အခန်း ၈၈ နင့်ရဲ့ ပုန်းကွယ်နေတဲ့ လက်နက်ကိုသိမ်းလိုက်စမ်း
ဘေးနန်းဆောင်တွင်တော့ ရှောင်ပင်းသည် အိပ်စက်ခြင်းမရှိဘဲ လှုပ်ရှားနေသည်။ သူမ၏ အဆင့်အတန်းအရ အိပ်သည်ဖြစ်စေ မအိပ်သည်ဖြစ်စေ ထူးခြားမှုမရှိတော့ပေ။
သူမသည် ပဥ္စမအဆင့်ဖြစ်သော ပင်လယ်ကြည့်ရှုခြင်းအဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အစွမ်းများမှာလည်း နေ့စဉ်နှင့်အမျှ လျင်မြန်စွာ တိုးတက်နေသည်။
မိန်းကလေးငယ်သည် နန်းတော်တံခါးရှေ့ရှိ လှေကားထစ်တွင် ဆောင့်ကြောင့်ထိုင်ရင်း ကောင်းကင်ယံရှိ တောက်ပသော လပြည့်ဝန်းကို မော့ကြည့်နေသည်။ သူမ၏ မျက်နှာလေးတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
အရင်က သူမသည် အရှင်မအပေါ်ထားသည့် အရှင့် ရဲ့ နည်းလမ်းတွေက မရိုးရှင်းဘူးလို့ ထင်ခဲ့ဖူးသော်လည်း ဒီလောက်အထိ မရိုးရှင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါ။
သူတို့က လက်တောင်မထပ်ရသေးဘူး အခုဆို အရှင်မရဲ့ အိပ်ဆောင်ထဲမှာပါ ဝင်အိပ်နေပြီလား။ ထိုအကြောင်းကို တွေးမိရုံနှင့်တင် ရှောင်ပင်းမှာ မထိန်းချုပ်နိုင်အောင် စိတ်လှုပ်ရှားနေတော့သည်။
မျှော်လင့်ထားတဲ့အတိုင်း အရှင်က တကယ်ကို တော်တာပဲ။
သို့သော်လည်း အရှင်မ၏ဆန္ဒက သဘာဝကျကျပင် အလွန်အရေးကြီးပါသည်။ မဟုတ်လျှင် အရှင်က သွားချင်သည့်တိုင် သွားနိုင်မည်မဟုတ်ပေ။ အရှင်မအပေါ်ထားသည့် အရှင့်၏ ပုံမှန်သဘောထားနှင့် စရိုက်ကို ကြည့်ခြင်းအားဖြင့် သူသည် အရှင်မ၏ အတွေးအမြင်များကို အလွန်အလေးထားကြောင်း သိနိုင်သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် အရှင်မ၏ ခံစားချက်များကလည်း အမြဲတမ်း ပြောင်းလဲနေသည်မှာ ထင်ရှားသည်။
ရှောင်ပင်းသည် လက်ထဲမှ ဖရုံစေ့များကို ကိုက်ရင်း နောက်ထပ် ရက်အနည်းငယ်အကြာတွင် ကျင်းပမည့် ခမ်းနားသော မင်္ဂလာပွဲကြီးကို မျှော်လင့်နေမိသည်။
အရှင်မ ပျော်ရွှင်နေမှတော့ အပျိုတော်တစ်ဦးအနေနှင့် ရှောင်ပင်းလည်း သေချာပေါက် ပျော်ရွှင်ရသည်ပေါ့။ ခေတ္တမျှ တွေးတောပြီးနောက် ရှောင်ပင်းသည် ချူနင်ပေးထားခဲ့သည့် ကျင့်စဉ်ကို ထုတ်လိုက်သည်။
ဆက်ပြီး ကျင့်ကြံရမယ် သူမအနေဖြင့် အရှင်နှင့် အရှင်မတို့၏ နောက်တွင် ကျန်ရစ်နေ၍မဖြစ်ပါချေ။
တစ်ချိန်တည်းမှာပင် ဘေးချင်းကပ်လျက် အိပ်ဆောင်အတွင်း၌တော့ တိုးညင်းသော အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။
