အခန်း ၇၆ သူ့ကို ဦးအောင် ဖက်လိုက်ပါ
ချန်းချင်းနန်းဆောင်တွင် တခြားသူ တစ်ယောက်မှ မရှိတော့ချေ။ အခြားသော အစေခံမိန်းကလေးများကိုလည်း ချန်းချင်းနန်းဆောင် အနီးအနားသို့ ချဉ်းကပ်ခွင့် မပြုထားသလို ချူနင်နန်းတော်ထဲသို့ ပြောင်းလာကတည်းက အဆောင်တော်များတွင်လည်း လူသူကင်းမဲ့နေခဲ့သည်။
ထို့ကြောင့် နန်းတော်တစ်ခုလုံးတွင် သူတို့နှစ်ဦးတည်းသာ ရှိတော့သည်။ ချူနင်အနေဖြင့် ဘာပဲလုပ်လုပ် မည်သူမှ သိနိုင်မည်မဟုတ်ပေ။
ဒါပေါ့ သူ တစ်ခုခုတော့ လုပ်ချင်တာပေါ့။ သို့သော် ထိုသို့မလုပ်မီ သူသေချာအောင် လုပ်ရမည့်အရာ ရှိသေးသည်။
အဆင့် ၁၀ ဆေးလုံးဖြစ်သော ရွှမ်ယင် ဝိညာဉ်အရည်ပျော်ဆေးအတွက် ဆေးဖော်စပ်ပစ္စည်းများမှာ သိပ်ပြီး အခက်အခဲ မရှိသော်လည်း ရှာဖွေရန်အတွက်မူ အချိန်အနည်းငယ် ပေးရနိုင်သည်။
ဤနေရာတွင် သူ မကြာသေးမီကမှ တပည့်အဖြစ် လက်ခံလိုက်သော ထိုလူငယ်မှာ အသုံးဝင်လာပေမည်။
ချူနင်သည် ဟင်းလင်းပြင်မဟာဧကရာဇ်ပေးခဲ့သော အသံလွှင့်တုံးကို ထုတ်လိုက်ပြီး ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်သည်။
"အဲဒီမှာ ရှိလား"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စိတ်လှုပ်ရှားနေသော အဘိုးကြီးတစ်ဦး၏ အသံက ချက်ချင်း ထွက်ပေါ်လာသည်။
"စီနီယာ ဒါစီနီယာလားခင်ဗျာ ကျွန်တော့်ကို ဘာများ ခိုင်းစရာရှိလို့လဲ။ ဆေးဖော်စပ်စရာ ပစ္စည်းတွေ မလောက်လို့လား ဒါမှမဟုတ် တခြားတစ်ခုခုလား ကျွန်တော် အခုချက်ချင်း စီနီယာအတွက် ပြင်ဆင်ပေးပါ့မယ်"
"အဲဒါတွေ မလိုပါဘူး ငါ့ကို ဆေးလုံးဖော်စပ်ဖို့ ပစ္စည်းအချို့ပဲ ကူပြီး ပြင်ဆင်ပေးပါ"
"စီနီယာက ဆေးလုံးဖော်စပ်မလို့လား ကျွန်တော်လည်း ဆေးဖော်စပ်တဲ့ ပညာရပ်မှာ ကျွမ်းကျင်ပါတယ်။ ကျွန်တော်ပဲ ဖော်စပ်ပြီး စီနီယာဆီ အရောက်ပို့ပေးရမလားခင်ဗျာ"
"မလိုဘူး ပစ္စည်းတွေပဲ ပြင်ထားပေး။ အခကြေးငွေအနေနဲ့ မင်းတောင်းဆိုတဲ့ အချက်တစ်ချက်ကို ငါ လိုက်လျောပေးမယ်"
တစ်ဖက်လူမှာ ခဏမျှ မှင်တက်သွားပြီးနောက် ပိုမိုစိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"ကျွန်တော့်မှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နားမလည်တာလေးတွေ ရှိလို့ပါ။ စီနီယာက တစ်ခါလောက် လမ်းညွှန်ပေးမယ်ဆိုရင် ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူးခင်ဗျာ"
