အခန်း (၄၇) ကောင်းကွက်တွေအကုန်လုံး ငါ့ခေါင်းပေါ် ကျလာတာလား
ရဲ့ချန်းလျန်သည် စားပွဲပေါ်ရှိ အရသာရှိလှသော ဟင်းလျာများကို ကြည့်ကာ ခဏမျှ စဉ်းစားပြီးမှ ခေါင်းယမ်းလိုက်သည်။
ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ဒီလောကမှာ စားရုံနဲ့ ကျင့်စဉ်တိုးတက်နိုင်တယ်ဆိုရင် လူတိုင်း ကျင့်စဉ်မကျင့်တော့ဘဲ သူမလိုမျိုး နေ့တိုင်း ထိုင်စားနေကြမှာပေါ့ နောက်ဆုံးတော့ ကမ္ဘာ့အသန်မာဆုံး ဖြစ်လာမှာပေါ့ ဒီလောက် ကောင်းတဲ့အရာမျိုး ဘယ်မှာ ရှိမှာလဲ။
သူမသည် ယုန်ခေါင်းကို မြိန်ယှက်စွာ စားနေသော်လည်း အကြောင်းရင်းကိုတော့ ရှာမတွေ့သေးပေ။
ကျင့်စဉ် နောက်ဆုံးအဆင့်တွေမှာ ထူးခြားခန္ဓာကိုယ်ရဲ့ အစွမ်းက ပိုသိသာလာတတ်တယ်ဆိုပေမဲ့ အခုလောက်အထိတော့ မဖြစ်သင့်ဘူးလေ။ ဒီကျင့်စဉ် တိုးတက်မှုနှုန်းက တကယ်ကို မြန်လွန်းနေသည်။
ဒါပေမဲ့ သူမက ကျင့်စဉ်မှ မကျင့်ဘဲကိုး
ခြုံငုံကြည့်ရင်တော့ ဒါက ကောင်းတဲ့အချက် ဖြစ်ပေမဲ့ သေချာတော့ စုံစမ်းစစ်ဆေးဖို့ လိုအပ်နေသေးသည်။
နင် အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ။
ချန်းလျန် မင်းရဲ့ခင်ပွန်းက ထူးခြားတဲ့ ပညာရှင် တစ်ယောက်ပါ ငါ ဘယ်အဆင့်ကို ရောက်တယ်ဆိုတာက အရေးမကြီးပါဘူး။
ယုန်ခေါင်းတစ်လုံးက ချူနင့်ပါးစပ်ထဲကို တိုက်ရိုက် ရောက်သွားပြီး ရဲ့ချန်းလျန်က ဒေါသတကြီး စိုက်ကြည့်တော့သည်။
"ဒါဆိုနင်က အဲဒီအဆင့်တောင် မရောက်သေးဘူးပေါ့ ဘာလို့ကျင့်စဉ်ကို သေသေချာချာ မကျင့်တာလဲ ငါ့အပေါ်မှာပဲ စိတ်ရောက်မနေဘဲ ထူးထူးဆန်းဆန်း စကားတွေ မပြောနဲ့တော့"
သိမ်မွေ့သောအမြင်အဆင့်ဆိုသည်မှာ ကျင့်စဉ်အဆင့်တစ်ခု ဖြစ်သည်။ အောက်ခြေ အဆင့်သုံးဆင့်မှာ ဝိညာဉ်လှုပ်ရှားခြင်း၊ သိမ်မွေ့သောအမြင် နှင့် ကံကြမ္မာသိမြင်ခြင်းတို့ ဖြစ်ကြသည်။
ချူနင်သည် အခုဆိုလျှင် ဓားချီကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သဖြင့် ဝိညာဉ်လှုပ်ရှားခြင်းအဆင့်ကိုတော့ သေချာပေါက် ရောက်နေပြီဖြစ်သည်။
ကံကြမ္မာသိမြင်ခြင်းအဆင့်သို့ ရောက်လျှင်တော့ သူ၏ သက်တမ်းကို စတင်တိုးမြှင့်နိုင်မည် ဖြစ်သည်။
ဘာမှမဖြစ်ဘူးဆိုလျှင်တော့ သက်တမ်းတိုးဆေးတွေကို မသုံးတာ အကောင်းဆုံးပင်။ ကိုယ့်အားကိုယ်ကိုးတာက ပိုကောင်းသည်။ သူမ၏ လူယုတ်မာခင်ပွန်းလေး တစ်နေ့ကျရင် ဆေးတွေနဲ့တောင် မကယ်နိုင်ဘဲ သေသွားမှာကို သူမ မလိုလားပေ။
ဒါပေမဲ့ ချူနင်က ဘာကို ဆိုလိုတာလဲ သူက ဘာထဲကို ဝင်ချင်နေတာလဲ။
"ချန်းလျန် မင်း အဲဒါကို ကိုက်လိုက်ပြီလေ"
ရဲ့ချန်းလျန်က ဘာမှမကြားသလို ဟန်ဆောင်ကာ နောက်ထပ် တစ်တုံးကို ကောက်စားလိုက်သည်။ သို့သော် ချူနင်က သူမနားနားမှာ ထပ်ပြီး တဝဲဝဲလုပ်ပြန်သည်။
