အခန်း (၄၆) ဒီအစားအစာတွေက။
တံခါးအပြင်ဘက်တွင် ရှောင်ပင်းက တကယ်တော့ အကဲခတ်နေခြင်း ဖြစ်သည်။
အရှင်မ ဘာဖြစ်နေတာလဲဆိုတာကို သူမ သိချင်နေမိသည်။ ဒါပေမဲ့ သူတို့နှစ်ယောက် တကျီကျီ စကားများနေကြတာကို ခဏမျှ မြင်လိုက်ရပြီးနောက် သူမ အမြန်ပဲ ထွက်လာခဲ့လိုက်သည်။
ဟင်း အိပ်မက်ဆိုးမက်တာလည်း မဟုတ်ဘဲနဲ့အရှင်မက လှည့်စားပြီး ခေါ်ချင်ရုံသက်သက်ပဲကိုး
အရှင်မကတော့ တကယ့်ကို ခေါင်းမာလွန်းသေးတာပဲ။ အမှန်ဆိုရင် အရှင်မင်းကြီး(ချူနင်) ကို တိုက်ရိုက်ပြောလိုက်ရင်လည်း ရတာပဲ မဟုတ်လား။
သူတို့က လင်မယားတွေဖြစ်ပြီး ကလေးတောင် ရနေပြီပဲ။ သူတို့ ဆက်ဆံရေး ပိုကောင်းလာရင် နောင်ကျရင် ကလေးလည်း ပိုပျော်ရမှာပေါ့။
အရှင်မက ချူနင့်ကို နန်းတော်ထဲ ပြန်ခေါ်လာတာကလည်း ကလေးကို အကောင်းဆုံး ကြီးပြင်းလာစေချင်လို့နဲ့ သူမရဲ့ အတိတ်က နောင်တတွေကို အစားထိုးချင်လို့ မဟုတ်ဘူးလား။
ဒါဆိုရင် ရပြီလေ သခင်လေးချူရဲ့ အပြုအမူတွေကို ကြည့်ရတာ အရှင်မဘက်ကသာ နည်းနည်းလေး လျှော့ပေးလိုက်ရင် ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး။
သို့သော် ရှောင်ပင်းသည် သူတို့နှစ်ဦးကို အနှောင့်အယှက်ဖြစ်မည် စိုးသဖြင့် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ရဲ့ချန်းလျန်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ ကလေးရလာကတည်းက သူမ ခဏခဏ အိပ်ငိုက်တတ်လာသည် နေ့တိုင်း အိပ်ချင်နေတော့သည်။
အခုဆိုရင် ကျင့်စဉ်ကျင့်ဖို့ အချိန်တောင် သိပ်မရှိတော့ပေ ဘာပဲဖြစ်ဖြစ် တစ်နှစ်လောက် ကျင့်စဉ် မကျင့်လည်း ဘာမှမဖြစ်ပါဘူး ပြီးတော့ သူမရဲ့ ကျင့်စဉ်တိုးတက်မှုနှုန်းကလည်း မယုံနိုင်စရာကောင်းလောက်အောင် မြန်နေသည်လေ ဘာကြောင့်လဲဆိုတာ သူမ မသိပေ။
ဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှုလား။
ဖြစ်နိုင်တာပဲ ဒါမှမဟုတ် နှစ်ကိုယ်ကြားကျင့်စဉ်အပြီးမှာ သူမရဲ့ ထူးခြားခန္ဓာကိုယ်နိုးထလာလို့လား။
ရဲ့ချန်းလျန် စဉ်းစားလို့မရပေ ဒါပေမဲ့ အခု ချူနင်က သူမဘေးမှာ ရှိနေတော့ သူမ တကယ်ပဲ စိတ်ကျေနပ်မှု ရနေမိသည်။ လက်ရှိဘဝက တကယ်ကို ကောင်းမွန်လှသည်။
နောက်တစ်နေ့မနက်တွင် ချူနင် သူမဘေးမှာ ရှိနေသဖြင့် သူမ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
သို့သော် နိုးလာချိန်တွင် သူမ၏ လက်တစ်ဖက်မှာ သူမကိုယ်အောက် ရောက်နေသဖြင့် ထုံကျဉ်နေပြီး တခြားလက်တစ်ဖက်ကိုတော့ တစ်ယောက်ယောက်က ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။
