အခန်း ၈၀ သူ့ကိုအပြင်ခေါ်သွားပြီး လေ့လာကြည့်မလား
တာ့ချန်းအင်ပါယာ၏ မင်းတက်နန်းဆောင်ထဲတွင် ဝန်ကြီးချုပ်ချိုးကျွင်းနှင့် အခြားသော အတွင်းဝန်ကြီး နှစ်ဦးတို့သည် မနေ့က ရရှိခဲ့သော အကျိုးအမြတ်များကို သူတို့နှစ်ဦးထံ အစီရင်ခံနေကြသည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးသန်း ၃၀ ကျော်၊ အလယ်အလတ်အဆင့် ၇ သန်း၊ အဆင့်မြင့် ၅ သန်းနဲ့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၁ သန်းကျော် ရရှိခဲ့ပါတယ်”
“အဆင့်အမျိုးမျိုးရှိတဲ့ ဆေးလုံးစုစုပေါင်း ၂ သောင်းကျော်၊ မသေမျိုးလက်နက်၃၂ လက်၊ ဟင်းလင်းပြင်ခွဲ နတ်ဘုရားလက်နက်၃ လက်နဲ့ အကန့်အသတ်မဲ့ နတ်ဘုရားလက်နက်၁ လက်တို့ ဖြစ်ပါတယ်”
“ပြီးတော့ တခြားသော...”
ဝန်ကြီးချုပ်ချိုး၏ စကားများကို နားထောင်ရင်း ရဲ့ချန်းလျန်၏ မျက်နှာထားမှာ တည်ငြိမ်ရန် ခက်ခဲလာသည်။ ဝိညာဉ်ကျောက်တုံး အရေအတွက် တစ်ခုတည်းတင် တာ့ချန်းအင်ပါယာထက် အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလား။
ကျင့်စဉ်များ၊ ဆေးလုံးများ၊ လက်နက်များနှင့် အခြားသော ရင်းမြစ်များအကြောင်းကိုမူ ဆိုဖွယ်ရာမရှိပါ။ ဤရင်းမြစ် ပမာဏမှာ အခြားနိုင်ငံအားလုံး ပေါင်းထားလျှင်ပင် တာ့ကျိုးအင်ပါယာ၏ ရင်းမြစ်ကို မယှဉ်နိုင်ပါချေ။
သူတို့သည် အဘယ်ကြောင့် ဤမျှများပြားသော စစ်တပ်များ၊ ကျင့်ကြံသူများကို ထောက်ပံ့နိုင်ပြီး သူတို့၏အနန္တအဆင့်ဘိုးဘေးများအတွက်ပင် ရင်းမြစ်များ ပေးနိုင်သနည်းဆိုသည်မှာ မထူးဆန်းတော့ပါ။
ဤမျှ အင်အားကြီးမားမှုနှင့်ဆိုလျှင် တစ်လောကလုံးကို သိမ်းပိုက်မည်ဟု ပြောခြင်းမှာ ပုံကြီးချဲ့ခြင်း မဟုတ်တော့ပါချေ။
သူတို့သည် ရင်းမြစ်များကို အများဆုံးရရှိပြီး အနည်းဆုံးသော ပေးဆပ်မှုဖြင့် တစ်လောကလုံးကို သိမ်းပိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်နိုင်သည်။
သို့သော် ယခုအခါတွင်မူ သူတို့၌ မည်သည့် အခွင့်အရေးမျှ မရှိတော့ပါ အရာအားလုံးမှာ ဤလောက၏ ဝိညာဉ်စွမ်းအား အဖြစ်သို့ ပျော်ဝင်သွားခဲ့လေပြီ။
