အခန်း (၄၄) ငါနဲ့အတူ နေပေးလို့ ရမလား
သည်းထန်စွာ ရွာသွန်းနေသော မိုးမှာ ရပ်တန့်မသွားသေးပေ။ သူတို့နှစ်ဦးသည် မိုးရေထဲကို ဖြတ်ကျော်ကာ ချန်ရှင်းနန်းဆောင်ထဲသို့ ဝင်လာခဲ့ကြသည်။
ရှောင်ပင်းတွင် ကျင့်စဉ်ရှိသဖြင့် သူတို့အပေါ် ကျရောက်လာမည့် မိုးစက်များကို တားဆီးပေးထားနိုင်သည်။
"မိုးက ဘာလို့ ဒီလောက်တောင် သည်းနေရတာလဲ"
ရှောင်ပင်းက ညည်းတွားရင်း တံခါးကို အလျင်အမြန် ခေါက်လိုက်သည်။ သူတို့နှစ်ဦးစလုံး၏ ကိုယ်ပေါ်တွင် မိုးရေ တစ်စက်မျှပင် မစိုပေ။
"အရှင်မ သခင်လေးချူ ရောက်လာပါပြီ"
ရှောင်ပင်း၏ အိပ်ဆောင်မှာ ရဲ့ချန်းလျန်နှင့် ကပ်လျက်တွင်ရှိသဖြင့် တစ်ခုခုဖြစ်လျှင် ချက်ချင်း သိနိုင်သည်။
မိုးခြိမ်းသံကြီး ထွက်ပေါ်လာချိန်တွင် ရဲ့ချန်းလျန်က ချူနင်၏ နာမည်ကို လန့်အော်လိုက်သည်ကို သူမ ကြားခဲ့ရသဖြင့် ချူနင့်ကို ချက်ချင်း သွားရှာခဲ့ခြင်း ဖြစ်သည်။
နန်းဆောင်တံခါးအတွင်းမှ လှုပ်ရှားမှုအချို့ ကြားလိုက်ရပြီး ချူနင်သည် မဆိုင်းမတွပင် တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။
မှိန်ပျပျ မီးရောင်အောက်တွင် ရဲ့ချန်းလျန်သည် မျက်နှာလေး ဖြူလျော်ကာ ကုတင်ပေါ်တွင် မှီထိုင်နေသည်။ ချူနင် ရောက်လာသည်ကို မြင်သောအခါ သူမ၏ အကြည့်များမှာ အလွန် စိုးရိမ်ပူပန်နေပုံဖြင့် သူ့ထံတွင်သာ စွဲမြဲနေတော့သည်။
"နင် နင် မသေဘူးလား"
ချူနင် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် ရဲ့ချန်းလျန်၏ အေးစက်နေသော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"ငါက ဘာလို့ သေရမှာလဲ"
ရဲ့ချန်းလျန်က ခေါင်းကို အပြင်းအထန် ခါလိုက်သည်။ သူမ၏ အတွေးများမှာ ခဏတာ ရှုပ်ထွေးနေပြီးမှ ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါ ခုနက အိပ်မက်တစ်ခု မက်တယ် နင့်ခေါင်းကို တစ်ယောက်ယောက်က ဖြတ်ယူသွားပြီး အဲဒီလူက နင့်ခေါင်းကြီးနဲ့ ငါ့ဆီကို လာနေသလိုမျိုး"
ချူနင်က လက်ယမ်းပြကာ ရှောင်ပင်းကို အပြင်ထွက်ခိုင်းလိုက်သည်။ ထို့နောက် ရဲ့ချန်းလျန်ကို ကြည့်ကာ ပြုံးလိုက်သည်။
"မင်း ဒီရက်ပိုင်း အရမ်းအားနေတယ် ထင်တယ်။ အားနေရင် ဘာလို့ ဒီလိုတွေ လျှောက်တွေးနေတာလဲ မနက်ဖြန်ကျရင် အလုပ်တွေ ပြန်လုပ်နိုင်အောင် ငါ အစီရင်ခံစာအချို့ ပေးရမလား ဒါမှ မင်းဒီလိုတွေလျှောက်တွေးဖို့ အချိန်မရမှာ"
ရဲ့ချန်းလျန်က ချူနင့်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ရှင်းပြသည်။
"အခုနက ငါ့မျက်ခုံးတွေက တဆတ်ဆတ် တုန်နေပြီး ရင်ထဲမှာ မအေးမမြဖြစ်နေတာ။ အိပ်ဖို့ ကြိုးစားပေမဲ့လည်း အနားမရဘဲ အဲဒီအိပ်မက်ကို မက်ခဲ့တာ နင် တကယ်ပဲ မသေဘူးလား"
