အခန်း ၈၆ မင်္ဂလာပွဲမတိုင်မီ
နန်းတွင်းရှိ ဝန်ကြီးဌာန ခြောက်ခုသည် တာ့ကျိုးအင်ပါယာ၏ အရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် အလွန်ပင် ထိရောက်မြန်ဆန်လှသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူတို့အတွက် ခဲယဉ်းသော ကိစ္စမဟုတ်သောကြောင့် ဖြစ်သည်။ ဧကရာဇ်မင်းမြတ်သည်လည်း အရင်းအမြစ်များ စီမံခန့်ခွဲမှုကို ဂရုမစိုက်လှပါချေ။
အရှင်မသည် အစီအစဉ်များကို လျင်မြန်စွာ ချမှတ်ပေးခဲ့သည်။ ထို့နောက်တွင်တော့ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာဝန်ကြီးဌာနနှင့် နန်းတွင်းမိသားစုစုတို့ ပူးပေါင်းကာ ခမ်းနားထည်ဝါသော မင်္ဂလာပွဲကြီးအတွက် အားသွန်ခွန်စိုက် ပြင်ဆင်ကြတော့သည်။
မင်္ဂလာပွဲအတွက် သတ်မှတ်ချက်များကို အသေးစိတ် စီစဉ်ထားပြီး နန်းတော်ကြီးတစ်ခုလုံးမှာလည်း တစ်ဖန် ပြန်လည် ဆန်းသစ်လာတော့သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနအတွင်းရှိ အရာရှိတစ်စုမှာတော့ အလုပ်များ အလွန်းများနေကြသည်။
စည်းမျဉ်းတွေအရဆိုရင် အရှင်မရဲ့ ဘေးမှာရှိတဲ့ အခြွေအရံ အရေအတွက်က ခမ်းနားမှုကို ပြသနိုင်ဖို့အတွက် အကန့်အသတ်တစ်ခုအထိ ရှိရမယ်။
ဒါပေမဲ့ အရှင်မရဲ့ ဘေးမှာက မိန်းမစိုးအရာရှိ တစ်ယောက်ပဲ ရှိတာဆိုတော့ နန်းတွင်းအပျိုတော် အချို့ကိုလည်း အတူလိုက်ပါဖို့ စီစဉ်ရမယ်
ဧကရာဇ်က တာ့ချန်းအင်ပါယာက မဟုတ်ပုံပဲ တခြား အင်ပါယာတွေရဲ့နန်းတင်ပွဲ ထုံးတမ်းတွေအရဆိုရင် အရှင်ရဲ့မိသားစုဝင်တွေက အတူ လိုက်ပါရမှာ ဒါပေမဲ့ အခုတော့ ဘယ်သူမှ မရှိဘူး။
အရင် ဧကရာဇ်ဟောင်းနဲ့ မယ်တော်ကြီးတို့အတွက် ဘိုးဘွားစဉ်ဆက်နတ်ကွန်းနဲ့ ဧကရာဇ် ဂူဗိမာန်တွေကို အကြောင်းကြားရမယ်။
လူအင်အား အစီအစဉ်တွေက ဘယ်လိုလဲ လမ်းတစ်လျှောက် ဆယ်လှမ်းမှာ တစ်ယောက်နှုန်းနဲ့ နန်းတော်ထဲက မင်္ဂလာပွဲ တိုးတက်မှု အခြေအနေကို အစီရင်ခံရမယ်။ နန်းတော်နဲ့ ဂူဗိမာန်မှာ လုပ်တဲ့ ထုံးတမ်းတွေက တစ်ပြိုင်နက်တည်း ဖြစ်နေရမယ်။
လုပ်အားဌာနက လူတွေ ဘာလုပ်နေကြတာလဲ လူ ရာနဲ့ချီပြီး တစ်နေကုန် အလုပ်ရှုပ်နေတာ ဘာတွေ လုပ်နေကြတာလဲ အရှင်ဝတ်ရမယ့် မင်္ဂလာဝတ်ရုံမှာ ဘယ်လိုဖြစ်ပြီး ပြဿနာရှိနေရတာလဲ။
ဝန်ကြီးမင်းကို တင်ပြပါတယ် အဲဒီနေ့က တာ့ကျိုးအင်ပါယာက လူတွေရောက်လာတဲ့အတွက် သူတို့အပေါ် သက်ရောက်မှု ရှိသွားပုံရပါတယ် ဒါကြောင့် ထုံးတမ်းစဉ်လာ ဝတ်စုံအချို့ စုတ်ပြဲသွားတာပါ။
