အခန်း ၅၆ မိုးကြိုးနတ်မင်း ကူညီတော်မူပါ
အထက်လောက၏ လမ်းစဉ်ပြည်နယ် သုံးထောင်ကို လမ်းစဉ်မျိုးနွယ်ကြီး ဆယ်ခုက အုပ်ချုပ်ထားသည်။
လမ်းစဉ်မျိုးနွယ်တစ်ခုစီတိုင်းတွင် ကြီးကြပ်ကွပ်ကဲနေသော ဧကရာဇ်တစ်ပါးစီ ရှိကြ၏။
မြောက်ဘက်ဒေသ၏ ပြည်နယ်သုံးရာကို အမှန်တကယ် ထိန်းချုပ်ထားသူမှာ ဟင်းလင်းပြင်ဧကရာဇ်ပင် ဖြစ်ပြီး သူ့နောက်က ကျင့်ကြံသူများမှာလည်း သူ၏မျိုးဆက်များသာ ဖြစ်ကြသည်။
ယနေ့ မြောက်ဘက်ပင်လယ်ပြင်တွင် နဂါးစစ်စစ်တစ်ကောင် အသတ်ခံရသည့် ဖြစ်ရပ်မှာ ဤပုဂ္ဂိုလ်ကြောင့်သာ ဖြစ်နိုင်သည်ဟု သူ ယူဆထားသော်လည်း အသည်းအသန် လိုက်လာခဲ့ရာတွင် ထိုပုဂ္ဂိုလ်နှင့် တကယ်ကြီး ထိပ်တိုက်တွေ့လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
စုတိန်ဖန်းသည် ယခုအချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အသက်ရှူပင် မြန်နေပြီး ဘာစကားစရမှန်း မသိဖြစ်နေသည်။
"စီနီယာ... စီနီယာက ဧကရာဇ်ထက် သာလွန်တဲ့ အဆင့်မှာရှိနေတာလားခင်ဗျာ"
"ဧကရာဇ်ထက် သာလွန်တဲ့ အဆင့်ရှိသေးတယ်ဆိုတာ ကျွန်တော်မျိုး တစ်ခါမှ မတွေးဖူးခဲ့ပါဘူး အခုတော့ စီနီယာကို မျက်မြင်တွေ့ခွင့် ရပါပြီ"
ဤကဲ့သို့ တည်ရှိမှုမျိုးသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့ခြင်းဖြစ်ကာ သူတို့ကိုယ်တိုင်ထက်ပင် ပိုမိုရှေးကျပြီး ဤကမ္ဘာလောက၏ အစအဦးနှင့်ပင် ဆက်နွှယ်နေနိုင်ပေသည်။
တစ်ခါမှ မကြားဖူးခြင်းမှာ ပြဿနာမဟုတ်သော်လည်း ယခုမူ သူကိုယ်တိုင် မျက်မြင်တွေ့နေရပြီ မဟုတ်ပါလား။
ရှောင်ပင်းသည် သူမရှေ့က ပုံရိပ်များကို ကြည့်နေမိသည် ဟင်းလင်းပြင်လမ်းစဉ် ဆက်ခံသူဆိုလား။ သူမရှေ့က မည်သည့် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါမဆို အဖိုးဖန့်၏ အထွက်အထိပ် အဆင့်ထက်ပင် အပြတ်အသတ် သာလွန်နေသည်။
ဤလူများထဲက တစ်ယောက်ယောက်သာ တာ့ချန်းအင်ပါယာကို ရောက်လာမည်ဆိုလျှင် နိုင်ငံကို အလွယ်တကူ ဖျက်စီးပစ်နိုင်မည် ဖြစ်သည်။
သို့သော် ဤလူများကပင် ချူနင့်ကို...
