အခန်း ၇၂ ကလေးတွေအများကြီးမွေးပြီး နယ်စားမင်းတွေခန့်မယ်
ချူနင်သည် အနည်းငယ် ကြောင်အသွားသော်လည်း အခန်းထဲသို့ လှမ်းဝင်လိုက်သည်။
သူ နားမလည်နိုင်ပါ သူမကဟင်းမချက်တတ်ပါဘဲနှင့် ဘာလို့ ရုတ်တရက်ကြီး ချက်ချင်နေရတာလဲ။ သူ့လက်ရာကို မကြိုက်လို့လား ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား သို့မဟုတ် သူမဘက်က အရင်စပြီး စိမ်းကားမှုတွေကို လျှော့ချချင်လို့လား။
ဪ ဒီလိုကိုး ချူနင် သဘောပေါက်သွားသည်။
အဲဒီလိုသာဆိုရင်တော့ ခဏနေရင် သူတို့ သေချာစကားပြောလို့ရပြီ အိုးတိုးအောက်တိုး ဖြစ်နေစရာ မလိုတော့ပါဘူး။
တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က သိနေသရွေ့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ သူကတော့ ဇနီးသည် တံခါးလာခေါက်မှာကို စောင့်နေလိုက်သည်။ ချူနင်က ကုတင်ပေါ်မှာ အိပ်ပျော်နေသလိုမျိုး ဟန်ဆောင်နေလိုက်၏။
သို့သော် အတော်ကြာအောင် စောင့်နေသော်လည်း တံခါးခေါက်သံ ထွက်မလာပါ။
ဟင် ဘယ်ရောက်သွားတာလဲ
ချူနင် ဇဝေဇဝါနဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ တံခါးဝမှာ ရပ်နေတဲ့ ပုံရိပ်ကို မြင်လိုက်ရသည်။ သူမက တံခါးရှေ့မှာတင် ဘာလုပ်ရမှန်းမသိဘဲ ရပ်နေတာပါ ချူနင် ဆွံ့အသွားရသည်။
မဟုတ်ဘူးလေ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ ဝင်လာမှာ မဟုတ်ဘူးလား ဒါမှမဟုတ် ခိုးစားနေတာလား။
ရဲ့ချန်းလျန်ကတော့ ထိုသို့မဟုတ်ပါ ဟင်းကတော့ ပြီးသွားပြီဖြစ်သော်လည်း ဤမျှနှင့် မလုံလောက်သေးဘူးဟု သူမ ခံစားနေရသည်။
ဟင်းတစ်ခွက်တည်းနှင့် သူမတွင်လည်း တာဝန်ယူနိုင်စွမ်းရှိကြောင်း သက်သေပြဖို့ မလုံလောက်သလို ချူနင့်အပေါ် အကြွေးတွေ အများကြီး တင်နေတာကြောင့် စကားကို ဘယ်လိုစပြီး အဆင်ပြေအောင် လုပ်ရမလဲ မသိဖြစ်နေခြင်းပင်။
တကယ်လို့ ချူနင်က ငါ့ကိုဂရုမစိုက်တော့ရင်ကော ငါ့ရဲ့ သေးငယ်တဲ့တောင်းဆိုချက်ကိုတောင် သဘောမတူဘဲ တခြားမိန်းမတွေကို နန်းတော်ထဲ ခေါ်လာရင်ကော။ သူက အခုလို အစွမ်းတွေ ထုတ်ပြပြီးတဲ့နောက် ကလေးကိုတောင် ဂရုမစိုက်တော့ရင် ငါ ဘယ်လိုလုပ်ရမလဲ
အတွေးတွေက ရှုပ်ထွေးလွန်းလှသဖြင့် သူမ တံခါးမခေါက်ရဲတော့ပါ။
"နောက်ထပ် ဟင်းတစ်ချို့ ထပ်ချက်လိုက်ရင် ကောင်းမလား"
