အခန်း (၆) အစားအသောက် ပို့ဆောင်ရေးနေ့ရက်များစတင်ပြီ
နောက်တစ်နေ့ နံနက်တွင် ရှောင်ပင်းသည် ချူနင်၏ နန်းဆောင်သို့ အပြေးအလွှား ရောက်လာသည်။
ဒုန်း ဒုန်း ဒုန်း
မစ္စတာချူ ဧကရီအတွက် ဟင်းချက်ပေးရမှာ မဟုတ်ဘူးလား အရှင်မနိုးဖို့ နာရီဝက်ပဲ လိုတော့တယ် အခုချက်ချင်း စချက်ရင်တော့ အချိန်မီသေးတယ်
ချန်းနင်နန်းဆောင်ထဲတွင် မီးဖိုကို အဆင်သင့် ပြင်ထားပြီးဖြစ်သည်။ သူမ နိုးလာပြီးနောက် အတွင်းနန်းဆောင်ကို တစ်ပတ်လှည့်ကြည့်ခဲ့သည်။
ချူနင်က အစားအသောက် တာဝန်ယူမည်ဟု ပြောထားသဖြင့် သူမအနေဖြင့် နန်းတွင်းမီးဖိုချောင်ကို အကြောင်းမကြားထားဘဲ အစားအသောက်များကို တိုက်ရိုက်ပို့ရန်သာ စီစဉ်ထားသော်လည်း မီးဖိုချောင်ဘက်မှ ဘာလှုပ်ရှားမှုမှ မရှိသေးချေ။
ချူနင် တစ်ယောက် အခုထိ အိပ်ရာကတောင် မထသေးပါလား။
ဒီလူက မနေ့ကတော့ အရှင်မရဲ့ စားဝတ်နေရေးကို တာဝန်ယူမယ်ပြောပြီး ဒီနေ့ကျတော့ နိုးတောင်မနိုးသေးဘူး ဒါကအရှင်မကိုယ်တိုင် မှာကြားထားတဲ့ ကိစ္စဖြစ်ပြီး ချူနင်ကို ဘယ်လောက် အလေးထားတယ်ဆိုတာ ပြနေတာလေ အကယ်၍ ပထမဆုံးနေ့မှာတင်ယ
"မစ္စတာချူ... အိပ်နေတုန်းလား အကယ်၍..."
ရုတ်တရက် ရှောင်ပင်းသည် မွှေးပျံ့လှသော ရနံ့တစ်ခုကို ရလိုက်သည်။ သူမ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ဖြစ်သည်။ လူရိပ်တစ်ခုသည် ဒယ်အိုးနှင့် ယောဂဖတ်ကို ကိုင်ကာ မီးတောက်အရှိန်ပြင်းပြင်းဖြင့် ချက်ပြုတ်နေသည် သူ၏ကျွမ်းကျင်ဖျတ်လတ်လှသော လှုပ်ရှားမှုများက ရှောင်ပင်းကို အံ့အားသင့်သွားစေသည်။
စားပွဲဘေးတွင်လည်း ဟင်းလျာ ၁၀ မျိုးကျော်ကို မြေအိုးများဖြင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဟင် ချူနင်က ဒီချက်ပြုတ်စရာ ပစ္စည်းတွေကို ဘယ်ကရတာလဲပြီးတော့ ဒီမီးကလည်း ရှောင်ပင်း ထိတ်လန့်သွားပြီး အမြန်ပြောလိုက်သည်။
မစ္စတာချူ ဒီမှာ ချက်လို့မရဘူးလေ။ မီးခိုးတွေ ဖုန်တွေထွက်ရင် လူတွေသိသွားပြီးတော့။
သူမ စကားစရပ်သွားပြန်သည်။ မီးခိုးမထွက်ဘူးလား ဒီမီးက ဘယ်လိုမျိုး တောက်နေတာလဲ ချူနင်က ကျင့်ကြံသူမဟုတ်ပါဘူးနော်
သူ ချက်ပြုတ်လို့ ပြီးသွားပြီဖြစ်ကာ နောက်ဆုံးဟင်းလျာကိုလည်း အိုးထဲမှ ချလိုက်သည်။ ရှောင်ပင်းက ကြောင်အမ်းအမ်းဖြင့် လမ်းလျှောက်သွားကာ ခေါင်းကို ကုတ်ရင်း ရယ်မောလိုက်သည်။
