အခန်း ၅၇ တကယ် စိတ်မပါတာဆိုရင် ဘာလို့ ငါ့ကိုတွန်းမထုတ်တာလဲ
ကမ္ဘာလောကတစ်ခုလုံးတွင် ကောင်းကင်နှင့် မြေကြီး၏ အစွမ်းထက်လှသော စွမ်းအင်များ ဖုံးလွှမ်းသွားတော့သည်။
၎င်းသည် အစွမ်းထက်လှသော တည်ရှိမှုများစွာ၏ လာရောက်ချောင်းကြည့်ခြင်းကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ချောင်းကြည့်ရန် ကြိုးစားသူတိုင်းမှာမူ မိမိတို့၏ ဝိညာဉ်အာရုံကို ပြန်လည်ရိုက်ခတ်ခံလိုက်ရသည်။
ဧကရာဇ်တစ်ပါးထက် မလျော့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဤလောကတွင် ပေါ်ထွန်းလာပြီ။ ကောင်းကင်နှင့် မြေကြီးကြားတွင် ခုနစ်ရောင်ခြည် အလင်းတန်းများမှာ အလွန်ပင် တောက်ပလှသည်။
သို့သော် ထိုလှပမှုနောက်ကွယ်တွင် ကြီးမားသော အန္တရာယ်များ ကိန်းအောင်းနေ၏။
ရှောင်ပင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားသည်။
ကိုးထပ်ကောင်းကင်ဘုံ မိုးကြိုးဘေးဒုက္ခ
သူမ ဒါကို သိသည်။ လောကမှာ အစွမ်းထက်ဆုံးသူတွေ အဆင့်တက်လှမ်းတဲ့အခါမှာ မိုးကြိုးဘေးဒုက္ခ ပေါ်လာတတ်ပြီး ဒီကိုးထပ်ကောင်းကင်ဘုံ မိုးကြိုးဆိုတာကတော့ ကောင်းကင်ဘုံ ဖန်တီးမှုရဲ့မိုးကြိုး ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အစစ်မှန်ဆုံး စွမ်းအင်ပဲ ဖြစ်သည်။
ချူနင်၏ လက်ထဲက အနက်ရောင် သံတုံးမှာ မိုးကြိုးများ၏ သွန်းလုပ်ခြင်းကို ခံနေရပြီး သူသည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ မိုးကြိုးများကို ခုခံကာ သံတုံးကို ပုံဖော်နေခြင်း ဖြစ်သည်။
ဤမျှ နီးကပ်သော အကွာအဝေးတွင် ကောင်းကင်နှင့် မြေကြီးမှာ ကမောက်ကမ ဖြစ်နေသော်လည်း ချူနင်မှာမူ ဘာတုံ့ပြန်မှုမှ မပြဘဲ ရှိနေသည်။ ရှောင်ပင်းပင်လျှင် ချူနင်၏ အကာအကွယ်ကြောင့် ဘာနှောင့်ယှက်မှုကိုမှ မခံစားရပေ။
ဧကရာဇ်မင်းမြတ်က ဓားတစ်လက်ကို သွန်းလုပ်နေတာပဲ။ သူက ကိုးထပ်ကောင်းကင်ဘုံ မိုးကြိုးတွေကို သုံးပြီး မိမိကိုယ်ကို သန့်စင်စေသလို ဓားကိုလည်း သွန်းလုပ်နေတာ ဖြစ်သည်။
ဤကုန်ကြမ်းပစ္စည်းမှာ ချူနင် အရင်က တိုက်ဆိုင်စွာ ရရှိထားခဲ့ခြင်း ဖြစ်သည်။
အောက်လောကမှာဆိုလျှင် လောကကြီး ပျက်စီးသွားမှာကို စိုးရိမ်သဖြင့် မသုံးခဲ့သော်လည်း ဤအထက်လောကမှာမူ အထက်လောက၏ ခံနိုင်ရည်မှာ အလွန်မြင့်မားသဖြင့် စိတ်ပူစရာ မလိုတော့ပေ။
