အခန်း ၈၂ အိမ်ပြန်ချင်တယ်
ကျင့်ကြံသူအပေါင်းကို ပြန်လွှတ်ပြီးနောက် သူတို့နှစ်ဦးသည် အဖိုးကြီး၏ လမ်းပြမှုဖြင့် အထဲသို့ အတူဝင်ခဲ့ကြသည်။
စုတိန်ဖန်းသည် ချူနင့်ရှေ့မှ မသွားရဲပါချေ။ ချူနင့်၏ ဘယ်ဘက် ဘေးတစ်လှမ်းခန့် နောက်ဆုတ်ကာ လိုက်ပါရင်း သူ၏ အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နှာတွင် အမြဲတမ်းပြုံးရွှင်နေသည်။
"စီနီယာနဲ့ စီနီယာကတော် ဒီဘက်ကို ကြွပါ"
ဂါရဝပြုပြီးနောက် တပည့်များစွာမှာလည်း လူစုခွဲသွားကြသည်။ ဤအချိန်တွင် ရဲ့ချန်းလျန်သည် သူမရှေ့က ခမ်းနားထည်ဝါလှသော ဟင်းလင်းပြင် ဧကရာဇ်မြို့တော်ကို အကဲခတ်နေမိသည်။
ဟင်းလင်းပြင်တာအိုလမ်းစဉ်သည် ဤနေရာတွင် တည်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ နက်မှောင်သော ဟင်းလင်းပြင်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည်။
မှောင်မိုက်သော ကောင်းကင်အောက်တွင် ခရမ်းပုပ်ရောင် အရှိန်အဝါများ ထွက်ပေါ်နေ၏။ အခမ်းနားဆုံးမှာတော့ မြေပြင်မှ ထိုးထွက်နေပြီး အဆုံးမမြင်နိုင်လောက်အောင် မြင့်မားသော ဟင်းလင်းပြင်နန်းဆောင်ကြီးပင် ဖြစ်သည်။
၎င်း၏ အထိပ်ဆုံးမှာတော့ ထူးဆန်းပြီး အရောင်အသွေး စုံလင်လှသော ဟင်းလင်းပြင် နယ်ပယ်နှင့် ဆက်သွယ်ထားသည်။
လှပသော အဆောက်အဦးများ နေရာအနှံ့မှာ ရှိနေပြီး နဂါးများနှင့် ဖီးနစ်ငှက်များကို ရထားလုံးများအဖြစ် အသုံးပြုထားသည်။
အောက်ဘုံမှာဆိုလျှင် မုန်တိုင်းထန်အောင် စွမ်းဆောင်နိုင်သည့် သတ္တဝါကြီးများသည် ဤနေရာမှာတော့ ရထားဆွဲသည့် တိရစ္ဆာန်များသာ ဖြစ်ပြီး သူတို့၏ အဆင့်မှာ ခုနက မြင်ခဲ့သည့် နဂါးစစ်စစ်ထက်ပင် မနိမ့်ပါချေ။
အလွန်အမင်း ဆန်းပြား ခမ်းနားလှသော်လည်း စုတိန်ဖန်း၏ မျက်လုံးထဲမှာတော့ ဤအရာများက သာမန်ပင်ဖြစ်သည်။ သူ၏ အာရုံ သူမနှင့် ချူနင် မဟုတ်ဘူး ချူနင် တစ်ယောက်တည်းအပေါ်မှာပဲ ရှိနေသည်။
ရဲ့ချန်းလျန်မှာတော့ သူမ၏ကမ္ဘာအမြင်ကြီး တစ်ခုလုံး ပြိုကွဲပျက်စီးသွားသလို ခံစားလိုက်ရသည် ချူနင်၏အစွမ်းမှာ သူမ ထင်ထားသည်ထက် အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလား။
