အခန်း ၈၁ ချူနင် တမင်လုပ်တာပဲ
မျက်စိတစ်မှိတ်အတွင်းမှာတင် ကမ္ဘာကြီး၏ အရောင်အဆင်းက ပြောင်းလဲသွားသည်။
အထက်ဘုံ၏ မြောက်ဘက်ပင်လယ် နဂါးစစ်စစ်များ နေထိုင်ရာ နယ်မြေ။
မသေမျိုးမြူခိုးများ ရစ်သိုင်းနေပြီး လောကကြီးမှာ ကျယ်ပြောလှသည်။ တိမ်တိုက်ထဲရှိ သတ္တဝါအချို့မှာ ရက်တွက်နေကြ၏။ အဲဒီလူက လာတိုင်းနဂါးတစ်ကောင်ပဲ သတ်တာပြီးရင် ငါးရက်ခြောက်ရက်လောက်နေမှ ပြန်လာတာပဲဟာ။
အခုမှ နှစ်ရက် သုံးရက်ပဲ ရှိသေးတာဆိုတော့ ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး။ သို့သော်လည်း နဂါးစစ်စစ်တစ်ကောင်က တစ်စုံတစ်ဦး ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်နှင့် ချက်ချင်း တုန်လှုပ်ခြောက်ခြားသွားတော့သည်။
ရက်ပိုင်းပဲရှိသေးတာကို သူ ဘယ်လိုဖြစ်လို့ ထပ်ရောက်လာပြန်တာလဲ။
သူက ငါတို့မျိုးနွယ်တစ်ခုလုံး မျိုးတုံးသွားတဲ့အထိ တကယ် သတ်တော့မှာလား။
ထို့နောက် ၎င်းတို့မှာ အသည်းအသန် ထွက်ပြေးကြလေတော့သည်။
သို့သော် ဤအချိန်တွင် ချူနင်မှာ ထိုနဂါးများကို စိတ်မဝင်စားပါ။ အရင်က ရထားသည့် နဂါးခြင်ဆီတွေလည်း အများကြီး ကျန်ပါသေးသည်။ သူကရဲ့ချန်းလျန်၏ လက်ကို ဆွဲကိုင်ထားပြီး အဝေးက တောင်တန်းနှင့် မြစ်ချောင်းအလှကို ကြည့်ကာ ပြုံးနေသည်။
ရဲ့ချန်းလျန်မှာတော့ မှင်တက်နေရသည်။ သူမရှေ့က လှပလွန်းလှသော ရှုခင်းများကို ကြည့်ပြီး အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့ပါချေ ဤမျှ ကျယ်ပြောပြီး လှပသော ကမ္ဘာမျိုးကို ထျန်းရွှမ်းတိုက်ကြီးပေါ်မှာ ဘယ်တော့မှ မြင်တွေ့နိုင်မည် မဟုတ်ပါ။
ပြီးတော့ အဝေးက နဂါးဂျို နဂါးအကြေးခွံတွေနဲ့ ခြေသည်းလေးခုပါတဲ့ ဧရာမ သတ္တဝါကြီးတွေ နဂါးစစ်စစ်မျိုးနွယ်စုတွေပဲ ဒါပေမဲ့ သူတို့က ဘာလို့ဒီလောက် အတင်းပြေးနေကြတာလဲ။ ရဲ့ချန်းလျန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
ငါ့လက်ကို ကိုင်ထားတဲ့ ဒီလူယုတ်မာကြောင့် ဖြစ်မှာပဲ။
သူမ စိတ်ထဲတွင် အနည်းငယ် မမျှတသလို ခံစားလိုက်ရသည်။ သူမကိုယ်တိုင် နဂါးစစ်စစ်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ရှောင်ပင်းက မြင်ဖူးထားသည်လေ။