သူ၏ လက်ထဲက သံတုံးမှာ မိုးကြိုးများ၏ ထုဆစ်မှုအောက်တွင် တဖြည်းဖြည်း ဓားပုံစံ ပေါ်လာပြီး ကောင်းကင်ဘုံလမ်းစဉ်၏ ပြင်းထန်လှသော စွမ်းအင်များကို ဓားကိုယ်ထည်ထဲသို့ အတင်းအကျပ် ထည့်သွင်းလိုက်သည်။
နက်နဲလှသော လမ်းစဉ်ပုံရိပ်များ ပေါ်ထွက်လာပြီး နောက်ဆုံးတွင် ကိုးရောင်ခြည် အလင်းတန်းများအဖြစ် ဓားပေါ်တွင် ခန့်ညားစွာ ခပ်နှိပ်လိုက်တော့သည်။
ကောင်းကင်နှင့် မြေကြီး ရုတ်တရက် တုန်ခါသွားပြီး ပိုမိုပြင်းထန်သော မိုးကြိုးအချက်ပေါင်း ရှစ်ဆယ့်တစ်ချက် ထပ်မံကျဆင်းလာကာ ဓား၏ နောက်ဆုံး အရည်အသွေးကို မြှင့်တင်ပေးလိုက်သည်။ ခဏအကြာတွင် မိုးကြိုးများ ပျောက်ကွယ်သွားတော့၏။
တောက်ပလှသော ဓားရှည်ကြီးမှာ အဆုံးမဲ့သော ဖိအားများကို ထုတ်လွှတ်နေပြီး ဧကရာဇ်အမှတ်အသားများ ခပ်နှိပ်ထားသော ဧကရာဇ်အဆင့် လက်နက်တစ်ခု မွေးဖွားလာပြီ ဖြစ်သည်။
ရှောင်ပင်းသည် သူမရှေ့က ဓားကိုကြည့်ကာ အံ့ဩလွန်း၍ ဆွံ့အနေမိသည်။
ဒါ... ဒါက ဧကရာဇ်မင်းမြတ်က မိဖုရားခေါင်ကြီးကို ပေးဖို့ရည်ရွယ်ထားတာပေါ့။
ကိုးထပ်ကောင်းကင်ဘုံ မိုးကြိုးနဲ့ သွန်းလုပ်ထားတဲ့ ဓား၊ ၎င်း၏ အဆင့်အတန်းမှာ သူမ နားလည်နိုင်သော အဆင့်ထက်ပင် ကျော်လွန်နေသည်။
"အရှင်မင်းကြီး ဒီဓားရဲ့ အရည်အသွေးက ဘယ်လိုလဲ"
"ဧကရာဇ်အဆင့် လက်နက်ပေါ့ လက်ရှိ ရှိနေတဲ့ ကုန်ကြမ်းတွေနဲ့ဆိုရင် ဒါက အကောင်းဆုံးပဲ။ ဒီထက်မြင့်ချင်ရင်တော့ ရှားပါးကုန်ကြမ်းတွေ လိုဦးမယ် ဒါပေမဲ့ အဲဒါက သိပ်တော့ မလွယ်ဘူး"
သူက မလွယ်ဘူးဟု ဆိုသော်လည်း တကယ်တမ်းမှာမူ လောကမှာ မရှိသလောက် ရှားသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ ဖန်တီးမှုကြောင့် တိုက်ဆိုင်မှ ပေါ်လာတတ်သည့် ပစ္စည်းမျိုး ဖြစ်ရမည်။ ဤအနက်ရောင် သံတုံးသည်ပင်လျှင် မြေကမ္ဘာအဆင့်လက်နက်များထဲတွင် အထွတ်အထိပ် ဖြစ်သည်။
"ဧကရာဇ်အဆင့် လက်နက်" ရှောင်ပင်း ငေးကြည့်နေမိသည်။ "ဒါနဲ့ ဝိညာဉ်ဓားကြားမှာ ကွာဟချက်က ဘယ်လောက်ရှိလဲ"
ချူနင် ခဏစဉ်းစားပြီး "ခန့်မှန်းခြေအားဖြင့်ငါနဲ့ နင့်ကြားက ကွာဟချက်လောက်ပေါ့"
ထိုအခါမှ ရှောင်ပင်း နားလည်သွားသည်။
ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက် ဧကရာဇ်မင်းမြတ်က ကိုးထပ်ကောင်းကင်ဘုံ မိုးကြိုးကို တိုက်ရိုက်ဆင့်ခေါ်ပြီး ဓားသွန်းနိုင်တယ်ဆိုရင် သူ့ရဲ့ အစွမ်းက ဒီဧကရာဇ်အဆင့် လက်နက်ထက် သေချာပေါက် ပိုမြင့်ရမည်။
