အခန်း ၅၂ ငါသိသားပဲ နင်မဟုတ်ဘူးဆိုတာ
ချန်ရှင်းနန်းဆောင်အပြင်ဘက်တွင် နေပူဆာလှုံနေသော ချူနင်သည် ရုတ်တရက် တစ်ကိုယ်လုံး ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
ဘာဖြစ်တာလဲ
တစ်ယောက်ယောက် ငါ့အတင်းပြောနေသလိုပဲ။ တွက်ချက်ကြည့်ဦးမှ အော် ငါ့မိန်းမကိုး ဒါဆိုလည်း ကိစ္စမရှိပါဘူး။
ချူနင်သည် ဂရုမစိုက်ဘဲ ဆက်လက် အနားယူနေလိုက်သည်။ သူသည် သူ၏ ကျင့်စဉ်အဆင့်ကို ထုတ်ဖော်ပြသပြီး သူများကို လန့်အောင်လုပ်ရန် ရည်ရွယ်ချက်မရှိပေ။
သို့သော် လာမေးလျှင်တော့ အမှန်အတိုင်း ပြောပြမည်သာဖြစ်သည်။ မည်သူပင်လာပါစေ သူသည် မသေမျိုးဧကရာဇ် ဖြစ်ပြီး လောကလွန်ပညာရှင်တစ်ဦးဖြစ်ရာ ဖုံးကွယ်ထားရန် မလိုအပ်ပေ။
သို့သော်လည်း ချူနင်သည် ဆက်လက်လှဲလျောင်းနေစဉ် တစ်စုံတစ်ယောက် နီးကပ်လာသည်ကို အာရုံခံမိလိုက်သည်။
ဟင်းလင်းပြင်ကို ဖြတ်သန်းလာသည့် နည်းလမ်းဖြစ်သဖြင့် ဟင်းလင်းပြင်ဖောက်ထွင်းခြင်း အဆင့်ဖြစ်ရမည် ရဲ့ချန်းလျန်လား။
ချူနင်သည် ရဲ့ချန်းလျန်က သူ့ထံမှ လမ်းညွှန်မှုတောင်းရန် စိတ်အားထက်သန်စွာ ရောက်လာသည်ဟု ထင်ကာ စိတ်လှုပ်ရှားစွာ မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း မြင်လိုက်ရသည်မှာ ဒေါသတကြီး ဖြစ်နေသော အဘိုးကြီးတစ်ယောက်က သူ့ကို မလှမ်းမကမ်းမှ စိုက်ကြည့်နေခြင်းပင်။
ချူနင်သည် နှုတ်ခမ်းကိုတွန့်လိုက်ရင်း "အဘိုးကြီး ကျွန်တော် ဒီမှာနေပူဆာလှုံနေတာလေ မျိုးနွယ်စု စည်းကမ်းတွေကို ချိုးဖောက်တာမျိုး မလုပ်မိပါဘူးနော်"
ဖန့်ဟိုရန်သည် ထိုလူငယ်၏ ပေါ့ပျက်ပျက်နှင့် ဂရုမစိုက်သော အမူအရာကို ကြည့်ကာ စိတ်တိုသွားသည်။
"ဧကရီက မင်းကိုရဲ့မျိုးနွယ်ရဲ့ အဓိကကျင့်စဉ်ကို ပေးထားတာကို မင်းက ဘာလို့ မကျင့်တာလဲ"
"လောကလွန်ပညာရှင် တစ်ယောက်က ကျင့်စဉ်ကျင့်ဖို့ လိုသေးလို့လား ပြောရရင် ဧကရီတောင်မှ ကျွန်တော့်ရဲ့ ကျင့်စဉ်တိုးတက်မှု မြန်တာကို ချီးကျူးခဲ့သေးတယ်"
ချူနင်သည် ဓားဆန္ဒတစ်ခုကို အသာအယာ ထုတ်ဖော်ပြလိုက်သည်။
"ကြည့်စမ်း အခု တိုးတက်မှုကို ဘယ်လိုမြင်လဲ" ပြောပြီးနောက် သူသည် ကုလားထိုင်ပေါ်တွင် ပြန်လှဲကာ နေပူဆာ ဆက်လှုံနေလိုက်သည်။
