အခန်း ၆၈ သူမ၏တောင်းဆိုချက်
ရဲ့ချန်းလျန်သည် ဤစိတ်ရွှုပ်ထွေးစရာ အခြေအနေတွင် အတော်ကြာအောင် ရှိနေခဲ့သည်။ အတွေးပေါင်းစုံ ခေါင်းထဲဝင်လာပြီး အဓိကအချက်မှာ ချူနင်နှင့် မည်သို့ ဆက်ဆံရမည်ကို မသိတော့ခြင်းပင်။
အချိန်အတော်ကြာမှသာ သူမသည် ထိုအိုးတိုးအောက်တိုး ဖြစ်မှုများကြားမှ ရုန်းထွက်နိုင်ခဲ့ပုံရသည်။
"ဒါဆို ဒါတွေအားလုံးကို နင်ဘာလို့လုပ်ပေးနေတာလဲ"
"တာဝန်သိစိတ်ကြောင့်ပေါ့"
"ပြီးတော့... စစ်မှန်တဲ့ သံယောဇဉ်ကြောင့်ပါ"
ချူနင်က ပြုံးလျက် ရုတ်တရက် ပြောလိုက်ရာ ရဲ့ချန်းလျန်၏ မျက်နှာကို စိုက်ကြည့်နေသော သူ၏ အကြည့်ကြောင့် သူမ ခေတ္တ တွန့်ဆုတ်သွားရသည်။
ဒါဆို အစတုန်းကတော့ နင့်မှာ ကျင့်စဉ် လုံးဝမရှိတာ သိသာပါတယ်။
တကယ်လို့ ချူနင်သာ အစကတည်းက ကျင့်စဉ်ရှိခဲ့ရင် သူမကြောင့် ဒီလောက်အထိ အားအင်ကုန်ခမ်းပြီး မလှုပ်နိုင်တဲ့အထိ ဖြစ်သွားမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ သူက တကယ့်ကို အားနည်းနေခဲ့တာပါ။
ဪ အဲဒီတုန်းက ကိုယ့်ရဲ့ ကျင့်စဉ်တွေ အချိတ်အပိတ် ခံထားရလို့ပါ။
ဤရှင်းပြချက်က ကြားရသည်မှာ အဓိပ္ပာယ်မရှိလှပေ။ သို့သော် ရဲ့ချန်းလျန်ကတော့ ယုံကြည်သွားသည် မဟုတ်ရင် ချူနင်က ဘယ်လိုလုပ်အဲဒီလောက်အထိ အားနည်းသွားမှာလဲ။ ဒါမှမဟုတ် သူက မူလကတည်းက အားနည်းတာလား။
ရဲ့ချန်းလျန် ခဏရပ်သွားသည်။ ဖြစ်နိုင်သည် ဒါက သူမစွမ်းဆောင်နိုင်တာကို ဖုံးကွယ်ဖို့ အကြောင်းပြချက်တော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ သူမ ရှက်ရွံ့နေမိတာကတော့ အမှန်ပင်။
ဒါဆိုရင်အဲဒီလို အခြေအနေမှာတောင် ငါက နင့်အပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာကို နင်က ဘာလို့ ငါ့အပေါ် ဒီလောက်အထိ ကောင်းပေးနေရတာလဲ။
တကယ်တော့ ချူနင်မှာ ကျင့်စဉ် လုံးဝမရှိခဲ့ရင်တောင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေကတင် ရဲ့ချန်းလျန်ကို စိတ်လှုပ်ရှားစေဖို့ လုံလောက်နေပါပြီ။ မဟုတ်ရင် သူ သူမအပေါ် ရိုင်းစိုင်းခဲ့တုန်းက သူမ ဘာလို့ သတ်မပစ်ခဲ့တာလဲ။