ဤအရာအားလုံးကို ယူဆောင်လာပေးသူမှာ ရဲ့ချန်းလျန်၏ ဘေးတွင်ထိုင်ကာ အစီရင်ခံစာကို စစ်ဆေးနေသော ဧကရာဇ် ချူနင်ပင် ဖြစ်သည်။ မင်္ဂလာပွဲကြီး ကျင်းပပြီးစီးခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိပါသေးသည်။
ယခုအခါ ဧကရာဇ်သည် နန်းတော်ထဲသို့ ပြောင်းရွှေ့နေထိုင်နေပြီ ဖြစ်သည်။ အမှန်တကယ်တော့ နန်းတွင်းထုံးတမ်းစဉ်လာအရ ဤသည်မှာ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ပါ သူက အစိုးရအာဏာကိုပင် လွှမ်းမိုးထားသည် မဟုတ်ပါလား။
သို့သော် ထုံးတမ်းစဉ်လာဆိုသည်မှာ အားနည်းသူများကို ချည်နှောင်ရန်သာ ဖြစ်ပြီး အားသာသူများကသာ ထုံးတမ်းစဉ်လာကို သတ်မှတ်ခြင်း ဖြစ်သည်။ ချူနင်ကို ထိုအရာများနှင့် ချည်နှောင်ရန် မည်သူက ရဲတင်းပါမည်နည်း။
ဤကိစ္စနှင့် ပတ်သက်၍ သူတို့သုံးဦးမှာ အခြားအတွေး မရှိကြပါ ပုံမှန်အားဖြင့် ရိုးရိုးအေးအေး နေတတ်သော ချူနင်သည် ဤမျှ နက်နဲသော ပညာရှင်တစ်ဦး ဖြစ်နေသည်ကိုသာ အံ့သြနေကြရသည်။
တာ့ချန်းအင်ပါယာကြီး တိုးတက်စည်ပင်တော့မည်။
“ကိုယ် နားလည်ပါပြီ ခွဲဝေမှုအပိုင်းကိုတော့ မနေ့က ကိုယ်ပြောထားတဲ့အတိုင်းပဲ ဆက်လုပ်ကြပါ”
“အရှင်မင်းကြီး၏ အမိန့်တော်အတိုင်း လိုက်နာပါ့မည်”
“နောက်ထပ် တစ်ခုရှိသေးတယ်”
ရဲ့ချန်းလျန်က ရုတ်တရက် စကားပြောလိုက်သည်။ သူမက အနီရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ဝန်ကြီးချုပ်ချိုးကို ကြည့်လိုက်သည်။
“အခု တာ့ကျိုးအင်ပါယာက ပြည်တွင်းစစ်တွေနဲ့ လုံးဝ ပျက်စီးနေပြီ အခြားအင်ပါယာတွေက ဒါကိုဝိုင်းဝန်းခွဲဝေကြလိမ့်မယ် ဒါပေမဲ့ ကိုယ်တို့ဘက်က ဝင်ရောက်စွက်ဖက်စရာ မလိုဘူး”
သူတို့ရဲ့ အဖိုးတန်ရင်းမြစ်တွေအားလုံးက တာ့ချန်းအင်ပါယာထဲမှာရှိနေပြီ။ အဲဒါတွေကို သုံးပြီး စစ်တပ်နဲ့ ထိပ်တန်းကျင့်ကြံသူတွေကို ပျိုးထောင်ပါ။
သူတို့အချင်းချင်း တိုက်ခိုက်ကြပါစေ လူဦးရေနဲ့ နယ်မြေကလွဲလို့ သူတို့အတွက် ပိုထူးခြားတဲ့ အကျိုးအမြတ် ရမှာမဟုတ်ဘူး။
“ဒီတစ်ကြိမ်မှာတော့ တာ့ချန်းအင်ပါယာက ဝင်ပါမှာ မဟုတ်ဘူး”
နန်းတွင်းအကြံပေးအဖွဲ့မှာလည်း အလားတူ ဆုံးဖြတ်ချက်မျိုး ရှိထားပြီးသား ဖြစ်သည်။ အဖိုးတန်ဆုံး ရင်းမြစ်အားလုံးကို ယူဆောင်ပြီးပြီ။ အသန်မာဆုံး ကျင့်ကြံသူအားလုံးကို သတ်ပြီးပြီ။ တာ့ကျိုးအင်ပါယာ၏ နဂါးဝိညာဉ်လည်း လုံးဝ ပျက်စီးသွားပြီ။
