အခန်း ၆၅ တာ့ကျိုးကို တိုက်ခိုက်ဖို့ ဘယ်သူက ထောက်ခံသလဲ
ထိုအသံတစ်ချက်သည် ကောင်းကင်ဘုံ၏ အမိန့်တော်အတိုင်း အခွင့်အာဏာ အပြည့်ပါနေသည်။
ဝုန်း
ရင်းမျိုးနွယ်စု ဘိုးဘေးနှင့် ချန်ရွှမ်ထျန်းတို့ နှစ်ယောက်စလုံး ဘုန်းခနဲ ဒူးထောက်ကျသွားတော့သည်။
ချန်ရွှမ်ထျန်းသည် ရှေ့က မြင်ကွင်းကို ကြည့်ရင်း အံ့ဩမှင်တက်နေမိသည်။
မဖြစ်နိုင်တာဒီနေရာက ဖျက်ဆီးခံလိုက်ရပြီ မဟုတ်လား ဘာလို့ မူလအတိုင်း ပြန်ပေါ်လာရတာလဲ သူ ခုနကတင် ဒီနေရာကို ချေမှုန်းပစ်ခဲ့တာလေ ဘယ်လိုလုပ်ပြီး နန်းတော်ကြီးက တစ်ချက်လေးတောင် မထိခိုက်ဘဲရှိနေရတာလဲ။
နန်းတွင်း အရာရှိကြီး အပေါင်းတို့သည်လည်း အိပ်မက်ရှည်ကြီးက နိုးလာသလိုမျိုး ဖြစ်နေကြသည်။ ခုနတင်ပဲ သူတို့အားလုံးသည် နတ်ဘုရားတစ်ပါးလို ခမ်းနားလှတဲ့ ဓမ္မကိုယ်ထည်ကြီးက နန်းတော်ကို ဖိခြေလိုက်တာကို မြင်လိုက်ရသည်။
ဘယ်လိုမှ မခုခံနိုင်တဲ့ အစွမ်းမျိုးပဲ အဲဒီဓမ္မကိုယ်ထည်ကြီးရဲ့ အရိပ်အယောင်က အခု ရှေ့မှာ ဒူးထောက်နေတဲ့ လူအိုကြီးနဲ့ ထပ်တူကျနေသလိုပဲ။
ဒါက သူပဲလား အိပ်မက်လား ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ လက်တွေ့ဆန်တဲ့ အိပ်မက် ရှိနိုင်မှာလဲ။
ဧကရီ ဒီနေရာကနေ မြန်မြန် ထွက်သွားပါတော့ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာပါပြီ မြန်မြန် ရှောင်ပါတော့။
လူရိပ်တစ်ခုက အသည်းအသန် ပြေးဝင်လာသော်လည်း သူမြင်လိုက်ရသည်မှာ တန်းစီရပ်နေသော အရာရှိကြီးများနှင့် ပလ္လင်ပေါ်တွင် စံပယ်နေသော မိဖုရားခေါင်ကြီးနှင့် အရှင်မင်းကြီးတို့ပင် ဖန့်ဟောက်ရန် ကြောင်အသွားရသည်။
အပေါ်ဆုံးတွင် ထိုင်နေသော ချူနင်ကတော့ မျက်နှာအမူအရာ မပျက်ဘဲ လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။
"ဖန့်... မင်း နောက်ဆုတ်နေလိုက်ပါတော့။ ဒီနေရာမှာ မင်းရဲ့ အစွမ်းတွေကို သုံးဖို့မလိုတော့ဘူး"
ဖန့်ဟောက်ရန် ဆွံ့အသွားရသည်။ ရွှေရောင်နဂါးဝတ်ရုံကြီးကို ဆင်မြန်းထားပြီး ရဲ့ချန်းလျန်ထက်တောင် ဧကရာဇ်ပိုပီသနေတဲ့ ချူနင်ကို ကြည့်ရင်း သူ့ရင်ထဲ တုန်လှုပ်သွားတော့သည်။
ဒါက အိပ်မက်လား ဒါမှမဟုတ် မှော်ဝင်စားတာလား ဒါပေမဲ့ ဒါက မဟုတ်ဘူး ခုနက တိုက်ခိုက်ခဲ့တဲ့ ကျင့်ကြံသူက ဘာလို့ ဒီမှာ ဒူးထောက်နေရတာလဲ ဖန့်ဟောက်ရန် ထိတ်လန့်သွားသည်။
