အခန်း ၉၁ မင်္ဂလာပွဲ
တာ့ကျိုးအင်ပါယာမြို့တော်။
တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော မြို့တော်မှာ ယခုအခါ ဖော်လန်မတ်အင်ပါယာမှ ကျင့်ကြံသူများ၏ သိမ်းပိုက်ခြင်းကို ခံထားရပြီး သာမန်ပြည်သူများနှင့် ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်နေကြကာ အသက်ဘေးမှ လွတ်မြောက်ရန် သူတို့၏ ပိုင်ဆိုင်မှုများကို အပ်နှံ၍ အညံ့ခံနေကြရသည်။
မူလက တာ့ကျိုးအင်ပါယာသည် အမှန်တကယ်ပင် အစည်ကားဆုံး ဖြစ်ခဲ့သည်။ အကယ်၍သာ ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ခဲ့လျှင် မြို့သူ မြို့သားများ၏ အဆင့်အတန်းမှာ ကမ္ဘာပေါ်ရှိ မည်သည့်အင်ပါယာမှ ပြည်သူများထက်မဆို ပို၍ မြင့်မားလာမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မြို့တော်ဖြစ်နေသရွေ့ သူတို့သည် တန်ဖိုးအရှိဆုံး အုပ်စု ဖြစ်နေမည် မဟုတ်ပါလား။
သို့သော်လည်း တစ်နေ့တွင်တော့ ကောင်းကင်ယံမှ လက်ဝါးကြီးတစ်ချက် ကျဆင်းလာခဲ့သည်။ ၎င်းသည် တာ့ကျိုးအင်ပါယာ၏ နဂါးအရှိန်အဝါကို တိုက်ရိုက် ရိုက်ခွဲလိုက်ပြီး နန်းတော်ကို ဖျက်ဆီးကာ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
ယခုအခါ တခြားနိုင်ငံများ၏ ခွဲဝေယူခြင်းကို ခံနေရသဖြင့် စိတ်ပျက်အားငယ်နေသော်လည်း လက်ရှိ အခြေအနေကို လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။
ကျိဟုန်သည် တာ့ကျိုးနန်းတော်ရှေ့သို့ ရောက်ရှိလာပြီး အပျက်အစီးများသာ ကျန်တော့သော မြေပြင်ကို မြင်လိုက်ရသည့်အခါ လုံးဝ မှင်တက်သွားတော့သည်။
"ဘယ်သူ တိုက်ခိုက်တာလဲ ဘယ်သူလဲ"
ဒီလောက် ခမ်းနားတဲ့ နန်းတော်ကြီးကို တည်ဆောက်ဖို့ အချိန်နဲ့ ရင်းမြစ်တွေ ဘယ်လောက် ကုန်ခဲ့ရသလဲဆိုတာ သိရဲ့လား။
တင်ပြရရင် အရှင်မင်းကြီး ကျွန်တော်တို့ ရောက်မလာခင်ကတည်းက ဒီအတိုင်းဖြစ်နေတာပါ။
ဒါက ရုတ်တရက် ပေါ်လာတဲ့ လူကောင်ကြီးတစ်ယောက်ကြောင့် ဖြစ်ပုံရပါတယ် သူက တာ့ကျိုးကျင့်ကြံသူတွေကို သတ်သွားရုံတင်မကဘဲ နန်းတော်ကိုပါ မြေလှန်ပစ်ခဲ့တာပါ။
ကျိဟုန် ရုတ်တရက် ဆွံ့အသွားရသည်။ သူ ဤသတင်းကို ကြားဖူးပါသည်။ နန်းတော် ပျက်စီးချိန်တွင် နန်းတော်ထဲမှာမရှိဘဲ အိမ်မှာ အနားယူနေသည့် တာ့ကျိုးစစ်သူကြီး တစ်ယောက်က ဖော်လန်မတ်အင်ပါယာထံ လာရောက် အညံ့ခံရင်း ပြောပြခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ထိုသို့ဖြစ်ခဲ့သည် ဤကဲ့သို့ လုပ်ဆောင်နိုင်သူမှာ သေချာပေါက် ကောင်းကင်ဖြစ်စဉ်ကျင့်ကြံသူတစ်ဦး ဖြစ်ရမည် သို့သော်လည်း ကောင်းကင်ဖြစ်စဉ်အဆင့်အတွက် တာ့ကျိုးအင်ပါယာမှာလည်း ကျောထောက်နောက်ခံ ရှိနေသည် မဟုတ်ပါလား။
