အခန်း ၅၈ နင် ရူးသွားမှာစိုးလို့ပါ
တကယ်လို့ သူမသာ အပြင်းအထန် ခုခံချင်တယ်ဆိုရင် ဓားကို တိုက်ရိုက်ဆွဲထုတ်ပြီး တိုက်ခိုက်မှာ သေချာသည်။
သို့သော် ရဲ့ချန်းလျန်၏ ရင်ထဲက အသံကတော့ အလွန်အမင်း ခုခံနေဖို့ မလိုကြောင်း သတိပေးနေသယောင် ရှိ၏။
ဒီလူယုတ်မာက ရောင့်ရဲလွယ်ပါတယ် သူက ငွေလည်းမမက်.အာဏာလည်းမမက်ဘူး။ သူ့ကို ဧကရာဇ်ဘွဲ့ ပေးထားပေမဲ့ ဘယ်တုန်းကမှ ရမ်းကားတာမျိုး ဗိုလ်ကျတာမျိုး မလုပ်ခဲ့ဘူး။
သူမ ကိုင်တွယ်ရမယ့် ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးတွေကိုတောင် ကူညီပေးသေးတာ။ သူ့ကို အနမ်းတစ်ချက် ပေးလိုက်ရတာက ဘာများ အရေးကြီးလို့လဲ။ ကိုယ့်ကိုယ်ကိုယ် သက်သာအောင် လုပ်ပေးတယ်လို့ပဲ သဘောထားလိုက်လို့ မရဘူးလား။
သူ့ကို ကြိုက်တယ်လို့ ဝန်ခံခိုင်းတာလား။
အိမ်မက်တောင် မမက်နဲ့ နင့်ကို အနမ်းပေးတာက နင့်ကို ထိန်းချုပ်ဖို့ ငါ့အတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးဖို့ပဲဒါအကုန်ပဲ
ဒါပေမဲ့ စောစောက သူမ သူ့ကို တွန်းမထုတ်နိုင်ခဲ့ဘူး အခုတော့ ပိုပြီးတော့တောင် တွန်းမထုတ်နိုင်တော့ဘူး။
နှုတ်ခမ်းချင်း စထိချိန်မှာတော့ သူမကိုယ်သူမ ထိန်းချုပ်နိုင်ပါသေးသည်။ အနမ်းတစ်ချက်က ဘာများ ခက်ခဲလို့လဲ ခဏတာ ထိတွေ့မှုပဲလေ။ ဒါပေမဲ့ ဒုတိယအကြိမ်မှာတော့ သူမရဲ့ ဦးနှောက်က ဗလာဖြစ်သွားပြီး အသိစိတ်တွေ အကုန်လွင့်စင်ကုန်တော့သည်။
သူမက အခုမှနိုးတာလေ ခေါင်းက မကြည်သေးတဲ့အထဲ ချူနင်က သူမကို ဖိပြီး နမ်းလိုက်တာ။ မူလက ခုခံချင်သော်လည်း သူမ၏ ခန္ဓာကိုယ်ကအားအင်တွေ ကုန်ခမ်းသွားရသည်။
အထူးသဖြင့် ချူနင်က သတ္တိရှိရှိနဲ့ လျှာပါ သုံးလာတဲ့အခါမှာတော့ သူမရဲ့ အသိစိတ်တွေကို ဘယ်လိုမှ ပြန်မစုစည်းနိုင်တော့ဘဲ အလိုလိုက်မိသွားတော့သည်။
နတ်ဘုရားရနံ့ကိုတောင် မနှိမ်နင်းနိုင်တော့ပေ လေထုထဲတွင် ထူးခြားသော ရနံ့တစ်ခု ပျံ့လွင့်လာသည်။
ချူနင် မှတ်မိသည် အားလုံးကို မှတ်မိသည်။
ဤရနံ့သည် အလွန် ဆွဲဆောင်မှုရှိသည်။ ထိုစဉ်က ချူနင်မှာ လုံးဝ မခုခံနိုင်ဘဲ ရဲ့ချန်းလျန်၏ အခွင့်ကောင်းယူခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။
