အခန်း ၆၂ သူက တကယ်ပဲ အစွမ်းထက်နေတာလား
ရဲ့ချန်းလျန် တစ်ယောက် လုံးဝကို ဆွံ့အသွားရသည်။
ရနံ့သာဓားဟုတ်လား သူမ တစ်ခါမှ မကြားဖူးတဲ့ အမည်ဖြစ်သလို အခု မြင်လိုက်ရတော့လည်း ကြောင်အသွားရသည်။ ဒီလိုအရာမျိုးက တကယ်ပဲ ကျင့်ကြံလို့ရတာလား။
သို့သော် ရဲ့ချန်းလျန်သည် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။ ဒီလူ့ရဲ့ စရိုက်အရဆိုရင် ပြဿနာရှာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူးလေ။
နာမည်ကို သူဘာသာသူ ပြောင်းလိုက်တာလည်း ဖြစ်နိုင်တာပဲ နာမည်ပြောင်းရုံနဲ့တော့ အတွင်းက ကျင့်စဉ်စွမ်းအားကို ထိခိုက်မှာ မဟုတ်ပါဘူး။
ဤအချိန်တွင် ချူနင်အပေါ် ထားရှိသော ရဲ့ချန်းလျန်၏ အမြင်များမှာ လုံးဝကို ပြိုပျက်သွားပြီ ဖြစ်သည်။
မဟုတ်ဘူးလေ။
သူက ငါကိုယ်တိုင် နန်းတော်ထဲကို ဖမ်းခေါ်လာခိုင်းတဲ့ ခွေးကောင်မဟုတ်ဘူးလား အစတုန်းက သူ့မှာ ကျင့်စဉ်စွမ်းအား လုံးဝမရှိတာ ရှင်းနေတာပဲ။
တကယ်လို့ သူကသာ ကျင့်စဉ်စွမ်းအား ရှိနေရင် အဲဒီနေ့က ဘာလို့ ဒီလောက်အထိ အားအင်ကုန်ခမ်းပြီး ရက်အတော်ကြာအောင် သတိမေ့နေရတာလဲ။
ဒါကတစ်ချက်။
ဒုတိယအချက်ကတော့ နင့်ရဲ့ ကျင့်စဉ်က တကယ်ပဲ မြင့်နေတယ်ဆိုရင် ငါ နင့်လည်ပင်းကို ဓားနဲ့ထောက်တုန်းက ဘာလို့ ပြန်မခုခံတာလဲ။
မဟုတ်ဘူး ဒါကအရမ်းကို မှားနေပြီ။ ချူနင်က သူမ တကယ်မတိုက်ခိုက်ဘူးဆိုတာ သိနေလို့ သူက ပိုပြီးတော့တောင် ရဲတင်းနေခဲ့တာပဲ။ ဒါကို သုံးပြီးတော့ ချူနင့်ကို ဆုံးဖြတ်လို့ မရဘူး။
ငါ သိပြီ။
နင့်ရဲ့ ကျင့်စဉ်က ဒီလောက် မြင့်နေရင် ဘာလို့ စောစောက မပြောတာလဲ စောစောက ပြောရင် သူမအနေနဲ့ ချူနင့်ကို ကျင့်ကြံခိုင်းဖို့ စဉ်းစားနေမှာ မဟုတ်ဘူးလေ။
ပြီးတော့ မဟုတ်သေးဘူး။
ဒီခွေးကောင်က သူကဆရာကြီးတစ်ယောက်ပါလို့ အမြဲ ပြောနေခဲ့တာပဲ။
ရဲ့ချန်းလျန် တစ်ယောက် ထုံထိုင်းသွားရသည်။ သူမ ဘာလို့ သူ့ကို တစ်ခါမှ မယုံခဲ့တာလဲ ဆရာကြီးတစ်ယောက်မှာ ဒီလို အပြုအမူမျိုး ရှိလိမ့်မယ်လို့ သူမ တကယ် မထင်ခဲ့မိဘူးလေ။
လက်ရှိ အခြေအနေအရဆိုရင် ချူနင်ရဲ့ ကျင့်စဉ်က သူမထက် အများကြီး ပိုမြင့်နေပြီ။ မသေမျိုးဧကရာဇ်ဟုတ်လား အဲဒါက ဘယ်လို နယ်ပယ်မျိုးလဲ နာမည် ကြားလိုက်ရုံနဲ့တင် မမီနိုင်တဲ့ အဆင့်အတန်းတစ်ခုလို ခံစားရတယ်။