သူမကို ပေးထားသည့် ဓားက ရှောင်ပင်းထက် အများကြီး သာလွန်သော်လည်း နဂါးဂျိုနဲ့ နဂါးခြင်ဆီလောက် ရဖို့အတွက်နဲ့ နဂါးစစ်စစ်တစ်ကောင်ကို သတ်ပစ်တာကို တွေးမိတော့ သူမ နှမြောမိသည်။
"ချူနင် နောက်တစ်ခါ နဂါးသတ်ရင် အဲဒီ ခန္ဓာကိုယ်ကိုပါ တစ်ခါတည်း သယ်လာလို့ ရမလား"
ဧကရီတစ်ပါးအနေနဲ့ သူမ၏ အမြင်မှာ ထိုသို့ပင် ဖြစ်သည်။ ဤမျှ ကြီးမားသော သတ္တဝါတစ်ကောင်က ကျင့်စဉ်ရင်းမြစ်တွေ ဘယ်လောက်တောင် ပေးနိုင်မလဲဆိုတာ သူမ မသိပါ နင်ကဒီအတိုင်းပစ်ထားခဲ့တာလား။ ရှောင်ပင်းက နင့်ကိုဖြုန်းတီးတယ်လို့ မဆူဘူးလား။
အဲဒါက သိပ်အသုံးမဝင်ပါဘူး ပြောရမယ်ဆိုရင်နဂါးဂျိုနဲ့ နဂါးပုလဲပဲ အသုံးဝင်တာ။ သူ့ခန္ဓာကိုယ်ကကြီးပေမဲ့ နဂါးဆိုတာ ယန်ချီအရမ်းများတဲ့သတ္တဝါတွေပဲ ကောင်းကင်ဖြစ်စဉ်အဆင့်အောက်ကလူဆိုရင် အဲဒီစွမ်းအားကို မခံနိုင်ဘူး စားပြီး ကျင့်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေး။ တာ့ချန်းအင်ပါယာကို ယူသွားရင် အဲဒါက အဆိပ်ပဲ ဖြစ်မှာ
ဒါ့အပြင် နဂါးသွေးကို သေချာမကိုင်တွယ်တတ်ရင် သာမန်ကျင့်ကြံသူတွေကို ချက်ချင်း ပျက်စီးသွားစေနိုင်တယ်။ အဖိုးတန်တာဆိုလို့ နဂါးပုလဲနဲ့ နဂါးဂျိုပဲရှိတာ ဒါပေမဲ့ နဂါးခြင်ဆီလောက် မကောင်းဘူး။
အဲဒါကို သယ်သွားရင်တောင် အများဆုံး နန်းတော်ထဲမှာ မီးထွန်းတဲ့ ပုလဲအဖြစ်ပဲ ချိတ်ထားလို့ ရမှာ ပြီးတော့ အဲဒီပုလဲထဲကယန်ချီ က မင်းရဲ့ခန္ဓာကိုယ်ကို သက်ရောက်မှု ရှိနိုင်လို့ ယူသွားစရာ မလိုပါဘူး။
ချူနင် စကားဆုံးတော့ ရဲ့ချန်းလျန် ကြောင်ကြည့်နေမိသည်။
"အဲဒီလိုမျိုးလား"
"ကိုယ် မင်းကို ပေးတာက အကောင်းဆုံးတွေပဲ။ မပေးတာတွေက တန်ဖိုး သိပ်မရှိလို့ပါ။ ဒါပေမဲ့ မင်းက တကယ်နှမြောတယ်ဆိုရင်တော့ နန်းတော်မှာ အလှဆင်ဖို့ သယ်သွားပေးလို့ ရပါတယ် ကိုယ့်မှာ ကိုင်တွယ်တဲ့ နည်းလမ်းတွေ ရှိပါတယ်"
ရဲ့ချန်းလျန်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားရပြီး သူမ၏ မကျေနပ်မှုလေးတွေလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် "ဒီလောက်ကြီးတဲ့ နဂါးကြီးကိုယူသွားရင် နည်းနည်းတော့ ကြည့်မကောင်းဘူးပေါ့ ထားလိုက်ပါတော့ နင့်ရဲ့ စီစဉ်မှုကိုပဲ ငါယုံပါတယ်။"
