အခန်း ၇၉ အိပ်ချင်ဟန်ဆောင်နေတာလား
ချူနင်သည် တကယ်ပင် ရှေ့ဆက်မတိုးခဲ့ပါ။ သူသည် ကလေးရှိနေသည်ကို ဂရုစိုက်ဆဲပင်။ မဟုတ်လျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမမှာ အရိုးပင်ကျန်တော့မည် မဟုတ်ချေ။
သို့သော် ယခုအခြေအနေမှာလည်း အရိုးပင်မကျန် ဝါးမြိုခံလိုက်ရသည်နှင့် မခြားနားလှပါ။ အနည်းဆုံးတော့ သူမကို ဘယ်သူမှ မမြင်လိုက်ရခြင်းက ကံကောင်းသည်ဟု ဆိုရမည်။
သို့သော် ဤအချိန်တွင် ရဲ့ချန်းလျန်မှာ ရှက်လွန်း၍ရော စိတ်တိုလွန်း၍ပါ ဘာပြောရမှန်းပင် မသိတော့ချေ။ သူက ကျင့်စဉ်မြင့်မားမှုကို အခွင့်ကောင်းယူပြီး သူမ တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ် ပွတ်သပ်နှောင့်ယှက်ခဲ့သည် မဟုတ်ပါလား။
အထူးသဖြင့် သူမဘေးက အမျိုးသားထံမှ ဟောက်သံကို ကြားလိုက်ရသည့်အခါ ရဲ့ချန်းလျန် ချက်ချင်း လှည့်ကြည့်လိုက်မိသည်။
မဟုတ်သေးဘူးလေ။
နင်က နှောင့်ယှက်လို့လည်းဝပြီ နမ်းလို့လည်း ဝပြီဆိုရင် ဘာလို့ မပြန်သေးတာလဲ အခုထိ အိပ်နေတုန်းလား။
ရဲ့ချန်းလျန်၏ စိတ်ဓာတ်မှာ ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။ လူတစ်ကိုယ်လုံး သူမ၏ စောင်ထဲသို့ ရောက်နေပြီး သူမဘေးမှာ ကပ်အိပ်နေသည်လေ။
သူမက ကလေး၏ မိခင်ဖြစ်ပြီး ချူနင် ရှိနေခြင်းကို လက်ခံထားသည်ဆိုသော်လည်း ဤနေရာမှာ အိပ်ခွင့်ပြုမည်ဟု တစ်ခါမျှ မပြောခဲ့ဖူးပါ။ ရှောင်ပင်းသာ မြင်သွားလျှင် သူမ ဘယ်လိုရှင်းပြရမည်နည်း။
လက်ထပ်ခြင်းမပြုမီ ကိုယ်ဝန်ရခြင်း ယခုတော့ အတူနေခြင်းသာမန်အရပ်သားများကြားမှာပင် ဤသို့သော အပြုအမူမျိုးမှာ ကဲ့ရဲ့စရာဖြစ်နေသည်လေ သူမလို အင်ပါယာ ဧကရီအတွက်ဆိုလျှင် ပို၍ပင် ဆိုးပေမည်။
ရဲ့ချန်းလျန်သည် သူမဘေးက ဓားရှည်ကို ကောက်ကိုင်လိုက်ပြီး ရှက်စိတ်နှင့် ဒေါသတို့ကြောင့် သူမ၏ရင်ဘတ်ကို ဖုံးကွယ်ထားလိုက်သည်။
ဒီဓားက နင့်ကို သေအောင် ထိုးနိုင်တယ်လို့ နင်ပြောခဲ့တယ် မဟုတ်လား။
အခုပဲ နင့်ကို ငါ ထိုးသတ်ပစ်မယ်။
ဒါဟာ ငါ့ကို မလေးမစား လုပ်ခဲ့တဲ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲ။
သို့သော် အတွေးပေါင်းစုံ ဝင်လာပြီးနောက် နောက်ဆုံးတွင် သူမ မလုပ်ရက်ခဲ့ပါချေ။ အနမ်းခံလိုက်ရပြီးပြီပဲ ဘာထူးမှာလဲ။ သူ့ကို သတ်လိုက်လို့ရော သူမအတွက် ဘာထူးမှာမို့လို့လဲ။
ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ အပြည့်ဖြင့် ရဲ့ချန်းလျန်သည် ထိုဧကရာဇ်လက်နက်ကို ဘေးသို့ ပစ်ချလိုက်ပြီး သူမ၏ မူလနေရာမှာ ပြန်လှဲလိုက်သည်။ ထို့နောက် မကျေနပ်သေးဘဲ ချူနင့်ကို အားရပါးရ နှစ်ချက်လောက် ကန်လိုက်မိသည်။
ချူနင်က အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လာပြီး သူက ရဲ့ချန်းလျန်၏စောင်ကို လုယူထားမိသည်ဟု ထင်မှတ်ကာ သူမကို ပို၍ နီးကပ်စွာ ဆွဲဖက်လိုက်ပြီး စောင်လေးဖြင့် သေချာ ပတ်ပေးလိုက်သည်။ ထို့နောက် ကျေနပ်သော မျက်နှာထားဖြင့် ဆက်အိပ်လေတော့သည်။
သူ တကယ် ပင်ပန်းနေခဲ့ခြင်း ဖြစ်သည်။ ကျင့်စဉ်မြင့်မားသူတစ်ဦးအနေဖြင့် အနားယူရန် မလိုအပ်သော်လည်း သူက လူသားတစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး လူသားတို့၏ အလေ့အထများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ဒါ့အပြင် ငါအိပ်ပျော်နေရင် မင်းငါ့ကို နှင်ထုတ်ဖို့ အကြောင်းပြချက် မရှိတော့ဘူးလေ။ တစ်ခါ အိပ်ရာထဲ ရောက်လာမှတော့ လွယ်လွယ်နဲ့ ပြန်ထွက်သွားပါ့မလား ဆက်အိပ်လိုက်ဦးမယ်။
သူ့ရင်ခွင်ထဲမှာ အဖက်ခံထားရသည့် ရဲ့ချန်းလျန်မှာတော့ အလွန် အနေရခက်နေသည်။
ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်သွားရတာလဲ။
ရှောင်ပင်းကို လွှတ်လိုက်ခြင်းက သူမက ချူနင့်ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်နေသည်။ ချူနင်လည်း အဲဒီလိုပဲ ထင်နေမှာ သေချာသလို ရှောင်ပင်းလည်း အဲဒီလိုပဲ ထင်နေတော့မှာပဲ။ ဒါပေမဲ့ သူမ တကယ် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။
ဒါပေမဲ့ အခြေအနေက ဒီအထိ ရောက်လာခဲ့ပြီ သူမ၏ ကျင့်စဉ်က ချူနင့်ထက် နိမ့်ကျနေသဖြင့် ဤအရှက်မရှိသော အမျိုးသားကို မောင်းထုတ်၍ မရနိုင်ပါ ဒီအတိုင်းပဲ နေရတော့မှာပေါ့။
မိမိကိုယ်ကိုယ် ပြန်လည် ဆင်ခြင်ပြီးနောက် ရဲ့ချန်းလျန် စိတ်အေးသွားသည်။
အဝတ်အစားတွေ ခြားနေသော်လည်း သူ့ဆီက ပူနွေးတဲ့ ကိုယ်အပူရှိန်ကို ခံစားနေရသည်။ ယောက်ျားတွေအားလုံးက ဒီလောက်အထိ နွေးကြတာလား။
အဖက်ခံထားရပြီးသားပဲ အဲဒီအပူရှိန်ကို ခံစားကြည့်ရင်ကော ဘာဖြစ်မှာလဲ။ ပြီးတော့ ချူနင်က သူမအပေါ် တကယ် ကောင်းပါတယ်။ ကလေးကို ထိခိုက်မယ့် ကိစ္စမျိုးလည်း မလုပ်ခဲ့ပါဘူး။
ဒါပေမဲ့ နင်က ငါ့ခွင့်ပြုချက်မရှိဘဲ ငါ့ကို ဖက်အိပ်နေတာကိုတော့ ငါတကယ် မကျေနပ်ဘူးနော်။