ကောင်းပြီ မင်း အဆင်ပြေမယ့် အချိန်ကို ပြောထားလိုက် ငါအားတဲ့အချိန် မင်းရဲ့ ကျင့်ကြံရာ နေရာကိုလာခဲ့မယ်။
"အချိန်မရွေးပါပဲခင်ဗျာ"
"ဒါဆို ဆေးဖော်စပ်ပစ္စည်းတွေ စုံပြီဆိုရင် ငါ လာခဲ့မယ်"
"ကျေးဇူးတင်ပါတယ် စီနီယာ"
ချူနင်က အသံလွှင့်တုံးကို သိမ်းလိုက်ပြီး သိပ်ပြီး အာရုံမစိုက်တော့ပေ။ သူက တစ်ဖက်လူကို အလကား ခိုင်းစားနေသူ မဟုတ်ပါ။
ရံဖန်ရံခါ အကျိုးခံစားခွင့်လေးတွေ ပေးတာကလည်း မဆိုးပါဘူး။ လမ်းညွှန်ပေးဖို့လား ဒါက သူ့အတွက်ပြဿနာ မဟုတ်ပါဘူး။
သူ့စိတ်ထဲတွင် ရွှမ်ယင်ဝိညာဉ်အရည်ပျော်ဆေး၏ ဆေးနည်းမှာ စွဲထင်နေပြီးသား ဖြစ်သည်။ သူ့ဘာသာ ကျင့်စဉ်စွမ်းအားဖြင့် ဖော်စပ်ခြင်းက ပိုပြီးစိတ်ချရမည်။
ဒါကို တွေးရင်း ချူနင်က ရဲ့ချန်းလျန်၏ အိပ်ဆောင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ဇနီးသည်က အရင်က တကယ်ပဲ ဘာမှမသိခဲ့တာလား။ ဒါဆို ဘာလို့ငါ့ကိုလောကပြင်ပက ပညာရှင်ကြီးပါလို့ အရင်က ဝန်ခံခဲ့တာလဲ။
ချူနင် ကြောင်သွားမိသည်။ ဪ သူက ငါနဲ့ ပူးပေါင်းပြီး ဟန်ဆောင်ပေးနေခဲ့တာကိုး
ဒီလို ဇနီးမျိုးရထားတဲ့ ယောက်ျားတစ်ယောက်အတွက် ဘာများထပ်လိုဦးမှာလဲ။
ဒါပေမဲ့ တကယ်ပါ အရမ်းကြီးတော့ စိတ်မလှုပ်ရှားပါနဲ့ဦး ငါဘယ်လောက်ပဲ သန်မာသန်မာ နင့်ရဲ့ခင်ပွန်းပဲ မဟုတ်လား။ နင့်ဆီကနေ ငါအများကြီး မလိုချင်ပါဘူး နင့်ကိုပဲ လိုချင်တာပါ တကယ်ပါ။
သူ ကုတင်ပေါ်တွင် မတ်မတ်ထိုင်ကာ ကျင့်ကြံရန် ပြင်နေသော ရဲ့ချန်းလျန်ကို ကြည့်လိုက်သည်။ သူမက အဆင့် ၈ ဆေးလုံးတစ်လုံးကို ထုတ်စားလိုက်ပုံရသည်။ သို့သော် မကြာမီမှာပင် သူမ မျက်နှာ ပျက်သွားပြီး ညည်းတွားတော့သည်။
"ဒီအဆင့် ၈ ဆေးလုံးက ဘာလို့ ဘာမှမစားထားသလိုမျိုး ခံစားနေရတာလဲ"
ချူနင် ပြုံးလိုက်သည်။ မင်း စားနေတဲ့ အစားအသောက်တွေရဲ့ အာနိသင်နဲ့တင် ဒီလို ဆေးလုံးမျိုး လိုဦးမှာလား။
မင်း ဘာမှမလုပ်ဘဲ လှဲနေရင်တောင်မှ ဝိညာဉ်စွမ်းအင်တွေက မင်းရဲ့ ကျင့်စဉ်တိုးတက်ဖို့နဲ့ အဆင့်တက်ဖို့အတွက် အလိုလိုကူညီပေးနေမှာပါ။
ရဲ့ချန်းလျန်လည်း ဒါကို ချက်ချင်း သတိထားမိပုံရပြီး ခဏမျှ တိတ်ဆိတ်သွားကာ သက်ပြင်းချလိုက်သည်။
ငါ နင့်အပေါ် အကြွေးတွေ အများကြီး တင်နေပြီ ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ဘူး။
ဒါက လွယ်လွယ်လေးပါ ကိုယ့်ကိုယ်ကိုယ်သာ ပေးလိုက်ပါ ကိုယ့်ကို အနမ်းလေးတွေ ပေးလိုက်ရင် မလုံလောက်ဘူးလား။
ချူနင်က ပြုံးရင်း သူ့နေရာမှာ သူ ပြန်လှဲလိုက်သည် ဇိမ်နဲ့ပဲ နေတော့မယ်။
