အခန်း ၇၄ နင့်ကို လာမြှူစွယ်တဲ့သူရှိရင် ငါ သူ့ခေါင်းကို ဖြတ်ပစ်မယ်
ရဲ့ချန်းလျန်၏ ချွဲနွဲ့သော လေသံကို ကြားလိုက်ရသည့်အခါ ချူနင်တစ်ကိုယ်လုံး ပျော့ခွေသွားရသည်။
သူ့ရင်ခွင်ထဲက အမျိုးသမီးကို မချီပြီး ကုတင်ပေါ်တင်ကာ အဝတ်အစားတွေချွတ်ပြီး စားပွဲတော် တည်လိုက်ချင်စိတ်ကို အတော်လေး ထိန်းလိုက်ရသည်။
သို့သော် သန္ဓေထိန်းဆေးကလည်း မဖော်စပ်ရသေးသလို အချိန်ကလည်း သိပ်မရှိသေးပါ။ ဒီည အဲဒီဆေးကို ဖော်စပ်ပြီး တိုက်ကျွေးလိုက်မှသာ နောက်နောင် စိုးရိမ်စရာ မရှိတော့မှာ မဟုတ်လား။
ရဲ့ချန်းလျန်၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်ရင်း ချူနင်က သူမကို ဂရုတစိုက် ပွေ့ဖက်ထားသည်။ အကယ်၍ ဇနီးသည်က လောကကြီးကို သူမဘာသာ စွမ်းဆောင်သိမ်းပိုက်ချင်တယ်ဆိုရင်လည်း သူ ခွင့်ပြုပေးမှာပါ။
သူကတော့ သူမရဲ့ နောက်ကွယ်မှာ အမြဲရှိနေပြီး ထာဝရ အေးချမ်းမှုကို အာမခံပေးထားရုံပေါ့။
လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ အိပ်မက်တွေ ရှိကြတာပဲ။ ချူနင်ရဲ့ အိပ်မက်ကတော့ ဇနီးမယား သားသမီးတွေနဲ့ နွေးထွေးတဲ့ အိမ်ထောင်စုလေး တည်ထောင်ဖို့ပါပဲ။
ပြီးတော့ နောင်တစ်ချိန် သိမ်းပိုက်ရရှိလာမယ့် နယ်မြေတွေကို အုပ်ချုပ်ဖို့ သားသမီးတွေကို နယ်စားမင်းတွေ ခန့်အပ်မယ်။ ဒါထက်ပိုတဲ့ လောဘဇောတွေ သူ့မှာမရှိပါဘူး။
ရဲ့ချန်းလျန်က သူမဘာသာ ကြိုးစားချင်တယ်ဆိုမှတော့ သူက ကြားထဲက ပိုတာတွေ လုပ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခုနက စကားကြောင့် ချူနင် ခံစားလိုက်ရတာက သူ့ရှေ့က ရဲ့ချန်းလျန်ဟာ အခုမှ တကယ့်လူသားတစ်ယောက်လို ပိုမှန်ကန်လာတယ် ဆိုတာပါပဲ။
အေးစက်လှပါတယ်ဆိုတဲ့ အမျိုးသမီးကလည်း ချွဲတတ်တာပဲကိုး။
နောက်ထပ် စကားလေးတွေ ပြောပါဦး နင့်ယောက်ျားက နားထောင်ချင်လွန်းလို့ပါ
မင်းမှာ ရှိသမျှ အရာအားလုံးက မင်းအပိုင်ပဲ။
ဖြေရှင်းလို့မရတဲ့ ပြဿနာကြီးကြီးမားမား ရှိလာရင် ကိုယ်က ဝင်ရှင်းပေးမယ်။ ဇနီးသည်ကတော့ အနားယူပြီး ကလေးလေးကိုပဲ ဂရုစိုက်ဖို့ အာရုံစိုက်ပါ။
ရဲ့ချန်းလျန်သည် သူမ၏ ခံစားချက်များကို ဖွင့်ဟလိုက်ပြီးနောက် ချူနင့်အပေါ် အရင်ကလိုပဲ ပြန်ပြီး ယုံကြည်သွားသည်။
