အခန်း ၈၅ အဲဒီလို အရာမျိုးတွေကို ငါသဘောကျတယ်
"လူယုတ်မာ"
"ကတိမတည်တဲ့သူ"
"အရှက်မရှိတဲ့သူ"
ရဲ့ချန်းလျန်သည် စိတ်ကိုတင်းထားပြီး ဆဲဆိုလိုက်သော်လည်း ချူနင်ကမူ ထိုစကားများကို ကြားရသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားပုံရသည်။
"နောက်တစ်ခု ကျန်သေးတယ်လေ ဥပဒေမဲ့တဲ့သူ ဟဲဟဲ"
ပြောပြောဆိုဆိုနှင့်ပင် သူ၏လက်များက ရဲ့ချန်းလျန်၏ ခါးထက်တွင် ဟိုဒီလျှောက်သွားနေတော့သည်။ ရဲ့ချန်းလျန်မှာ ဒေါသထွက်နေသော မျက်နှာပေးဖြင့် သူမ၏ ကျင့်စဉ်အဆင့်က မမြင့်လှသဖြင့် ချူနင့်ကို အနိုင်ယူရန် မဖြစ်နိုင်ပါချေ။
သူမ ဘာတတ်နိုင်မည်နည်း။ ၎င်းအပြင် သူမ ဆဲဆိုလေလေ သူကပို၍ပင် စိတ်လှုပ်ရှားလာလေလေ ဖြစ်နေသည်။
ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ။ ဒီနေ့ ရှောင်ပင်းလည်း ရှိနေတာလေ။ ရှောင်ပင်းရှေ့မှာ အဲဒီလိုစကားတွေ ပြောလိုက်တာက ချူနင်ရဲ့ အလွန်အကျွံ အပြုအမူတွေကို သူမက ခွင့်ပြုထားပြီးသားပါလို့ ရှောင်ပင်းကို အထင်အရှား ပြောပြနေသလိုပဲ မဟုတ်လား။
ဘာလို့ ခုနက ရှောင်ပင်းကို မတားလိုက်မိတာလဲ။ ရဲ့ချန်းလျန် အနည်းငယ် နောင်တရမိသွားသည်။
သို့သော်လည်း ချူနင်၏ လက်များမှာ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကိုသာ အဆက်မပြတ် ပွတ်သပ်နေပြီး အလွန်အကျွံ မလုပ်သည်ကို သူမ သတိထားမိလိုက်သည်။ ရဲ့ချန်းလျန်၏ စိုးရိမ်နေသော စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။
သူက ဒီလောက်အထိ ရိုးသားနေတာလား။ ရဲ့ချန်းလျန် လုံးဝမယုံပါ မနေ့က အဲဒီလက်ကဘာတွေလုပ်ခဲ့သလဲဆိုတာ သူမ မသိဘဲမနေပါဘူး သူကရှောင်ပင်းကိုတောင် သူမရှေ့မှာတင် တမင်နှင်လွှတ်လိုက်တာလေ။ အဲဒါက ဒီနေ့ တစ်ခုခု လုပ်တော့မယ်လို့ သူမကို အသိပေးနေတာ မဟုတ်ဘူးလား။
ပြီးတော့ ဒီနေ့ သောက်လိုက်တဲ့ ဆေးလုံးက အဲဒီလို ကိစ္စတွေ ဖြစ်မလာအောင်။ သူက ဒီအတိုင်း လွှတ်ပေးလိုက်မှာလား။ ထိုသို့ တွေးမိသည်နှင့် ရဲ့ချန်းလျန်၏ စိတ်မှာ ပြန်လည် တင်းမာလာပြန်သည် မဖြစ်နိုင်တာ။
"မင်းရဲ့ ဝမ်းဗိုက်က ကိုယ်စတွေ့တုန်းကထက် အများကြီး ပိုကြီးလာသလိုပဲ"
"ဒါက သိသာနေတာပဲလေ ငါ့ဝမ်းထဲမှာ ကလေးရှိနေတာကို၊ အဲဒါလည်း နှစ်ယောက်တောင်"
ချူနင် ရယ်မောလိုက်သည်။