ရဲ့ချန်းလျန်က သူမကိုယ်သူမ နှစ်သိမ့်ဖို့ အကြောင်းပြချက် ရှာလိုက်သည်။ ဟင်းတွေ အများကြီး ချက်ပြနိုင်ရင် သူမမှာလည်း အရည်အချင်း ရှိကြောင်း သက်သေပြရာ ရောက်တာပေါ့။
သူမရဲ့ အသံက အရမ်းတိုးပေမဲ့ ချူနင်ကတော့ ကြားလိုက်ရသည်။
ဝင်သာလာပါတော့.လင်မယားချင်း ဘာတွေ စိုးရိမ်နေတာလဲ ဝင်ချင်ရင် တံခါးခေါက်လိုက်ရုံပဲဟာကို သို့သော် ရဲ့ချန်းလျန် ပြန်လှည့်ထွက်တော့မည့် အမူအရာကို မြင်သဖြင့် သူ သက်ပြင်းချကာ လှမ်းခေါ်လိုက်သည်။
"ချန်းလျန် အပြင်မှာ ရောက်နေတာလား"
ပုံရိပ်လေးမှာ ချက်ချင်း တောင့်ခဲသွားပြီး မှင်တက်သွားပုံရသည်။
"အင်း"
ချူနင် အချိန်ကို ခဏ တွက်ချက်လိုက်ပြီး "ဗိုက်ဆာနေပြီလား ကိုယ် သွားချက်လိုက်မယ်လေ" လို့ ပြောလိုက်သည်။
ရဲ့ချန်းလျန်က "ဟင့်အင်းမလိုဘူး ငါ ချက်ပြီးပြီ" ဟု အမြန်ပြန်ပြောလိုက်သည်။
ဒါဟာ ချူနင်အတွက် တံခါးဖွင့်ဖို့ အကြောင်းပြချက် ဖြစ်သွားပြီး သူချက်ချင်း တံခါးဆီ သွားလိုက်သည်။
တံခါးဖွင့်လိုက်တော့ ရှုပ်ထွေးတဲ့ မျက်နှာပေးနဲ့ ငရုတ်သီးယုန်သားဟင်းပန်းကန်ကို ကိုင်ထားတဲ့ ရဲ့ချန်းလျန်ကို တွေ့လိုက်ရသည်။
ချူနင်က စူးစမ်းသလို ကြည့်ကာ "မင်းက တကယ် ဟင်းချက်တတ်တာလား ဒါက ရှားမှရှားပဲ"
သူမရဲ့ အသံက နည်းနည်း တုန်ယင်နေပြီး ခေါင်းကို အမြန်ညိတ်ပြသည်။
"အင်း နည်းနည်းပါ"
ချူနင် ရယ်လိုက်ပြီး "ဘာလို့ ရုတ်တရက်ကြီး ကိုယ်တိုင်ချက်ချင်ရတာလဲ။ မင်းမှာ ကလေးရှိနေပြီလေ ဒီလိုအလုပ်တွေကို ကိုယ့်ကိုပဲ လွှဲထားလိုက်ပါ"
ရဲ့ချန်းလျန် ဒါကို ကြားတော့ ခဏ တွန့်ဆုတ်သွားပြီးမှ ခေါင်းယမ်းပြသည်။
"ငါ... ငါပဲ လုပ်ပါ့မယ်"
နင့်ရဲ့ကျင့်စဉ်က ဒီလောက် မြင့်နေတာကို နင့်ကို ဟင်းချက်ခိုင်းဖို့ဆိုတာ ငါ စိတ်ထဲ တည်ငြိမ်မှာ မဟုတ်ဘူး စားလို့လည်း ဝင်မှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် သူမက သူ့အပေါ်အများကြီး အကြွေးတင်နေတာဆိုတော့ ဘာနဲ့ ပြန်ပေးဆပ်ရမှန်း မသိတာလည်း ပါသည်။
"ဒါဆိုရင်လည်း အမြန်ဝင်လာခဲ့ မင်းရဲ့ လက်ရာကို ကိုယ်အရင်မြည်းကြည့်ဦးမှ"
ချူနင်ရဲ့ ဒီလိုပုံစံကို မြင်တော့ ရဲ့ချန်းလျန် ခဏ ကြောင်သွားသည်။ ပုံမှန်အတိုင်းပဲ ဘာမှ မထူးခြားသလိုပါပဲ။ ချူနင်ရဲ့ စရိုက်က အမြဲတမ်း ဒီလိုပဲလား။
သူမ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသော်လည်း ချူနင်က ထိပ်တန်း နတ်ဘုရားနယ်မြေတစ်ခုရဲ့ မိစ္ဆာရုပ်တုကြီးကို အေးအေးဆေးဆေး ဖျက်ဆီးပစ်လိုက်တာကို သတိရမိတဲ့အခါ သူမ ပြန်ပြီး စိတ်လှုပ်ရှားလာပြန်သည်။