သို့သော် သူမသည် ဝေးရာသို့ ထွက်ပြေးနေသော သတ္တဝါကြီးကို နှမြောတသစွာ ကြည့်နေမိသည်။
"ငါတို့ အနားသွားကြည့်လို့ ရမလား"
သူမလို လူမျိုးအတွက်တောင် ဤသို့သော သတ္တဝါကိုမြင်ရခြင်းမှာ စပ်စုချင်စရာ ကောင်းသည် မဟုတ်ပါလား။
နဂါးခြင်ဆီတော့ စားဖူးပြီ ဒါပေမဲ့ နဂါးစစ်စစ်ကိုတော့ မမြင်ဖူးသေးဘူးလေ လူတွေက ပြောကြတယ် ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာမြင်ဖူးတယ်တဲ့။ သူမကတော့ ပြေးတာတောင် မမြင်ဖူးသေးပါဘူး။
ချူနင် သဘောပေါက်သွားသည်။ သူ့ဇနီးသည်က ဒီလို စိတ်ဝင်စားမှုမျိုး ရှိတာလား။ သူက ရဲ့ချန်းလျန်၏ လက်ကို ဆွဲကိုင်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ထိုဧရာမ သတ္တဝါကြီး၏ ခေါင်းပေါ်သို့ ရောက်ရှိသွားကြသည်။ ရွှေရောင် နဂါးဂျိုကြီးကတင် ကျန်းရာဂဏန်းလောက် မြင့်မားနေပြီး ဤခန္ဓာကိုယ်ကြီးက ဘယ်လောက်တောင် ကျယ်ပြောသလဲဆိုလျှင် ရွေ့လျားနေသော နန်းတော်ကြီးတစ်ခုထဲမှာ လမ်းလျှောက်နေရသလိုပင်။
ဤမျှ နီးကပ်စွာ ခံစားလိုက်ရသည့်အခါ ရဲ့ချန်းလျန်၏ နှလုံးသားမှာ ပို၍ပင် တုန်လှုပ်သွားရသည်။ ဤစွမ်းအားနှင့် အရွယ်အစားမှာ သူမ ထင်ထားသည်ထက် ပို၍ ကြီးမားလှသည်။ သူမ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မမေးဘဲ မနေနိုင်တော့ပါချေ။ "ဒါက ကောင်းကင်ဖြစ်စဉ်အဆင့်နဂါးစစ်စစ်လား"
"တာအိုအဆင့်ထင်တာပဲ ဒီတစ်ကောင်က မျိုးနွယ်စုခေါင်းဆောင်ထင်တယ်"
ရဲ့ချန်းလျန်၏ ခန္ဓာကိုယ်လေး တုန်သွားရသည် ကောင်းကင်ဖြစ်စဉ်အဆင့်အထက်က သတ္တဝါတစ်ကောင်တည်းနဲ့တင် အောက်ဘုံကို ဖျက်ဆီးပစ်နိုင်တာ မဟုတ်လား ငါက အခု အဲဒီလို နဂါးကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရပ်နေတာလား။
နဂါးအိုကြီးကတော့ အခုအချိန်မှာ လုံးဝ ကြောင်အသွားရသည်။
ဒါ မဖြစ်သင့်ဘူးလေ။
ဒီလူကြီးက နဂါးငယ်လေးတွေကိုပဲ လိုက်သတ်တတ်တာ မဟုတ်လား ငါ့လို နဂါးအိုကြီးကို ဘာလို့လာဖမ်းတာလဲ။
ငါက အိုနေပြီ နှစ်ပေါင်း သိန်းချီနေပြီ အသားလည်း မကောင်းဘူးလေ ငါ့ကိုမှဘာလို့ ပစ်မှတ်ထားရတာလဲ။