"ကိုယ် မကြာခင် အဖေဖြစ်တော့မှာပဲ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ ခုတင်ပေါ် လာခဲ့လေ ကိုယ်သူတို့ကို သေချာ ခံစားကြည့်ချင်လို့"
ရဲ့ချန်းလျန် တုံ့ဆိုင်းသွားသည်။ ချူနင်က ဘာမှလုပ်ဖို့ မရည်ရွယ်တာလား။ သူက ဒီလောက်အထိ စိတ်ကောင်းရှိတာလား။
သူမ တွေးတောနေစဉ်မှာပင် ခုတင်ပေါ်သို့ အပွေ့ခံလိုက်ရပြီး သူမ၏ ဖိနပ်များကိုလည်း ဘေးသို့ အသာအယာ ချွတ်ပစ်လိုက်သည်။
ချူနင်က စိတ်လှုပ်ရှားနေသော မျက်နှာပေးဖြင့် ရဲ့ချန်းလျန်ကို လှဲလျောင်းရန် ကူညီပေးပြီး သူ၏ခေါင်းကို သူမ၏ ဝမ်းဗိုက်ပေါ်သို့ အမြန်ကပ်လိုက်သည်။
"ခုနက ကလေးတွေ လှုပ်တာကို ကိုယ် ခံစားလိုက်ရတယ်"
ဒါကလည်း ချူနင် တစ်ခုခု ထပ်လုပ်ဖို့ ဆုံးဖြတ်ချက်ကို ရုတ်တရက် ပြောင်းလဲလိုက်ရတဲ့ အကြောင်းရင်းဖြစ်သည်။
သူသည် သက်ရှိဝိညာဉ်တစ်ခု၏ အငွေ့အသက်ကို ခံစားလိုက်ရပြီ အသက်သစ်တစ်ခု စတင်ဖြစ်ပေါ်နေပြီလေ ဒါနဲ့ ယှဉ်လိုက်ရင် ရဲ့ချန်းလျန်နဲ့ ရင်းနှီးဖို့က နောက်မှလုပ်လည်း ရပါသည်။
ရဲ့ချန်းလျန်ကတော့ သံသယစိတ်ဖြင့် မယုံတဝက် ယုံတဝက် ဖြစ်နေဆဲ သူမကို အသားယူဖို့ အကြောင်းပြချက် ရှာနေတာလား။ ဒါပေမဲ့ အခုက အရင်လို မဟုတ်တော့ပါဘူး။
အရင်ကဆိုရင် အကြောင်းပြချက် ရှာနေတာ ဖြစ်နိုင်ပေမဲ့ အခုဆိုရင် သူနမ်းလိုက်ရင်တောင် သူမ ဘာပြောနိုင်မှာလဲ။ အလွန်ဆုံးတော့ နောက်မှ ဆဲဆိုရုံပဲ ရှိမှာပေါ့။
ဒါဆို ဒါက တကယ်ပဲလား သူမ စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားပြီး ခံစားကြည့်လိုက်သည်။ တကယ်ပင်။
သူမ၏ ဝမ်းဗိုက်ထဲတွင် ပုံပေါ်နေပြီဖြစ်သော သန္ဓေသားလေးနှစ်ဦးမှာ သတိမထားမိနိုင်လောက်သော လှုပ်ရှားမှုလေးများ လုပ်နေကြသည်။ အခုက ဖွံ့ဖြိုးမှုရဲ့ အရေးကြီးတဲ့ အဆင့်ပဲ ရှိသေးတာလေ။ ဒီလို သေးငယ်တဲ့ လှုပ်ရှားမှုတွေကိုတောင် ခံစားလို့ ရတာလား။
"နင့်ရဲ့ကျင့်စဉ်တွေကို အခုလို ကိစ္စတွေအတွက် သုံးနေတာလား"
ချူနင် ပြုံးလိုက်ပြီး မမောနိုင်မပန်းနိုင် ဆက်လက် ခံစားကြည့်နေသည်။
"အဲဒါက ဘာဖြစ်လို့လဲ ကျင့်စဉ် မြင့်မားတယ်ဆိုတာ နေ့တိုင်း ကမ္ဘာကြီးကို သိမ်းပိုက်ပြီး လူတွေကို လိုက်သတ်နေရမှာလား။ အဲဒါက ဘာအဓိပ္ပာယ် ရှိမှာလဲ။ ဒီလို အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုခုကို လုပ်တာက ပိုကောင်းပါတယ်"