"မစ္စတာချူ... မစ္စတာချူက ဒီလောက်တောင် အစောကြီး နိုးနေတာလား"
"နိုးတာလား ဘာနိုးတာလဲ"
သူ့ဇနီးသည် မနက်စာ မစားရသေးဘူးလေ သူပစ္စည်းတွေ အဆင်သင့်ပြင်ရဦးမည် နဂါးခြံဆီ ကျောက်စိမ်းရတနာဟင်းချို နို့နှစ်ရောင် ကျောက်စိမ်းကိတ် နှင့် တခြားဟင်းလျာ ၁၀ မျိုးကျော်အတွက် ပစ္စည်းရှာဖို့ သူ နာရီပေါင်းများစွာ အချိန်ပေးခဲ့ရသည်။
နန်းတော်ကို ပြန်ရောက်တော့လည်း မိုးလင်းတော့မည့် အချိန်ဖြစ်နေသဖြင့် သူ ချက်ချင်းပင် လက်စသတ် ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။
ချူနင်က ဟင်းလျာ ၁၀ မျိုးကျော် တင်ထားသော လင်ဗန်းကို လက်တစ်ဖက်ဖြင့် မလိုက်ပြီး ရှောင်ပင်းကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။
"ရှောင်ပင်း မင်းသိထားဖို့က ချန်းလျန်ဟာ တာ့ချန်းအင်ပါယာရဲ့ ဧကရီဖြစ်သလို ငါ့ရဲ့ဇနီးသည်လည်း ဖြစ်တယ် သူမရဲ့ ဝမ်းဗိုက်ထဲမှာ ငါ့ရဲ့ရင်သွေးလေးတွေ ရှိနေတယ်။ မင်း သတိပေးနေစရာ မလိုပါဘူး ငါ့ဘာသာငါ သေချာ ဂရုစိုက်ပါ့မယ်"
ပြောပြောဆိုဆိုဖြင့် သူသည် အစားအသောက်များကို ချန်းနင်နန်းဆောင်ဆီသို့ သယ်ဆောင်သွားတော့သည်။ ရှောင်ပင်းမှာ ထိုအခိုက်အတန့်တွင် မှင်တက်သွားရသည်။
မစ္စတာချူ ပြောတာက တကယ့်ကို အဓိပ္ပာယ်ရှိလှသည်။ ဒါဆို သူက စောစောစီးစီးကတည်းက ပြင်ဆင်နေခဲ့တာပေါ့ ဒါကြောင့်လည်း အရှင်မက ဒီကိစ္စကို သူ့ကို ယုံယုံကြည်ကြည် အပ်နှံခဲ့တာလား။
ချူနင် ထွက်သွားသည်နှင့် မီးဖိုထဲမှ မီးတောက်များလည်း ပျောက်ကွယ်သွားသည်။ အတွင်းထဲတွင် ဘာလောင်စာမှလည်း မရှိပေ။ ဒါဆို မီးက ဘယ်လိုတောက်နေတာလဲ ရှောင်ပင်း အဖြေရှာမရခင်မှာပင် ချူနင် ထွက်သွားပြီဖြစ်သဖြင့် သူမ စိုးရိမ်တကြီးဖြင့် နောက်မှ အမြန်လိုက်သွားရသည်။
"မစ္စတာချူ... အရှင်မ မနိုးသေးဘူးလေ။ အရှင်မရဲ့ အိပ်ဆောင်ထဲကို ဝင်လို့မရဘူး။ ရှင်က အနာဂတ် ဧကရာဇ်လောင်း ဆိုပေမဲ့ လောလောဆယ်တော့"
"ပြီးတော့ အစားအသောက်တွေကို အဆိပ်စစ်ရဦးမယ် အရှင်မရဲ့ စားဖွယ်တွေကို ဒီအတိုင်း ပေးလို့မရဘူး"
"ဖူး ငါက ငါ့ဇနီးနဲ့ ကလေးကို အဆိပ်ကျွေးပါ့မလား မင်းက ခိုးစားချင်လို့ ဆင်ခြေပေးနေတာပဲ နောက်ခါကျရင် တဲ့တိုးသာပြော မင်း မြည်းစမ်းကြည့်ဖို့ နည်းနည်းဖယ်ပေးလို့ ရပါတယ်"
ရှောင်ပင်းခမျာ ငိုချင်သလို ဖြစ်သွားသည်။