ချူနင်က သူမကို စွန့်ပစ်မှာ မဟုတ်ဘူးလို့ သူမ ယုံကြည်လိုက်သည်။ စိတ်ရင်းဆိုတာ အပြန်အလှန် ရှိရတာလေ။ သူမက ချူနင့်ကို ပေးနိုင်သမျှ အကုန်ပေးခဲ့ပြီးပြီ ချူနင်ကလည်း ဒီသံယောဇဉ်ကို သစ္စာမဖောက်ဖို့ပဲ သူမ မျှော်လင့်ပါသည်။
အခုတော့ သူမ မငိုနိုင်တော့ပါဘူး စကားတွေလည်း အကုန်ပြောပြီးပြီပဲ ဘာလို့ ငိုနေဦးမှာလဲ။ ဒါပေမဲ့ နည်းနည်းတော့ အိုးတိုးအောက်တိုး ဖြစ်နေသည်။
ငါတို့က ဒီအတိုင်းကြီး ဖက်ထားကြမှာလား
ချူနင် နင် ဘာမှ မပြောတော့ဘူးလား။
ချူနင်လည်း ထိုအတိုင်းပင် တွေးနေသည်။ ငိုလည်း ငိုပြီးပြီ ကိုယ်ဝန်လည်း ရှိနေတော့ သူမ ပင်ပန်းနေမှာပေါ့။
ဒီလို ဖက်ထားရတာ မင်းပင်ပန်းနေမှာပေါ့။ အိပ်ရာပေါ် သွားကြမလား။
ရဲ့ချန်းလျန်၏ ကိုယ်လေး တုန်ယင်သွားပြီး သူမက အသာအယာ ဖယ်ခွာလိုက်သည်။ မျက်နှာလေး နီမြန်းလျက် ခေါင်းငုံ့ကာ မျက်ရည်စတွေကို သုတ်ရင်း စိတ်ကို ပြန်ထိန်းလိုက်သည်။
"ငါက အခု ကိုယ်ဝန်နဲ့လေ အနည်းဆုံးတော့"
"ကလေးမွေးပြီးမှပဲ"
ချူနင်က သူမ၏ မျက်ဝန်းထောင့်လေးတွေကို အသာအယာ ပွတ်သပ်ပေးရင်း ပြုံးလျက် ပြောလိုက်သည်။
"ဒါပေါ့ အဲဒါက မင်းသဘောပါ ပြီးတော့ အတူအိပ်တယ်ဆိုတာက တစ်ခုခု လုပ်ရမယ်လို့ ဆိုလိုတာမှ မဟုတ်တာ"
ရဲ့ချန်းလျန် နှုတ်ခမ်းလေး စူလိုက်မိသည်။ အတူမအိပ်ရသေးခင်မှာတင် သူမ စိတ်တွေ လွတ်သွားလုနီးပါး ဖြစ်ခဲ့တာ။ တကယ်လို့ အတူအိပ်ဖြစ်ရင် သူမ စဉ်းစားမနေဘဲ သဘောတူမိမှာကို သူမ ကြောက်သည်။
နင် ဘယ်လောက်ပဲ သန်မာသန်မာ ငါ့ဗိုက်ထဲမှာ နင့်ကလေး ရှိတယ်။ တစ်ခုခုဖြစ်လို့ ပြဿနာတက်ရင် နင်ပဲ တာဝန်ယူရမှာနော်
ဒီလို တွေးလိုက်တော့မှ ရဲ့ချန်းလျန်၏ ရင်ထဲမှာ အတော်လေး ပေါ့ပါးသွားသည်။
သူမ အခြေအနေက သိပ်ပြီး အားမငယ်ပါဘူး။ နင် ငါ့ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ငါ့ဗိုက်ထဲမှာနင့်ကလေး ရှိနေတာပဲ အဲဒီတော့ နင်ကလေးအတွက် ငဲ့ညှာရမှာပဲ
ဒါ့အပြင် ချူနင်က သူမဗိုက်ထဲက ကလေးထက် သူမကို ပိုချစ်နေသလိုမျိုး သူမခံစားရသည်။
တိုင်းပြည်ရေးရာတွေကိုတော့ နင်ဝင်မစွက်ဖက်ပါနဲ့ဦး ငါ့ဘာသာ ကိုင်တွယ်နိုင်ပါတယ်။
"ပြီးတော့ နေ့စဉ် ထမင်းသုံးနပ်ကိုလည်း ငါပဲ ချက်ပါ့မယ်။ သာမန်လူတွေကြားမှာ ယောက်ျားတွေ ဟင်းချက်တဲ့ ဓလေ့ မရှိဘူးလေ။ ဒီကိစ္စမှာတော့ ငါလည်း ပါရမီ ရှိပါတယ်။
ဒါကို ကြားတော့ ချူနင် ခဏ တိတ်သွားသည်။
သူမမှာ တကယ်ပဲ ပါရမီ ရှိလို့လား