သူ ခုနကတင် တိုက်ကွက်တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။ ဒါပေမဲ့ သူ မသေတဲ့အပြင် ဟိုလူကြီးကတောင် ဒီမှာဒူးထောက်နေရတယ် ဟုတ်လား သူနောက်မဆုတ်ဘဲ အသက်ကို ပြင်းပြင်းရှူကာ လက်အုပ်ချီ အရိုအသေပေးလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးတို့ရဲ့ ဘေးနားမှာပဲ ဆက်လက် ခစားခွင့်ပြုပါ"
သူမထွက်သွားနိုင်သလို ထွက်သွားဖို့လည်း မဖြစ်နိုင်ပါဘူး။ ဘာတွေ ဖြစ်ကုန်သလဲဆိုတာ နားမလည်ပေမဲ့ ဒီအန္တရာယ်ကြီး ရှိနေသရွေ့ သူ မသွားနိုင်ဘူးလေ။
တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။
ရဲ့ချန်းလျန်၏ အသံမှာလည်း တုန်ယင်နေသည်။ သူမ၏ အကြည့်က ချူနင်ဆီသို့ တဖြည်းဖြည်း ရောက်သွားသည်။ ဘုရင်တစ်ပါးရဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ ချူနင့်ကို ကြည့်ရင်း သူမ မျက်လုံးထဲမှာ ကြောက်ရွံ့မှုရော လုံခြုံမှုပါ ရောပြွမ်းနေသည်။
ခုနက ဖြစ်ပျက်ခဲ့တာတွေ အားလုံးက တကယ်ဖြစ်ခဲ့တာပဲ အိပ်မက်က နိုးလာသလို ခံစားချက်က ချူနင်လုပ်လိုက်တာ သေချာသည်။ သူမရှေ့က ကျင့်ကြံသူကတော့ ကောင်းကင်ဖြစ်စဥ်အဆင့်ရှိတာ သေချာသည်။ အဲဒီအဆင့် မရှိရင် ဒီလောက် ဖျက်ဆီးနိုင်စွမ်းရှိမှာမဟုတ်ဘူး။
ဒါပေမဲ့ အဲဒီလောက် အစွမ်းထက်တဲ့သူတောင် ဒီလူ့ရှေ့မှာတော့ ကောင်းကင်ကြီးကို မော့ကြည့်နေရတဲ့ ပိုးဖလံလေးလိုပါပဲ။
ချန်ရွှမ်ထျန်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကြောင့် မှင်တက်နေရာမှ အတော်ကြာမှ သတိပြန်ဝင်လာပြီး သူ ဒူးထောက်နေရတာကို သတိထားမိသွားသည်။
"မင်းကတော့ သေလမ်းကို ရွေးလိုက်ပြီပဲ"
ဒါက လှည့်စားမှုပဲ သူနန်းတော်ထဲ ဝင်လာကတည်းက အမှောင်ကျတဲ့ မှော်ဝင်စားမှုထဲကို ရောက်သွားတာပဲ ဖြစ်ရမယ်။
ဒါပေမဲ့ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းနဲ့ သူ့လိုကျင့်ကြံသူကို ယှဉ်နိုင်မယ် ထင်နေတာလား။
လူအိုကြီးက ဝုန်းခနဲ ပြန်ထလိုက်ပြီး သူ့ရဲ့ စွမ်းအားအားလုံးကို လက်ဝါးထဲ စုစည်းလိုက်ရာ အရာရှိကြီးများမှာ မျက်နှာပျက်ကုန်ကြသည်။ သူသတ်ချင်တဲ့သူက ချူနင်ပဲ။
"မင်းပဲ"