နာမည်သာရှိပြီး အနှစ်သာရ မရှိတော့သဖြင့် ပြည်တွင်းစစ် ဖြစ်ပွားမည်မှာ မလွဲဧကန်ပင်။ အကယ်၍ စစ်တပ်လွှတ်ပြီး အတင်းသိမ်းပိုက်လျှင်ပင် ထိုနယ်မြေမှာ အခြားနိုင်ငံများစွာ ခြားနေသဖြင့် အုပ်ချုပ်ရန် ခက်ခဲပေလိမ့်မည်။
ဤလုပ်ရပ်က တာ့ချန်းအတွက် အကျိုးအမြတ် များသော်လည်း သိမ်းပိုက်သင့် မသင့်ဆိုသည်မှာ ခက်ခဲသော ဆုံးဖြတ်ချက် ဖြစ်သည်။
သို့သော် ယခုအခါ ရဲ့ချန်းလျန်က ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။ ထိုနေရာတွင် တန်ဖိုးရှိသော ရင်းမြစ်များ မရှိတော့သဖြင့် ကိုင်တွယ်ဖြေရှင်းနေစရာ မလိုတော့ပါ။
လက်ရှိတွင် မလှုပ်မယှက်နေခြင်းမှာ တာ့ချန်းအင်ပါယာ အင်အားမရှိ၍မဟုတ်ဘဲ အင်အားကို လျှို့ဝှက်စုဆောင်းနေသည့် ကာလသာ ဖြစ်သည်။ လုံလောက်သော နည်းလမ်းမရှိဘဲ ထိုနယ်မြေကို သိမ်းပိုက်လျှင်ပင် ပြန်အန်ထုတ်ရမှာ သေချာသည်။
ဝန်ကြီးသုံးဦးစလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး ဦးညွှတ်လိုက်ကြသည်။
“အရှင်မင်းကြီးသည် ပညာရှိလှပါပေသည် ဤလုပ်ရပ်က တာ့ချန်းကို အမြန်ဆုံးနှုန်းနဲ့ တိုးတက်စေပါလိမ့်မယ်။ တာ့ချန်းပိုင်တဲ့အရာဟာ နောက်ဆုံးမှာ တာ့ချန်းဆီကိုပဲ ရောက်လာမှာပါ အခုတော့ သူတို့ ခဏ သိမ်းထားပေးတာပေါ့”
“သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ဧကရာဇ်စစ်တပ်ဟာ နိုင်ငံအားလုံးကို သိမ်းပိုက်ပြီး တစ်လောကလုံးကို စည်းလုံးစေပါလိမ့်မယ်”
ချူနင်ကို ဘာလို့ တိုက်ခိုက်ခိုင်းဖို့ မပြောကြတာလဲ ဧကရာဇ်ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ပြောရဲတဲ့ သတ္တိနဲ့ မျက်နှာ သူတို့မှာ မရှိပါဘူး။
အရှင်မင်းကြီးက အခုလိုမျိုး သူတို့အတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးပေးထားပြီးပြီ မဟုတ်ပါလား။
အတည်ပြုချက် ရရှိပြီးနောက် သူတို့သုံးဦး ဦးညွှတ်ကာ ထွက်ခွာသွားကြသည်။ ဤသည်မှာ တာ့ချန်းအင်ပါယာအတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