ငါ့နှယ်နော် ငါ့မှာလည်း ဘာပြဿနာမှ မရှိဘူး နန်းတော်ထဲက ဘယ်သူ့မှာမှလည်း ပြဿနာမရှိဘူး အဲဒီဘက်မှာမှ ပြဿနာဖြစ်ရတယ်လို့ သူတို့ကို သေချာစောင့်ကြည့်ဖို့ လူလွှတ်လိုက်စမ်း မင်္ဂလာပွဲ မတိုင်ခင် သုံးရက်အလိုမှာ အကုန်အချောမသတ်နိုင်ရင် အဲဒီနတ်ဘုရားနယ်မြေက လူတွေကိုပဲ တာဝန်ယူခိုင်းလိုက်မယ်။ အကယ်၍ ဒီမင်္ဂလာပွဲကြီးသာ ပျက်စီးသွားရင် ငါတို့အားလုံး ခေါင်းပြတ်ကုန်ကြလိမ့်မယ် ဘယ်သူမှ ကောင်းကောင်း နေရမှာ မဟုတ်ဘူး။
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါ့မယ်"
နန်းတော်အပြင်ဘက် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လက်အောက်ခံဖြစ်သော ဟုန်းလုကျောင်းတော်သည် ပြည်ပဧည့်သည်တော်များကို လက်ခံတွေ့ဆုံရန် တာဝန်ရှိသည်။
မူလက နိုင်ငံလေးနိုင်ငံကို ဖိတ်ကြားခဲ့သော်လည်း ယခုအခါတာ့ကျိုးအင်ပါယာမှာ လုံးဝ ပျက်စီးသွားပြီဖြစ်သဖြင့် ကျန်ရှိသော သုံးနိုင်ငံမှ စေလွှတ်လိုက်သော သံတမန်များမှာ စောစီးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။
မူလက ထိုသုံးနိုင်ငံသည်လည်း တာ့ကျိုးအင်ပါယာကဲ့သို့ပင် အကြံအစည်များရှိခဲ့ကြသည်။ သို့သော် ယခုအခါ ထိုအကြံအစည်များကို စွန့်လွှတ်လိုက်ကြပြီဖြစ်သည်။
တာ့ကျိုးအင်ပါယာ ပျက်စီးသွားသဖြင့် လူတိုင်းက တာ့ကျိုး၏ စစ်အင်အားနှင့် နယ်မြေများကို သိမ်းပိုက်ရန်သာ စဉ်းစားနေကြတော့သည်။
အင်ပါယာ၏ အပြင်ဘက်တွင်လည်း စစ်မီးများ တောက်လောင်နေပြီး လူတိုင်းက အရင်းအမြစ်များကို ရရှိရန်အတွက် ၎င်း၏ မြို့တော်ကို အမြန်ဆုံး သိမ်းပိုက်လိုကြသည်။
လမ်းတစ်လျှောက်တွင် သူတို့သုံးဦးသည် သက်ဆိုင်ရာ သတင်းအချက်အလက် အများအပြားကို ကြားခဲ့ရပြီး အင်ပါယာအတွင်းရှိ လူများ၏ အစီအစဉ်များကိုလည်း ကြားခဲ့ရသည်။
"ဟို ကျဆုံးအင်ပါယာရဲ့ဧကရာဇ်က မင်းကို တော်တော်လေး စိတ်ဝင်စားနေပုံပဲ"
"ဒါဆိုရင် နင် သွားသတ်လိုက်လေ"
ထားလိုက်ပါတော့ နင့်ဘာသာနင်ပဲ လုပ်ပါ သူက ဧကရာဇ်တစ်ပါးပဲလေ ပြီးတော့ နှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့တဲ့ နိုင်ငံဆိုတော့ ကိုယ် ကြားဝင်မနေတော့ပါဘူး။
ချူနင်က ထိုကဲ့သို့သော ကိစ္စများကို ဂရုမစိုက်ပါ။ အဓိကကတော့ သူထိုလူကို မတွေ့ရသေးခြင်းပင်။ အကယ်၍ တွေ့လို့သာ ထိုလူက စကားတစ်ခွန်းလောက်မှားပြောရဲလျှင် ထိုလူမှာ လောကကြီးထဲက ပျောက်ကွယ်သွားရပေလိမ့်မည်။
