အခန်း ၅၃ အမှီသဟဲပြုမှုသို့
ရဲ့ချန်းလျန်၏စရိုက်မှာ အနည်းငယ် မာနကြီးရုံသာ ဖြစ်သော်လည်း သူမသာ အာရုံစိုက်ကြည့်မည်ဆိုပါက သူတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ ကြီးမားစွာ ပြောင်းလဲနေပြီဖြစ်ကြောင်း သတိပြုမိပေလိမ့်မည်။
ချူနင်သည် လက်ထဲတွင် ဟင်းချက်ဓားကို ကိုင်ဆောင်ထားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူ့ကို စောင့်ကြည့်နေသော အမျိုးသမီး၏ နှလုံးသားကို ဆုပ်ကိုင်ထားခြင်းပင် ဖြစ်သည်။
"ကျွန်မ နားမလည်တဲ့ အချက်အချို့ ရှိနေတယ်"
ဟင်းချက်စရာများကို ကျွမ်းကျင်စွာ ပြင်ဆင်နေသော ချူနင်ကရဲ့ချန်းလျန်ကို တစ်ချက်လှမ်းကြည့်ကာ နားမလည်နိုင်သလို မေးလိုက်သည်။
"ဘာတွေလဲ"
ရဲ့ချန်းလျန်သည် မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် မီးတောက်များကို စိုက်ကြည့်နေသည်။
"ဘာလို့ တာ့ကျိုးအင်ပါယာက ငါတို့တာ့ချန်းနဲ့ ပူးပေါင်းချင်ရတာလဲ" ချူနင်က ဘာမှမဟုတ်သလို ပြန်ဖြေသည်။
"အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့အချက်ပဲ မဟုတ်လား မိန်းမဘက်က ဖိအားတွေ ခံစားနေရလို့ မပူးပေါင်းချင်ဘူးလား"
"ဒါက အရမ်းကို အကျိုးရှိတဲ့ ကိစ္စပါ။ တာ့ကျိုးက ကမ်းလှမ်းတဲ့ အရင်းအမြစ်တွေက ငါတို့နိုင်ငံရဲ့ ဆယ်စုနှစ်ချီစာ အရင်းအမြစ်တွေနဲ့ ညီမျှနေတာပဲ ဘာလို့ မပူးပေါင်းဘဲ နေရမှာလဲ"
"ဒါဆိုရင်ပြီးတာပဲ မဟုတ်လား"
ရဲ့ချန်းလျန်သည် မျက်မှောင်လေး အနည်းငယ်ကြုတ်ကာ ကျောက်ခဲလေးတစ်လုံးကို မီးထဲသို့ ပစ်ထည့်လိုက်ရင်း ဝေခွဲမရသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေ့ ရှောင်ပင်းပြောတာက အဲဒါတွေအားလုံးက နင့်ကြောင့်ဆိုပဲ"
ချူနင်သည် ဟင်းချက်ဓားကို ချလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းကို ၄၅ ဒီဂရီ မော့လျက် ကောင်းကင်ကို ကြည့်လိုက်သည်။
"အဲဒါက သဘာဝပဲလေ ငါလို လောကလွန်ပညာရှင်တစ်ယောက် ရှိနေမှတော့ သူတို့က မဟာမိတ်ဖွဲ့ဖို့ အသည်းအသန် ကြိုးစားကြမှာပေါ့"
ရဲ့ချန်းလျန်သည် နှုတ်ခမ်းကို တွန့်လိုက်ပြီး နဖူးကို လက်ဖြင့် ပွတ်လိုက်မိသည်။
"ငါလည်း ဘယ်လိုတွေ ဖြစ်ကုန်တာလဲ မသိဘူး နင့်စကားကို တကယ်ကြီး ယုံမိတော့မလို့"