"စီနီယာမှာ ဇနီးသည်ရှိတယ်လို့ ကျွန်တော်မျိုး မကြားဖူးခဲ့ပါဘူး။ စီနီယာရဲ့သွားလာလှုပ်ရှားမှုတွေက တကယ်ကို နက်နဲလွန်းလို့ ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဒီတစ်ခါ စီနီယာကတော်အတွက် လက်ဆောင် ကြိုတင် ပြင်ဆင်မထားမိတဲ့အတွက် အခုပဲ လူလွှတ်ပြီး ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"
ရဲ့ချန်းလျန်က ဤစကားများ၏ နောက်ကွယ်က အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။ ဤမျှ မြင့်မားသောလူတစ်ဦးက လက်ဆောင် ပြင်ဆင်မထားမိဘူးဟု တမင်ပြောပြီးမှ ပြင်ဆင်ခိုင်းခြင်းမှာ ချူနင်၏ မျက်နှာသာပေးမှုကို ရယူရန် မဟုတ်ပါလား။ ချူနင့်အနေနှင့်လည်း ဤအဖိုးကြီးက သူ့ဇနီးကို ဂရုတစိုက် ဆက်ဆံသည်ကို သိစေရန် တမင် လုပ်ပြခြင်းဖြစ်သည်။
တကယ်သာ ပြင်ဆင်မထားလျှင် တိတ်တဆိတ် အချိန်မီ ပြင်ဆင်ခိုင်း၍ ရသော်လည်း ဤသို့ ထုတ်ဖော်ပြောခြင်းဖြင့် ယဉ်ကျေးမှုကိုလည်း မပျက်စေဘဲ ချူနင်နှင့် ပိုမို ရင်းနှီးအောင် လိမ္မာပါးနပ်စွာ ကြိုးစားခြင်း ဖြစ်သည်။
ဤသို့သော စကားပြောဆိုပုံမျိုးမှာ အလွန်တရာ မြင့်မားသူများကိုသာ သုံးစွဲသည့် အလွန်နှိမ့်ချသော နည်းဗျူဟာ ဖြစ်သည်။
ရဲ့ချန်းလျန် ခဏမျှ စဉ်းစားပြီးနောက် ဤကိစ္စမှာ မလိုအပ်ဟု ထင်သဖြင့် စုတိန်ဖန်း၏ စေတနာကို ငြင်းပယ်လိုက်သည်။
"ဒီတစ်ခါက ငါ့ခင်ပွန်းနဲ့အတူ အပျော်ခရီး ထွက်လာတာပဲလေ အဖိုးကြီးအခုလိုမျိုးတွေ လုပ်စရာ မလိုပါဘူး"
စုတိန်ဖန်းက အမြန် ခေါင်းခါလျက် အားနာစွာ ပြုံးပြသည်။ "စီနီယာကတော်ရဲ့ အခေါ်အဝေါ်ကို ကျွန်တော်မျိုး မခံယူရဲပါဘူး။ အရှင်တို့ နှစ်ဦးစလုံး ကျွန်တော့်ရဲ့ မြို့တော်ကို ကြွရောက်လာတာဆိုတော့ ထုံးတမ်းစဉ်လာအတိုင်း လုပ်ခွင့်ပြုပါ စီနီယာကတော် အားနာမနေပါနဲ့တော့"
သူက ဒီလောက်အထိ ပြောနေမှတော့ ရဲ့ချန်းလျန် ငြင်းပယ်ရန် နည်းလမ်း မရှိတော့ပါချေ။
ချူနင်ကလည်း အနည်းငယ် ပြုံးကာ "မင်းကို ဒုက္ခပေးသလိုဖြစ်နေပြီ တကယ်တော့ မလိုပါဘူး"
စုတိန်ဖန်းက ပြုံးလျက် သူတို့နှစ်ဦးကို နန်းဆောင်ကြီးထဲသို့ ကြိုဆိုလိုက်သည်။ ဤနေရာမှနေ၍ မြို့တော်တစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင်သည်။ ဤနေရာတွင် ထိုင်နေရရုံနှင့်တင် ရဲ့ချန်းလျန် ခေါင်းမူးချင်သော်လည်း သူမ၏ ဟန်ပန်နှင့် ဂုဏ်သိက္ခာကို အစွမ်းကုန် ထိန်းသိမ်းထားသည်။
သူမအနေနှင့် ချူနင့်မျက်နှာကို မပျက်စေချင်ပါ မဟုတ်လျှင် ပြန်ရောက်သည့်အခါ လှောင်ပြောင်ခံရပေလိမ့်မည်။
