အခန်း ၇၃ ငါ့တစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်ရမယ်
ထို့နောက် ချူနင်သည် ကျိုးမင်းဆက်မှသည် ဟန်မင်းဆက် တစ်ခုလုံးအထိ အသုံးပြုခဲ့သော အုပ်ချုပ်ရေးစနစ်များကို အသေးစိတ် ရှင်းပြခဲ့သည်။
ဤလောကသည် ကျိုးမင်းဆက်၏ ကမ္ဘာထက်ပင် ပိုမိုကျယ်ပြန့်လှသည်။ ထို့ကြောင့် နယ်မြေများ ခွဲဝေအုပ်ချုပ်ခြင်းမှာ အကောင်းဆုံး အုပ်ချုပ်ရေး နည်းလမ်းပင် ဖြစ်သည်။
ပြင်ပလူများကို နယ်စားမင်းအဖြစ် ခန့်အပ်၍မရပါ မိမိ၏ ဆွေမျိုးသားချင်းများမှာ မည်မျှပင် ဆိုးသွမ်းပါစေ မိမိ၏သွေးသားရင်းချာများသာဖြစ်ပြီး ပြင်ပလူများမှာမူ နိုင်ငံတော်ကို လုပ်ကြံရန် ကြံစည်နိုင်ခြေ ပိုများသောကြောင့် ဖြစ်သည်။
သို့သော် နယ်မြေခွဲဝေရာတွင်လည်း စည်းကမ်းချက်များရှိသည်။ နယ်စားမင်းများနှင့် မှူးမတ်များ၏ အာဏာက ကြီးမားလွန်းလာပါက ဧကရာဇ်မိသားစုအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သဖြင့် ၎င်းကို သတိထားရမည်။ ထို့ကြောင့် ဟန်ဝူဧကရာဇ် လက်ထက်တွင် ကျေးဇူးတော်အမိန့်တော်ပြန်တမ်းပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
နယ်မြေခွဲဝေခွင့်ရှိသည်။ သို့သော် နယ်စားမင်းတစ်ဦးသည် မိမိ၏နယ်မြေကို မိမိ၏ သားစဉ်မြေးဆက်များအားလုံးထံသို့ အညီအမျှ ပြန်လည်ခွဲဝေပေးရမည် ဖြစ်သည်။
အကယ်၍ မျိုးဆက်သစ်များတွင် ထူးခြားသော စွမ်းဆောင်ရည်မရှိပါက ၎င်းတို့၏ ရာထူးအဆင့်အတန်းကို ထာဝရ ဆက်ခံခွင့်မရှိဘဲ ဥပဒေအရ တစ်ဆင့်ချင်း လျှော့ချသွားရမည်။
ဤနည်းဖြင့် အောက်ခြေသို့ ရောက်လေလေ အာဏာများ ပိုမိုကွဲပြားသွားလေလေ ဖြစ်ပြီး ပြည်တွင်းစစ်ဖြစ်ပွားမှုကိုများစွာ လျှော့ချနိုင်မည် ဖြစ်သည်။
ချူနင်၏ စနစ်တကျ ရှင်းပြချက်များကို နားထောင်ရင်း ရဲ့ချန်းလျန်မှာ မှင်တက်နေမိသည်။ သို့သော် ရဲ့မျိုးနွယ်စု နန်းတွင်းမိသားစုတွင် လူဦးရေ အနည်းငယ်သာ ရှိသဖြင့် သူတို့ကို ခွဲဝေပေးရန် မဖြစ်နိုင်ပေ။
သူမ၏ သားသမီးများကိုသာ ခွဲဝေပေးရမည် ဖြစ်သည်။ သို့သော် ဤမျှ ကျယ်ပြန့်သော လောကကြီးကို အကုန်ခွဲဝေပေးနိုင်ရန် သူမအနေဖြင့် ကလေး မည်မျှအထိ မွေးပေးရမည်နည်း။
မဟုတ်ဘူး ဒါကနယ်မြေခွဲဝေတဲ့ ပြဿနာ မဟုတ်တော့ဘူး။ ဒါက ကလေးမွေးရမယ့် ပြဿနာဖြစ်နေပြီ ရဲ့ချန်းလျန် သတိပြန်ဝင်လာပြီး မျက်နှာမှာ ပို၍ နီမြန်းလာသည်။
"ငါ နှစ်ယောက်ဆိုရင်တော်ပြီ နင် အများကြီး လိုချင်ရင် နင့်ဘာသာပဲ သွားမွေးတော့"