တစ်ဖက်တွင် ရဲ့မျိုးနွယ်စု နတ်ဘုရားနယ်မြေတွင် ရှောင်ပင်းက အပြင်ဘက်မှာ ဆောင့်ကြောင့်ထိုင်ရင်း စပ်စုချင်စိတ်တွေ ပြင်းပြနေသည်။ အခု အရှင်မင်းကြီးနဲ့ ဧကရီဘာတွေ လုပ်နေကြမလဲ။
ဧကရီက သူမကို အတင်းနှင်ထုတ်လိုက်တာဆိုတော့ တစ်ခုခုတော့ ရိုမန့်တစ် ဖြစ်နေမှာ သေချာသည်။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေချိန်မှာ မကောင်းတာတွေ လုပ်လို့ မရဘူး မဟုတ်လား ဒါပေမဲ့ အရှင်မင်းကြီးမှာ နည်းလမ်းရှိမှာပါနော် သူမ ပြန်သွားတဲ့ အခါကျရင် သူတို့နှစ်ယောက် ဘယ်လိုတွေ ဖြစ်နေမလဲဆိုတာကို သူမ အရမ်း သိချင်နေမိသည်။
ညက တိတ်တိတ်ဆိတ်ဆိတ် ရောက်လာပြီ။
အချိန်တန်ပြီဟု ယူဆကာ ချူနင်က ထပြီး ဟင်းချက်တော့သည်။
ရဲ့ချန်းလျန်လည်း အချိန်တန်ပြီဟု ယူဆကာ သူမ၏ ခန္ဓာကိုယ်က အဆင်ပြေနေပြီဖြစ်၍ ကူညီရန် ထွက်လာခဲ့သည်။
သူတို့နှစ်ဦး အဆောင်အပြင်မှာ ဆုံမိကြသည်။
"ချန်းလျန် ကျင့်ကြံလို့ ပြီးပြီလား"
"တစ်နေကုန် ကျင့်နေတာပဲလေ"
ရဲ့ချန်းလျန်က ချူနင့်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည် "နင့်ရဲ့ အဲဒီကျင့်စဉ်က ငါနဲ့ အရမ်းကို ကိုက်ညီတယ်"
"ဒါဆိုလည်း ကောင်းတာပေါ့ သွားနားလိုက်ဦး ကိုယ် ဟင်းချက်လိုက်မယ်" ဒါကို ကြားတော့ ရဲ့ချန်းလျန်က ချက်ချင်း လှမ်းခေါ်လိုက်သည်။
ငါ... ငါ့ရဲ့ ဟင်းချက်စွမ်းရည်ကလည်း မဆိုးပါဘူး နင်ချက်တာနဲ့ ဆင်တူပါတယ် ငါပဲ ငါပဲ ချက်လိုက်ပါ့မယ်။
ချန်းလျန် မင်းက ကိုယ့်ကို အခုထိ သူစိမ်းလို့ ထင်နေတုန်းလား။
ရဲ့ချန်းလျန် ကြောင်သွားသည်။ "ဟင်"
သူစိမ်းလို့ မထင်ဘူးဆိုရင် ဘာလို့ ဟင်းချက်တာကို ကိုယ့်ဆီကနေ လုနေရတာလဲ။ မင်းက စိတ်အေးလက်အေးနဲ့ ထိုင်စောင့်စားတာက ပိုမကောင်းဘူးလား။
"ဒါပေမဲ့ ငါက ဘာမှမလုပ်ဘဲ မနေချင်ဘူး။ လင်မယားတွေပဲဖြစ်ဖြစ် တစ်ဖက်တည်းကပဲ ပေးနေတာမျိုး မဖြစ်သင့်ဘူးလေ။ ငါ အဲဒီလို မဖြစ်ချင်ဘူး"
ဒါကို ကြားတော့ ချူနင် ခေတ္တ စဉ်းစားလိုက်သည်။
"အင်း တကယ်တော့ ကိုယ်လည်း နေ့တိုင်း ဟင်းချက်ရတာ နည်းနည်းတော့ ပင်ပန်းတယ် ခါးတွေတောင် နာနေပြီ"
ရဲ့ချန်းလျန် မှင်တက်သွားပြီး နှုတ်ခမ်းလေး တုန်သွားကာ ဓားကို ဆွဲထုတ်လိုက်ချင်စိတ် ပေါက်သွားသည်။
လိမ်နေတာ ငါနင့်ဘေးမှာ ထိုင်ကြည့်နေတာပဲ ဟင်းတွေက သူ့ဘာသာ ကျက်သွားတာလေ ဘယ်က ခါးနာရမှာလဲ