သူမက အဆင့် (၃) ကျင့်ကြံသူ ဖြစ်သော်လည်း ချူနင်က သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သို့သော် သူမသည် ချူနင်ကို လက်ဖျားနှင့်ပင် မတို့ဝံ့ပေ။
"ဒါက တကယ်ကို စည်းကမ်းတွေပါ မစ္စတာချူ"
ချူနင်က ပြုံးလိုက်သည်။ "ဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ ငါ အထဲဝင်မှာ မဟုတ်ပါဘူး။ ချန်းလျန် နိုးလာမှဝင်ရင် ရတာပဲ မဟုတ်လား"
ချန်းနင်နန်းဆောင် ရှေ့တွင် ချူနင်သည် ဟင်းလျာ ၁၀ မျိုးကျော်ပါသော လင်ဗန်းကို လက်တစ်ဖက်ဖြင့် မကာ ခန့်ခန့်ညားညား ရပ်နေသည်။ ရှောင်ပင်းလည်း ဘေးမှကြည့်ကာ သက်ပြင်းချလိုက်နိုင်သည်။
"ရှောင်ပင်းက အရှင်မရဲ့ စည်းကမ်းတွေကို ရှင်းပြနေတာပါ။ အခုလောလောဆယ် မစ္စတာချူတောင်မှ ဒီအတိုင်း ဇွတ်ဝင်လို့ မရဘူးလေ။ မင်္ဂလာပွဲကြီး ပြီးသွားရင်တော့ တစ်မျိုးပေါ့"
"ပြီးတော့ အဆိပ်စစ်ဖို့က"
ချူနင် သက်ပြင်းချလိုက်သည်။ "ငါ့ဇနီးအတွက် မင်း ဒီလောက် စဉ်းစားပေးနေမှတော့ မင်းကို တစ်ငုံလောက် ပေးမြည်းဖို့က မခက်ပါဘူး သွား... ပန်းကန်နဲ့ တူ သွားယူခဲ့"
"ကျွန်... ကျွန်မက စားချင်လို့ မဟုတ်ပါဘူး၊ အဆိပ်စစ်မလို့ပါဆို"
"ဟဲဟဲ... မင်းပြောတာကို ငါ ယုံမယ် ထင်နေလား"
ရှောင်ပင်း အားငယ်သွားပြီး အလေးအနက် ရှင်းပြသည်"နန်းတော်ထဲဝင်တဲ့ ဘယ်အရာမဆို တင်းတင်းကျပ်ကျပ် စစ်ဆေးရပါတယ်။ နန်းတွင်းစားဖွယ်တွေ ပြင်ပြီးရင် အဆိပ်စစ်ဖို့ သီးသန့်လူရှိတယ် ပြီးမှ ကျွန်မက ထပ်ပြီး မြည်းစမ်းရတာပါ"
ချူနင် ခဏ စဉ်းစားလိုက်သည်။ ဒါကလည်း ဟုတ်နိုင်သည်ပဲ။ "ကောင်းပြီေလ ရောမရောက်ရင် ရောမလိုကျင့်ရမှာပေါ့ သွား... ပန်းကန်နဲ့ တူ သွားယူချေ"
ရောမရောက်ရင် ရောမလိုကျင့်ရမယ်တဲ့လား။
ဒါက နန်းတော်ကြီးလေ!ထျန်းရွှမ်းတိုက်ကြီးရဲ့ အင်ပါယာကြီး (၅) ခုထဲက တစ်ခုဖြစ်တဲ့ တာ့ချန်းအင်ပါယာရဲ့ နန်းတော်ကြီး ဘာတွေကများ ပုံမှန်နေလို့လဲ။
ခဏအကြာတွင် ရှောင်ပင်းသည် ငွေပန်းကန်နှင့် ငွေတူ တစ်စုံကို ယူလာသည်။ ချူနင် ထူးဆန်းသွားသည်။
"ဧကရာဇ်တွေက ရွှေပန်းကန်၊ ရွှေတူ သုံးကြတယ်ဆိုတာ တကယ်ပဲလား မျက်စိပွင့်သွားတာပဲ"
"မဟုတ်ဘူး ဒါက အဆိပ်စစ်ဖို့ သီးသန့်ပဲ။ ဒါက ရိုးရိုး ရွှေငွေ မဟုတ်ဘူး။ အဆိပ်ရှိရင် ဒီပန်းကန်က အရောင်ပြောင်းသွားလိမ့်မယ်"
သူမက အလေးအနက် ပြောသည်။ "ဒါကြောင့် ကျွန်မက တကယ် ခိုးစားချင်တာ မဟုတ်ပါဘူး အဆိပ်စစ်ဖို့ပါနော်ဟုတ်ပြီလား မစ္စတာချူ ထင်သလို မမဟုတ်ပါဘူး