ချူနင်က အံ့ဩသွားဟန်ဖြင့် ကြည့်ကာ "ငါ့ပုံစံက ပညာရှင်နဲ့ မတူလို့လား"
နင့်ပုံစံက လမ်းဘေးမှာ ဗေဒင်ဟောပြီး လူလိမ်နေတဲ့ လူလိမ်တစ်ယောက်နဲ့ ပိုတူတယ်
တကယ်တော့ ငါ့လိုလူမျိုးက ပညာရှင်နဲ့ မတူလေလေ ပိုပြီး နက်နဲလေလေပဲ။ ပညာရှင်ပုံစံ အရမ်းဖမ်းတဲ့သူတွေကမှ တကယ်တမ်းကျ အားနည်းတတ်ကြတာ
"ဟားဟား..." ရဲ့ချန်းလျန်က ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။ "ငါတော့ သိပ်မယုံဘူး"
ထိုသို့ပြောပြီးနောက် သူမသည် ချူနင့်ကို စိန်ခေါ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ စွမ်းဆောင်ပြလေဟု ပြောနေသကဲ့သို့ပင်။
ချူနင်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
"တွေ့လား ငါ့စားပွဲပေါ်က ဟင်းချက်စရာတွေက အဆင့်မြင့်ဟင်းချက်စရာတွေချည်းပဲ။ သာမန်လူတွေဆိုရင် ဒါတွေကို ဘယ်လိုမှ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ နင့်ယောက်ျားဖြစ်တဲ့ ငါကတော့ ဒါတွေကို ဟင်းသီးဟင်းရွက်လှီးသလိုပဲ အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ်"
ပြောပြောဆိုဆိုဖြင့် သူသည် အထူးပြုလုပ်ထားသော ဟင်းချက်ဓားကို ဆုပ်ကိုင်လိုက်ပြီး ခဏချင်းအတွင်းမှာပင် ဟင်းချက်စရာအားလုံးကို စနစ်တကျ ပြင်ဆင်ပြီးသွားတော့သည်။
ရဲ့ချန်းလျန်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဟင်းချက်ဓားကို ယူကာ စမ်းသပ်ကြည့်လိုက်သည်။
"ငါလည်း လှီးလို့ရတာပဲ အဲဒါကို နင်က ဘာပြောချင်တာလဲ"
ချူနင်က ရယ်မောလိုက်သည် "အဲဒါက နင်ကိုင်ထားတဲ့ဓားက သာမန်ဓား မဟုတ်လို့လေ။ အဲဒါကနတ်ဘုရားအဆင့် ပစ္စည်းတွေထဲမှာတောင် အမြင့်ဆုံးပဲ ငါကိုယ်တိုင် အပင်ပန်းခံပြီး သွန်းလုပ်ထားတာ။
အဲဒီဓားနဲ့ဆိုရင် ဟင်းလင်းပြင်ကိုတောင် ဖြတ်တောက်နိုင်သလို ကောင်းကင်နဲ့ မြေကြီးကိုပါ ခွဲပစ်နိုင်တယ် မယုံရင် ဝိညာဉ်စွမ်းအား ထည့်ကြည့်လိုက်လေ"
ထိုစကားကို ကြားသောအခါ ရဲ့ချန်းလျန်က ဓားကို ပြန်ပေးလိုက်သည်။
နင့်ရဲ့လိမ်ညာမှုကို ငါက ဖော်ထုတ်လိုက်သလို ဖြစ်မှာစိုးလို့ မစမ်းတော့ပါဘူး။
"တကယ် ပြောတာပါ စမ်းကြည့်ရင် သိမှာပဲ"
ရဲ့ချန်းလျန်က စိတ်ပျက်လက်ပျက်ဖြင့် "ထားလိုက်ပါတော့ နင်ပြောတာ မှန်ပါတယ်လို့ပဲ သဘောထားလိုက်မယ်"