ထိုမိန်းမစိုး ဝမ်ကျင့်ကျုံး၏ နောက်ကွယ်တွင် မဟာ မြင့်မြတ်သောနယ်မြေသုံးခုထဲမှ တစ်ခုဖြစ်သော လဝန်းနီမြင့်မြတ်သောနယ်မြေရှိနေသည်။ လဝန်းနီနယ်မြေက လူတွေတစ်ယောက်မှ ထွက်မလာကြဘူးလား။ တာ့ကျိုးအင်ပါယာကို ဒီအတိုင်း အပျက်စီး ခံလိုက်တာလား။
ကျိဟုန်၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ ထိပ်တန်းကျင့်ကြံသူများသည် မည်သည့် တည်ရှိမှုမျိုးကိုမဆို အကြီးအကျယ် ဖိနှိပ်နိုင်စွမ်း ရှိသည်။
နှစ်ပေါင်း သောင်းချီ တည်တံ့ခဲ့သော တာ့ကျိုးနန်းတော်မှာ ယခုတော့ အပျက်အစီးပုံ ဖြစ်သွားပြီ နဂါးအရှိန်အဝါတွေ ပျက်စီးပြီး ကျင့်ကြံသူတွေ အသတ်ခံရကာ ရင်မျိုးနွယ်စု တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်။ ၎င်းမှာ လုံးဝဥဿုံ အမြစ်ဖြတ် ချေမှုန်းခြင်းပင်။
ကောင်းကင်ဖြစ်စဉ်ကျင့်ကြံသူတစ်ဦးသာလျှင် ဤသို့ လုပ်နိုင်မည် ဖြစ်သည်။ ယခုတော့ တာ့ကျိုးအင်ပါယာဖြစ်သော်လည်း နောင်တစ်ချိန်တွင် သူတို့၏ လော့ချန်းအင်ပါယာသာ ဆိုလျှင်ကော ကျိဟုန် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
"အဲဒီတည်ရှိမှုကြီးက ဒီမှာရှိတဲ့ ရင်းမြစ်အားလုံးကို ယူသွားပြီး ဘာမှချန်မထားခဲ့ဘူး ထင်တယ်"
ရင်းမြစ်တွေ မရှိတော့သော်လည်း တခြားအရာတွေ ရှိနေပါသေးသည်။ နယ်မြေ၊ ပြည်သူ၊ ပြီးတော့ စစ်တပ် ပြည်သူတွေထဲမှာလည်း စုဆောင်းလို့ရတဲ့ ကျင့်ကြံသူ မိသားစုတွေ အများကြီး ရှိသည်။
စစ်တပ်ထဲမှာလည်း စစ်ဘက်ကျင့်ကြံသူတွေ ရှိနေဆဲပင်။ သူတို့၏ ကျင့်စဉ်က ထိပ်တန်း မဟုတ်သော်လည်း စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့် ကျင့်ကြံသူတွေ အများအပြား ရှိနေသေးသည်။
ဒါတွေအားလုံးက ချွန်ထက်တဲ့လက်နက်တွေပါပဲ ယခု တာ့ကျိုးအင်ပါယာ ပျက်စီးသွားပြီဆိုလျှင် လော့ချန်းအင်ပါယာကလွဲလို့ ဘယ်သူ့နောက် လိုက်ကြမှာလဲ။
တခြားအင်ပါယာ သုံးခုလား တာ့ချန်းအင်ပါယာ ဆိုလျှင် ဤနေရာမှ နိုင်ငံနှစ်ခုစာလောက် ဝေးကွာနေသဖြင့် သူတို့က လှမ်းတောင် ကြည့်နိုင်မှာ မဟုတ်ဘူး ကျန်တဲ့ ဖူဆန်းနဲ့ လော့ချန်းအင်ပါယာတွေကတော့ အင်အား တောင့်တင်းပုံပေါ်ပေမဲ့ လျှို့ဝှက်လက်နက်တွေ ရှိနေတာပဲလေ။ မဟုတ်ရင် ဒီနေရာကို သုံးရက်အတွင်း ဘယ်လို သိမ်းပိုက်နိုင်မှာလဲ။
လူသူစုဆောင်းပြီး ကိုယ့်အင်အားကို တည်ဆောက်ရမယ် အရင်ဆုံး တာ့ချန်းကို ဖျက်ဆီးမယ် ပြီးရင် တခြားသူတွေကို ဖျက်ဆီးမယ်။ မူလက လော့ချန်းအင်းပါယာအတွက် ကမ္ဘာကြီးကို ပေါင်းစည်းဖို့ အခွင့်အရေး မရှိခဲ့သော်လည်း ယခုတော့ ရှိလာပြီ ဖြစ်သည်။
ဝေးကွာလှသော တာ့ချန်းအင်ပါယာမှ သူ အမြဲတမ်း တွေးတောနေမိသည့်ဧကရီ ကျိဟုန်၏ မျက်နှာပေါ်ရှိ အမာရွတ်ကို လက်ဖြင့်တို့ထိရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အရူးတစ်ယောက်လို အပြုံးတစ်ခု ပေါ်လာသည်။ သူ သူမကို သေချာပေါက် ရယူမည် အချိန်တစ်ခု စောင့်ရုံသာ ဖြစ်သည်။
......