ချူနင်က သူမကို နားမလည်သလို ကြည့်လိုက်သည်။
"ကိုယ်က ဘယ်လိုလုပ် ကိုယ့်ဘာသာ မွေးလို့ရမှာလဲ မင်း မပါရင် မရဘူးလေ"
"နင် တခြားမိန်းမတွေ ရှာလို့ရတာပဲ"
ကိုယ်က ဘာလို့တခြားမိန်းမတွေ ရှာရမှာလဲ။ တခြားမိန်းမက မွေးတဲ့ကလေးတွေက မင်းရဲ့ လောကကြီးမှာ နယ်စားမင်းတွေ ဖြစ်နေတာကို မြင်ရင် မင်းပျော်ပါ့မလား။
ရဲ့ချန်းလျန် ခဏမျှ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။
နင်က ငါ့ကိုပဲ ကလေးမွေးခိုင်းချင်တာလား။ နောက်ကျရင် တခြားမိန်းမတွေ ရှိလာရင်ကော။
သူက အခုတော့ ကောင်းကောင်းပြောနေပေမဲ့ နောက်တစ်နေ့မှာ တခြားမိန်းမတွေနဲ့ တွေ့ရင် သူ့ခြေထောက်တွေကို သူထိန်းနိုင်ပါ့မလား။
အဲဒီလို ဖြစ်မယ့်အစား အခုကတည်းက ကြိုပြီး သဘောတူထားတာက ပိုကောင်းမလား နင့်ရဲ့ အစွမ်းကလည်း အရမ်းကြီးတာပဲကို။
ရဲ့ချန်းလျန် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ချူနင်က သက်ပြင်းချရင်း "ကိုယ် ဘာလို့တခြားမိန်းမတွေကို ရှာမယ်လို့ ထင်နေရတာလဲ ကိုယ်တို့ မင်္ဂလာဆောင်ပြီးရင် မင်းကော မင်းရဲ့အဆောင်တွေမှာ တခြားအမျိုးသားတွေကို ထားဦးမှာလား။ အဲဒီလိုဆိုရင် မွေးလာတဲ့ ကလေးတွေက ဘယ်သူ့ကို အဖေလို့ ခေါ်ရမှာလဲ အဖေကြီး နဲ့ အဖေလေး လို့ ခေါ်ခိုင်းရမှာလား။ အဲဒါဆို ကိုယ် ပျော်မယ် ထင်လို့လား။
ရဲ့ချန်းလျန် ခေတ္တစဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
"ဖြစ်မှာမဟုတ်ပါဘူး"
သေချာတာပေါ့ မဖြစ်ပါဘူး ဘယ်သူက မိမိကလေးကို သူစိမ်းကို အဖေခေါ်ခိုင်းချင်မှာလဲ ဘယ်သူက မိမိဇနီးကို တခြားသူနဲ့ အိပ်တာ ကြည့်နေချင်မှာလဲ။
ရဲ့ချန်းလျန် ဒါကို ကြားတော့ ခဏ တွန့်ဆုတ်သွားသည်။ ချူနင် ပြောချင်တဲ့ အဓိပ္ပာယ်ကို သူမ နားလည်ပါသည်။
ငါမူလကတည်းက အဆောင်တွေမှာ လူဖြည့်ဖို့ အစီအစဉ် မရှိပါဘူး အဲဒီစနစ်က အရင် ဧကရာဇ်တွေ လက်ထက်ကတည်းက ကျန်ခဲ့တာပါ။
ငါ့အဖိုး လက်ထက်ကတည်းက ဧကရာဇ်တစ်ဦး မိဖုရားတစ်ဦး စနစ်ကိုပဲ ကျင့်သုံးခဲ့တာဆိုတော့ငါလည်း တခြားသူတွေကို ရှာမှာ မဟုတ်ပါဘူး။
ချူနင်ပြုံးလိုက်ပြီး "ဒါဆိုရင် ပြီးတာပဲလေ မင်းတောင် မရှာဘူးဆိုရင် ကိုယ်က ဘာလို့ ရှာမယ်လို့ ထင်နေတာလဲ" ရဲ့ချန်းလျန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချူနင့်ကို စိုက်ကြည့်လိုက်သည်။