ဘယ်လို ဆရာကြီးမျိုးက သူ့ဇနီးအတွက် ဟင်းချက်ပေးနေမှာလဲ။
ဘယ်လို ဆရာကြီးမျိုးက တစ်နေ့ကုန် ကျင့်ကြံဖို့ မစဉ်းစားဘဲ သူမကို ဘယ်လို အခွင့်အရေးယူရမလဲဆိုတာပဲ တွေးနေမှာလဲ။
ရဲ့ချန်းလျန်သည် သူမ၏ ခေါင်းကို အပြင်းအထန် ကုတ်လိုက်သဖြင့် ဆံပင်များမှာ ငှက်သိုက်လို ဖြစ်သွားတော့သည်။ ထို့နောက် ကျင့်စဉ်ကျမ်းကို ယူကာ ကုတင်ပေါ်သို့ တက်လိုက်သည်။
"ရနံ့သာဓား"
ချူနင် ပြောပြချက်အရဆိုလျှင် ၎င်းသည် သူမ၏ နတ်ဘုရားရနံ့ ခန္ဓာကိုယ်အပေါ် အခြေခံပြီး အထူးထုတ်ဖော်ထားသည့် ဓားကျမ်းကျင့်စဉ် ဖြစ်သည်။ အမည်ကတော့ ချူနင်ရဲ့စရိုက်နဲ့ ကွက်တိပါပဲ။
ဒါပေမဲ့ သူမ အဲဒီကျမ်းကို ဖွင့်လိုက်တဲ့အခါမှာတော့ အတွင်းက စာလုံးတွေက သူမရဲ့ ဦးနှောက်ထဲကို ချက်ချင်း စွဲထင်သွားတော့သည်။
စာလုံးပေါင်းများစွာက သူမရဲ့ စိတ်ထဲမှာ ပြည့်စုံပြီး ခမ်းနားလှတဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်ပေါ်လာသည်။ ပိုးဖလံလေးတစ်ကောင်က ကောင်းကင်ကြီးကို မော့ကြည့်နေရသလို လမ်းစဉ်က အဝေးကြီးမှာ ရှိနေပေမဲ့ ဒါကတော့ အဲဒီလမ်းစဉ်ဆီ သွားမယ့် လမ်းကြောင်းပဲ။
ရဲ့ချန်းလျန်၏ မျက်နှာမှာ တောင့်တင်းသွားပြီး စိတ်ထဲက မေးခွန်းများစွာအတွက် အဖြေရသွားတော့သည်။
ကောင်းကင်စူးစမ်းရေးအဖွဲ့က ကျင့်ကြံသူတွေရဲ့ ဝိညာဉ်အာရုံတွေ ဖျက်ဆီးခံလိုက်ရတာ။
တာ့ကျိုးအင်ပါယာက မဟာမိတ်ဖွဲ့ဖို့ လာတာ။
သူမကိုယ်တိုင်ရဲ့ ကျင့်စဉ်တွေ အရှိန်အဟုန်နဲ့ တက်လာတာဒါဆိုရင် သူက အဲဒီစွပ်ပြုတ်ထဲမှာ တကယ်ကြီး နဂါးရိုးတွင်းခြင်ဆီတွေကို ထည့်ချက်ခဲ့တာလား။
သူမရဲ့ ကျင့်စဉ်တွေ ဘာလို့ ဒီလောက် မြန်မြန် တက်လာသလဲဆိုတာ မဆန်းတော့ပါဘူး။ ပြီးတော့ အင်ပါယာရဲ့ ကံကြမ္မာတွေ တက်လာတာ နဂါးစွမ်းအင်တွေ မြင့်မားလာတာ ဘိုးဘေးနတ်စင်ကြီး ကွဲအက်သွားတာ။
မေးခွန်းပေါင်းများစွာအတွက် အဖြေတွေက ခဏချင်းမှာပဲ ထွက်ပေါ်လာပြီး ရဲ့ချန်းလျန်ရဲ့ ဦးနှောက်က ပေါက်ကွဲမတတ် ခံစားလိုက်ရသည် ရိုက်ခတ်မှုက အရမ်း ပြင်းထန်လွန်းလှသည်။
ချူနင်က ဆရာကြီးတစ်ယောက်နဲ့ လုံးဝ မတူခဲ့ဘူးလေ။ သူမက ချူနင့်ကို ကျင့်ကြံခိုင်းဖို့အထိ စီစဉ်ခဲ့တာ။ တကယ်တော့ သူက ကျင့်စဉ်မြင့်တဲ့သူ ဟုတ်မဟုတ်ဆိုတာ သူမအတွက် အရေးမကြီးပါဘူး။