သို့သော် ယခုမူ သူ၏ကျင့်စဉ်က ပိုမြင့်နေပြီဖြစ်ရာ ဤရနံ့၏ ဆွဲဆောင်မှုမှာ ချူနင့်ကို မထိခိုက်နိုင်တော့ပေ။
သို့သော် ရနံ့ကို ထုတ်လွှတ်နေသော ရဲ့ချန်းလျန်ကိုယ်တိုင်မှာမူ သူမ၏ ဦးနှောက်က ထိန်းချုပ်မှုအောက်မှာ မရှိတော့ပေ။
သူ့ရဲ့အမြင်မှာတော့ ဒီလောက် မာနကြီးပြီး အေးစက်တဲ့ အမျိုးသမီးက တစ်ခါမှ ဒီလို တက်တက်ကြွကြွ မရှိခဲ့ဖူးဘူး။
ချူနင့်ရဲ့ လည်ပင်းကိုတိုက်ရိုက် ဖက်တွယ်ထားပြီး သူမရဲ့မျက်လုံးတွေက ရီဝေနေကာ တိုက်စစ်က ချူနင့်ထက်တောင် ပိုပြင်းထန်နေသေးသည်။
သာမန်အချိန်မှာ ကိုယ့်ကိုယ်ကိုယ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အမျိုးသမီးတွေက အထိန်းအကွပ်မဲ့သွားတဲ့အခါမှာ ပိုပြီးတော့ သိသာထင်ရှားလှသည်။
ချူနင်လည်း အဲဒီခံစားချက်ကို အပြည့်အဝ နားလည်သွားသည်။
ကဲ... မင်းက တက်ကြွနေမှတော့ ကိုယ်လည်း အားနာမနေတော့ဘူး။
ချူနင်က သူ၏ ပြစ်မှုကျူးလွန်မည့် လက်မသန့်တွေကို ဆန့်ထုတ်လိုက်သည်။
နမ်းနေတဲ့အချိန်မှာ နမ်းရုံပဲလား လက်က တစ်ခုခုကို မထိတွေ့ရင် မှားယွင်းနေမှာပေါ့။ ကိုယ့်ဇနီးကိုယ်ပဲ ဘာအားနာနေစရာ လိုလို့လဲ။
"အင်း... ဟင်း..."
ညည်းသံလေးတစ်ခုကြောင့် ချူနင်၏ အရိုးများပင် အရည်ပျော်မတတ် ဖြစ်သွားရသည်။
ယခုမူ သူသည် ပို၍ပင်အထိန်းအကွပ်မဲ့လာသည်။ လေထုထဲက ရနံ့က ပိုပိုပြင်းလာသည်။ ရဲ့ချန်းလျန်မှာလည်း လက်ရှိ အခြေအနေကို မတင်းတိမ်နိုင်တော့ဘဲ ချူနင့်လည်ပင်းကို ဖက်ထားရာမှ လက်ကို အောက်သို့ ရွှေ့လိုက်ပြီး တစ်ခုခုကို ရှာတွေ့သွားသည်။
ချူနင် တောင့်ခဲသွားပြီး ရုတ်တရက် သတိဝင်လာသည်။
သွားပြီ ငါ လွန်သွားပြီ ထင်တယ် ဒီအခြေအနေက တကယ်ကြီး အဆင်ပြေပါ့မလား။
လေးလနီးပါး ရှိနေပြီဆိုတော့ မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့ အဓိကက ဒီအခြေအနေမှာ ရဲ့ချန်းလျန်တစ်ယောက် တကယ်ကြီးရူးသွားမလားဆိုတာပင်။
တကယ်လို့ သူမသာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် ပြဿနာအကြီးကြီးပဲ ဗိုက်ထဲမှာ ကလေးနှစ်ယောက် ရှိနေတာလေ။