ဟက် ဒါက အခြေခံအကျဆုံး ဓားဆန္ဒပဲ ရှိသေးတာပဲ ဒီလောက် အောင်မြင်မှုလေးနဲ့ မာနတက်နေတာလား ဧကရီကို အားမနာဘူးလား။
"ဘာလို့ အားနာရမှာလဲ အနည်းဆုံးတော့ ဧကရီရဲ့ မျက်လုံးထဲမှာ ကျွန်တော်က ကျင့်စဉ်ကျင့်တာမြန်တယ်လို့ ထင်နေတာပဲ အဲဒါက အဘိုးကြီးနဲ့ ဘာဆိုင်လို့လဲ"
အဘိုးအိုသည် ခဏမျှ စကားဆွံ့သွားသည်။ သူသည် လက်ပါချင်သော်လည်း ထိုကောင်လေး သေသွားမှာ စိုးရိမ်နေရသည်။
သို့သော် မြင်ရသည်မှာလည်း မျက်စိစပါးစပ် စောင်းလှသည်။ ဧကရီလို ပါရမီ အဆင့်အတန်း အရှိန်အဝါ အားလုံးနဲ့ ပြည့်စုံတဲ့သူက ဘာလို့ ဒီလိုလူမျိုးနဲ့ ဖူးစာဆုံရတာလဲ။
ကောင်းကင်ကြီးကတရားကို မစောင့်ဘူး
သူသည် နန်းတွင်းကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း ရဲ့မျိုးနွယ်ကို အနှစ်တစ်ရာကျော် အလုပ်အကျွေးပြုခဲ့ပြီး ရဲ့ချန်းလျန်ကို ကလေးဘဝကတည်းက ကြည့်လာခဲ့သူ ဖြစ်သဖြင့် လူကြီးတစ်ယောက်လို စိတ်ပူနေခြင်းဖြစ်သည်။
ချူနင်၏ မဖွယ်မရာ အမူအရာများကို မြင်ရသည်မှာ သူ့ကို တကယ်ပင် ဒေါသထွက်စေသည်။
သို့သော်လည်း အဘိုးအို လာရင်းရည်ရွယ်ချက်က ထိုသို့မဟုတ်ပေ။ သူသည် ချူနင်ပြောခဲ့သော လောကလွန်ပညာရှင် ဆိုသည့် စကားကို ပြန်ကောက်လိုက်သည်။
"ဟဲဟဲ လောကလွန်ပညာရှင် ဟုတ်လား ဒီနေ့ ရှောင်ပင်းဆီက ကြားလိုက်ရတာကတော့ မင်းရဲ့ လမ်းညွှန်မှုကြောင့် သူမအဆင့်တက်သွားတယ် ဆိုပဲ"
"အင်းလေ အဲဒါ ဘာဖြစ်လို့လဲ"
"ငါကတော့ ပါရမီမရှိပါဘူး အနှစ်ငါးရာ ကျင့်ကြံလာခဲ့ပြီး အခုတော့ သူေတာ်စင်အဆင့်ရဲ့အထွတ်အထိပ်ကို ရောက်နေပြီ အဆင့်တက်ဖို့ ဆံခြည်တစ်မျှင်စာပဲ လိုတော့တယ်"
သန်မာထွားကြိုင်းသော အဘိုးအိုသည် အလွန်နက်နဲသော အရှိန်အဝါကို ထုတ်ဖော်လိုက်ရင်း ချူနင့်ကို စိုက်ကြည့်နေသည်။
ဒုတိယလူကတော့ မျက်လုံးတောင် မဖွင့်ပေ။
"ဒါဆိုရင် အဘိုးကြီးက တကယ်ပဲ ပါရမီမရှိတာပဲ နောက်ထပ် အများကြီး ကျင့်ဖို့လိုသေးတယ်" ဖန့်ဟိုရန်မှာ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားသည်။
ကောင်လေး မင်းဘယ်လိုတောင် ရဲတင်းရတာလဲ မင်းက ဧကရာဇ်မင်းမြတ်ဖြစ်နေတာကို အားကိုးပြီး ငါ့ကိုအထင်သေးရဲတယ်ပေါ့။