စစ်မှန်တဲ့ သံယောဇဉ်ကို စစ်မှန်တဲ့ သံယောဇဉ်နဲ့ပဲ တုံ့ပြန်ရတာ မဟုတ်လား။
တကယ်လို့ ချူနင်က သူမနဲ့ ကလေးအပေါ် ဒီလောက်အထိ ကြင်နာမှု မပြခဲ့ရင် ရဲ့ချန်းလျန်က သူ့အပေါ် အမြင်ပြောင်းမှာ မဟုတ်ပါဘူး။
အနန်းဆောင်မှာ အေးအေးဆေးဆေး ကလေးထိန်းပေးနေတဲ့ အိမ်ရှေ့မင်းသား တစ်ယောက်လိုပဲ သဘောထားမှာပါ။
ဒါပေမဲ့ ချူနင်က သူမကို ဂရုစိုက်ရုံတင်မကဘဲ နန်းတွင်းရေးရာတွေကိုပါ ကူညီပေးခဲ့သည်။ ပြဿနာအားလုံးကို ဖြေရှင်းပေးခဲ့တာကြောင့် သူမအနေနဲ့ အေးအေးဆေးဆေး နေရုံပါပဲ။
အခုတော့ ချူနင်ရဲ့ ကျင့်စဉ်က သူမ စိတ်ကူးထားတာထက်တောင် အများကြီး ပိုမြင့်နေမှန်း သိလိုက်ရပြီ။
ဒီလို အစွမ်းထက်တဲ့သူက သူမအပေါ် ဒီလို ဆက်ဆံနေတာဟာ သူ့ရဲ့စိတ်ရင်းကို သံသယဖြစ်စရာ မလိုတော့ပါဘူး။
သူ့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူမ ကောင်းဖို့အတွက်ပါပဲ။ ဒါပေမဲ့ သူမ နားမလည်နိုင်တာ တစ်ခုရှိသည်။
"ဒီလောကမှာ နင့်အတွက် ငါ့ထက်လှတဲ့ မိန်းမတွေ ငါ့ထက်အကျင့်စာရိတ္တ ကောင်းတဲ့သူတွေ ပြီးတော့ နင့်အတွက် ကလေးမွေးပေးနိုင်တဲ့သူတွေ အများကြီး ရှိမှာပဲကို"
ချူနင်က အေးအေးဆေးဆေး ပြုံးလိုက်သည်။
"ကံကြမ္မာကို ယုံသလား"
ရဲ့ချန်းလျန် ခေတ္တ ရပ်သွားပြီး မျက်တောင်လေးတွေ မှိတ်ကျသွားသည်။
"အဲဒီနေ့က လျှို့ဝှက်ခန်းထဲမှာ နင်ပေါ်လာတုန်းက တကယ်ပဲ ကျင့်စဉ် မရှိခဲ့တာလား"
ချူနင်က သက်ပြင်းချလိုက်သည်။
ရှိခဲ့ရင်လည်း မင်းကြောင့် အားအင်ကုန်ခမ်းပြီး သုံးလလောက် လမ်းမလျှောက်နိုင်ဘဲ နေပါ့မလား။
ဟုတ်သားပဲ သူက လုံးဝ မလှုပ်နိုင်လောက်အောင် ဖြစ်သွားတာလေ ဘယ်လိုလုပ် ကျင့်စဉ် ရှိမှာလဲ။ သူက မစွမ်းဆောင်နိုင်တာတော့ မဟုတ်ဘူး ထင်ပါရဲ့။ ရဲ့ချန်းလျန် ခေါင်းကို ထပ်ပြီး ငုံ့လိုက်မိပြန်သည်။
"ဒါဆိုနင် အဲဒီကို ဘယ်လိုရောက်လာတာလဲ"
"ဒါကြောင့် ကိုယ် မေးတာလေ ကံကြမ္မာကို ယုံသလားလို့"
ရဲ့ချန်းလျန် အကြာကြီး တိတ်ဆိတ်နေပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ပြန်မော့လာသည်။
သူမ ဘာမှ မပြောတော့ပါဘူး ဖြစ်နိုင်ရင်တော့ သူမ နည်းနည်းလောက် ယုံကြည့်လိုက်ချင်သည်။