မျက်လုံးဖွင့်ကြည့်လိုက်ရာ ချူနင်က သူမရှေ့တည့်တည့်မှာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်ကို မြင်လိုက်ရသည်။
ကောင်းကင်ဓားဝိညာဉ်ကျမ်းသူက ကျင့်စဉ်တွေကို လေ့လာနေတာလား။
ရဲ့ချန်းလျန်၏ မျက်နှာလေး နီမြန်းသွားပြီး သူမရှေ့က ချူနင့်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ ဒီလူက အတည်ပေါက် လုပ်နေချိန်နဲ့ ပေါက်ကရ လုပ်နေချိန်မှာ လုံးဝ တခြားစီပါလား။
"နင် မနေ့ညက ပြန်မအိပ်ဘူးလား"
ချူနင် သတိပြန်ဝင်လာပြီး စာအုပ်ကို ပိတ်လိုက်သည်။
"မင်းက မနေ့က ငါ့လက်ကို ကိုင်ထားပြီး မလွှတ်ဘူးလေ အဲဒါကြောင့် ငါလည်း မတတ်နိုင်လို့ ဒီမှာပဲ နေလိုက်ရတာပေါ့"
ပြောပြီးနောက် သူက ရယ်လိုက်သည်။
"တကယ်တော့ ငါ ဒီကိုပဲ အပြီးပြောင်းလာရင် ပိုကောင်းမယ် ထင်တယ် မင်းက ငါ့ကို အနီးကပ် ကာကွယ်ပေးနိုင်သလို မင်း နားချင်တဲ့အချိန်တိုင်းလည်း ငါ့လက်ကို ကိုင်ထားလို့ရတာပေါ့။ ဟုတ်တာပေါ့ မင်း တခြားအရာတွေကို ကိုင်ချင်ရင်လည်း ငါကတော့ ကန့်ကွက်စရာ မရှိပါဘူး"
ရဲ့ချန်းလျန် ကြောင်သွားသည်။ တခြားအရာတွေ? တခြား ဘာရှိဦးမှာလဲ။
ခဏအကြာတွင် ချူနင်၏ မျက်နှာပေါ်က ရမ္မက်ပါသော အပြုံးကို မြင်လိုက်ရမှ သူမ ချက်ချင်း သဘောပေါက်သွားပြီး ဒေါသတကြီး စိုက်ကြည့်တော့သည်။
"ချူနင်"
"နင် သေချင်နေရင်လည်း ပြောပါ"
ချူနင်က သက်ပြင်းချလိုက်သည်။
"ငါမှတ်မိသလောက်တော့ အဲဒီနေ့က မင်း အဲဒါကို တော်တော် ကိုင်ချင်နေတာပဲ။ မင်းရဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးပြီး ငါ့ကို အားအင်တွေ ပြန်ပြည့်အောင် လုပ်ပေးခဲ့တာလေ ငါတောင် ခန်းခြောက်သွားမတတ်ပဲ"
ရဲ့ချန်းလျန်၏ မျက်နှာမှာ ရှက်လွန်း၍ နီရဲနေတော့သည်။ ချူနင် ဘာကို ဆိုလိုတာလဲဆိုတာ သူမ ဘယ်လိုလုပ် မသိဘဲနေမှာလဲ။
" နတ်ဘုရားရနံ့ခန္ဓာကိုယ်ပေါက်ကွဲထွက်သွားတဲ့အချိန်မှာ ငါဘယ်လိုလုပ် သတိရှိမှာလဲ နင်သာ အထဲကိုဝင်မလာရင် ဒါမျိုးတွေ ဖြစ်မှာ မဟုတ်ဘူး အဲဒီအကြောင်းကို ထပ်မပြောနဲ့တော့"
သို့သော် ပြောပြီးနောက် ရဲ့ချန်းလျန်က ချူနင့်ကို နှိမ်လို့ရမည့် နည်းလမ်းတစ်ခုကို သတိရသွားသည်။ သူမက မျက်လုံးလေး မှေးစင်းကာ ပြုံးစိစိဖြင့် ချူနင့်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"နင်က သာမန်လူတစ်ယောက်ပဲလေ ငါ အခွင့်အရေး ပေးရင်တောင် နင်က ငါ့လက်ထဲမှာတင် အားအင်ကုန်ခမ်းပြီး သေသွားမှာ။ အဲဒီနေ့က ဘာဖြစ်ခဲ့လဲဆိုတာ နင်သိနေမှတော့ ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲပါနဲ့တော့"
