အခန်း ၆၄ ချူနင်က ဘယ်လောက်တောင် သန်မာတာလဲ
နန်းတွင်း စည်းမျဉ်းတွေကို ဂရုစိုက်နေဖို့ အချိန်မရှိတော့သဖြင့် ရှောင်ပင်းက တံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။
"အရှင်မ မြန်မြန်ကြွပါဦး တာ့ကျိုးအင်ပါယာက လူလွှတ်လိုက်ပြီ"
တာ့ချန်းနန်းတော်ထဲမှာ လူတစ်ယောက် သေဆုံးသွားလို့ အဖြေပေးဖို့ တောင်းဆိုနေကြပါတယ်။ အဖြေမပေးနိုင်ရင် တာ့ချန်းရဲ့ နဂါးသွေးကြောကို ဖြတ်တောက်ပစ်မယ်လို့ ပြောနေကြပါတယ်
ရဲ့ချန်းလျန် မျက်မှောင်ကြုတ်ကာ မတ်တတ်ရပ်လိုက်သည်။ စောစောလေးတင် ပူးပေါင်းဆောင်ရွက်ချင်တယ် ပြောပြီး အခုကျမှ ဘာလို့ အဖြေတောင်းနေရတာလဲ။
တာ့ချန်းထဲမှာ လူသေတယ်ဆိုတာ ငါလည်း မသိပါလား သူတို့က ဒါကို အကြောင်းပြပြီး မဟာမိတ်ပျက်အောင် လုပ်နေတာလား အရင်က တာ့ချန်းနဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်ဆိုပြီး ဘာလို့ပြောခဲ့ကြတာလဲ
စကားအဆုံးတွင် သူမက ချူနင့်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ဟုတ်သားပဲ ဒီလူပဲ
ချူနင်က အသာအယာ ချောင်းဟန့်လိုက်သည်။
အဲ... မင်း အိမ်မက်ဆိုးမက်တဲ့ညက ဝတ်ရုံနီနဲ့ မိန်းမစိုးအိုကြီး မင်းကိုလုပ်ကြံဖို့ လာခဲ့သေးတယ်။
အဲဒီကောင်က ရည်ရွယ်ချက် မကောင်းဘူးဆိုတာ သိတာနဲ့ ကိုယ် သူ့ကို သတ်လိုက်တယ်။ ပြီးတော့ အပိုမဖြစ်အောင် သူ့ခေါင်းကို တာ့ကျိုးနန်းတော်ဆီ ပို့ပေးလိုက်ပြီး သူတို့ဧကရာဇ်လက်ထဲကို ကိုယ်တိုင် ထည့်ပေးခဲ့တာ
ရဲ့ချန်းလျန်: "....."
နင်က သူတို့လူကို သတ်ပြီး သူတို့နန်းတော်ထဲအထိ ခေါင်းသွားပို့ခဲ့တာလား မဟုတ်သေးဘူးဝတ်ရုံနီနဲ့ မိန်းမစိုးအို လုပ်ကြံမှု။
"ဝမ်ကျင့်ကျုံး နင်ဝမ်ကျင့်ကျုံးကို သတ်လိုက်တာလား"
သူတော်စင်နယ်ပယ်က ကျင့်ကြံသူတစ်ယောက် အဆင့်တူ ကျင့်ကြံသူတွေကို သတ်နိုင်စွမ်းရှိပြီး အရမ်းကို ကြောက်စရာကောင်းတဲ့သူ သူတော်စင်အလယ်အလတ်အဆင့် ရှိတဲ့သူတောင် သူ့ကိုယှဉ်ဖို့ ခက်သည်။