မလုပ်ခင်မှာတော့ သူမက ဘာမှပြောမှာ မဟုတ်ပေမဲ့ လုပ်ပြီးသွားရင်တော့။
တကယ်လို့ ကလေးတွေကို တစ်ခုခု ဖြစ်သွားရင် ရဲ့ချန်းလျန်ရဲ့ စိတ်ဓာတ်က တိုက်ရိုက် ပြိုလဲသွားမှာဖြစ်ပြီး သူမက တကယ့်ကို လူသတ်မိတော့မှာ သေချာသည်။
ချူနင်က ရဲ့ချန်းလျန်ကို ဖိထားလိုက်သည်။ လိုချင်တာ မရလိုက်သော အမျိုးသမီး၏ မျက်နှာမှာ ရဲတက်နေပြီး ချူနင့်ကို မကျေမနပ် ကြည့်နေသည်။
ဘာလို့လဲလို့ မေးခွန်းထုတ်နေသလိုပင်.သူမကိုယ်တိုင်တောင် ဂရုမစိုက်တာကို သူက ဘာလို့။
ဒါပေမဲ့ လက်ရှိ အခြေအနေမှာ ရဲ့ချန်းလျန်ရဲ့ ဦးနှောက်ကို ရမ္မက်တွေက စိုးမိုးနေတာ ရှင်းနေသည် နမ်းတာနဲ့ ထိတွေ့တာက လောက်ပေမဲ့ ဒီထက်ပိုပြီး ရှေ့ဆက်ဖို့ကတော့။
ချူနင် အသက်ပြင်းပြင်းရှူလိုက်သည်။ နန်းဆောင်အတွင်းက ရနံ့တွေ ရုတ်တရက် ပျောက်ကွယ်သွားသော်လည်း ရဲ့ချန်းလျန် ရှိနေသရွေ့တော့ ဒီရနံ့ကို အပြီးတိုင် မဖယ်ရှားနိုင်ပေ။ ရဲ့ချန်းလျန်က ပို၍ မကျေမနပ် ဖြစ်လာကာ လူးလွန့်ရုန်းကန်နေတော့သည်။
"လွှတ်... လွှတ်ပေးစမ်းပါ ဒီလိုကိစ္စမျိုးမှာ နင်လည်း အရှုံးမရှိပါဘူး"
ချူနင် အသက်ရှူလိုက်ရသည်။ သူကိုယ်တိုင်လည်း တော်တော်လေး စိတ်လှုပ်ရှားနေသော်လည်း နောက်ဆက်တွဲကို ထည့်တွက်ရမည်။
ဒီအမျိုးသမီးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားချင်တာလဲဆိုတာ မဆန်းတော့ပါဘူး သူကိုယ်တိုင်တောင် ဒီသော့ကို မဖွင့်ရဲဘူးလေ။ ဒီခန္ဓာကိုယ်က အရမ်းကို အစွမ်းထက်လွန်းတယ် သူတောင် မထိန်းချုပ်နိုင်ဘူ။
ချူနင်၏ လက်ထိပ်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ရဲ့ချန်းလျန်၏ မျက်မှောင်ကြားကို တိုက်ရိုက် ထောက်လိုက်သည်။
ရွှေရောင်အလင်းစလေး တစ်စက်နှင့်တင် ကမ္ဘာလောကကြီးမှာ ပြန်လည် ကြည်လင်သွားတော့သည်။
ရုတ်တရက်ဆိုသလို မငြိမ်မသက်ဖြစ်နေသော၊ မတင်းတိမ်နိုင်သော ရင်ထဲက ဝေဒနာများမှာ ချက်ချင်း ငြိမ်သက်သွားသည်။ ၎င်းသည် စိတ်အေးဂါထာတွေထက်ပင် ပို၍ ထိရောက်လှသည်။
ရဲ့ချန်းလျန်၏ မျက်လုံးများ ပြန်လည် ကြည်လင်လာပြီး ရနံ့များလည်း ပျောက်ကွယ်သွားတော့၏။
ချူနင်က ရဲ့ချန်းလျန်ကို ငုံ့ကြည့်လိုက်သည်။ "အခု ဘယ်လို ခံစားရလဲ"