ဝိညာဉ်စွမ်းအားဆိုသည်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် သာမန်ပစ္စည်းများက ခံနိုင်ရည် မရှိပေ။ ကျင့်ကြံသူများ၏ ဓားနှင့် လက်နက်များမှာ အဆင့်တစ်ခု ရှိနေမှသာ ခံနိုင်ရည် ရှိကြခြင်းဖြစ်သည်။
တကယ်လို့ သူမက စမ်းကြည့်ရင်းနဲ့ ဓားကျိုးသွားရင် သူမကပဲ ပြန်လျော်ပေးနေရဦးမည်။
"ငါတို့ လင်မယားကြားမှာ ဒီလို ယုံကြည်မှု ရှိတာ အကောင်းဆုံးပဲ ကဲ... ငါ ဟင်းသွားချက်တော့မယ်"
"အင်း"
ရဲ့ချန်းလျန်၏ စိတ်မှာ တည်ငြိမ်နေသည်။ ချူနင်၏ စကားများကို သူမ အံ့ဩမနေတော့ပေ ချူနင်၏ စရိုက်ကို သူမ အထိုက်အလျောက် နားလည်နေပြီ ဖြစ်သည်။
သူက စိတ်ကူးယဉ်တတ်ပြီး စကားအရမ်းများကာ နည်းနည်းတော့စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း အမြဲကြားနေရတော့လည်း အသားကျနေပြီ ဖြစ်သည်။ သူ မရှိလျှင်ပင် တစ်ခုခုလိုအပ်နေသလို ခံစားရတတ်သည်။
ဒါပေမဲ့ သူက ဒီလောက်အထိ အသေးစိတ် ပြောနိုင်တာကတော့ အနည်းငယ် ထူးဆန်းနေသည်။ နင့်ယောက်ျားက ပညာရှင်ဖြစ်နေတာက အရေးကြီးလို့လား တကယ်တော့ မအရေးကြီးပါဘူး။
သူမကိုယ်တိုင်က အခုဆိုရင် သူတော်စင် အလယ်အလတ်အဆင့်ကို ရောက်နေပြီဖြစ်ပြီး ကျင့်စဉ်တိုးတက်မှုကလည်း အရမ်းမြန်သည်။
နောက်ဆယ်နှစ်အတွင်းမှာ အနန္တအဆင့်ကို ရောက်သွားမည်ဆိုလျှင် အင်ပါယာကြီးငါးခုကြားမှာ သူမ အခိုင်အမာ ရပ်တည်နိုင်မည် ဖြစ်သည်။
ဒါကြောင့် ချူနင်ရဲ့ ကျင့်စဉ်အဆင့်က မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ သူမအတွက်တော့ အရေးမကြီးပေ။
သို့သော်လည်း ကောင်းကင်စောင့်ကြည့်ရေးအဖွဲ့က လူတွေကိစ္စနဲ့ ရုတ်တရက်ကြီး လက်ထပ်ဖို့ ဖြစ်လာတဲ့ ကိစ္စတွေကတော့ စဉ်းစားစရာ ဖြစ်နေတုန်းပင်။
ချူနင်ရဲ့ လိမ်ညာမှုတွေကို ဖော်ထုတ်ပြီး သူ့ရဲ့ မာနကို နင်းခြေလိုက်လို့ ရဲ့ချန်းလျန်အတွက် ဘာအကျိုးရှိမှာလဲ။ အလွန်ဆုံးရှိလှ သူတို့ကြားက ဆက်ဆံရေးပဲ ဝေးကွာသွားမှာပေါ့။
သူက ပြောချင်နေရင်လည်း ပြောပါစေတော့။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းနေတာပဲလေ ဒါကလည်း ပညာရှင်တစ်မျိုးပဲ မဟုတ်လား။
"ရှောင်ပင်း ကိစ္စကရော"
"ငါ နည်းနည်း လမ်းညွှန်ပေးလိုက်လို့ သူ အဆင့်တက်သွားတာလေ"
"နင့်ကြောင့်လား ဒါမှမဟုတ် ကံကောင်းလို့လား ရှောင်ပင်းရဲ့ ကျင့်စဉ်ကဒီရက်ပိုင်း အရမ်းမြန်နေတာ နင်လည်း သိသားပဲ"