"ဒါပေမဲ့ နင့်ရဲ့ အစွမ်းက အရမ်းကြီးတယ် ဒီလောကမှာ နင်ရွေးချယ်စရာ အမျိုးသမီးတွေ အများကြီး ရှိတယ် နောက်ဆိုရင် အမျိုးသမီး အများကြီးက သူတို့ကိုယ်သူတို့တောင် လာဆက်သကြဦးမှာ"
ငါ့ရဲ့ စိတ်ရင်းကတော့ မူလကတည်းက ဧကရာဇ် တစ်ယောက်ကို ရှာဖို့မဟုတ်ဘူး။ ငါတစ်ယောက်တည်း ဒီအင်ပါယာကို အုပ်ချုပ်နိုင်တယ် ဒါပေမဲ့ နင်ပေါ်လာတယ် ငါတို့မှာ ကလေးရလာတယ် အဲဒါကြောင့်ပဲ နင့်ကို ဧကရာဇ်အဖြစ် တင်မြှောက်တာပါ။ ငါကတော့ အမြဲတမ်း ဒီအတိုင်းပဲရှိနေမှာ။
ဒါပေမဲ့ နင်က လောကကြီးက အရမ်းကျယ်ပြန့်တယ် ထျန်းရွှမ်းတိုက်ကြီးတစ်ခုတည်းတောင် ဘယ်လောက်ကြီးမှန်း ငါမသိဘူး ပြီးတော့ အထက်လောကတွေနဲ့ တခြား ကမ္ဘာတွေ အများကြီး ရှိသေးတယ် နင်က ငါ့တစ်ယောက်တည်းအပေါ်မှာပဲ စိတ်နှစ်ထားမှာ မဟုတ်ဘူး။
ချူနင် သက်ပြင်းချလိုက်သည်။
မင်းက ကိုယ့်ကို တခြားမိန်းမတွေ ရှာခိုင်းချင်နေတာလား။
ရှာခိုင်းတာ မဟုတ်ဘူး ဒါပေမဲ့ ဒါက လက်တွေ့ပဲ နင်ရှာရင်လည်း ငါမတားပါဘူး ငါ့ရှေ့မှာပဲ မလုပ်ဖို့ လိုတယ်။
ချူနင် ခေါင်းခဲသွားရသည် "ဒါဆိုရင်တော့ မင်းကို ရှင်းပြဖို့ မဖြစ်နိုင်တော့ဘူး။ မင်းက အဲဒီလိုပဲ တွေးနေမယ်ဆိုရင် ကိုယ်ဘာပြောနိုင်ဦးမှာလဲ။ တစ်ယောက်နေရာမှာ တစ်ယောက် ဝင်ခံစားကြည့်လို့ မရဘူးလား။ ဇနီးတစ်ယောက်တည်းနဲ့ မလုံလောက်ဘဲ လောကမှာရှိတဲ့ အမျိုးသမီးအားလုံးကို ရှာမှ မင်း ကျေနပ်မှာလား"
ငါကတော့ အဲဒီလိုမဖြစ်စေချင်ပါဘူး ဒါပေမဲ့ ငါ့ရဲ့အစွမ်းက နင့်လောက် မကြီးဘူး တစ်ခုခု ဖြစ်လာရင် ငါမတားနိုင်ဘူးလေ
ဒါကရဲ့ချန်းလျန်ရဲ့ အကြီးမားဆုံး စိုးရိမ်မှုပင် ချူနင်က သန်မာလွန်းလှသည်။ အကယ်၍ သူက သူမရှေ့မှာ တခြားမိန်းမတွေနဲ့ နေရင်တောင် သူမက ဘာမှမတတ်နိုင်ဘဲ ဝမ်းနည်းပက်လက် ငိုနေရုံပဲ ရှိမှာပေါ့။
"အဲဒါကြောင့်ပဲ ဒီနေ့ ဒီစကားတွေ လာပြောတာလား အဲဒါဆို ဘာမှမပြောတာနဲ့ ဘာထူးမှာလဲ"
ချူနင်၏ စကားကြောင့် ရဲ့ချန်းလျန်၏ မျက်နှာမှာ ရှုပ်ထွေးသွားသည်။ တကယ်တော့ သူမက ဒီစကားတွေကို ပြောဖို့ လာတာ မဟုတ်ပါဘူး ဒါပေမဲ့ ဒီကိစ္စက ရှောင်လွှဲလို့မရဘဲ ပြောကိုပြောရမယ့် ကိစ္စဖြစ်နေသည်။
အခုတော့ နေဝန်းနီနတ်ဘုရားနယ်မြေက ပြန်လာတုန်းကလိုပဲ နှစ်ယောက်လုံး စကားဆက်ပြောဖို့ ခက်ခဲသွားပြန်သည်။
သို့သော် စကားမပြောဘဲ နေလို့လည်း မရပါ။ သူမ ရင်ဆိုင်ရမည်။ ရင်ဆိုင်လိုက်တဲ့ အခါမှာလည်း သူမ ဘာလုပ်ရမှန်း မသိတော့ပါ။
"ငါ..."