"ဒါဆိုရင် ဒါက ငါတို့နှစ်ယောက်ကြားက သွယ်ဝိုက်တဲ့ အနမ်းလို့ သတ်မှတ်လို့ ရမလား"
ဖြောက်
ရဲ့ချန်းလျန်၏ လက်ထဲက တူကလေး ကျိုးသွားတော့သည်။
"နင် စားမှာလား မစားဘူးလား မနက်စောစောစီးစီး ငါ့ကို စိတ်တိုအောင် လုပ်နေတာလား"
"ဟီးဟီး... နောင်ကျရင် ငါတို့ ဒီထက်ပိုပြီး ရင်းနှီးလာရင် ဘယ်လိုနေမလဲလို့ တွေးနေတာလေ ဥပမာ တစ်ယောက်ကိုတစ်ယောက် ပါးစပ်နဲ့ ဆန်ပြုတ် ခွံပေးတာမျိုးပေါ့"
ရဲ့ချန်းလျန်၏ မျက်လုံးထဲတွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တစ်ကိုယ်လုံး ကြက်သီးထသွားတော့သည်။
"နင်က ဒီလောက်အထိ ရွံစရာကောင်းတဲ့ အရာတွေကိုတောင် တွေးနိုင်သေးတာလား နင်ကတော့ မကယ်နိုင်တော့ဘူး"
ချူနင်၏ အမူအရာက မပြောင်းလဲဘဲ ဆက်ပြောသည်။ မင်း အပြန်အလှန် ဖေးမကူညီခြင်းဆိုတဲ့ စကားကို မကြားဖူးဘူးလား မြေအောက်ထဲမှာ ပိတ်မိနေတဲ့ လင်မယားနှစ်ယောက် ရေမရှိတဲ့အခါ တစ်ယောက်ရဲ့ တံတွေးကို တစ်ယောက်က မှီခိုပြီး အသက်ရှင်ခဲ့ကြတယ်လေ။
အနမ်းဆိုတာလည်း အဲဒီလိုပါပဲ တစ်ယောက်ပါးစပ်ထဲ တစ်ယောက်က တံတွေးထွေးထည့်ပေးတာပဲလေ မင်း မသိဘူးလား။ ရဲ့ချန်းလျန် ကြက်သီးတဖြန်းဖြန်း ထသွားသည်။
"ငါ ထမင်းစားနေတုန်း ဒီလိုရွံစရာကောင်းတဲ့ စကားတွေ မပြောလို့ ရမလား နင် တမင်လုပ်နေတာလား"
"မဟုတ်ပါဘူး ငါက အမှန်တရားကို ပြောပြတာပါ ဒါပေမဲ့ လင်မယားတွေကြားမှာ အထူးသဖြင့် ချစ်လှစွာသော ဇနီးမောင်နှံတွေဆိုရင် ဒါမျိုးတွေကို တော်တော် သဘောကျတတ်ကြတယ် နောင်ကျရင် မင်းလည်း သဘောကျလာမှာပါ"
"ဒီလို ရွံစရာကောင်းတဲ့ ကိစ္စတွေကို ပြောတောင်မပြောနဲ့ ငါကတော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"
သူမက ချူနင့်ကို စိုက်ကြည့်ရင်း ပြတ်ပြတ်သားသား ပြောလိုက်သော်လည်း ချူနင်ကတော့ တစ်ခွန်းသာ ပြန်ပြောသည်။
"အဲဒါကတော့ ပြောရခက်တယ်"
"ချူနင်"
ရဲ့ချန်းလျန် ဒေါသတကြီး ထရပ်လိုက်သည်။
"နင် ငါ့အပေါ် ဘယ်လောက်ပဲ ကောင်းကောင်း နင်က ကလေးအဖေပဲ ရှိသေးတယ် ငါ နင့်ကို အသိအမှတ် မပြုရသေးဘူး"
"ပြီးတော့ အဲဒီလို ကိစ္စမျိုးကိုတော့ အိပ်မက်တောင် မမက်နဲ့"
သူမ၏ ရပ်တည်ချက်က ခိုင်မာလှသည်။ ဒါမျိုးကတော့ သူမဘဝမှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး သို့သော် ချူနင်ကတော့ ပြုံးလျက်သာ ကြည့်နေသည်။
"ကဲ... ဒါဆိုရင် ငါတို့ ဆက်စားကြမလား"
ရဲ့ချန်းလျန်က အလေးပေး ပြောလိုက်သည်။
"ရွံစရာကောင်းတဲ့ စကားတွေ ထပ်မပြောနဲ့တော့ မဟုတ်ရင် ငါ ဘယ်လို စားနိုင်မှာလဲ"
ထို့နောက် သူမ ပြန်ထိုင်ကာ စားလက်စကိုပဲ အာရုံစိုက် စားနေတော့သည်။
"ဒါဆိုရင် များများစားပါ များများစားတာက ကျန်းမာရေးအတွက် ကောင်းတယ်"
"ဟင်း..."