နန်းဆောင်ထဲတွင် ချူနင်က ဘာမှဝင်မပြောပါ သူ့ဇနီးသည်မှာ သူမ၏ရည်မှန်းချက် ရှိသည် မဟုတ်ပါလား။ သူက အစီရင်ခံစာ ဒါဇင်ဝက်ခန့်ကို ယူကာ သူမရှေ့သို့ တွန်းပေးလိုက်သည်။
“မင်း ကြည့်ချင်သေးလား”
“မကြည့်တော့ဘူး နင် အကုန်ကိုင်တွယ်ပြီးပြီပဲ ငါကြည့်စရာ ဘာရှိလို့လဲ”
ရဲ့ချန်းလျန်က နှုတ်ခမ်းဆူကာ ကြည့်ပင်မကြည့်တော့ပါ။
“ဒါတွေကို နန်းတွင်းအကြံပေးအဖွဲ့ဆီ ပို့လိုက်ပါ”
ချူနင်က ပြုံးလျက် အစေခံတစ်ဦးကို ခေါ်ကာ ပို့ခိုင်းလိုက်ပြီးနောက် တံခါးကို ပိတ်လိုက်သည်။
“ကိုယ်တို့ နေ့စဉ်ဘဝမှာ အခုထက်ပိုပြီး စကားတွေ အများကြီး ပြောသင့်တယ်လို့ ကိုယ်ထင်တယ်”
အနည်းဆုံးတော့ သူစိမ်းတွေလို မဖြစ်တော့ဘူးပေါ့ ဟုတ်တယ်မလား။ ပြီးတော့ သူမက အခု သူ့ကိုလုံလောက်အောင် ယုံကြည်နေပါပြီ။ ဒါဟာ သူတို့နှစ်ဦးကြားက ဆက်ဆံရေး တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ရလဒ်ပါပဲ။
ရဲ့ချန်းလျန်၏ မျက်နှာထားမှာ မပြောင်းလဲဘဲ မျက်လုံးလေးတွေကို မှိတ်ထားကာ သက်သောင့်သက်သာ ရှိနေပုံရသည်။
“နင်က ဒီကိစ္စတွေမှာ ကျွမ်းကျင်နေတော့ ငါ ဝင်ပါစရာအခွင့်အရေး မရှိဘူးလေ အဲဒီတော့ နင့်ကိုပဲ ယုံကြည်ရမှာပေါ့”
“ဒါပေမဲ့ မင်း လိုချင်တဲ့ ရင်းမြစ်တွေ ဘာတွေ မရှိဘူးလား”
“မရှိပါဘူး သိမ်းဆည်းရမိတဲ့ အရာတွေက ရဲ့မျိုးနွယ်စု နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေအတွက်ပဲ အသုံးဝင်မှာပါ ငါ့အတွက်တော့ သိပ်အသုံးမဝင်ပါဘူး”
ရှောင်ပင်းအတွက် လက်နက်ကောင်းတစ်ခု ရွေးပေးရမလား။ သူက အခု ပဉ္စမအဆင့်ကို ရောက်နေပြီလေ။ စည်းမျဉ်းအရဆိုရင် သူ့ကို ပိုကောင်းတဲ့ လက်နက်တစ်ခု ပေးသင့်တယ်
ဟို... သူကိုင်ထားတဲ့ ချီကုန်းဓားက ကိုယ် နဂါးတစ်ကောင်ကို သတ်ပြီး သူ့ရဲ့ နဂါးဂျိုကို ချိုးပြီး ပေးထားတာလေ။ အဲဒါက ထိပ်တန်းအဆင့် မဟုတ်ပေမဲ့ အနည်းဆုံးတော့ ဒီလောကအတွက် လုံလောက်ပါတယ်။
ရဲ့ချန်းလျန် ခဏမျှ တိတ်သွားပြီးနောက် မျက်လုံးဖွင့်ကာ ချူနင့်ကို စိုက်ကြည့်လိုက်သည်။ ချူနင် မှင်တက်သွားရသည်။
“ကိုယ် ရှောင်ပင်းအပေါ် ကောင်းလွန်းတယ်လို့ ထင်နေတာလား သူက မင်းရဲ့လူပဲလေ ကိုယ်နဲ့ ရှောင်ပင်း ဆက်ဆံရေးကလည်း ကောင်းပါတယ်။ အကယ်၍ မင်း မလိုလားရင်..."