ရဲ့ချန်းလျန် စကား ရပ်သွားပြီး ခေါင်းငုံ့ကာ မြေအိုးထဲက ယုန်သားတွေကို တူနဲ့ ထိုးဆွနေမိသည်။
ငါဒီအကြောင်းတွေကို မပြောချင်ဘူး ဘာလို့လဲဆိုတော့ ဒါတွေက မဖြစ်သေးဘူးလေ ဒါပေမဲ့ ငါ မတွေးဘဲ မနေနိုင်ဘူး။
ငါဘာလုပ်ရမှန်း မသိဘူး အရင်ကတော့ ငါက ကျင့်စဉ်ကျင့်တယ် တိုင်းပြည်အုပ်ချုပ်တယ် ပြီးတော့ အနာဂတ်ကိုပဲ မျှော်ကြည့်ခဲ့တာ နင်က အခုတော့ကောင်းနေမှာပါ ဒါပေမဲ့ နောက်ကျရင် နင်ဘယ်လောက်အထိ ဆိုးလာမလဲဆိုတာ ငါအမြဲတွေးမိနေပြီး စိတ်တွေ ရှုပ်ထွေးနေရတယ်။ နင်က နောက်ကျရင်လည်း အရမ်းကောင်းနေနိုင်ပါတယ် ဒါပေမဲ့ ငါက
ပြောရင်းနှင့် ရဲ့ချန်းလျန်၏ မျက်ဝန်းများ နီမြန်းလာသည်။
ငါကတော့ နင့်မှာ ကျင့်စဉ်မရှိဖို့တောင် ဆုတောင်းခဲ့မိတယ်။ အဲဒါဆို အရင်ကလိုပဲ နင့်ကို ဆက်ဆံလို့ရမယ် နင် ဘယ်လောက်ပဲ လွန်လွန် ငါဘာမှလုပ်မှာ မဟုတ်ဘူး။
ငါ့ရဲ့ အဆင့်အတန်းနဲ့ နင်လိုချင်တာမှန်သမျှကို ပေးနိုင်မယ်လို့တောင် ငါထင်ခဲ့တာ။ အရင်က နင့်ကို အာဏာတွေ အဆင့်အတန်းတွေ ကျင့်စဉ်တွေနဲ့ စည်းစိမ်တွေ ပေးခဲ့တာက နင့်အပေါ်မှာ အကြွေးမတင်ချင်လို့ပဲ။
"အဲဒီလိုဆိုရင် နင်က အေးအေးဆေးဆေး ကျင့်ကြံမယ် ကျင့်စဉ်အဆင့်က ဘယ်လောက်ပဲဖြစ်ဖြစ် အသက်ရှည်နေဖို့ပဲ လိုတယ် အဲဒီလိုနဲ့ ငါတို့ မိသားစုလေး ဖြစ်လာမယ် ကလေးတွေအများကြီး မွေးမယ်လို့ ငါ စိတ်ကူးခဲ့တာ။ ဒါပေမဲ့ နင်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ"
ငါဘယ်လိုမှ လိုက်မမီနိုင်တဲ့အထိ သန်မာနေတယ်။ ငါက နင့်အပေါ် ငါ့ရဲ့စိတ်ရင်းတွေကို ပေးလိုက်တဲ့ အချိန်မှာ နင်ကတခြားမိန်းမတွေကို ရင်ခွင်ထဲ ထည့်ထားမှာကို ငါ အရမ်းကြောက်တယ်။
နင်က အဲဒီလို မလုပ်ဘူးဆိုရင်တောင် ငါကတော့ မတွေးဘဲ မနေနိုင်ဘူး၊ ဘာလို့လဲဆိုတော့ နင့်ကို ငါ ဘယ်လိုမှ ဆွဲထားလို့ မရဘူးလေ။
နင်က သာမန်လူ မဟုတ်ဘူးဆိုတာ ငါ အစောကြီးကတည်းက သတိထားမိသင့်တာပါ။ နင့်ရဲ့ပုံစံနဲ့ တာ့ချန်းအင်ပါယာမှာ ဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုတွေကို ကြည့်ရင် သိနိုင်တာပဲ။ ဒါပေမဲ့ ငါဘာလုပ်ရမလဲဆိုတာ မသိခဲ့ဘူး ဘယ်လို လက်ခံရမလဲဆိုတာလည်း မသိခဲ့ဘူး။
ရဲ့ချန်းလျန်သည် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ချူနင့်ကို ကြည့်လိုက်သည်။