ဧကရာဇ်ကြီးထက် သာလွန်တဲ့အဆင့်.မသေမျိုးဧကရာဇ်ဟင်းစားရုံနဲ့တင် ကျင့်စဉ်တက်နိုင်တယ်လို့ သူပြောခဲ့တာ မဆန်းတော့ပါဘူး။ မကြာသေးခင်က ဖြစ်ပျက်ခဲ့သမျှတွေဟာလည်း။ မေးခွန်းတွေရဲ့ အဖြေကို ရှာတွေ့သွားပါပြီ။
အရှင်မင်းကြီးက တကယ့်ကို စီနီယာကြီးပဲ
ဒါကိုမိဖုရားခေါင်ကြီးကို သေချာပေါက် ပြောပြရမယ် မိဖုရားခေါင်ကြီးလည်း ပျော်သွားမှာ သေချာတယ်။
ထိုအချိန်တွင် ချူနင်တစ်ခုခုကို သတိရသွားပြီး သူသတ်ခဲ့သော နဂါးစစ်စစ်၏ ဦးချိုကို အသာအယာ ချိုးယူကာ ဖြူဖွေးသော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲပြီး ရှောင်ပင်းထံ ပစ်ပေးလိုက်သည်။
"ဒါကိုပဲ အနီးစပ်ဆုံး သုံးထားလိုက်ပါဦး အခုလောလောဆယ်တော့ နင့်အတွက် လောက်မှာပါ"
ရှောင်ပင်း လှမ်းဖမ်းလိုက်သောအခါ ကြည့်ရဆိုးလှသော အရိုးဓားကြီး ဖြစ်နေသည်။
ကလေးတစ်ယောက် သစ်ကိုင်းချိုးထားသလိုမျိုး လုံးဝသာမန်ကာလျှံကာသာ ဖြစ်သည်။ မိဖုရားခေါင်ကြီးကို ပေးမည့်ဓားနှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြားနေသည်။
သို့သော် သူမ၏ ဝိညာဉ်အသိကို ဓားထဲ ထည့်သွင်းကြည့်လိုက်သောအခါ ရှောင်ပင်း ဆွံ့အသွားရသည်။
နတ်ဘုရားလက်နက်။
နဂါးစစ်စစ်ရဲ့ ဦးချိုကနေ အတင်းအကျပ် ပေါင်းစပ်ဖန်တီးထားတာပဲ။ တစ်လောကလုံးမှာ မြင့်မြတ်တဲ့ နယ်မြေသုံးခုကပဲ ဒါမျိုးကို ရနိုင်တာ။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ရှောင်ပင်း အရမ်းကို ဝမ်းသာသွားသည်။ သူမ အရှင်မင်းကြီးနဲ့အတူ လိုက်လာခဲ့တာ တကယ်ကို ကံကောင်းတာပဲ။
အရှင်မင်းကြီးက အပျော်သဘော လုပ်လိုက်တာတောင် အောက်လောကရဲ့ အထွတ်အထိပ် လက်နက် ဖြစ်နေတာကိုး။
"ဘယ်ဘက်ကမိုးကြိုး ညာဘက်ကမီး မိုးကြိုးနတ်မင်း ကူညီတော်မူပါ" ဆိုတာက အထူးဂါထာလား မိုးကြိုးကို ဆင့်ခေါ်နိုင်တာလား။ နောက်ဆိုရင် ဒီစကားကို သူမဘယ်တော့မှ မပြောမိအောင် နေရမည်။ သူမ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ။
ထိုအချိန်တွင် ချူနင် အချိန်တွက်ချက်ကြည့်လိုက်သည်။ ဓားသွန်းတာ မိနစ်သုံးဆယ် ကြာသွားပြီဆိုတော့ နာရီဝက် ကျန်သေးသည်။
သူက လက်ချောင်းလေးတွေကို လှုပ်ရှားလိုက်ပြီး ဝိညာဉ်အသိနဲ့ ကျင့်စဉ်တွေကို ပြန်လည်တွက်ချက်တော့သည်။ အထက်လောကမှာဆိုတော့ လောကကြီး ပျက်စီးသွားမှာကို စိုးရိမ်စရာ မလိုပေ။