ရဲ့ချန်းလျန်သည် သူမကိုယ်သူမ ထိန်းချုပ်ရန် အလွန်ကြိုးစားနေရသော်လည်း ချူနင်၏ လက်များက သူမကို ထိတွေ့လိုက်သည့်အခါ သူမ မခံစားနိုင်တော့ပါ။ သူမ၏ ခန္ဓာကိုယ်က အရမ်းကို အာရုံခံစားလွယ်လွန်းနေသည်။
သစ္စာဖောက်အမတ်၏ အနိုင်ကျင့်ခြင်းကို ခံနေရသဖြင့် သူမမှာ မတတ်သာဘဲ ဖြစ်နေသည်။
ကောင်းကင်နှင့် မြေကြီးကို တိုင်တည်သော်လည်း တုံ့ပြန်မှုမရှိဘဲ နောက်ပိုင်းမှ ချူနင့်ကို ကလဲ့စားချေသည့်အနေနှင့် နှစ်ချက်ခန့် ကိုက်ရုံသာ တတ်နိုင်တော့သည်။ အဓိကအချက်မှာ ချူနင်သည် သူမကို တကယ်ပင် အပေါ်ယံမျှသာ ထိတွေ့နေပြီး အရေးပါသောအရာ ဘာမှမလုပ်ဘဲ စနောက်နေခြင်းပင် ဖြစ်သည်။
ဒါကို ဘယ်သူက အောင့်အည်းနိုင်မှာလဲ သူမက အခုလို အခြေအနေမျိုး ရောက်နေပြီလေ။ အကယ်၍ ချူနင်သာ ပိုပြီး အားစိုက်ပြီး တစ်ခုခုလုပ်လိုက်ရင်တောင် သူမ ဘာမှပြောနိုင်မှာ မဟုတ်ပါဘူး။
သို့သော်လည်း ဤကိစ္စတွင် ချူနင်က သူမ၏ဆန္ဒကို အလွန်အမင်း လေးစားနေပါသည်။ ဒါပေမဲ့လည်း သူတို့၏ဆက်ဆံရေး ပိုမိုနီးကပ်လာသည်နှင့်အမျှ သူမ၏ ဇွတ်တရွတ်နိုင်မှုတွေက တဖြည်းဖြည်း ပြိုကွဲပျက်စီးနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
သူက တကယ်ပဲ ဘာစိတ်ကူးမှ မရှိတာလား။
မဖြစ်နိုင်ပါဘူး ရဲ့ချန်းလျန် ခံစားမိသည် အထူးသဖြင့် ချူနင်က သူမကို နမ်းလိုက်သည့်အခါ သူ၏တုံ့ပြန်မှုက သူမကို ဝါးမြိုပစ်ချင်နေသည့်အတိုင်းပင်။ ဒါပေမဲ့ သူက တကယ်ပဲ အောင့်ထားနိုင်တာလား ရဲ့ချန်းလျန် စိတ်ထဲတွင် အနည်းငယ် သံသယဝင်လာမိသည်။
ချူနင် ဘယ်လိုခံစားနေရသလဲဆိုတာ သူမ မသိသော်လည်း သူမကိုယ်တိုင်မှာတော့ ဒါတွေကြောင့် ပူလောင်အိုက်စပ်နေပြီ ဖြစ်သည်။ သူမကိုပဲ စိုက်ကြည့်နေတဲ့ ချူနင်ဆိုလျှင် ပိုဆိုးမှာပေါ့။ သူလည်း ခံနိုင်ရည်ကို စမ်းသပ်ရင်း နေရခက်နေမှာ သေချာသည်။ အခုဆိုလျှင် တစ်ခုခုဖြစ်သွားရင်တောင် ဘာကိုမှ ထိခိုက်စေမှာ မဟုတ်သလိုပါပဲ။
ဒါကြောင့် သူသာ နည်းနည်းလေး ပိုသတ္တိရှိမယ်ဆိုရင် သူမလည်း အရမ်းကြီး ငြင်းဆန်မှာ မဟုတ်ပါဘူး မဟုတ်ဘူး မဟုတ်ဘူး။
ချူနင်၏ ရင်ခွင်ထဲတွင်ရှိနေသော ရဲ့ချန်းလျန်သည် ထိုအတွေးကို အမြန်ပင် ဖျောက်ဖျက်လိုက်သည်။ ချူနင်၏ စနောက်မှုတွေကြောင့် သူမ၏ စိတ်တွေက ရှုပ်ထွေးနေပြီ ဖြစ်သည်။