ဘာမှ မပြောတာက ပိုကောင်းပါလိမ့်မည်။
အရိုးနုယုန်လိုမျိုး ထိပ်တန်း ဟင်းချက်စရာတွေကိုတောင် မီးကျွမ်းအောင် ချက်တဲ့သူလေ ဒါကသဘာဝအရင်းအမြစ်တွေကို ဖြုန်းတီးတာပဲ။
တာ့ကျိုးအင်ပါယာကနေ ရလာတဲ့ ရတနာတွေက ဒီနေ့ မင်းဖြုန်းတီးလိုက်တဲ့ ယုန်တစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူးဆိုတာ မင်း သိရဲ့လား။
"ကိုယ်က မင်းကို သက်သောင့်သက်သာ ဖြစ်စေချင်လို့ လုပ်ပေးတာလေ"
"ဒါပေမဲ့ ငါ လုပ်နိုင်ပါတယ်"
အခုတော့ မင်းရဲ့ခန္ဓာကိုယ်က သိပ်မပြောင်းလဲသေးလို့ လုပ်နိုင်ပေမဲ့ နောက်ကျရင်ကော။ ကိုယ်လည်း ဖြေရှင်းပေးနိုင်တဲ့ ကိစ္စတွေအတွက် မင်းရဲ့ အားအင်တွေကို သုံးနေမယ့်အစား အနားယူပြီး ကလေးကိုပဲ ဂရုစိုက်တာက ပိုကောင်းမှာ မဟုတ်ဘူးလား။
ရဲ့ချန်းလျန် ဒါကို ကြားတော့ ချူနင် ပြောတာလည်း အဓိပ္ပာယ်ရှိတယ်လို့ ခံစားရသည်။ ချူနင်က ဒီလိုကိစ္စတွေမှာ ဘာလို့ ဒီလောက် တော်နေရတာလဲ။
သူက နှစ်ပေါင်းများစွာ နေလာတဲ့ မိစ္ဆာအိုကြီး ဖြစ်နေမှာပေါ့ အဲဒါကြောင့် ဒါတွေ သိနေတာ နေမှာ။
"ဒါဆိုရင်လည်း နင်ပဲ လုပ်တော့"
ရဲ့ချန်းလျန် ခေါင်းမော့လိုက်သည်။ သူမ၏ မျက်နှာက အတည်ပေါက်နှင့် အလွန် လေးနက်နေသည်။
ဒါပေမဲ့ နောက်ကျလို့ ငါ့ကိုယ်ငါ အဆင်ပြေသွားရင်တော့ ဒီကိစ္စတွေကို ငါ့ကိုပဲပြန်ပေးရမယ် မဟုတ်ရင် ငါက ဘာလို့ ဧကရီလုပ်နေမှာလဲ
နင့်အမြင်မှာတော့ ဒါတွေက အရေးမကြီးဘူးဆိုပေမဲ့ ငါ့အတွက်တော့ ဒါက အဓိပ္ပာယ် တစ်မျိုး ရှိတယ်
အဲဒီလို မဟုတ်ပါဘူး ချူနင်က သူမရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ပါတယ်။ ဒါဟာ သူမရဲ့ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းနဲ့ ရည်မှန်းချက်ပဲလေ သူမလုပ်ချင်တာ လုပ်ပါစေပေါ့။
ဒါဆို ကိုယ်ပဲ ထမင်းချက်ပေးမယ် မင်းက အဲဒီအချိန်မှာ အနားပိုယူပြီး ကလေးကိုပဲ ဂရုစိုက်လေ
ရဲ့ချန်းလျန်က နားမလည်သလို မေးလိုက်သည် ဒါပေမဲ့ ဟင်းချက်တာက အရမ်းလွယ်တယ်လို့ ငါ ထင်တယ်လေ ငါ့ကိုပဲ လွှဲထားပေးလို့ မရဘူးလား။
အဲ... နေ့တိုင်း အများကြီး ချက်နေရရင် မင်း ပင်ပန်းလိမ့်မယ်လေ
ရဲ့ချန်းလျန် ခေါင်းငုံ့သွားပြီး ဘာမှ မပြောတော့ပါ။ အတော်ကြာမှ သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
ဒါဆိုရင် ဝက်တစ်ကောင် မွေးထားတာနဲ့ ဘာထူးမှာလဲ