ဟောဗျာယ
ငါ့ကို အထင်သေးနေတာပဲ။
ချူနင်က ပြုံးလျက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"ပညာရှိကို သုံးရက်ခွဲရင်တောင် မျက်လုံးအသစ်နဲ့ ကြည့်ရတယ်ဆိုတဲ့ စကားကို မင်း မကြားဖူးဘူးလား အတိတ်က အတိတ်ပဲ အခုက အခုလေ"
"မင်းက ဒီလိုပြောမှတော့ ငါက စိန်ခေါ်မှုကို လက်ခံပြီး စမ်းကြည့်ရမှာပေါ့။ သုံးလကြာရင်တော့ ဘာမှမဖြစ်တော့ဘူးလို့ ငါ ကြားထားတယ်"
ရဲ့ချန်းလျန် ချက်ချင်း ကြောင်သွားပြီး သူမနားကို တိုးကပ်လာတဲ့ အမျိုးသားကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ သူက တကယ်ကြီး စဉ်းစားနေတာလား။
"နင်... နင် အနားမလာနဲ့နော် ငါ အခု ကိုယ်ဝန်နဲ့လေ တစ်ခုခုဖြစ်သွားရင် နင် နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး"
သို့သော် ချူနင်ကတော့ အနားကို ဆက်တိုးလာပြီး နဂါးအိပ်ရာပေါ်ကိုပါ တက်လာသည်။
ရဲ့ချန်းလျန်၏ မျက်နှာမှာ ရှက်စိတ်နှင့် ဒေါသတို့ကြောင့် နီမြန်းနေတော့သည်။ သူမ အလျင်အမြန် ပြောလိုက်သည်။
"ငါ... ငါ မှားသွားတယ် အဲဒီလို မပြောသင့်ဘူး အနားမလာနဲ့တော့"
ချူနင်က ရယ်လိုက်ပြီး သူမကို ဆက်ပြီး မစတော့ပေ။
"မင်းက ဘာတွေ တွေးနေတာလဲ ငါက မင်းကို တကယ်ပဲ တစ်ခုခု လုပ်မယ်လို့ ထင်နေတာလား"
ရဲ့ချန်းလျန်က နှုတ်ခမ်းလေးကို ကိုက်ထားပြီး ချူနင့်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်သည်။
"နင်လို အရှက်မရှိတဲ့လူက ဘာလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ နင့်ကျင့်စဉ်က နိမ့်နေတော့ ငါက လက်ပါမိရင် နင့်ကို ထိခိုက်မှာ စိုးရိမ်လို့ပါ"
"နောက်ခါ ငါ့ကို ဒီလိုမျိုး ထပ်မစနဲ့တော့"
ချူနင်က ပြုံးလျက် ရဲ့ချန်းလျန်၏ လက်ကို ကိုင်လိုက်သည်။
"စိတ်မပူပါနဲ့ ငါက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့အထိတော့ မဖြစ်သေးပါဘူး။ ချန်းလျန်မင်းက တကယ်ကို ဆွဲဆောင်မှုရှိတာတော့ အမှန်ပဲ"
သူ ပြောရင်းနှင့် အကြည့်တွေက အောက်ကို ရောက်သွားပြန်သည်။ ရဲ့ချန်းလျန်က သတိဝင်လာပြီး ချက်ချင်း လူခေါ်တော့သည်။
"ရှောင်ပင်း ချူနင့်ကို အပြင်ဆွဲထုတ်သွားစမ်း အားမနာနဲ့ သူထိခိုက်သွားရင် ငါ တာဝန်ယူတယ်"
သူမကိုယ်တိုင်တော့ မလုပ်ရဲပေမဲ့ ရှောင်ပင်းကို လုပ်ခိုင်းလို့ ရသည်လေ။
ဒီလူယုတ်မာလေး ထပ်ကြည့်နေပြန်ပြီ အရှက်မရှိတဲ့ ကောင်လေး။
ချူနင်ကတော့ အပြင်ကို ကန်ထုတ်ခံလိုက်ရသည်။ သူ့ဇနီးက အဝတ်အစားလဲနေတာဆိုတော့ သူ ကြည့်လို့ မရဘူးလေ။ ဒါပေမဲ့ သူမက သူ့ခွန်အားကို အထင်သေးနေတာလား။