အရှင် အဲဒီခွေးဧကရာဇ်က လူကောင်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူက တာ့ချန်းကို စစ်အင်အားနဲ့ ခြိမ်းခြောက်ပြီး အရှင်မကို လက်ထပ်ဖို့ အတင်းအကျပ် လုပ်ခဲ့တာ။
အရှင်မက သူ့မျက်နှာကို ဓားနဲ့ ခုတ်ပစ်လိုက်လို့ ဆက်ဆံရေးတွေ လုံးဝ ပျက်စီးသွားတာပေါ့။ အဲဒီတုန်းက သူ့ဘေးမှာ ကျင့်ကြံသူတွေသာ မရှိရင် အရှင်မက သူ့ကို သတ်ပစ်လိုက်တာ ကြာပါပြီ။
ရှောင်ပင်းက ဒေါသတကြီး ပြောလိုက်သည်။
ဒီနှစ်တွေမှာ သူက ငါတို့အင်ပါယာရဲ့ နယ်မြေတွေကို အမြဲ လာကျူးကျော်နေတာ သူက သေသင့်တဲ့လူပဲ။ အရှင်မ နိုင်ငံတွေကို ဖျက်ဆီးတဲ့အခါ ကျီမိသားစုကို အရင်ဆုံး သတ်ပစ်ရမယ်။ သူတို့ တစ်မျိုးနွယ်လုံးကို သတ်ပြီးရင် သူတို့ ခေါင်းတွေကို နယ်စပ် ကိုးခုမှာ လှည့်ပြရမယ် ဒါမှမဟုတ် သူတို့ နန်းတော်ရဲ့ မြို့ရိုးပေါ်မှာ ချိတ်ထားလိုက်ရင် ပိုကောင်းမယ်။
ထိုစကားကို ကြားသော် ချူနင်က လက်ဝေ့ယမ်းလိုက်ရုံသာ ပြုလုပ်သည်။
အပြင်ကိစ္စတွေက ငါအလုပ် မဟုတ်ပါဘူး။ ချန်းလျန်က သူ့ဘာသာသူ ကိုင်တွယ်လိမ့်မယ်။ ငါကတော့ အေးအေးဆေးဆေး ကလေးထိန်းဖို့ပဲ စောင့်နေမယ်။
ဘယ်လို ရန်ငြိုးမျိုးပဲ ဖြစ်ဖြစ် အကယ်၍ ချူနင်သာ ဖြေရှင်းပေးလိုက်လျှင် ၎င်းမှာ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပါချေ။
ရဲ့ချန်းလျန် ကိုယ်တိုင် လုပ်နိုင်သော ကိစ္စများပြီးတော့ ချူနင်ကို ကြားဝင် မစွက်ဖက်ဖို့ သူမ အပြင်းအထန် တောင်းဆိုထားသော ကိစ္စများတွင် ချူနင်သည် ရဲ့ချန်းလျန်၏ ဆုံးဖြတ်ချက်ကို သေချာပေါက် ရိုသေပေးပါသည်။
"ဒီလူတွေက အရင်တုန်းက မင်္ဂလာပွဲမှာ ပြဿနာ ရှာချင်နေကြတာ"
ရဲ့ချန်းလျန်က ခေါင်းခါလိုက်ပြီး "ဒါပေမဲ့ အခုတော့ သတင်းတွေ ကြားပြီးတဲ့နောက်မှာ သူတို့ အဲဒီလို လုပ်ဖို့ စိတ်ကူးရှိတော့မှာ မဟုတ်ဘူး တာ့ကျိုးရဲ့ နယ်မြေတွေကို ဘယ်လို ခွဲဝေယူရမလဲဆိုတာကိုပဲ စဉ်းစားနေကြမှာ"
ရှောင်ပင်း ထိုစကားကိုကြားတဲ့အခါ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒါဆိုရင် သူတို့က ခေါင်းပဲ ကြည့်ပြီး အမြီးကို မကြည့်ကြတော့ဘူးပေါ့ အကယ်၍ သူတို့ အခု စစ်တပ် စေလွှတ်လိုက်မယ်ဆိုရင် ငါတို့က သူတို့ကို တိုက်ရိုက် ချုံခိုတိုက်လို့ ရတာပေါ့"
ရဲ့ချန်းလျန် အသာအယာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်ပြန်သည်။