"အင်း မင်းက ငါ့ကို တကယ်ပဲ အသေစောစေချင်နေတာပဲ ငါမရှိရင် ကလေးကို တစ်ယောက်တည်း ကျွေးနိုင်မှာမို့လို့လား"
ဩော်... ဟုတ်သားပဲ ဒါပဲလေ
သူမက ချူနင်ကို သေစေချင်နေတာ မဟုတ်ပါဘူး။ သူမ စိတ်သက်သာရာ ရသွားရုံသက်သက်ပါ ဒါက သူမ သိကျွမ်းတဲ့ ချူနင် အစစ်ပဲ မဟုတ်လား။ရဲ့ချန်းလျန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဘာလို့ ဒီအိပ်မက်ကို ရုတ်တရက် မက်ရလဲဆိုတာ ငါလည်း မသိဘူး။ ဒါပေမဲ့ နင့်ကို မြင်လိုက်ရတော့မှပဲ စိတ်အေးသွားတော့တယ်"
ချူနင်က ပြုံးလျက် သူမ၏ လက်ကို ပိုပြီး တင်းတင်းလေး ဆုပ်ကိုင်လိုက်သည်။
တကယ်တော့ အဲဒီကိစ္စက ရဲ့ချန်းလျန်ဆီမှာ ဖြစ်ခဲ့တာ မဟုတ်ဘဲ တာ့ကျိုး ဧကရာဇ်ဆီမှာ ဖြစ်ခဲ့တာပါ။ အခုဆိုရင် တာ့ကျိုး ဧကရာဇ်ကတော့ တစ်ညလုံး အိပ်ပျော်မှာ မဟုတ်တော့ဘူး။
"ရပါတယ်၊ယ စိတ်မပူပါနဲ့ ငါဒီမှာရှိနေတာပဲ။ အချိန်က စောပါသေးတယ် ဆက်ပြီး အနားယူလိုက်ဦး"
ရဲ့ချန်းလျန်၏ အမူအရာက တဖြည်းဖြည်း တည်ငြိမ်သွားပြီး စိတ်လည်း ပြန်ကျသွားသည်။ ဒါက အိပ်မက်တစ်ခု ဆိုပေမဲ့ တစ်ခုခုကို ကြိုတင်နိမိတ်ပြနေသလိုမျိုး ခံစားခဲ့ရသည်။
အခု ငါတို့ မင်္ဂလာဆောင်တော့မယ်ဆိုတော့ တခြား အင်ပါယာကလူတွေ လာပြီး ပြဿနာရှာမှာကို ငါ စိုးရိမ်တယ်။
ထုံးစံအရဆိုရင် တာ့ကျိုးအင်ပါယာက တခြားအင်ပါယာ လေးခုကို ဖိတ်စာပို့ရလိမ့်မယ်။ တခြားနိုင်ငံတွေက အကြောင်းမဟုတ်ပေမဲ့ မိုးကျကြယ်အင်ပါယာကတော့"
"သူတို့က လူသိရှင်ကြား ပြဿနာမရှာရင်တောင် နောက်ကွယ်ကနေ တစ်ခုခု လုပ်မှာကို ငါ စိုးရိမ်တယ် နန်းတော်ထဲမှာ ငါနဲ့ ဖန့်ဟောက်ရန်က ကျင့်စဉ် အမြင့်ဆုံးပဲ ဒီအချိန်အတွင်းမှာ"
သူမ၏ မျက်ခုံးလေးတွေက ထပ်ပြီး လှုပ်လာပြန်သည်။ သူမသည် ချူနင့်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒီအချိန်အတွင်းမှာ နင် ငါ့နားမှာပဲ နေသင့်တယ် တစ်ခုခုဖြစ်ရင် ငါ နင့်ကိုကြည့်ပေးလို့ ရတာပေါ့"
ချူနင် ခဏမျှ ကြောင်သွားပြီးနောက် ပြုံးလိုက်မိသည်။
"မင်း ငါ့အတွက် စိုးရိမ်နေတာလား ငါ့ကို အဲဒီလောက်တောင် ဂရုစိုက်တာလား" ရဲ့ချန်းလျန်၏ မျက်နှာလေး ရဲတက်လာပြီး နှုတ်ခမ်းလေးကို စူလိုက်သည်။
ငါ နင့်ကို မသတ်ဘူးလို့ ပြောပြီးသားပဲ အဲဒါကြောင့် တခြားလူတွေ သတ်တာကိုလည်း ငါ ခွင့်မပြုနိုင်ဘူး ဖန့်ဟောက်ရန် တစ်ယောက်တည်းနဲ့ နန်းတော်တစ်ခုလုံးကို ကင်းလှည့်နေရတာ သူက နန်းတွင်းဆောင်တွေထဲအထိတော့ လာမှာ မဟုတ်ဘူး။
ငါ့ရဲ့ ကျင့်စဉ်က အရမ်းမြင့်တယ် ငါ နင့်ကို အပြည့်အဝ ကာကွယ်ပေးနိုင်တယ်။
နင် တွေးနေသလိုမျိုး မဟုတ်ပါဘူး။ နင် လျှောက်မတွေးဖို့ ငါအကြံပေးချင်တယ်။ ပြီးတော့ ငါ့အိပ်ဆောင်ထဲမှာ အိပ်ရမယ်လို့လည်း မပြောဘူးနော် ဘေးနားက အခန်းမှာ အိပ်လို့ ရပါတယ်။