ဤအချိန်တွင် ၎င်းမှာ မလှုပ်ရဲပါချေ။ မြောက်ဘက်ပင်လယ်သည် ဟင်းလင်းပြင် မဟာဧကရာဇ်အုပ်ချုပ်သော နယ်မြေဖြစ်သည်။ ဤလူ၏ ကျင့်စဉ်က ဟင်းလင်းပြင် မဟာဧကရာဇ်ထက် အများကြီး သာလွန်နေသည်လေ ဘာဖြစ်နေမှန်း မသိသော်လည်း ငြိမ်ငြိမ်လေးနေပြီး မစော်ကားမိရင်တော့ အသက်ရှင်နိုင်ကောင်းပါရဲ့။
ရဲ့ချန်းလျန်မှာတော့ နဂါးအိုကြီး၏ ခန္ဓာကိုယ်ပေါ်မှာ ရပ်လျက် ရွှေရောင်နဂါးဂျိုကြီးကို လှမ်းကိုင်ကြည့်လိုက်သည်။
"အဲဒီအရာကို ရှောင်ပင်းရဲ့ချီကုန်းဓားလိုမျိုး လုပ်ရင် ဘယ်အဆင့်လောက် ရှိမလဲ"
နဂါးအိုကြီး၏ နှလုံးသားမှာ ချက်ချင်းပင် မျှော်လင့်ချက် ကင်းမဲ့သွားရတော့သည်
ထင်တဲ့အတိုင်းပဲ ငါ့ကို ပစ်မှတ်ထားနေတုန်းပဲ။
"ကိုယ် မင်းကို ပေးထားတဲ့ ဓားနဲ့ ယှဉ်ရင် ဘယ်လိုလဲ"
"အများကြီးညံ့ပါတယ် လုပ်ဖို့မလိုပါဘူး။ ပြီးတော့ လုပ်လိုက်ရင်လည်း သိပ်မလှဘူး မင်းနဲ့ မလိုက်ဖက်ဘူး"
"ငါ့ဓားက ဒီနဂါးစစ်စစ်ကို သတ်နိုင်လား"
"အစွမ်းကုန် သုံးနိုင်ရင်တော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ် ဒါပေမဲ့ သူက အသေအလဲ ပြန်တိုက်ရင်တော့ မင်း နိုင်ဖို့အခွင့်အရေး မရှိဘူး"
လက်နက် ဘယ်လောက်ပဲကောင်းကောင်း ကျင့်စဉ်က မလုံလောက်ရင် သေနိုင်သည် မဟုတ်ပါလား။ ကျင့်စဉ်နှင့် ပတ်သက်လာလျှင် ချူနင်က တော်တော်လေး တည်ကြည်သည်။ ရဲ့ချန်းလျန် ခဏတာ ပျော်ရွှင်ဖို့အတွက် သူမကို လိမ်ညာပြောမှာ မဟုတ်ပါချေ။
"ဒါပေမဲ့ မင်း အနန္တအဆင့်ကို ရောက်သွားပြီး ဒီဓားကို အပြည့်အဝ အသက်သွင်းနိုင်ရင်တော့ ဒီနဂါးစစ်စစ်ကို သတ်နိုင်ပါလိမ့်မယ်"
ရဲ့ချန်းလျန် မှင်တက်သွားသည်။
သူတော်စင်အဆင့်၊ အနန္တအဆင့်၊ ကောင်းကင်ဖြစ်စဉ်၊ တာအိုအဆင့် အဆင့်ကြီး လေးဆင့်တောင် ကွာခြားနေတာလေ။
အနန္တအဆင့် ရောက်ရင်တောင် သုံးဆင့် ကွာနေသေးသည်။ အဆင့်တစ်ခုစီက အောက်အဆင့်တွေကို အပြတ်အသတ် ဖိနှိပ်နိုင်တာ မဟုတ်လား။ ဒီဓားကို အားကိုးရုံနဲ့တင် အဆင့်တွေ အများကြီးကို ကျော်ဖြတ်နိုင်တာလား ရဲ့ချန်းလျန်၏ စိတ်ထဲတွင် အကြံတစ်ခု ရသွားသည်။
"ဒါဆိုရင် နင် နောက်ပိုင်း ဘယ်တော့မှ ဝင်မတိုက်နဲ့တော့"