ရဲ့ချန်းလျန် ခဏမျှ ကြောင်နေသည်။ သူမ၏ ဦးနှောက်ထဲတွင် စောစောက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် မြင်ယောင်လာသောအခါ မျက်နှာမှာ ရဲတက်လာပြီး ချူနင့်ကို တွန်းထုတ်လိုက်သည်။ အနီးနားက ဓားရှည်မှာလည်း အလိုအလျောက် အိမ်ထဲမှ ထွက်လာတော့သည်။
"ချူနင်.နင် ငါ့ရဲ့သိက္ခာကို ဖျက်စီးလိုက်ပြီ"
ထိုဓားက ချူနင့်လည်ပင်းကို တိုက်ရိုက် ထောက်ထားသည်။ အမျိုးသမီး၏ မျက်နှာမှာ ရှက်စိတ်နှင့် ဒေါသတို့ကြောင့် နီမြန်းနေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။
အသိစိတ် မကြည်လင်တာက မှတ်ဉာဏ်မရှိတာ မဟုတ်ဘူးလေ သူမကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့တာ ချူနင့်ကို ပြန်နမ်းမိတာတင်မကဘဲ တစ်ခုခုကို လှမ်းကိုင်မိတာကို ပြန်တွေးမိတော့ သူမ သေချာပေါက် သေချင်သွားသည်။
ပြီးတော့ ချူနင်ဆိုတဲ့ လူယုတ်မာရဲ့ လက်တွေကလည်း မရိုးမသားနဲ့။ အဝတ်အစားပေါ်ကနေ ထိတာဆိုရင် တိုက်ဆိုင်မှုလို့ သဘောထားလို့ ရသေးတယ် အခုက အထဲကိုပါ လက်နှိုက်တာ။
အဆိုးဆုံးကတော့ အားလုံး အတူတူ သေလိုက်ကြဖို့ပဲ။ ရဲ့ချန်းလျန်မှာတော့ သိက္ခာတွေ အကုန်ပြိုလဲပြီး အလွန်အမင်း ရှက်ရွံ့နေရှာသည်။
ချူနင်က ဒီလိုဖြစ်လာမယ်ဆိုတာ ခန့်မှန်းထားပြီးသားပါ။ တကယ်လို့ ရဲ့ချန်းလျန်မှာ ကလေးမရှိဘူးဆိုရင် သူ သေချာပေါက် ရှေ့ဆက်မှာပါ။
အဲဒီအချိန်ကျရင် ကုတင်ပေါ်မှာ အားလုံး အဝတ်မပါဘဲ လှဲနေကြမှာဖြစ်ပြီး ဘာမှပြောစရာ မရှိတော့ဘူး။ အလွန်ဆုံးရှိလှ စီးကရက်တစ်သောက်သောက် ခဏ ငြိမ်နေပြီးမှ အဝတ်အစားဝတ်ပြီး ထွက်သွားရုံပဲ။ ဒါပေမဲ့ အခုက အခြေအနေ မပေးဘူးလေ။
ဒါပေမဲ့ ချူနင်မှာ အဖြေမရှိဘဲ နေပါ့မလား။
"နင်ကိုယ်တိုင် မထိန်းချုပ်နိုင်တာလေ ငါ့အပြစ် မဟုတ်ဘူး"
ရဲ့ချန်းလျန် ဆွံ့အသွားသည်။ သူမက သူ့ကို သတ်ချင်နေပြီး ဆဲဆိုတော့မည့်အချိန်မှာ ချူနင်က တိုက်စစ်ကို တိုက်ရိုက် ဆက်လိုက်သည်။
"ငါက နင့်ကို ကူညီပေးနေတာလေ ဒီထက်ပိုပြီး လွန်လွန်ကျူးကျူး ဘာမှ မလုပ်ခဲ့ပါဘူး"
"နင့်ရဲ့ ခန္ဓာကိုယ် ပြန်လည်ရိုက်ခတ်မှုကို ငါက နှိမ်နင်းပေးခဲ့တာ"
