အခန်း ၇၇ သူ့အလိမ်အညာတွေကို မယုံသင့်ဘူး
ချူနင်တစ်ယောက် ဒီလောက်ထိ စိတ်လှုပ်ရှားနေရခြင်းမှာ အကြောင်းရင်းမရှိဘဲ မဟုတ်ပါ။
အရင်ကဆိုလျှင် သူကသာ အမြဲဦးဆောင်ခဲ့ရသည်ဖြစ်ပြီး ရဲ့ချန်းလျန်ဘက်က တစ်ကြိမ်တစ်ခါမျှ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးခဲ့လျှင်ပင် ဇနီးသည်ကိုယ်တိုင်က အခုလို ဦးအောင်ဖက်လာသည်နှင့်တော့ အလှမ်းဝေးလှပါသည်။
နှုတ်ဆိတ်ပြီး ခွင့်ပြုခြင်းနှင့် ကိုယ်တိုင်တက်ကြွစွာ လက်ခံခြင်းမှာ လုံးဝကို ကွာခြားလှသည် မဟုတ်ပါလား။
ပြုံးလွန်း၍ ပါးစပ်ပင် နားရွက်ချိတ်တော့မည့် ချူနင့်ကို ကြည့်ပြီး ရဲ့ချန်းလျန် ရင်ထဲမှာ ထိတ်လန့်သွားရသည်။
နင်က ကျင့်စဉ်အဆင့် ဒီလောက်မြင့်တဲ့ မသေမျိုးဧကရာဇ်တစ်ယောက်လေ ဖက်ရုံလေးနဲ့ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ
ပြီးတော့ ကလေးတစ်ရာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ရဲ့ချန်းလျန်သည် လန့်သွားသော ကြောင်လေးတစ်ကောင်နှယ် သူမ၏လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး မျက်နှာလေး နီမြန်းလျက် ဘေးမှာ ရပ်နေတော့သည်။
"နင်... နင် အမြန်ဆက်ချက်တော့ ငါ ဗိုက်ဆာပြီ"
"စိတ်ချပါ"
အလုပ်ရှုပ်နေသော ချူနင့်ကျောပြင်ကို ကြည့်ရင်း ရဲ့ချန်းလျန်၏ မျက်နှာက ပို၍နီမြန်းလာပြီး ဦးနှောက်ထဲတွင် ဗလာကျင်းသွားသလို ခံစားရသည်။
ချူနင်က သူမကို ဂရုစိုက်မည်ဟု ခန့်မှန်းထားသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပါ။ သူမ၏ သေးငယ်သော အပြုအမူလေးတစ်ခုတည်းနှင့်တင် သူက ဤမျှ ပျော်ရွှင်နေသည်လေ။
ဒါဆို ဒါကလင်မယားတွေရဲ့ သဘောသဘာဝလား တစ်ဖက်လူရဲ့အပြုအမူကြောင့် နှစ်ဦးစလုံးက ပျော်ရွှင်ရတာမျိုးလား။
ရဲ့ချန်းလျန် မမျှော်လင့်ထားသည်မှာ ချူနင်က ဤမျှနှင့်ပင် ကျေနပ်လွယ်နေခြင်း ဖြစ်သည်။ သူက ကျင့်စဉ်မြင့်တယ်သာ ပြောတာ ငါသာ သူ့ကို နမ်းလိုက်ရင် သူ ခုန်တောင် ခုန်တက်သွားမလား မသိဘူး။
အတွေးတွေ ရှုပ်ထွေးနေရင်းမှ ရဲ့ချန်းလျန်၏ စိတ်နေစိတ်ထားက တဖြည်းဖြည်း ပြောင်းလဲလာသည်။ ချူနင်က သူမအတွက် အများကြီး လုပ်ပေးထားပြီးပြီဖြစ်ရာ သူ့ကို ပျော်ရွှင်စေရန် တစ်ခါတစ်ရံတွင် သူမဘက်က ဦးဆောင်ပေးခြင်းမှာ အမှားမဟုတ်ဟု သူမ ခံစားရသည်။