မိန်းကလေးငယ်က အလေးအနက် ပြောနေသဖြင့် ချူနင်လည်း ခေါင်းညိတ်လိုက်သည်။ သူသည် ဟင်းလင်ဗန်းကို လက်တစ်ဖက်ဖြင့် တောင်ကြီးတစ်လုံးလို ခိုင်ခိုင်မာမာ မထားပြီး နောက်လက်တစ်ဖက်ဖြင့် ဟင်းအိုးများကို တစ်ခုပြီးတစ်ခု ဖွင့်ပြလိုက်သည်။
ရှောင်ပင်းမှာတော့ ကြောင်အမ်းအမ်း ဖြစ်သွားပြီး သွားရည်ပင် ကျလုနီးပါးပင်။
မနေ့က အရှင်မနန်းတော်ပြင်က ပြန်လာတုန်းက အစပိုင်းမှာ သဘောမတူဘဲ နောက်ပိုင်းမှ ဘာလို့ သဘောတူလိုက်တာလဲဆိုတာ အခုမှ သိတော့သည်။ အနံ့က တကယ်ကို မွှေးလှသည်။
ချူနင်က မျက်မှောင်ကြုတ်ကာ ရယ်လိုက်သည်။ "ခိုးစားချင်တာ မဟုတ်ဘူးလို့ ပြောရဲသေးလား မင်းရဲ့ သွားရည်တွေက အကြီးမားဆုံး သက်သေပဲ။ ငါ အရှင်မကို တိုင်လိုက်ဦးမယ်"
"ဟွန့်... ဒါက နန်းတွင်းစည်းကမ်းတွေပါ ကျွန်မက တစ်ခါမြည်းရင် နည်းနည်းလေးပဲ မြည်းတာ။ ဒါက အရှင်မရဲ့ ဘေးကင်းလုံခြုံရေးအတွက် အသက်နဲ့ရင်းပြီး အဆိပ်စစ်ပေးနေတာပဲ အကျိုးကျေးဇူးလေး နည်းနည်းပါးပါး ရတာကတော့ တရားမျှတပါတယ် မဟုတ်ဘူးလား"
မိန်းကလေးငယ်သည် ဟင်းလျာတစ်ခုချင်းစီကို တကယ်ပင် နည်းနည်းချင်းစီ ယူကာ ပန်းကန်ထဲထည့်၍ အကဲခတ်ပြီးမှ မြည်းစမ်းကြည့်သည်။
အရမ်းအရသာရှိတာပဲ ဘယ်လိုချက်တာလဲ နန်းတွင်းမီးဖိုချောင်က အဲဒီ အမှိုက်တွေကို နန်းတော်ထဲက နှင်ထုတ်ပစ်သင့်တယ်။ ချူနင်ကသာ နန်းတွင်းမီးဖိုချောင်ကို တာဝန်ယူသင့်တာ။
ချူနင်ကတော့ နောက်ပြောင်နေခြင်းသာ ဖြစ်သည်။ သူသည် စည်းကမ်းတွေကို အပြည့်အဝ နားမလည်သော်လည်း အပြင်စာတွေကို မစစ်ဆေးဘဲ ဧကရာဇ်ရှေ့ကို တန်းပို့လို့မရဘူးဆိုတာတော့ သိသည်။
ဟင်းလျာ ၁၀ မျိုးကျော် ရှိနေပြီး ရှောင်ပင်းမှာတော့ မြည်းစမ်းကြည့်ရင်း စိတ်လှုပ်ရှားလာသည်။
"ဒါက အရမ်းအရသာ ရှိတာပဲ အရှင်မကတော့ တကယ် ကံကောင်းတာပဲ။ မစ္စတာချူက တကယ်ကို ဟင်းချက်တော်တာပဲ"
"ဒါပေါ့... နေလည်ကျရင် စောစောလာခဲ့ မင်းအတွက် တစ်ခုခု ချက်ပေးမယ်။ အခု မနက်စာကတော့ မရဘူး မင်းအတွက် မပါဘူး"
ရှောင်ပင်းက နှာခေါင်းရှုံ့လိုက်သည် "ကျွန်မက အဆိပ်စစ်တာပါဆို ခိုးစားတာ မဟုတ်ပါဘူး အရှင်မရဲ့ ကိုယ်ပိုင်အစေခံတစ်ယောက်အနေနဲ့ ဒီစည်းကမ်းတွေကို ကျွန်မ ကောင်းကောင်းသိတယ်"
"မစ္စတာချူ... ကျွန်မကို ပေးလိုက်ပါလား ဒီလိုကြီး ကိုင်ထားရတာ ပင်ပန်းနေဦးမယ်"
"မင်းကော မပင်ပန်းဘူးလား"