သူက သူတော်စင်အဆင့်ပဲဖြစ်ဖြစ် အနန္တအဆင့်ပဲဖြစ်ဖြစ် သူမရဲ့အင်ပါယာ နယ်မြေချဲ့ထွင်မှုအတွက် အရှိန်နည်းနည်း ပိုရစေရုံပါပဲ။
ဒါပေမဲ့ အခုတော့ ချူနင်ရဲ့ လုပ်ရပ်တွေက သူမကိုပြောနေသလိုပဲ နင် ဒါတွေဘာမှလုပ်နေဖို့ မလိုဘူး။
သူက လက်ဖျောက်တစ်ချက်တည်းနဲ့ အားလုံးကို ဖြေရှင်းနိုင်တယ်လေ။
အင်ပါယာကြီး ငါးခုထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ တာ့ကျိုးအင်ပါယာက ခုခံဖို့ စိတ်ကူးတောင် မရှိခဲ့တာ။ အဲဒီ ရင်းမြစ်တွေ အားလုံးက တာ့ချန်းအတွက် မဟုတ်ဘဲ ချူနင်ကို ကြောက်လို့ ပေးခဲ့တာပဲ။
ရဲ့ချန်းလျန်က မာနကြီးသူတစ်ဦး ဖြစ်သော်လည်း ဤအချိန်တွင် ချူနင့်ကို မည်ကဲ့သို့သော အမူအရာ သဘောထားမျိုးဖြင့် ရင်ဆိုင်ရမည်ကို မသိတော့ပေ။
သူက... သူက အရမ်းကို လျှို့ဝှက်လွန်းတယ် မဟုတ်ဘူး... သူက လျှို့ဝှက်ထားတာ မဟုတ်ဘူး သူက သူ့ရဲ့ ကျင့်စဉ်တွေကို တစ်ခါမှ ဖုံးကွယ်မထားခဲ့ဘူးလေ။
လူအိုကြီးက တောထဲမှာပုန်းတယ် လူစွမ်းကောင်းက မြို့ထဲမှာ ပုန်းတယ်တဲ့ သူကတော့ နတ်ဘုရားတစ်ပါးလို ပုန်းနေတာပဲ
ရဲ့ချန်းလျန်က ဒါတွေအားလုံးကို ဖန့်ဟောက်ရန် ဖြေရှင်းပေးခဲ့တာလို့ ထင်ခဲ့တယ် ရဲ့မျိုးနွယ်စု ဘိုးဘေးတွေက လုပ်ပေးခဲ့တာလို့ ထင်ခဲ့တယ် နောက်ဆုံး သူမကိုယ်တိုင်ရဲ့ ကျင့်စဉ်တွေ တက်လာလို့ ဖြစ်တာလို့တောင် ထင်ခဲ့မိတာ။
ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒါတွေအားလုံးရဲ့ နောက်ကွယ်က လူကတော့ သူမဘေးမှာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလို့ ခေါ်နေတဲ့ ချူနင် ဖြစ်နေတာပဲ။
ဒါက အိပ်မက်တစ်ခုလိုပဲ အရမ်းကို ထူးဆန်းလွန်းလှသည်။ ရဲ့ချန်းလျန်သည် သူမကိုယ်သူမ နိုးမလာသေးဘူးလို့တောင် ထင်နေမိသော်လည်း သူမ၏ အသိစိတ်ကတော့ ကြည်လင်နေဆဲ ဖြစ်သည်။ သူမ ဦးနှောက်ထဲက ကျင့်စဉ်ကျမ်းကလည်း ရှင်းလင်းနေသည်။
မစဉ်းစားတော့ဘူး။
မနက်ဖြန်ကျရင် ချူနင့်ကို မျက်နှာချင်းဆိုင်ပြီး ထပ်မေးမယ်။
ဘာပဲဖြစ်ဖြစ် နင့်ကျင့်စဉ်တွေ ဘယ်လောက်မြင့်မြင့် နင်ကတော့ ငါ့ကလေးရဲ့အဖေပဲ။
နင် ကလေးကို ဒီလောက်ဂရုစိုက်တာပဲ ငါ့မေးခွန်းတွေကိုလည်း နင် ဖြေပေးရမှာပဲ။