သူမ ချူနင့်ကို လက်ခံထားပြီးသားဖြစ်၍ အခုလို ရှက်ရွံ့နေခြင်းမှာ ကျင့်စဉ်ကိစ္စကြောင့်သာ ဖြစ်သော်လည်း ချူနင်ပြောသလိုပင် အိုးတိုးအောက်တိုး ဖြစ်နေစရာ မလိုတော့ပါချေ။
ဟင်းတွေက ခဏချင်းပင် ကျက်သွားသည်။
ရဲ့ချန်းလျန်၏ အိပ်ဆောင်ထဲသို့ ဝင်လာပြီးနောက် ချူနင်က တစ်ခုခု လိုအပ်နေသည်ကို သတိထားမိသွားသည်။
ဟင်းရည်တစ်ပန်းကန် ခပ်ပေးပြီးနောက် သူက နားမလည်သလို မေးလိုက်သည်။
"ရှောင်ပင်း ဘယ်ရောက်နေတာလဲ"
ဒီနေ့မှ ရှောင်ပင်းကို မတွေ့ရမှန်း သူ သတိထားမိတော့သည်။
ရဲ့ချန်းလျန်က မထူးခြားသလို ပြန်ဖြေသည်။ "ရဲ့မျိုးနွယ်စု နတ်ဘုရားနယ်မြေကို ကျင့်စဉ်သွားကျင့်တယ် ထင်တာပဲ။ နောက်ရက်အနည်းငယ်နေမှ ပြန်လာလိမ့်မယ်"
"ဪ"
ချူနင်ကလည်း အသာအယာပင် တုံ့ပြန်လိုက်သည်။ ထို့နောက် အခန်းထဲတွင် တိတ်ဆိတ်မှုက စိုးမိုးသွားသည်။
ရဲ့ချန်းလျန်က ထူးခြားမှုကို သတိထားမိ၍ မော့ကြည့်လိုက်ရာ ချူနင်က သူမကို စူးစိုက်ကြည့်နေပြီး သူ့မျက်နှာမှာ အဓိပ္ပာယ်အပြည့်နှင့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"အထင်မလွဲနဲ့ဦး ငါ တကယ်ပဲ သူ့ကို ကျင့်စဉ်ကျင့်ဖို့ လွှတ်လိုက်တာ"
သူမ မျက်နှာမှာ ချက်ချင်းဆိုသလို နီရဲသွားပြီး "ဒီနေ့ နင်နဲ့ ဆွေးနွေးစရာရှိလို့ ရှောင်ပင်းက ကြားထဲက နှောင့်ယှက်မှာ စိုးလို့"
ဒီရှင်းပြချက်က ပို၍ ထူးဆန်းနေသလို ခံစားရသဖြင့် သူမချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။
"မဟုတ်ပါဘူး ရှောင်ပင်းက ရဲ့မျိုးနွယ်စု နတ်ဘုရားနယ်မြေကို သွားချင်လို့ပါ အဲဒီမှာဆို ကျင့်စဉ်က ပိုပြီး တိုးတက်မြန်မယ်လို့ သူက ထင်နေလို့"
သို့သော် ဤရှင်းပြချက်က ပို၍ပင် မယုံနိုင်စရာ ကောင်းနေပြန်သည်။ တခြားသူတွေ မသိသော်လည်း သူမနှင့် ရှောင်ပင်း၏ ကျင့်စဉ်များ တိုးတက်လာရခြင်းမှာ ဤအစားအသောက်များကို စားရသောကြောင့် ဖြစ်မှန်း သူမ ကောင်းကောင်းသိသည်။
ချူနင်ကတော့ ပို၍ပင် သိနေမှာပေါ့။
ရှက်ကိုးရှက်ကန်းနှင့် ရဲ့ချန်းလျန်သည် သူမ၏တူကို ချလိုက်သည်။ သူမ၏ မျက်နှာလေးမှာ ရေညှစ်ယူ၍ ရလောက်အောင်ပင် နီရဲလျက် ရှိနေသည်။
"အထင်မလွဲပါနဲ့ဆိုမှ ငါအဲဒီလို တကယ် မတွေးပါဘူး"
ချူနင်က ဘာမှပြန်မပြောဘဲ ပြုံးနေမြဲပင်။ ရဲ့ချန်းလျန်မှာ ပို၍ပင် အနေရခက်လာသည်။