ရဲ့ချန်းလျန် နှုတ်ခမ်းကို တွန့်လိုက်သည်။
“နင် ရှောင်ပင်းအပေါ် ကောင်းတာကို ငါက မနာလိုဖြစ်စရာ မလိုပါဘူး ပြီးတော့ ရှောင်ပင်းကလည်း ငါတို့လူပဲဟာ”
ချူနင် ပြုံးလိုက်ပြီး သက်ပြင်းချနိုင်တော့သည်။
“ဒါဆို ဘာဖြစ်လို့လဲ”
“နင် အဲဒီဟင်းရည်က တကယ်ပဲနဂါးခြံဆီနဲ့ လုပ်ထားတာလား”
ဒီလိုပြောလိုက်သည့်အခါ ရဲ့ချန်းလျန်၏ မျက်လုံးများ တုန်ယင်သွားသည်။ နဂါးခြံဆီ တကယ်ပဲ အသတ်ခံလိုက်ရတဲ့ နဂါးစစ်စစ်ဆီကလား ပြီးတော့ သူတို့ နေ့တိုင်းစားနေတဲ့ ဟင်းတွေကလည်း ဘာလို့ ဒီလောက် အရသာရှိနေတာလဲဆိုတာ မထူးဆန်းတော့ပါဘူး။
အဲဒါတွေအားလုံးက ချူနင်ပြောသလို ရှေးဟောင်း သတ္တဝါဆန်းတွေလား
ချူနင်က ခေါင်းညိတ်ပြသည်။
“ဒီအမယ်တွေက အရသာရှိသလို ကျင့်စဉ်စွမ်းအားလည်း မြင့်မားတယ်။ သေချာ ကိုင်တွယ်တတ်ရင် ကျင့်ကြံသူတွေအတွက် အကျိုးရှိတယ်။ ဒါတွေကို စားပြီး မွေးလာတဲ့ ကလေးတွေက ကျင့်စဉ်ပါရမီအလွန် မြင့်မားလိမ့်မယ်”
ချူနင် အေးအေးဆေးဆေး ပြောနေသည်ကို ကြားရသောအခါ ရဲ့ချန်းလျန် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ သူမသည် ချူနင်ကို အမြင့်ဆုံး ပညာရှင်တစ်ဦးအဖြစ် ယခုထိ စိတ်ထဲမှာ ချိတ်ဆက်လို့ မရသေးပါချေ။
မနေ့ကမှ သူမကို အခွင့်အရေးယူခဲ့တဲ့ ဒီလူက မျက်နှာတစ်ချက် အပြောင်းမှာ တောင်တွေ မြစ်တွေကို ဖျက်ဆီးနိုင်ပြီး ဒီလောကမှာ မရှိတော့တဲ့ နဂါးစစ်စစ်တွေကို သတ်နိုင်တယ်ဆိုတာက ယုံရခက်လွန်းလှသည် မဟုတ်ပါလား။
ထားလိုက်ပါတော့ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးပါဘူး။ အဓိကကတော့သူမလည်း နဂါးစစ်စစ်ဆိုတာ ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးချင်တယ်။ ပြီးတော့ နဂါးတစ်ကောင်ကို သတ်တုန်းက နဂါးခြံဆီပဲ ယူလာတာလား နဂါးတစ်ကိုယ်လုံးမှာ အဖိုးတန်တာတွေ အများကြီးရှိမှန်း နင်မသိဘူးလား ပြီးတော့ နင်က ရှောင်ပင်းကိုပဲ ခေါ်သွားတယ် သူမကတော့ မရောက်ဖူးသေးဘူး
ရဲ့ချန်းလျန် ခဏမျှ တွန့်ဆုတ်နေပြီးနောက် ဟာလာဟင်းလင်း ဖြစ်နေသော စားပွဲကို လှည့်ကြည့်လိုက်သည်။
“ဒီနေ့တော့ အစီရင်ခံစာတွေ သိပ်မရှိတော့ဘူး ထင်တယ်”
