဂလာဝတ်စုံပေါ်သို့ တင်လိုက်သည်။
အချိန်လည်း တော်တော် လင့်နေပြီ အနားယူဖို့ အချိန်ရောက်ပြီ။ ဒါကို အရင် ချွတ်လိုက်ရအောင်လား။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန် တစ်ယောက်ကို သတ်ချင်စိတ် ပေါက်သွားသည်။
ငါ့အဝတ်အစားတွေကို နင်က စိတ်ကြိုက် လာချွတ်ရအောင် ကောင်းပါပြီ သူမရဲ့ ခင်ပွန်းအနေနဲ့တော့ ဒါက ဘာမှမဟုတ်ပါဘူး ပြီးတော့ ဝတ်ထားရတာကလည်း နေရခက်တာမို့လို့။
ဒါပေမဲ့ နဂါးဝတ်စုံကို ချွတ်လိုက်တာနဲ့ သူမ စောင်ထဲကို ချက်ချင်းဝင်ပုန်းလိုက်ပြီး ခေါင်းတောင် ထွက်မပြရဲတော့ပေ။ ချူနင် ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။
ဤပုံစံမှာ ခုနကတင် ဓားကိုကိုင်ပြီး ကမ္ဘာကြီးကို ပေါင်းစည်းမယ်လို့ ကြေညာခဲ့တဲ့ ဧကရီနှင့် လုံးဝ မတူတော့ပေ။ သူလည်း အဝတ်အစားတွေ ချွတ်ကာ ကုတင်ပေါ်တက်ပြီး စောင်ထဲ ဝင်လိုက်သည်။
ခဏအကြာတွင် ရဲ့ချန်းလျန် ရုတ်တရက် ခေါင်းထွက်လာပြီး ဒေါသတကြီး ကြည့်လိုက်သည်။
နင်... နင်... နင် ဘာလို့ အဝတ်အစား မဝတ်တာလဲ အတွင်းခံပဲ ဝတ်ထားတာလား။
"အဝတ်အစား ပြန်ဝတ် မဟုတ်ရင် အိပ်ခွင့်မပြုဘူး"
ရဲ့ချန်းလျန် ဆွံ့အသွားရသည် အရင်တုန်းကတော့ အနည်းဆုံးတော့ အဝတ်အစား တစ်ထပ် ပါသေးတယ်လေ အခုတော့ ဘာမှမရှိတော့ဘူးလား ခုနလေးတင် သူမ ချူနင့်ခန္ဓာကိုယ်နဲ့ တိုက်ရိုက် ထိမိသွားတာ အရေပြားက ချောမွတ်ပြီး နွေးထွေးနေတာပဲ ဒါကို ဘယ်သူက ခံနိုင်မှာလဲ။
ချူနင်က မိမိရှေ့မှ အမျိုးသမီးကို ဇဝေဇဝါ ကြည့်လိုက်သည်။
မင်းပြောတာက နည်းနည်း ထူးဆန်းနေသလိုပဲ ကိုယ်က အိပ်တဲ့အခါ အဝတ်အစား ဝတ်ရမှာလား။
"ငါနဲ့ အတူအိပ်ရင် ဝတ်ရမယ်"
ဘယ်လင်မယားက အဝတ်အစားတွေ ဝတ်ပြီး အိပ်လို့လဲ မင်းလည်း ပုံမှန် အိပ်တဲ့အခါ မဝတ်ဘူး မဟုတ်လား။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန် ပိုပြီး စိတ်ဆိုးသွားသည် နင်က ဒါကိုတောင် ပြောရဲသေးတယ်ပေါ့ အဲဒီအဝတ်အစားတွေကို ငါ့ဘာသာငါ ချွတ်တာလား နင်အကုန်လုပ်တာ မဟုတ်လား။
ဒါက မင်းကို ကြိုပြီး ကျင့်သားရအောင် လုပ်ပေးတာလေ လင်မယားတွေက ဒီလိုပဲအိပ်ကြတာ အဲဒါမှ ဖက်လို့ ကောင်းတာလေ။
ဒါဆို နင်က လင်မယားတွေ ဘယ်လို နေရမလဲဆိုတာ သေချာသိနေတာပေါ့ နင်အရင်က တိတ်တဆိတ် မင်္ဂလာဆောင်ဖူးတာ အများကြီး ရှိနေတာလား။
ချူနင် မတတ်သာဘဲ နဖူးကို ပွတ်ကာ သက်ပြင်းချလိုက်သည်။
မင်းက အဲဒီလို ပြောရင်တော့ ကိုယ်ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်တော့ဘူး။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်၏ သဘောထားမှာ တဖြည်းဖြည်း ပျော့ပျောင်းသွားသည်။ သူမလည်း ခေါင်းလေး ထွက်လာပြီး မကျေမနပ် ညည်းတွားလိုက်သည် ဒါဆို နင်မရှင်းပြရင် ငါက နင့်ကို ယုံရမလား မယုံရမလား ဘယ်လို သိမှာလဲ။
ချူနင်က ပြုံးလျက် ပြန်ပြောသည်.ဒါဆို ကိုယ် တစ်ခါမှ မင်္ဂလာမဆောင်ဖူးဘူးဆိုတာကို မင်း ယုံလား။
"ယုံတယ်"
သူတို့နှစ်ဦး စကားမပြောဘဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ထပ်ပြီး တိတ်ဆိတ်သွားကြသည်။
"ချူနင် ဘာလို့ ဘာမှမပြောတာလဲ"
"အခုဆိုရင် မင်းက ကိုယ့်ကိုခင်ပွန်းလို့ ခေါ်သင့်ပြီ မဟုတ်လား"
"ငါ မခေါ်ရင်ကော"
ဒါပေမဲ့ အရင်က မင်းပြောထားတာ ရှိတယ်လေ မင်း မခေါ်ရင် ကိုယ်သဘောရှိ လုပ်လို့ရတယ်ဆိုတာ။
ရဲ့ချန်းလျန်သည် အထက်မှ အနီရောင် ကုတင်လိုက်ကာကြီးကို ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
"အင်း"
"ဒါဆိုရင်တော့ နင် သဘောရှိသာလုပ်တော့"
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး နှစ်သိမ့်ဖို့ စကားတစ်ခွန်း ထပ်ထည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါက နင့်ကို မနိုင်ဘူးပဲဟာ"