ဒီလူက သူ့ဘာသာသူ ဝင်လာတာပဲဖြစ်ဖြစ် မတော်တဆ ရောက်လာတာပဲဖြစ်ဖြစ် အခုတော့ ဒီပတ်သက်မှုက ရှိနေပြီလေ။ ပြီးတော့ ချူနင်ရဲ့ ကလေးလည်း ရှိနေပြီ။
ဒါဆို ဒါတွေအားလုံးက ဘာအတွက်လဲ။ ငါ့အတွက်လား ငါ့ဝမ်းထဲက ကလေးအတွက်လား။
လူကြီးတွေရဲ့ ရွေးချယ်မှုကတော့ နှစ်ခုစလုံးကို လိုချင်တာပေါ့ မဟုတ်ဘူးလား။
ရဲ့ချန်းလျန် ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။
ချူနင်ရဲ့ ပုံစံက ရုတ်တရက်ကြီး ပြောင်းလဲသွားတာကြောင့် သူမ ချက်ချင်း လက်ခံဖို့ နည်းနည်း ခက်နေသည်။
နင်က ဒီလောက် အစွမ်းထက်တဲ့သူ ဖြစ်နေပြီး ဘာလို့ ဒီလောက်တောင် ပေါ့ပေါ့ပါးပါး နေနိုင်ရတာလဲ
ဒါပေမဲ့ ခုနလေးတင် တာ့ကျိုးအင်ပါယာ မြို့တော်နဲ့ နေဝန်းနီ နတ်ဘုရားနယ်မြေကို ဖျက်ဆီးပစ်တုန်းကတော့ သူက တကယ့်ကို ခန့်ညားလှသည်။ သူမနဲ့ သူမ ဘေးနားက လူတွေကို ဆက်ဆံတဲ့ပုံစံက အပြင်လူတွေကို ဆက်ဆံတာနဲ့ ကွာခြားနေတာလား။
ကြည့်ရတာတော့ အဲဒီအတိုင်းပါပဲ။ ချူနင်က စာလွှာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ သူက တခြားလူတစ်ယောက်လိုပဲ အရမ်း တည်ကြည်ပြီး အာရုံစိုက်တတ်သည်။
သူမထက်တောင်ပိုပြီး ဧကရာဇ် ပီသသေးသည်။ တာ့ကျိုးကို ရှင်းပစ်တုန်းကလည်း ပြတ်သားပြီး ရက်စက်လှသည်။ အရင်က ပုံစံနဲ့ လုံးဝကို မတူပါဘူး။
ဖြစ်နိုင်တာက သူက သူမကို တကယ်ပဲ အရမ်းချစ်မြတ်နိုးလို့ အဲဒီ စစ်မှန်တဲ့ သံယောဇဉ်ကြောင့် ဖြစ်မှာပါ။
ဒါပေမဲ့ သူမက ဒါတွေအားလုံးနဲ့ မထိုက်တန်ဘူးလို့ ခံစားနေရသည်။ တစ်ကမ္ဘာလုံးကို ကြည့်ရင် သူမရဲ့ အလှက ကြည့်ပျော်ရှုပျော် ရှိပေမဲ့ သူမထက် လှတဲ့သူတွေ အများကြီး ရှိပါတယ်။ ချူနင်သာ လိုချင်ရင် သူ့ဆီကို တန်းစီပြီး လာကြမှာသေချာသည်။
ဒါပေမဲ့ သူမရဲ့အကျင့်စရိုက်နဲ့ အဆင့်အတန်းကတော့ တခြားမိန်းမတွေလို မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ချူနင် ပေးတဲ့ အရာတွေနဲ့ သူမ မထိုက်တန်ဘူးလို့ ခံစားရပေမဲ့ ဒါကို လက်တွေ့မှာ ငြင်းပယ်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ရဲ့ချန်းလျန်မှာ ချူနင့်ကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲဆိုတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရသည်။ ဒါပေမဲ့ သူမဘာသာ တွေးနေမယ့်အစား ချူနင်ရဲ့ ကလေးကလည်း ဗိုက်ထဲမှာ ရှိနေပြီဆိုတော့ သူ့ကိုပဲ တိုက်ရိုက် မေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
"ငါ့လိုလူက နင်နဲ့ မလိုက်ဖက်သလိုပဲ"
ချူနင် ကြောင်အသွားပြီး နားမလည် ဖြစ်သွားသည်။
"ဟင် ဘာလို့ မလိုက်ဖက်ရမှာလဲ"
သူ ရန်သူတွေကို မျိုးတုံးအောင် သတ်ပစ်လိုက်လို့ ရက်စက်လွန်းတယ်လို့ ထင်သွားတာလား။ ကျင့်ကြံခြင်း လောကဆိုတာ ဒီလိုပဲ မဟုတ်လား။
ရဲ့ချန်းလျန် အကြာကြီး တွန့်ဆုတ်နေပြီးမှ သက်ပြင်းချလိုက်သည်။
"နင်နဲ့ ငါ့ကြားမှာ ငါ့ဝမ်းထဲက ကလေးကလွဲရင် တခြားဘာပတ်သက်မှုမှ မရှိသလိုပဲ"
ချူနင်က ပိုပြီး ဇဝေဇဝါ ဖြစ်သွားသော်လည်း ရဲ့ချန်းလျန်ရဲ့ နောက်ထပ် စကားတွေကတော့ သူ ဘာလို့ ဒီလို ပြောရသလဲဆိုတာကို နားလည်သွားစေသည်။
"ငါက နင့်နဲ့ မထိုက်တန်ပါဘူး"
ချူနင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူ မထင်ခဲ့ဘူး။
ကျင့်စဉ် နိမ့်တုန်းကတော့ ကောင်းသား အနည်းဆုံးတော့ ရဲ့ချန်းလျန်က အများကြီး မတွေးဘူးလေ။ အခု ကျင့်စဉ်တွေ သိသွားတော့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးက ထွက်လာပြီ။
သူ့စိတ်ထဲမှာလည်း ရှုပ်ထွေးသွားရသည်။ ခဏလောက် ဘယ်လို ပြန်ပြောရမလဲ မသိဖြစ်သွားပြီး ရဲ့ချန်းလျန်ရဲ့ စိတ်အခြေအနေကိုပဲ နားလည်ပေးလိုက်သည်။ ဒါကြောင့် သူ အများကြီး မတွေးခိုင်းတော့ပါဘူး။
"ကိုယ်က သဘောကျလို့ပါ"
ရဲ့ချန်းလျန် ချက်ချင်း မှင်တက်သွားပြီး ချူနင့်ကို ကြည့်လိုက်သည်။ ချူနင်က ယုံကြည်မှု အပြည့်နဲ့ ပြန်ဖြေလိုက်တာကြောင့် သူမ ဘာပြောရမှန်း မသိတော့ပါဘူး။
"ဒါပေမဲ့ ငါက နင့်ကို ဘာမှပြန်မပေးနိုင်ဘူး"
"ကိုယ်က သဘောကျလို့ပါ"
"ဒါပေမဲ့ ဒီလောကမှာ နင်လိုချင်တဲ့ မိန်းမတွေ အများကြီး ရှိတာပဲ။ ငါ့ထက် လှတဲ့သူတွေ အကျင့်ကောင်းတဲ့သူတွေ ရှိပါရက်နဲ့ ဘာလို့ ငါ့ကိုမှလဲ"
"ကိုယ်က သဘောကျလို့ပါ"
"ဒါပေမဲ့..."