ချူနင်က ဘာမှမပြောဘဲ ပြုံးလျက် သူမကို တစ်ဖန် ပြန်ဖက်လိုက်သည်။
မင်း တစ်ခုခု လုပ်ချင်တယ်ဆိုရင် ကိုယ် မတားပါဘူး။ ဒါပေမဲ့ ကိုယ်အရင်ကတည်းက လုပ်နေကျ အလုပ်တွေကိုတော့ မင်း ဝင်မစွက်ဖက်ပါနဲ့။
မင်းမှာလည်း မင်းစဉ်းစားတာ ရှိသလို ကိုယ့်မှာလည်း ကိုယ်စဉ်းစားတာ ရှိပါတယ်။ မင်းက ကိုယ့်အပေါ် အကြွေးမတင်ချင်လို့ ကိုယ့်ဆီက အများကြီး မယူချင်တာ ဖြစ်နိုင်ပေမဲ့ ကိုယ်တို့က လင်မယားတွေလေ ဘာလို့ ဒီလောက်အထိ စိမ်းနေရမှာလဲ။ မင်းလို ဇနီးမျိုး ရထားတာ ကိုယ့်အတွက်တော့ အမြတ်ကြီး ထွက်နေတာ မဟုတ်လား။
ရဲ့ချန်းလျန် မျက်နှာနီမြန်းလျက် ချူနင့်ကို ကြည့်ပြီး စကားပြောဖို့ လုပ်သော်လည်း ချူနင်က အရင်ပြောလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေပါနဲ့ ဒီစကြဝဠာ တစ်ခုလုံးမှာရှိတဲ့ နတ်သမီးတွေ နတ်မိမယ်တွေနဲ့ယှဉ်ရင် မင်းက ဘာလျော့လို့လဲ။ ကျင့်စဉ်လား အလှအပလား အလှအပဆိုရင်တော့ မင်းက အကောင်းဆုံးပဲလို့ ကိုယ် ထင်ပါတယ် ကျင့်စဉ်ဆိုရင်လည်း မင်းထပ်မြှင့်လို့ ရတာပဲ မဟုတ်လား။
အချိန်တန်လို့ ဘယ်သူက ကိုယ့်ကို လာမြှူစွယ်ရဲမှာလဲ ကိုယ်ကတောင် လက်ဖျားနဲ့ တို့စရာမလိုပါဘူး မင်းပဲ သူတို့ကို သွားခုတ်ပစ်မှာ မဟုတ်လား။
ဒါကို ကြားတော့ ရဲ့ချန်းလျန်၏ မျက်ဝန်းများ တောက်ပသွားသည်။
အင်း... အဲဒါလည်း ဟုတ်သားပဲ
အလှအပမှာတော့ အလှဆုံးဆိုတာ မရှိပေမဲ့ ကျင့်စဉ်မှာတော့ အားကြီးတဲ့သူနဲ့ အားနည်းတဲ့သူပဲ ရှိတာလေ။ ချူနင့်နားမှာ တခြားမိန်းမတွေ ရှိနေမှာကို သူမ လုံးဝ မလိုလားပါဘူး။ ဒါဆိုရင် သူမဘာသာပဲ ဖြေရှင်းပစ်ရမှာပေါ့။
ရဲ့ချန်းလျန်က ထပ်ပြီး ရေရွတ်လိုက်သည် "တကယ်လို့ နင်က တစ်နေ့ကျရင် တခြားမိန်းမတွေ တကယ် သွားရှာရင်ကော"
"ကိုယ် မရှာပါဘူးလို့ ပြောပြီးပြီလေ"
"ဒါဆိုရင် ငါသူ့ခေါင်းကို ဖြတ်ပြီး နင့်အိပ်ရာဘေးမှာ ချိတ်ထားပေးမယ် သူ နင့်နားမှာ အမြဲရှိနေနိုင်အောင်လို့လေ"
"ဘာပဲဖြစ်ဖြစ် နင်က သူ့ကို ကြိုက်တာဆိုတော့ သူ နင့်နားမှာ အမြဲရှိနေတာ ဘာဖြစ်လို့လဲ"
ချူနင် ကြက်သီးထသွားရသည်။
"အဲဒီလိုမျိုးဆိုရင် သတ်လိုက်ရုံနဲ့ တော်ပြီလေ ဘာလို့ ခေါင်းကို ဖြတ်ပြီး အိပ်ရာဘေးမှာ ထားမှာလဲ"
"အဲဒါဆိုရင် နင်တခြားမိန်းမတွေကို ကြိုက်ဦးမှာလား"
ချူနင်: "..."