အရှင်မင်းကြီး ထုံးတမ်းစဉ်လာအရ ဒီညဘိုးဘေးနန်းဆောင်မှာ ကန်တော့ပြီးရင် မနက်ဖြန် သွားစရာ မလိုတော့ပါဘူး။ အရှင်နဲ့ အရှင်မတို့ဆီကိုလည်း အချိန်နဲ့တစ်ပြေးညီ သတင်းပို့ဖို့ လူလွှတ်ထားပြီးပါပြီ။ အရှင်မင်းကြီးရဲ့ မင်္ဂလာပွဲဖြစ်လို့ အားလုံး အတူတူ ဆင်နွှဲကြရမှာပါ။
မနက်ဖြန် လုပ်ငန်းစဉ်တွေကတော့ တော်ဝင်မျိုးနွယ်စု၊ စစ်ဘက်နယ်ဘက် အရာရှိတွေ၊ နိုင်ငံအသီးသီးက သံတမန်တွေနဲ့ သူဌေးကြီး မိသားစုတွေ အစီအစဉ်အတိုင်း သွားပါလိမ့်မယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း အမှာစကားတွေ ပြောကြားပါလိမ့်မယ်။ အားလုံး ပြီးသွားရင်တော့ ကောင်းကင်ယံနဲ့ ဘိုးဘေးနန်းဆောင်ကို ကြေညာပြီး ခမ်းနားတဲ့ အခမ်းအနားကို စတင်ပါလိမ့်မယ်။
စကားပြောပြီးနောက် ဝန်ကြီးက ချူနင့်ကို ကြည့်ကာ ပြုံးလိုက်သည်- "အရှင်မင်းကြီးအနေနဲ့ ဒီလုပ်ငန်းစဉ်ကို ဘယ်လို သဘောရပါသလဲ"
"ဘာမဆို အဆင်ပြေပါတယ်"
သူသည် မင်္ဂလာပွဲ အခမ်းအနားကြီးကို အမှန်တကယ် ဂရုစိုက်နေခြင်း မဟုတ်ဘဲ သူဘယ်သူနဲ့ လက်ထပ်ရမှာလဲဆိုတာကိုသာ ဂရုစိုက်သူ ဖြစ်သည်။
သို့သော်လည်း အမျိုးသမီးများသည် ယေဘုယျအားဖြင့် ထိုသို့သော ကိစ္စများကို အလေးထားတတ်ကြသည်။ ထုံးတမ်းစဉ်လာ ခမ်းနားမှုက အရေးကြီးသည် မဟုတ်ပါလား။ ဧကရာဇ်တစ်ပါးအနေနှင့်လည်း တတ်နိုင်သမျှ ခမ်းနားအောင် လုပ်ပေးခြင်းက ပို၍ ကောင်းပါသည်။
ရဲ့ချန်းလျန်သည် လုပ်ငန်းစဉ်များကို သေချာ စစ်ဆေးပြီး လေ့လာနေသဖြင့် တစ်နေ့ခင်းလုံး အလုပ်များနေခဲ့သည်။
ညနေပိုင်းတွင် သူတို့နှစ်ဦးနှင့် ဝန်ကြီးများစွာတို့သည် ဘိုးဘေးနန်းဆောင်သို့ ဝင်ရောက်ကာ ပူဇော်ကန်တော့ကြသည်။
နန်းတော်တစ်ခုလုံးမှာလည်း မင်္ဂလာ ဆီမီးရောင်များဖြင့် တောက်ပနေပြီး ပျော်ရွှင်စရာ အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ရွေးချယ်ထားသော အပျိုတော်များကိုလည်း ရှောင်ပင်းက မနက်ဖြန် လုပ်ဆောင်ရမည့် အရာများကို သေချာ သင်ကြားပေးနေသည်။
ဘိုးဘေးနန်းဆောင်အတွင်း စည်းကမ်းချက်များအတိုင်း ပူဇော်ပြီးနောက် တခြားအရာရှိများ ထွက်ခွာသွားကြသော်လည်း ရဲ့ချန်းလျန်ကတော့ ဘိုးဘေးများ၏ဗိမာန် ရှေ့တွင် ဒူးထောက်ကာ တစ်စုံတစ်ယောက်ကို ဆူပူနေတော့သည်။ သူမ ဆူနေသည်မှာ ချူနင့်ကို ဖြစ်သည်။