ချူနင်၏ အမူအရာမှာ တဖြည်းဖြည်း မကျေမနပ် ဖြစ်လာပြီး အေးစက်သော အကြည့်ဖြင့် လူအားလုံးကို ဝေ့ကြည့်လိုက်သည်။
"မင်းတို့က... ငါ့ကိုလိုက်ကြည့်နေကြတာလား"
ထိုခဏ၌ ဧကရာဇ်ဖြစ်သော စုတိန်ဖန်းပင် ကျောရိုးထဲအထိ စိမ့်သွားပြီး ခေါင်းကို အသည်းအသန် ယမ်းကာ ငြင်းလိုက်သည်။
"မဟုတ်ရပါဘူး ကျွန်တော်မျိုးက စီနီယာကို ကြည်ညိုလွန်းလို့ပါ စီနီယာကနတ်ဘုရားနဂါးတစ်ကောင်လိုပဲ ခြေရာလက်ရာမပြဘဲ ပေါ်လာတတ်ပြီး အခုလို အချိန်မျိုးမှာပဲ တွေ့ခွင့်ရတာမို့ပါ ကြည်ညိုလွန်းလို့ ထွက်လာခဲ့မိတာပါ"
ကျန်တဲ့ ကျင့်ကြံသူများလည်း ခေါင်းကို ငုံ့ထားကြပြီး တစ်ခွန်းမှ မဟရဲကြပေ။
ချူနင်၏ မျက်လုံးများက မပြောင်းလဲဘဲ ရှေ့က အဘိုးအိုကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"အသက်တစ်ရှူစာ အချိန်ပေးမယ် မင်းကို မသတ်သင့်တဲ့ အကြောင်းပြချက်တစ်ခု ပေး"
ရှောင်ပင်း လန့်သွားပြီး အမြဲတမ်း သဘောကောင်းလှသော ချူနင့်ကို နားမလည်သလို ကြည့်လိုက်မိသည်။
ဘာလို့လဲ
ဟိုဘက်က ဘာမှလည်း မလုပ်ပါဘဲနဲ့ ဘာလို့ ဒီလိုပြောရတာလဲ။ တကယ်ဆိုရင် သို့သော် ထိုအဘိုးအိုမှာမူ သူ၏ သေနေ့စေ့နေပြီဟု ထင်မှတ်ကာ အသည်းအသန် ရှင်းပြတော့သည်။
"ကျွန်တော်မျိုး အနှစ်တစ်သောင်းကြာ အောင်းကျင့်နေတာပါ စီနီယာ့အတွက်ကြောင့်ပဲ အပြင်ကို ထွက်လာခဲ့တာပါ"
"အသက်သုံးပုံတစ်ပုံစာ အချိန်ပဲ ကျန်တော့တယ်"
အဘိုးအို၏ ကျောပြင်မှာ ချက်ချင်း အေးစက်သွားပြီး စကားကို အမြန်ပြောင်းပြောလိုက်သည်။ "စီနီယာရဲ့ နက်နဲတဲ့ ကျင့်စဉ်ကို ကြည်ညိုလွန်းလို့ပါ စီနီယာအပေါ် ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး ကျွန်တော်မျိုးက"
"အသက်တစ်ဝက်စာ ကျန်တော့တယ်"
ချူနင်၏ မျက်လုံးများထဲတွင် ရွှေရောင်မျက်ဆုံများ လင်းလက်လာပြီး ကောင်းကင်ဘုံ ဖိအားရုတ်တရက် ကျဆင်းလာသဖြင့် လူအချို့မှာ နေရာတင် ဒူးထောက်ကျသွားကာ ထိုအဘိုးအိုပင်လျှင် လုံးဝခုခံနိုင်စွမ်း မရှိတော့ပေ။