"ဒါတွေ အားလုံးက ကလေးတွေအတွက်ပဲ မဟုတ်ရင် ငါရှေးဆက်တာ ကြာလှပြီ"
ချူနင်က အလျှော့မပေးဘဲ ရဲ့ချန်းလျန်ကို ကြည့်နေသည်။ သူမမှာ တစ်ခွန်းမှ ပြန်မပြောနိုင်တော့ပေ။ ဒါပေမဲ့ဒါတွေအားလုံးက ချူနင် စနမ်းလို့ ဖြစ်ရတာ မဟုတ်လား။
"နင်သာ ငါ့ကို မနမ်းရင် ငါ ဘာလို့ ဒီလိုဖြစ်မှာလဲ"
"ဒါဆိုရင်လည်း ဘာလို့ ဒီလောက်အထိ အထိမခံ ဖြစ်နေရတာလဲ အနမ်းတစ်ချက်တည်းနဲ့ မထိန်းနိုင်တော့ဘူးလား"
သူမလည်း ဒီလိုမဖြစ်ချင်ပါဘူး ဒါပေမဲ့ ခန္ဓာကိုယ်က ဒီလို ဖြစ်နေတာကို။ ရဲ့ချန်းလျန်မှာ ရှက်လွန်း၍ မျက်နှာနီမြန်းနေပြီး ဘာပြောရမှန်း မသိတော့ပေ။ ချူနင့်ကိုလည်း ဓားနဲ့ မခုတ်ရက်သဖြင့် ဓားကိုဒေါသတကြီး ပစ်ချလိုက်တော့သည်။
"အေးပါ ငါ့အပြစ်တွေချည်းပဲ နင် ကျေနပ်ပြီလား"
ချူနင်က ပြုံးလိုက်ပြီး ရဲ့ချန်းလျန်ရဲ့ လက်ကို လှမ်းကိုင်ကာ ကျောကို ပွတ်ပေးရင်း ချော့လိုက်သည်။ "ချန်းလျန် အဲဒီလိုလည်း မပြောပါနဲ့ မင်း လောနေတာ ငါ သိပါတယ် ဒါပေမဲ့ မလောပါနဲ့ဦး"
ရဲ့ချန်းလျန်က ဒေါသတကြီး စိုက်ကြည့်သည်။
"လူယုတ်မာ ငါ့ကို မထိနဲ့ နင်က သူများ အခွင့်အရေးပဲ ယူတတ်တယ်"
"ငါသာ အခွင့်အရေး ယူတတ်တဲ့သူဆိုရင် အခုလို အနေအထားမျိုးမှာ ရှိနေမှာ မဟုတ်ဘူး"
ရဲ့ချန်းလျန်က သွားကြိတ်ပြီး ချူနင့်ကို ကြည့်ကာ"ဒီတစ်ခါတော့ ပြီးပါပြီ နောက်တစ်ခါကျရင်ရော နင်ကိုယ်တိုင် မထိန်းနိုင်ရင် ကလေးတွေ ဘယ်လိုလုပ်မလဲ။ နင်က သူတို့ကိုတောင် ဂရုမစိုက်ဘူးလား"
ချူနင် တကယ်ပဲ ပြန်ပြောချင်သွားသည်။
စကားမစပ် ကလေးတွေကို အရင်ဆုံး စဉ်းစားတာ ငါပါနော်
စောစောက မင်းက ဘာမှ ဂရုမစိုက်ဘဲ လုပ်နေတာလေ။
"ငါ ထိန်းခဲ့တယ် မဟုတ်လား"
"ဒါဆို ငါက နင့်ကို ချီးကျူးရဦးမှာလား"
ချူနင်က ရှက်ပြုံးလေး ပြုံးပြီး ခေါင်းကို ကုတ်လိုက်သည်။
"သေချာတာပေါ့ မင်း လိုချင်တယ်ဆိုရင်တော့"
"ချူနင်"
သူမ ချူနင့်ကို တကယ်ကြီး ရိုက်ထုတ်ပစ်ချင်သည်။ ဒါပေမဲ့ ဆန့်ထုတ်လိုက်တဲ့ လက်က ရိုက်လို့ မထွက်ဘူးလေ နောက်ဆုံးတော့ ချူနင့်ကို အားမပါတဲ့ လက်သီးလေးနဲ့ နှစ်ချက်လောက်ပဲ ထုလိုက်ရတော့သည်။