ဒါပေမဲ့ ဓားဆွဲထုတ်ရင်လည်း သူမ အနိုင်ရမှာ မဟုတ်သလို ဒီဓားကလည်း ချူနင်ကိုယ်တိုင် သွန်းလုပ်ပေးထားတာ မဟုတ်လား။ ရဲ့ချန်းလျန် မျက်နှာလေး နီမြန်းလျက် ခေါင်းငုံ့လိုက်မိသည်။
ဘာပဲဖြစ်ဖြစ် သူတို့က တကယ့် လင်မယားတွေပဲလေ မင်္ဂလာပွဲကြီး ကျင်းပဖို့ပဲ လိုတာ။ သူ့ရဲ့ ကျင့်စဉ်အဆင့်နဲ့ ဒီလို ခါးနာတာမျိုး ဖြစ်မှာ မဟုတ်ဘူးဆိုတာ သူမ သိသည်။ သူက တမင်သက်သက် ပြောနေတာပါ။
ဒါပေမဲ့... ဒါကလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ။
"ဒါဆိုရင် နောက်မှ ထမင်းစားပြီးရင်"
ချူနင်က ရယ်လိုက်သည်။
"ဒါဆို သဘောတူပြီနော် မင်းသဘောမတူရင် ကိုယ် မင်းရဲ့အိပ်ရာပေါ်မှာ သွားအိပ်မှာနော်"
နင် အဲဒီကို ပြေးတက်သွားရင်လည်း ငါ တားနိုင်မှာ မဟုတ်ပါဘူး။
အဲဒါက မင်းရဲ့ ဆန္ဒအပေါ် မူတည်တာပေါ့ အတင်းအကျပ် လုပ်တဲ့ အသီးက မချိုဘူးလေ။
ရဲ့ချန်းလျန် ဒါကို ကြားတော့ နည်းနည်း စိတ်အေးသွားသည်။ "အင်း"
သို့သော် နောက်တစ်ခွန်းက သူမကို ထိတ်လန့်သွားစေသည်။
"ဒါပေမဲ့ ရေငတ်တော့ ပြေတာပေါ့"
"နင်နော်"
ရဲ့ချန်းလျန်က ရှက်ရှက်နှင့် သူ့ကို ကြည့်လိုက်သည်။
"နင်... နင် ငါ့ကို ကတိပေးထားတယ်လေ ကလေးမွေးပြီးမှ တစ်ခုခု လုပ်မယ်ဆိုတာ ဒါက ဘာကို ဆိုလိုတာလဲ"
ချူနင်က မကြားချင်ယောင် ဆောင်ပြီး လှည့်ထွက်သွားသည် ရဲ့ချန်းလျန်က အမြန် လိုက်သွားသည်။
"မင်း မနားတော့ဘူးလား"
"ငါ အနည်းဆုံးတော့ တစ်ခုခု ကူညီပေးလို့ ရတာပေါ့"
ချူနင်က ဒါကို မငြင်းပါဘူး။ သူက ဟင်းချက်စရာတွေကို ထုတ်၊ မီးမွှေး၊ ရေနွေးအိုး တည်ပြီး ကျွမ်းကျင်စွာ ကိုင်တွယ်နေသည်။
ရဲ့ချန်းလျန် ခံစားရတာက သူမ ဘာမှ ကူညီလို့ မရဘဲ ဘေးကနေ ကြည့်နေရုံပဲ ရှိတာပါ။
သူမ တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ ချူနင်က ရုတ်တရက် ပြုံးပြီး လှည့်ကြည့်လာသည်။
"ပုံမှန်ဆို ရှောင်ပင်း ရှိတတ်တာ ဒီနေ့ မင်းရှိနေတော့မှ ကိုယ်တို့က တကယ့် လင်မယားတွေနဲ့ ပိုတူသွားသလိုပဲ"
ရဲ့ချန်းလျန် မှင်တက်သွားသည်။ သူမ ဘာမှမကူညီဘဲ ဒီအတိုင်း ရပ်ကြည့်နေတာကိုတောင် သူက ပျော်နေတာလား။ သူ့ရဲ့ ပျော်ရွှင်မှုက ဒီလောက်တောင် ရိုးရှင်းနေတာလား။
ဒါပေမဲ့ ဟုတ်ပုံရသည် အလုပ်ရှုပ်နေချိန်မှာ ချစ်ရသူက ဘေးကနေ အဖော်ပြုပေးနေတာက အဲဒီ အလုပ်တွေကို ပိုပြီး အဓိပ္ပာယ်ရှိစေတာပေါ့။
ရုတ်တရက် သူမ ခေါင်းထဲမှာ ထူးဆန်းတဲ့ အတွေးတစ်ခု ဝင်လာသည်။ သူက ဒီအတိုင်း ရပ်နေတာကိုတောင် ပျော်နေတာဆိုရင် သူမက သူ့ကို ဖက်လိုက်ရင်ကော။