၇၀ ရာခိုင်နှုန်းလောက် တွက်ချက်ပြီးသားဖြစ်တဲ့ ဓားကျမ်းကို အရှိန်အဟုန်နဲ့ ဆက်လက် တွက်ချက်သည်။
လမ်းစဉ်၏ အသံများ ပေါ်ထွက်လာပြီး ကျင့်စဉ်ပုံရိပ်များစွာ ကောင်းကင်မှာ ပေါ်လာသည်။ ဧကရာဇ်တစ်ပါး ကျင့်စဉ်သင်ကြားပေးမှသာ မြင်တွေ့ရမည့် ခန့်ညားလှသော မြင်ကွင်းမျိုး ဖြစ်သည်။
ဓားကျမ်းက အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပြီ။ ရဲ့ချန်းလျန်၏ နတ်ဘုရားရနံ့ ခန္ဓာကိုယ်နှင့်အတူ ပူးတွဲကျင့်ကြံနိုင်မည့် ဤဓားလမ်းစဉ်ကျမ်းကို ရက်အတော်ကြာ တွက်ချက်ခဲ့ရပြီး ယခုမှ ပြည့်စုံသွားခြင်း ဖြစ်သည်။
ချူနင်က ကျမ်းစာကို စစ်ဆေးကြည့်ပြီး အမှားအယွင်း မရှိတော့မှ သိမ်းဆည်းလိုက်သည်။
ထိုအချိန်တွင် ဟင်းလင်းပြင် ဧကရာဇ်၏ လူများ ရောက်ရှိလာသည်။
"စီနီယာ... စီနီယာ... တစ်နာရီ မပြည့်သေးပါဘူး ကျွန်တော်တို့ အားလုံး အဆင်သင့် ဖြစ်ပါပြီ"
စုတိန်ဖန်းက အသက်ကို ပြင်းပြင်းရှူရင်း သူပြင်ဆင်လာသော ဟင်းချက်စရာများကို တင်ဆက်လိုက်သည်။
စီနီယာ အလိုရှိတဲ့အတိုင်း အားလုံး ပြင်ဆင်ထားပါတယ်။ စီနီယာသာ အလိုရှိမယ်ဆိုရင် ဒါက ကျွန်တော်တို့ဟင်းလင်းပြင်လမ်းစဉ်ရဲ့ အဆက်အသွယ် ပြုလုပ်တဲ့တိုကင်ပြားပါ။
စီနီယာ အမိန့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ အားလုံး ဘာအကျိုးအမြတ်မှ မယူဘဲ အမြန်ဆုံး လုပ်ဆောင်ပေးပါ့မယ်
ဒီလိုအဆင့်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ ဆက်သွယ်ခွင့်ရခြင်းက သူတို့ရဲ့လမ်းစဉ်အတွက် အဆင့်တက်လှမ်းဖို့သော့ချက်ပဲ မဟုတ်ပါလား။ သူတို့ရဲ့ သဘောထားက မှန်ကန်နေဖို့ လိုသည်။ ချူနင်ကလည်း ဒါကိုသိရှိပြီးသားပါ။
"မင်းတို့ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ တိုကင်ကို ငါယူထားလိုက်မယ်"
"နောင်ကျရင် အလုပ်ရှုပ်အောင် လုပ်မိဦးမလား"
စုတိန်ဖန်းက အသည်းအသန် ခေါင်းယမ်းကာ "စီနီယာ့ကို လုပ်ကျွေးခွင့်ရတာ ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ အလုပ်ရှုပ်တယ်လို့ မယူဆရဲပါဘူး"
ချူနင် ပြုံးလိုက်ပြီး သူနှင့် ရှောင်ပင်း ပျောက်ကွယ်သွားတော့သည်။ လူအားလုံး သက်ပြင်းချနိုင်တော့၏။
လောကသားတွေရဲ့အမြင်မှာ ဧကရာဇ်ဆိုတာ အထွတ်အထိပ်ဖြစ်ပေမဲ့ အခုတော့ ဒီလောက်အထိရိုကျိုးနေကြရသည်။ ဘာလို့လဲဆိုတော့ ထိုပုဂ္ဂိုလ်က အရမ်းကို မြင့်မားလွန်းနေလို့ပင်။
......