သူမကိုယ်တိုင်ကတော့ သေချာပေါက် သဘောတူမှာ မဟုတ်ပါဘူး အဲဒါတွေက သူမကိုယ်တိုင် ပြောခဲ့တဲ့ စကားတွေပဲဟာ နင်က လိုချင်ရင် နင့်ဘာသာနင် လုပ်လေ သူမကပဲ စပြောပေးရဦးမှာလား။ လုံးဝ မဖြစ်နိုင်တာ။
သူတို့၏ နှုတ်ခမ်းများ ခွာလိုက်ပြီးနောက် ချူနင်သည် ရှက်သွေးဖြန်းကာ သူ့ကို စိုက်ကြည့်နေသော ရဲ့ချန်းလျန်ကို ငုံ့ကြည့်လိုက်သည်။ သူတို့၏ ကျင့်စဉ်အဆင့်တွေက အထင်အရှားပါပဲ။
အလင်းရောင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမကြီးပါ မြင်နိုင်စွမ်း ရှိနေတာပဲလေ။ သူ့ဇနီးသည်လည်း ဒါကိုစိတ်ထဲက သိနေမှာပါ ဒါပေမဲ့ သူမက ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး အလွယ်တကူ ရနိုင်တဲ့သူ မဟုတ်ဘူးဆိုတာကို ပြချင်လို့ မီးပိတ်ခိုင်းတာပဲ ဖြစ်မည်။
တကယ်တော့ အဲဒီလိုလုပ်ဖို့ မလိုပါဘူး။ သူ့အမြင်အရဆိုလျှင် အရာအားလုံးက အသေးစိတ် မြင်နေရတာပဲ။ ဒီလို အခြေအနေမျိုးမှာ ရှိနေတဲ့ ရဲ့ချန်းလျန်က အရမ်းကို လှပလွန်းလှသည်။ အထူးသဖြင့် နီမြန်းနေတဲ့ သူမရဲ့ မျက်နှာလေးနဲ့ အတင်းအကျပ် လုပ်ခံရသလိုဖော်ပြချက်မျိုးက လူကို ပိုပြီး ဂနာမငြိမ် ဖြစ်စေသည်။
"နင့်ရဲ့ ကျင့်စဉ်က ပိုမြင့်နေလို့ပဲ" သူမက လက်ရှိ အခြေအနေတွင် သူမ၏ ရပ်တည်ချက်ကို ပြသရန် အလျှော့မပေးဘဲ ပြောလိုက်သည်။
ချူနင် ရယ်မောလိုက်ပြီး အလွန်အကျွံ ထပ်မလုပ်တော့ဘဲ ရဲ့ချန်းလျန်ကို ရင်ခွင်ထဲတွင် ဖက်ထားလိုက်ရုံသာ ပြုတော့သည်။
ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ့်ကျင့်စဉ်က မြင့်တယ် ပြီးတော့ မင်းက အတင်းအကျပ် လုပ်ခံရတာပေါ့။
ငါ့ကျင့်စဉ်က နင့်ထက် သာသွားတဲ့နေ့ကျရင် နင့်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်။
ကောင်းပါပြီ အဲဒီနေ့က သေချာပေါက် ရောက်လာမှာပါ အခုတော့ ညဉ့်နက်နေပြီ စောစော အနားယူကြရအောင်။
"ဟွန့်"
ရဲ့ချန်းလျန်က နှုတ်ခမ်းစူလိုက်ပြီး မတတ်သာသလိုနှင့် ချူနင့်ကို ပြန်လည် ဖက်လိုက်သည်။
"လျှောက်မလှုပ်နဲ့နော် ညလယ်ခေါင်မှာ ငါ့ကလေးကို ထိခိုက်အောင် လုပ်ရင်"
"ကောင်းပါပြီ အိပ်တော့"
ထိုအခါမှသာ သူမ မျက်လုံးမှိတ်လိုက်ပြီး စိတ်ထဲတွင် ကျေနပ်သွားတော့သည်။ ဒီလူယုတ်မာကို ဖက်ထားရတာက ဘယ်လို အဝတ်အစားမျိုး ဝတ်ထားတာထက်မဆို ပိုပြီး နွေးထွေးသည်။