သူမက ဓားကို အိမ်ထဲ ပြန်ထည့်လိုက်သည်။
"ငါက အနန္တအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ငါတို့ မင်္ဂလာဆောင်ပြီးရင် အဆင့်တက်နိုင်တယ်။ အဲဒီအချိန်ကျရင် ထျန်းရွှမ်းတိုက်ကြီးက ထိပ်တန်း နတ်ဘုရားနယ်မြေတွေတောင် ဒီဓားနဲ့ဆို ငါ့ကို မယှဉ်နိုင်တော့ဘူး"
"နင် ဝင်ပါနေတာက အဓိပ္ပာယ်မရှိဘူး ငါ့ဘာသာငါပဲ ကိုင်တွယ်မယ်" ချူနင်က ပြုံးပြီး ရဲ့ချန်းလျန်၏ ခါးကို ဖက်လိုက်သည်။
"ကိုယ်ကလည်း ဝင်တိုက်ဖို့ စိတ်ကူးမရှိပါဘူး။ မင်းကို ကိုင်တွယ်ခိုင်းမယ်လို့ ပြောပြီးသားပဲ။ ကိုယ်ကတော့ ကလေးလေးကို ဂရုစိုက်ပေးရုံပေါ့"
ရဲ့ချန်းလျန် ဝမ်းသာသွားသည်။
"နင့်ကျင့်စဉ်က မြင့်လွန်းတော့ အသုံးမဝင်ပါဘူး နန်းတော်ထဲမှာပဲနေပြီး ငါ့အတွက် ကလေးကို သေချာ ကြည့်ပေး အပြင်ကိစ္စတွေကိုတော့ ငါ့ကိုလွှဲထားလိုက်"
"ဒါပေမဲ့ ကလေးထိန်းရတာက လွယ်တဲ့အလုပ်မဟုတ်ဘူးလေ အဲဒီတော့ ဆုလာဘ် တစ်ခုခုတော့ ရှိသင့်တယ်မဟုတ်လား"
ပြောပြီးနောက် သူက ရဲ့ချန်းလျန်၏ မျက်နှာနားသို့ တိုးကပ်သွားသည်။ ရဲ့ချန်းလျန် ချက်ချင်းပင် ကြောင်သွားရသည်။
"မရဘူးလေ ကလေးက မမွေးသေးဘူး နောက်ထပ် ခြောက်လလောက် လိုသေးတာကို။ နင် ဘာမှလည်း မလုပ်ရသေးဘဲနဲ့ ဘာဆုလာဘ် လိုချင်တာလဲ"
"အတိုး အရင်ယူထားလို့ မရဘူးလား"
တုန်ယင်နေသော နဂါးအိုကြီးမှာတော့ စိတ်ပျက်အားငယ်နေရသည် မလှုပ်ရဲရုံတင်မကဘဲ ဘာအတွေးမှပင် မတွေးရဲပါချေ မတော်တဆ သေသွားမှာ ကြောက်လို့ပါ။
ခဏအကြာတွင် အနမ်းခံရသဖြင့် မျက်နှာလေး နီမြန်းနေသော ရဲ့ချန်းလျန်မှာ ခေါင်းငုံ့ထားပြီး စကားပင် မပြောနိုင်တော့ပါချေ။
ဒီမှာ တခြားသူတွေ ရှိနေတာကို မဟုတ်ဘူး တခြားနဂါးတွေ ရှိနေတာကို
ချူနင်က ရုတ်တရက် ရယ်မောလိုက်ပြီး "တခြားနေရာတွေ သွားကြည့်ကြမလား ပျော်စရာကောင်းတဲ့ နေရာကို ခေါ်သွားပေးမယ်"
ရဲ့ချန်းလျန်မှာ အနမ်းကြောင့် ကြောင်အမ်းအမ်း ဖြစ်နေပြီး ဘာမှ မပြောနိုင်တော့ပါ။
နင်က ငါ့ကိုဒီအထိ ခေါ်လာပြီး ဘာမှမပြောဘဲ နမ်းတာကိုး ဘယ်သွားသွား နင့်အကြိုက်ပဲ
