အခန်း ၉၃ မင်္ဂလာဦးခန်းဝင်ရမယ့် အချိန်ရောက်ပြီလား
ထုံးတမ်းစဉ်လာတွေကိုတော့ ဆက်ပြီး လုပ်ဆောင်ရဦးမည်။
ဒုက္ခများလိုက်တာ များလိုက်တာဟု ညည်းညူမှုများ ရှိနေသော်လည်း အရှိန်ရလာသည့်အခါတွင်တော့ အစပိုင်းကလို အမှားအယွင်းများ မရှိတော့ပေ။
ဘိုးဘေးနန်းဆောင် တော်ဝင်ဂူဗိမာန် စသည်ဖြင့် အပိုင်းကဏ္ဍအသီးသီးက လူများမှာ အလုပ်ရှုပ်နေကြသည်။ နန်းတော်အပြင်ဘက် တစ်ဝိုက်မှာလည်း လူများဖြင့် ပြည့်နှက်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်နွှဲနေကြသည်။
ဧည့်သည်တော် အမြောက်အမြားမှာ သူတို့နှစ်ဦးကို အားကျအတုယူဖွယ် ကြည့်နေကြသည်။ ဘေးနားရှိ ရှောင်ပင်းမှာလည်း ထိုနည်းတူပင် အားကျသော မျက်လုံးများဖြင့် ငေးကြည့်နေမိသည်။
အရှင်မက ဒီနေ့ တကယ်ကို လှတာပဲ ဧကရာဇ်ကလည်း အရမ်းခန့်တာပဲ မိန်းကလေးငယ်၏ စိတ်ထဲတွင် ကြည်နူးမှုများ ပြည့်လျှံလာပြီး မျက်ရည်ပင် ဝဲလာမိသည်။
ဧကရာဇ်က အရှင်မအပေါ် ဒီလောက် ကောင်းတာ အရှင်မရဲ့ အနာဂတ်က သေချာပေါက် သာယာမှာပါ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ
ကောင်းကင်ပလ္လင် အပြင်ဘက်ရှိ အခမ်းအနားများ ပြီးဆုံးသွားပြီးနောက် ဘိုးဘေးနန်းဆောင်သို့ သွားရောက်ကြသည်။ ကောင်းကင်၊ မြေကြီး၊ နေ၊ လနှင့် စကြဝဠာကြီးကို ကြေညာကာ ဘိုးဘေးများ၏ရုပ်ထုများကို ဂါရဝပြုကြသည်။ နံ့သာတိုင်များ၏ ရနံ့မှာလည်း ပို၍ သင်းပျံ့လာတော့သည်။
အဝေးတစ်နေရာရှိ အထက်ဘုံတွင်တော့ တာအိုအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် အောင်ပွဲခံနေသော ရဲ့မိသားစု ဘိုးဘေးကြီးမှာ သူ၏ကံတရားမှာ အဆမတန် မြင့်မားလာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
သူသည် အလွန်ကြီးကျယ်သော တည်ရှိမှုတစ်ခုနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသကဲ့သို့ ခံစားရသော်လည်း မည်သို့ပင် တွက်ချက်ကြည့်ပါစေ ထိုတည်ရှိမှုကို မသိနိုင်ချေ။ ထိုတည်ရှိမှုမှာ မြင့်မြတ်လွန်းလှသဖြင့် ရဲ့မိသားစု၏ မျိုးဆက်တစ်ခုခုက ထိုသူနှင့် ဆက်နွှယ်မှု ရသွားခြင်း ဖြစ်ပေလိမ့်မည်ဟုသာ သူထင်မှတ်လိုက်တော့သည်။
အင်ပါယာ၏ ကံတရားမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်သည်။ မြို့တော်၏ အထက်တွင် ဝဲပျံနေသော နဂါးအရှိန်အဝါမှာ ဒြပ်သားတစ်ခုအလား ခိုင်မာလာခဲ့သည်။ လူပေါင်းများစွာမှာ မိမိတို့ရှေ့ရှိ မင်္ဂလာမောင်နှံကို ကြည့်လိုက် အထက်တွင် ဝဲပျံနေသော ရွှေရောင်နဂါးကြီးကို ကြည့်လိုက်နှင့် အံ့သြနေကြသည်။