ချူနင်ကတော့ ခေါင်းလှည့်ပြီး သက်ပြင်းချနေမိသည် ဇနီးသည်ရေ တကယ်ပါ ဟင်းမချက်ပါနဲ့တော့။
မင်းက ဆားဘူးတစ်ဝက်လောက် ထည့်လိုက်တာကို တကယ်ပဲ ဘာမှ မသိတာလား။
ငရုတ်သီးတွေကိုလည်း အကုန် သုံးပစ်လိုက်တာလား။ မင်းမှာ ပါရမီရှိတယ်လို့ တကယ် ထင်နေတာလား။ လက်လျှော့လိုက်ပါတော့ ကလေးကိုပဲ ဂရုစိုက်ပါ အဲဒါ တော်ပြီ။
ရုတ်တရက် လက်တစ်စုံက သူ့ကို နောက်ကနေ သိုင်းဖက်လိုက်သည်။ ပျော့ပျောင်းအိစက်တဲ့ အထိအတွေ့က ချူနင်ရဲ့ ကျောပြင်ကို လာထိတွေ့သည်။
ဟင်းသီးဟင်းရွက် လှီးနေသော ချူနင် တစ်ယောက် ဆတ်ခနဲ တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြသွားရသည်။
ဟင် ဘာတွေ ဖြစ်ကုန်တာလဲ
သူ ကြောင်တောင်တောင်နဲ့ ခေါင်းငုံ့ကြည့်လိုက်တော့ သူ့ကို သိုင်းဖက်ထားတဲ့ ရဲ့ချန်းလျန်ရဲ့ လက်ကလေးတွေကို မြင်လိုက်ရပြီး အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
သူ့နောက်က ရဲ့ချန်းလျန်လည်း ချူနင်ရဲ့ ကိုယ်လေး တုန်ယင်သွားတာကို သတိထားမိသည်။
ဒီလောက်တောင် တုံ့ပြန်မှုက ကြီးတာလား။
နင့်ရဲ့ ကျင့်စဉ်က ဒီလောက် မြင့်နေတာကို ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။
"ဟို... အထင်မလွဲနဲ့ဦး ငါက ဒီအတိုင်း"
"ဒီနေ့ နင် လုပ်ပေးခဲ့တာတွေအတွက် တာ့ချန်းအင်ပါယာရဲ့ ပြဿနာကြီးကို ရှင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ရုံတင်ပါ"
ရဲ့ချန်းလျန်ရဲ့ အသံကလည်း တုန်ယင်နေသည်။ အဓိကကတော့ ဒါဟာ သူမ ဘဝမှာ ပထမဆုံးအကြိမ် တစ်ဖက်လူကို ဦးအောင် ဖက်လိုက်တာဖြစ်ပြီး အရင်က အခြေအနေတွေနဲ့ လုံးဝ မတူဘဲ သူမ စိတ်ထဲမှာ အရမ်းကို ရှက်နေမိသည်။
"နင် ဆက်ချက်ပါ ငါ ဘေးကနေ စောင့်နေမယ်"
ရဲ့ချန်းလျန်က လက်ကို လွှတ်ဖို့ ပြင်လိုက်စဉ်မှာပဲ ချူနင်က သူမရဲ့ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။ ရဲ့ချန်းလျန် လန့်သွားသည်။
"ချူ... ချူနင် နင် ဟင်းမချက်တော့ဘူးလား"
သူမ ချက်ချင်း ပျာယာခတ်သွားသည်။
နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ သူမ လုံးဝ မသိသလို ဦးအောင် ဖက်လိုက်တဲ့အတွက် ရင်ထဲမှာလည်း ရှက်စိတ်တွေက အပြည့် ဖြစ်နေသည်။
သူ့ရှေ့က ချူနင်ကတော့ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေလေပြီ။
"ကိုယ်တို့ နောက်ကျရင် ကလေး တစ်ရာလောက် မွေးကြမယ်"