"ကျွန်မက ကျင့်ကြံသူလေ ဒါကြောင့် မပင်ပန်းပါဘူး ဟုတ်ပြီလား"
ဒါဆို ထားလိုက်ပါတော့ မင်းက အခုမှ အဆင့် (၃) ပဲ ရှိသေးတာ ငါ့ကိုမြင်တာက ဖားသူငယ်က လကို မော့ကြည့်နေသလိုပဲ။
တစ်နေ့ကျလို့ မင်း နတ်ဘုရားအာရုံနယ်ပယ်ကို ရောက်တဲ့အခါကျရင်တော့ ငါ့ကို မြင်တာက ပုစဉ်းရင်ကွဲလေးက ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးကို မြင်ရသလို ဖြစ်လိမ့်မယ်။
"ဟွန့်"
ရှောင်ပင်းက မကျေမနပ် ပြောလိုက်သည် "မစ္စတာချူက နတ်ဘုရားအာရုံနယ်ပယ်ဆိုတာ ဘာလဲဆိုတာ မသိသေးလို့ပါ။ သာမန်လူတွေက သိုင်းပညာကို အဆင့် ၉ ဆင့် ခွဲထားကြတယ် အဆင့် ၁ ရဲ့ အထက်မှာ ဆရာသခင်တွေရှိတယ်။
အဲ့ဒိအထက်မှာ မသေမျိုးနယ်ပယ်ရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ အသိဉာဏ်ပွင့်လင်းမှုနယ်ပယ်ရဲ့ အစပဲ ရှိသေးတာ။
အဲဒီအထက်မှာ ကံကြမ္မာသိမြင်မှုနယ်ပယ် နဲ့ အသိဉာဏ်ပွင့်လင်းမှုအဆင့် ဆိုတဲ့ မသေမျိုး နယ်ပယ်ရဲ့ အောက်ပိုင်း ၃ ဆင့် ရှိတယ်"
ပြီးတော့ အလယ်ပိုင်း ၃ ဆင့်နဲ့ အထက်ပိုင်း ၃ ဆင့် ရှိသေးတယ်။ နတ်ဘုရားအာရုံ ဆိုတာ အထက်ပိုင်း ၃ ဆင့်ရဲ့ အမြင့်ဆုံး အဆင့်ပဲ။
ထျန်းရွှမ်းတိုက်ကြီးမှာ နတ်ဘုရားအာရုံ နယ်ပယ်ကို ရောက်တဲ့သူ လက်ချိုးရေလို့ပဲ ရတယ် သူတို့တွေက အင်အားအကြီးဆုံး သန့်စင်သော နယ်မြေတွေက လူတွေချည်းပဲ။
ရှောင်ပင်းက ခါးထောက်ကာ နှာခေါင်းရှုံ့လိုက်သည် "အကြမ်းဖျင်း ပြောရရင် နတ်ဘုရားအာရုံ နယ်ပယ်နဲ့ မစ္စတာချူရဲ့ အကွာအဝေးက အထပ်ပေါင်း ရာချီတဲ့ အဆောက်အအုံကြီးလို ကွာခြားတာ"
ချူနင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "အထပ်ပေါင်း ထောင်ချီတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်"
သူ ဒီနေ့တင် နတ်ဘုရားအာရုံ နယ်ပယ်က မိစ္ဆာအကြီးအကဲ အများကြီးကို သတ်ခဲ့တာလေ တကယ်ပဲ အထပ်ပေါင်း ထောင်ချီ ကွာတယ်လို့ ခံစားရသည်။ သူတို့က စိုက်ကြည့်လိုက်ရုံနဲ့တင် သေကုန်ကြတာလေ သိပ်ပြီးတော့ မခံနိုင်ကြဘူး။
ရှောင်ပင်းကတော့ ဒါကို သဘာဝကျသလို ခေါင်းညိတ်သည် "ဒါကြောင့် မစ္စတာချူက သာမန်လူပဲလေ ကျွန်မကိုပဲ ပေးပါ မဟုတ်ရင် မစ္စတာချူ အရမ်းပင်ပန်းသွားလိမ့်မယ်"
"ကိစ္စမရှိပါဘူး ငါ့ဇနီး နိုးလာတာကို စောင့်နေတာပဲ ဘာမှ မဖြစ်ပါဘူး"
ချူနင်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ တံခါးကြားမှတစ်ဆင့် အတွင်းမှ မြင်ကွင်းကို သူ မြင်လိုက်ရသည်။