"ငါ့ကြောင့် ဖြစ်ရမှာပေါ့ မဟုတ်ရင် သူ စတုတ္ထအဆင့်ကို ကျော်ဖြတ်ဖို့ နောက်ထပ် နှစ်နှစ် သုံးနှစ်လောက် စောင့်ရဦးမှာ"
ရဲ့ချန်းလျန်က တည်ငြိမ်စွာဖြင့်"အင်း... အဖိုးဖန့်က နင့်ဆီမှာ လမ်းညွှန်မှု လာတောင်းတာကို နင်ကဘာလို့ တစ်ခွန်းမှ မပြောခဲ့တာလဲ"
ချူနင်က နှုတ်ခမ်းကို တွန့်လိုက်ရင်း "ငါ့ရဲ့ လမ်းညွှန်မှုကို လူတိုင်းရထိုက်တယ်လို့ နင် တကယ် ထင်နေတာလား နင်ကတော့ ပြောစရာမလိုပါဘူး။ ရှောင်ပင်းက နင့်လူဖြစ်သလို ငါနဲ့လည်း ရင်းနှီးတာမို့လို့ ဒါကအသေးအဖွဲပါ"
ပြောရင်းနှင့် ချူနင်က ရဲ့ချန်းလျန်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် အမူအရာ ပြလိုက်သည်။
"အဲဒီအဘိုးကြီးက ငါ့ကိုမြင်တိုင်း ဘယ်လို မျက်နှာပေးမျိုး လုပ်လဲနင်သိလား သူ့ရဲ့ အဖိုးတန် ဂေါ်ဖီထုပ်လေးကို ငါကလာခိုးစားသွားသလိုမျိုး ကြည့်နေတာ။ ငါ့မှာရော လွယ်လို့လား အဲဒါကို သူ့ကို လမ်းညွှန်ပေးရမယ် ဟုတ်လား အဝေးကြီးမှာ သွားနေပါစေတော့"
ရဲ့ချန်းလျန်က ပြုံးလိုက်ပြီး ထိုကိစ္စကို ထားလိုက်တော့သည်။ ရှောင်ပင်း အဆင့်တက်သွားတာကိုလည်း တိုက်ဆိုင်မှုတစ်ခုလို့ပဲ သတ်မှတ်လိုက်သည်။
"အဖိုးဖန့် ဒီနေ့ လာတာက ငါ့ရဲ့ အစီအစဉ်ပါပဲ သူ နင့်ကိုတစ်ခုခု လုပ်ခဲ့သေးလား"
"ဘာလို့မေးတာလဲ နင်က ငါ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးမလို့လား"
"နင်က ငါ့ရဲ့ဧကရာဇ်မင်းမြတ်ပဲလေ ဒါက သဘာဝပဲ မဟုတ်လား" ချူနင်က ရယ်မောလိုက်သည်။
"နင်က ငါ့ဘက်က အမြဲကာကွယ်ပေးနေမယ်ဆိုရင်တော့ ငါ စိတ်အေးရတာပေါ့ ဒါဆိုရင်တော့ ငါလည်းနန်းမြို့တော်ထဲမှာ ကြိုက်သလို ရမ်းကားပြီး လူတွေကိုနှိပ်စက် မိန်းကလေးတွေကို ခိုးယူလို့ ရတာပေါ့"
"စမ်းကြည့်လေ"
"ထားလိုက်ပါတော့ နင့်နားမှာ နေရတာပဲ ကောင်းပါတယ် ဟုတ်သားပဲ နင့်ရဲ့ ဓားလမ်းစဉ်အတွက် ငါ နည်းနည်း လမ်းညွှန်ပေးလို့ ရတယ်။
ခဏနေရင် ငါ နင့်ကို ကျင့်စဉ်တစ်ခု ပေးမယ် နင် အခုကျင့်နေတဲ့ ကျင့်စဉ်ထက် အများကြီး ပိုကောင်းမှာ သေချာတယ် ငါကိုယ်တိုင် ဖော်ထုတ်ထားတာ"
"အင်း... ကောင်းပါပြီ"
ချူနင်ကတော့ ရဲ့ချန်းလျန်က သူ့ရဲ့စေတနာကို လက်ခံလိုက်ပြီလို့ ထင်ပြီး ဘာမှ ထပ်မတွေးတော့ပေ။