ဤနေရာက သူမ၏ဧကရာဇ်မြို့တော်ထက် အများကြီး ပိုမိုခမ်းနားလှသည်။ သူမရှေ့က အဖိုးကြီးမှာလည်း ဤမြို့တော်၏ အမြင့်ဆုံးသော ပုဂ္ဂိုလ် ဖြစ်ရမည်။ သို့သော် သူက ချူနင် လာမည်ကို ကြိုသိနေသလိုမျိုး ကြိုတင်ပြင်ဆင်ထားသည် မဟုတ်ပါလား တစ်ခုခု အရေးကြီးလို့လား။
အဖိုးကြီးသည် ရိုသေစွာဖြင့် ခေါင်းငုံ့လျက် ပြုံးနေသည်။
"ကျွန်တော်မျိုး တရားထိုင်နေတာ နှစ်ပေါင်း တစ်သောင်းလောက်ရှိပါပြီ။ ခုနတင် စီနီယာရဲ့ အငွေ့အသက်ကို ခံစားမိလို့ အထူးထွက်လာခဲ့တာပါ။ ထွက်လာချင်းမှာပဲ ဒီလို ထူးခြားတဲ့ အဖြစ်အပျက်တွေ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"စီနီယာ လွန်ခဲ့တဲ့ ရက်ပိုင်းက မဟာဧကရာဇ်ရှစ်ဦး ပေါင်းပြီး ဓားဝိညာဉ်လမ်းစဉ်မဟာဧကရာဇ်ကို ဝိုင်းတိုက်ခဲ့တဲ့ ကိစ္စကို ကြားဖူးပါသလား"
စုတိန်ဖန်းသည် ကျင့်စဉ်အဆင့်များအကြောင်းကို တန်းမပြောပါ အဲဒါက သိသာလွန်းလှသည် မဟုတ်ပါလား။ ချူနင်လို ပုဂ္ဂိုလ်မျိုးအတွက် ရောက်ရောက်ချင်း အကျိုးအမြတ်အကြောင်း ပြောလျှင် စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်သည်။
အောက်ခြေကနေ တဖြည်းဖြည်း တက်လာရသူတိုင်းမှာ ဤသို့သော အတွေ့အကြုံမျိုး ရှိကြသည်လေ။
ချူနင် တစ်ခုခုကို သတိရသွားသည်။ သူ အရင်က အိမ်မက်မက်ခဲ့ဖူးသည် မဟုတ်ပါလား။
"အနီရောင်ဝတ်စုံနဲ့ မဟာဧကရာဇ်လား မိမိကိုယ်ကိုယ်ဖျက်ဆီးပြီး သေသွားတဲ့သူလား"
အဖိုးကြီးက ပြုံးပြီး ခေါင်းညိတ်သည်။
မှန်ပါတယ် စီနီယာ အဲဒီလူကငယ်စဉ်ကတည်းက ဓားဝိညာဉ်လမ်းစဉ်မဟာဧကရာဇ်လို့ နာမည်ကြီးခဲ့ပြီး သတ်ဖြတ်နိုင်စွမ်းက ကောင်းကင်ကို တုန်လှုပ်စေပါတယ်။
သူဟာ မဟာဧကရာဇ်ထက် မြင့်တဲ့ အဆင့်ကို သိမြင်သွားပြီလို့ သတင်းတွေ ထွက်ခဲ့တယ် အဲဒီတော့ တခြား မဟာဧကရာဇ်တွေက သူအဆင့်တက်သွားရင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို တစ်ယောက်တည်း သိမ်းပိုက်ပြီး သူတို့ရဲ့ လမ်းစဉ်တွေကို ဖျက်ဆီးမှာ ကြောက်လို့ ဝိုင်းတိုက်ခဲ့ကြတာပါ။
ဒါပေမဲ့ ကျွန်တော်မျိုး ယုံကြည်တာကတော့ သူဟာ ကျင့်စဉ်မှာပဲ စိတ်နှစ်ထားတဲ့သူမို့လို့ အဲဒီလိုလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုး တရားထိုင်ရာက ထွက်လာတဲ့အချိန်မှာတော့ သူကွယ်လွန်သွားပါပြီ။ လောကကြီးအတွက် မဟာဧကရာဇ်တစ်ဦး ဆုံးရှုံးရတာ တကယ်ကို နှမြောစရာပါပဲ။
