အခန်း (၄၀၇) နတ်ဘုရားနယ်မြေ
“နတ်ဘုရားနယ်မြေ လူသားမျိုးနွယ် အုပ်ချုပ်သူ” သူ၏မျက်စိရှေ့တွင် စာသားများနှင့် စည်းမျဉ်းများစွာ ပေါ်လာသည်။ ၎င်းမှာ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် သူလုပ်ဆောင်ရမည့် အရာအားလုံးပင် ဖြစ်သည်။ ဤပရမ်းပတာဖြစ်နေသော လူသားမျိုးနွယ်နယ်မြေသစ်တွင် ကူလွန်တောင် လူသားမျိုးနွယ်များကြား ပရမ်းပတာမဖြစ်စေရန် ရှိရင်းစွဲစည်းမျဉ်းများအတိုင်း ဥပဒေနှင့် စည်းကမ်းများကို ပြန်လည်ထူထောင်ရန်ဖြစ်သည်။
သူသည် ထိုစာသားများကို ကြည့်ပြီး မိန်းမောနေစဉ် ဘေးမှလူတစ်ယောက်က သူ၏ပုခုံးကို လာဖိလိုက်သည်။
ထိုသူသည် ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်ရာ နက်မှောင်သော ရွှေရောင်နဂါးဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်ကို မြင်လိုက်ရသည်။ ဧကရာဇ်၏ မျက်နှာအစစ်ကို မည်သူက မမှတ်မိဘဲ နေမည်နည်း သူ ချက်ချင်းပင် ဒူးထောက်လိုက်သည်။
"အပြစ်ရှိတဲ့ ကျွန်တော်မျိုး ဝမ်အားနွားက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"မင်း အရမ်းကောင်းကောင်း လုပ်ခဲ့ပါတယ်"
"အခု မင်းလုပ်ဆောင်ရမည့် အရာတွေ ပိုရှိလာပြီ"
ဧကရာဇ်၏ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ထိုသူမှာ အံ့ဩမှင်သက်သွားသည်။ သူသည် ဧကရာဇ်၏ မျက်နှာအစစ်ကို မြင်တွေ့ခဲ့ရပြီး သူလုပ်ဆောင်ရမည့် အရာများမှာ သူမြင်တွေ့နေရသော စည်းမျဉ်းများအတိုင်း အုပ်ချုပ်သူတစ်ယောက် ဖြစ်ရန်လား။
ထျန်းရွှမ်းတိုက်ကြီး ပရမ်းပတာဖြစ်နေသည့် ပထမလတွင် ဝိညာဉ်သန်းပေါင်းများစွာ ကူလွန်တောင်သို့ စီးဝင်လာခဲ့သည်။
တိုက်ကြီးတစ်ခု၏ ပရမ်းပတာဖြစ်မှုကို တစ်ကမ္ဘာလုံးက ပြန်လည်မပြင်ဆင်နိုင်ပေ။ များပြားလှသော သတ္တဝါများသည် အဘယ်ကြောင့် သေဆုံးရသည်ကိုပင် မသိဘဲ ပျောက်ကွယ်သွားနိုင်သည်။
ကောင်းကင်ဖြစ်စဉ်အဆင့်၏ တိုက်ခိုက်မှုတစ်ခုသည် နိုင်ငံတစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး မြို့တစ်မြို့လုံးကို သုတ်သင်နိုင်သည်။
ဤသို့သော ပျက်သုဉ်းမှုနှုန်းမှာ အစောပိုင်းအဆင့်သာ ရှိပါသေးသည်။
သဘာဝကျစွာပင် သူတို့အတွက် ဦးတည်ရာတစ်ခု လိုအပ်သည်။
အသက်ရှင်စဉ်က ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သေဆုံးပြီးနောက် ဝိညာဉ်အားလုံးသည် ကူလွန်တောင်သို့ ရောက်ရှိလာပြီး သူတို့၏ ရုပ်ခန္ဓာနှင့် ကျင့်ကြံမှုများကို ပြန်လည်ပုံဖော်ပေးမည်ဖြစ်သည်။ အသက်အရွယ်မရွေး လူတိုင်းသည် အမြင့်ဆုံးအဆင့်ရှိသော နတ်ဘုရားအဆင့် ဝိညာဉ်မြစ်ဖျားကို ပိုင်ဆိုင်ကြလိမ့်မည်။