သူက ဘယ်လိုလူမျိုးလဲ သူမ သူ့ကို လုံးဝ နားမလည်သလို ခံစားရသည်။
ဒါပေမဲ့ ချူနင်ကတော့ သူမကို အကုန်လုံး နားလည်ပြီးသားပါ။
သူတို့ အခန်းထဲဝင်ပြီး ထိုင်လိုက်ကြသည်။ ရဲ့ချန်းလျန်အနေနဲ့ ဒီအခန်းထဲမှာ ထမင်းစားရတာ ဒါဟာ ပထမဆုံးအကြိမ်ပင်။
သူမကိုယ်တိုင် ချက်ထားတဲ့ဟင်းနဲ့ ချူနင့်ကို ကျွေးရတာဟာ သူမရဲ့ စိတ်ကို အနည်းဆုံးတော့ အေးချမ်းစေပါသည်။
ဒါပေမဲ့ ထိုင်လိုက်ပြီး တူကို ကိုင်လိုက်တာနဲ့ သူမ ဘာစကားစရမှန်း မသိဘဲ ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။ ထိုအချိန်တွင် ချူနင်က စားနှင့်နေပြီ။
"အရသာ ရှိသားပဲ ကိုယ့်လက်ရာနဲ့တောင် တူနေသလိုပဲ"
"တကယ်လား"
ရဲ့ချန်းလျန် ခေါင်းညိတ်ပြရင်း စိတ်ထဲမှာ နည်းနည်း ပျော်သွားပြီး သူမလည်း တစ်တုံး ယူစားလိုက်သည်။
နေဦး ငါခုတ်ထားတဲ့ ယုန်သားတွေက အပိုင်းပိုင်းတွေလေ ဒါပေမဲ့ ဘာလို့ အခုဟာက ချူနင် အမြဲချက်သလိုမျိုး အမြှောင်းလေးတွေ ဖြစ်နေတာလဲ
သူမ ခဏရပ်ပြီး တစ်တုံး စားကြည့်လိုက်သည်။ အရသာက အရင်ကအတိုင်းပဲ အရမ်းကို ကောင်းလွန်းနေသည်။ ပထမဆုံးအကြိမ် ချက်တာကို ဒီလောက် အရသာရှိနေတာ သူမက တကယ်ပဲ ပါရမီရှင်လား။
ရဲ့ချန်းလျန် ချူနင့်ကို မော့ကြည့်လိုက်မိသည် ဒီယုန်သားက ခံစားချက်က။
"ချန်းလျန်"
ချူနင်ရဲ့ ခေါ်သံက သူမကို သတိပြန်ဝင်လာစေသည်။ သူမ ချက်ချင်းမတ်မတ်ထိုင်လိုက်ပြီး ညီလာခံမှာ အရာရှိတွေကို ရင်ဆိုင်ရသလိုမျိုး တည်ကြည်သွားသည်။
ဒါက အစွမ်းထက်တဲ့သူ တစ်ယောက်ကို ပြရမယ့် ရိုသေမှုပဲ မဟုတ်လား။
ဒါပေမဲ့ သူမရှေ့က ချူနင်ကတော့ ရုတ်တရက် ထရပ်ပြီး သူမနားကို တိုးလာကာ သူမရဲ့ ဝမ်းဗိုက်နားမှာ ခေါင်းလေးကပ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည် ရဲ့ချန်းလျန် လန့်သွားရသည်။
"အခုဆို လေးလရှိပြီနော် နောက်ထပ် ခြောက်လလောက်ဆိုရင် သူတို့လေးတွေ မွေးလာတော့မယ် နာမည် ဘယ်လိုပေးကြမလဲ"
ရဲ့ချန်းလျန် ဒါကို ကြားတော့ ခေတ္တ တိတ်သွားသည်။
"နင်... နင့်ဘာသာပဲ ဆုံးဖြတ်လိုက်ပါ"
ချူနင် ခဏစဉ်းစားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ရဲ့ဖန်၊ ရဲ့ဖုန်း၊ ရဲ့ချန်း ဆိုတဲ့ နာမည်တွေတော့ မပေးနဲ့နော်။ အဲဒါတွေက လူကြမ်းနာမည်တွေ ပြီးတော့ သူတို့က မိန်းကလေးတွေလေ။