ရဲ့ချန်းလျန်ကတော့ ချူနင်တစ်ယောက် သူ့ကိုယ်သူ ပညာရှင်လို့ ထင်နေတဲ့ အိမ်မက်ထဲမှာ ပိုပိုပြီး နစ်ဝင်နေပြီလို့ပဲ မှတ်ချက်ချလိုက်သည်။
ဘာပြဿနာမှ မရှိသရွေ့ သူမ ဂရုမစိုက်တော့ပေ နင်က ပညာရှင်ပါလို့ ပြောနေရင်လည်း ပညာရှင်ပေါ့။
ဘေးနားမှာ ရပ်နေတဲ့ ရှောင်ပင်းကတော့ ပိုပိုပြီး စပ်စုချင်လာသည်။ သူမကို ပေးခဲ့တဲ့ ကျင့်စဉ်က တကယ်ကို မရိုးရှင်းဘူးလေ။ ဒါဆိုရင် မိဖုရားခေါင်ကြီးအတွက် ဆိုရင်ရော။
ဟုတ်တာပေါ့ ဧကရာဇ်မင်းမြတ်က ဒီကျင့်စဉ်ကို တခြားတစ်နေရာကနေ ရလာတာလည်း ဖြစ်နိုင်ပေမဲ့ ဒီလောက် အစွမ်းထက်တဲ့ ကျင့်စဉ်ကို ဘယ်မှာ သွားရှာမှာလဲ။
ပြီးတော့ အဲဒီ ဟင်းချက်ဓားကရော တကယ်ပဲ အစွမ်းထက်လို့လား။ ဧကရီကတော့ အပျော်သဘောပဲထင်နေတာ တကယ်ကြီး မစမ်းကြည့်တော့ဘူးလား။
မကြာခင်မှာပဲ ဟင်းတွေ ကျက်သွားပါပြီ။ ချူနင်က ဟင်းပွဲတွေကို နန်းဆောင်ထဲ သယ်သွားပြီး ရဲ့ချန်းလျန်ကလည်း ဘေးကနေ လိုက်သွားသည်။
"ရှောင်ပင်း နင် မလာဘူးလား"
ရှောင်ပင်း သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်။
"ခဏနေရင် လာခဲ့ပါ့မယ်"
မိဖုရားခေါင်ကြီးနဲ့ ဧကရာဇ်မင်းမြတ်က သူမကို တကယ်ပဲ မိသားစုဝင်လို ဆက်ဆံကြတာပဲ။ ထိုနှစ်ဦးကတော့ ဂရုမစိုက်ဘဲ အထဲသို့ ဝင်သွားကြသည်။
"နင် အကြိုက်ဆုံး ဟင်းပါတယ်။ နင် မစားရင် ချန်းလျန်က အကုန် စားပစ်လိမ့်မယ်"
"ငါ အချိုတွေသိပ်မကြိုက်ဘူး ရှောင်ပင်းအတွက်ပဲ ချန်ထားလိုက်ပါ"
သူတို့နှစ်ဦး၏ အသံများ ဝေးကွာသွားချိန်တွင် ရှောင်ပင်းသည် စပ်စုချင်စိတ်ဖြင့် ဟင်းချက်ဓားကို ကိုင်ကြည့်လိုက်သည်။ ဒါက အစစ်လား အတုလား ဒီဓားက တကယ်ပဲ အစွမ်းထက်လို့လား။
ဧကရာဇ်မင်းမြတ်က နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရပေမဲ့ စမ်းကြည့်လိုက်လို့ ဘာမှ မဖြစ်ပါဘူး။
ဒါကြောင့် ရှောင်ပင်းသည် ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည်။ သာမန်ကာလျှံကာ တည်ရှိနေသော ဟင်းချက်ဓားမှာ ဘာတုံ့ပြန်မှုမှ မရှိပေ။
ဟင် နည်းလမ်းမှားနေလို့လား ငါ ဝိညာဉ်စွမ်းအား ထည့်လိုက်တာပဲလေ
ရှောင်ပင်းသည် ဓားကို အသာဝေ့ယမ်းကြည့်သည်။ ဟင်းလင်းပြင်လည်း မကွဲအက်သွားသလို ဘာထူးခြားမှုမှ မရှိပေ။