ထျန်းရွှမ်းတိုက်ကြီးတွင်မူ ဤအရာမှာ အမြင့်ဆုံးဖြစ်သော်လည်း နတ်ဘုရားနယ်မြေတွင်မူ ပျမ်းမျှအဆင့်သာ ဖြစ်သည်။ သို့သော် ၎င်းမှာ အလွန်တရာ ရှားပါးလှသည်။
လူတစ်သိန်းတိုင်းတွင် သူတို့၏ အတိတ်အတွေ့အကြုံများအပေါ် မူတည်၍ တစ်ဦးမှာ ကူလွန်တောင်ရှိ လူတစ်သိန်းနေထိုင်သော မြို့တစ်မြို့၏ အုပ်ချုပ်သူ သို့မဟုတ် မြို့စား ဖြစ်လာလိမ့်မည်။
သူတို့၏ အစောပိုင်းကျင့်ကြံမှုအဆင့်မှာ အထွတ်အထိပ်အဆင့်ဖြစ်ပြီး မြို့တွင်းရှိ ပရမ်းပတာမှုများကို ထိန်းသိမ်းရန် တာဝန်ရှိသည်။ နေ့စဉ်နှင့်အမျှ မြို့သစ်များ ပေါ်ပေါက်လာနေပြီး တစ်နေ့လျှင် မြို့ပေါင်း တစ်ဆယ်ကျော်နှုန်းဖြင့် တိုးပွားနေသည်။
"ဟားဟား အဖေ သား အခု ကျင့်ကြံလို့ရပြီ ဟားဟားဟား"
"နေပါဦး ဟာ... အဖေ အဖေ သေတာ နှစ်နှစ်ရှိပြီ မဟုတ်လား ဘယ်လိုလုပ် ပြန်ရှင်လာတာလဲ"
"ဒီကောင်စုတ် မင်းအဖေကို ပြန်တွေ့တာ မပျော်ဘူးလား"
"ပျော်ပါတယ် ဒါပေမဲ့ အဖေက လူလား သရဲလား ငါကရော လူလား သရဲလား"
"ငါ မင်းကို ပါးရိုက်ပြမှ ငါက လူလား မဟုတ်ဘူးလားဆိုတာ မင်းသိမယ် ဒီခွေးသူတောင်းစားလေး"
"အဖေက ကိုယ့်ကိုယ်ကို ခွေးလို့ ပြောနေတာလား"
နှစ်လအကြာတွင် မြို့ပေါင်း ရှစ်ရာနီးပါး ပေါ်ပေါက်လာသော်လည်း နယ်မြေမှာ အလွန်ကျယ်ဝန်းလှသဖြင့် မြို့နှစ်မြို့မှ လူများမှာ ခဏချင်းနှင့် မဆုံနိုင်ကြပေ။ ထိုအုပ်ချုပ်သူ ရှစ်ရာသာ ဆုံတွေ့နိုင်ကြသည်။
သူတို့သည် ထိုကိစ္စကို ဆွေးနွေးကြရာ အားလုံးက ဧကရာဇ်ကို မြင်တွေ့ခဲ့ရကြောင်း သိလိုက်ရသည်။ ဘာဖြစ်သွားသည်ကို မသိသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်လှဘဲ လူတစ်သိန်းနေသော မြို့တစ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ရှိသည်။
"လက်ရှိစည်းမျဉ်းတွေကို အရင်ထိန်းသိမ်းထားသင့်တယ်လို့ ငါထင်တယ် ငါတို့ကို ဧကရာဇ်က အုပ်ချုပ်သူအဖြစ် ရွေးချယ်ခဲ့ပေမယ့် ငါတို့မစီမံနိုင်တဲ့ အရာတွေ အများကြီးရှိသေးတယ် လူတစ်သိန်းနေတဲ့ မြို့တစ်မြို့က ခရိုင်ရုံးစိုက်ရာမြို့လောက်ပဲ ရှိတာ။ ဖျာယက်တဲ့သူ၊ ဈေးသည်၊ လက်သမား စတဲ့ အရည်အချင်းရှိတဲ့သူတွေကို ရွေးချယ်ပြီး လက်ရှိမြို့တွေကို ပိုပြီးခမ်းနားအောင် လုပ်ကြရအောင်"
"ဒါက ကောင်းတဲ့ဆုံးဖြတ်ချက်ပဲ ပြီးတော့ ဒီကာလအတွင်းမှာ ငါဒီနေရာကို လေ့လာခဲ့တယ်။ တောင်ပြင်ပက လူတွေရဲ့ အဆိုအရ ဒီနေရာကို ကူလွန်တောင် လို့ ခေါ်တယ် နတ်ဘုရားနယ်မြေက လူသားမျိုးနွယ်တွေရဲ့ နယ်မြေဖြစ်ပြီး ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး နေရာတဲ့"