ယောင်္ကျားတွေရဲ့ ခန္ဓာကိုယ်က အမြဲတမ်း ဒီလိုပဲ နွေးနေတာလား သူက ရွေ့လျားနေတဲ့ အပူပေးစက်ကြီးအတိုင်းပဲ။
သို့သော်လည်း သူမ၏ မင်္ဂလာဆောင်မတိုင်ခင် စိုးရိမ်စိတ်နှင့် ကိုယ်ဝန်ဆောင် စိုးရိမ်စိတ်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ချူနင်နှင့်အတူ ရှိနေလျှင် တခြားဘာကိုမှ ထည့်စဉ်းစားနေစရာ မလိုဘူးဟု ခံစားရသည်။ ထို့နောက် သူမသည် ကျေနပ်စွာဖြင့် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ မနက်တွင် သူမ မျက်လုံးဖွင့်လိုက်သည့်အခါ ပတ်ဝန်းကျင်မှာ မှောင်နေဆဲပင်။ ရဲ့ချန်းလျန် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ထရန် ပြင်လိုက်သည်။
"ညီလာခံတက်ဖို့ အချိန်ရောက်ပြန်ပြီ"
သူမသည် ခုတင်အနားတွင် ထိုင်ကာ အိပ်ချင်မူးတူး ဖြစ်နေသော ခေါင်းကို ခါယမ်းရင်း ဘေးနားရှိ ချူနင့်ကို ပုတ်လိုက်သည်။ သူလည်း ချက်ချင်း နိုးလာသည်။
"ဘာဖြစ်လို့လဲ"
မြန်မြန်ထပြီး မနက်စာ လုပ်ပေးဦး မကြာခင် ညီလာခံ သွားရတော့မယ် စားပြီးရင် အတူတူသွားကြမယ်လေ။
အခု ညီလာခံ မရှိတော့ဘူးလေမင်္ဂလာပွဲ မတိုင်ခင်နဲ့ ပြီးနောက် လဝက်လောက်အထိ ညီလာခံ တက်စရာ မလိုဘူး။ အခု နန်းတွင်းက ကိစ္စအားလုံးက ကိုယ်တို့ရဲ့ မင်္ဂလာပွဲကြီးအတွက် ပြင်ဆင်နေကြတာ ဘယ်လို နိုင်ငံရေး ကိစ္စတွေ ပြောစရာရှိဦးမှာလဲ။
ရဲ့ချန်းလျန် ခဏမျှ မှင်တက်သွားပြီး သေချာ ပြန်စဉ်းစားကြည့်လိုက်သည်။ ချူနင်က ပြုံးလျက် ရဲ့ချန်းလျန်၏ ဆံပင်ကို ဖွလိုက်သည်။
"ထပ်မေ့ပြန်ပြီလား"
ဒါပေမဲ့ မင်း ဗိုက်ဆာရင်တော့ ကိုယ် အရင်ဆုံး တစ်ခုခု လုပ်ပေးရမလား။
ရဲ့ချန်းလျန်က နှုတ်ခမ်းစူကာ စောင်ထဲ ပြန်တိုးဝင်သွားသည်။ သူမ၏မှတ်ဉာဏ်က အခုတလော တကယ်ပင် မကောင်းလှပါချေ။ တစ်ခုခုလုပ်လျှင် စိတ်တွေက အရမ်းလေးလံနေသလို ခံစားရပြီး အဲဒါက ပုံမှန်လို ဖြစ်နေသည်။ သူမ ကိုယ်ဝန်ရကတည်းက ဒီလို အခြေအနေမျိုး ဖြစ်နေတာ။
"ဒါဆို မစားတော့ဘူး ခဏလောက် ထပ်အိပ်ဦးမယ်"
ထိုစကားကို ကြားသော် ချူနင်လည်း မထသေးဘဲ ဘေးနားက အမျိုးသမီးကို ဖက်ထားဆဲပင်။
နှာခေါင်းထဲသို့ တိုးဝင်လာသော သူမ၏ ရနံ့က သူ၏ စိတ်ကို အမြဲတမ်း ဂနာမငြိမ်ဖြစ်စေသည်။ သူ ဘယ်လိုအောင့်ထားနိုင်သလဲဆိုတာ ချူနင်ကိုယ်တိုင်လည်း မသိပါချေ။
ပုံမှန်ဆိုလျှင်တော့ သူ ဘယ်လိုလုပ် ဒီအတိုင်း လွှတ်ထားမှာလဲ။ ဒါပေမဲ့ အခုတော့ သူ၏ စိတ်အခြေအ နေက ထူးထူးခြားခြား တည်ငြိမ်နေပြီး အလွန်ပင် ကျေနပ်အားရနေသည်။