ရဲ့ချန်းလျန် နှုတ်ခမ်းတွန့်လိုက်မိသည်။
"အဲဒါတော့ မှန်ပါတယ် နင့်ရဲ့ကျင့်စဉ်က အရမ်းမြင့်တာပဲလေ ကောင်းကင်ဘုံနဲ့ လောကအပေါင်းမှာ နင့်ကို ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိမှာပါ။ နင့်အတွက်တော့ အဲဒါတွေက အဓိပ္ပာယ်မရှိတာ အမှန်ပဲ"
ချူနင်၏ အမြင်အရဆိုလျှင် အားလုံးက အတူတူပင် ဖြစ်လိမ့်မည်။ ကျင့်စဉ်က ကောင်းကင်တိုင်အောင် မြင့်မားနေသဖြင့် လောကတွင် သူ့ကို ယှဉ်နိုင်သူ မရှိပါချေ။
တခြားသူတွေပေးတဲ့ အကျိုးအမြတ်တွေကို သူ ဂရုစိုက်မှာ မဟုတ်သလို လောကက အားကျရတဲ့ ရှုခင်းတွေကလည်း သူ့မျက်လုံးထဲမှာ ခဏတာ သာယာမှုလေးတွေထက် မပိုပါဘူး။
သို့သော်လည်း သူမနှင့် ဝမ်းထဲက ကလေးတွေနဲ့ ပတ်သက်လာရင်တော့ သူက တစ်ခုခု ရှာတွေ့တိုင်း ကလေးတစ်ယောက်လို ပျော်ရွှင်နေတတ်သည်။ အဖေတွေ အားလုံးက ဒီလိုပဲ အလိုလို ပျော်နေကြတာလား။
ရဲ့ချန်းလျန် စိတ်ထဲတွင် ချူနင့်ကို တိတ်တဆိတ် ကဲ့ရဲ့လိုက်မိသည်။ သူက ဒီလောက်ပဲ တတ်နိုင်တာလား သူမ ခုတင်ပေါ်တွင် လှဲလျောင်းရင်း မျက်လုံးများက ဝေဝါးလာပြီး ဒီလို ဖြစ်နေတာကလည်း မဆိုးပါဘူးဟု ရုတ်တရက် တွေးမိသွားသည်။
ချူနင်၏ လုပ်ရပ်တွေအပေါ် သူမအံ့သြနေဖို့ မလိုပါဘူး ဒါတွေအားလုံးက ချူနင်ကြောင့်တင် မဟုတ်ဘဲ သူမကြောင့်လည်း ပါတာပဲလေ။ အရင်က ချူနင်ရှေ့မှာ သူမဒီလောက်တောင် ငိုခဲ့တာပဲ အခုမှ ချူနင်က အသုံးမကျဘူးလို့ ပြောဖို့ သူမမှာ ဘာအခွင့်အရေး ရှိမှာလဲ။
ပြီးခဲ့တဲ့ ကာလအတွင်းမှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ခဲ့တယ်၊ အံ့သြစရာတွေရော စိုးရိမ်စရာတွေရော ပြီးတော့ စိတ်အေးချမ်းမှုတွေပါ ပါဝင်နေသည်။
ရုတ်တရက်။
ချူနင်သည် သူမ၏ ဝမ်းဗိုက်ပေါ်တွင် ကပ်မနေတော့ဘဲ သူမဘေးမှာ လှဲလျောင်းကာ ရဲ့ချန်းလျန်ကို ဖက်လိုက်သည်။
"ဘာတွေ တွေးနေတာလဲ တစ်ခွန်းမှလည်း မပြောဘူး ကလေးတွေကို စိတ်မဝင်စားတော့ဘူးလား"
ရဲ့ချန်းလျန် ခေါင်းလှည့်ကာ သူ၏ ရင်းနှီးပြီးသား ချောမောသော မျက်နှာကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"နင့်အတွက် ငါက ဒီကလေးတွေကြောင့်ပဲ စိတ်ဝင်စားဖို့ ကောင်းနေတာလား"
ချူနင် မှင်တက်သွားသည်။
"ဟမ် မင်းက အဓိပ္ပာယ်မရှိတာတွေ ထပ်တွေးနေပြန်ပြီလား ကိုယ် ပြောပြီးပြီလေ"
"ရှင်းပြနေစရာ မလိုပါဘူး။နင် ဘာပြောမလဲဆိုတာ ငါ သိပြီးသားပါ"