ကုတင်ပေါ်တွင် ရဲ့ချန်းလျန်သည် ပျင်းရိပျော့ပြောင်းသော အမူအရာဖြင့် ထလာသည်။ သူမ၏ ထုံးစံအတိုင်း လုံလုံခြုံခြုံ ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ အင်္ကျီပါးလေးနှင့် ရင်စေ့အင်္ကျီလေးသာ ဝတ်ထားပြီး ၎င်းမှာ ရွှေရောင်သန်းကာ နဂါးရုပ်ပုံများ ထိုးထားသည်မှာ အံ့သြစရာပင်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ
ရှောင်ပင်းသည် ချူနင် တစ်ယောက် ငေးမောနေသည်ကို မြင်သဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။
"ဟင် မစ္စတာချူ... ဘာဖြစ်လို့လဲ"
ချူနင် အသာအယာ ချောင်းဟန့်လိုက်သည်။
"ဘာမှ မဟုတ်ပါဘူး အရှင်မ နိုးနေပြီ ထင်တယ်။ မင်း အထဲဝင်ပြီး သွားကြည့်ပါလား"
"မနိုးသေးပါဘူး စောသေးတာပဲ"
"ရှောင်ပင်း... လာပြီး အဝတ်လဲပေးဦး"
ရှောင်ပင်း လုံးဝ မှင်တက်သွားသည်။
"မစ္စတာချူ... ရှင်က ဒီလောက်တောင် အကဲခတ်တော်တာလား ဒါဆို ကျွန်မ အရင်ဝင်သွားမယ်။ အိုး... ရှင်တော့ လိုက်ဝင်လို့ မရဘူးနော်။ အရှင်မက ရှင့်ကို လက်မထပ်ရသေးဘူး"
"ကျွန်မ အရှင်မကို အဝတ်လဲပေးပြီးမှ ရှင် ဝင်လာလို့ ရမယ် အဲဒီကျရင် ကျွန်မ လှမ်းခေါ်လိုက်မယ်"
"မဟုတ်ဘူး အဝတ်လဲပြီးရင်တောင် ရှင် ဝင်လို့မရဘူး။ ဒါက အရှင်မရဲ့ အိပ်ဆောင်လေ"
ချူနင်က မိန်းကလေးငယ်၏ ခေါင်းကို အသာပုတ်လိုက်သည် "မြန်မြန်သွားပါ ငါ့ဇနီးရဲ့ထမင်းစားချိန် နောက်ကျနေဦးမယ်"
ရှောင်ပင်း ခေါင်းကို ပွတ်လိုက်သည်။ မနာသော်လည်း တစ်မျိုးကြီး ခံစားရသည်။ နောက်ဆုံးတော့ သူမက မသေမျိုး တစ်ယောက်လေ သူမ ခေါင်းကို ဘယ်လိုများ အပုတ်ခံလိုက်ရတာလဲ။
ချူနင်ကတော့ ဆက်ကြည့်နေဆဲ ထိုကိုယ်လုံးကိုယ်ပေါက်မှာ တကယ့်ကို။
သူ့အနေဖြင့် ထိုအချိန်က သတိမေ့နေခဲ့သဖြင့် အနီးကပ် မမြင်လိုက်ရသည်ကိုသာ နောင်တရမိတော့သည်။
သို့သော် ထိုအချိန်က ချူနင်သည် သုံးလတိုင်တိုင် ပြန်လည် နာလန်ထူခဲ့ရသည်။ သူ၏ ကျောက်ကပ်တွေတောင် ပျောက်သွားသလို ခံစားခဲ့ရသည် ဒီအမျိုးသမီးက ဒီလောက်တောင် ပြင်းထန်တာလား ဒါက သူ့ဇနီးရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့်လား ထားလိုက်ပါတော့ ဆက်ကြည့်ဦးမယ်။
နန်းဆောင်အတွင်းတွင် ရှောင်ပင်းက ရဲ့ချန်းလျန်ကို အမြန် အဝတ်လဲပေးလိုက်သည်။
"အရှင်မ ဒီနေ့ ပုံမှန်ထက် ပိုစောနိုးတာပဲ"