စုတိန်ဖန်းသည် သူ့ရှေ့က ပုဂ္ဂိုလ်၏ စိတ်ကို ဘယ်လိုမှ ခန့်မှန်း၍ မရပေ။ ဤမျှ အစွမ်းထက်သော တည်ရှိမှုမျိုးမှာ မည်သူမျှ ခန့်မှန်း၍ မရနိုင်သကဲ့သို့ ရုတ်တရက် လာရောက်တွေ့ဆုံခြင်းကို ရန်လိုမှုအဖြစ် မြင်နိုင်သည်မှာ သဘာဝကျပါသည်။ သို့သော် သူက ရည်ရွယ်ချက်ကို ရှင်းပြပြီးသားလေ။
မဟုတ်ဘူး သူကစီနီယာ့ကို လာချောင်းကြည့်တဲ့သူလို့ အမြင်ခံထားရတာပဲ ဒါကို ဖြေရှင်းဖို့ဆိုရင်ပိုကောင်းတဲ့ အကြောင်းပြချက်ပေးရမယ်။ စုတိန်ဖန်းသည် ရှောင်ပင်း၏ လက်ထဲက နဂါးရိုးတွင်းခြင်ဆီကို ချက်ချင်း မြင်သွားသည်။
"စီနီယာက နဂါးရိုးတွင်းခြင်ဆီကို ယူသွားတာဆိုတော့ သေချာပေါက် ဟင်းချက်ဖို့ ဖြစ်ရမယ်။ ကျွန်တော်မျိုးရဲ့ ဟင်းလင်းပြင်လမ်းစဉ်မှာ စီနီယာ့ကို လုပ်ကျွေးနိုင်တဲ့ ဧကရာဇ်အဆင့် စားဖိုမှူးတစ်ယောက် ရှိပါတယ်"
ဖိအားက လျော့မသွားသလို ချူနင်ကလည်း ဆက်မရေတော့ပေ စုတိန်ဖန်း ချက်ချင်းပင် အဖြေကို ရှာတွေ့သွားသည်။
ဟင်းချက်ဖို့ မဟုတ်ဘူး စီနီယာက ကိုယ်တိုင် ချက်နိုင်တာပဲ။ ဒါဆိုရင် ဟင်းချက်စရာ ရှာဖို့ပဲ ဖြစ်ရမယ်။
"ကျွန်တော်မျိုးက ဟင်းလင်းပြင်ဧကရာဇ်ပါ။ ဟင်းလင်းပြင်လောကထဲမှာ တခြားလောကတွေမှာ မရှိတဲ့ အရသာရှိလှတဲ့ ဟင်းချက်စရာတွေ အများကြီး ရှိပါတယ်"
စီနီယာ ဒီကိုနဂါးစစ်စစ် လာဖမ်းတာက ဟင်းချက်စရာအတွက်ပဲ ဖြစ်ရမယ် ဒီလို အသေးအဖွဲ ကိစ္စတွေကို ကျွန်တော်မျိုးကိုပဲ လွှဲပေးလိုက်ပါ။
ကျွန်တော်မျိုးက ကောင်းကင်ဘုံနဲ့ လောကအနှံ့က ဟင်းချက်စရာတွေကိုတင်မကဘဲ ဟင်းလင်းပြင်က သတ္တဝါတွေကိုပါ စီနီယာ့အတွက် ရှာပေးနိုင်ပါတယ်။
ထိုစကားကို ကြားသောအခါ ချူနင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဖိအားများ ချက်ချင်း ပျောက်ကွယ်သွားသည် သူ ခဏမျှ စဉ်းစားလိုက်သည်။
"အခုချိန်မှာ ငါလည်း အချိန်နည်းနည်း လိုနေတာနဲ့ အတော်ပဲ"
ညနေမတိုင်ခင် ဟင်းချက်စရာတွေကို နန်းတော်ကို ပြန်ယူသွားရမည်။ သူကိုယ်တိုင်သွားလျှင် အချိန်မီသော်လည်း ဇနီးသည်အတွက် လက်ဆောင်ပြင်ဖို့ အချိန်ရတော့မည် မဟုတ်ပေ။ ညစာကိုလည်း နောက်ကျလို့မဖြစ်သလို ကလေးကလည်း ရှိသေးသည် မဟုတ်ပါလား။