နန်းတော်၏ အပြင်ဘက် အသစ်ခန့်အပ်ထားသော နန်းတွင်းအကြံပေးအဖွဲ့တွင် ဖြစ်သည်။ ၎င်းမှာ ယခုအခါ တာ့ချန်းအင်ပါယာ၏ ဗဟိုအဖွဲ့အစည်းဖြစ်ပြီး မင်းတက်နန်းဆောင်ပြီးလျှင် ဒုတိယ အရေးအပါဆုံး နေရာဖြစ်သည်။
နေ့စဉ် အစီရင်ခံစာ ထောင်ပေါင်းများစွာ ရောက်ရှိလာပြီး အများစုကို ဤရုံးကပင် ကိုင်တွယ်သည်။
ဤနိုင်ငံရေး စနစ်သစ်အရ အစီရင်ခံစာတိုင်းနှင့် ကိုင်တွယ်သူတိုင်းကို မှတ်တမ်းတင်ထားရပြီး အထူးသဖြင့် ဧကရီကိုယ်တိုင် ကိုင်တွယ်ရန် မလိုသော ကိစ္စရပ်များ ဖြစ်သည်။
အကယ်၍ တစ်ခုခု မှားယွင်းသွားပါက အထက်မှ အောက်အထိ အားလုံးတွင် တာဝန်ရှိသည်။
အတွင်းဝန်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း ချိုးကျွင်းနှင့် အတွေ့အကြုံရှိ အရာရှိကြီး နှစ်ဦးတို့က ကိစ္စရပ်များကို ပူးတွဲကိုင်တွယ်ကြသည်။
သူတို့အောက်တွင် နန်းတွင်းအကြံပေးအဖွဲ့ဝင် ၃၆ ဦးနှင့် ပညာရှင် ၁၀၈ ဦးတို့က အတူတကွ အုပ်ချုပ်ကြသည်။
ဝန်ကြီးဌာန ခြောက်ခုက ကိစ္စရပ်များကို အသုတ်လိုက် အရင်စစ်ဆေးပြီးမှ ဤရုံးသို့ လွှဲပြောင်းပေးရခြင်း ဖြစ်သည်။
ဒါက လုံးဝကို ပြည့်စုံလုနီးပါး ဖြစ်နေသော နိုင်ငံရေးစနစ်တစ်ခုဖြစ်ပြီး ဂိုဏ်းဂဏ ကွဲပြားမှုများလည်း မရှိပေ။
ဧကရာဇ်၏ အာဏာက အရမ်းကြီးမားသဖြင့် မည်သူမျှ ဂိုဏ်းဂဏ ခွဲဖို့ မစဉ်းစားရဲကြဘဲ နိုင်ငံအုပ်ချုပ်ရေးကိုသာ အာရုံစိုက်ကြသည်။
ရှောင်ပင်းသည် အတွင်းဝန်ရုံးသို့ ဝင်လာရာ ဝန်ကြီးချိုးတစ်ယောက် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။
အတွင်းဝန် နှစ်ဦးနှင့် အခမ်းအနားဆိုင်ရာ ဝန်ကြီးတို့က အသင့်စောင့်နေပြီး လျှို့ဝှက်စာတစ်စောင်ကို ချက်ချင်း ကမ်းပေးလိုက်သည်။
"နန်းတွင်းအရာရှိရဲ့ ဒီအစီရင်ခံစာက ဒီနေ့မနက်စောစောတင် အရေးပေါ် ရောက်လာတာပါ။ ဒါကို လူသိရှင်ကြား မထုတ်ပြန်သေးသလို အများနဲ့ ဆွေးနွေးဖို့လည်း မသင့်သေးပါဘူး"
အဘိုးအိုက လေးနက်သော မျက်နှာထားဖြင့် ပြောသည်။ ဒီကိစ္စကို ကျွန်တော် ဘယ်လိုကိုင်တွယ်ရမလဲ မသိဘူး ဒါပေမဲ့ တစ်ဖက်က လူတွေကတော့ ကမ်းလှမ်းချက် ထုတ်ထားပြီ။
ဒါကို လက်ခံမှာလား လက်မခံဘူးလားဆိုတာကတော့ အရှင်မရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ် ဘာပဲဖြစ်ဖြစ် ဒါက ကောင်းမလား ဆိုးမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"