သူမ နှုတ်ခမ်းဆူကာ ရေရွတ်လိုက်သည်။ "ငါက နည်းနည်းလေးတောင် စောဒက တက်လို့ မရဘူးလား"
ထိုအခါမှ ချူနင် နားလည်သွားသည်။ သူမက စိုးရိမ်စိတ်တွေ ပြန်ဝင်လာတာ မဟုတ်ဘဲ စိတ်ကောက်နေရုံလေးပဲ ထို့ကြောင့် ချူနင်က ရဲ့ချန်းလျန်ဆီ ပိုတိုးကပ်သွားသည်။
"ကလေးတွေက ငါတို့ရဲ့ပတ်သက်မှုအတွက် အရေးကြီးတဲ့ အရာတွေ ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မတော်တဆမှု တစ်ခုပဲဖြစ်နိုင်ပါတယ်"
"ဒါပေမဲ့ ကိုယ်တို့ရဲ့တကယ့် ခံစားချက်တွေကတော့ မတော်တဆ မဟုတ်ပါဘူး အရင်းအမြစ်ရှိပါတယ်။ ကလေးတွေက ကိုယ့်အတွက် အရမ်း အရေးကြီးသလို မင်းကလည်း ကိုယ့်အတွက် အရမ်း အရေးကြီးပါတယ်"
ရဲ့ချန်းလျန်၏ မျက်နှာပေးက မပြောင်းလဲသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် ပျော်သွားသည်။ တခြားသူကို ချစ်ရတာရော တခြားသူရဲ့ အချစ်ကို ခံရတာရောက တကယ့်ကို သာယာတဲ့ ခံစားချက်တွေပဲ မဟုတ်လား။ အခြေအနေက ဒီလို ဖြစ်နေမှတော့ ဒီလူယုတ်မာကို မောင်းထုတ်လို့ မရတော့ဘူး။
သူမ၏ အတွေးများက သန္ဓေသားလေးများဆီ ပြန်ရောက်သွားသည်။
"ကလေးနှစ်ယောက်လုံးက မိန်းကလေးတွေလို့ နင် ပြောတာလား"
"ဟုတ်တယ်လေ မင်းမခံစားမိဘူးလား"
"ငါက သူတို့ရှိနေတာကိုပဲ ခံစားလို့ရတာ သူတို့ရဲ့ အကြောင်း အသေးစိတ်ကိုတော့ မသိနိုင်ဘူး"
ပြောပြီးနောက် ရဲ့ချန်းလျန် သူမ၏ နဖူးကို အသာအယာ ပွတ်ရင်း သက်ပြင်းချလိုက်သည်။
"မိန်းကလေးတွေ ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ သူတို့ကို ပြုစုပျိုးထောင်ရတာက ပိုပြီး ဒုက္ခများလိမ့်မယ်"
အခု ရဲ့မျိုးနွယ်ရဲ့ ဧကရာဇ်သွေးမျိုးဆက်က နည်းနေပြီ။ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကိုးရမယ့် အမျိုးသားတစ်ယောက် အမြဲ ရှိနေရမယ်။
တကယ်လို့ သူတို့က ငါ့လိုစရိုက်မျိုးဆိုရင်တော့ ကောင်းတာပေါ့ ဆက်ခံသူအဖြစ် လေ့ကျင့်ပေးလို့ ရတယ်။ ဒါပေမဲ့ သူတို့ စရိုက်က တခြားစီ ဖြစ်နေရင်တော့ မင်းသမီးတွေပဲဖြစ်လာမှာပဲ.ပြီးရင် တခြားဆီကို လက်ထပ်သွားရဦးမယ်။
"ချန်းလျန် ယောက်ျားလေးကို ပိုတန်ဖိုးထားပြီး မိန်းကလေးကို နှိမ့်ချတဲ့ အယူအဆက လက်ခံနိုင်စရာ မရှိပါဘူး သမီးလေးတွေက မကောင်းလို့လား"
"သမီးလေးတွေ မကောင်းဘူးလို့ ငါမပြောပါဘူး ယောက်ျားလေးဆိုရင် ပိုကောင်းမယ်လို့ပဲ ပြောတာပါ"