ကျွန်မဟာ ဘိုးဘေးတို့ရဲ့ မူလက တာ့ချန်းအင်ပါယာကြီးကို စည်းလုံးညီညွတ်အောင် ကြိုးစားပြီး ဘိုးဘေးတွေရဲ့ ဘုန်းတန်ခိုးကို ပြန်လည် ထွန်းကားအောင် လုပ်ဖို့ ရည်ရွယ်ခဲ့တာပါ။
ဒါပေမဲ့ လူယုတ်မာတစ်ယောက်ရဲ့ ကျူးကျော်မှုကို ခံလိုက်ရပါတယ် အဲဒါကတော့ ကျွန်မဘေးနားက လူပါပဲ။
ဒီလူက အရှက်မရှိဘူး ကိုယ်ကျင့်တရား မကောင်းဘူး စရိုက်လည်းဆိုးသလို တော်ဝင် ထုံးတမ်းတွေကိုလည်း ဆန့်ကျင်တယ်။
ထို့နောက်တွင်တော့ ညည်းညူသံများ တိုင်တောသံများနှင့် မကျေနပ်ချက်များ ရှည်လျားစွာ ထွက်ပေါ်လာတော့သည်။ ချူနင်ကတော့ တည်ငြိမ်သော မျက်နှာထား နှုတ်ခမ်းတွင် အပြုံးတစ်ခုနှင့် ရှိနေဆဲပင်။
ဆူပါစေ ဆူပါစေ ဆူပြီးသွားရင်လည်း မင်းက ငါ့လူပဲဟာ ငါ့ဇနီးက ဆူရတာ ဝါသနာပါရင် ဆူပါစေ နားထောင်ပေးရုံပေါ့။
၁၅ မိနစ်ခန့် ချူနင့်၏ အပြစ်များကို တစ်ခုချင်း စာရင်းပြုစုပြီး ဆူပူပြီးနောက်တွင်တော့ သူမ၏ လေသံ ရုတ်တရက် ပြောင်းလဲသွားသည်။
ဒါပေမဲ့ ဒီလူရဲ့အပြစ်တွေကို ပြောရရင် ကုန်နိုင်မှာ မဟုတ်ပေမဲ့ ကံကောင်းတာက သူ့ရဲ့စိတ်ဓာတ်က အင်ပါယာနဲ့ ကမ္ဘာကြီးအပေါ်မှာပဲရှိနေပြီး ရုပ်ရည်ကလည်း ဖြောင့်မတ်ပါတယ်။
သူက ဧကရာဇ်တစ်ယောက်ဖြစ်နိုင်ပါလိမ့်မယ်။ မနက်ဖြန် အခမ်းအနား ပြီးသွားရင်တော့ သူဟာ ကျွန်မတို့ ရဲ့မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်လာတော့မှာပါ။ ဘိုးဘေးတွေအနေနဲ့ ဒီဆက်ဆံရေးနဲ့ သံယောဇဉ်ကို စောင့်ရှောက်ပေးကြပါ ခုနက ပြောခဲ့တာတွေကို ဘာမှမဟုတ်သလိုပဲသဘောထားပေးကြပါ စောင့်ရှောက်မှုကိုပဲ တောင်းခံပါတယ်။
ကောင်းပါပြီ ကောင်းပါပြီ ဆူပြီးမှ ဘာမှမဟုတ်သလိုမျိုး ပြောလိုက်တာပေါ့လေ။ သူမက ဘိုးဘေးတွေကို ကြားအောင် ဆူတာလား သူ့ကို ကြားအောင် ဆူတာလား။ ချူနင် ပြုံးလိုက်မိသည် တကယ်ပင် ချစ်စရာ ကောင်းလှသည်။
ထို့နောက်တွင်တော့ ရဲ့ချန်းလျန်က တည်ကြည်သော မျက်နှာထားဖြင့် ဦးချလိုက်သည်။
"ကိုယ်လည်း ဦးချရမလား"