မဟုတ်ဘူး သူတို့က နင့်ရဲ့ မျိုးရိုးနာမည်ကို ယူရမှာ မဟုတ်လား။ ငါ့မျိုးရိုးကို ယူရင် နင်ကော သဘောတူပါ့မလား။
နန်းတွင်းဥပဒေအရဆိုရင် မင်းရဲ့မျိုးရိုးကို ယူရမှာ မဟုတ်လား။
"ဒါပေမဲ့ နောက်ဆုံးတော့ နင်က"
ချူနင်က ပြုံးပြီး ဘယ်သူ့မျိုးရိုးယူယူ အရေးမကြီးပါဘူး သူတို့က ကိုယ်တို့ရဲ့ သမီးလေးတွေ ဖြစ်နေဖို့ပဲ လိုတာပါ။ မင်း တကယ်ပဲ စိတ်ထဲ ထားနေရင် သူတို့က နှစ်ယောက်ဆိုတော့ တစ်ယောက်က ကိုယ့်မျိုးရိုးယူ နောက်တစ်ယောက်က မင်းရဲ့ မျိုးရိုးယူပေါ့။
တစ်ယောက်က ချူနင်ယန် နောက်တစ်ယောက်က ရဲ့နင်ချူ(မှတ်ချက် တစ်ယောက်နာမည်မှာ တစ်ယောက်ရဲ့ နာမည်ကို ထည့်သွင်းထားခြင်းဖြစ်သည်)
ရဲ့ချန်းလျန်၏ နှုတ်ခမ်းလေးမှာ မဲ့သွားရသည်။
"ခုနက နင်ပြောတဲ့ နာမည်သုံးခုကမှ ပိုနားထောင်ကောင်းသေးတယ်"
"နားထောင်ကောင်းတာ မကောင်းတာထက် အနည်းဆုံးတော့ သူတို့နာမည်ကို ခေါ်လိုက်တိုင်း ငါတို့ တစ်ယောက်ကိုတစ်ယောက် သတိရနေမှာ မဟုတ်လား"
ရဲ့ချန်းလျန်သည် သူမ၏ ဝမ်းဗိုက်နားမှာ ခေါင်းလေးကပ်ပြီး ထိုင်နေသည့် အမျိုးသားကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ သူ ပြောတဲ့စကားတွေက သူ သူမကို ဂရုစိုက်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်လား ချူနင်က အရင်က ချူနင်အတိုင်းပဲလား။
"ဒါပေမဲ့ အဲဒါက နောက်ထပ် ခြောက်လလောက် လိုသေးတာဆိုတော့ အခုမှ မစဉ်းစားသေးလည်း ရပါတယ်။ အရင်ဆုံး မင်္ဂလာပွဲကိုပဲ အာရုံစိုက်ကြရအောင်"
ချူနင်က ဖြည်းဖြည်းချင်း ထရပ်ပြီး သူ့နေရာမှာ ပြန်ထိုင်လိုက်သည်။
တွက်ကြည့်ရင် မင်္ဂလာပွဲက နောက်ထပ် ၇ ရက် ဒါမှမဟုတ် ၈ ရက်လောက်ပဲ လိုတော့တယ် မဟုတ်လား။
"၇ ရက်ပါ"
၇ ရက်ဆိုတာ ခဏလေးပဲ ဒါပေမဲ့ မင်္ဂလာဆောင်ပြီး ခြောက်လအကြာမှာ ကလေးမွေးမယ်ဆိုရင်တော့ နန်းတွင်းနဲ့ ပြည်သူတွေကြားမှာ အတင်းအဖျင်းတွေ ထွက်လာမှာပဲ။
အဲဒီတော့ မင်းက လူအများရှေ့မှာ ကြေညာလိုက်လေ တကယ်တော့ မင်းမှာကလေး ၇ ယောက် ၈ ယောက်လောက်ရှိနေလို့ ဗိုက်က ဒီလောက်ကြီးနေတာလို့။
ပြီးတော့ မွေးလာတဲ့အခါကျရင်လည်း သူတို့က ကြီးထွားတာ မြန်လွန်းလို့ ဗိုက်ထဲမှာ မဆံ့တော့လို့ မွေးလိုက်ရတာလို့ ပြောလိုက်ပေါ့။