ချူနင် ခဏမျှ စဉ်းစားကာ အိမ်မက်ထဲက အဖြစ်အပျက်များကို ပြန်လည် ဆင်ခြင်လိုက်သည်။ အမှန်တော့ သူကဤသို့သော အာဏာလုပွဲများကို စိတ်မဝင်စားပါ ဒါပေမဲ့ သူအိမ်မက်မက်ခဲ့စဉ်က အဲဒါက တကယ်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့မိပါ။
အနီရောင်ဝတ်စုံနှင့် မဟာဧကရာဇ်သည် မဟာဧကရာဇ်အထက်က အဆင့်ကို တကယ်ပင် မြင်တွေ့ခဲ့ရသော်လည်း အကောင်အထည် မဖော်နိုင်ခင်မှာပင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။
စုတိန်ဖန်းမှာမူ ထိုတိုက်ပွဲတွင် မပါဝင်ခဲ့သော်လည်း သူသာ ထိုအမျိုးသမီးဘက်က ရပ်တည်ခဲ့လျှင်ပင် ရလဒ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပါချေ။
သို့သော်လည်း ထိုမဟာဧကရာဇ်မှာ တကယ်ပင် အစွမ်းထက်လှသည် လူရှစ်ယောက်၏ ဝိုင်းတိုက်မှုကို ခံရသော်လည်း အတော်များများကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်လေ။
ထို့နောက် အဖိုးကြီးသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ပြောပြရင်း အချိန်အခါကောင်းကို စောင့်ကာ သူ၏ အခက်အခဲကို ထုတ်ပြောတော့သည်။
"ကျွန်တော်မျိုး ငယ်စဉ်ကတည်းက ကျင့်ကြံလာတာ မဟာဧကရာဇ် အဆင့်အထိ ဘယ်အတားအဆီးမှ မကြုံခဲ့ဖူးပါဘူး။ ကိုယ့်လမ်းကိုယ် အမြဲမြင်နေရတာပါ။ ဒါပေမဲ့ မဟာဧကရာဇ် ဖြစ်လာခဲ့တဲ့ နှစ်ပေါင်းများစွာမှာတော့ ဒီထက်မြင့်တဲ့ အဆင့်ရဲ့ အရိပ်အယောင်လေးတောင် မမြင်ရတော့ဘူး"
ကျွန်တော်မျိုးတင် မဟုတ်ပါဘူး တခြား မဟာဧကရာဇ်တွေလည်းကြိုးစားနေကြတာပဲ တချို့ဆိုရင် မဟာဧကရာဇ်အထက်မှာ အဆင့်မရှိတော့ဘူးလို့တောင် ယုံကြည်နေကြတယ်။
ဒါပေမဲ့ စီနီယာနဲ့ တွေ့မှပဲ မဟာဧကရာဇ် အထက်မှာ အဆင့်တွေ ရှိနေသေးတယ်ဆိုတာ ကျွန်တော်မျိုး သိလိုက်ရတာပါ။
ရဲ့ချန်းလျန်မှာတော့ ဤစကားကို ကြားပြီး မှင်တက်သွားရသည်။ ဤလောကတွင် မဟာဧကရာဇ် အထက်က အဆင့်မှာမရှိသလောက် သို့မဟုတ် မသိကြသေးခြင်း ဖြစ်နိုင်သည်။
ချူနင် တစ်ယောက်တည်းသာ ရှိနေတာလား ဒါဆိုရင် သူ့ကို ကျော်ဖြတ်ဖို့က တကယ်ကို မဖြစ်နိုင်တော့ဘူးပေါ့။