"အဲဒါက စိတ်အနှောင့်အယှက် ဖြစ်စရာကြီးပါ အဲဒီလို လုပ်ဖို့ မလိုပါဘူး"
သူမ၏ မျက်လုံးထဲတွင် မင်္ဂလာပွဲကြီးကသာ အရေးအကြီးဆုံးဖြစ်ပြီး ကျန်တဲ့ ကိစ္စတွေကိုတော့ ဖြည်းဖြည်းချင်း ဖြေရှင်းသွားလို့ ရပါသည်။ အရင်ဆုံး သူတို့ကို မုန်တိုင်းမလာခင် ငြိမ်သက်မှုကို ခံစားခွင့် ပေးထားလိုက်ပါဦးမည်။
ရှောင်ပင်း နင်က သတ္တိတွေတော်တော် ကောင်းလာတာပဲ နိုင်ငံတော် ကိစ္စတွေကို ကြားဝင်စွက်ဖက်ရဲတယ်ပေါ့ ဒါကကြီးလေးတဲ့ ပြစ်မှုဆိုတာ နင် သိတယ် မဟုတ်လား။
"ဟဲဟဲ အရှင်က ကျွန်မကို မခြောက်နိုင်ပါဘူး။ ရှောင်ပင်းက ဒီအတိုင်းပြောလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ဒီလူတွေက တကယ်ကို မုန်းစရာ ကောင်းတာပဲလေ အရှင်မမှာတော့ သူမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိမှာပါ"
ချူနင် သက်ပြင်းချလိုက်သည်။
"ဒီလူတွေသာ ပြဿနာတစ်ခုခု ရှာမယ်ဆိုရင် သူတို့ကို ရှင်းပစ်ဖို့ အကြောင်းပြချက် ရှိသွားတာပေါ့။ မဟုတ်ရင်တော့ တကယ်ကို ပျင်းစရာ ကောင်းတယ်။
ရဲ့ချန်းလျန်က သူ့ကို ကြည့်နေသည်ကို သတိပြုမိသဖြင့် ချူနင်က အားနာသလို ပြုံးလိုက်သည်။
"သေချာတာပေါ့ ကိုယ်က ကြားဝင်စွက်ဖက်ဖို့ မရည်ရွယ်ပါဘူး ဒါပေမဲ့ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ကိုယ်ကူညီပေးမယ်လို့ ကိုယ်တို့ သဘောတူထားတာပဲလေ။ မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ် ကူပြီး လျှော့ချပေးချင်ရုံပါ"
ရဲ့ချန်းလျန်က မကျေမနပ် ကြည့်လိုက်သည်။ ငါ့ဗိုက်ထဲက ကလေးကလွဲရင် ငါ့မှာ ဘာဝန်ထုပ်ဝန်ပိုး ရှိလို့လဲ မင်္ဂလာပွဲမတိုင်ခင်မှာ ငါအဆင့်တက်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်သူက ပြဿနာ ရှာရဲမှာလဲ။
နင်က အတွင်းနန်းဆောင်မှာပဲနေပါ ငါ ကလေးမွေးပြီးရင် အင်ပါယာရဲ့ ကိစ္စတွေကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။
ကောင်းပါပြီ ကောင်းပါပြီ စိတ်မဆိုးပါနဲ့ဦး စိတ်တိုရင် ကျန်းမာရေး ထိခိုက်မယ်လေ။ ကြည့်စမ်း မင်းက နည်းနည်းလေး ပြောတာနဲ့တင် စိတ်တိုနေပြီ။
ငါစိတ်မတိုပါဘူး နင်က အရမ်းအစွမ်းထက်တယ်ဆိုတာ ငါသိပါတယ် ဒါပေမဲ့ အရာအားလုံးမှာ နင် ကြားဝင်ဖို့ မလိုဘူးဆိုတာကို ငါအလေးအနက် ပြောနေတာ။