တကယ်လို့ အဲဒီလူသာ လုပ်ကြံဖို့ လာခဲ့ရင် တာ့ချန်းအင်ပါယာကတော့ ပြာဖြစ်သွားမှာ သေချာသည်။
ဒါပေမဲ့ သူ့ကို ချူနင်က သတ်လိုက်တဲ့အပြင် ခေါင်းကိုပါ ပြန်ပို့ပေးလိုက်တယ် ဟုတ်လား။
"ဒါကြောင့် တာ့ကျိုးက ဘာပဲဖြစ်ဖြစ် ငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်နေတာကိုး" ရဲ့ချန်းလျန် အခြေအနေကို သဘောပေါက်သွားပြီး မျက်နှာပျက်သွားသည်။
မဟာမိတ်ဖွဲ့တာက ချူနင်ကြောင့်ဆိုတာ သူမ သိသော်လည်း သူမမသိဘဲ ချူနင်က သူတော်စင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့လိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။ ပြီးတော့ ဧကရာဇ်ရဲ့ လက်ထဲအထိ ခေါင်းသွားထည့်ပေးခဲ့တာလား ဒါက သိသိသာသာကြီး ခြိမ်းခြောက်လိုက်တာပဲ ရှောင်ပင်းလည်း ကြောင်အသွားရသည်။
"ဒါပေမဲ့ အရှင်မင်းကြီးက ဒီလောက်အထိ ခြိမ်းခြောက်ထားတာတောင် သူတို့က ဘာလို့ လာရဲသေးတာလဲ"
ချူနင်က ပြုံးပြီး လက်ကာပြလိုက်သည်။
"အဲဒီဧကရာဇ်က မဟာမိတ်ဖွဲ့ဖို့ ကိုယ်တိုင် စာရေးပြီး တောင်းပန်ခဲ့တာလေ။ အခု ဒီလိုလုပ်တာက ကတိဖျက်တာပဲ သူတို့မှာ နောက်ခံတစ်ခုခု တွေ့သွားလို့ ဖြစ်မှာပေါ့"
"နောက်ခံ"
"ဟိုမိန်းမစိုးအိုကြီးရဲ့ နည်းလမ်းတွေက ကိုယ်သွားခဲ့ဖူးတဲ့ နေဝန်းနီ နတ်ဘုရားနယ်မြေနဲ့ ဆင်တူတယ် သူတို့က အဲဒီက လူတွေ ဖြစ်နိုင်တယ်"
မိန်းကလေးနှစ်ဦးစလုံး မှင်တက်သွားကြသည်။
အင်ပါယာကြီး ငါးခုရဲ့ အထက်မှာ နတ်ဘုရားနယ်မြေကြီး သုံးခုရှိပြီး ဒါတွေက ကမ္ဘာပေါ်မှာ အမြင့်ဆုံးသော တည်ရှိမှုတွေ ဖြစ်သည်။
အထူးသဖြင့် နေဝန်းနီနတ်ဘုရားနယ်မြေဆိုတာက နတ်ဘုရားနယ်မြေ သုံးခုထဲမှာ ထိပ်ဆုံးပဲ။ တာ့ချန်းမှာ နတ်ဘုရားလို ကိုးကွယ်ခံရတဲ့ သူတော်စင်အဆင့်ပုဂ္ဂိုလ်မျိုးတွေက အဲဒီမှာတော့ နွားမွေးလောက်တောင် များပြီး အဆင့်တောင် မရှိကြဘူး။
တာ့ကျိုးက နတ်ဘုရားနယ်မြေ နဲ့ ပတ်သက်မှုရှိနေရင် အခုလာတာက "ဒါက တိုင်းပြည်ကို မျိုးတုံးအောင် လုပ်မလို့ပဲ မဟုတ်လား"
"စိတ်အေးအေးထားပါ စိတ်အေးအေးထား"