ရဲ့ချန်းလျန်က ဒေါသတကြီး တွေးလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဒီကျင့်စဉ်က တကယ်ကို အစွမ်းထက်ပုံရတယ်။ အရင်ဆုံး ကျင့်ကြံပြီး စိတ်ကို အေးအောင်ထားမယ်၊ ပြီးမှ ချူနင့်ကို ဘယ်လိုမေးရမလဲဆိုတာ စဉ်းစားမယ်။
သို့သော် သူမ၏ အာရုံက ကျင့်စဉ်ဆီ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူမ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေက ပြင်းထန်စွာ လှုပ်ခတ်လာပြီး ထူးခြားတဲ့ ရနံ့တွေက ပတ်ဝန်းကျင်မှာ ပျံ့လွင့်လာတော့သည်။
မကောင်းတော့ဘူး ငါ့ရဲ့ ခန္ဓာကိုယ် အခြေအနေကို မထိန်းနိုင်တော့ဘူး။
ရဲ့ချန်းလျန်၏ ရင်ထဲ ထိတ်ခန့်သွားရသည်။
သူမရဲ့ အသိစိတ်တွေ လွတ်သွားပြီး ဘေးခန်းက ချူနင်ဆီ သွားကာ ရူးသွပ်တာတွေ လုပ်မိမှာကို ကြောက်နေမိသည် ဒါပေမဲ့ နောက်တစ်စက္ကန့်မှာတော့ သူမ သတိထားမိလိုက်သည်။
သူမက သူမရဲ့ ခန္ဓာကိုယ်ကို အခုတော့ အပြည့်အဝ ထိန်းချုပ်နိုင်ပုံ ရနေပြီ။ အရင်လို စိတ်လွတ်သွားတာမျိုး မဖြစ်တော့ဘူးလား
ဒါက ရနံ့သာဓားကြောင့်ပဲ ဟင့်အင်း ဒီကျင့်စဉ်ကြောင့်ပဲ။
သူမအတွက် အထူးဖန်တီးထားတာမို့လို့ ဒီလောက်တောင် အစွမ်းထက်ပြီး အလိုအလျောက်တောင် လည်ပတ်နေတာလား။
ရဲ့ချန်းလျန် ပိုပြီးတော့ အံ့ဩသွားရပြန်သည်။ ဒါက ရဲ့မျိုးနွယ်စုရဲ့ ဓားကျမ်းထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်နေသည်။ သူမ နောက်ထပ် စဉ်းစားဖို့ အချိန်မရှိတော့ပေ။
အလွန်တရာ လန်းဆန်းစေသော ကျင့်ကြံမှုထဲတွင် နစ်မြုပ်သွားပြီး သူမ၏ ခန္ဓာကိုယ်နှင့် ခွန်အားများမှာ မြေလှန်မတတ် ပြောင်းလဲသွားတော့သည်။ သူမ ခန္ဓာကိုယ်ထဲတွင် စုစည်းနေသော အာဟာရစွမ်းအင်များမှာလည်း ထွက်ပေါက်တစ်ခု ရှာတွေ့သွားတော့၏။
ညက ကုန်လွန်သွားပြီး မိုးသောက်အလင်းတိုင် ရောက်လာသည်။ မနက်ခင်း ရောက်ပြီ။ ရဲ့ချန်းလျန်သည် ကျင့်ကြံရာမှ တဖြည်းဖြည်း နိုးထလာသည်။
သူမ၏ အရှိန်အဝါမှာ အရင်ကထက် အများကြီး သာလွန်သွားပြီ ဖြစ်သည်။
သူတော်စင် နောက်ဆုံးအဆင့်။
ဒီလို ကျင့်ကြံမှု အရှိန်နှုန်းနဲ့ဆိုရင် နောက်ထပ် လဝက်လောက်ဆိုရင် သူမက အထွတ်အထိပ်ကို ရောက်သွားလိမ့်မည်။ တစ်လဆိုရင်တော့ အနန္တအဆင့်ကို တက်လှမ်းနိုင်လိမ့်မည် ဒီကျင့်စဉ်က တကယ်ကို အစွမ်းထက်လွန်းလှသည်။