အရင်တုန်းက တာ့ကျိုးအင်ပါယာမှာတောင် ဒီလို ထူးခြားဖြစ်စဉ်မျိုး မရှိခဲ့ဘူး။
နိုင်ငံ၏ကံကြမ္မာ မြင့်တက်လာခြင်းက တာ့ချန်းအင်ပါယာမှအရာရှိများကို စိတ်တက်ကြွစေရုံတင်မကဘဲ တခြားနိုင်ငံများကိုလည်း ခြိမ်းခြောက်ပြီးသား ဖြစ်သွားသည်။
ဆရာ ဒီအင်ပါယာရဲ့ကံတရားက မဟာ မြင့်မြတ်သော နယ်မြေသုံးခု ပေါင်းတာထက်တောင် ပိုပြီး သိပ်သည်းနေတယ် နောက်နှစ်တစ်ရာအတွင်း တာ့ချန်းအင်ပါယာရဲ့ အင်အားက မြင့်မြတ်တဲ့ နယ်မြေတွေကိုတောင် ကျော်တက်သွားနိုင်တယ်။
ဒါတွေက ဧကရာဇ်ကြောင့် ဖြစ်လာတာ ထင်တယ်။ ဒါကြောင့်ဆရာ ကျွန်တော်တို့ ပေးလိုက်တဲ့ လက်ဆောင်က အလကား မဖြစ်သွားပါဘူး။ သေးငယ်တဲ့ ဆက်နွှယ်မှုတစ်ခုတော့ ဖြစ်သွားနိုင်ပါတယ်။
ယခုအချိန်တွင် တပည့်များမှာ သူတို့ဆရာ ပြောခဲ့သည့် ထွန်းကားရမည်ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ပို၍ ရှင်းရှင်းလင်းလင်း နားလည်သွားကြသည်။
ဤကဲ့သို့ ကံတရားမျိုးကို စုစည်းနိုင်ရန်အတွက် အင်ပါယာ၏အင်အားမှာ ထိပ်တန်းဖြစ်ရမည်။ ကြီးမားသော ကံတရားမှာ အင်အားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အခြားသော အင်အားစုများမှာ ဤအင်ပါယာကို ခြိမ်းခြောက်နိုင်စရာ မရှိတော့ဘဲ ဝါးမြိုခံရဖို့သာရှိတော့သည်။
ထိုလူကြီးသည် ထိုနေ့က ချူနင်၏ နတ်ဘုံတက်လှမ်းခြင်းမြင်ကွင်းကို ပြန်လည် မြင်ယောင်ရင်း မျက်လုံးများ တောက်ပလာသည်။ အထက်ဘုံ နတ်ဘုရားများ၏ အင်အားမှာ နက်နဲလွန်းလှသဖြင့် ခန့်မှန်းရ ခက်လှသည်။
ထိုသို့သော တည်ရှိမှုများနှင့် ဆက်နွှယ်ခွင့်ရခြင်းက သူတို့အတွက် အကျိုးကျေးဇူးတွေ အများကြီး သယ်ဆောင်လာနိုင်မည် ဖြစ်သည်။ ဒါဟာထိုက်ရွှမ်မြင့်မြတ်သောနယ်မြေရဲ့ ကံကောင်းမှုပါပဲ။
ခမ်းနားတဲ့ အခမ်းအနားပြီးမြောက်လို့ ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်တည်ခဲ့ပါပြီ။
သင်တို့၏သံယောဇဉ်မှာ ကောင်းကင်ဘုံက ဖူးစာဖက်များကဲ့သို့ ခိုင်မြဲပါစေ တစ်ဦးကိုတစ်ဦး ဧည့်သည်တော်ကဲ့သို့ လေးစားသမှု ရှိပါစေ။
သင်တို့၏ သာယာဝပြောမှုမှာလည်း တိုးပွားလာပြီးမျိုးဆက်သစ်များဖြင့် ထွန်းကားပါစေ။
တစ်စိတ်တစ်ဝမ်းတည်း ရှိခြင်းဖြင့် နိုင်ငံနှင့် မိသားစုအတွက် သင့်လျော်သူများ ဖြစ်ကြပါစေ။