"နင်က ကျင့်စဉ်မြင့်နေတာနဲ့ပဲ ငါက နင့်ရင်ခွင်ထဲကို အတင်းတိုးဝင်မယ်လို့ ထင်နေတာလား ငါ ရှောင်ပင်းကို တမင်နှင်ထုတ်လိုက်တာ မဟုတ်ပါဘူး"
ချူနင်က ခေါင်းကို အားပါပါ ညိတ်ပြလိုက်သည်။
"ကိုယ် သိပါတယ် အရင်စားကြရအောင်လေ"
"ဒါဆို နင်က ဘာလို့ ပြုံးနေတာလဲ နင်ဘာမှ နားမလည်ပါဘူး ရှောင်ပင်း ထွက်သွားတာက နားလည်မှု လွဲတာပါ"
"ကောင်းပါပြီ... ကောင်းပါပြီ နားလည်မှု လွဲတာပါပဲ"
ရဲ့ချန်းလျန် တကယ်ကို မခံစားနိုင်တော့ပါ။
"နင် မယုံရင် ငါ မစားတော့ဘူး စားချင်တဲ့သူပဲ စားတော့"
သူမ ရှောင်ပင်းကို တကယ် တမင်နှင်ထုတ်လိုက်တာ မဟုတ်ပါဘူး။ ဒီနေ့ ရှောင်ပင်းကို ဟင်းချက်ခိုင်းလိုက်ရင် ရှောင်ပင်း မြင်သွားမှာစိုးလို့ အိုးတိုးအောက်တိုး ဖြစ်မှာစိုးလို့ လွှတ်လိုက်တာပါ။ ချူနင်နဲ့ နှစ်ယောက်တည်း အနှောင့်အယှက်မရှိ နေချင်လို့တော့ လုံးဝ မဟုတ်ပါ။
ချူနင်က ပြုံးလျက် ပြောလိုက်သည် "မင်း ဘာပြောပြော ကိုယ်ယုံပါတယ် ဒါပေမဲ့ ရှောင်ပင်းကတော့ ယုံမှာမဟုတ်ဘူး။ သူကလည်း ကလေးမဟုတ်တော့ဘူးဆိုတော့ အချို့အရာတွေကို နားလည်နေမှာပဲ။ အဲဒီတော့ မင်း ရှောင်ပင်းကို သွားရှင်းပြရမှာ မဟုတ်ဘူးလား"
"ပြီးတော့ ကိုယ်တို့က လင်မယားတွေပဲလေ အတူအိပ်ရင်တောင် ဘာမှမမှားပါဘူး မဟုတ်ဘူးလား ဒါက သဘာဝပဲလေ"
"ဒါကြောင့် မင်း ရှက်နေစရာ မလိုပါဘူး။ ကိုယ်တို့နှစ်ယောက်ကြားမှာ ပြောလို့မရတဲ့ စကားမှ မရှိတာ"
ရဲ့ချန်းလျန် မှင်တက်သွားသည်။ သူပြောတာလည်း အဓိပ္ပာယ်ရှိသလိုပင် ထိုအခါမှ သူမ တူနှင့် ပန်းကန်ကို ပြန်ကိုင်ကာ ခေါင်းငုံ့စားနေသော်လည်း ရင်ထဲမှာတော့ တွန့်ဆုတ်နေဆဲပင်။
နင်က အရင်ဆုံး အထင်လွဲတာလေ ငါ အဲဒီလို တကယ် မတွေးခဲ့ပါဘူး။
သို့သော် သူမ အနှစ်သက်ဆုံး ငရုတ်သီးယုန်သားကို မြည်းကြည့်လိုက်သည့်အခါ သူမ ရုတ်တရက် ရပ်သွားသည်။
ချက်ပြုတ်ထားပုံက သူမ နေ့လယ်က ချက်ထားပုံနှင့် တစ်ထပ်တည်း ကျနေပါလား။ ရဲ့ချန်းလျန်သည် သံသယဖြင့် ထပ်မြည်းကြည့်သည်။ အရသာကလည်း တူတူပင် အလွန်အရသာရှိလှသည်။
သူမ အံ့သြသွားသည် နေ့လယ်က သူမချက်ခဲ့ခြင်းဖြစ်ပြီး ညစာကိုမူ ချူနင် ချက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အစီအစဉ် အထိအတွေ့နှင့် အရသာအားလုံးက တစ်ထပ်တည်းပင်။