ချူနင်က လက်ကို နောက်ပစ်ကာ အေးအေးဆေးဆေးပင် ဘေးခန်းသို့ သွားပြီး ရွှေရောင်နဂါး ဝတ်ရုံကြီးကို လဲလှယ်လိုက်သည်။
"သွားကြစို့ သူတို့ခေါ်လာတဲ့ နောက်ခံက ဘယ်လောက် အစွမ်းထက်သလဲဆိုတာ သွားကြည့်ရအောင်"
သူက တာ့ကျိုးအင်ပါယာကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့ပြီးသား ရဲ့ချန်းလျန်ကို သူမဘာသာ ကမ္ဘာကြီးကို သိမ်းပိုက်စေပြီး အောင်မြင်မှု အရသာ ခံစားစေချင်ခဲ့တာ။
ဒါပေမဲ့ အခုတော့ သူတို့က အရင် လာတိုက်ခိုက်ပြီ။ ပြန်မတိုက်ရင်တော့ နည်းနည်း ယဉ်ကျေးမှု မရှိရာ ကျလိမ့်မည်။
"မင်း မလာဘူးလား"
ချူနင် ခေါ်လိုက်မှ ရဲ့ချန်းလျန် သတိပြန်ဝင်လာသည် သူမ မေ့သွားတာ။ ဒီလူ့ရဲ့ အစွမ်းက နတ်ဘုရားနယ်မြေတွေနဲ့တောင် ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာကို။
သူပေးထားတဲ့ ဓားနဲ့ ကျင့်စဉ်တွေတောင် ထိပ်တန်းအဆင့်တွေ ဖြစ်နေမှတော့ သူ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်က ဘယ်လောက်အထိ မြင့်မားနေမလဲ ရဲ့ချန်းလျန် ချက်ချင်းပင် နောက်ကနေ ပြေးလိုက်သွားတော့သည်။
ယခုအချိန်တွင် သူမသည် တိုင်းပြည် ပျက်စီးတော့မှာကို မစိုးရိမ်တော့ဘဲ သူမရှေ့က လူကြောင့် ထူးခြားတဲ့ လုံခြုံမှုမျိုးကို ခံစားနေရသည်။
နင်က ဘယ်လောက်တောင် သန်မာနေရတာလဲ သူတော်စင်အဆင့်ကျင့်ကြံသူရဲ့ ခေါင်းကို အသာလေး ယူနိုင်ခဲ့တာလား။
ယူရုံတင်မကဘူး ဧကရာဇ်ရဲ့ လက်ထဲအထိ သွားပို့ပြီး ခြိမ်းခြောက်ခဲ့တာလား။ ဒါက တကယ့်ကို ချူနင်ရဲ့ စရိုက်နဲ့ ကွက်တိပါပဲ။
ရဲ့ချန်းလျန်၏ ရင်ထဲတွင် မျှော်လင့်ချက်လေးတစ်ခု မသိမသာ ပေါ်ပေါက်လာသည်။ ချူနင် အစွမ်းထုတ်တာကို သူမ တစ်ခါမှ မမြင်ဖူးခဲ့သလို ချူနင်ရဲ့အစွမ်းက ဘယ်အဆင့်မှာ ရှိသလဲဆိုတာကိုလည်း သူမ မသိပါဘူး။
ဒါပေမဲ့ ဒီလိုဓားမျိုးကို သွန်းလုပ်နိုင်တယ်ဆိုရင်တော့ သူ့ရဲ့ အစွမ်းက သူမ စိတ်ကူးထားတာထက် အများကြီး ပိုနိုင်လိမ့်မည်။
နောက်ထပ် ဘာဖြစ်လာမလဲဆိုတာကို သူမ တကယ်ပဲ စိတ်ဝင်စားမိသည်။
......