နင်က ငါ့ဘိုးဘေးတွေရဲ့ ရုပ်ထုတွေကို ရိုက်ခွဲပစ်မှာ ကြောက်ရတယ်။ သွား... သွား... သွား နင့်ကိစ္စ မဟုတ်ဘူး။
ရဲ့ချန်းလျန်က မကျေနပ်သလို လက်ဝှေ့ယမ်းပြပြီး ထရပ်ကာ ချူနင့်ကို ဆွဲခေါ်သွားတော့သည်။
နောင်တစ်ချိန်မှာ နင်သာ ငါ့ကိုသစ္စာဖောက်ရင် ငါ ဒီကိုပြန်လာပြီး နင့်ကိုဆက်ပြီး ဆူဦးမှာပဲ နင် ဘယ်လောက်ပဲ အစွမ်းထက်ထက် အခု နင်က ငါ့တော်ဝင်မိသားစုဝင် ဖြစ်နေပြီ ကောင်းကင်ဘုံက ငါ့ရဲ့မိသားစု ဘိုးဘေးတွေက နင့်ကို သေချာပေါက် အပြစ်ပေးလိမ့်မယ်။
ဒါဆို နင်စိတ်ဆိုးတဲ့အခါတိုင်း ဒီမှာလာပုန်းနေပြီး ငါ့ကို လာရှာခိုင်းမယ်လို့ ပြောနေတာပေါ့ ဟုတ်လား။
ငါက ပြဿနာကြုံတိုင်း ငိုတတ်တဲ့ မိန်းကလေးငယ်လေးလို့ ထင်နေတာလား နင်က ဘာကိုဆိုလိုတာလဲ
"ဒါပေမဲ့ ချန်းလျန် မင်း ကိုယ့်ကိုဒါကို ပြောနေတာ မဟုတ်လား။ မင်းရဲ့ ဘိုးဘေးတွေထဲမှာ ကျင့်စဉ် အမြင့်ဆုံးကတောင် တာအိုအဆင့်ပဲ ရှိတာလေ။ မင်းလည်း နောက်ဆယ်နှစ်အတွင်း သူတို့ကို မှီသွားမှာပါ။ သူတို့က မင်းရဲ့ ခင်ပွန်းကို အပြစ်ပေးနိုင်မှာ မဟုတ်ပါဘူး။
နင့်ရဲ့ ကျင့်စဉ် မြင့်နေတာကို ဂုဏ်ယူနေတာလား နင့်ကျင့်စဉ် ဘယ်လောက်ပဲ မြင့်မြင့် ငါ့မှာ နင့်ကို ခြိမ်းခြောက်နိုင်တဲ့ နည်းလမ်းတွေရှိပါသေးတယ်။
ထိုအမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ ထိုသို့ ပြောလိုက်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များမှာတော့ မသိမသာ ပြုံးယောင်သန်းနေသည်။
မနက်ဖြန် မင်္ဂလာပွဲနှင့် ထုံးတမ်းစဉ်လာတွေ ပြီးသွားရင်တော့ သူမဒီလောက် စိုးရိမ်နေမှာ မဟုတ်တော့ဘူးဟု ခံစားရသည်။
ဒီလူယုတ်မာက တကယ်ပဲ လူယုတ်မာပါပဲ ဒါပေမဲ့ သူမက သဘောကျနေမှတော့ ဘာတတ်နိုင်မှာလဲ။
သေချာတာပေါ့ သူမ သူ့ကိုဆူလို့ရတယ် သူမလုပ်ခဲ့တဲ့ အပြစ်တွေကိုတောင် ပုံချလို့ရတယ် ဒါပေမဲ့ တခြားသူတွေတော့ လုပ်လို့မရဘူး။ သူမရဲ့ ဧကရာဇ်ကို သူမတစ်ယောက်တည်းပဲ ဆူလို့ရသည်။
စိတ်ကြည်လင်နေသဖြင့် ရဲ့ချန်းလျန်သည် ချူနင့်လက်ကို တက်တက်ကြွကြွ ချိတ်ကာ ချန်းချင်းနန်းဆောင်ဆီသို့ လျှောက်လှမ်းခဲ့ကြသည်။