"ဒီလျှို့ဝှက်စာကို အရှင်မဆီ ပို့ပေးပြီး အရှင်မကိုယ်တိုင် ဆုံးဖြတ်ပါစေ အကယ်၍ အကျိုးက အပြစ်ထက် ပိုများတယ်လို့ အရှင်မယူဆရင်တော့ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး တည်ဆောက်ပြီး မဟာမိတ်ဖွဲ့ဖို့ လိုအပ်လာပါလိမ့်မယ်"
ရှောင်ပင်းက ဇဝေဇဝါဖြင့် စာကို ယူလိုက်သည်။ သူမက စာကို ဖတ်မကြည့်သော်လည်း တစ်ခုခု ထူးခြားနေပြီဆိုတာကိုတော့ ခံစားမိသည်။ ခဏမျှ စဉ်းစားပြီးနောက် သူမသည် ချန်ရှင်းနန်းဆောင်သို့ ချက်ချင်း ပြန်လာခဲ့သည်။
အတွင်းဝန်ရုံးထဲတွင် အတွင်းဝန်ချုပ် ချိုးကျွင်းသည် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ငါတို့ တာ့ချန်းအင်ပါယာရဲ့ ကံကြမ္မာတွေ မြင့်တက်လာပြီး နဂါးဝိညာဉ်တွေ အားကောင်းလာတယ် ဆိုဦးတော့ တာ့ကျိုးအင်ပါယာက ကိုယ်တိုင်ကိုယ်ကျ လာပြီး မဟာမိတ်ဖွဲ့ဖို့ တောင်းဆိုတဲ့အထိတော့ မဖြစ်သင့်ဘူး ဒီကိစ္စက ဒီလောက် မရိုးရှင်းဘူးလို့ ငါ ခံစားနေရတယ်"
တာ့ကျိုးဆိုတာ တစ်ကမ္ဘာလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်ရှိတဲ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည်။
အင်ပါယာ ကြီးငါးခုက အပေါ်ယံမှာ တည်ငြိမ်နေသယောင် ရှိသော်လည်း တကယ်တော့ နေရာအနှံ့မှာ တိုက်ပွဲငယ်လေးတွေ အမြဲ ရှိနေခဲ့တာပါ။
ဒါပေမဲ့ နောက်ထပ် ဆယ်နှစ်လောက်ဆို တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်စွမ်းရှိတဲ့ အင်ပါယာကြီးက တာ့ချန်းအင်ပါယာကို နှိမ့်ချပြီး သံတမန် ဆက်ဆံရေး တည်ဆောက်ဖို့ လာပြောနေသည်။
သူတို့က တကယ်ကို နှိမ့်ချထားတာပါ။ သူတို့ရဲ့ စစ်မှန်မှုကို ပြသတဲ့အနေနဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ တစ်ဝက်ကို လက်ဆောင်အဖြစ် ပေးအပ်ဖို့အထိ ကမ်းလှမ်းထားပြီး နှစ်နိုင်ငံ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိဖို့ပဲ ဆုတောင်းနေကြသည်။
တာ့ချန်းရဲ့ နဂါးဝိညာဉ်တွေ ဘယ်လောက်ပဲ အားကောင်းနေပါစေ ဒီလောက်အထိတော့ မဖြစ်သင့်ဘူးလေ။
ခဏအကြာတွင် ချန်ရှင်းနန်းဆောင်၌ စားသောက်ပြီး၍ အနားယူဖို့ ပြင်နေသော ရဲ့ချန်းလျန်သည် ထိုလျှို့ဝှက်စာကို လက်ခံရရှိလိုက်သည်။ မနက်ခင်း လင်းရောင်ခြည်လေးက စတင် ဖြာကျနေပြီ ဖြစ်သည်။