အလွန် ထူးဆန်းလှသည်။ ပြီးတော့ နေ့လယ်က သူမ ဆားဘူးတစ်ဝက်လောက် ထည့်ခဲ့သော်လည်း ညကျတော့ ချူနင်က နည်းနည်းလေးပဲ ထည့်ခဲ့တာလေ။
ရဲ့ချန်းလျန် မေးခွန်းထုတ်ရန် မော့ကြည့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ချူနင်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
"မင်း ကတိပေးထားတယ်လေ ကိုယ့်ကို နှိပ်ပေးရမယ်ဆိုတာ"
"ဟင် ဘယ်တုန်းကလဲ"
စကားမဆုံးခင်မှာပင် ရဲ့ချန်းလျန် တိတ်သွားသည် ဟုတ်သားပဲ။
ချူနင်က ပန်းကန်တွေကို ချလိုက်ပြီး ပြုံးလိုက်သည်။
"ကိုယ်က အစားနည်းပါတယ် ဒါဆို တော်ပြီ။ မင်းဖြည်းဖြည်းစားပါ ကိုယ် စောင့်နေမယ်"
ပြောပြီးနောက် သူကရဲ့ချန်းလျန်၏ အိပ်ရာဆီသို့ လျှောက်သွားသည်။
ရဲ့ချန်းလျန်မှာ ကြောင်နေဆဲပင် ကတိရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ လှည့်ကြည့်လိုက်သည့်အခါ ချူနင်က သူမ၏ အိပ်ရာပေါ်တွင် လဲလျောင်းနေလေပြီ။ ရဲ့ချန်းလျန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
"နင် ငါ့ကို ကတိပေးထားတယ်လေ ကလေးမွေးပြီးမှ အတူအိပ်မယ်ဆိုတာ"
နင် ဘယ်လိုလုပ် ကတိဖျက်ရတာလဲ နင်က သန်မာတယ်ဆိုပေမဲ့
"ကိုယ် ဒီမှာ အိပ်မယ်လို့ မပြောပါဘူး မင်း ထမင်းစားပြီးတဲ့အထိ စောင့်ရင်း ခဏနားနေတာပါ။ ပြီးမှ မင်းကိုယ့်ကို ပုခုံးလေး ဘာလေး နှိပ်ပေးမှာကို စောင့်မလို့လေ"
"အဲဒါရော မရဘူးလား"
ရဲ့ချန်းလျန် ချက်ချင်း တိတ်သွားသည်။ နင့်မှာက အမြဲတမ်း ဆင်ခြေရှိတာပဲ နင့်ကို ငါက ကန်ထုတ်လို့လည်း မရဘူးလေ။
"ဒါဆိုရင်လည်း ဟိုဟိုဒီဒီ လျှောက်နမ်းတာမျိုး မလုပ်နဲ့နော်"
ကိုယ့်နှာခေါင်းက ကိုယ့်မျက်နှာပေါ်မှာ ရှိတာလေ အဲဒါကိုပါ မင်းက လိုက်ထိန်းချုပ်မှာလား။
သူမ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အမှန်ပင် သူက အရင်အတိုင်း အရှက်မရှိသေးပါချေ။
"ဒါဆို ငါ ကတိအတိုင်း လုပ်ပေးပြီးရင် နင် နင့်အခန်းကို ပြန်အိပ်ရမယ်နော်"
"ဒါပေါ့ ကိုယ် ကတိပေးပါတယ်"
အဆောင်ထဲတွင် တိတ်ဆိတ်မှုက ထပ်မံ စိုးမိုးသွားပြန်သည်။ သူမ မနက်ဖြန် ရှောင်ပင်းကို ပြန်ခေါ်ရမည် ရှောင်ပင်းသာ မရှိရင် သူမ အကူအညီတောင်းလည်း ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး ရှောင်ပင်းရှိမှသာ ချူနင်က သူမ ထမင်းမစားခင်အထိ မရဲတင်းရဲမှာ ဒါငါ့အိပ်ရာလေ ငါ့အိပ်ရာ... နင်က.....။