သင်တို့၏ ကံကောင်းခြင်းမှာ ထာဝရ တည်တံ့ပြီး၊ သင်တို့၏ ကံကြမ္မာမှာလည်း မယိမ်းမယိုင်ရှိပါစေ။
ရှုပ်ထွေးလှသော ထုံးတမ်းစဉ်လာ အသီးသီးမှာ ယခုအချိန်တွင် ပြီးဆုံးသွားပြီ ဖြစ်သည်။ ဝန်ကြီး၏ ကြေညာချက်နှင့်အတူ မင်္ဂလာအခမ်းအနားကြီးမှာ တရားဝင် ပြီးမြောက်သွားပြီ ဖြစ်သည်။
"အခမ်းအနား ပြီးပါပြီ ဦးချကြပါ"
ဧည့်သည်တော် အမြောက်အမြားမှာ တစ်ဦးပြီးတစ်ဦး ဦးချကြတော့သည်။
"အရှင်မနဲ့ ဧကရာဇ်တို့ရဲ့ မင်္ဂလာပွဲကြီး အောင်မြင်စွာ ပြီးမြောက်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်"
ထိုအချိန်တွင် သူတို့နှစ်ဦး၏ စိတ်အာရုံချင်း ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့နှစ်ဦးစလုံးမှာ ထိုဆက်နွှယ်မှုကို ခံစားမိကြသည်။ ၎င်းမှာ သူတို့၏ ကံကြမ္မာထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး ရစ်ပတ်နှောင်ဖွဲ့လိုက်သကဲ့သို့ ဖြတ်တောက်၍ မရနိုင်တော့ပေ။
ရဲ့ချန်းလျန်၏ စိတ်ထဲတွင် သူမ၏ လက်ရှိ ခံစားချက်ကို ပြောပြချင်သော်လည်း အခုက အချိန်မဟုတ်သေးပါ။ သူမမှာ လုပ်စရာ ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ မိုးတိမ်များ လိပ်တက်လာပြီး ကောင်းကင်ဘုံလမ်းစဉ်၏ စွမ်းအားများ ပြင်းထန်စွာ တိုးဝှေ့လာတော့သည်။ လူပေါင်းများစွာ၏ ရှေ့တွင် ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒီဖြစ်စဉ်က တစ်စုံတစ်ယောက်က အဆင့်တက်လှမ်းတော့မှာပဲ"
လူတိုင်း ကောင်းကင်ပလ္လင်ပေါ်ရှိ ရဲ့ချန်းလျန်ကို ကြည့်လိုက်ကြသည်။ သူမ၏ ပတ်ဝန်းကျင်တွင် အရှိန်အဝါများမှာ လှိုင်းတံပိုးများကဲ့သို့ တက်လာပြီး ထိုက်ကျိနန်းဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ချူနင် ခဏတာ တုံ့ဆိုင်းသွားပြီးမှ နားလည်သွားသည်။ အမှန်ဆိုလျှင် သူမ မနေ့ကတည်းက အဆင့်တက်နိုင်သော်လည်း မလုပ်ခဲ့ပေ။ ဒီနေ့မှ အဆင့်တက်ချင်တာလား တခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့လား။
ရဲ့ချန်းလျန်သည် သူမ၏ ကိစ္စများတွင် ချူနင်ကို အများကြီး ဝင်မပါစေချင်သဖြင့် ယနေ့ မင်္ဂလာပွဲကိုပင် သူမ၏အဆင့်တက်လှမ်းမည့် အခွင့်အရေးအဖြစ် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ အရှိန်အဝါမှာ တဖြည်းဖြည်း မြင့်တက်လာပြီး သူတော့စင်အဆင့်အကန့်အသတ်ကို ရုတ်တရက် ကျော်ဖြတ်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