ရဲ့ချန်းလျန်သည် စာထဲက အကြောင်းအရာတွေကို ကြည့်ကာ ကြောင်သွားတော့သည်။
တာ့ကျိုးအင်ပါယာက တာ့ချန်းနဲ့ သံတမန် ဆက်ဆံရေး တည်ဆောက်ဖို့ ရင်းနှီးမှုတွေ ပေးအပ်ဖို့ အသင့်ဖြစ်နေသည်တဲ့ သူမဘက်က ဘာမှ ပေးဆပ်စရာ မလိုဘဲနဲ့ကိုး။
ဒါမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ ရင်းတန်းဆိုတာ သမိုင်းမှာ ရှားပါးတဲ့ ဧကရာဇ်တစ်ယောက်ပဲ အကြောင်းပြချက် မရှိဘဲနဲ့တော့ ဒါမျိုး လုပ်မှာ မဟုတ်ဘူး။
မဟုတ်ဘူး တစ်ခုခုတော့ မှားနေပြီ ရဲ့မျိုးနွယ်စုရဲ့ ကာကွယ်မှုတွေ နဂါးဝိညာဉ်တွေမြင့်တက်လာတာ သူမရဲ့ကျင့်စဉ်တွေ အမြန်တိုးတက်လာတာ အခုအင်အားအကြီးဆုံး အင်ပါယာကတောင် လာပြီး ဒူးထောက်တာဒါက တစ်စုံတစ်ယောက်ကို သူတို့ ကြောက်နေသလိုမျိုးပဲ။
ဘာအကြောင်းပြချက်မှ မရှိဘဲ ကောင်းကွက်တွေက သူမခေါင်းပေါ် ဒီအတိုင်း ကျလာမှာ မဟုတ်ဘူး။ သူမ မျက်မှောင်ကြုတ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို အသည်းအသန် စဉ်းစားနေမိသည်။
ဘယ်နေရာမှာ ပြဿနာက စတာလဲ။
"သခင်လေးချူ အဲဒါက ဧကရီရဲ့အိပ်ရာလေ တက်လို့ မရဘူး"
ဖယ်စမ်း ဖယ်စမ်း ဒီလောက် ကောင်းတဲ့ အစားအစာတွေ ကျွေးထားတာကို အပြင်လူဘက်က ပါနေတာလား ဒါငါ့ဇနီးရဲ့အိပ်ရာပဲ ငါ ဘာလို့တက်လို့မရရမှာလဲ ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး ဒီနေ့တော့ ငါဒီမှာပဲအိပ်မယ်။
ရဲ့ချန်းလျန်သည် ခဏမျှ ချူနင့်ကို သံသယဝင်မိသည်။ နဂါးဝိညာဉ်တွေ မြင့်တက်လာတာကလည်း ချူနင်ရဲ့ အမွှေးတိုင် သုံးတိုင်ကြောင့်လား ဘာလားဆိုတာ။ ဒါပေမဲ့ အဲဒါက မတော်တဆ ဖြစ်နိုင်မလား ဒါမှမဟုတ် သူမ ဗိုက်ထဲက ကလေးကြောင့်လား။
သို့သော် ချူနင်က သူမရဲ့ အခြွေအရံ ရှေ့မှာတင် အရှက်မရှိ ပြုမူနေတာကို မြင်လိုက်ရတော့မှ သူမ သံသယတွေ ပျောက်သွားတော့သည်။
မဖြစ်နိုင်ပါဘူး သူမဟုတ်တာ သေချာပါတယ်။ ဒီလူက အခွင့်အရေးသမား လူယုတ်မာလေး တစ်ယောက်ပဲဟာ။ ဒါဆိုရင် ဘိုးဘေးတွေရဲ့ ကာကွယ်မှုကြောင့်များလား အဲဒါပဲ ဖြစ်ရမယ်။
"နေဦး"
ဒီလူက သူမ အိပ်ရာပေါ်ကို ဘယ်လို ရောက်သွားတာလဲ ပြီးတော့ သူမရဲ့ စောင်ကိုပါ ခြုံထားသေးတယ်။
"ချူနင်"