"ဒါပေမဲ့တွေ မရှိတော့ဘူး ကိုယ်က သဘောကျလို့ကို သဘောကျတာ"
သူက ပြုံးပြီး သူမကို ကြည့်လိုက်သည်။ ရဲ့ချန်းလျန်၏ မျက်နှာမှာ နီရဲနေပြီး ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။
"နင် တခြားစကား မပြောတတ်တော့ဘူးလား"
သဘောကျလို့ပါဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ အဖြေအားလုံးကို ခြုံငုံလိုက်တာလား။
ဒါပေမဲ့ ချူနင်ရဲ့ အဖြေကတော့ အတူတူပါပဲ။
"ကိုယ် သဘောကျတယ် ဟုတ်တယ်လေ"
ရဲ့ချန်းလျန်၏ ဦးနှောက်မှာ အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားသလို ခံစားရသည်။
သူမ မတ်တတ်တောင် ကောင်းကောင်း မရပ်နိုင်တော့ပါဘူး။ ဒီလူကတော့ တကယ်ကို ပြောစရာ မရှိအောင်ပါပဲ။ ဒီလောက် အစွမ်းထက်ပြီးတော့ ဘာလို့ ဒီလောက်အထိ အရှက်မရှိရတာလဲ။
ဒါပေမဲ့ ဒီလို အချက်ကြောင့်ပဲ ရဲ့ချန်းလျန်က သူ့အပေါ် အမြင်ပြောင်းခဲ့တာ မဟုတ်လား။ သူ့ကို အနားပေးကပ်ခဲ့ပြီး နှုတ်နဲ့ပဲ ခြိမ်းခြောက်ခဲ့တာလေ။ လူဆိုးလေးတွေကို မိန်းကလေးတွေက ပိုချစ်တတ်ကြတယ်ဆိုတာ ဒါကိုပြောတာလား။ အရှက်မရှိတာကလည်း လူဆိုးဆန်တဲ့ အချက်တစ်ခုပဲ မဟုတ်လား။
"ဒါပေမဲ့ ငါ ပြောစရာ ရှိသေးတယ်"
ရဲ့ချန်းလျန် အသက်ကို ပြင်းပြင်းရှူပြီး သူမရဲ့ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ပြန်စုစည်းလိုက်သည်။
ချူနင်က စိတ်ဝင်တစား ကြည့်လိုက်သည်။
"ဘာလဲ"
ရဲ့ချန်းလျန်က တည်ကြည်တဲ့ အမူအရာနဲ့ ပြောလိုက်သည်။
"အင်ပါယာရဲ့ကိစ္စတွေမှာ နင်ဒီနေ့လိုမျိုး ထပ်ပြီး ဝင်မပါရတော့ဘူး။ ငါ့ရဲ့အင်ပါယာအတွက် ငါ့ဘာသာငါပဲ တိုက်ယူမယ်"
ချူနင်က ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ ဒါမျိုး ဖြစ်လာမယ်ဆိုတာ သူ ကြိုသိပြီးသားပါ။ သူမမှာ သူမ ကြိုးစားချင်တဲ့ ရည်မှန်းချက်တွေ ရှိတာပဲလေ။
"ပြီးတော့ရော"
"တာ့ချန်းအင်ပါယာကတော့ နင်နဲ့ ငါ အတူတူ ပိုင်ဆိုင်တာပဲ ဖြစ်နေမှာပါ"
သူမရဲ့ အရှိန်အဝါက ချက်ချင်း ပျော့ပြောင်းသွားသည်။
"ဒါက ရဲ့မျိုးနွယ်ရဲ့ အမွေအနှစ်လေ။ ငါက တာ့ချန်းကို အထွတ်အထိပ် ရောက်စေချင်တာ။ ဘိုးဘေးတွေရဲ့ ဝိညာဉ်ကို ဖြေသိမ့်ပေးချင်လို့ပါ"
"ပြီးတော့ နင် တခြားမိန်းမတွေဆီ သွားမယ်ဆိုရင် ငါ့နောက်ကွယ်မှာပဲ သွားပါ ငါ့ကိုတော့ မမြင်ပါစေနဲ့"
ရဲ့ချန်းလျန်သည် ချူနင် ကိုင်ထားသော သူမ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ၏ ဝမ်းဗိုက်ပေါ်သို့ တင်လိုက်သည်။
"ငါက ဧကရီပဲ ကလေးတွေကလည်း ငါ့ကိုဧကရီလို့ပဲ သိကြမှာ။ နင်ကလည်း ဧကရာဇ်ပဲ ဒါပေမဲ့ နင်က တာ့ချန်းမှာပဲ နေမယ်ဆိုရင် စည်းမျဉ်းအရ ငါ့အောက် တစ်ဆင့်နိမ့်နေမှာ သေချာတယ်"
သူမ၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေပြီး တိုးညင်းစွာ ပြောလိုက်သည်။ ငါတို့ရဲ့ အနာဂတ် ကလေးတွေကို နင့်ဘေးမှာ တခြားမိန်းမတွေနဲ့ ရှိနေတာမျိုး မမြင်စေချင်ဘူး။ ဘာလို့လဲဆိုတော့ ငါက အဲဒီကိစ္စတွေကို ရှင်းပြတတ်မှာ မဟုတ်လို့ပါ"
"နင် ကတိပေးနိုင်မလား"