ထိုအချိန်တွင် တာ့ချန်းအင်ပါယာ နန်းတော်ဂိတ်ဝ၌။
ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို အကြောင်းကြားထားပါတယ်။ မကြာခင် ရောက်လာမှာပါ အားလုံးပဲ။
"မင်းက ငါ့လမ်းကို ပိတ်ရဲတယ် ဟုတ်လား"
ခေါင်းဆောင်လာတဲ့ အကြီးအကဲက နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်ရာ တာ့ချန်းနန်းတော်ရဲ့ ဂိတ်တံခါးမကြီးမှာ တစ်စစီ ပွင့်ထွက်သွားတော့သည်။
"မင်းတို့ တာ့ချန်းက အရမ်း မာနကြီးနေတယ် မဟုတ်လား"
"ငါ့လမ်းကိုတောင် ပိတ်ရဲတဲ့ မင်းတို့ရဲ့ အစွမ်းကို ငါကိုယ်တိုင် ကြည့်လိုက်ရသေးတာပေါ့"
ဂိတ်တံခါးကြီး ပွင့်ထွက်သွားပြီးနောက် ဘေးက အကြီးအကဲတစ်ဦးက ဖားသည့်အပြုံးဖြင့် ကပ်ပြောလိုက်သည်။
အကြီးအကဲချန် ကျွန်တော်မျိုးရဲ့ အမြင်အရဆိုရင် တာ့ချန်းမှာလည်း ကောင်းကင်ဖြစ်စဥ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေနိုင်ပါတယ်။ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ မြေးပြောသလို အဲဒီလူကို အရင် ဆွဲထုတ်လိုက်တာက ပိုကောင်းမယ် ထင်ပါတယ်။
ချန်ရွှမ်ထျန်းက အေးစက်တဲ့ အကြည့်နဲ့ အောင်နိုင်ခြင်းမျိုးနွယ်စုရဲ့ ဘိုးဘေးကို လှည့်ကြည့်လိုက်သည်။
"မင်းက ငါ့ကို ဘာလုပ်ရမလဲလို့ သင်ပေးနေတာလား"
ရင်းဖုန်း၏ မျက်နှာမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။ "ကျွန်တော်မျိုး မရဲဝံ့ပါဘူး"
ချန်ရွှမ်ထျန်းက နှာခေါင်းရှုံ့လိုက်ပြီး လက်တစ်ဖက်ဖြင့် ထိုအကြီးအကဲ၏ ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။ အကြီးအကဲ၏ မျက်နှာမှာ ထိတ်လန့်မှုတွေ ပြည့်သွားပြီး ရုန်းကန်သော်လည်း ခန္ဓာကိုယ်မှာ တစ်စစီ ဖြစ်သွားတော့သည်။
"မင်းတို့ ရင်းမျိုးနွယ်စုသာ မဟုတ်ရင် ဝမ်ကျင့်ကျုံးက ငါ့လူ ဖြစ်နေတာ ကြာပြီ။ သူ ဘာလို့ သေရမှာလဲ"
"ဒီအသေးအဖွဲ တိုင်းပြည်လေးကို ငါဖျက်ဆီးပြီးရင် မင်းတို့ ရင်းမျိုးနွယ်စု တစ်ခုလုံးကိုလည်း ငါမျိုးတုံးအောင် လုပ်ပစ်မယ်"
သူက နန်းတော်ထဲကို လှမ်းဝင်လိုက်သည်။ ခြေလှမ်းတိုင်းက ပြင်းထန်တဲ့ ဖိအားတွေကို ထုတ်လွှတ်နေပြီး နန်းတော်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
မြေပြင်တွေ အက်ကွဲကုန်ပြီး နန်းဆောင်တွေလည်း ပြိုကျကုန်တော့သည်။ မြင်ကွင်းထဲမှာရှိတဲ့ လူတိုင်းလည်း ချက်ချင်းပင် အသက်ပျောက်ကုန်ကြရသည်။