ချူနင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ရဲ့ချန်းလျန် သတိထားမိလိုက်သည့်အခါ စိတ်ပျက်သလို ကြည့်လိုက်သည်။ ချူနင် ဘာပြောမလဲဆိုတာ သူမ သေချာပေါက် သိနေတာကိုး။
"ယောက်ျားလေးတွေက ပိုပြီးအားကိုးရတယ်လို့ ငါ ခံစားရလို့ပါ။ နင်ပြောသလိုပဲ သူတို့ကို နယ်မြေတွေ ခွဲပေးပြီး ဘုရင်အဖြစ် အုပ်ချုပ်ခိုင်းလို့ ရတယ်။ မိန်းကလေးတွေ ဆိုရင်တော့ ငါ့လိုဖြစ်သွားမှာကို စိုးရိမ်လို့"
အရင်တုန်းက သူမဟာ ဘယ်လောက်တောင် ရည်မှန်းချက်ကြီးမားပြီး စိတ်ဓာတ် ခိုင်မာခဲ့သလဲ လောကကြီးကို စည်းလုံးအောင် လုပ်ဖို့စိတ်ပိုင်းဖြတ်ထားခဲ့တာလေ။
ဒါပေမဲ့ နက်နဲတဲ့ လူတစ်ယောက်က တဖြည်းဖြည်းနဲ့ ဖျောင်းဖျရင်း နောက်ဆုံးတော့ သူမရဲ့ နဂါးခုတင်ပေါ် ရောက်လာခဲ့တာပဲ။
တကယ်လို့ သမီးလေးတွေသာဆိုရင် ဒီလိုကိစ္စတွေ ကြုံရနိုင်တယ်။ အကယ်၍ ချူနင်လို စရိုက်မျိုးနဲ့ တွေ့ရင်တော့ တော်သေးတာပေါ့။ ဒါပေမဲ့ စရိုက်မကောင်းတဲ့သူ စိတ်ရောကိုယ်ပါ လှည့်စားပြီးမှ ထားသွားမယ့်သူနဲ့ တွေ့ရင်ကော ထိုသို့ တွေးမိသည်နှင့် ရဲ့ချန်းလျန် အနည်းငယ် စိုးရိမ်သွားသည်။
ချူနင် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သည်။
"အို မင်း အဲဒီလို ကိစ္စတွေအတွက် စိုးရိမ်စရာ မလိုပါဘူး ကိုယ် ရှိတာပဲ"
သူ့သမီးလေးတွေ မမွေးသေးသော်လည်း အနာဂတ် သမက်လောင်းတွေ အကြောင်း စဉ်းစားဖို့ကတော့ ပြဿနာ မဟုတ်ပါဘူး။
"ပထမဆုံးအနေနဲ့ သူတို့ရဲ့အစွမ်းက အနည်းဆုံး ကိုယ့်ကို ကျော်နိုင်ရမှာပေါ့ ဟုတ်တယ်မလား"
ရဲ့ချန်းလျန် နှုတ်ခမ်း တွန့်သွားသည်။
"မိသားစု နောက်ခံကတော့ အနည်းဆုံး အထက်ဘုံ က ဝိညာဉ်လမ်းစဉ်ဆယ်ခုနဲ့ ယှဉ်နိုင်ရမယ်"
သူမ ခဏရပ်လိုက်ပြီး စကားပြောချင်သွားသည်။ ပထမဆုံး အချက်ကိုတောင် ဘယ်သူမှ ပြည့်မီနိုင်မှာ မဟုတ်ဘူးလေ ဒါဆို သူနောက်က ပြောတာတွေက ဘာမှ အဓိပ္ပာယ် မရှိတော့ဘူးပေါ့။
သို့သော် ချူနင်က ပြုံးလျက် ဆက်ပြောသည်။ "ပြီးတော့ ငါတို့သမီးလေးတွေအပေါ် ကောင်းရမယ် သစ္စာရှိရမယ် ခြေရှုပ်တဲ့သူ မဖြစ်ရဘူး"
"နောက်ပြီး ရုပ်ရည်ကလည်း ကိုယ့်ထက် ပိုချောရမယ် မဟုတ်ရင် ငါတို့သမီးလေးတွေက သူတို့ကို ကြည့်မှာတောင် မဟုတ်ဘူး"