ထိုအခါမှသာ လူအနည်းငယ်မှာ ဘေးဒုက္ခမှ လွတ်မြောက်သွားသလို သက်ပြင်းချနိုင်တော့သည်။ သို့သော် သူတို့ စကားမပြောရသေးခင်မှာပင် စာရင်းတစ်ခု သူတို့ရှေ့သို့ ရောက်လာသည်။
နဂါးအရိုးနှင့် ခြင်ဆီ၊ ရှေးဟောင်းနတ်ဘုရား ဖီးနစ်ငှက်၏ ပေါင်သား၊ အရေခွံဆုတ်ထားသော နူးညံ့တဲ့အရိုးရှိသည့် ယုန်သားနှင့် တခြား အဖိုးတန် ဟင်းချက်စရာများစွာ ပါဝင်သည်။
ချူနင်က ပြုံးလျက် ရှေ့က အဘိုးအိုကို ကြည့်လိုက်သည်။
"တကယ်လို့ မင်းတို့ ဒါတွေကို အဆင်မပြေဘူးဆိုရင် ငါကိုယ်တိုင်ပဲ သွားလိုက်တော့မယ်"
အဘိုးအိုက လုံးဝ တွန့်ဆုတ်မနေပေ။
ဒီထဲမှာ ဖမ်းရ အခက်ဆုံးကတော့ သေချာပေါက် နူးညံ့တဲ့အရိုးရှိတဲ့ ယုန်သားပဲ။
ဒါပေမဲ့ ဖမ်းလို့မရတာတော့ မဟုတ်ဘူး။ သူက ဧကရာဇ်အဆင့်လေ လမ်းစဉ်အဆင့်ရှိတဲ့ ယုန်တစ်ကောင်ကို သတ်ရတာက ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသလိုပါပဲ။ သို့သော် ထိုနေရာက တခြား ဧကရာဇ်တစ်ပါးရဲ့ နယ်မြေဖြစ်နေသည်။
ထားလိုက်ပါတော့။
တကယ်လို့သာ ဒီစီနီယာနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မယ်ဆိုရင် ဒါတွေက ဘာမှမဟုတ်ပါဘူး။
"စီနီယာ ခဏစောင့်ပါ ကျွန်တော်မျိုး အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"
"အင်း... တစ်နာရီ အချိန်ပေးမယ်။ အဲဒီအချိန်အတွင်း မလာနိုင်ရင်တော့ ပြန်မလာခဲ့နဲ့တော့"
"စီနီယာ စိတ်ချပါ"
အခွင့်အရေးတစ်ခု ရှေ့မှာဆိုလျှင် ဧကရာဇ်တစ်ပါးပင်လျှင် ဦးညွှတ်ရစမြဲ ဖြစ်သည်။ ဟင်းချက်စရာ ရှာရုံလေးတင်ပဲ မဟုတ်လား။ လူအားလုံး ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
ထိုအခါမှသာ ရှောင်ပင်း သတိဝင်လာပြီး ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်ကာ ချူနင့်ကိုတစ်ခုခု ပြောချင်သလို ကြည့်နေမိသည်။ ဧကရာဇ်မင်းမြတ်ရဲ့ အစွမ်းက တကယ်ကို ကြီးမားလွန်းသည် သူမ စိတ်ကူးထားတာထက်တောင် ပိုပြီးတော့ အဆမတန် ကြီးမားနေသည်။
အဲဒီအဘိုးအိုက ဟင်းလင်းပြင်ဧကရာဇ်ဟုတ်လား ဧကရာဇ်ဆိုတာ ဘယ်လိုအဆင့်မျိုးလဲ။ ဒါပေမဲ့ အဘိုးအိုရဲ့ စကားတွေအရ သူမ သိလိုက်ရသည်။