ချူနင်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။ မဟာဧကရာဇ်ဆယ်ပါး တစ်ပါးစီက လောကရဲ့ စည်းမျဉ်းတစ်ခုစီကို ထိန်းချုပ်ထားကြတယ်။ ဒီအဆင့်ကိုရောက်ရင် လောကက အသိအမှတ်ပြုတဲ့ စည်းမျဉ်းတွေရဲ့ ကိုယ်ပွားတွေလို့ ခေါ်နိုင်ပြီး သတ်ဖြတ်နိုင်စွမ်းကလည်း ဒီလောကမှာ အမြင့်ဆုံးပဲ
တကယ်လို့ပိုမြင့်တဲ့ အဆင့်ကို သွားချင်တယ်ဆိုရင် မင်းရဲ့အမြင်ကို ကျယ်ကျယ်ကြည့်ရမယ်။ ကိုယ့်အမြင်နဲ့ကိုယ်ပဲ လောကကို ကြည့်နေရင် ဒီလောကရဲ့ ကန့်သတ်ချက်ထဲမှာပဲ ပိတ်မိနေလိမ့်မယ်။
ကိုယ်ထိန်းချုပ်ထားတဲ့ စည်းမျဉ်းတွေထဲမှာပဲ မပိတ်မိပါစေနဲ့ အဲဒီစည်းမျဉ်းတွေမှာ အဆုံးစွန်အထိ ရောက်ရင်တောင် အဲဒီစည်းမျဉ်းရဲ့ အဆုံးကိုပဲ ခံစားရမှာ ပိုမြင့်တဲ့ အဆင့်ကို မဟုတ်ဘူး။
စုတိန်ဖန်း မှင်တက်သွားပြီး အမြန် ခေါင်းညိတ်သည်။
"ကျွန်တော်မျိုး အခုအဲဒီလို ဖြစ်နေတာပါ စီနီယာ ကျွန်တော်မျိုးအတွက် နည်းလမ်းလေးရှိမလား"
ချူနင်က လက်ညှိုးတစ်ချောင်းဖြင့် အဖိုးကြီး၏ နဖူးကို အသာအယာ ထိလိုက်သည်။
"ပိုမြင့်တဲ့ ရှုခင်းကို မြင်ရတာက အခွင့်အလမ်းပဲ အဲဒါကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာကတော့ မင်းရဲ့အလုပ်ပဲ"
ရွှေရောင်အလင်းတန်းတစ်ခုက အဖိုးကြီး၏ နဖူးမှာ စွဲထင်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း တုန်ယင်သွားတော့သည် သူ၏ ကျယ်ပြောလှသော စိတ်အာရုံထဲတွင် ပိုမိုမြင့်မားပြီး ခမ်းနားလှသော ရှုခင်းတစ်ခု ပေါ်လာသည်။
ထိုအချိန်တွင် လောကကြီးတစ်ခုလုံးက သူ၏ ခြေဖဝါးအောက်မှာ ရှိနေသလိုမျိုးခံစားလိုက်ရပြီး သူ၏ မဟာဧကရာဇ် ကျင့်စဉ်မှာ ဤရှုခင်းမှ ကြည့်လျှင် ပုရွက်ဆိတ်တစ်ကောင်လိုပင် သေးငယ်လှသည်!
ချူနင်က သူ၏အမြင်ကို ခဏတာ မျှဝေပေးလိုက်ခြင်း ဖြစ်မှန်းသူသိလိုက်သည်။ ခဏလေးဆိုသော်လည်း သူသည် ရှေ့ဆက်ရမည့် လမ်းကို မြင်လိုက်ရပြီ ဖြစ်သည်။
မဟာဧကရာဇ် အထက်က အဆင့် မသေမျိုးဧကရာဇ်
ထိုလမ်းစဉ်သို့ သွားရန် ပျက်စီးခြင်းငါးပါး၊ ကျဆုံးခြင်း ငါးပါး၊ ပြတ်တောက်ခြင်း ငါးပါး နှင့် မျိုးတုံးခြင်းငါးပါးတို့ကို ကျော်ဖြတ်ရမည် ဖြစ်သော်လည်း နောက်ဆုံးမှာတော့ သူ မြင်တွေ့ခဲ့ရပြီ အရင်ကဆိုလျှင် ကြားပင်မကြားဖူးသော်လည်း ယခု မြင်လိုက်ရသည့်အခါ ဘာလုပ်ရမည်ကို သူ သိသွားပြီ ဖြစ်သည်။