အသားနဲ့ သွေးတွေ ပျောက်ကွယ်သွားပြီး ဝိညာဉ်တွေလည်း ပျက်စီးကုန်သည်။ အကြီးအကဲ တစ်ယောက်က အန္တရာယ်ကို သိလိုက်သဖြင့် ချက်ချင်း ပေါ်လာသော်လည်း ရှေ့က တည်ရှိမှုကို ကြည့်ရင်း လက်တွေ တုန်ယင်နေမိသည်။
ဒါက ဘယ်လို အဆင့်မျိုးလဲ။
အခု သူတော်စင်အထွတ်အထိပ်ကို ရောက်နေတဲ့ ဖန့်ဟောက်ရန်တောင်မှ ပြန်ခုခံဖို့ စိတ်မကူးနိုင်တော့ပေ ထိုသတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေက ဖန့်ဟောက်ရန်ရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
သူက အကြီးအကဲကို ကြည့်ပြီး ပြုံးလိုက်သည်။ ဖန့်ဟောက်ရန်၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်သွားတော့သည်။
"ဒါက နန်းတွင်းရဲ့အထူးနယ်မြေပဲ မင်းဘယ်သူပဲဖြစ်ဖြစ် အခုချက်ချင်း ဆုတ်ခွာစမ်း"
ကွေးနေတဲ့ ဓားတစ်လက် ပေါ်လာပြီး သူ့ရဲ့ တစ်သက်တာ ကျင့်စဉ်စွမ်းအား အားလုံးကို စုစည်းကာ ချန်ရွှမ်ထျန်းရဲ့ မျက်နှာဆီကို ပစ်လွှတ်လိုက်သည်။
"သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်လေးပါလား"
သူတော်စင်အထွတ်အထိပ်အဆင့်ရဲ့ တိုက်ကွက်ကို သူက လက်ညှိုးတစ်ချောင်းတည်းနဲ့ တားလိုက်ရာ သူ့နောက်က ကျောက်တုံးတွေ အားလုံးမှာ တစ်စစီ လွင့်ထွက်သွားတော့သည်။ သို့သော် ချန်ရွှမ်ထျန်းကတော့ တစ်ချက်လေးတောင် မလှုပ်ပေ။
"မင်းက သတ္တိတော့ ရှိသားပဲ"
ချန်ရွှမ်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းရဲ့ အရည်အချင်းက နည်းနည်း လိုနေသေးတယ်။ ငါ့ရဲ့ တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး"
"မင်းက အရမ်းကြီးတဲ့ အမှားတစ်ခုကို လုပ်လိုက်ပြီ"
သူ့လက်ညှိုးအောက်က ဓားက ဝုန်းခနဲ ကွဲအက်သွားသည်။ ၎င်းနှင့်အတူ ဖန့်ဟောက်ရန်၏ ခန္ဓာကိုယ်လည်း ပျက်စီးသွားတော့သည်။ ကောင်းကင်ဖြစ်စဥ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့မှာသက်ရှိအားလုံးက ပုရွက်ဆိတ်လိုပါပဲ။
နာကျင်မှုတွေနဲ့အတူ ဖန့်ဟောက်ရန်၏ နောက်ဆုံးအသံမှာ နန်းတွင်းထဲကို ပို့လိုက်တဲ့ ဝိညာဉ်သတင်းစကား ဖြစ်သည်။
"ဧကရီ မြန်မြန် ထွက်ပြေးပါ"
"ဒီလူရဲ့ကျင့်စဉ်က အရမ်းမြင့်လွန်းတယ်"
ထိုသိုပြောပြီးနောက် ဘာအသံမှ ထပ်မထွက်တော့ပေ။ ထိုအကြီးအကဲ၏ နောက်ကွယ်တွင် ပေပေါင်း သောင်းချီ မြင့်မားလှသော ဓမ္မကိုယ်ထည်ကြီး ပေါ်လာသည်။ လူသားတွေကို ငုံ့ကြည့်နေတဲ့ နတ်ဘုရားတစ်ပါးလိုပင်။
ပြင်းထန်လှသော ဝရဇိန်ရုပ်တုကြီး ဖြစ်၏။
