အခန်း ၈၄ ရှောင်ပင်း ပြန်လာပြီပဲ
ဒေါက် ဒေါက် ဒေါက်
"အရှင်မ ရှောင်ပင်း ပြန်ရောက်ပါပြီ အရှင်မ နန်းဆောင်ထဲမှာ ရှိနေတာလားဟင်"
ရှောင်ပင်း တံခါးခေါက်လိုက်သဖြင့် မျက်နှာလေး နီမြန်းကာ စိတ်မအေးသေးသော ရဲ့ချန်းလျန်သည် သူမ၏ ပုံစံကို ရှောင်ပင်း မြင်သွားမှာ စိုးသောကြောင့် အထဲသို့ ပေးမဝင်ရဲပါချေ။
"ရှောင်ပင်း နင်နန်းဆောင်ကို အရင်ပြန်ပြီး အိပ်ဆောင်တွေကို သွားပြင်ဆင်ထားလိုက်တော့"
"ဟုတ်ကဲ့ပါ အရှင်မ ကျွန်မမျိုးမ အခုပဲ သွားလိုက်ပါ့မယ်"
ဤအချိန်တွင် ချူနင်က ရဲ့ချန်းလျန်ကို ဖက်ထားဆဲဖြစ်ပြီး သူမ၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်ကာ မနေနိုင်ဘဲ နမ်းလိုက်ပြန်သည်။
"ကိုယ် စဉ်းစားမိတာကတော့ အဲဒီကျင့်စဉ်ကို နောက်မှ ပေးတာ ပိုကောင်းမလားလို့။ ဥပမာ- အရင်ဆုံး ဆေးလုံးတိုက်မယ် ပြီးရင် မင်းကိုစားပစ်မယ် အဲဒီနောက်မှ အဲဒီကျင့်စဉ်ကို ပေးမယ်"
ချူနင်က ပြုံးလျက် ပြောလိုက်သည်။ မဟုတ်ရင် မင်းက အခုလိုမျိုးဖြစ်နေတော့ ကိုယ်က လက်လှုပ်ရှားရတာ ခက်နေတာပေါ့ ကိုယ့်ဇနီးရဲ့ စိတ်ခံစားချက်ကိုလည်း ငဲ့ရဦးမယ်လေ။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်က နှာခေါင်းရှုံ့ကာ ချူနင့်ကို စူးစိုက်ကြည့်လိုက်သည်။
"ဒါဆိုရင် အခုရှင်စိတ်ပျက်သွားပြီပေါ့ ငါ့ရဲ့ ခန္ဓာကိုယ်ကို ငါထိန်းချုပ်နိုင်နေပြီလေ"
"ဒါကြောင့် ဘာမှလာမကြံစည်နဲ့တော့"
"အင်း ဒါပေမဲ့ အဲဒီဆေးလုံးက အဲဒီလို ကိစ္စတစ်ခုတည်းအတွက် မဟုတ်ပါဘူး မင်းရဲ့ခန္ဓာကိုယ်အတွက်လည်း တကယ်အကျိုးရှိတာပါ နောက်ပိုင်း ကျင့်ကြံတဲ့အခါကျရင် သူ့ရဲ့အစွမ်းတွေကို မင်း တဖြည်းဖြည်း သိလာပါလိမ့်မယ်"
"ဒါ့အပြင် အဲဒီလို ကိစ္စတွေကို အခုချက်ချင်း လုပ်ရမယ်လို့လည်း မဆိုလိုပါဘူး။ နောက်ပိုင်းကျရင် အခွင့်အရေးတွေ အများကြီး ရှိနေတာပဲ မဟုတ်လား"
"အခုလောလောဆယ်တော့ အကြိမ်အနည်းငယ်လောက် နမ်းရတာကလည်း တော်တော်လေး အရသာရှိပါတယ်"
သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် အနမ်းခံလိုက်ရပြန်သည်။
ဒီတစ်ခါတော့ သူမ၏ စိတ်တွေ တကယ်ပင် ဝေဝါးသွားရတော့သည်။ ဒီမနက်တင် သူတို့ ဘယ်နှစ်ကြိမ်တောင် နမ်းပြီးကြပြီလဲ။
ငါ့ရဲ့တံတွေးတွေအကုန် နင်ပဲယူသွားတာ နင်ကလည်း မရွံဘူးလား။