ရဲ့ချန်းလျန်၏ နှုတ်ခမ်းမှာ ပိုပြီးတော့တောင် မဲ့သွားရသည်။ သူမ သွားကြိတ်ရင်း မကျေမနပ် ပြောလိုက်သည် "နင် ငါ့ကိုဘာမှတ်နေတာလဲ ဘယ်သူက အဲဒီလောက်အထိ အများကြီး လွယ်ထားနိုင်မှာလဲ ပြီးတော့ အဲဒီစကားကို ဘယ်သူက ယုံမှာလဲ"
မင်းက ဧကရီပဲလေ မင်း ပြောတာက အမှန်ပဲ မဟုတ်လား။
ဒါပေမဲ့ အဲဒီလောက် အများကြီးရှိတယ်လို့တော့ ကြေညာလို့မဖြစ်ဘူး မင်္ဂလာပွဲ မတိုင်ခင် ကလေးရတာနဲ့ ပတ်သက်ပြီး ဘယ်သူကမှ အတင်းအဖျင်း မပြောရဲစေရပါဘူး ပြောတဲ့သူ ရှိရင်တော့ အကုန်လုံး ခေါင်းဖြတ်ပစ်ရမှာပဲ
ချူနင် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။
အင်းအဲဒါလည်း အဓိပ္ပာယ်ရှိသားပဲ ကိုယ်လည်း အဲဒီလိုပဲ တွေးပါတယ်။ ဒီတစ်ခါတော့ နှစ်ယောက်ပဲရှိပေမဲ့ နောက်ကျရင်တော့ အများကြီး ထပ်ယူလို့ ရတာပဲ။ အများဆုံးရှိရင်တော့ အခေါက်ပေါင်းများစွာ ထပ်မွေးလိုက်ပေါ့ အဲဒါဆို ၇ ယောက် ၈ ယောက် ဖြစ်သွားမှာပဲ။
ရဲ့ချန်းလျန် ချက်ချင်း မျက်နှာနီသွားပြီး "ဒီနှစ်ယောက် မွေးရတာနဲ့တင် တော်လှပြီ ဘာလို့ အများကြီး မွေးနေရဦးမှာလဲ"
"သူတို့ကို နယ်စားမင်းတွေအဖြစ် ခန့်အပ်ဖို့လေ" ထိုစကားတစ်ခွန်းကြောင့် ရဲ့ချန်းလျန် မှင်တက်သွားသည်။
"ဟင်"
သူမက..
ချူနင်ကတော့ ဆက်ပြီး ရှင်းပြနေပြီ။
လောကကြီးက အရမ်းကျယ်ပြန့်တာပဲ ကိုယ်တို့ရဲ့ ကလေးတွေကလွဲရင် တခြားဘယ်သူက စီမံခန့်ခွဲမှာလဲ။
သူတို့ တစ်ယောက်ချင်းစီကို နယ်မြေတွေ ခွဲပေးမယ် နေရာအနှံ့မှာ အုပ်ချုပ်ရေး စနစ်တွေထားမယ် အခု တာ့ချန်းအင်ပါယာ မြို့တော်ကို ဗဟိုချက်အဖြစ် ထားမယ်။
ဒါပေမဲ့ အာဏာ အရမ်းမကြီးအောင် အောက်မှာလည်း နယ်စားမင်းတွေ မြို့စားတွေ နယ်ပိုင်တွေ သူကောင်းမျိုးတွေကို အဆင့်ဆင့် ခွဲပေးထားမယ် အဲဒါဆိုရင် ဗဟိုအာဏာကိုလည်း မထိခိုက်တော့ဘူး။
အဲဒီလိုဆိုရင် အပေါ်နဲ့အောက် စနစ်တကျ ဖြစ်သွားပြီး ဘယ်သူကမှ ပုန်ကန်ဖို့ စဉ်းစားမှာ မဟုတ်တော့ဘူးလေ ဒါဟာ ပြည့်စုံတဲ့ စနစ်ပဲ။
ဒီစကားတွေကို နားထောင်ရင်း ရဲ့ချန်းလျန်ဟာ အံ့ဩမဆုံး ဖြစ်နေရသည်။ အရမ်းကို ယုတ္တိရှိလွန်းနေသည် ဆက်ပြောပါ ငါ နားထောင်ချင်သေးတယ်။
ဒါကလည်း အဲဒီ ကျားကျင်ဧကရာဇ်ပြောခဲ့တာလား။
ကျားကျင်ဧကရာဇ် လက်ထက်တုန်းကတော့ နယ်စားမင်းတွေမှာ အာဏာမရှိတော့ဘူး။ ဒါက ကျိုးမင်းဆက်က ဝမ်ဘုရင်နဲ့ ဟန်မင်းဆက်က ဝူဧကရာဇ်တို့ရဲ့ စနစ်တွေကို ပေါင်းစပ်ထားတာ နားထောင် ငါ မင်းကို ပြောပြမယ်။