ဒါပေမဲ့ နင်ဒီနေ့ လုပ်ပေးခဲ့တာတွေရယ် နင် ပင်ပန်းပြီး အိပ်ပျော်နေတာရယ်ကြောင့် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။
သူမ စိတ်တည်ငြိမ်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး သူမ၏ အသက်ရှူသံနှင့် ချူနင်၏ အသက်ရှူသံတို့သာ ကျန်ရစ်တော့သည်။
ရုတ်တရက် သူမခံစားလိုက်ရသည်မှာ ဤကျယ်ပြောလှသော နန်းတော်ကြီးထဲတွင် သူမ တစ်ယောက်တည်း ရှိနေတော့သည် မဟုတ်ပါ။ အနည်းဆုံးတော့ သူမကို အလွန်အမင်း ဂရုစိုက်ပေးမည့် တစ်စုံတစ်ယောက်က သူမဘေးမှာ ရှိနေပြီလေ။
ဒါကလည်း မဆိုးပါဘူး လုံခြုံမှုရှိတယ်လို့ ခံစားလိုက်ရပြီးနောက် မကြာမီမှာပင် သူမ အိပ်ငိုက်လာတော့သည်။
ဗိုက်ဆာလိုက်တာ ညစာကို အများကြီး မစားခဲ့ရဘူးလေ။ ထားလိုက်ပါတော့ မနက်ကျမှပဲ စားမယ် ကလေးက တစ်နပ်လောက် မစားရုံနဲ့တော့ အငတ်ဘေး မဆိုက်ပါဘူး သူမ တကယ်ကို မလှုပ်ချင်တော့ဘူး။
ထိုညက ရဲ့ချန်းလျန်သည် ထူးထူးခြားခြား စိတ်အေးလက်အေးနှင့် အိပ်ပျော်သွားခဲ့သည်။
မနက်ဖြန် ညီလာခံ မရှိသလို ချူနင်ကလည်း အစီရင်ခံစာတွေကို ကိုင်တွယ်ပေးနေသည်။ ရှောင်ပင်းကလည်း မရှိတော့ သူများမြင်သွားပြီး အိုးတိုးအောက်တိုး ဖြစ်စရာ မလိုတော့ဘူးပေါ့။
အဲဒီ အရှက်မရှိတဲ့ လူက သူမရဲ့လူပဲလေ သူက အရှက်မရှိဘူးလို့ပဲ ဇွတ်ပြောလိုက်မယ်။ သူမ မကြောက်ပါဘူး ဒါ့အပြင် ဒီလူရှိနေရင် သူမဘာမှစိုးရိမ်စရာ မလိုဘူးဆိုတာ သိနေသည်။
သူက ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တယ်လေ သူမကတော့အေးအေးဆေးဆေး နားနေရုံပါပဲ။ စိုးရိမ်ပူပန်မှု အားလုံးကို ဘေးဖယ်ထားပြီး သူမ တစ်ညလုံး အိမ်မက်ပင် မမက်ဘဲ သက်သောင့်သက်သာ အိပ်ပျော်ခဲ့သည်။
နောက်တစ်နေ့ မနက်ခင်း အလင်းရောင်များ ကန့်လန့်ကာကြားမှ တိုးဝင်လာပြီး အိပ်ဆောင်ထဲသို့ ရောက်ရှိလာသည့်တိုင်အောင်ပေါ့။ လင်းထိန်နေသော အလင်းရောင်ကြောင့် ရဲ့ချန်းလျန် မျက်မှောင်ကြုတ်ကာ တစ်ဖက်သို့ လှည့်လိုက်သည်။
ထိုအခါမှ သူမ သတိထားမိလိုက်သည်။ သူမ တစ်ခုခုကို ဖက်ထားတာလား သိပ်နွေးတာပဲ။ ပြီးတော့ တစ်ခုခုက သူမကို ထိုးမိနေသလိုပဲ ဒါလျှို့ဝှက်လက်နက်လား။
ရဲ့ချန်းလျန်၏ အသိဉာဏ်များ ချက်ချင်း ပွင့်လင်းသွားသည် လျှို့ဝှက်လက်နက် မဟုတ်ဘူး။
မနေ့က ချူနင်က ဘေးဆောင်ကို ပြန်မအိပ်ဘဲ သူမရဲ့ ကုတင်ပေါ်မှာပဲ အိပ်ခဲ့တာကို သူမ သတိရသွားသည်။