ဒါပေမဲ့ ငါကတော့ နင့်ကို ငါ့ရဲ့စိတ်ရင်းတွေ ပေးလိုက်မိပြီ။ ဒါကြောင့် နင် တခြားမိန်းမတွေ ရှာရင်လည်း ငါအောင့်သက်သက်နဲ့ လက်ခံရတော့မှာပေါ့ ဒါပေမဲ့ ငါမဖြစ်စေချင်ဘူး။
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားက စိတ်ရင်းဆိုတာ တစ်ယောက်ကိုတစ်ယောက်ပဲ ပေးသင့်တာ မဟုတ်ဘူးလား။
ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာ အထူးသဖြင့် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကြားမှာ အဲဒီလို မရှိဘူး။
ပြီးတော့ ငါ့ရဲ့စိတ်နေစိတ်ထားကလည်း ဒီအတိုင်းပဲ ငါက နင့်ရှေ့မှာ နှိမ့်ချနေမှာ မဟုတ်ဘူး မိန်းမငယ်လေးတစ်ယောက်လို နင့်စကားကိုပဲ နားထောင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ငါက အရည်အချင်းရှိတဲ့ လက်တွဲဖော်တစ်ယောက်နဲ့တောင် မတူဘူး နင်ကောငါ့ကို လက်ခံချင်ပါ့မလားတောင် မသိတော့ဘူး။
သူမ ပြောချင်တဲ့ စကားအစစ်အမှန်က ဒါတွေအားလုံးပါပဲ။ ချူနင်ရဲ့ ကျင့်စဉ်က သူမ သူ့ကို ချစ်တာမချစ်တာနဲ့ မဆိုင်ပါဘူး။ သူ ကျင့်စဉ် မရှိဘူးလို့ ထင်တုန်းကလည်း သူမသူ့အပေါ် စိတ်လှုပ်ရှားခဲ့တာပါပဲ။
ဒါပေမဲ့ သူမ ချစ်တဲ့အမျိုးသားက တခြားသူတွေကိုလည်း ချစ်နေမှာကို သူမမလိုလားပါဘူး။ သူမရဲ့ မာနက ဒါကို ခွင့်မပြုနိုင်သလို လောကမှာရှိတဲ့ ဘယ်အမျိုးသမီးမှလည်း ဒါကို လိုချင်မှာ မဟုတ်ပါဘူး။ အချို့လူတွေကတော့ နှိမ့်ချပြီး လက်ခံကြလိမ့်မည် သို့သော် သူမကတော့ မဟုတ်ပါ။
နင်ငါ့တစ်ယောက်တည်းကိုပဲ ချစ်မလား ဒါမှမဟုတ် လောကမှာရှိတဲ့ မိန်းမအားလုံးကိုပဲ သွားချစ်မလား သူမ မတားပါဘူး တားလည်း မတားနိုင်ပါဘူး။ သူမက သူမရဲ့ သဘောထားကို ပြောပြနေခြင်းသာ ဖြစ်သည်။
ရဲ့ချန်းလျန် တစ်ကိုယ်လုံး တုန်ယင်နေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ကျလာသည်။ သူမ မျက်ရည်တွေကို သုတ်ဖို့ လုပ်သော်လည်း ချူနင်က တားလိုက်သည်။ သူမ ခဏ ကြောင်သွားစဉ်မှာပဲ ချူနင်က သူမကို ရင်ခွင်ထဲ ထည့်ဖက်လိုက်သည်။
ဒါကို စကားနဲ့ ရှင်းပြလို့ မရပါဘူး။ သူမ ခံစားမိအောင် သူလုပ်ပြရမည်။
"ဒါဆိုရင် မင်း စိတ်အေးသွားပြီလား"