ရဲ့ချန်းလျန်လည်း ထူးဆန်းနေသည် "မနေ့ညက ငါ အရမ်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ဒီနေ့ နိုးလာတော့လည်း အရမ်းကို လန်းဆန်းနေတယ်။ ငါ့ခန္ဓာကိုယ်ထဲက တစ်ခုခုက ငါ့ရဲ့ ကျင့်စဉ်ကို တိုးတက်ဖို့ ကူညီပေးနေသလိုပဲ"
"ဘာကြောင့်လဲဆိုတာ ငါလည်း မသိဘူး"
ရှောင်ပင်းက ပြုံးပြီး ပြောသည် "မစ္စတာချူက ဒီနေ့ မနက်စာကို စောစောစီးစီး ပြင်ထားတာပါ ကျွန်မက သူမနိုးသေးဘူး ထင်နေတာ ဒါပေမဲ့ သွားကြည့်တော့ သူက အကုန်ချက်ပြီးနေပြီ"
ရဲ့ချန်းလျန် ပြတင်းပေါက် အပြင်ကို ကြည့်လိုက်ရာ ကောင်းကင်မှာ မှောင်နေဆဲ ဖြစ်သည်။
"သူ တော်တော် ပင်ပန်းမှာပဲ ဒီလောက် အစောကြီး နိုးရတာ သူ ဘယ်မှာလဲ"
"နန်းဆောင်အပြင်မှာ စောင့်နေပါတယ်။ ကျွန်မက ကျွန်မဘာသာ သယ်လာမယ် ပြောပေမဲ့ မစ္စတာချူက သူကိုယ်တိုင်ပဲ သယ်လာမယ်ဆိုပြီး ဇွတ်လုပ်နေလို့"
ရဲ့ချန်းလျန်၏ စိတ်ထဲတွင် တစ်ဖန် လှုပ်ရှားသွားပြန်သည်။ ဒီလူက တကယ်ပဲ ဂရုစိုက်တတ်သားပဲ သူ ချက်ပြုတ်တာလည်း မဆိုးဘူး။
ခဏအကြာတွင် သူမ အဝတ်လဲပြီးသွားပြီး ဧကရီတစ်ပါး၏ အရှိန်အဝါ ပြန်လည် ရရှိလာကာ စိတ်ရွှင်လန်းနေသည်။
"ထားလိုက်ပါတော့ သူ့ကို အထဲခေါ်လာပြီး အတူတူ စားခိုင်းလိုက်ပါ။ နောက်မှ ငါ့ရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်ကနေ ရွှေငွေတွေ ထုတ်ပြီး သူ့ကို ဆုချလိုက်ဦး ငါ သူ့ကို နှိမ်ထားတယ်လို့ မခံစားရအောင်"
ရှောင်ပင်းက ခေါင်းကို တရစပ် ညိတ်ပြသည်။ သူမ အပြင်ထွက်လာတော့ ချူနင်က စိတ်ပျက်နေသော အမူအရာ ဖြစ်နေသည်။ ရှောင်ပင်းက အလုပ်အရမ်း မြန်လွန်းသဖြင့် ဘာမှ ဆက်ကြည့်လို့ မရတော့ပေ။
"မစ္စတာချူ... အရှင်မက ရှင့်ကို အထဲဝင်ပြီး အတူတူ စားဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
ချူနင် အတိုင်းမသိ ဝမ်းသာသွားသည် တွေ့လား ဒါက တက်တက်ကြွကြွ ရှိခြင်းရဲ့ အကျိုးကျေးဇူးပဲ သူဧကရီရဲ့ အိပ်ဆောင်ထဲကိုတောင် ဝင်ခွင့်ရပြီ။
ချူနင် ချက်ချင်းပင် အစားအသောက်များကို သယ်ဆောင်လာပြီး ဟင်းပွဲများကို စီစဉ်လိုက်သည်။ ဟင်းလျာ ၁၃ မျိုး ရှိပြီး နန်းတွင်း မီးဖိုချောင်က မနက်စာထက်ပင် မနိမ့်ကျပေ။
အဓိကမှာ ဟင်းလျာများနှင့် အရသာက ရဲ့ချန်းလျန်ကို အံ့အားသင့်သွားစေခြင်း ဖြစ်သည်။ သူမသည် မနေ့ညက ဟင်းချိုကလွဲလျှင် ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ သူမ ဧကရီ လုပ်နေပေမဲ့ လောကကြီးကို မမြင်ဖူးသလို ခံစားလိုက်ရသည်။