နင်က အခုထိမပြန်သေးဘူးလား မိုးတောင် လင်းနေပြီ ဟင်းသွားမချက်တော့ဘူးလား
သူမမလှုပ်ရဲပါချေ။
ချူနင့်ကို ဖက်ထားတဲ့အတိုင်းပဲ ရှိနေပြီး သူမ အိပ်ပျော်နေသေးသလိုမျိုး ဟန်ဆောင်နေမိသည်။
ထိုအချိန်တွင် ချူနင်က ဆေးနည်းတစ်ခုကို ကိုင်ထားသည်။ ကိုယ်ဝန်တည်မြဲစေမည့် ဆေးအပြင် ရဲ့ချန်းလျန်၏ နောက်ပိုင်း ကျင့်စဉ်အတွက် အသုံးဝင်မည့် ဆေးလုံးများကိုလည်း သူ ပြင်ဆင်နေခြင်း ဖြစ်သည်။
ဤလောကတွင် နတ်ဘုရားခန္ဓာကိုယ်နှင့် ထူးခြားသော ခန္ဓာကိုယ်များစွာ ရှိသည်။ ၎င်းတို့ကို ပိုင်ဆိုင်ထားသူများသည် ပြိုင်ဘက်ကင်းသော ပါရမီရှင်များ ဖြစ်ကြသည်။
သို့သော် ထိုခန္ဓာကိုယ်များ၏ စွမ်းအားကို အပြည့်အဝ အသက်သွင်းနိုင်ရန်အတွက် သာမန်ကျင့်ကြံသူများထက် အဆပေါင်း ထောင်နှင့် သောင်းနှင့်ချီသော ရင်းမြစ်များ လိုအပ်သည်။
သူ့မှာတော့ ရင်းမြစ်တွေက မရှားပါဘူး။ သူလိုချင်ရင် တစ်စုံတစ်ယောက်က လာပို့ပေးမှာပါ။ အခက်အခဲကတော့ သူ့ဇနီးသည်ရဲ့ ကျင့်စဉ်ကို ဘယ်လို စီစဉ်ပေးရမလဲ ဆိုတာပါပဲ။ တိုက်ရိုက်ပေးရင် သူမက လက်ခံချင်မှ လက်ခံမှာပါ။
အဲဒီတော့ သူမရဲ့နေ့စဉ် အစားအသောက်တွေထဲမှာ ရောထည့်ပေးလိုက်ရင် မကောင်းဘူးလား။ အဲဒါဆိုရင် သူမကိုယ်တိုင် ကျင့်လို့ ရလာတဲ့ ရလဒ်လို့ ထင်ပြီး သူမပိုပျော်သွားမှာပေါ့ ဟုတ်တယ်မလား။
ဒီလိုတွေးပြီး ချူနင် ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် သူကရဲ့ချန်းလျန်ကို လှည့်ကြည့်လိုက်သည်။ မနေ့ညက သူမက အိပ်ပျော်နေရင်း သူ့ကို အတင်းဖက်ထားတာလေ လွှတ်ကို မလွှတ်ဘူး။ ညလယ်ခေါင်မှာ သူ့ကို ကိုက်တောင် ကိုက်သေးတယ်။
ယေဘုယျအားဖြင့် တစ်ခုခုကို အတင်းဖက်တွယ်ထားတတ်ခြင်းက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်းကို ပြသနေခြင်း ဖြစ်သည်။ ရဲ့ချန်းလျန်က ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရလို့ သူမ ရင်ထဲမှာ ဟာလာဟင်းလင်း ဖြစ်နေတာလား။
ချူနင်သည် သူကိုယ်တိုင် အဝတ်အစားတွေ ချွတ်ထားပေးခဲ့သည့် ဗလာကျင်းနေသော ရဲ့ချန်းလျန်ကို ဖက်ထားပြီး စောင်လေးကို သေချာ ခြုံပေးလိုက်သည်။
သူမကို နှိုးလိုက်ရမလား။
မနှိုးတာ ပိုကောင်းပါလိမ့်မယ်။ သူမ အကြာကြီး အိပ်ပျော်နေတာပဲ အေးအေးဆေးဆေး နားပါစေ။ အစီရင်ခံစာတွေကိုတော့ သူပဲ သွားကိုင်တွယ်ပေးလိုက်ပါ့မယ် ဒါက ကိစ္စသေးသေးလေးပဲဟာ။