"ကျင့်ကြံဖို့ အရမ်းကောင်းတဲ့နေရာပဲ ငါတို့ ဒီနေရာကို သာယာဝပြောအောင် လုပ်နိုင်ရင် ဧကရာဇ်လည်း ဝမ်းသာမှာပဲ"
"ဒါနဲ့ ဧကရာဇ်က တကယ်တော့ ဘယ်မှာလဲ"
"ငါထင်တာတော့ ဧကရာဇ်က လောကကြီး ပရမ်းပတာဖြစ်မယ်ဆိုတာ ကြိုသိပြီး အားလုံးကို ပြင်ဆင်ထားခဲ့တာ ထင်တယ်"
လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ အဓိပ္ပာယ်မရှိပုံရသော်လည်း လူတိုင်းကမူ အလွန်ပင် ယုတ္တိရှိသည်ဟု ခံစားနေရသည်။
တတိယမြောက်လတွင် မြို့အရေအတွက်မှာ တစ်ထောင်ကျော်သွားခဲ့သည်။ နောက်ပိုင်းမှ ရောက်လာသော မြို့စားများကိုလည်း အတူတကွ ဆက်သွယ်ပေးခဲ့ပြီး ခဏချင်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို နားလည်သွားကြသည်။
"ဒါဆို ဧကရာဇ်က အားလုံးကို ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ သူအဖမ်းခံခဲ့ရပေမယ့် ထျန်းရွှမ်းတိုက်ကြီးက ပြည်သူတွေကို ဂရုစိုက်နေတုန်းပဲ ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"
"ငါတို့ ဧကရာဇ်ကို သွားကယ်ကြမလား"
"ငါ စုံစမ်းကြည့်ပြီးပြီ ငါတို့ နတ်ဘုရားနယ်မြေကနေ ထွက်လို့မရဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ထုံးထျန်းဂိုဏ်းချုပ်က ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခဲ့တယ်။ အဲဒီတိုက်ပွဲကြီးပြီးနောက်မှာ အထွတ်အထိပ်နယ်ပယ်ရှိတဲ့သူတွေပဲ နတ်ဘုရားနယ်မြေက ထွက်လို့ရတာ ငါတို့ မလုပ်နိုင်ဘူးထင်တယ်"
သူတို့စိတ်ထဲတွင် နောက်ထပ် အတွေးတစ်ခု ပေါ်လာပြန်သည်
လူတိုင်း တညီတညွတ်တည်း ပြောလိုက်ကြသည်
"ဧကရာဇ်က ဒါကိုလုပ်ခဲ့တယ်ဆိုရင် အကြောင်းပြချက် ရှိရမယ်။ ငါတို့ ဒီကမ္ဘာမှာ လူသားမျိုးနွယ်ကို သာယာဝပြောအောင်လုပ်ပြီး ငါတို့ ထျန်းရွှမ်းတိုက်ကြီး လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ဆောင်ရမယ်"
"ဒါဆို ငါတို့အားလုံးအတွက် နာမည်ကောင်းတစ်ခု ရွေးသင့်တယ် မဟုတ်လား"
"ဒါက ကူလွန်တောင်ပဲ အရင်က တာအိုဂိုဏ်းရဲ့ လူသားမျိုးနွယ်နယ်မြေပေါ့။ တာအိုဂိုဏ်းရဲ့ သင်ကြားရေးဟာ လူသားမျိုးနွယ်အတွက် စံပြဖြစ်ခဲ့တယ် ငါတို့ကလည်း ထျန်းရွှမ်းတိုက်ကြီးက လာတာဆိုတော့"
"တောက်ရွှမ်ဂိုဏ်း "
"ကောင်းတယ် ကောင်းတယ် ဒီနာမည်က အရမ်းကောင်းတယ် ငါတို့ရဲ့ နောက်ထပ်အစီအစဉ်က ကူလွန်တောင်ကို ဖွံ့ဖြိုးအောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ လူတိုင်းရဲ့ ပျမ်းမျှကျင့်ကြံမှုအဆင့်က ငါးဆင့်ပဲ ရှိသေးတော့ ရေရှည်စီမံကိန်းအဖြစ် ထားကြရအောင်"