နဂါးစစ်စစ်တွေ နေထိုင်တဲ့ မြောက်ဘက်ပင်လယ်ပြင်က အဲဒီအဘိုးအို အုပ်ချုပ်တဲ့ နယ်မြေဖြစ်ရမယ် ပြီးတော့ ဒီကနဂါးတွေက နတ်ဘုရားအဆင့်ရှိကြတာ။
ဒီလူတွေရဲ့ တည်ရှိမှုက နဂါးတွေထက်တောင် ပိုမြင့်ရမယ် သူမအနေနဲ့ ဘယ်လိုမှ မှန်းလို့မရနိုင်တဲ့ ဧကရာဇ်ကြီးတွေပေါ့။
အဲဒီလိုလူမျိုးကိုတောင် စောစောက အရှင်မင်းကြီးက စိတ်မကြည်လို့ဆိုပြီး သတ်ပစ်တော့မလို့။ သူမ ခံစားရတာက အရှင်မင်းကြီးက အရင်နဲ့ မတူတော့သလိုပဲ အရမ်းအေးစက်ပြီး အရမ်းဝေးကွာနေသလိုပဲ။
ရှောင်ပင်းက စကားစဖို့ တွန့်ဆုတ်နေသည်။ ချူနင်က သူမကို ကြည့်ကာ"ဘာဖြစ်လို့လဲ ငါ့ကျင့်စဉ်က အရမ်းမြင့်ပါတယ်လို့ ပြောပြီးသားလေ ဒါက ဘာအံ့ဩစရာ ရှိလို့လဲ"
ရှောင်ပင်း ခဏမျှ ငြိမ်သက်သွားပြီးမှ ခေါင်းကို အသည်းအသန် ယမ်းလိုက်သည်။
"ကျွန်မမျိုးမခံစားရတာက အရှင်မင်းကြီးရဲ့ ကျင့်စဉ်က အရမ်းမြင့်လွန်းနေတယ် မိဖုရားခေါင်ကြီးထက်တောင် အများကြီး ပိုမြင့်နေတယ်လို့ပါ"
"ငါ ပြောပြီးသား မဟုတ်လား"
"ဒါပေမဲ့..."
ရှောင်ပင်း ဆက်မပြောရဲတော့ပေ ချူနင် ဒေါသထွက်မှာကို စိုးရိမ်မိသည်။ ဘာလို့လဲဆိုတော့ သူမက တစ်ခါမှ မယုံကြည်ခဲ့လို့ပါပဲ။
ချူနင်က သူ၏ လက်ထောက်လေးက စကားမပြောတော့ဘဲ သူမကိုယ်သူမ ကျွန်မမျိုးမလို့တောင် သုံးနှုန်းနေတာကို မြင်တော့ ကြောင်သွားသည်။
နင်က ငါ့ရဲ့လက်ထောက်လေ ဒီလိုကြီး လုပ်လို့မရဘူး။
"ဘာဖြစ်လို့လဲ ရှောင်ပင်း ဘာလို့ စကားမပြောတော့တာလဲ"
"ကျွန်မမျိုးမ ခံစားရတာက အရှင်မင်းကြီးက အရမ်းစိမ်းကားနေသလိုပဲ"
"ငါက အမြဲတမ်း ဒီလိုပဲ မဟုတ်လား"
"ဒါပေမဲ့... မိဖုရားခေါင်ကြီးနဲ့ ရှောင်ပင်းတို့ ရှေ့မှာဆိုရင် အရှင်မင်းကြီးက ဒီလိုမျိုး မဟုတ်ဘူးလေ အရှင်မင်းကြီးကို ကြည့်မရတဲ့ အဖိုးဖန့် ရှေ့မှာတောင်"
ချူနင်က လက်ဝေ့ယမ်းကာ သက်ပြင်းချလိုက်သည်။
"လူဆိုတာ လူတိုင်းအပေါ်မှာ အားကြီးတဲ့ ပုံစံမျိုးပဲ အမြဲပြနေလို့ မရဘူးလေ။ နင်ကြည့်ပါလား ချန်းလျန်ကသာမန်အချိန်မှာ အရှိန်အဝါ ကြီးပေမဲ့ ငါတို့နှစ်ယောက်တည်း ရှိချိန်မှာတော့ အရမ်းအလိုက်သင့်ရှိကြတာပဲ မဟုတ်လား"