ဒါပေမဲ့ ဒီခန္ဓာကိုယ်လေးက ဖက်လို့ သိပ်ကောင်းတာပဲ မွှေးလည်း မွှေးတယ်။
သို့သော် နောက်တစ်ခဏမှာပင် ရဲ့ချန်းလျန်၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်ကို ချူနင် သတိထားမိလိုက်သည်။
အရင်က မရှိဘဲ အခုမှ ဖြစ်လာတာဆိုတော့ သူမ နိုးနေပြီပေါ့။ နိုးနေပေမဲ့ မထရဲဘဲ အိပ်ချင်ဟန်ဆောင်နေတာလား။
ချူနင် ခန့်မှန်းမိပါသည် သူမ သူ့ကိုရင်ဆိုင်ရမှာ ရှက်နေလို့ ဖြစ်ပါလိမ့်မည်။ ဒါကို မြင်တော့ ချူနင် သက်ပြင်းချလိုက်သည်။
"တကယ့် ဝက်ကလေးပဲ ဒီလောက်အထိ အိပ်နေတာ မနိုးသေးဘူး"
"ဗိုက်များဆာနေမလား မသိဘူး"
နောက်တစ်စက္ကန့်မှာပဲ ရဲ့ချန်းလျန်က တံတွေးမြိုချလိုက်သံကို သူ ကြားလိုက်ရသည်။
ချူနင် ပြုံးလိုက်ပြီး စားပွဲပေါ်က စားကြွင်းစားကျန်တွေကို ကြည့်လိုက်သည်။ ဒါတွေကို ရှောင်ပင်းဆီ ပို့ခိုင်းလိုက်ရင် ရပါတယ် နှမြောစရာကြီး။
"ဒါဆို ချန်းလျန် မင်းနောက်ထပ် ခဏလောက် ထပ်နားလိုက်ဦးနော်။ ကိုယ် အရင်သွားပြီး ဟင်းချက်လိုက်ဦးမယ်"
ပြောပြီးနောက် သူ သတိထားပြီး ထွက်သွားသည်။ ကုတင်ပေါ်မှာ ကျန်ခဲ့တဲ့ ရဲ့ချန်းလျန်ကတော့ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ချူနင် ထွက်သွားတာနဲ့ သူမ ချက်ချင်း ထထိုင်လိုက်ပြီး မျက်နှာလေး နီမြန်းနေတော့သည်။
အဲဒီ သေနတ်နဲ့ ဒီလောက်အထိ ထိုးခံနေရတာ တကယ်ကို မခံစားနိုင်ဘူး။
ချူနင် အဝတ်အစား ဝတ်ထားလို့သာ တော်တော့တယ် မဟုတ်ရင် သူမ အဲဒါကို တကယ် ဖြတ်ပစ်မိမှာ။
သူမ အမြန်ထပြီး သူမရဲ့ အဝတ်အစားတွေကို လိုက်ရှာတော့သည်။ ရင်စည်းအင်္ကျီ အတွင်းခံတွေ အားလုံးက ဘေးမှာ ပန့်ကျဲနေသည်။
သူက ဘယ်တုန်းက ငါ့ရဲ့ အောက်ခံအဝတ်အစားတွေကိုပါ ချွတ်လိုက်တာလဲ
ရဲ့ချန်းလျန် တွေးမိလေလေ စိတ်ဓာတ်ပြိုလဲလုနီးပါးဖြစ်လေလေပါပဲ။ သူမ အဝတ်အစားတွေကို သူမဘာသာ ပြန်ဝတ်ဖို့ အချိန်ရလိုက်တာ ကံကောင်းပါတယ်။ မဟုတ်ရင် သူမကိုယ်သူမ ဓားနဲ့ပဲ သတ်သေချင်မိမှာ။ သူမ အဝတ်အစားတွေကို အမြန်ဝတ် မှန်ရှေ့မှာ သေချာ ပြန်ပြင်ပြီးမှပဲ သက်ပြင်းချနိုင်တော့သည်။
တကယ့်ကို ခံရခက်တာပဲ
သူမ ရှောင်ပင်းကို ချက်ချင်း ပြန်ခေါ်ရမယ် ပြီးရင် ရှောင်ပင်းကို သူမနဲ့အတူ အိပ်ခိုင်းရမယ် အဲဒီလူက ရှောင်ပင်းရှိနေရင်တောင် အခုလိုမျိုး အရှက်မရှိ နှောင့်ယှက်ရဲမှာ မဟုတ်တော့ဘူး။