ပြောပြီးသည်နှင့် ချူနင် အထင်လွဲမှာ စိုးသဖြင့် သူမက ထပ်ရှင်းပြပြန်သည်။ "နင်က ငါ့ကလေးရဲ့ အဖေပဲလေ။ နင့်ကို တစ်ခုခု ဖြစ်သွားရင် အရင်က ငါနင့်ကိုဓားနဲ့ သတ်လိုက်တာနဲ့ ဘာထူးမှာလဲ"
ပုံမှန်ဆိုရင် ရဲ့ချန်းလျန် ဤသို့ ပြောလျှင် ခြိမ်းခြောက်သံ ပါသော်လည်း အခုတော့ ကုတင်ပေါ်မှာ လှဲရင်း ချူနင်၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပုံက သူမ၏ မာနနှင့် စစ်မှန်သော ခံစားချက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်သည်။
နင်အနည်းဆုံးတော့ နင်က အချို့အရာတွေကို လုပ်ပေးနိုင်မှာပါ ငါက အခု တစ်ယောက် တည်းဆိုတော့ သိပ်ပြီး အဆင်မပြေဘူးလေ။
သူမ ဘာလို့ ဒီလူကို ဒီလောက်အထိ ဂရုစိုက်မိသွားလဲဆိုတာ သူမကိုယ်တိုင်လည်း မသိပေ။ ထိုအိပ်မက်ကို မက်ပြီးနောက်မှာတော့ သူ့ကို ဆုံးရှုံးရမှာကို သူမ တကယ် ကြောက်လန့်သွားပုံရသည်။
သူတို့ ဆက်ဆံရေးက အခုထိ လက်ကိုင်ရုံသာ ရှိသေးပြီး အရင်းနှီးဆုံးကတော့ တိတ်တဆိတ် အနမ်းခံရခြင်းဖြစ်သည်။
အဲဒါကလွဲရင် တကယ့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျိုး သိပ်မရှိခဲ့ပေ။
ရဲ့ချန်းလျန်က ချူနင့်ကို အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်ဟု ပြောလေ့ရှိသော်လည်း အဲဒါက အပြင်ပန်းသာ ဖြစ်သည်။
ဧကရီတစ်ယောက် ကျင့်ကြံသူတစ်ယောက် အနေနဲ့တောင်မှ သူမအပေါ်ထားတဲ့ ချူနင်၏ ဂရုစိုက်မှုတွေကိုတော့ သူမ လျစ်လျူမရှုနိုင်ခဲ့ပါဘူး။
ဒီလူယုတ်မာလေး သူ အသက်ရှင်နေတာက ပိုကောင်းပါတယ် အကြောင်းပြချက်မရှိဘဲတော့ မသေသွားပါနဲ့
ချူနင်ကတော့ မျက်လုံးလေး မှေးစင်းလိုက်သည်။ ဒီလို ကမ်းလှမ်းချက်ကို သူ ငြင်းမှာ မဟုတ်ပါဘူး။ ဒါက အခွင့်အရေးကောင်းပဲလေ သို့သော် သူ၏အကြည့်များက သူမ၏ မျက်နှာမှ အောက်သို့ အနည်းငယ် ရောက်သွားသည်။
သူမက ကုတင်ပေါ်မှာ ထိုင်နေရင်း ခေါင်းရင်းကို မှီထားသည်။ သူမ၏ ကိုယ်ပေါ်တွင် ရွှေရောင် နဂါးပုံပါသော ရင်စည်းတစ်ခုသာ ရှိပြီး သူမ၏ ဖြူဖွေးသော အသားအရေကို ဖုံးကွယ်ထားသည်။
ရဲ့ချန်းလျန်၏ အကြည့်များက တွန့်ဆုတ်နေသည်။
"နင် ဘာလို့ စကားမပြောတာလဲ ဒါမှမဟုတ်"
သူမ တစ်ခုခုကို သတိထားမိသွားပြီး ချူနင် ကြည့်နေသော နေရာသို့ လိုက်ကြည့်လိုက်ရာ
"ဘယ်သူက နင့်ကို လျှောက်ကြည့်ခိုင်းလို့လဲ"
ဒါပဲလေ
ဒီခံစားချက်ပဲ
ချူနင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဒါက သူ့ကလေးရဲ့အမေပဲ သူမက ရုတ်တရက်ကြီး နူးညံ့သွားတော့ သူတောင် မမှတ်မိနိုင်အောင် ဖြစ်သွားတာ။
ရဲ့ချန်းလျန်က ရှက်ရှက်ဖြင့် သူမ၏ ရင်ဘတ်ကို ဖုံးလိုက်ပြီး ချူနင့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"နင် ကြည့်နေတုန်းပဲလား"
"ကိုယ့်ဇနီးကိုယ် ကြည့်တာ ဘာဖြစ်လို့လဲ"
"နင်..."