ချန်ရှင်းနန်းဆောင်အတွင်း သူတို့ ထွက်ခွာသွားခဲ့သည့် နေရာသို့ ပြန်ရောက်လာသည်။ ရှောင်ပင်းမှာ အိမ်မက် မက်နေသလို ခံစားနေရဆဲပင်။
"မိဖုရားခေါင်ကြီး သိရင် သေချာပေါက် ပျော်မှာပဲ"
ချူနင်က ခေါင်းယမ်းလိုက်ပြီး ဟင်းချက်စရာတွေပါတဲ့ သိုလှောင်လက်စွပ်ကို ရှောင်ပင်းအား ပေးလိုက်သည်။
"မလိုပါဘူး သူမက သိတယ်လို့ ပြောထားပြီးသားပဲလေ"
ရှောင်ပင်း ခေတ္တ ငြိမ်သွားသည်။ ဒါဆို သူမ ပြောပြရမှာလား မပြောပြရဘူးလား ဒါပေမဲ့ မိဖုရားခေါင်ကြီး အဲဒီဓားကိုရတဲ့အခါကျရင် အားလုံးကို နားလည်သွားမှာပါ။
"အရှင်မင်းကြီး ကျွန်မသေချာပေါက် ကျင့်ကြံပြီး အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို ကူညီနိုင်အောင် ကြိုးစားပါ့မယ်"
ချူနင်က သူမကို သနားသလို ကြည့်ကာ "ထားလိုက်ပါတော့ နင်ကဟိုအဘိုးကြီး အဆင့်အထိ ကျင့်ကြံနိုင်ရင်တောင် ငါ့ကို သိပ်ကူညီနိုင်မှာ မဟုတ်ဘူး။ ချန်းလျန်ကိုပဲ ကောင်းကောင်း စောင့်ရှောက်ပေးပါ ကလေးမွေးလာရင် ကလေးကို ကူထိန်းပေးပေါ့"
ရှောင်ပင်းက စိတ်မပျက်ဘဲ ပြုံးလိုက်သည်။ ဧကရာဇ်မင်းမြတ်ရဲ့ အဆင့်က ဘယ်လောက်တောင် မြင့်နေသလဲဆိုတာကိုပဲ ပြနေတာ မဟုတ်လား။
ညရောက်သောအခါ ရဲ့ချန်းလျန် နိုးလာသည်။
"ဘယ်နှနာရီ ရှိပြီလဲ"
အပြင်မှာ မှောင်နေတာကို မြင်တော့ သူမ အံ့ဩသွားသည်။
"မဟုတ်သေးပါဘူး ဘယ်လိုဖြစ်လို့ မှောင်သွားရတာလဲ"
ရဲ့ချန်းလျန်က ချူနင့်ကို လှမ်းဆွဲပြီး ဒေါသတကြီး ပြောသည်။ "ငါ့ကို နှိုးပါလို့ ပြောထားတယ် မဟုတ်လား ငါကနင့်ကလေးရဲ့ အေဖတင် မဟုတ်ဘူး တာ့ချန်းအင်ပါယာရဲ့ ဧကရာဇ်မင်းမြတ်လည်း ဟုတ်တယ် ငါ ကိုင်တွယ်ရမယ့် ကိစ္စတွေ ဘယ်လောက်များလဲ နင်သိလား"
"ကိုယ် အားလုံးကိုင်တွယ်ပေးပြီးပါပြီ။ အားလုံးက အသေးအဖွဲကိစ္စတွေပါပဲ။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မယုံဘူးလား"
ရဲ့ချန်းလျန် ဆွံ့အသွားသည်။ သူမ တကယ် ဘာမှ ပြောစရာ မရှိတော့ပေ ဒါပေမဲ့ အစီရင်ခံစာတွေကို သူမကိုမပြဘဲ ချူနင်က တိုက်ရိုက် ကိုင်တွယ်လိုက်တာက သူမရဲ့ အာဏာကို သိမ်းလိုက်တာ မဟုတ်ဘူးလား။
ရဲ့ချန်းလျန် ခဏ ငြိမ်သွားသည်။ တကယ်ကြီးအဲဒီလို ဖြစ်နေတာပဲ ချူနင်က ဌာနကြီး ခြောက်ခုနဲ့ စစ်ရေး နိုင်ငံရေး အားလုံးမှာ ပါဝင်ပတ်သက်နေပြီ။
သူမက နာမည်ခံ ဧကရာဇ်ပဲ ကျန်တော့သည်။ သို့သော် ချူနင့်ကို ကြည့်လိုက်တော့ သူမ အကြောင်းပြချက်ကို နားလည်သွားသည်။
သူမ ဘာမှလုပ်နေဖို့ မလိုတော့ဘူး။