"အိမ်ရှေ့စံက ဒီကို မရောက်သေးဘူး အဖမ်းလည်း မခံရသေးဘူးဆိုတော့ အိမ်ရှေ့စံက ထျန်းရွှမ်းတိုက်ကြီးမှာ ရှိနေတုန်းပဲ။ ဧကရာဇ်က ငါတို့ကို ဒီအခွင့်အရေး ပေးခဲ့တယ်။ ဧကရာဇ်က ငါတို့တောက်ရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာမှာဖြစ်ပြီး အရှင်မ (ဧကရီ) ကလည်း ဂိုဏ်းချုပ်ဖြစ်လိမ့်မယ်။ အကယ်၍ ငါတို့သာ အထွတ်အထိပ်နယ်ပယ်ကို ရောက်ခဲ့ရင် ဧကရာဇ်ကို သွားကယ်ကြမယ်"
"အိမ်ရှေ့စံ ရောက်လာရင် သူက ငါတို့ရဲ့ ဂိုဏ်းချုပ်ငယ် ဖြစ်လိမ့်မယ်။ အားလုံးပဲ ငါတို့ သေဆုံးသွားပြီးမှ ဧကရာဇ်ရဲ့ ကျေးဇူးကြောင့် ပိုကျယ်ဝန်းတဲ့ နတ်ဘုရားနယ်မြေကို ရောက်လာတာဆိုတော့ ငါတို့ ထျန်းရွှမ်းတိုက်ကြီးရဲ့ ဂုဏ်သိက္ခာကို အညှိုးနွမ်းမခံကြနဲ့"
"ပြီးတော့ လူတိုင်းရဲ့ ကျင့်ကြံမှုနဲ့ ပါရမီတွေက ထျန်းရွှမ်းတိုက်ကြီးက ထွက်နိုင်သမျှ အမြင့်ဆုံးတွေ ဖြစ်နေတာကို ငါတွေ့ရတယ် လူတိုင်းပဲ"
"အဲဒီတုန်းက ဧကရာဇ်ဟာ နတ်ဘုရားမင်းနဲ့ ယှဉ်နိုင်ခဲ့တဲ့သူပဲ လူသားမျိုးနွယ်ဟာ နှစ်ပေါင်းများစွာ အားနည်းခဲ့ရတယ်။ ငါတို့ ဒီကို ရောက်နေပြီဆိုတော့ လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရှင်သန်အောင် လုပ်ရမယ်"
"လက်ရှိ နတ်ဘုရားနယ်မြေမှာ နတ်နန်းတော်(ကောင်းကင်နန်းတော်) ၊မိစ္ဆာမျိုးနွယ် ၊ နတ်ဘုရားမျိုးနွယ် နဲ့ အထွတ်အထိပ်ဧကရာဇ်နန်းတော်ဆိုပြီး အင်အားကြီး လေးခု ရှိတယ်။ ငါတို့ လူသားမျိုးနွယ်ဟာ အဲဒီအင်အားကြီး လေးခုစာရင်းထဲကို ဝင်ရောက်ပြီး ပဉ္စမမြောက် ဂုဏ်ယူဖွယ် အင်အားစု ဖြစ်လာရမယ်"
"ဟမ် ဟာ... အားလုံးပဲ ငါ့နဖူးပေါ်မှာ ဘာလို့ ရွှေရောင်အလင်းတွေ ပေါ်နေတာလဲ ဒီရွှေရောင်အလင်းက ဘာလဲ ဘာလို့ ကျမ်းစာတွေ ရှိနေတာလဲ"
"တောက်တီးပဲ ငါ့နားထဲမှာ တစ်ယောက်ယောက်က တိုးတိုးလေး ပြောနေသလို ခံစားရတယ်။ ဒါက ဘာကြီးလဲ ဘယ်သူလဲဆိုတာတောင် ငါ မတွက်ချက်နိုင်ဘူး"
"ငါ့ကို ပြန်လည်မွေးဖွားဖို့လား မွေးဖွားစရာ မလိုပါဘူး ငါနတ်ဘုရားနယ်မြေမှာ အဆင်ပြေနေတာပဲ"
"တကယ်ကို ထူးဆန်းတာပဲ ထားလိုက်ပါတော့၊ အားလုံးပဲ အလုပ်စကြရအောင်"
(မှတ်ချက် ဤအခန်းတွင် ဧကရာဇ်ချူနင်၏ အမြော်အမြင်ကြီးမားမှုနှင့် သူ၏ပြည်သူများအပေါ် ထားရှိသော မေတ္တာတရားကို တွေ့မြင်နိုင်ပါသည်။ နောင်တွင် ပေါ်ပေါက်လာမည့် တောက်ရွှမ်ဂိုဏ်းသည် နတ်ဘုရားနယ်မြေ၏ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာနိုင်ပါသည်ခင်ဗျာ။)