ထိုသို့ မြင်သော် ရှောင်ပင်းလည်း မတတ်သာသလို သက်ပြင်းချလိုက်မိသည်။ အရှင်မမှာလည်း သူမရဲ့ စရိုက်ရှိသလို အရှင်မှာလည်း သူ၏စဉ်းစားချက်တွေရှိသည်။ အမှန်တော့ သူတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် ပိုကောင်းမှာပဲ။ သို့သော် သူမသည် ထိုကဲ့သို့သော ကိစ္စများတွင် ဝင်ရောက် မပြောဆိုရဲပါချေ။
ဒါက အရှင်မနဲ့ အရှင်တို့ နန်းတော်ထဲကနေ ပထမဆုံးအကြိမ် အတူတူအပြင်ထွက်တာ မဟုတ်လားဟင်။
သူတို့ နှစ်ဦးသည် ထိုအကြောင်းအရာကို အမြန်ပင် ကျော်ဖြတ်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် တကယ့် ငြင်းခုံမှု မဟုတ်သဖြင့် ဒီအတိုင်းပြီးသွားကြသည်။ ရဲ့ချန်းလျန်က ချူနင့်ကို မကျေမနပ် ကြည့်လိုက်သည်။
အပြင်က ရှုခင်းတွေကို ကြည့်ဖို့ နန်းတော်ထဲကနေ ခဲခဲယဉ်ယဉ် ထွက်လာတာကို နင်ကတော့ အဲဒီလို စကားတွေ ပြောနေတယ်။
ချူနင်က ရဲ့ချန်းလျန်၏လက်ကို ဆုပ်ကိုင်ကာ ရယ်မောလိုက်သည်။ ဒါဆိုရင် အဲဒီအကြောင်းတွေ မပြောတော့ပါဘူး။ ကိုယ်တို့ လမ်းလျှောက်ကြရအောင် ရှုခင်းတွေ ကြည့်ကြရအောင်။
ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ အဖိုးကြီးတစ်ဦးက ရပ်တန့်သွားပြီး သူတို့ကို သေချာ စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုနှင့် ဝမ်းသာအားရ ဖြစ်မှုများ လင်းလက်သွားပြီး မျက်နှာတစ်ခုလုံး အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
ရဲ့ချန်းလျန် နှုတ်ခမ်းတွန့်လိုက်မိသည်။
"သူ နင့်ကိုလာရှာတာပဲ"
စဉ်းစားနေစရာ မလိုပါဘူး။ ထိုလူက သူမကို လာရှာတာ မဟုတ်တာ သေချာသည်။ လောကတွင် သူမ၏ တကယ့်မျက်နှာကို မြင်ဖူးသူအလွန်နည်းပါးပြီး အခု သူမက အရပ်သားလို ဝတ်ဆင်ထားသဖြင့် ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါ။ ဒီလောက်တောင် အံ့သြနေတဲ့ ပုံစံမျိုးက ချူနင်ကို မဟုတ်ရင် ဘယ်သူ့ကို လာရှာမှာလဲ။
ဘုရားရေ တကယ်ပဲ အရှင်ဖြစ်နေတာလား။
ဒီမှာအရှင့်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိပါဘူး။
ထိုက်ရွှီ နတ်ဘုရားနယ်မြေ၏ ဘိုးဘေးကြီးသည် ချူနင်နှင့် တစ်ကြိမ် တွေ့ဖူးသည်။ ချူနင်က သူတို့ နတ်ဘုရားနယ်မြေကို လာပြီးနဂါးစစ်စစ်တွေ ဘယ်မှာရှိသလဲဆိုတာကို လာမေးခဲ့ဖူးသည်။
ထို့နောက် ချူနင်က အထက်သို့သွားခဲ့ပြီး သူတို့ဆီကိုအသက်ငင်နေတဲ့ နဂါးစစ်စစ်တစ်ကောင်ကို ချန်ထားခဲ့ပေးသဖြင့် ထိုက်ရွှီ နတ်ဘုရားနယ်မြေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့သည်။
ချူနင် ထိုအဖိုးကြီးကို ကြည့်လိုက်သော်လည်း ခဏမျှ မမှတ်မိဖြစ်နေသည်။