အခုက အခြေအနေတွေ ပြောင်းသွားပြီလေ သူ့ဇနီးရဲ့ ခန္ဓာကိုယ်ကိစ္စက နှစ်ပတ်လောက်ပဲ ခံမှာမဟုတ်လား အခုဆိုရင် နှစ်ပတ်မကလို့ ဘယ်လောက်ကြာကြာပဲဖြစ်ဖြစ် ချူနင် ထိန်းချုပ်ပေးနိုင်တယ် သူမက သူ့ကို ဒီကိစ္စနဲ့ လာစနေသေးတယ် သူမ တကယ်ပဲ ဘာမှမသိသေးတာပဲ။
ချူနင် ထမင်းချက်ဖို့ ထွက်လာခဲ့သည်။ ဒီနေ့တော့ စိတ်တည်ငြိမ်စေမယ့် ဆေးဘက်ဝင် အစားအစာတွေ လုပ်ပေးရမည်။
အဲဒီ အထိန်းတော်ကြီးရဲ့ ဝိညာဉ်က ကွယ်ပျောက်သွားပြီ မဟုတ်လား ဒါကို ဘာလို့ ရဲ့ချန်းလျန်က အိပ်မက်ဆိုးတွေ မက်နေရသေးတာလဲ ဒါမှမဟုတ် ဧကရီတစ်ယောက်ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူမမှာ ကြိုတင်နိမိတ် သိနိုင်စွမ်း ရှိနေတာလား။
ချူနင်ကတော့ ရဲ့ချန်းလျန်ထက် တာ့ကျိုးအင်ပါယာက ရင်းတန်းသာလျှင် အခုအချိန်မှာ ကောင်းကောင်း ခံစားနေရလိမ့်မယ်လို့ ထင်မိသည်။
မနက်စာ စားပွဲတွင် ရှောင်ပင်းနှင့် ချူနင်တို့ နေရာချင်းလဲ ထိုင်လိုက်ကြသည်။ ရဲ့ချန်းလျန်က ဘာမှ မပြောသလို ရှောင်ပင်းကလည်း ဘာမှ မပြောပေ။
သူမက ထမင်းကိုပဲ အာရုံစိုက် စားနေသော်လည်း ထိုနှစ်ယောက်၏ အပြုအမူတွေကိုတော့ သေချာ စောင့်ကြည့်နေသည်။
သူတို့နှစ်ယောက် ပိုပြီး ရင်းနှီးလာတယ်လို့ သူမ ခံစားရသည်။
ယေး သူမရဲ့ ကူညီမှုတွေက အလကား မဖြစ်ခဲ့ပါဘူး။
"ဩော်... ဒါနဲ့ အရှင်မ"
ရှောင်ပင်း တစ်ခုခုကို သတိရသွားသည်။
မနေ့က ကျွန်မရဲ့ ကျင့်စဉ်က စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်သွားပါပြီ အဆင့်တက်တော့မလို ခံစားနေရတယ်။
ရဲ့ချန်းလျန် ခေတ္တရပ်သွားပြီး သူမ၏ အာရုံခံစားမှုဖြင့် ရှောင်ပင်းကို စစ်ဆေးလိုက်သည်။ စတုတ္ထအဆင့် မျှော်စင်မြင့်တက်ခြင်းသက်ရှည်မျှော်စင်က တည်ဆောက်ပြီးသွားပြီ။
နှစ်ပတ်မပြည့်ခင်မှာတင် တတိယအဆင့် အထွတ်အထိပ်ကနေ စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီး အဆင့်တက်တော့မည်။
သူမ၏ ကျင့်စဉ်တိုးတက်မှုနှုန်းက အရင်က ရဲ့ချန်းလျန်ထက် အဆပေါင်းများစွာ ပိုမြန်နေသည်။ ရဲ့ချန်းလျန်က ဒီအဆင့်ကို ရောက်ဖို့ သုံးနှစ်လုံးလုံး အချိန်ယူခဲ့ရတာပါ။
ပြီးတော့ ရဲ့ချန်းလျန်ရဲ့ အရည်အချင်းနဲ့ ကျင့်စဉ်အရင်းအမြစ်တွေက ရှောင်ပင်းထက် အများကြီး ပိုသာလွန်ခဲ့တာပါ။
ရဲ့ချန်းလျန် စကားပြောဖို့ ပြင်လိုက်စဉ်မှာပင် တစ်ခုခုကို သတိရသွားသည်။ သူမ၏ ကိုယ်ပိုင် ကျင့်စဉ်။ ရဲ့ချန်းလျန် ချက်ချင်း ထိတ်လန့်သွားပြီး အံ့ဩတုန်လှုပ်သွားတော့သည်။