ရဲ့ချန်းလျန် ထိုသို့ တွေးမိသည့်အခါ ကြက်သီးပင် ထမိသည်။ သို့သော် အခြေအနေက ဤသို့ ဖြစ်နေမှတော့ နောက်ဆုံးအဆင့်အထိ ရောက်သွားကြလျှင် သူက အခွင့်အရေးရတိုင်း နေ့တိုင်း နမ်းနေတော့မှာလား။
သူမက ဧကရီတစ်ပါးလေ သူမမှာ ကမ္ဘာကြီးကို သိမ်းပိုက်ရဦးမည် ကျင့်စဉ်တွေကို မြှင့်တင်ရဦးမည် ပြီးတော့ ပိုမိုမြင့်မားတဲ့ ရှုခင်းတွေကို သူမကိုယ်တိုင် မြင်အောင် ကြည့်ရဦးမည် ဟိုမဟာဧကရာဇ်အိုကြီးတောင်မှ ချူနင် ပြသလိုက်တဲ့ ရှုခင်းကို မြင်ပြီး သူ၏လမ်းစဉ်ကို ရှာတွေ့သွားသည် မဟုတ်ပါလား။ ယခု သူမလည်း ဤခရီးစဉ်ကို လိုက်ပါပြီးနောက် သူမ၏ လမ်းစဉ်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
သူမကိုယ်တိုင် အဆင့်တက်နိုင်ရမည် အတားအဆီးအားလုံးကို ကျော်ဖြတ်ပြီး ကိုယ်တိုင် မြင်တွေ့နိုင်ရမည်။ ထိုသို့ဆိုမှသာ သူမ၏ ဘဝက လမ်းပျောက်မနေမှာ ဖြစ်သည်။
"ငါ့ကို ထပ်မထိနဲ့တော့ နင့်မှာ လုပ်စရာ ဘာမှမရှိဘူးလား"
"ကလေးမွေးပြီးရင်တော့ လုပ်စရာ ရှိလာမှာပေါ့ အခု ကလေးက မရှိသေးတော့ မင်းဘေးမှာပဲ နေရမှာပေါ့ ဟုတ်တယ်မလား"
"နင့်ဘာသာနင် ပိုပြီးအဓိပ္ပာယ်ရှိတဲ့ အလုပ်တစ်ခုခု သွားရှာမလုပ်နိုင်ဘူးလား"
"မင်းဘေးမှာ နေရတာက အဓိပ္ပာယ်အရှိဆုံးလို့ ကိုယ်ထင်တယ်။ ဒါနဲ့ ဒီနေ့ ဟိုအဖိုးကြီးရှေ့မှာ ကိုယ့်ကို ခင်ပွန်းလို့ ခေါ်လိုက်တယ် မဟုတ်လား။ နောက်ထပ် နှစ်ခါလောက် ထပ်ခေါ်ပါဦးလား"
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်က နှုတ်ခမ်းဆူကာ မျက်နှာလွှဲလိုက်သည်။
"နင်က ဒီလောက် အစွမ်းထက်နေတာကို အပြင်မှာဆိုရင်တော့ နင့်ကို မျက်နှာပွင့်အောင် လုပ်ပေးရမှာပေါ့"
"အော် ဒါကြောင့်ကိုး ကိုယ့်ကို မျက်နှာပွင့်အောင် လုပ်ပေးချင်ရုံ သက်သက်ပဲပေါ့"
သူမက သွားကြိတ်လျက် "ဒါမဟုတ်ရင် ဘာဖြစ်ရဦးမှာလဲ နင်ငါ့ကို အကျိုးကျေးဇူးတွေ အများကြီး ပေးထားတာပဲ နင့်ကို မျက်နှာနည်းနည်း ပေးလိုက်တာ ဘာမှမဖြစ်ပါဘူး"
ချူနင် သက်ပြင်းချလိုက်သည် "မင်းက ကိုယ့်ကို ရင်ထဲကနေ ခေါ်တာလို့ ကိုယ်ထင်နေတာ။ အဲဒီတုန်းက ကိုယ် တော်တော်လေး စိတ်လှုပ်ရှားသွားတာ အခုတော့ ကိုယ်ပဲ အထင်ကြီးသွားပုံရတယ်"
ရဲ့ချန်းလျန်က မျက်စောင်းထိုးလိုက်သည် "ဒီလို စကားနာထိုးတာတွေက ငါ့အပေါ် သက်ရောက်မယ် ထင်နေလား နင့်ရဲ့ အကြံတွေကို ငါအကုန်သိနေတာပဲ"
"ဒါဆို သိနေရင်လည်း ခင်ပွန်းလို့ တစ်ခါလောက် ထပ်ခေါ်ပြပါလား"
"နင့်ခေါင်းကိုပဲ ခေါ်လိုက် ငါ ကျင့်စဉ် သွားလေ့ကျင့်တော့မယ်"