ဒီတိုက်ကွက်က သူ့ရဲ့ အစွမ်းကုန် ပါဝင်တာကြောင့် ကောင်းကင်ဖြစ်စဥ်အဆင့်ရှိသူကိုတောင် အပြင်းအထန် ဒဏ်ရာရစေနိုင်သည်။ ထျန်းရွှမ်းတိုက်ကြီးမှာ ဒီအဆင့်ရှိသူ လက်ချိုးရေလို့ရပြီး သူကတစ်ယောက်အပါအဝင်ပဲ။
သူ့ကို ဒူးထောက်ခိုင်းတယ် ဟုတ်လား သူ့ကို လှည့်စားတယ်ဟုတ်လား ဒီလူက ဘယ်လောက်ပဲ ကျင့်စဉ်မြင့်မြင့် ဒီနေ့တော့ သေရမှာ သေချာတယ်။
ရဲ့ချန်းလျန် မျက်နှာချက်ချင်း ပျက်သွားသည်။ သူမ မတည်ငြိမ်နိုင်တော့ဘဲ လက်က ဓားဆီကို ရောက်သွားပြီး ဧကရာဇ်လက်နက် ရဲ့ အစွမ်းကို သုံးဖို့ ပြင်လိုက်သည်။
သို့သော်လည်း လက်ဝါးကြီးတစ်ဖက်က ထိုလူအိုကြီးကို ရုတ်တရက် ရိုက်ချလိုက်တာကို မြင်လိုက်ရသည်။ လူအိုကြီးမှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး မြေပြင်မှာ ချက်ချင်း အက်ကွဲသွားတော့သည်။
ဘေးနားရှိ ချူနင်က ထိုလူအိုကြီးကို အေးစက်စွာ ကြည့်လိုက်သည်။
"အရှင်မင်းကြီးရဲ့ရှေ့မှာ ရိုင်းစိုင်းတာက အသေဒဏ်ပဲ"
ဂျွတ်
အရိုးတွေ တစ်ခုပြီးတစ်ခု ကျိုးသွားတဲ့အသံတွေ ထွက်ပေါ်လာသည်။ ချန်ရွှမ်ထျန်းက အသည်းအသန် အော်ဟစ်နေသော်လည်း ချူနင် ဘယ်လို တိုက်ခိုက်လိုက်သလဲဆိုတာကို သူ မသိသလို ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုကိုလည်း မခံစားရဘူး ဒါကသူ့ထက် အများကြီး ကျင့်စဉ်မြင့်နေတယ်ဆိုတာကို ပြနေတာပဲ။
"မင်း ငါ့ကို သတ်လို့ မရဘူးငါက နေဝန်းနီ နတ်ဘုရားနယ်မြေကပဲ"
သူက အသည်းအသန် အော်ဟစ် ရုန်းကန်သော်လည်း အချည်းနှီးပါပဲ။ သူ့ရဲ့ အသက်ဓာတ်တွေက တဖြည်းဖြည်း ကုန်ဆုံးလာနေသည်။
ငါတို့ နတ်ဘုရားနယ်မြေက မင်းတို့ အင်ပါယာတစ်ခုလုံးကို မျိုးတုံးအောင် လုပ်ပစ်လိမ့်မယ် မြက်ပင်တစ်ပင်တောင် မကျန်စေရဘူး။
ချူနင်က ဒါကို ကြားတော့ ပြုံးလိုက်သည်။
"စကားပုံရှိသားပဲ မြက်ပင်ကိုရှင်းရင် အမြစ်ပါ တူးရမယ်တဲ့ မင်းက ငါ့ကိုအခြေခံ သဘောတရားတစ်ခု သင်ပေးလိုက်တာပဲ"
"မင်း ပြောသလိုပဲ မြက်ပင်တစ်ပင်တောင် မကျန်စေရဘူး"
ဗုန်း
လူအိုကြီးက ခဏချင်းမှာပဲ သွေးစက်တွေအဖြစ် ပေါက်ကွဲသွားပြီး ဝိညာဉ်စွမ်းအင်တွေအဖြစ် လွင့်ပျယ်သွားတော့သည်။ ရင်းမျိုးနွယ်စု ဘိုးဘေးကတော့ ဒါကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေမိပြီ။
ကောင်းကင်ဖြစ်စဥ်အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်က ဒီလိုပဲသေသွားတယ် ဟုတ်လား ဒီလူ့ရဲ့အစွမ်းက တကယ်ပဲ ဘယ်အဆင့်မှာလဲ။
ဝမ်ကျင့်ကျုံးသေတုန်းက တစ်မျိုး အခု ကမ္ဘာပေါ်မှာ အသန်မာဆုံးလို့ဆိုရမယ့် ကျင့်ကြံသူကလည်း သေသွားပြန်ပြီ။ ခဏအကြာမှာတော့ ထိုမျက်လုံးတွေက သူ့ဆီကို ရောက်လာသည်။ လူအိုကြီးမှာ ချွေးစေးတွေ ပြန်လာပြီး ကျောရိုးထဲအထိ စိမ့်တက်သွားတော့သည်။
နန်းတွင်း အရာရှိကြီးများ အားလုံးလည်း ဒါကို မြင်လိုက်ရသည်။ ဘယ်သူက တိုက်ခိုက်လိုက်တာလဲ မိဖုရားခေါင်ကြီးလား ဒါမှမဟုတ် အရှင်မင်းကြီးလား။
ဟိုလူကြီးရဲ့ ကျင့်စဉ်က အရမ်းမြင့်ပုံရပေမဲ့ ဒီလိုပဲ သေသွားတယ်။ တာ့ချန်းနန်းတော်ကို ဖျက်ဆီးဖို့ ကြိုးစားတဲ့သူဆိုတော့ သေထိုက်တာပေါ့ အရာရှိကြီးတွေရဲ့ စိတ်ထဲမှာတော့ ခုနတင်ပဲ သူတို့ကို ပုရွက်ဆိတ်လို သဘောထားတဲ့လူကို သတ်လိုက်တာက အရမ်းကို ကျေနပ်စရာ ကောင်းနေသည်။
ဒါပေမဲ့ သူ ဘယ်လို သေသွားသလဲဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။ ဝန်ကြီးချုပ် ချူးကျွင်းလည်းမသိ ဝန်ကြီးအဖွဲ့လည်းမသိ နောက်က ဖန့်ဟောက်ရန်လည်း မသိပါဘူး။ ဖန့်ဟောက်ရန်ကတော့ မှင်တက်ပြီး ရပ်နေမိဆဲပဲ။
ဒါ ချူနင်လား။
ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ။
ရဲ့ချန်းလျန်လည်း ရင်တုန်နေပြီး မတည်ငြိမ်နိုင်တော့ပါဘူး။ သူက ဒီလိုပဲပုရွက်ဆိတ်တစ်ကောင်လို အသတ်ခံလိုက်ရတာလား။ သူ တကယ်ပဲ ဘယ်လောက်တောင် သန်မာနေတာလဲ။
"တာ့ကျိုးအင်ပါယာက လူလား"
တိုးညင်းတဲ့ ရေရွတ်သံက လူတွေကို သတိပြန်ဝင်လာစေသည်။ ချူနင် ပြောလိုက်တာ ဖြစ်သည်။ အားလုံးက ချူနင့်ကို အရင်ကြည့်ပြီးမှ ဟိုလူအိုကြီးကို ကြည့်လိုက်ကြသည်။
ဟုတ်သားပဲ ဒီနေ့ တာ့ကျိုးက လူတွေက အဖြေတောင်းဖို့ဆိုပြီး ဟိုကျင့်ကြံသူကို ခေါ်လာတာလေ။ တာ့ကျိုးက လူသေတာက သူတို့ သတ်တာလို့ စွပ်စွဲပြီး လာတာ မဟုတ်လား အရင်က မဟာမိတ်ဖွဲ့ဖို့ သဘောတူထားပြီးမှ အခု ကတိဖျက်တာပဲ။
ရင်းမျိုးနွယ်စု ဘိုးဘေးမှာ ကြောင်အသွားပြီး အသက်ရှင်ချင်တဲ့စိတ်နဲ့ အသည်းအသန် ဦးတိုက်တော့သည်။
ဟုတ်ပါတယ် ကျွန်တော်မျိုးက ရင်းမျိုးနွယ်စုကပါ အရှင်မင်းကြီး အရှင်မင်းကြီးကျွန်တော်မျိုးကို အသက်ချမ်းသာပေးပါ။