သူမ ကျင့်ကြံထားတဲ့ ကောင်းကင်ဘုံ စွမ်းအားကို ထည့်ကြည့်တာတောင် ဘာမှ မထူးခြားပါဘူး။ ဒါက သာမန် ဟင်းချက်ဓား တစ်ခုပဲလေ။
သူမ ခဏလောက် အလိမ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဘယ်လိုလုပ် ဒါကို ယုံမိသွားတာလဲ။ သို့သော်လည်း ရုတ်တရက် ရှောင်ပင်း ကြောင်သွားသည်။
မဟုတ်သေးဘူး တကယ်လို့ ဒါက သာမန်ပစ္စည်းဆိုရင် ငါ့ရဲ့ စွမ်းအားအောက်မှာ အစောကြီးကတည်းက ကြေမွသွားရမှာလေ
ပြီးတော့ ငါအခုပဲ ထည့်လိုက်တာက ပြင်းထန်လှတဲ့ ကောင်းကင်ဘုံ စွမ်းအားလေ။
ဖြစ်နိုင်တာက သူမရဲ့ ကျင့်စဉ်အဆင့်က နိမ့်နေသေးလို့ ဒီလိုအဆင့်မြင့် ပစ္စည်းမျိုးကို မကိုင်တွယ်နိုင်တာများလား။
ရှောင်ပင်း၏မျက်လုံးများ ပြူးသွားသည်။ သူမသည် အခန်းထဲကို အမြန်ပြေးဝင်ပြီး သူမရဲ့ ကိုယ်ပိုင်ဓားကို သွားယူလိုက်သည်။
ဧကရာဇ်မင်းမြတ်က ပြောတယ် ဒီဟင်းချက်စရာတွေကို သာမန်လူတွေ မကိုင်တွယ်နိုင်ဘူးတဲ့။ သူမသည် အရေခွံဆုတ်ထားတဲ့ ယုန်တစ်ကောင်ကို ယူပြီး သူမရဲ့ ဝိညာဉ်ဓားနဲ့ လှီးကြည့်လိုက်သည်။ သို့သော်လည်း တောက်ပနေတဲ့ ယုန်သားက ဘာမှမဖြစ်ဘဲ ငြိမ်နေသည် ဓားနဲ့ လှီးလိုက်တာက သံတုံးကို လှီးနေရသလိုပဲ။
ရှောင်ပင်း၏ နှလုံးသား ထိတ်ခနဲ ဖြစ်သွားပြီး အသက်ပြင်းပြင်း ရှူလိုက်မိသည်။ တကယ်လို့ သူမ အစွမ်းကုန် သုံးပြီး တိုက်ခိုက်ရင်ရော။
ရှောင်ပင်းသည် သူမရဲ့ ဝိညာဉ်ဓားထဲကို ပဉ္စမအဆင့် စွမ်းအားတွေ အကုန်ထည့် ကောင်းကင်ဘုံ စွမ်းအားနဲ့ပါ ပေါင်းစပ်ပြီး အားကုန် လွှဲခုတ်လိုက်သည်။
ဂွပ်
သူမရဲ့ ဓားကျိုးသွားတာလား။
ငါ့ရဲ့ဝိညာဉ်ဓားလေး မိဖုရားခေါင်ကြီး ပေးထားတဲ့ ဝိညာဉ်ဓားလေး ကျိုးသွားပြီ။
ရှောင်ပင်းသည် ကျိုးသွားတဲ့ ဓားကို ကြည့်ရင်း ကြောင်နေမိသည် ပညာရှင်ဟုတ်မဟုတ်ဆိုတာထက် ယုန်သားကိုလှီးတာ ဘာလို့ ဓားကျိုးသွားရတာလဲ။ သူမ စိတ်ကို အမြန်ပြန်စုစည်းပြီး ဟင်းချက်ဓားကို ပြန်ကောက်ကိုင်လိုက်သည်။
ငါ မယုံဘူး ဒီယုန်သားမှာ ပြဿနာ ရှိနေတာ ဖြစ်ရမယ် ဒီဟင်းချက်ဓားကလည်း။
ဖတ်
တစ်ချက်တည်းနဲ့တင် ယုန်သားက နှစ်ခြမ်း ကွဲသွားတော့သည်။ ရှောင်ပင်း တစ်ကိုယ်လုံး ဆွံ့အသွားရသည်။
နောက်နေတာလား ဒီဟင်းချက်ဓားက တကယ်ပဲ သာမန်ဓား မဟုတ်ဘူးပဲ။
"မိဖုရားခေါင်ကြီး... မိဖုရားခေါင်ကြီး"
"ဧကရာဇ်မင်းမြတ်က တကယ်ပဲ လောကလွန်ပညာရှင်ကြီးပါ တကယ်ကြီးပါ"