ရဲ့ချန်းလျန် ဒေါသတကြီး ထသွားတော့သည်။
နင်က ဒီလောက် အစွမ်းထက်နေတာကို ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ။ အားကြီးသူတစ်ယောက်ရဲ့ အရှိန်အဝါလေး ဘာလေး မရှိဘူးလား။
သူမ မြင်ဖူးသမျှ အစွမ်းထက်သူတွေထဲမှာ လဝန်းနီနတ်ဘုရားနယ်မြေက ချန်ရွှမ်းထျန်းကတော့ အပြောအဆိုရော အပြုအမူပါ အရှိန်အဝါ အရှိဆုံးပင်။
သို့သော်လည်း အရှိန်အဝါ ရှိလွန်းသူတွေက နောက်ဆုံးမှာ ဘာမှမကျန်ခဲ့ဘဲ အခု ချူနင်လို ဆရာကြီးပုံစံ မပေါက်တဲ့သူတွေကမှ ပိုပြီး သက်သောင့်သက်သာ နေနိုင်ကြတာလား။
ရဲ့ချန်းလျန် ဤသို့ တွေးမိသည့်အခါ သူမ၏ စိတ်အခြေအနေက အနည်းငယ် ထူးဆန်းသွားသည်။ လောကကြီးက ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ သူမ တစ်သက်လုံး ချူနင့်ရဲ့ အကာအကွယ်အောက်မှာပဲ နေသွားရတော့မှာလား။ သူ၏အကာအကွယ် လက်ကအရမ်းကြီးလွန်းလှသည် မဟုတ်ပါလား။
...
မွန်းလွဲပိုင်းတွင် ချန်းချင်း နန်းဆောင်ကို သန့်ရှင်းရေး လုပ်ပြီးသွားသော ရှောင်ပင်းက ချူနင့်ဆီသို့ အပြေးရောက်လာသည်။
"အရှင်... အရှင်... မနေ့က အရှင်မက ကျွန်မကို လွှတ်လိုက်ပြီးတော့ အရှင်တို့ နှစ်ယောက် ဘာတွေ လုပ်ခဲ့ကြတာလဲ"
ချူနင် သက်ပြင်းချလိုက်သည် "အင်း ရဲ့ချန်းလျန်ကတော့ မနေ့က ပြောတယ် နင် နားလည်မှုလွဲမှာကို သူ အစိုးရိမ်ဆုံးပဲတဲ့ အခုတော့ နင်က တကယ် နားလည်မှု လွဲနေပြီပဲ"
တွေ့တယ်မလား ဘယ်သူမှ ရှင်းပြတာကို မယုံကြဘူး။ ရဲ့ချန်းလျန်က ရှောင်ပင်းကို တမင်လွှတ်လိုက်တာ မဟုတ်ဘူးလို့ ပြောတာကို သူမ အယုံကြည်ဆုံးလူဖြစ်တဲ့ ရှောင်ပင်းတောင် မယုံတာလေ ဒါဆိုရင် တခြားသူတွေ ထင်သလိုပဲ ဖြစ်အောင် လုပ်လိုက်ရင် ပိုပြီး အဆင်ပြေမသွားဘူးလား။
မိန်းကလေးငယ်လေးက ခေါင်းကုတ်လျက် ဇဝေဇဝါ ဖြစ်နေသည်။
"ကျွန်မ မသိဘူးလေ ဘာနားလည်မှုလွဲတာလဲ။ အဲဒါက အဲဒီလိုပဲ မဟုတ်ဘူးလား"
"ရှောင်ပင်း နင်က ငယ်ပါသေးတယ် အတွေ့အကြုံလည်း နည်းသေးတယ်။ အချို့ကိစ္စတွေကို နင် နားမလည်နိုင်သေးဘူး"
ရှောင်ပင်းက ခေါင်းကို တရစပ် ညိတ်လိုက်သည်။
"အရှင် ပြောတာ မှန်ပါတယ်"
အရှင်က နှစ်ပေါင်း ဘယ်လောက်တောင် ရှင်သန်ခဲ့တဲ့ မိစ္ဆာအိုကြီးမှန်း မသိတော့ ကျွန်မကို ငယ်သေးတယ်လို့ ပြောတာက မှန်တာပေါ့။
ချူနင် ရယ်မောလိုက်သည်။
မင်္ဂလာဆောင်ဖို့ ငါးရက်ပဲ လိုတော့တယ် အရှင် စိတ်လှုပ်ရှားနေလား။