ထိုဧရာမ ဓမ္မကိုယ်ထည်ကြီးက လက်ညှိုးတစ်ချောင်းအဖြစ် စုစည်းသွားရာ ကောင်းကင်နဲ့ မြေကြီးမှာ အရောင်ပြောင်းသွားပြီး မိုးခြိမ်းသံတွေ ဆူညံသွားတော့သည်။
"မဟာအာကာသ ကောင်းကင်ချုပ် လက်ညှိုး"
နန်းတော်တစ်ခုလုံးမှာ ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားတော့သည်။ ဓမ္မကိုယ်ထည်ကြီး ပျောက်ကွယ်သွားပြီး ချန်ရွှမ်ထျန်း၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သွားသည်။
ဒီမှာ ကောင်းကင်ဖြစ်စဥ်အဆင့်ရှိတဲ့သူ ရှိတယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား ဘာလို့ပေါ်မလာသေးတာလဲ နန်းတော်ထဲမှာ သက်ရှိတစ်ယောက်မှ မကျန်တော့တာ သေချာနေပြီပဲကို။
ချန်ရွှမ်ထျန်း စဉ်းစားမရ ဖြစ်နေစဉ်မှာပဲ သူ့နောက်ကနေ အသံတစ်သံ ထွက်ပေါ်လာသည်။
"ပြင်ပကျင့်ကြံသူ ကောင်းကင်သားတော်ကို မြင်ပါလျက်နဲ့ ဘာလို့ ဒူးမထောက်တာလဲ"
သူ့မျက်လုံးတွေ ဝေဝါးသွားသလို ခံစားလိုက်ရသည်။ ရှေ့က နန်းတော်ကြီးမှာလည်း ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့သလို မူလအတိုင်း ပြန်ဖြစ်နေသည်။ သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ သူ့ဘေးမှာ စောစောက သူသတ်လိုက်တဲ့ ရင်းဖုန်းရပ်နေသည်။
ရင်းဖုန်း၏ မျက်လုံးများမှာလည်း ပြူးထွက်နေသည်။
"ငါ သေသွားပြီ မဟုတ်ဘူးလား ငါ ဘယ်လိုလုပ်"
နန်းတွင်း အရာရှိကြီးများမှာလည်း ခန့်ညားထည်ဝါစွာ တန်းစီရပ်နေကြသည်။ သူတို့ရှေ့မှာ ဝန်ကြီးချုပ် ချူးကျွင်းဦးဆောင်တဲ့ ဝန်ကြီးသုံးဦး ရှိပြီး အပေါ်ဆုံးမှာတော့ နဂါးပလ္လင်ပေါ်မှာ ထိုင်နေတဲ့ လူနှစ်ယောက် ရှိသည်။
မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသည်။ လူသားအားလုံးကို ငုံ့ကြည့်နေတဲ့ နတ်ဘုရားတစ်ပါးလိုပင်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ချန်ရွှမ်ထျန်းက နတ်ဘုရား မဟုတ်တော့ပေ။
သက်ရှိအားလုံးထဲက အသေးအဖွဲ ပုရွက်ဆိတ်လေး တစ်ကောင်သာ ဖြစ်သည်။
အားလုံးလည်း သတိပြန်ဝင်လာကြသည်။ သူတို့အားလုံး တစ်ခါသေသွားခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားမိကြသော်လည်း အခု ဘယ်လိုလုပ် ဒီမှာပြန်ရပ်နေရတာလဲ ပြီးတော့ ဒါတွေအားလုံးကို လုပ်ခဲ့တဲ့သူကတော့ စစ်ဆေးမေးမြန်းခံနေရတဲ့ အကြီးအကဲပဲဖြစ်မှာ သေချာသည်။
ထိုအချိန်တွင် ချူနင်က နဂါးပလ္လင်ကို လက်ချောင်းလေးနဲ့ တောက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ပြင်ပကျင့်ကြံသူ မင်းဘာလို့ ဒူးမထောက်တာလဲ"