"ငါ... ငါက သူေတာ်စင်အလယ်အလတ်အဆင့်ကို ရောက်နေပြီ"
သာမန် ကျင့်ကြံသူတွေအတွက် ဒီအဆင့်ကို ရောက်ဖို့ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် ရာစုနှစ်နဲ့ချီပြီး အားထုတ်ရတာပါ။
သူမအတွက်ကတော့ ဘယ်လောက်ကြာသွားလို့လဲ နှစ်ပတ်တောင် မပြည့်သေးဘူး အဓိကအချက်က ဒီအတောအတွင်းမှာ သူမက တစ်နေ့ကို ကျင့်စဉ် တစ်နာရီတောင် မကျင့်ခဲ့ပါဘူး။
ပင်ပန်းရင် အိပ်တယ် နိုးရင် စားတယ်၊ ကိုယ်ဝန်ကိုပဲ အေးအေးဆေးဆေး ဂရုစိုက်နေတာပါ။ ကျင့်စဉ်အကြောင်းကို စိတ်ထဲမှာတောင် မရှိခဲ့ပါဘူး။
တစ်ခုခုတော့ မဟုတ်တော့ဘူး လုံးဝကို မဟုတ်တော့တာ။
"ရှောင်ပင်း... နင် အရင်က စုံစမ်းထားဖူးတယ်မလား။ ရဲ့မျိုးနွယ်စု နတ်ဘုရားနယ်မြေမှာ ငါတို့လိုမျိုး ကျင့်စဉ် အမြန်တိုးတက်တဲ့လူ ရှိဖူးလား"
"မရှိပါဘူး အရှင်မ ကျင့်စဉ် အမြန်ဆုံး တိုးတက်နေတာက ကျွန်မတို့ နှစ်ယောက်ပဲ ရှိပုံရပါတယ်"
အမျိုးသမီးနှစ်ဦးစလုံး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ဒီအတိုင်းသာ ဆက်သွားရင် ရှောင်ပင်းက ဒီနှစ်ကုန်မှာ ဆဋ္ဌမအဆင့်ကို ရောက်သွားနိုင်သလို သူမကိုယ်တိုင်လည်း အဋ္ဌမအဆင့် အနန္တအဆင့်ကို ရောက်ပြီး အင်ပါယာ ငါးခုလုံးမှာ ထိပ်တန်းလူ ဖြစ်လာဖို့က ပြဿနာ မဟုတ်တော့ပါဘူး။
ဒါက ဘယ်လို အကြောင်းရင်းကြောင့် ဖြစ်နိုင်မလဲ။
ချူနင်ကတော့ ဘာမှမဖြစ်သလိုမျိုး စပ်စပ်လေး ချက်ထားတဲ့ ယုန်ခေါင်းကို ရဲ့ချန်းလျန်၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
"ချန်းလျန်... များများစားပါ ဗိုက်ဝအောင်စားမှ ကလေးအတွက် အားရှိမှာ"
ထိုအချိန်မှာပင် ရှောင်ပင်း၏ ခါးက ဆက်သွယ်ရေးကတ်ပြားဆီက သတင်းစကားတစ်ခု ရောက်လာသဖြင့် သူမ ချက်ချင်း ထရပ်လိုက်သည်။
"အရှင်မ နန်းတွင်းအကြံပေးအဖွဲ့က ကျွန်မကို ခေါ်နေပုံရပါတယ် ကျွန်မ အရင် သွားလိုက်ပါဦးမယ်"
"အင်း"
ရဲ့ချန်းလျန် ခေါင်းငြိမ့်ပြလိုက်သော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင် ဘာကြောင့် သူမရဲ့ ကျင့်စဉ်က ဒီလောက် မြန်မြန် တိုးတက်နေရတာလဲ ကလေးကို ဂရုစိုက်နေလို့လား ဒါပေမဲ့ ရှောင်ပင်းမှာ ကလေးမှ မရှိတာ။
ရုတ်တရက် ရဲ့ချန်းလျန်က စားပွဲပေါ်က ဟင်းလျာတွေကို ကြည့်လိုက်မိပြီး ရှောင်ပင်း ရဲ့မျိုးနွယ်စုဆီ တစ်ရက် သွားခဲ့တုန်းက အကြောင်းကို သတိရသွားသည်။
အဲဒီတုန်းက ရှောင်ပင်းက ပြောခဲ့တယ် နတ်ဘုရားနယ်မြေမှာ ကျင့်စဉ်တိုးတက်မှုက နန်းတော်ထဲမှာလောက် မမြန်ဘူးတဲ့။
ဒါဆိုရင်ဒီဟင်းလျာတွေက။