"နည်းနည်းပါပဲ ငါတို့မှာ ကလေးတောင် ရှိနေပြီဆိုတော့ ဒါကထုံးတမ်းစဉ်လာ တစ်ခုပဲလေ။ ဒါပေမဲ့ ရဲ့ချန်းလျန်ကတော့ ဒီကိစ္စကို တော်တော်လေး အလေးထားပုံရတယ်"
"ဟုတ်ပါတယ် အရှင်မရဲ့ကျင့်စဉ်က အရှင်တို့လောက် မမြင့်ပေမဲ့ သူမက တာ့ချန်းအင်ပါယာရဲ့ ဧကရီလေ။ နိုင်ငံတော် အခမ်းအနားဆိုတော့ သူမ တကယ် ဂရုစိုက်မှာပေါ့။ ပြီးတော့ ဒါက အရှင်နဲ့ အရှင်မတို့ဟာ ကောင်းကင်က သတ်မှတ်ပေးတဲ့ လင်မယားတွေ ဖြစ်သွားပြီဆိုတဲ့ အထိမ်းအမှတ် မဟုတ်ဘူးလား"
ချူနင် ခဏမျှ စဉ်းစားလိုက်သည်။
"အင်း ဟုတ်တာပဲ ဒါဆိုရင် ငါတစ်ခုခု လုပ်ချင်တယ်ဆိုရင် ရဲ့ချန်းလျန်က ငြင်းဖို့ အကြောင်းပြချက် မရှိတော့ဘူးပေါ့"
ထိုစကားကို ကြားသော် ရှောင်ပင်း ကြောင်သွားသည်။
"အရှင် ဘာလုပ်ချင်လို့လဲ"
"နင်က ငယ်ပါသေးတယ်"
ရှောင်ပင်း မျက်နှာလေး ရှုံ့မဲ့သွားပြီး ချက်ချင်း ထွက်ပြေးသွားတော့သည်။ သေချာပေါက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။
နေဝင်ရိုးရီ အချိန်ရောက်သော် ညဦးပိုင်းက တိတ်တဆိတ် ရောက်ရှိလာသည်။ တစ်နေ့လုံး ကျင့်စဉ်လေ့ကျင့်ပြီးနောက် ရဲ့ချန်းလျန်သည် သူမ၏ အဆင့်မှာ သူတော်စင်၏ အထိပ်သို့ ရောက်ရှိသွားပြီး အနန္တအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း သိလိုက်ရသည်။
အနန္တအဆင့်သို့ ရောက်ရှိခြင်းသည် ထျန်းရွှမ်းတိုက်ကြီးပေါ်တွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် အဆင့်ပင် ဖြစ်သည်။ သို့သော်လည်း အခုအချိန်မှာတော့ သူမဘယ်အဆင့်ကိုပဲ ရောက်ရောက် ဘာမှ ထူးခြားမသွားသလို ခံစားနေရသည်။
သို့သော် အဆင့်တက်ခြင်းက သူမအတွက် ခွန်အားတစ်ခု ဖြစ်နေဆဲပင်။ ချူနင့်ဆီကို အနည်းငယ် ပိုနီးကပ်သွားသလို ခံစားရလို့ပါ။
မင်္ဂလာဆောင်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်။ သူမ တွေးနေစဉ်မှာပင် နန်းဆောင်တံခါးကို တစ်စုံတစ်ယောက် လာခေါက်သည်။
"အရှင်မ ညစာ အဆင်သင့် ဖြစ်ပါပြီ"
"ဝင်ခဲ့ပါ"
ရှောင်ပင်းက ဟင်းပွဲများကို စားပွဲပေါ်တွင် အမြန်ပြင်ဆင်လိုက်သည်။ ဒီနေ့တော့ ရှောင်ပင်း ရှိနေတာကြောင့် ရဲ့ချန်းလျန် စိတ်အေးသွားရသည်။ ဒါပေမဲ့ ရှောင်ပင်း မရှိတဲ့အချိန်တွေလည်း ရှိလာဦးမှာပဲ။
ချူနင် ရောက်လာပြီး သူတို့ သုံးယောက် အတူတူ ညစာ စားလိုက်ကြသည်။ စားသောက်ပြီးနောက် ရှောင်ပင်းက သိမ်းဆည်းလိုက်သည်။ ညစာတွေက ကျင့်စဉ်အတွက် အဖိုးတန်တဲ့ ရတနာတွေဆိုတော့ ရှောင်ပင်းက နှမြောသဖြင့် အကုန်စားပစ်လိုက်သည်။ ထို့နောက် အိပ်ဆောင်ကို သန့်ရှင်းရေး လုပ်ရင်း အိပ်ချိန်ရောက်ပြီဟု တွေးလိုက်သည်။