အေးအေးဆေးဆေး နားနားနေနေနဲ့ ကလေးကိုပဲ ကောင်းကောင်း မွေးမြူဖို့ ဒီလူယုတ်မာက တကယ့်ကို။
ရဲ့ချန်းလျန် ကုတင်ပေါ် ပြန်လှဲချလိုက်ပြီး လေသံက အနည်းငယ် မချိုမချဉ် ဖြစ်နေသည်။
"ကလေးမွေးလာရင်တော့ ငါ ဒီလို နားနားနေနေ နေရမှာ မဟုတ်တော့ဘူး ထင်တယ်"
ချူနင်က သူမရဲ့ လေသံထဲက မနာလိုမှုကို ချက်ချင်း သိလိုက်သည်။ သူမက သူလုပ်သမျှတွေက ဗိုက်ထဲက ကလေးအတွက်ပဲလို့ ထင်နေပြီး ကလေးမွေးပြီးရင် သူမကို ပစ်ထားမှာ စိုးရိမ်နေတာ မဟုတ်ပါလား။
ချူနင်က ပြုံးလိုက်ပြီး "မင်းက ကိုယ့်ကလေးကိုယ် ပြန်မနာလိုဖြစ်နေတာလား။ မမွေးခင်ကတည်းက ဒီလိုဆိုရင် မွေးပြီးရင် ကိုယ့်ကို နေ့တိုင်း ရန်တွေ့နေတော့မှာပေါ့"
ရဲ့ချန်းလျန်က ချူနင့်ကို စိုက်ကြည့်ကာ."ဘယ်သူက မနာလို ဖြစ်နေလို့လဲ နင်က နန်းတွင်းရေးတွေကို ငါ့ကို မပြဘဲ သဘောအတိုင်း လုပ်လို့ ပြောနေတာ"
ဒါပေမဲ့ ပြောပြီးတော့ သူမ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားပြီး လေသံက ပျော့သွားသည်။
"ပြီးတော့ ကလေးကြောင့်သာ မဟုတ်ရင် နင်က ဘာလို့ ဒီလိုတွေ လုပ်ပေးနေမှာလဲ။ နင်က ငါနဲ့ ယှဉ်ရင်"
သူမ စကားမဆုံးခင်မှာပင် သူမ၏ နှုတ်ခမ်းများ အပိတ်ခံလိုက်ရသည်။ ရဲ့ချန်းလျန်သည် သူမနှင့် အရမ်းနီးကပ်နေသော အမျိုးသားကို အံ့ဩစွာ ကြည့်နေမိသည်။ ဆဲချင်သော်လည်း မရ သူမ၏ ပါးစပ်က အပိတ်ခံထားရသည် မဟုတ်ပါလား။
"နင်... နင် ဘာလုပ်တာလဲ ငါ အခုမှ နိုးတာလေ"
ချူနင်က သူမကို လွှတ်ပေးလိုက်သောအခါ ရဲ့ချန်းလျန်က မကျေမနပ် ပြောသော်လည်း ချူနင်ကတော့ ရှက်သွေးဖြာနေသော အမျိုးသမီးကို ငုံ့ကြည့်ကာ"ကလေးက တာဝန်တစ်ခုပါ ဒါပေမဲ့ ကိုယ်တို့ နှစ်ယောက်က တကယ် ချစ်နေကြတာလေ"
"ဘယ်သူက နင့်ကို ချစ်နေလို့လဲ"
"ဒါဆိုရင် စောစောက ဘာလို့ ကိုယ့်ကို တွန်းမထုတ်တာလဲ"
ရဲ့ချန်းလျန်၏ မျက်နှာမှာ ရဲတက်သွားပြီး အသံတွေ တုန်ယင်နေသည်။
"ငါ... ငါက နင့်ကို ထိခိုက်မှာ စိုးလို့လေ နင်က"
"တွေ့လား... ကိုယ့်ကို ထိခိုက်မှာတောင် စိုးရိမ်ပေးနေတာပဲ အဲဒါ တကယ် ချစ်နေတာ မဟုတ်ရင် ဘာလဲ"
ရဲ့ချန်းလျန်သည် ချူနင်၏ စကားတွေကို လက်မခံချင်သော်လည်း သူမကိုယ်တိုင်လည်း ငြင်းဆန်ဖို့ ခက်ခဲနေသည်။ ချူနင်က ထွက်သွားမည့်ပုံမပြဘဲ သူမကို ထပ်မံ နမ်းလိုက်သောအခါ သူမ၏ တစ်ကိုယ်လုံးမှာ ပျော့ခွေသွားတော့သည်။
သူမ၏နှိမ်နင်းထားသောခန္ဓာကိုယ်မှာဤအချိန်တွင်ပြန်လည်နိုးထလာပြီးသူမကိုယ်တိုင်လည်းသူမ၏လုပ်ရပ်များကိုမထိန်းချုပ်နိုင်တော့ပေ။