ချန်းလျန် ပူတုန်းလေး စားလိုက်ပါ။ ဒါကို မင်းအတွက် သီးသန့် ချက်ထားတာ။ စိတ်ကို တည်ငြိမ်စေပြီး သန္ဓေသားကို အဟာရဖြစ်စေဖို့ အကောင်းဆုံးပဲ။
ညီလာခံပြီးရင်လည်း မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်ဦး နိုင်ငံရေးကိစ္စတွေနဲ့ အရမ်းမပင်ပန်းစေနဲ့ အခုက မင်းရော ကလေးကိုပါ ထည့်စဉ်းစားရမှာ
ဟင်းချိုခပ်ပေးနေသော ချူနင်ကို ကြည့်ရင်း ရဲ့ချန်းလျန်၏ စိတ်ထဲတွင် တစ်ဖန် လှုပ်ရှားသွားပြန်သည်။
ဒီလူက တကယ်ကို မဆိုးလှပါဘူး သူ့မှာ ကျင့်စဉ်မရှိတာက သူမရဲ့ အင်ပါယာရေးရာတွေကို မထိခိုက်စေဘူး သူက နိုင်ငံရေးမှာ ဝင်မပါသလို အရမ်းလည်း ချောတယ်။ အထူးသဖြင့် ဒီအဝတ်အစားတွေ ဝတ်ထားတော့ သူက တကယ့်ကို ဧကရာဇ်တစ်ပါးနဲ့ တူလှသည်။
ပြီးတော့ ဒီအစားအသောက်တွေကလည်း တကယ်ကို မွှေးတာပဲ ဘေးက ရှောင်ပင်းမှာတော့ ဆက်မကြည့်ဝံ့တော့ပေ ဆက်ကြည့်နေရင် သွားရည်ကျလာလိမ့်မည်။
သူမ မခံစားနိုင်တော့ဘူး မစ္စတာချူရဲ့ အစားအသောက်တွေက ဘာလို့ ဒီလောက် မွှေးနေရတာလဲ။
ဒါကို မြင်တော့ ရဲ့ချန်းလျန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"ပန်းကန်နဲ့ တူ နောက်ထပ် နှစ်စုံ ယူခဲ့။ မင်းနဲ့ ရှောင်ပင်းပါ ထိုင်ပြီး အတူတူ စားကြတာပေါ့"
ရှောင်ပင်း ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
အမှန်အတိုင်း ပြောရရင် သူမ တကယ်ကို မြိန်ရှက်ချင်နေတာ ပုံမှန်ဆိုရင်လည်း အရှင်မက သူမအပေါ် အရမ်းကောင်းပြီး တစ်ခါတလေ အတူစားတာကလည်း ကိစ္စမရှိပါဘူး။
ဒါပေမဲ့ ချူနင်ကတော့ ခိုင်ခိုင်မာမာ ငြင်းလိုက်သည်။
"ငါ စားပြီးပြီ။ မင်းရဲ့ အခု အဓိက တာဝန်က သန္ဓေသားကို အဟာရ ဖြည့်ဖို့ပဲ။ ဒါတွေ အားလုံးက မင်းအတွက် သီးသန့် ချက်ထားတာမို့လို့ ငါ မစားတော့ဘူး"
ရှောင်ပင်းခမျာ မျက်နှာလေး ငယ်သွားရသည်။
"အဲ ကျွန်မ ထင်တာကတော့ အရှင်မအကုန်စားလိုက်တာ ပိုကောင်းမယ် ထင်တယ် ဒါက မစ္စတာချူရဲ့ ေစေတနာပဲလေ" ရဲ့ချန်းလျန်က မျက်စောင်းထိုးလိုက်သည်။
"မင်း ငါ့ကိုဘာမှတ်နေလဲ ဒါတွေအကုန်လုံး ငါ တစ်ယောက်တည်း စားနိုင်ပါ့မလား မြန်မြန် ပန်းကန်နဲ့ တူသွားယူစမ်း။ အတူတူ စားကြမယ် မဟုတ်ရင် မင်းတို့ နှစ်ယောက် စိုက်ကြည့်နေတာကို ငါဘယ်လိုစားရမှာလဲ"
"ဟုတ်ကဲ့ပါ အရှင်မ"