သူတို့နှစ်ဦး ပျောက်ကွယ်သွားသည့်အခါမှ နဂါးအိုကြီးမှာ သူတို့ထွက်သွားသည်ကို အာရုံခံမိပြီး ကြောင်နေမိသည်။
ဟင် မသေဘူးလား။
ငါ အသက်ရှင်သေးတာလား။
ထိုအချိန်တွင် ဟင်းလင်းပြင် ဧကရာဇ်မြို့တော်ထဲရှိ ကျင့်ကြံသူများမှာ သတိအနေအထား ဖြစ်သွားကြသည်။ ခုနတင်ပဲ ကြီးမားတဲ့ ဖိအားတစ်ခု ကျဆင်းလာတာကို သူတို့ ခံစားလိုက်ရလို့ပါ။
မြို့တော်ထဲက ကျင့်ကြံသူတွေ ကောင်းကင်ပေါ် ပျံတက်လာကြသော်လည်း နောက်တစ်စက္ကန့်မှာပဲ အမိန့်တစ်ခုကို ကြားလိုက်ရသည်။
အင်အားကြီးသူတစ်ဦး မြို့တော်ကို ရောက်ရှိလာပြီ ကျင့်ကြံသူအားလုံး ထွက်ပြီးကြိုဆိုကြ။
ကျင့်ကြံသူတွေ စုဝေးလိုက်ကြသည့်အခါ သူတို့၏ နယ်မြေအသီးသီးတွင် အသန်မာဆုံးဖြစ်သော ဧကရာဇ်တစ်ပိုင်းများနှင့် ထိပ်တန်းကျင့်ကြံသူများကို မြင်လိုက်ရသည်။
သူတို့ကို ဦးဆောင်လာသူကတော့ ဧကရာဇ်မြို့တော်ထဲရှိ သတ္တဝါအားလုံးကို တုန်လှုပ်သွားစေသည်။
မဟာဧကရာဇ် မဟာဧကရာဇ်ကိုယ်တိုင် ထွက်ကြိုနေတာလား။
အဝေးတစ်နေရာတွင် လူနှစ်ဦး ရောက်ရှိလာသည်ကို တစ်စုံတစ်ယောက် မြင်လိုက်ရပြီး အမြန် ခေါင်းငုံ့လိုက်ကြသည်။ မဟာဧကရာဇ်ကိုယ်တိုင် အခုလို ကြိုဆိုရတဲ့လူဆိုရင် လောကအနှံ့ နာမည်ကြီးနေတဲ့ အမြင့်ဆုံး သတ္တဝါပဲဖြစ်ရမယ်။
အနည်းဆုံး အနန္တအဆင့်ရှိတဲ့ ကျင့်ကြံသူပေါင်း သိန်းချီ ရှိနေသော်လည်း ဘယ်သူမှ ကျင့်စဉ်စွမ်းအား မထုတ်ဖော်ရဲကြပါဘူး။ ထိုလူကြီးရှေ့မှာ ကျင့်စဉ်ပြတာက သေတွင်းတူးတာနဲ့ အတူတူပဲလေ။
သူတို့ကို ဦးဆောင်နေတဲ့ အဖိုးကြီးကတော့ အလွန်အမင်း နှိမ့်ချနေသည်။
"စီနီယာကြွရောက်လာတာကို ကျွန်တော်မျိုး ရိုသေစွာ ကြိုဆိုပါတယ်"
"စီနီယာ ပြင်ဆင်ခိုင်းထားတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ အားလုံး အဆင်သင့် ဖြစ်နေပါပြီ ဒီမှာပါ"
ချူနင်က ခေါင်းညိတ်ပြသည်။
"ငါကတိပေးထားတဲ့အတိုင်း လုပ်ပေးမှာပါ။ မင်းတို့ ကြိုးစားခဲ့တာတွေလည်း အလဟဿ မဖြစ်စေရပါဘူး အထဲဝင်ပြီး အရင် စကားပြောကြတာပေါ့"
အဖိုးကြီးမှာ ချက်ချင်းပင် ဝမ်းသာသွားသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ"