"နင် ငါ့ကို နောက်တစ်ခါ မနမ်းရဘူး"
"အဲဒါတော့ မရဘူးလေ ကိုယ့်ဇနီးကိုယ် မနမ်းရရင် ဘယ်လို လင်မယား ဖြစ်မှာလဲ"
ရဲ့ချန်းလျန်က ဓားကိုပြန်ကောက်လိုက်သည်။ "နမ်းရဲရင် နမ်းကြည့်လေ"
ပြောပြောဆိုဆိုနှင့် ချူနင်က မျက်လုံးလေး မှေးကာ ရှေ့သို့ တိုးလာသည်။
"တကယ်လို့ ငါ တကယ် နမ်းလိုက်ရင်ရော"
ရဲ့ချန်းလျန်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
သူမ အမြန် နောက်ဆုတ်လိုက်ရာ ကုတင်စွန်းအထိ ရောက်သွားပြီး ကုတင်ပေါ်မှာပဲ တွန့်လိမ်ရင်း ဓားကို ရမ်းနေတော့သည်။
"နင်... နင်... နင်... အနားမလာနဲ့ လာရင် ငါ တကယ် ခုတ်မှာ"
ချူနင်ကတော့ မျက်လုံးလေး မှေးကာ ပြုံးနေဆဲပင်။
"ဒီစကားက အတူတူပါပဲ နင်ခုတ်ချင်ရင် ခုတ်တာ ကြာလှပြီ။ နင် မခုတ်ရက်တာ မဟုတ်ဘူးလား"
"ချူနင် နင်က ကလေးတွေရဲ့ အဖေဆိုတဲ့ အဆင့်အတန်းနဲ့ ငါ့ကို ခြိမ်းခြောက်နေတာ။ ငါ နင့်ကို မသတ်ရဲဘူးဆိုတာ သိလို့ နင် ဒီလို လုပ်နေတာ"
"အဲဒီတော့ ဘာဖြစ်လဲ"
ရဲ့ချန်းလျန်က ဓားကို ပြန်ပစ်ချလိုက်ပြီး စောင်ကို ယူကာ ကိုယ့်ကိုယ်ကိုယ် ပတ်ထားလိုက်သည် မျက်နှာကတော့ ရဲတောက်နေဆဲပင်။
"နင်... တကယ် မလုပ်နဲ့နော် အဲဒီအခြေအနေမှာ ငါ တကယ် စိုးလို့မထိန်းနိုင်ဘူး တစ်ခုခု ဖြစ်သွားမှာ "
ချူနင်က နှုတ်ခမ်းကို တွန့်လိုက်သော်လည်း တစ်လက်မမှ နောက်မဆုတ်ပေ။ "ပြီးတော့ရော"
ရဲ့ချန်းလျန် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောရှာသည်။
"ငါ အဲဒီလို မပြောသင့်ပါဘူး ဒီကိစ္စက ငါနဲ့လည်း ပတ်သက်နေတာပဲ"
ချူနင်က ဆက်မေးသည် "ဒါဆို နောက်ကျရင် ငါ နင့်ကိုနမ်းလို့ ရမလား"
ရဲ့ချန်းလျန်မှာ ရှက်လွန်း၍ ပေါက်ကွဲထွက်တော့မတတ်ပင်။ သူက အရမ်းကို အရှက်မရှိလွန်းသည်။ ဒါပေမဲ့ သူမက ငြင်းလိုက်ရင် သူက အတင်းအကျပ် လုပ်မှာကိုလည်း ကြောက်နေရသည်။ သူမက ကျင့်စဉ် ပိုမြင့်ပါလျက်နဲ့ ဘာလို့ သူ့ကို ပြန်မတိုက်နိုင်ရတာလဲ။
"ရမလား မရဘူးလား မရဘူးဆိုရင် ငါ အခု နမ်းလိုက်မှာနော်"
မရဘူးလို့ ပြောရင် နမ်းလို့ မရဘူးလေ။
ရဲ့ချန်းလျန် အမြန်ပြောလိုက်သည် "ရတယ်... ရတယ်... ရတယ်... ဟုတ်ပြီလား"