မနက်ဖြန် မင်္ဂလာဆောင်တော့မယ် လူတွေကို အရမ်းကြီး ကြွားမနေနဲ့ဦး။ ငါ့မင်္ဂလာပွဲက ပျော်ဖို့အတွက်ပဲ နင် လူတွေကိုခြောက်လှန့်ဖို့ မဟုတ်ဘူး ထိုက်ရွှမ်မြင့်မြတ်သောနယ်မြေက အဲဒီ ဘိုးဘေးကြီးအပြင် တခြားမဟာဧကရာဇ်တွေကို ဖိတ်ထားသေးလား။
အကယ်၍ မင်းကဖိတ်ချင်တယ်ဆိုရင်တော့ ကိုယ့်မျက်နှာနဲ့ ရမလား ကြည့်ပေးမယ်လေ သူတို့က ကိုယ့်မျက်နှာကိုတော့ ထောက်ထားကြမှာပါ။
ရဲ့ချန်းလျန်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
ထားလိုက်ပါတော့ အဲဒီလူတွေ လာရင်လည်း နင့်အတွက်ပဲ လာကြမှာ ငါ့အတွက် လာကြမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲက ငါ့ကို ဗဟိုပြုတာလေ နင်ကအခမ်းအနားကို အရမ်းကြီးခမ်းနားအောင် မလုပ်ရဘူး ဝန်ကြီးဌာနက စီစဉ်ထားတဲ့အတိုင်းပဲ လုပ်ရမယ်။
မင်းဆန္ဒအတိုင်းပါပဲ ဒါပေမဲ့ မနက်ဖြန် မင်္ဂလာဆောင်ပြီးရင်တော့ ချစ်သူတွေ လုပ်လေ့ရှိတဲ့ အရာတွေကို ကိုယ်တို့ လုပ်လို့ရပြီလား။
"ချူနင် အဲဒီအကြောင်း ပြောတာကို ရပ်လို့ မရဘူးလား တခြားအရာတွေ မတွေးနိုင်ဘူးလား"
ကိုယ်တို့ နမ်းလည်း နမ်းပြီးပြီ ဖက်လည်း ဖက်ပြီးပြီလေ ဒါတွေကလွဲလို့ တခြားဘာတွေးစရာ ရှိဦးမှာလဲ။
ဒါဆိုရင် ငါကုတင်ဘေးမှာ ဓားတစ်လက် ထားဖို့ စဉ်းစားရမယ်။ နင်သာ မဟုတ်တာ လာလုပ်ရင် ငါ အဲဒါကို ဖြတ်ပစ်မလား ကြည့်လိုက်။
ဓားထားတာက မင်္ဂလာမရှိပါဘူး မင်းက ကိုယ့်ကို ဘာမှ လုပ်လို့မရအောင် တားနေတာပဲ။
"ဟွန့်... နင့်ကို ပြောနေရတာ ပျင်းစရာကြီး ငါ ပင်ပန်းနေပြီ နန်းတော်ပြန်ပြီး အိပ်တော့မယ်"
ညတာမှာ အေးချမ်းစွာ ကုန်ဆုံးသွားသည်။
နောက်တစ်နေ့ မနက်တွင် နန်းတော်အပြင်ဘက်၌ အရာရှိများ၊ သူဌေးကြီး မိသားစုများနှင့် နိုင်ငံခြား သံတမန်များမှာ စောစောစီးစီး စောင့်ဆိုင်းနေကြသည်။
မိုးလင်းလာသည်နှင့်အမျှ နန်းတော်တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာပြီး ခမ်းနားထည်ဝါသော အငွေ့အသက်များ လွှမ်းခြုံသွားသည်။
မြို့တော်သူ မြို့တော်သားများမှာလည်း လမ်းမပေါ်တွင် နန်းတော်ကို ဝိုင်းရံကာ စောင့်ဆိုင်းနေကြသည်။
တူရိယာသံများ ထွက်ပေါ်လာတော့သည်။
"ဧည့်သည်တော်များကို နန်းတော်အတွင်းသို့ ဖိတ်ခေါ်ပါတယ်"