"သိပ်ဇိမ်ရှိတာပဲ လှဲလိုက်တာနဲ့ မထချင်တော့ဘူး"
ရဲ့ချန်းလျန်က ဘာမှမသိသလို ဟန်ဆောင်ကာ သူ့ကို စကားနာထိုးရန် လှည့်ကြည့်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ချူနင်က ဖိနပ်နှင့် အပေါ်အင်္ကျီကို ချွတ်ပြီး စောင်ထဲသို့ တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။
စားဦးမှာလား ဘာစားမှာလဲ
ရဲ့ချန်းလျန် ချက်ချင်း ဓားဆွဲထုတ်လိုက်သည်။
"နင့်ရဲ့ ကျင့်စဉ်က မြင့်နေရင်တောင် ငါနင့်ကို ခုတ်ဖို့ မကြောက်ဘူးနော်"
နင် ငါ့အပေါ် ဘယ်လောက်ကောင်းကောင်း ငါတို့ ဆက်ဆံရေးက အဲဒီအဆင့်ထိ မရောက်သေးဘူး နင်မပြန်တော့ဘူးလား အိမ်မက်ပဲ မက်နေလိုက်
သို့သော် ချူနင်က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
ကိုယ်တို့ရဲ့ အနာဂတ်ဘဝက ဘယ်လိုဖြစ်မလဲဆိုတာတောင် ကိုယ်စိတ်ကူးကြည့်လို့ မရတော့ဘူး ဪ ဒါနဲ့ မင်းကိုင်ထားတဲ့ ဒီ ဧကရာဇ်လက်နက်က ကိုယ့်ကို တကယ် နာကျင်စေနိုင်တယ်နော်။ တစ်လောကလုံးမှာ ဒါမျိုး နောက်တစ်လက် ရှိမှာမဟုတ်ဘူး။
ရဲ့ချန်းလျန် ရွယ်လိုက်သော ဓားမှာ တန့်သွားရသည်။ စိတ်လည်းတို အမြင်လည်း ကပ်လှသည်။
"ဒါဆို ငါအရင်ဓားနဲ့ပဲ ပြန်လဲလိုက်မယ်"
"ချန်းလျန် ဘာလို့စိတ်လှုပ်ရှားနေတာလဲ ကိုယ် ခဏလေး လှဲနေတာပါ တကယ် အိပ်နေတာမှ မဟုတ်တာ ဟုတ်တယ်မလား"
စောင်ပုံထဲကနေ ချူနင်က ပြုံးပြီး ကြည့်နေသည်။
"အရင်စားလိုက်ပါဦး စားပြီးရင် ကိုယ့်ကို နှိပ်ပေး ပြီးရင်ကိုယ်ပြန်ပါ့မယ်"
"ငါ မစားတော့ဘူး ငါ့စောင်ကို လွှတ် အခုပဲ နှိပ်ပေးမယ်"
ရဲ့ချန်းလျန်က ချူနင့်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"နှိပ်ပြီးတာနဲ့ ချက်ချင်း ဆင်းသွားနော်"
"ကောင်းပြီ ဒါဆို ဒီနားလာခဲ့လေ"
ချူနင်က မွှေးပျံ့နေသော စောင်ကို မလိုချင်သလိုမျိုး ဖယ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ရဲ့ချန်းလျန် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
နင်က အတော်လေး စိတ်ပျက်နေပုံပဲနော်
နင် ဒီမှာအိပ်ရမယ့် အဆင့်အထိ မရောက်သေးဘူး။
"လှဲနေ ငါ နှိပ်ပေးမယ်"