ဤနေရာသို့ ရောက်လာသူတိုင်းမှာ သာမန်ထက် ထူးကဲသော အမြင်ရှိကြသည်။ သူ၏ နောက်တစ်ဆင့်မှာ မိမိ၏ ကျင့်စဉ်အားလုံးကို စွန့်လွှတ်ပြီး မဟာဧကရာဇ်၏ပျက်စီးခြင်းငါးပါးအဆင့်သို့ ခြေလှမ်းလှမ်းကာ မိမိ၏ လမ်းစဉ်ကို ပြန်လည် ဖော်ထုတ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်နိုင်မှသာ သူ မြင်တွေ့နိုင်မည်ဖြစ်သည်။
ဤအချိန်တွင် အဖိုးကြီးမှာ မျက်ရည်များ ဝဲလျက် ဒူးထောက်ကျသွားတော့သည်။ ရှေ့ကပုဂ္ဂိုလ်မှာ သူ ထင်ထားသည်ထက် အများကြီး ပိုမို သန်မာနေသည် မဟုတ်ပါလား အကယ်၍ သူသာ ရှေ့မတိုးနိုင်လျှင် သူ၏သက်တမ်းမှာ တဖြည်းဖြည်း ကုန်ဆုံးသွားမှာ ဖြစ်သည်။ မဟာဧကရာဇ်တွေဟာ ထာဝရမရှင်သန်နိုင်ပါဘူး ပိုမြင့်တဲ့အဆင့်ကို မတက်နိုင်ရင်ပေါ့။ အခုတော့ သူ အနာဂတ်အတွက် လမ်းစကို တွေ့လိုက်ရပြီ။
"ကျွန်တော်မျိုးရဲ့ ဟင်းလင်းပြင်ဝိညာဉ်လမ်းစဉ်ဟာ အခုကစပြီး စီနီယာရဲ့ အမိန့်ကိုပဲ နာခံပါ့မယ်။ စီနီယာ ခိုင်းတာမှန်သမျှ ဘာမှမငြင်းဘဲ လုပ်ဆောင်ပါ့မယ်"
ချူနင်က နှုတ်ခမ်းတွန့်လိုက်ကာ လက်ကို ဝေ့ယမ်းလိုက်သည်။
"မင်းလို မဟာဧကရာဇ်တစ်ယောက်က ဒီလို ဒူးထောက်နေတာ ကြည့်မကောင်းဘူး။ အမြန်ထစမ်းပါ မင်းက ဟန်ပြပဲလုပ်နေတာလား"
"စီနီယာက ပိုပြီး လက်တွေ့ကျတဲ့ အရာတွေကို လိုချင်တာလား ကျွန်တော်မျိုး အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်"
"ထားလိုက်ပါတော့ မင်းယူလာတာတွေကို ငါစိတ်မဝင်စားပါဘူး။ ဒါကို ငါအတွက်ဆေးဖက်ဝင် ပစ္စည်းတွေ ရှာပေးတဲ့အတွက် ပေးဆပ်မှုလို့ပဲ သဘောထားလိုက်ပါ။ နောက်ပိုင်း ငါလိုအပ်လာတဲ့အခါကျရင်တော့ အမြန်လုပ်ဆောင်ပေးရင် ရပြီ"
စုတိန်ဖန်း မှင်တက်သွားသည်။ ဒီလောက်ပဲလား ဆေးဖက်ဝင်ပစ္စည်းတွေ ရှာပေးရုံပဲလား ဒီလောက် သေးငယ်တဲ့ တောင်းဆိုမှုလေးပဲလား စီနီယာက တကယ့်ကို အဆင့်အတန်း မြင့်မားတဲ့သူပဲ။
ရဲ့ချန်းလျန်မှာတော့ တကယ်ကို မူးလဲတော့မည့် အခြေအနေဖြစ်နေသည်။ ဒီတစ်ခါတော့ သူမ တကယ် မခံစားနိုင်တော့ပါချေ သူမသည် သူမ၏ လှုပ်ရှားနေသော စိတ်ခံစားမှုများကို အစွမ်းကုန် ထိန်းချုပ်ရင်း ချူနင့်ကို ကြည့်လိုက်သည်။
"ချူ... ခင်ပွန်း... ငါ ပြန်ချင်ပြီ"
ဤစကားကို ကြားလိုက်ရသည့်အခါ စုတိန်ဖန်း၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် ကြောက်ရွံ့စွာဖြင့် ဒူးထောက်နေရင်း မထရဲပါချေ။
"စီနီယာကတော် ကျွန်တော်မျိုး တစ်ခုခု မှားယွင်းမိလို့လား မှားယွင်းတာရှိရင် ကျွန်တော်မျိုးကို အပြစ်ပေးပါ"