အင်း ဒီအုပ်ချုပ်ရေး စနစ်အတိုင်း သွားနေရင် မင်းရဲ့ဝန်ထုပ်ဝန်ပိုးက တဖြည်းဖြည်း ပေါ့ပါးသွားလိမ့်မယ်။ ဒါက ကိုယ်ပြောခဲ့တဲ့ အဖွဲ့အစည်းဆိုင်ရာ စနစ်ရဲ့ အားသာချက်ပဲ။
ဒါပေမဲ့ အခက်အခဲကတော့ မင်းက နန်းတွင်းအရာရှိတွေနဲ့ ထိတွေ့မှု နည်းသွားတော့ သူတို့ကို ထိန်းချုပ်ဖို့ ခက်သွားနိုင်တယ်။ ဒါပေမဲ့ မင်းမှာ ကျင့်စဉ်ရှိနေတော့ စိတ်ပူစရာ မလိုပါဘူး။
ရဲ့ချန်းလျန်၏ စိတ်က ထိုအရာပေါ်မှာမရှိပါ။
“ငါ ဆိုလိုတာက ဒီနေ့ လုပ်စရာ ဘာမှမရှိတော့ဘူးလို့ ထင်တာပဲ”
ချူနင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
“ဒါဆို ကိုယ်တို့ နန်းဆောင်ကို ပြန်ကြမလား”
ရဲ့ချန်းလျန် တုံ့သွားပြီး မျက်နှာလေး နီမြန်းကာ မကျေမနပ် ပြောလိုက်သည်။ “အပြင်မှာ လင်းထိန်နေတုန်းပဲလေ မနက်ခင်းပဲ ရှိသေးတာကို”
“ဒါဆို ညကျရင်ကော ရမလား”
“ညကျရင်လည်း မရဘူး ဒီည နင်နန်းဆောင်ကို ပြန်အိပ်ရမယ်။ ငါ ရှောင်ပင်းကို ပြန်ခေါ်ထားပြီးပြီ”
ချူနင် အနည်းငယ် နှမြောသွားသော်လည်း ရဲ့ချန်းလျန်၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်လိုက်သည်။ သူမက အပြင်ထွက်ပြီး လမ်းလျှောက်ချင်နေတာလား။
“နန်းတော်ထဲမှာ လမ်းလျှောက်ချင်လို့လား”
“ငါက ငယ်ငယ်ကတည်းက နန်းတော်ထဲမှာ နေလာတာ ဘာမှ စိတ်ဝင်စားစရာ မရှိတော့ဘူး”
“မြို့ထဲ သွားမလား”
“စိတ်မဝင်စားဘူး”
ထိုအခါမှ ချူနင် သဘောပေါက်သွားသည်။ နင်လိုချင်တာကို တိုက်ရိုက်ပြောလိုက်ရင် ရတာပဲကို ဘာလို့ နဂါးခြင်းဆီ ဘာတွေ လျှောက်ပြောနေရတာလဲ။ အထက်ဘုံကို အပျော်သွားချင်တယ်လို့ ပြောလိုက်ရင် ပိုမလွယ်ဘူးလား။
ချူနင် ပြုံးလိုက်ပြီး ရှေ့သို့ တိုးကာ ရဲ့ချန်းလျန်၏ လက်ကို ဆွဲကိုင်လိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ် ဒီနေ့ သွားစရာ နေရာတစ်ခု ရှိတယ်။ မင်း လိုက်ခဲ့ချင်လား”
ရဲ့ချန်းလျန် စူးစမ်းလိုစိတ် ဖြစ်သွားသည်။
“ဘယ်နေရာလဲ”
“ရောက်ရင် သိမှာပေါ့”
ပြောပြီးသည်နှင့် သူတို့၏ ခြေဖဝါးအောက်တွင် မရေမတွက်နိုင်သော ဝင်္ကပါပုံစံများ ပေါ်လာတော့သည်။ ရဲ့ချန်းလျန် ခဏမျှ မှင်တက်သွားရသည်။
ဒါက ဘယ်လို နည်းလမ်းမျိုးလဲ။