ချူနင်၏ မျက်ဝန်းများက ရုတ်တရက် နားမလည်သလို ဖြစ်သွားသည်။
"မင်းက ကုတင်ခြေရင်းမှာ ရပ်ပြီး နှိပ်ပေးမလို့လား"
"ဒါဆို ဘာလုပ်ရဦးမှာလဲ"
"မင်းက တကယ် မလေးနက်ပါဘူး အနည်းဆုံးတော့ ဖိနပ်ချွတ်ပြီး ကုတင်ပေါ် တက်လာလေ။ မဟုတ်ရင် မင်းရဲ့ ဗိုက်ကြီးနဲ့ အားစိုက်ဖို့ ခက်နေမှာ မဟုတ်လား"
"ငါက ကျင့်ကြံသူလေ"
ဒါပေမဲ့ ကိုယ့်ကျင့်စဉ်က မင်းထက် မြင့်တယ်လေ။ မင်း အားအကုန်မစိုက်ရင် ကိုယ် ဘာမှ ခံစားရမှာ မဟုတ်ဘူး။
ရဲ့ချန်းလျန် တွန့်ဆုတ်သွားပြီး ချူနင်၏ ပြစ်မျိုးမှဲ့မထင်သော မျက်နှာကို ကြည့်လိုက်သည်။ ချူနင်က ပြုံးပြသည်။
"ဖိနပ်ချွတ်ပြီး အရင်တက်လာပါ ကိုယ် သင်ပေးမယ်"
ခဏ စဉ်းစားပြီးနောက် ရဲ့ချန်းလျန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူပြောတာလည်း မမှားပါဘူး ကျင့်စဉ်မြင့်တဲ့သူတွေက အဲဒီလိုပဲလေ။ မဟုတ်ဘူး နင့်ကျင့်စဉ်က ဒီလောက်မြင့်နေတာကို ပင်ပန်းတယ်လို့ ပြောနေတာ နင့်ကိုယ်နင် အလိမ်အညာတွေ ဖော်နေတာလား
ဒါပေမဲ့ သူမ ကတိပေးခဲ့ပြီးပြီဆိုတော့....။
"နှိပ်ပြီးရင် နင် ပြန်ရမယ်နော်"
"ကျိန်းသေပေါ့ နှိပ်ပြီးရင် ကိုယ်ပြန်ပါ့မယ်"
သူမ ချူနင့်ကို သံသယမဖြစ်ဘဲ ယုံကြည်လိုက်ကာ ကုတင်ဘေးမှာ ထိုင်ပြီး ဖိနပ်ချွတ်လိုက်သည်။ သူမ လှည့်အကြည့်မှာပဲ ချူနင်က သူမကို ရုတ်တရက် ဆွဲဖက်လိုက်ပါတော့သည်။
သူမ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ချူနင်က စောင်ဖြင့် သူမကို တိုက်ရိုက် ပတ်လိုက်သည်။
"မင်းတောင် ရောက်လာပြီပဲ ကိုယ်က ဘာမှ မရဘဲနဲ့တော့ ဘယ်ပြန်ပါ့မလဲ"
"ချန်းလျန် ကိုယ် ဒီနေ့ အဖက်ခံရတာ ဝနေပြီဆိုတော့ မင်းကိုယ့်ကိုနှစ်ခါလောက် နမ်းလိုက်ရင်လည်း ဘာမှမဖြစ်ပါဘူး ဟုတ်တယ်မလား"
"ရပါတယ် မင်းရှက်နေမှန်း ကိုယ် သိပါတယ် အဲဒါကြောင့် ကိုယ်ပဲ လုပ်လိုက်ပါ့မယ်"
"နင်... အင်း"
သူမ ပါးစပ်ဟလိုက်ရုံရှိသေး ချူနင်က သူမ၏ နှုတ်ခမ်းကို တိတိကျကျ ရှာဖွေတွေ့ရှိသွားပြီး နမ်းလိုက်ပါတော့သည်။
ဒါက သူမရဲ့အိပ်ရာပေါ်မှာ သူမရဲ့စောင်ထဲမှာ ပြီးတော့သူက သူမကို အခွင့်အရေး ယူနေတာပါလား ရဲ့ချန်းလျန် တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားရသည်။
သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သူမ မယုံခဲ့သင့်ဘူး။