ရဲ့ချန်းလျန်၏ စိတ်အခြေအနေက ချက်ချင်း ပိုကောင်းသွားသည်။ သူမက မျက်လုံးလေးတွေ မှိတ်တဲ့အထိ ပြုံးလိုက်ပြီး ချူနင်၏ ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သည်။
နင့်ဘာသာ ဆက်စဉ်းစားနေတော့ ငါ နန်းတွင်းကိစ္စတွေ သွားရှင်းရဦးမယ်။ အဲဒီ ရတနာတွေထဲက အချို့ကိုယူပြီး ကျင့်စဉ်ကျင့်ရမယ်။
"ငါ အနန္တနယ်ပယ်ကို ရောက်တော့မယ် ဪ ဒါနဲ့"
ရဲ့ချန်းလျန် ရုတ်တရက် တစ်ခုခုကို သတိရပြီး ချူနင့်ကို နားမလည်သလို ကြည့်လိုက်သည်။
"နင့်ရဲ့ကျင့်စဉ်အဆင့်နဲ့ ငါ့အဆင့်က တကယ်တမ်း ဘာကွာတာလဲ"
ချူနင် ခေတ္တ စဉ်းစားလိုက်ပြီး "သိပ်မကွာပါဘူး မင်း ကြိုးစားရင် ရောက်နိုင်ပါတယ်"
"အတိအကျ ပြောပြပါဦး"
ရဲ့ချန်းလျန်က အတင်းမေးနေသဖြင့် ချူနင်လည်း လက်ချိုးပြီး ရေတွက်ပြလိုက်သည်။
"ကြည့်ရအောင် အနန္တ၊ ကောင်းကင်ဖြစ်စဥ် ၊ တာအိုနယ်ပယ်၊ မဟာဧကရာဇ်တာအိုနယ်ပယ်၊ သတ္တဝါအပေါင်းတို့၏ ၈၁ ပါးသော တာအိုကပ်ဘေးများ၊ ဧကရာဇ်တစ်ပိုင်း၊ ဧကရာဇ်လောင်းအလျာ၊ မဟာဧကရာဇ်၊ မဟာမသေမျိုးဧကရာဇ်၊ မဟာမသေမျိုးဧကရာဇ်၏ ၂၃,၀၀၀ သော ကပ်ဘေးများ"
ရဲ့ချန်းလျန် မှင်တက်သွားသည်။
မဟုတ်ဘူး နင်က အရမ်းကို သန်မာလွန်းနေတာ မဟုတ်လား။
နင် အဆင့်တွေကိုတောင် အကုန်မပြောရသေးဘူး မဟုတ်လား အကုန်မပြောရသေးရင်လည်း ဆက်မပြောနဲ့တော့ သူမ၏ ပျော်ရွှင်နေတဲ့ စိတ်တွေ ချက်ချင်း ပျောက်ကွယ်သွားရသည်။
သူမ မမေးခဲ့သင့်ဘူးဆိုတာ သူမ သိလိုက်ပြီ။
"ပျင်းစရာကြီး"
ဒီလောက်အထိ ကျင့်စဉ်အဆင့်တွေ မြင့်နေတာ နှစ်ပေါင်း သောင်းချီ ကျင့်ရင်တောင် အဲဒီလို အောင်မြင်မှုမျိုး ရပါ့မလား တစ်နေ့ကျရင် ချူနင့်ကို ကျင့်စဉ်နဲ့ ပြန်နှိမ်ဖို့ မျှော်လင့်ချက်က လုံးဝ မဖြစ်နိုင်တော့ပါဘူး။
သူမက ကျော့ကျော့မော့မော့နဲ့ လှည့်ထွက်ပြီး တံခါးကို တွန်းဖွင့်ကာ ထွက်သွားတော့သည်။
"ငါချက်ထားတာကို စားလိုက်ဦး အလကား မဖြစ်စေနဲ့"
"ဟင် မင်းကော မစားတော့ဘူးလား"
"ငိုပြီးကာစ ဘယ်သူက ထမင်းစားနိုင်မှာလဲ"