ဧကရီဆီမှာ ငါတို့ နှစ်ယောက် ယှဉ်ပြိုင်ကြမယ်လို့ ပြောရဲလား ဘယ်သူက ပါရမီမရှိတာလဲဆိုတာ ကြည့်ရတာပေါ့။
ချူနင် သက်ပြင်းချရင်း တစ်ဖက်သို့ လှည့်လိုက်သည်။
အဘိုးကြီး အဘိုးကြီးကိုယ်တိုင် ပါရမီမရှိဘူးလို့ပြောလို့ ကျွန်တော်က ထောက်ခံပေးတာလေ အထင်သေးတာ မဟုတ်ပါဘူး။
အဘိုးကြီးက တကယ့်ကိုပြဿနာ လိုက်ရှာနေတာပဲ။ တကယ်လို့ ဘာမှမရှိရင် ကျွန်တော့်ကို အေးအေးဆေးဆေး နေခွင့်ပြုပါဦး။
ဖန့်ဟိုရန်သည် နှာခေါင်းရှုံ့ရင်း သူ၏ အရှိန်အဝါကို ပြန်သိမ်းလိုက်သည်။
"ငါ လာတာ စကားတစ်ခွန်းတည်း ပြောဖို့ပဲ"
မင်း တစ်ခါကပြောဖူးတယ် ကောင်းကင်ဖြစ်စဥ်အဆင့်ရောက်မှ ငါ့ကိုလာတွေ့ ပုစဉ်းရင်ကွဲလိုအဆင့်က ကောင်းကင်ကို မော့ကြည့်နေရသလိုပဲဆို။
ရှောင်ပင်းကို လမ်းညွှန်လိုက်ရုံနဲ့ အဆင့်တက်သွားတယ်ဆိုတော့ ဒီနေ့ငါလာတာ ဧကရီရဲ့ အမိန့်နဲ့ မင်းရဲ့အနက်အဓိပ္ပာယ်ကိုစမ်းသပ်ဖို့ပဲ
ဧကရီဆိုသည့် စကားကို ကြားမှ ချူနင်သည် မျက်လုံးဖွင့်လိုက်သည်။
"ချန်းလျန်က လွှတ်လိုက်တာလား အဘိုးကြီး"
"ဟုတ်တယ်" အဘိုးအိုက အေးစက်စွာ ကြည့်နေသည်။
ငါက အခု အနန္တအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ မင်းရဲ့ ကျင့်စဉ်က အဲဒီလောက်နက်နဲပြီး ရှောင်ပင်းကို လမ်းညွှန်နိုင်တယ်ဆိုရင် ငါ့ကိုရော လမ်းညွှန်ပေးနိုင်မယ့် အရည်အချင်းရှိလား။
ချူနင်သည် မျက်လုံးပြူးကာ နှုတ်ခမ်းတွန့်လိုက်သည်။
ဒါက ဘယ်လိုအမူအရာလဲ လမ်းညွှန်မှု လိုချင်ရင် အနည်းဆုံးတော့ ယဉ်ကျေးမှု ရှိရမှာပေါ့ အဘိုးကြီးက ချန်းလျန် အသိအမှတ်ပြုတဲ့သူ ဖြစ်ပေမဲ့ ကျွန်တော်ကတော့အသိအမှတ် မပြုသေးဘူး။
ရှောင်ပင်းက ဘယ်သူလဲ သတင်းပေးသူအမြဲ ကူညီပေးတဲ့သူလေ။ ဒါကြောင့် သူမကို ငါက အကျိုးကျေးဇူးတွေ ပေးခဲ့တာ။
အဘိုးကြီးကကျတော့ ဘာလဲကျွန်တော့်အတွက်ဘာအသုံးကျလို့လဲ ဘာလို့လမ်းညွှန်ပေးရမှာလဲ။ အနည်းဆုံးတော့ လက်ဖက်ရည် တိုက်တာတို့ ခြေထောက်နှိပ်ပေးတာတို့လောက်တော့ ရှိရမှာပေါ့။
ဖန့်ဟိုရန်မှာ ဒေါသထွက်လွန်း၍ ရယ်တောင် ရယ်မိသွားသည်။