သူ ပြောလေလေပိုပြီး အဝေးကြီး ရောက်သွားလေလေ ဖြစ်နေသည် ရဲ့ချန်းလျန် နှုတ်ခမ်းတွေ မတွန့်ဘဲ မနေနိုင်တော့ပါချေ။
"နင် တကယ် အဲဒီလိုပြောရင် ဘယ်နှစ်ယောက်ကများ သူတို့ရဲ့ခင်ပွန်း ဖြစ်နိုင်မှာလဲ"
"ဒါဆိုရင်လည်း မရှာနဲ့တော့ပေါ့ သမီးလေးတွေကို ငါတို့ဘေးမှာပဲ ထားရတာ မကောင်းဘူးလား။ ကိုယ်ကတော့ ဒီအချက်တွေ ပြည့်စုံမှပဲ လာတောင်းဆိုဖို့ အရည်အချင်း ရှိမယ်လို့ ထင်တယ်။ မဟုတ်ရင်တော့ ထားလိုက်တော့"
"အင်း ဒါဆိုရင် သူတို့ ချစ်တဲ့သူတွေကိုလည်း နင်ကပဲ ကြားထဲက ဖြတ်ပစ်တော့မှာပေါ့"
ချူနင် နှုတ်ခမ်းတွန့်လိုက်သည်။
"တခြားသူတွေရဲ့ သမီးတွေကိုတော့ ကိုယ်ဂရုမစိုက်ဘူး ဒါပေမဲ့ ကိုယ့်သမီးတွေကိုတော့ ကိုယ် သေချာပေါက် ဂရုစိုက်ရမှာပေါ့။ ဘယ်က ကောင်စုတ်လေးက ငါတို့ရဲ့သမက် ဖြစ်ခွင့်ရှိမှာလဲ။ အိပ်မက်တောင် မမက်နဲ့"
ရဲ့ချန်းလျန် မတတ်သာသလို သက်ပြင်းချလိုက်မိသော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"နင်ထင်လား ငါ့ရဲ့ခမည်းတော်နဲ့ မယ်တော်တို့လည်း အဲဒီတုန်းက ဒီလိုပဲတွေးခဲ့ကြမှာလား"
ချူနင် ပြုံးလိုက်ပြီး ရဲ့ချန်းလျန်၏ လက်ကို ပိုတင်းတင်း ဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"အကယ်၍ ကိုယ့်ရဲ့ယောက္ခမကြီးတွေသာ အခု မင်းကိုမြင်ရင် သေချာပေါက် အရမ်း ပျော်နေကြမှာပါ"
ရဲ့ချန်းလျန်၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။ သူမ စဉ်းစားကြည့်တော့လည်း ဟုတ်နေသလိုပဲ။ ဘာပဲဖြစ်ဖြစ် သူက ချောမောပြီး အရည်အချင်းရှိတာပဲလေ သူမရဲ့ ခမည်းတော်နဲ့ မယ်တော်တို့ ရှိနေရင်တောင် အပြစ်ရှာစရာ ရှိမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူမရဲ့ ခမည်းတော်ကတော့ ချူနင့်ကို သေချာပေါက် ကြည့်ရမှာ မဟုတ်ဘူး။
သမက် ဘယ်လောက်ပဲကောင်းကောင်း ယောက္ခမကတော့ သဘောကျမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့သမီးကိုလာခေါ်သွားတာကိုး။ ဒါပေမဲ့ သူမရဲ့ မယ်တော်ကတော့ သေချာပေါက် သူ့ကို သဘောကျပြီး ကောင်းတဲ့ စကားလေးတွေ ကူပြောပေးမှာပါ။
သူမရဲ့ နောက်ခံကြောင့် ရဲ့ချန်းလျန် အဲဒီ အခြေအနေကို ကြုံတွေ့ရမှာ မဟုတ်ပေမဲ့ တွေးကြည့်ရုံနဲ့တင် အဲဒီလို ဖြစ်ရမယ်လို့ သူမခံစားရသည်။ ထိုသို့ တွေးမိရင်း ရဲ့ချန်းလျန်သည် မျက်နှာလေး နီမြန်းလျက် ချူနင့်ကို ပြန်လည် ဖက်လိုက်သည်။