သူ ပြောလိုက်တဲ့ စကားတစ်ခွန်းက စီနီယာကတော်ကို စိတ်အနှောင့်အယှက် ဖြစ်စေမိတာလား ဒါဆိုရင်တော့ သူ့ရဲ့လမ်းစဉ်ကြီး ပျက်စီးတော့မှာပဲ ရဲ့ချန်းလျန်၏ မျက်လုံးများ ကစားနေပြီး သူမက ချူနင့်လက်ကို တင်းတင်း ဆုပ်ကိုင်ထားသည်။
မဟာဧကရာဇ်ကြီးရယ်
နင်က မဟာဧကရာဇ် တစ်ယောက်ဖြစ်နေပြီးတော့ အခုလို ဒူးထောက်မနေပါနဲ့တော့
သူမမှာ ကိုယ်ထိလက်ရောက်ထိခိုက်မှု မရှိသော်လည်း သူမ၏ စိတ်ဓာတ်မှာ ပြိုလဲလုနီးပါး ဖြစ်နေသည်။ ဤသည်မှာ သူမ၏အနာဂတ် ကျင့်စဉ်လမ်းကိုသာမက ချူနင်၏ ခြေလှမ်းတွေကို လိုက်နိုင်ဖို့ဆိုတာ အဆုံးမရှိတဲ့ ခရီးရှည်ကြီး ဖြစ်နေမှာကို သူမ သိလိုက်ရလို့ ဖြစ်သည်။
ချူနင်က တစ်ခုခုကို သတိပြုမိသွားပြီး ရဲ့ချန်းလျန်၏ လက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်သည်။
ဘာကြောက်နေတာလဲကိုယ် ရှိတာပဲ။ သူက သန်မာရင် မင်းရဲ့ခင်ပွန်းက ပိုသန်မာတယ်လေ။
သို့သော်လည်း ရဲ့ချန်းလျန်က သူ့ကိုခင်ပွန်းဟု ချောချောမွေ့မေ့ ခေါ်လိုက်ခြင်းက ချူနင့်အတွက်တော့ မျှော်လင့်မထားသော အရာ ဖြစ်သည်။
"မင်းနဲ့ ဘာမှမဆိုင်ပါဘူး သူမက ကိုယ်ဝန်ရှိနေတာလေ။ အခုလို အပြင်ထွက် လမ်းလျှောက်နေရတာ ပင်ပန်းသွားလို့ ဖြစ်မှာပါ"
အဖိုးကြီး သက်ပြင်းအရှည်ကြီး ချလိုက်နိုင်သည်။ သူ၏ လမ်းစဉ်ကြီး ပျောက်ကွယ်သွားပြီဟုပင် သူ ထင်မှတ်ခဲ့တာ ဖြစ်သည်။
"အော် ဒါကြောင့်မို့လို့ စီနီယာက စိတ်တည်ငြိမ်စေတဲ့ ဆေးလုံးတွေ ပြင်ဆင်ခိုင်းတာကိုး စီနီယာကတော်ရဲ့ ကျန်းမာရေးအတွက် ဖြစ်မှာပေါ့ ဆေးဖော်ဖို့ အတွက်လား"
"စီနီယာက ကျွန်တော်မျိုးကို ဒီလောက်ကြီးမားတဲ့ အခွင့်အလမ်း ပေးခဲ့တာဆိုတော့ ဒီမှာပဲ ဆေးဖော်ကြည့်ရင်ကော မကောင်းဘူးလား။ ဘယ်သူမှ လာမနှောင့်ယှက်အောင် ကျွန်တော်မျိုး စီစဉ်ပေးပါ့မယ်"
ချူနင် ခဏမျှ စဉ်းစားလိုက်သည်။
"ကောင်းပြီလေ"
ရဲ့ချန်းလျန်မှာတော့ ဒီနေရာမှာ တစ်စက္ကန့်တောင် ထပ်မနေချင်တော့ပါချေ နဂါးတွေ၊ ဖီးနစ်တွေက အလှဆင်ထားတဲ့ ဒီနေရာကြီးကို သူမ မလိုချင်ပါဘူး။ နင်က အစွမ်းထက်တယ်ဆိုတာ ငါသိပြီ ဒါပေမဲ့ ဒီရှုခင်းတွေကို ငါ ထပ်မကြည့်ချင်တော့ဘူး။
ဒီအတွေ့အကြုံက သူမအတွက် ထိခိုက်မှု ကြီးမားလွန်းလှသည်။ မဟာဧကရာဇ် တစ်ပါးတောင်မှ ဤမျှ နှိမ့်ချနေရသည် မဟုတ်ပါလား။
ငါ အိမ်ပြန်ချင်ပြီ။