သူမက သွားကြိတ်ပြီး ပြောလိုက်သည်။
"နင်က အခုငါ့ကလေးရဲ့ အဖေပဲရှိသေးတာ။ လောကမှာ ကောင်းတဲ့အရာအားလုံးက နင့်လက်ထဲကို လွယ်လွယ်နဲ့ ရောက်လာမယ်လို့ ထင်နေတာလား ထွက်သွား"
ချူနင်က သက်ပြင်းချကာ သူမလက်ကို လွှတ်ပြီး ထရပ်လိုက်သည်။
"အင်းပါ ငါမကြည့်တော့ပါဘူး သွားပြီး နားတော့မယ် မင်းလည်း စောစော အိပ်လိုက်ဦး"
သို့သော် သူ လှည့်မထွက်မီမှာပင် မျက်နှာလေး ရဲနေသော ရဲ့ချန်းလျန်က သူ့ကို ပြန်ဆွဲထားသည်။
သူမ၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုနှင့် ဒေါသတို့ ရောယှက်နေသော်လည်း တုန်ရင်သော အသံဖြင့် ပြောလိုက်သည်။
"နင်... နင်က အမြဲတမ်း အရှက်မရှိတာပဲကို၊ အခုကျမှ ဘာလို့"
သူမ ကျန်တဲ့စကားကို ဆက်မပြောနိုင်တော့ပေ။ ချူနင့်ကို ဘာလို့ ရုတ်တရက်ကြီး ဆွဲထားချင်မိလဲ ဆိုတာ သူမကိုယ်တိုင်လည်း မသိပါ။
ဘာပဲဖြစ်ဖြစ် ရှေ့ကလူက ရိုးသားမှာ မဟုတ်ဘူး လျှောက်ကြည့်ပြီး ပေါက်ကရတွေ ပြောဦးမှာပါ။
ဒါပေမဲ့ အခု သူမမှာ ချူနင့်ကလေး ရှိနေပြီ ဆိုတော့ကာ ဒီလူက တကယ်တော့ အဆိုးကြီး မဟုတ်ပါဘူးလို့ သူမ ခံစားရသည်။
ပြီးတော့ နောက်မကြာခင်မှာလည်း သူတို့က တရားဝင် လင်မယားတွေ ဖြစ်လာကြတော့မှာပဲလေ။
အိပ်မက်က သူမကို ဆုံးရှုံးမှုကြီးကြီးမားမား ခံစားလိုက်ရစေသည်။ ချူနင်သာ တကယ် သေသွားခဲ့ရင် နောက်ပိုင်း သူမ ဘာဆက်လုပ်ရမလဲဆိုတာ မသိတော့ပေ။
အခုတော့ လက်တွေ့ကျတဲ့ ချူနင်ကို မြင်လိုက်ရမှ သူမ စိတ်ထဲက စိုးရိမ်မှုတွေ ပြေပျောက်သွားတော့သည်။
သူမသည် လက်ကို လွှတ်လိုက်ပြီး စောင်ကို ဆွဲခြုံကာ ခေါင်းကို ငုံ့ထားလိုက်သည်။
သူမ၏ အမူအရာမှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှသည်။
"နင်... ငါနဲ့အတူ နေပေးလို့ ရမလား"
"ငါနဲ့ စကားပြောရင်း နေပေးရုံပါပဲ နင် တကယ် အိပ်ချင်လာရင်တော့ သွားလို့ ရပါတယ်"