သို့သော် ချူနင်က ပြန်မသွားဘဲ ရဲ့ချန်းလျန်နှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။ ရှောင်ပင်း ရောက်လာသည်ကို မြင်သော် ရဲ့ချန်းလျန် စိတ်သက်သာရာ ရသွားသည်။
ရှောင်ပင်း ရှိနေမှတော့ ချူနင်က အရှက်မရှိ ဆက်နေမှာ မဟုတ်တော့ဘူးလေ။ ရှောင်ပင်းက အိပ်တော့မည့်အကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် ချူနင်က သူမကို လှမ်းကြည့်လိုက်သည်။
"ရှောင်ပင်း ဒီညတော့ ငါအရင်က အိပ်တဲ့ နန်းဆောင်ကိုပဲ သွားအိပ်လိုက်တော့"
"ရဲ့ချန်းလျန်က ငါကို ပြောစရာတွေ အများကြီး ရှိသေးလို့"
ရှောင်ပင်း ကြောင်သွားသည်။ စကားပြောရုံပဲဆိုရင် သူမကို လွှတ်စရာ မလိုဘူး မဟုတ်လား။ ပြီးတော့ သူမက အခန်းဘေးမှာ နေတာပဲဟာ။ ခဏနေရင် အရှင်မ အဝတ်လဲဖို့လည်း ကူညီပေးရဦးမည်။ နေပါဦး အရှင်က သူမ မျက်လုံးများ ချက်ချင်း ဝိုင်းသွားရသည်။
"ဟုတ်ကဲ့ပါ အရှင်"
သူမ ထွက်သွားစဉ်မှာတင် တံခါးနှင့် တိုက်မိသွားသော်လည်း အမြန်ပင် ထွက်သွားတော့သည်။
ရဲ့ချန်းလျန်မှာလည်း အံ့သြလွန်း၍ မျက်လုံးများ ဝိုင်းသွားရသည်။ သူမသည် တစ်စုံတစ်ဦးကို ခေါ်ရန် အမြန် ထရပ်လိုက်သည်။ နင်ထွက်သွားရင် သူက တကယ် သောင်းကျန်းတော့မှာလေ ဒါကြောင့် နင့်ကို ငါ ပြန်ခေါ်ထားတာပေါ့။
သို့သော် သူမ စကားမပြောနိုင်ခင်မှာပင် ချူနင်က သူမကို ဆွဲဖက်လိုက်သည်။
"ချန်းလျန် ကိုယ်တို့ ပြောစရာတွေ အများကြီး ရှိသေးတယ် မဟုတ်လား"
ရဲ့ချန်းလျန် ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး "ငါ နင့်ကို ပြောစရာ ဘာမှမရှိဘူး"
"ဒါပေမဲ့ ကိုယ့်မှာတော့ မင်းကို ပြောစရာတွေ အများကြီး ရှိတယ်"
ဖြူစင်လိုက်တာ။
ရှောင်ပင်း ပြန်လာရင် မင်းကို ကယ်နိုင်မယ် ထင်နေတာလား။
ရှောင်ပင်းကို ကိုယ်သိမ်းသွင်းပြီးသားပဲလေ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး။
ပြောပြီးနောက် သူက ရဲ့ချန်းလျန်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမ၏ မျက်နှာလေး ပိုပြီး နီမြန်းသွားရသည်။ အမှန်တော့ သူမ အော်ခေါ်လို့ ရသော်လည်းသူမ မလုပ်နိုင်ပါချေ။ လက်တစ်စုံက သူမ၏ ခါးကို နောက်မှ ဖက်ထားလိုက်သည်။
"ချန်းလျန် မင်းဆီက မွှေးရနံ့လေးက အရမ်းကောင်းတာပဲ"