သို့သော် ချူနင်ဘေးက အမျိုးသမီးကို မြင်လိုက်ရသည့်အခါ စုတိန်ဖန်းခဏမျှ စကားမပြောနိုင် ဖြစ်သွားသည်။ သူ အရင်က တစ်ယောက်မြင်ဖူးသော်လည်း အခုမြင်ရတဲ့ အမျိုးသမီးက အရှိန်အဝါချင်း လုံးဝ မတူတာကြောင့်ပါ။
"စီနီယာ... ဒါက ဘယ်သူလဲဆိုတာ သိပါရစေ"
"ငါဇနီးပဲ"
ရဲ့ချန်းလျန် မှင်တက်သွားသည်။ ဒီလောက် ကြီးကျယ်တဲ့ ကြိုဆိုမှုပြီးတော့ ကောင်းကင်ပေါ်မှာ ရပ်နေတဲ့ ကျင့်ကြံသူတွေ အားလုံးက အနည်းဆုံးသူတော်စင်အဆင့်တွေပဲ သူမရှေ့က အဖိုးကြီးက ရှောင်ပင်းပြောဖူးတဲ့ ဟင်းလင်းပြင်မဟာဧကရာဇ်လား။
ဒါဆို ငါကဂါရဝပြုရမှာလား သူက မဟာဧကရာဇ်လေ။ ဒါပေမဲ့ သူက ချူနင့်လောက် မသန်မာဘူးဆိုတော့ မလိုလောက်ပါဘူး။ သို့သော် သူမ ဘာမှ မလုပ်ရသေးခင်မှာပင် ထိုအဖိုးကြီးက အမြန် ဦးညွှတ်လိုက်ပြန်သည်။
"ကျွန်တော်မျိုး စုတိန်ဖန်းက စီနီယာရဲ့ ဇနီးသည်ကို ဂါရဝပြုပါတယ်"
ရဲ့ချန်းလျန် ကြောင်သွားသည်။ အော်... ဟုတ်သားပဲ ချူနင်ရှိနေရင် ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ အနည်းဆုံးတော့ သူမက မသေမျိုးဧကရာဇ်ရဲ့ ဇနီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြရမှာပေါ့။
သူမက အောက်ဘုံမှာလည်း အုပ်ချုပ်သူ တစ်ယောက်ပဲဟာ။ ဒီမြင်ကွင်းက အံ့သြစရာ ကောင်းပေမဲ့ သူမ တည်တည်ငြိမ်ငြိမ်ပဲ နေလိုက်သည်။
"ငါက ငါ့ခင်ပွန်းနဲ့အတူ အပျော်ခရီး ထွက်လာတာပဲ အခုလိုမျိုးတွေ လုပ်စရာ မလိုပါဘူး"
စုတိန်ဖန်း အမြန် ဦးညွှတ်လိုက်သည်။
"နားလည်ပါပြီ ကြွပါ ခင်ဗျာ"
ဒီစကားတွေကို ကြားရသည့်အခါ ရဲ့ချန်းလျန် ခေါင်းပင် မူးနောက်သွားရသည်။ မဟာဧကရာဇ်ကဘယ်အဆင့်လဲ။ တာအိုအဆင့် အထက် မဟာဧကရာဇ်တာအိုအဆင့် ပြီးတော့ ဘာတွေ ရှိသေးလဲ... သူမ မမှတ်မိနိုင်တော့ပါချေ။
ဒီအဆင့်က လူတွေက ဘာလို့အာဏာနဲ့ အဆင့်အတန်းကို ဂရုမစိုက်ကြတာလဲဆိုတာ မထူးဆန်းတော့ပါဘူး။ ဒီအဆင့်က သတ္တဝါတွေက သူမကို နေ့တိုင်း ဦးညွှတ်နေရင် သူမလည်း ဂရုစိုက်မှာ မဟုတ်တော့ဘူး။
ရဲ့ချန်းလျန်သည် ဘာမှမဖြစ်သလို နေနေသည့် ဒီလူယုတ်မာကို ကြည့်လိုက်သည်။
ငါ ရင်ထဲမှာ ဘယ်လောက် တုန်လှုပ်နေမလဲဆိုတာ နင်သိတယ် မဟုတ်လား အဲဒါကို ကြည့်ပြီး နင်ပျော်နေတယ် မဟုတ်လား။
နင် တမင်လုပ်တာ မဟုတ်လား။