ရဲ့ချန်းလျန်၏ ရင်ထဲတွင် ခံစားချက်များ ဝေစီလာပြီး ထိန်းထားတဲ့ မျက်ရည်တွေ ပိုကျလာသည်။ သူမ ချူနင်၏ ပခုံးကို အားရပါးရ ကိုက်လိုက်မိသည်။
"ဘာလို့ အဲဒီနေ့က အဲဒီလျှို့ဝှက်ခန်းထဲမှာ ပေါ်လာရတာလဲ ဘာလို့ ငါ့ကို ဟင်းတွေ ချက်ကျွေးခဲ့တာလဲ ဘာလို့ ငါ့အပေါ် ဒီလောက် ကောင်းခဲ့တာလ"
"ဘာလို့ ငါ့ဘဝထဲ ပေါ်လာပြီး ငါ့ရဲ့စိတ်ရင်းတွေကို ပေးအောင် လုပ်ခဲ့တာလဲ လောကမှာ မိန်းမတွေ အများကြီး ရှိတာကို ဘာလို့ ငါ့အပေါ်မှာပဲ စိတ်နှစ်ထားရတာလဲ" သူမ ပိုပြီး ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ သူမ အရမ်း ဝမ်းနည်းနေရသည်။
"ငါ ငယ်ငယ်ကတည်းက တစ်ခါမှ မငိုခဲ့ဖူးဘူး"
"နင့်ရဲ့ ကျင့်စဉ်က ဘယ်လောက်ပဲ မြင့်မြင့် အလွန်ဆုံးရှိရင် ငါ့ကို သတ်လိုက်ပေါ့ ဘာလို့ ငါ့နားမှာ နေနေရတာလဲ"
သူ့ကို ဆူပူကြိမ်းမောင်းပြီးနောက် ချူနင့်ကို ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်သည်။
"နင် ငါ့ကိုတွန်းထုတ်လိုက်လို့ ရတယ် ဒါပေမဲ့ နင် ဆက်နေမယ်ဆိုရင်တော့ နောက်ကျရင် နင့်ဘေးနားမှာ မိန်းမတစ်ယောက်မှ ပေါ်မလာစေနဲ့"
"နင်က ငါတစ်ယောက်တည်းကိုပဲ ချစ်ရမယ် ငါ့ကလေးတွေကိုပဲ ဂရုစိုက်ရမယ် နင်က ငါ့ရဲ့ ဧကရာဇ် ငါ့အပိုင်ပဲ ဖြစ်ရမယ်"
ရဲ့ချန်းလျန်၏ တုန်ယင်နေသော ခံစားချက်များကို ခံစားမိရင်း ချူနင်က သူမကို တင်းတင်းဖက်ကာ ချော့မြှူလိုက်သည်။
"ကိုယ် ဘယ်မှ မသွားပါဘူး ဘယ်မှမသွားဘူး"
"မင်းက ကိုယ့်ကိုဒီလောက်တောင် ဂရုစိုက်နေမှတော့ ကိုယ်လည်း မင်းကို အမြဲတမ်း ဂရုစိုက်နေမှာပါ"
ရဲ့ချန်းလျန် ရုတ်တရက် ခေါင်းမော့ပြီး ချူနင့်ကို စိုက်ကြည့်လိုက်သည်။
"နင်က ငါ့ကိုပဲ ဂရုစိုက်ရမယ်"
"ကောင်းပါပြီ"
"ပြီးတော့ ငါက နင့်အကူအညီ မလိုဘူး ငါ့ဘာသာ ဒီလောကကြီးကို သိမ်းပိုက်နိုင်တယ်"
"ဟင်"
"ဒါဆို မင်း ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ ရှိလာရင်ကော"
"နင့်ရဲ့ ကျင့်စဉ်က ဘာအတွက်လဲ စည်းကမ်းမလိုက်နာတဲ့သူ ရှိရင် သတ်လိုက်ရုံပဲပေါ့" ပြောပြီးနောက် ရဲ့ချန်းလျန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
နင့်ရဲ့ ကျင့်စဉ်က ဘယ်လောက်ပဲ မြင့်မြင့် နင်က ငါ့ခင်ပွန်းပဲလေ။
"ဒါဆိုရင် နင် ငါ့ကိုကူညီပေးတာ ဘာဖြစ်လို့လဲ"