တစ်ကွင်းလုံး မှင်တက်သွားရသည်။
"အရှင်မက အနန္တအဆင့်ကို ရောက်သွားပြီ"
"ဒါပေမဲ့ သူမက လွန်ခဲ့တဲ့ တစ်လကမှ သူတော်စင်အဆင့် (သတ္တမအဆင့်) ကို ရောက်တာလေ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဖြစ်နိုင်မှာလဲ"
မူလက ဘာမှမဖြစ်သလို နေနေကြပြီး အမြန်ဆုံး ပြန်ချင်နေကြသော နိုင်ငံခြား သံတမန်များမှာ စိတ်ပျက်အားငယ်သွားကြသည်။
အနန္တအဆင့် သူတို့ အင်ပါယာတွေထဲမှာ ထိုအဆင့် ရှိသူ တစ်ယောက်မှ မရှိပါချေ။
အကယ်၍ ရဲ့ချန်းလျန်က သူတော်စင်အဆင့်မှာပဲ ရှိနေသေးလျှင် သူမကို ကျော်တက်နိုင်မည့် အခွင့်အရေး ရှိကောင်းရှိနိုင်သော်လည်း သူမက မင်္ဂလာပွဲနေ့မှာတင် အနန္တအဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။
အခုဆိုရင် တာ့ကျိုးအင်ပါယာလည်း မရှိတော့သဖြင့် သူမသည် အင်ပါယာကြီး လေးခုထဲတွင် ထိပ်တန်းကျင့်ကြံသူ ဖြစ်သွားပြီဖြစ်သည်။
ထိုက်ရွှမ်မြင့်မြတ်သောနယ်မြေမှ ဘိုးဘေးကြီးမှာလည်း လုံးဝ အံ့အားသင့်နေတော့သည်။
ဒီဧကရီက ကျင့်ကြံတာ နှစ်တစ်ရာကျော်ပဲ ရှိသေးတယ် ဒါပေမဲ့ အနန္တအဆင့်ကို ရောက်သွားပြီ။ ဒီလို ကျင့်စဉ်ပါရမီမျိုးက ငါတို့ နယ်မြေထဲမှာတောင် ဘယ်သူနဲ့မှ ယှဉ်လို့ ရမှာ မဟုတ်ဘူး။
ရဲ့ချန်းလျန်သည် သူမ၏ အရှိန်အဝါ တည်ငြိမ်သွားသည့်အခါ နဂါးဝတ်စုံနှင့်ပင် ဓားကို ဆွဲထုတ်လိုက်ပြီး သူမ၏ ကြီးမားသော ရည်မှန်းချက်ကို ကြေညာလိုက်တော့သည်။
နောက်ဆယ်နှစ်အတွင်း ငါက တာ့ချန်းအင်ပါယာရဲ့ သံမဏိစစ်သည်တွေကို ဦးဆောင်ပြီး နိုင်ငံအားလုံးကို မြေလှန်ကာ ကမ္ဘာကြီးကို ပေါင်းစည်းမယ်။
သံတမန်များအားလုံး".... " (ငါတို့ ဒီမှာ ရှိနေတာကို မေ့သွားတာလား ဒါမှမဟုတ် ငါတို့ကို တမင် ဖိတ်ကြားလိုက်တာလား။)
သို့သော်လည်း ရဲ့ချန်းလျန်ကတော့ ဂရုမစိုက်ပါ။
"ဒီရည်မှန်းချက်ဟာ အရင်ဧကရာဇ်မင်းမြတ်ရဲ့ နောက်ဆုံးဆန္ဒကို ဆက်ခံတာပဲ တာ့ချန်းအင်ပါယာ ထွန်းကားပါစေ"
အရာရှိများနှင့် မိသားစုများ အားလုံးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။
"တာ့ချန်းအင်ပါယာ ထွန်းကားပါစေ"
အရှင်မရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ် အဆင့်တက်လှမ်းနိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။
အားလုံးပဲ ခွက်ချင်းတိုက်ကြ မမူးမချင်း မပြန်ကြနဲ့။
...