"နင့်ရဲ့ ပုန်းကွယ်နေတဲ့ လက်နက်ကို သိမ်းလိုက်စမ်း"
နုံးချိနေသော ရဲ့ချန်းလျန်က ချူနင့်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။
ချူနင် ခေါင်းလှည့်ကာ နိုးခါစအိပ်ချင်မူးတူး ဖြစ်နေဆဲ ရဲ့ချန်းလျန်ကို ကြည့်လိုက်သည်။ ဒါက ပုန်းကွယ်နေတဲ့ လက်နက်လား မဟုတ်ဘူးလားဆိုတာ မင်းစိတ်ထဲက မသိဘူးလား။
"အဲဒါကို သိမ်းဖို့ နည်းလမ်းတော့ ရှိပါတယ်"
"ပါးစပ်ပိတ်ထား ငါမကြားချင်ဘူး"
သူမလည်း အဲဒီအရာအကြောင်း မသိဘဲ မနေပါဘူး။ ဧကရီတစ်ပါးအနေနှင့် အဲဒီလိုကိစ္စတွေကို နားလည်ထားရမည် မဟုတ်လား။ ဝက်သား မစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင်ဖူးတာပဲလေ။
အကယ်၍ နင်သာ အဲဒီကိစ္စကို ငါ့ကိုကူခိုင်းဖို့ ပြောရဲရင် ငါ အဲဒါကိုချိုးပစ်မယ်။
အဲ... လူတွေရဲ့ စိတ်ထားက အရင်လို မဟုတ်တော့ပါလား။
ချူနင်က နောင်တရသလို သက်ပြင်းချလိုက်သည်။ သူ့ဇနီးသည်က ဒါကိုနားလည်နေသဖြင့် သူမကို လှည့်စားရန် ခက်ခဲလှသည်။ သူက ဒါဟာ ဓားလေ့ကျင့်ဖို့အတွက်ပါဆိုပြီး အကြောင်းပြချက်တောင် စဉ်းစားထားပြီးသားလေ။
ဒါပေမဲ့ ရဲ့ချန်းလျန်ကတော့ သေချာပေါက် အလိမ်မခံပါဘူး။ ချူနင် အဲဒီစကား ပြောလိုက်ကတည်းက ရဲ့ချန်းလျန်က ချူနင် ဘာတွေးနေသလဲဆိုတာ သိနေပြီးသားပါ။
ချူနင် အရေးနိမ့်သွားတာကို မြင်ရသဖြင့် ရဲ့ချန်းလျန် အနည်းငယ် ပျော်သွားသည်။ ချူနင်တောင်မှ သူမရဲ့ စကားတွေရှေ့မှာ ဆွံ့အသွားရတယ် မဟုတ်လား။
နင့်ဘာသာနင်ပဲ ဖြေရှင်းလိုက်တော့။
သူမကို ကူခိုင်းချင်သေးတာလား။
လုံးဝ မဖြစ်နိုင်တာ။
သူမသည် ချူနင်၏ ရင်ခွင်ပေါ်တွင် လှဲလျောင်းနေပြီး မကြာခင်မှာပင် ပြန်၍ အိပ်ချင်လာပြန်သည်။
"ဒီနေ့ ညီလာခံ မရှိတာ သေချာတယ်နော်"
"အင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါ"
"အင်း ဒါဆို ငါ နိုးလာတဲ့အထိ နင်မသွားနဲ့ဦးနော်"
မဟုတ်လျှင် ဖက်အိပ်စရာ တစ်ခုခုမရှိဘဲ သူမ ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ပါဘူး။
"နောက်ထပ် နှစ်ရက်ပဲ ဒီနေ့နဲ့ မနက်ဖြန်အရမ်း မြန်တာပဲ"
သူမ တိုးတိုးလေး ရေရွတ်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြန်လည် အိပ်ပျော်သွားတော့သည်။
မင်္ဂလာပွဲကြီးက နီးကပ်လာပြီ ဖြစ်သည်။