"အာ... ခင်ဗျားက"
အဖိုးကြီးမှာ အားနာခြင်းမရှိဘဲ ပြုံးလျက် ရှင်းပြလိုက်သည်။ အရှင်က ကျွန်တော်မျိုးတို့ရဲ့ ထိုက်ရွှီ နတ်ဘုရားနယ်မြေကို တစ်ခါကြွဖူးပါတယ် ပြီးတော့ အထက်ဘုံကို တက်သွားခဲ့တာပါ။ အရှင် မမှတ်မိတာကတော့ သဘာဝကျပါတယ်။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်တို့ နှစ်ဦးစလုံး အနည်းငယ် မှင်တက်သွားသည်။ ထိုက်ရွှီ နတ်ဘုရားနယ်မြေ မဟာနတ်ဘုရားနယ်မြေသုံးခုထဲက တစ်ခုလား သို့သော်လည်း သူတို့ချက်ချင်းပင် ဘာတုံ့ပြန်မှုမှ မရှိတော့ပါ။
ဘာပဲဖြစ်ဖြစ် သူတို့ဘေးနားက နတ်ဘုရားနယ်မြေကိုတောင် ချူနင်က အသာလေး ဖျက်ဆီးခဲ့တာဆိုတော့ ဒါကအံ့သြစရာ မဟုတ်တော့ပါဘူး။
ရဲ့ချန်းလျန်သာ စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ အရင်တုန်းကဆိုရင် ဒီလိုလူမျိုးကို တွေ့ရင် သူမအနေနဲ့ ဘယ်လောက်ပဲ အရိုအသေ ပေးပေး မလုံလောက်ဘူးလို့ ခံစားရမှာပါ။
ဒီလို နတ်ဘုရားနယ်မြေက ဆရာကြီးဆိုတာ ကျင့်စဉ်တွေက ကောင်းကင်တိုင်အောင် မြင့်မားနေမှာလေ။ အခုတော့ ဒီအဖိုးကြီးမြန်မြန် ထွက်သွားရင် ကောင်းမှာပဲလို့ သူမခံစားနေရသည်။ သူက သူမရဲ့ စိတ်အခြေအနေကို လာဖျက်ဆီးနေတာကိုး
ချူနင် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။
ခင်ဗျားက ထိုက်ရွှီ နတ်ဘုရားနယ်မြေက ဘိုးဘေးကြီးလား။
"ဟာဟား ဟုတ်ပါတယ် ဟုတ်ပါတယ်"
ထင်ထားတဲ့အတိုင်းပဲ ရဲ့ချန်းလျန် မအံ့သြပါဘူး။ ဘိုးဘေးကြီး မဟုတ်ရင်လည်း စီနီယာကြီးပေါ့။ သူတို့အားလုံးက နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်ခဲ့တဲ့ ဆရာကြီးတွေပဲလေ။
ဘိုးဘေးကြီးက ပြုံးလျက် ရှင်းပြသည်။ မူလက ကျွန်တော်မျိုးက ခရီးထွက်နေတာပါ အဲဒီမှာတင် မဟာအင်ပါယာငါးခုထဲက တစ်ခုဖြစ်တဲ့ တာ့ချန်းအင်ပါယာမှာ မင်္ဂလာပွဲကြီး ကျင်းပမယ်လို့ ကြားလိုက်တာနဲ့ ပျော်ပွဲရွှင်ပွဲမှာ လာပါဝင်ရင်း ထူးချွန်တဲ့ တပည့်အချို့ကို ရှာပြီး တိုက်ရိုက်တပည့်အဖြစ် လက်ခံလို့ ရမလားလို့ လာကြည့်တာပါ။ အခုလို အရှင့်ကို တွေ့ရမယ်လို့ မမျှော်လင့်ထားပါဘူး။ တကယ်ကို တိုက်ဆိုင်တာပဲ။
"ဒါက အရှင့်ရဲ့ ဇနီးလားခင်ဗျာ"
အဖိုးကြီးသည် သူတို့ နှစ်ဦး လက်တွဲထားသည်ကို သတိပြုမိသဖြင့် ယဉ်ကျေးစွာ မေးလိုက်သည်။
"ဟုတ်တယ်"
ချူနင်က ပြုံးလျက် မင်္ဂလာဆောင် ဖိတ်စာတစ်စောင်ကို အသာအယာ ပစ်ပေးလိုက်သည်။