ခမ်းနားသော အခမ်းအနားကြီးမှာ ညနေပိုင်းအထိ ကြာမြင့်ခဲ့ပြီးမှ စားသောက်ပွဲ ပြီးဆုံးသွားသည်။ ဧည့်သည်တော်များမှာ တစ်ဦးပြီးတစ်ဦး လာရောက် ဂုဏ်ပြုကြသည်။
"ဂုဏ်ယူပါတယ် အရှင်မ ဂုဏ်ယူပါတယ် ဧကရာဇ်မင်းမြတ်"
ဧည့်သည်တော်များ တဖြည်းဖြည်း လူချင်းကွဲသွားကြသည်။ ညမှောင်လာသည်နှင့်အမျှ အနီရောင် ပိုးထည်များဖြင့် ဖုံးလွှမ်းထားသော ထိုက်ကျိနန်းဆောင်အတွင်းတွင် လူကြီးတစ်ဦးနှင့် တပည့်အချို့သာ ကျန်တော့သည်။ ထိုလူကြီးမှာ ပြုံး၍ ရှေ့တိုးလာကာ ဂုဏ်ပြုလိုက်သည်။
"ဟဟ ဒီနေ့ အရှင်တို့ရဲ့ မင်္ဂလာပွဲကို လာတက်ရင်းနဲ့ အသက်တစ်ရာမှာ အနန္တအဆင့်ကို ရောက်တဲ့ ကျင့်ကြံသူကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး တကယ်ကို မျက်စိပွင့်သွားရပါတယ်"
ရဲ့ချန်းလျန်က ခေါင်းငြိမ့်ပြပြီး ဂါရဝပြန်ပြုလိုက်သည်။
"ထိုက်ရွှမ်နယ်မြေရဲ့ လက်ဆောင်က အရမ်းကြီးလွန်းပါတယ် ကျွန်မနဲ့ မထိုက်တန်ပါဘူး။ ကျေးဇူးတင်ပါတယ် စီနီယာ"
စိတ်ထဲမထားပါနဲ့ ဒါကဝမ်းသာစရာ ကိစ္စတစ်ခုကို ပိုပြီး တင့်တယ်အောင် လုပ်ပေးတာပဲလေ။ ဒါနဲ့ ငါတို့ ထိုက်ရွှမ်နယ်မြေက တာ့ချန်းအင်ပါယာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိပါတယ် အရှင်မ ဘယ်လို သဘောရပါသလဲ။
စီနီယာမှာ အဲဒီလို ဆန္ဒရှိရင် အင်ပါယာရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ကျွန်မ သံတမန်တွေ လွှတ်ပြီး ဆွေးနွေးပါ့မယ်။
ဒါဆိုရင်တော့ အကောင်းဆုံးပေါ့ ဒါဆိုရင်တော့ ငါတို့ မနှောင့်ယှက်တော့ပါဘူး။
ထိုလူကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် သူ၏တပည့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ ဒါတွေအားလုံး ပြီးသွားသည့်အခါတွင်တော့ ရဲ့ချန်းလျန်သည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
"အား... အကုန် ပြီးသွားပြီ ငါတော်တော် ပင်ပန်းနေပြီ"
ထိုက်ရွှမ်နယ်မြေနဲ့ ပူးပေါင်းမယ့် ကိစ္စကို ကိုယ်ပဲ ကိုင်တွယ်လိုက်မယ် မင်းလုပ်စရာ မလိုပါဘူး။ ဒါကို တာ့ချန်းအင်ပါယာရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်တာလို့ပဲ သဘောထားလိုက်။
အင်ပါယာ ပြန်လည် နိုးထလာတဲ့အခါ တာ့ကျိုးဆီက ရခဲ့တဲ့ ရင်းမြစ်တွေကို သုံးပြီး ကျင့်ကြံသူတွေကို လေ့ကျင့်ပေးရမယ်။ ဆယ်နှစ်အတွင်းမှာ ငါ ကမ္ဘာကြီးကို သေချာပေါက် ပေါင်းစည်းမယ်။