မင်းသာ ငါ့ကိုလမ်းညွှန်နိုင်ရင် မင်းရဲ့ ခွန်အားနဲ့ အဆင့်ကို သက်သေပြနိုင်မှာ မဟုတ်လား ဧကရီကလည်း မင်းရဲ့ကျင့်စဉ်အဆင့်ကို သံသယဖြစ်နေတာလေ။ ဒါက မင်းကိုယ်မင်း သက်သေပြဖို့ အခွင့်အရေး မဟုတ်ဘူးလား။
"ငါက ဘာလို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြရမှာလဲ ပြီးတော့ အဘိုးကြီးရှေ့မှာလား ချန်းလျန်ကိုလည်း ငါပြောပြီးပြီပဲ"
အဘိုးအို၏ အဖြေက ရိုးရှင်းသည်။
"ကောလာဟလတွေကို လွယ်လွယ်နဲ့ မယုံနိုင်ဘူး"
"ဒါက အဘိုးကြီး ပြဿနာလေ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
ဖန့်ဟိုရန်သည် နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်ပြီး ထိုကိစ္စကို ဆက်မပြောတော့ပေ။
ဒါဆိုလည်း ငါနားလည်ပါပြီ ရှောင်ပင်းက ဒီနေ့ မတော်တဆ အဆင့်တက်သွားတာကို မင်းက အခွင့်ကောင်းယူပြီး ကိုယ့်ကိုယ်ကိုယ် ပညာရှင်လို့ ဟန်ဆောင်နေတာပဲ။
အခုနက ပြောတာတွေကလည်း အချိန်ဆွဲနေတာပဲ မဟုတ်လား တကယ်တော့ မင်းမှာ အဲဒီလို ခွန်အား မရှိပါဘူး။
အဘိုးကြီး စကားနာထိုးမနေပါနဲ့ စိတ်ရင်းနဲ့သာ ကျွန်တော့်ကို စီနီယာလို့ ခေါ်လိုက်ပါ။ ကျွန်တော် စိတ်ချမ်းသာရင် အဘိုးကြီးရဲ့ အနန္တလမ်းစဉ်က လက်တစ်ကမ်းမှာပဲရှိမှာပါ။
"မင်းကို စီနီယာလို့ ခေါ်ရမယ် ဟုတ်လား ငါ့ရဲ့ ဝါစဉ်ကိုရော မင်းသိရဲ့လား"
ဒါဆိုလည်း ပြောစရာမရှိတော့ဘူး ချန်းလျန်ရဲ့ အမျိုးသားအနေနဲ့ အဘိုးကြီးလို့ ခေါ်တာက သင့်တော်ပေမဲ့ ကျင့်စဉ်အရဆိုရင်တော့ ကျွန်တော့်ကို စီနီယာလို့ ခေါ်တာက ပြဿနာ မရှိပါဘူး။
ချူနင်သည် ဂရုမစိုက်ဟန်ဖြင့် ပြန်လှဲလိုက်သည်။
"ချန်းလျန်ကိုသာ သွားပြောလိုက်ပါ သူမ တကယ်သိချင်ရင် ကိုယ်တိုင်လာမေးလို့ ရပါတယ် ဘာလို့ အဘိုးကြီးကို စမ်းသပ်ဖို့ လွှတ်နေရတာလဲ"
"ဟားဟား... ချူနင်... မင်းရဲ့ အထောက်အထားကို ငါ အကုန်မြင်သွားပြီ။ မင်းက လူလိမ် တစ်ယောက်ပဲ ဒီနေ့ ငါလာတာ တကယ် အချိန်ကုန်တာပဲ"
အဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောရင်း ထွက်သွားတော့သည်။ သူသည် ချူနင်ကို အမြဲတမ်း ထိုသို့သော လူမျိုးဟုသာ ထင်မြင်နေခဲ့ခြင်းဖြစ်သည်။