"သူတို့ သေချာပေါက် ပျော်မှာပါ"
ချူနင်မှင်တက်သွားပြီးမှ ပြုံးကာ ရဲ့ချန်းလျန်ကို နမ်းလိုက်သည်။ သူမ၏ ခုနက စိတ်လှုပ်ရှားနေသော ခံစားချက်လေးမှာ ချက်ချင်းပင် ပျက်စီးသွားရတော့သည်။
ဟွန့် သူက နမ်းဖို့ အကြောင်းပြချက် ရှာနေတာပဲ။
"ငါ အိပ်ချင်ပြီ"
ချူနင်သည် အနီးနားရှိ ဖယောင်းတိုင်အချို့ကို အသာအယာ ငြှိမ်းသတ်လိုက်သည်။
"အိပ်ချင်ရင် အနားယူလိုက်တော့ မင်းရဲ့ ခင်ပွန်းက ဒီမှာ အတူရှိနေပေးမယ်"
ရဲ့ချန်းလျန်ကတော့ နင့်အခန်း နင်ပြန်အိပ်ပါလားလို့ ပြောချင်သော်လည်း အဲဒီအချိန်မှာ ပြောဖို့ ခက်နေသည်။ သူ့ရင်ခွင်ထဲမှာ အိပ်ရတာကလည်း တကယ်ကို လုံခြုံမှု ရှိစေတာကိုး။
ချူနင်က ဒီလောက်တောင် အရှက်မရှိ ဖြစ်နေမှတော့ နောက်ပိုင်း သူ့ကိုသူမရဲ့ နန်းဆောင်ကို ပြောင်းလာခိုင်းတာကလည်း ဘာမှ ဒုက္ခမများတော့ပါဘူး။ သူမကိုယ်တိုင် စပြောနေစရာလည်း မလိုတော့ဘူးလေ။
အိပ်တော့မည့်အချိန်ကျမှ သူမ၏ အဝတ်အစားတွေ မချွတ်ရသေးတာကို ရုတ်တရက် သတိရလိုက်သည် သူမရဲ့ နဂါးဝတ်ရုံကြီးက ရှိနေတုန်းပဲ ချူနင်လည်း ရုတ်တရက် သတိပြုမိသွားသည်။
"မင်းကို ဖက်ထားရတာ ဘာလို့ မသက်သာတာလဲလို့ ဘာလို့ နဂါးဝတ်ရုံကြီးဝတ်ပြီး အိပ်တာလဲ"
ပြောပြောဆိုဆိုနှင့်ပင် သူက ရဲ့ချန်းလျန်ကို ထိုင်ခိုင်းပြီး အပေါ်ဝတ်ရုံကို ချွတ်ပေးလိုက်သည်။ ရဲ့ချန်းလျန်မှာ မျက်နှာလေး နီမြန်းလျက် သူလုပ်သမျှကို ခွင့်ပြုထားလိုက်သည်။ သူ အကုန်လုပ်ပြီးရင် ထပ်ပြီး အနမ်းခံရဦးမှာပဲလို့ သူမ ခံစားနေရသည်။
သို့သော်လည်း သူမ၏ အတွင်းဝတ်လေးတွေသာ ကျန်တော့သည်အထိ ချွတ်ပေးပြီးသည့်တိုင်အောင် ချူနင်က ဘာမှ ထပ်မလုပ်ပါဘူး။ သူ၏ အပေါ်ဝတ်ရုံကိုလည်း ချွတ်လိုက်ပြီး သူမကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်ရုံသာ။
"ကောင်းကောင်း အိပ်စက်ပါဦး"
ထို့နောက် သူတို့ နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ဖက်လျက် အိပ်ပျော်သွားကြတော့သည်။ သို့သော် ရဲ့ချန်းလျန်မှာတော့ အချိန်အတော်ကြာအောင် အိပ်မပျော်နိုင်ဘဲ ရှိနေသည်။
ချူနင် ဘာမှမလုပ်ဘူးဆိုတာကို သိလိုက်ရတဲ့အခါ သူမ၏ စိတ်ထဲမှာ တကယ်ပင် ထိခိုက်သွားရပြီး သူ့အပေါ်ထားတဲ့ သူမရဲ့အချစ်ကို မထိန်းချုပ်နိုင်တော့ပါဘူး အရမ်းကိုနက်ရှိုင်းတဲ့ အချစ်တစ်ခုပေါ့။