ရှောင်ပင်း ခေတ္တမျှ ငြိမ်သွားသည်။ ချူနင်က ပြုံးလျက် ဆက်ပြောသည်။
"အလုပ်လုပ်တဲ့အခါ ဘယ်သူနဲ့ ဆက်ဆံနေရသလဲဆိုတာကို ထည့်တွက်ရတယ်။ ချန်းလျန်ဆိုရင် သူမက ငါ့ဇနီး ငါ့ကလေးရဲ့ အမေလေ ငါက ဘာပြောစရာရှိမှာလဲ"
"နင်ကလည်း ချန်းလျန်ရဲ့ လူဖြစ်သလို ငါတို့ ဆက်ဆံရေးကလည်း ကောင်းတယ် အဲဒါကြောင့် နင့်ကိုငါဘာမှပြောစရာ မလိုဘူး"
"အဖိုးဖန့်တောင်မှ သူ့စိတ်က နည်းနည်းဆိုးပေမဲ့ သူက မိဖုရားခေါင်ကြီးရဲ့လူပဲလေ"
"ကြင်နာမှုဆိုတာ ကိုယ့်ဘေးနားက လူတွေအတွက်ပဲ ထားရှိသင့်တာ။ အဲဒီလိုလူမျိုးတွေကမှ တကယ့်လူသားစစ်စစ်တွေပေါ့။ ချန်းလျန်ကလည်း ဒီလိုပဲ ငါလည်း ဒီလိုပဲမဟုတ်လား"
ထိုစကားကို ကြားသောအခါ ရှောင်ပင်း နားလည်သွားပုံရပြီး ချူနင့်ကို ကြည့်လိုက်သည်။
"ဒါဆိုရင်... အရှင်မင်းကြီး ကျွန်မက စကားတစ်ခွန်းမှားပြောမိရင်ရော စောစောက လူတွေလိုမျိုး ကျွန်မကို သတ်ပစ်မှာလား"
ချူနင်က အလေးအနက် ခေါင်းငြိမ့်ပြသည်။
"အဲဒီအချိန်ကျရင်တော့ နင့်အတွက် ဧကရာဇ်သင်္ချိုင်းမှာ နေရာကောင်းကောင်းလေး တစ်ခု ရွေးပေးပါ့မယ်"
ရှောင်ပင်း ငိုချင်သွားသည်။ "အရှင်မင်းကြီး ကျွန်မတမင်ပြောတာ မဟုတ်ပါဘူး ကျွန်မကိုတော့ မြေမမြှုပ်ပါနဲ့"
ဟာ... နောက်နေတာပါ နင်ကလည်း အဲဒီအဘိုးကြီးတွေက စကားတစ်ခွန်းမှ မပြောဘဲ ငါ့ရှေ့မှာ ရုတ်တရက် ပေါ်လာတာလေ။
သူတို့ ဘာကြံစည်နေလဲ ဘယ်သူသိမှာလဲ။ အဲဒီတော့ သူတို့ကို နည်းနည်း ခြောက်လိုက်တာက မမှားပါဘူး။
ရှောင်ပင်း ခေါင်းကို အသည်းအသန် ငြိမ့်ပြလိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။
အရှင်မင်းကြီးက သူမကို မြေမြှုပ်ဖို့ မရည်ရွယ်ဘူးဆိုတော့ စိတ်အေးသွားပါပြီ။
"ဒါဆိုရင် အရှင်မင်းကြီး... ဟိုနဂါးကြီးကိုရော ဒီအတိုင်း ထားခဲ့မှာလား"
"ငါက ဘာလို့ အဲဒါကြီးကို လိုချင်ရမှာလဲ။ အရေးကြီးဆုံးအပိုင်းက ငါ့လက်ထဲ ရောက်နေပြီပဲဥစ္စာ"
"ဒါပေမဲ့ အဲဒီနဂါးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလေ"