ချူနင်ကပြုံးပြီး ဦးတိုက်နေတဲ့ လူအိုကြီးကို ကြည့်လိုက်သည်။
"မင်းက ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို လာဆွေးနွေးတာလား"
လူအိုကြီးက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ဟုတ်ပါတယ် ဟုတ်ပါတယ် ဒီနေ့ ဆွေးနွေးမှု အောင်မြင်ရင် မနက်ဖြန်မှာ လက်ဆောင်အကြီးကြီး ဆက်သပါ့မယ်။
ဒီလိုပြောရင် သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလား အသက်ရှင်ဖို့အတွက်ဆိုရင် ဘာမဆို ပြောမှာပေါ့။ ဒါပေမဲ့ ဒါကထောင်ချောက်တစ်ခုဆိုတာကိုတော့ အသက်လုနေရတဲ့ လူအိုကြီး မသိရှာပါဘူး။
"ဪ ဟုတ်လား"
ချူနင်က ပြုံးပြီး ပြောလိုက်သည်။ ဒါပေမဲ့ ဒီနေ့မင်းတို့ တာ့ကျိုးက ငါတို့ဆီကို အဖြေတောင်းဖို့ လာတာလို့ ငါကြားထားမိပါလား။
ပြီးတော့ ငါတို့တာ့ချန်းမှာ လူသေတယ်လို့လည်း ပြောတယ် မဟုတ်လား။
"မဟုတ်ပါဘူး"
လူအိုကြီးက အလောတကြီး အော်ပြောလိုက်သည်။ "အဲဒီလူက သူ့ဘာသာသူ သတ်သေတာပါ တာ့ချန်းနဲ့ ဘာမှမဆိုင်ပါဘူး လုံးဝ မဆိုင်ပါဘူး"
"ကျွန်တော်တို့ တာ့ကျိုးက တာ့ချန်းနဲ့ သားစဉ်မြေးဆက် မိတ်ဆွေဖြစ်ချင်တာပါ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ချင်မှာလဲ"
"တကယ်လား"
လူအိုကြီးက ချက်ချင်း ခေါင်းမော့လိုက်ပြီး ပြုံးပြလိုက်သည်။
"တကယ်ပါ တကယ်ပါ တာ့ကျိုးရဲ့ ရည်ရွယ်ချက်က အစကတည်းက ဒါပဲလေ။ ဒီနေ့ ဖြစ်တာတွေက နားလည်မှု လွဲတာပါ။ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး"
အဲဒီလိုလား ဒါပေမဲ့ အဲဒီလူကို ငါ့ရဲ့တာ့ချန်းအင်ပါယာက သတ်လိုက်တာလို့ ငါမှတ်မိနေပါလား။
ရဲ့ချန်းလျန် မျက်နှာ ပျက်သွားပြီး အရာရှိကြီးတွေလည်း ထိတ်လန့်သွားကြသည်။ လူအိုကြီးရဲ့ရင်ထဲမှာတော့ အေးစက်သွားတော့သည်။ ဒါက မဟာမိတ်ဖွဲ့ဖို့ စိတ်ကူးမရှိတော့ဘူး သူတို့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။
သူ စကားပြောဖို့ ကြိုးစားစဉ်မှာပဲ လူအိုကြီးရဲ့ ခန္ဓာကိုယ်က ဗုန်းခနဲ ပေါက်ကွဲသွားတော့သည်။
"ဒီနေ့ကစပြီး ငါ့ရဲ့ တာ့ချန်းအင်ပါယာက တာ့ကျိုးအင်ပါယာကို စစ်ကြေညာတယ်"
"ဘယ်သူက ထောက်ခံသလဲ"
"ဘယ်သူက ကန့်ကွက်သလဲ"