ချူနင်ကလည်း ဂရုမစိုက်ပေ ကျင့်စဉ်နဲ့ ခွန်အားက အဆင့်တစ်ခု ရောက်သွားရင် ကောလာဟလဆိုတာ အသေးအဖွဲပါပဲ။
ငါ့ဆီမှာ နျူကလီးယားဗုံးရှိတယ်လို့ မင်းတို့ သံသယဖြစ်နေရင် ငါ့ဆီမှာ တကယ်ရှိနေတာက ပိုကောင်းလိမ့်မယ်။
ငါ့လက်ထဲမှာ ဓားရှိနေသရွေ့ မင်းတို့ သံသယဖြစ်တာ မဖြစ်တာ ငါနဲ့ဘာမှမဆိုင်ဘူး။
ဒါပေမဲ့ ငါ့ကို လာထိရင်တော့ မင်းတို့ ခေါင်းပေါ်ကို ဗုံးကျမကျဆိုတာကိုတော့ ထည့်တွက်ထားရလိမ့်မယ်။
နေရောင်ခြည်က နွေးထွေးနေပြီး လေညင်းလေးကလည်း တိုက်ခတ်နေသဖြင့် အိပ်စက်အနားယူရန် အလွန်ကောင်းသော အချိန်ဖြစ်သည်။
အင်း... ဒီနေ့ အစီရင်ခံစာတွေ သိပ်မရှိဘူး ငါ့မိန်းမပဲကိုင်တွယ်ပါစေတော့။ သူ အလုပ်ရှုပ်ချင်ရင်လည်း ရှုပ်ပါစေ.သူ ပင်ပန်းမှာမဟုတ်ပါဘူး။
တိမ်တိုက်တစ်ခုက နေကိုကွယ်လိုက်သည်။ ချူနင်သည် လက်ကို အသာဝေ့ယမ်းကာ တိမ်ကို ဖယ်ထုတ်လိုက်ပြီး နေပူဆာလှုံရင်း အိပ်ပျော်သွားတော့သည်။
ချူနင် အိမ်မက် မက်နေသည်။ အိမ်မက်ထဲတွင် ရဲ့ချန်းလျန်သည် အစီရင်ခံစာတွေကို မဖတ်ဘဲ ရုတ်တရက် ရောက်လာကာ သူ့ရှေ့တွင် ရပ်ပြီး ပြုံးကြည့်နေသည်။
သို့သော်လည်း တစ်စုံတစ်ယောက်က သူ့ကို လှုပ်နိုးလိုက်သည်။
ရှောင်ပင်းက ဘေးနားကနေ "အရှင်မင်းကြီး ဧကရီရောက်နေပြီ မအိပ်ပါနဲ့တော့"
အဲ... အိမ်မက် မဟုတ်ဘူးလား။
ရဲ့ချန်းလျန်သည် မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။
"လောကလွန်ပညာရှင်တစ်ယောက်က အိပ်ဖို့ လိုသေးလို့လား ငါရောက်လာတာတောင် မသိဘူးလား"
ချူနင်က လက်ကို ကာပြရင်း "အမြဲတမ်း သတိထားနေရမှာကပြင်ပလူတွေပဲလေ။ ကိုယ့်လူအချင်းချင်းကို ဘာလို့ သတိထားနေရမှာလဲ"
"ဟင့်.. ဆင်ခြေကောင်းသားပဲ ဒါက ပညာရှင်ရဲ့ ပုံရိပ်ကို မထိခိုက်ဘူးလား"
"မထိခိုက်ပါဘူး"
ရဲ့ချန်းလျန်သည် ရုတ်တရက် ခေါင်းငုံ့သွားပြီး နည်းနည်းတော့ ရှက်သလို ခံစားလိုက်ရသည်။
သို့သော် မနက်က ချူနင် သူ့အပေါ် အခွင့်အရေး ယူခဲ့သည်ကို ပြန်သတိရလိုက်တော့ ရှက်စိတ်က ပျောက်သွားသည်။
"ငါ နည်းနည်း ဗိုက်ဆာလို့ ဒီနေ့ နေ့လယ်စာကို စောစော စားလို့ ရမလား"
ချူနင်သည် ခေတ္တမျှ ရပ်သွားပြီးမှ ဝမ်းသာအားရ ဖြစ်သွားသည်။
"ရတာပေါ့ရတာပေါ့"