ချူနင်က နှုတ်ခမ်းကို တွန့်လိုက်ရင်း "နင်တို့ နေ့တိုင်းစားနေတာတွေက အဲဒီနဂါးအလောင်းထက် အများကြီး ပိုတန်ဖိုးရှိတာကို နင်မသိဘူးလား"
ရှောင်ပင်း ရုတ်တရက် ကြောင်သွားပြီး တစ်ခုခုကို ခန့်မှန်းမိလိုက်သည်။
"မိဖုရားခေါင်ကြီးနဲ့ ရှောင်ပင်းရဲ့ ကျင့်စဉ်တွေ တိုးတက်လာတာက အရှင်မင်းကြီး ချက်ပေးတဲ့ ဟင်းတွေကြောင့်ပေါ့"
သူမ သိလိုက်ပါပြီ တခြားသူတွေရဲ့ ကျင့်စဉ်က မတိုးတက်ဘဲ သူတို့နှစ်ယောက်တည်း ဘာလို့ တိုးတက်နေတာလဲဆိုတာပေါ့။
ကျင့်စဉ်တင်မကဘူး သူတို့ရဲ့ ပါရမီနဲ့ တခြားအချက်တွေကပါ အကြီးအကျယ် ပြောင်းလဲသွားတာ မဟုတ်လား။
"ဒါဆို ဒါတွေအားလုံးက အရှင်မင်းကြီးကြောင့်ပေါ့"
"နင်က ဘာထင်လို့လဲ"
"ဒီနေ့ နင်ခုတ်ထစ်ပစ်လိုက်တဲ့ ယုန်က အနှစ်တစ်သိန်း သက်တမ်းရှိတဲ့ ကိုယ်ပိုင်ဝိညာဉ်ခန္ဓာတောင်ကရရှိထားတဲ့ ယုန်အိုကြီးလေ။ အဲဒါက ဘယ်လောက် တန်ဖိုးရှိလဲ နင်သိလား။ နဂါးစစ်စစ် ဆယ်ကောင်နဲ့ ပေါင်းရင်တောင် အဲဒီယုန်ကို မမီဘူး"
ရှောင်ပင်း ဒီတစ်ခါတော့ တကယ်ကြီး ငိုချင်သွားပါပြီ။
"အရှင်မင်းကြီး ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး ကျွန်မက..."
ချူနင်က အရေးမစိုက်ဟန်ဖြင့် လက်ဝေ့ယမ်းလိုက်သည်။
"ရပါတယ် ဒီလိုသတ္တဝါတွေက ပေါက်ဖွားနှုန်း မြန်ပါတယ် မျိုးသုဉ်းမှာ မပူပါနဲ့။ အလွန်ဆုံးရှိလှ နောက်ကျရင် ငါတို့ကိုယ်တိုင် မွေးမြူလိုက်မှာပေါ့ အဓိကက ချန်းလျန် စားရတာ ကြိုက်ဖို့ပဲ"
ပြောပြီးနောက် ချူနင်၏ လက်ထဲတွင် သံတုံးအနက်ရောင်တစ်ခု ပေါ်လာသည်။ ရှောင်ပင်းသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"အရှင်မင်းကြီး ဒါကဘာလဲ"
"ချန်းလျန်အတွက် လက်ဆောင်လေ ဒီနေ့ နင့်ဓားကျိုးသွားတာကို မြင်တော့မှ ချန်းလျန်ကို အဲဒီလိုဓားမျိုး ပေးသုံးထားမိတာ ငါသတိရသွားတာ"
ပြောပြောဆိုဆိုဖြင့် ရွှေရောင်မိုးကြိုးတန်းကြီး တစ်ခု ကျဆင်းလာတော့သည်။
"ဘယ်ဘက်က မိုးကြိုး ညာဘက်ကမီး မိုးကြိုးနတ်မင်း ကူညီတော်မူပါ"
"ကိုးထပ်ကောင်းကင်ဘုံမိုးကြိုး... ဆင်းသက်စေ"