ထိုစဉ် ဘေးခန်းမှ တံခါးခေါက်သံနှင့်အတူ ရှောင်ပင်း၏ တိုးတိုးလေး ပြောသံကို ကြားလိုက်ရသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... မနက်လင်းပါပြီ ကျွန်မမျိုးမကို နှိုးခိုင်းထားလို့ လာနှိုးတာပါ"
"လာပြီ လာပြီ ဟင်းချက်ရမယ့် အချိန်ရောက်ပြီ"
"မိဖုရားခေါင်ကြီးကတော့ တကယ် ကံကောင်းတာပဲ အရှင်မင်းကြီး ကိုယ်တိုင်ချက်တဲ့ ဟင်းကို နေ့တိုင်း စားရတာလေ။ ဟီးဟီး ရှောင်ပင်းလည်း အနားကနေ အကျိုးရှိတာပေါ့"
အဲဒါကြောင့် ငါ့လိုယောက်ျားမျိုးက ရှားတာပေါ့ နင်မြန်မြန်ကျင့်ကြံဦး ဒါမှသူ့ကို ငါ့အခန်းထဲအထိ လာနိုင်အောင် လုပ်လို့ရမှာ။
"အရှင်မင်းကြီးက ဒီလောက် အစွမ်းထက်တာပဲ ဘာလို့ကိုယ်တိုင် မလုပ်တာလဲ"
ကိုယ်တိုင် လုပ်တာထက် သူကိုယ်တိုင် လာတာကမှ အနိုင်ရတဲ့ အရသာကို ပိုခံစားရတာလေ နင်က ငယ်သေးတယ် နားမလည်ပါဘူး။
တံခါးအပြင်ဘက်မှ လူနှစ်ဦး၏ စကားသံမှာ ဝေးရာသို့ လွင့်ပါသွားတော့သည်။ ရဲ့ချန်းလျန်က တံခါးကို စိုက်ကြည့်ရင်း အပြင်ထွက်သွားတော့မည့် ချူနင်ကို မြင်နေရသည်။
ထိုအချိန်တွင် ချူနင်က တစ်ခုခုကို ခံစားမိသွားသလို ရပ်လိုက်ပြီး လှည့်ကြည့်ကာ ပြုံးပြပြီးမှ ထွက်သွားသည်။
သူမ အသက်ပြင်းပြင်း ရှူလိုက်သည်။ သေချာပါပြီ သူ့ရဲ့ ကျင့်စဉ်က သူမထက် အများကြီး ပိုတော်နေတာပဲ။
ဒီဓား ဒီကျင့်စဉ် ဒါတွေအားလုံးက ချူနင် ယူဆောင်လာပေးခဲ့တာတွေချည်းပဲ။ ဒါပေမဲ့ သူမကတော့ ချူနင့်ကို ဘာမှ ပြန်မပေးရသေးဘူး။
ခဏမျှ ရဲ့ချန်းလျန် မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့နေမိသည်။ သူက ဒီလောက်အထိ အစွမ်းထက်တာကို ဘာလို့ သူမအပေါ် ဒီလောက် ကောင်းနေရတာလဲ။ ရဲ့ချန်းလျန်၏ စိတ်အစဉ်မှာ ပို၍ ရှုပ်ထွေးလာပြီး ချူနင့်ကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ပို၍ပင် မသိတော့ပေ။
တကယ်လို့ ချူနင်က ဘာမှမဟုတ်တဲ့ သာမန်လူတစ်ယောက်ဆိုရင်တော့ သူမအနေနဲ့ ဒီထက်ပိုပြီး အေးအေးဆေးဆေး လက်ခံနိုင်လိမ့်ဦးမည်။ ဒါပေမဲ့ အခုတော့ ဒါတွေ ဘာကြောင့် ဖြစ်နေရသလဲဆိုတာကို သူမ လုံးဝ နားမလည်နိုင်တော့ပါဘူး။
(ရဲ့ချန်းလျန်တစ်ယောက် ချူနင်ရဲ့ အစွမ်းတွေကို သိသွားပြီးနောက်မှာ သူမရဲ့ စိတ်နေစိတ်ထားက ဘယ်လို ပြောင်းလဲသွားမလဲ။)