မိမိဘေးနားတွင် ကြီးမားသော ရည်မှန်းချက်များဖြင့် လက်ကိုမြှောက်ကာ ပြောနေသော ရဲ့ချန်းလျန်ကို ကြည့်ရင်း ချူနင် ပြုံးလိုက်မိသည်။
ထို့နောက် သူမ၏ ခါးလေးကို ဖက်လိုက်ပြီး ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းပြောတဲ့အတိုင်း ဖြစ်စေရမယ်။ ဒါဆို မင်းရဲ့ ခင်ပွန်းကတော့ စိတ်အေးလက်အေးနဲ့ မင်းကိုပဲ မှီခိုပြီး နေတော့မယ်နော်။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်သည် သူမ၏ ကြီးမားသော စီမံကိန်းများကို ချူနင့်အား ရှင်းပြရန် ပြင်လိုက်သော်လည်း သူမ၏ ခြေဖဝါးအောက်ရှိ ကမ္ဘာကြီးမှာ ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူတို့သည် စားသောက်ပွဲ ခန်းမဆောင်ကြီးမှ ချန်းချင်းနန်းဆောင်ရှိ မင်္ဂလာဦးခန်းဆောင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချူနင်က ပြုံးလျက် ထိုအမျိုးသမီးကို ပို၍ တင်းကြပ်စွာ ဖက်လိုက်သည်။
တခြားအရာတွေအကြောင်း ပြောဖို့က နောက်မှ အချိန်အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အခု ကိုယ်တို့ မင်္ဂလာဦးခန်း ဝင်သင့်ပြီ မဟုတ်လား။
ရဲ့ချန်းလျန် ရုတ်တရက် မှင်တက်သွားသည်။ သူမ၏ခုနက အရှိန်အဝါများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်လေးမှာ တုန်ရင်လာတော့သည်။
ဒီအခြေအနေက လွတ်လမ်း မရှိတော့သလိုပဲ
သူမသည် ခက်ခဲလှသော အခမ်းအနားတွေကို သည်းခံကျော်ဖြတ်ခဲ့ရပြီးပြီ.အခုတော့ ပိုပြီး ခက်ခဲတဲ့အရာတစ်ခု ပေါ်လာပြန်ပြီ။
တံခါးတွေ အကျယ်ကြီး ပွင့်နေတဲ့ အခန်းထဲမှာ အပြင်အဆင်တွေက သူမအတွက် ရင်းနှီးနေပေမဲ့ ဒီနေ့ညရဲ့ ထူးခြားမှုကို တွေးမိတဲ့အခါ "နင်... နင်... နင် ငါ့ကို မဖက်နဲ့ ငါ့ဘာသာငါ လမ်းလျှောက်နိုင်တယ်"
...
တစ်ချိန်တည်းမှာပင် ဘိုးဘေးနန်းဆောင် အတွင်း၌။
လူကြီးတစ်ဦးသည် ဘိုးဘေးများ၏ရုပ်တုများရှေ့တွင် နံ့သာတိုင်များကို နောက်တစ်ကြိမ် ထပ်မံ ထွန်းညှိလိုက်သည်။ ထိုလူကြီး၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ရှိနေသော်လည်း အတွင်းစိတ်မှ ပျော်ရွှင်မှုကိုတော့ ဖုံးကွယ်မထားနိုင်ပါချေ။
အရှင်မက အခုအရမ်းကို ကောင်းကောင်းမွန်မွန် နေထိုင်နေရပါပြီ။ အရင် ဧကရာဇ်မင်းမြတ်နဲ့ မိဖုရားကြီးတို့လည်း စိတ်အေးလက်အေး ရှိနိုင်ပါပြီ။