ဒီလောက်တောင် တိုက်ဆိုင်မှတော့ ဒါကခင်ဗျားအတွက် မင်္ဂလာဖိတ်စာပဲ နောက်နေ့ကျရင် မင်္ဂလာပွဲကို လာခဲ့ဦး။
အဖိုးကြီးသည် ရွှေရောင်ဖိတ်စာကို ယူကာ ခဏမျှ ကြည့်လိုက်ပြီးနောက် မှင်တက်သွားသည်။
"ဒီဖိတ်စာကဧကရာဇ်ရဲ့ မင်္ဂလာပွဲ"
ချူနင် ဝတ်ဆင်ထားခဲ့တဲ့ နဂါးဝတ်ရုံတွေကို ရုတ်တရက် သတိရသွားပြီး ဒီနေ့ မင်္ဂလာပွဲက ဧကရီက ဧကရာဇ်ကို နန်းတင်တဲ့ပွဲဆိုတာကို ပြန်တွေးမိတဲ့အခါ အဖိုးကြီး အလွန်ပင် အံ့သြသွားတော့သည်။
ဒါဆိုရင် ဒါကအရှင့်ရဲ့ မင်္ဂလာပွဲကြီးပေါ့။ ကျွန်တော်မျိုး မကြားမိခဲ့တဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။
နောက်သုံးရက်နေရင် ကျွန်တော်မျိုး သေချာပေါက် လာရောက်ပြီး ပျော်ရွှင်စရာ အငွေ့အသက်တွေကို ခံယူပါ့မယ်။
ပြောပြီးနောက် အဖိုးကြီးသည် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
အရှင့်တို့ရဲ့ ပျော်ရွှင်မှုကို ကျွန်တော်မျိုး အနှောင့်အယှက် မပေးတော့ပါဘူး။
အဖိုးကြီး ထွက်သွားပြီးနောက် သူ့နောက်က လိုက်လာတဲ့ တပည့်အချို့က ထူးဆန်းသော မျက်နှာပေးဖြင့် ကြည့်နေကြသည်။
တာ့ကျိုးလည်းမဟုတ်ဘဲ မဟာအင်ပါယာငါးခု ထဲက တာ့ချန်းအင်ပါယာ သက်သက်ပဲလေ။ သူ့ရဲ့ ထိပ်တန်း ကျင့်ကြံသူတွေကတောင် သူတော်စင်အဆင့်ပဲ ရှိတာကို။ အဲဒီလူက ဘယ်လို နောက်ခံရှိလို့ ဆရာကြီးက ဒီလောက်တောင်...။
ငါ့လိုအဖိုးကြီးက ဆရာကြီးတစ်ယောက်ရဲ့ လုပ်ရပ်ကို ဘယ်လို ဝေဖန်ရဲမှာလဲ မင်းတို့သိထားရမှာက ကိုယ့်ထက် အစွမ်းထက်သူ အမြဲရှိတယ် ကောင်းကင်ထက်မှာလည်း ကောင်းကင် ရှိသေးတယ် ဆိုတာပဲ။ ဒါက ထိုက်ရွှီ နတ်ဘုရားနယ်မြေအတွက် ကံကောင်းခြင်းပဲ။
သို့သော်လည်း ထိုအဖိုးကြီး ရောက်လာခြင်းက သူတို့ရဲ့ စိတ်အခြေအနေကို မဖျက်ဆီးနိုင်ပါချေ။ ချူနင်ကတော့ ဒီနေ့ တကယ်ကို စိတ်ကြည်လင်နေသည်။
အဖိုးကြီးက တမင်လာတာလား မတော်တဆလားဆိုတာ သူ ဂရုမစိုက်ပါ။
ပြန်လမ်းတွင် ချူနင်သည် ရဲ့ချန်းလျန်၏ နားနားတွင် တတွတ်တွတ် ပြောနေတော့သည်။
ဒါဆို မင်္ဂလာဆောင်ပြီးရင် မင်းက ကိုယ့်ကိုခင်ပွန်းလို့ ခေါ်ရတော့မှာပေါ့ ဟုတ်တယ်မလာ။
အရင်ဆုံး နှစ်ခါလောက်ခေါ်ကြည့်ပါဦး ကိုယ် ကြားချင်လို့ပါ။
ဘာလို့ ကိုယ့်ကို စူးစိုက်ကြည့်နေတာလဲ ကိုယ်တို့ကြားမှာ ဒါကသဘာဝကျတဲ့ အရာပဲလေ မင်းအဲဒီလို ခေါ်တာက ဘာမှပြဿနာ မရှိပါဘူး ဟုတ်တယ်မလား။
ရှောင်ပင်းရှိနေလို့ ရှက်နေတာလား ရပါတယ် နန်းတော် ပြန်ရောက်မှ ဖြည်းဖြည်းချင်း ခေါ်ပေါ့။